Sunday, December 21, 2014
ထေရီ
"ဓမ္မဒိန္နာထေရီ"
မြတ်စွာဘရားသက်တော်ထင်ရှား ရှိစဉ်အခါက အမျိုးသမီးဓမ္မကထိကများ ရှိခဲ့ကြသည်။ ဓမ္မဒိန္နာထေရီအရှင်မသည်ကားမြတ်စွာဘုရားကို ယ် တော်တိုင်ကပင်လျှင် တရားဟောသူတို့တွင် အတော်ဆုံးဟူသော ဓမ္မကထိကဧတဒဂ်ဖြင့် ချီးမြှောက်ခဲ့ရသူဖြစ်လေသည် ။ ထိုအရှင်မ ဟောပြောဖြေကြားခဲ့သော စူဠဝေဒလ္လသုတ်သည် ပိဋကတော်၌ထင်ရှား၍ မှတ်သားဖွယ်ကောင်းသော သုတ်တစ်သုတ်ဖြစ် ခဲ့သည်။ထိုသုတ်တော်ဖြင့်ပင် ဓမ္မဒိန္နာထေရီသည် ဧတဒဂ်ဘွဲ့ထူးကို ရရှိခဲ့သည်။
♦ဓမ္မဒိန္နာလောင်းလျာအမျိုးသမီးသည် "ပဒုမုတ္တရဘုရားရှင်" လက်ထက်တွင် ယောက္ခမဖြစ်သူ သူဌေးကြီးနှင့်အတူ တရားနာလေ့ရှိသည်။တစ်နေ့သော် ပဒုမုတ္တရဘုရားရှင်က တရားဟောကောင်းသော ထေရီမတစ်ပါးအားဓမ္မကထိကဧတဒဂ်ဖြင ချီးမြှောက်သည်ကိုမြင်ရသောအခါ အားကျပြီး ထိုအရှင်မကဲ့သို့ဖြစ်လိုစိတ်များပေါ်ပေါက်လာ၏၊ ဘုရားရှင်နှင့် သံဃာတော်များအားအိမ်သို့ပင့်၍ ဆွမ်းဆက်ကပ်ပြီးတရားနာသောအခါ ဓမ္မကတိကဧတဒဂ်ကို ရရှိရန် ဆုပန်ခဲ့လေသည် ။ မြတ်စွာဘုရားက ဆုတောင်းသည့်အတိုင်း ဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။
♦ "ဖုဿဘုရားရှင်"ပွင့်တော်မူသော အခါ ထိုအရှင်မလောင်းလျာသည် ဘုရားရှင်၏ အဖေတူ အမေကွဲ မောင်နှမများကို ပြုစုလုပ်ကျွေးရသော မင်းမူထမ်းတစ်ဦး၏ ဇနီးဖြစ်ခဲ့သည်။ဓမ္မဒိန္နာလောင်းလျာ အမျိုးသမီးကား သဒ္ဓါတရားကောင်းလှသည်။ ရဟန်းသံဃာတော်များအား ခင်ပွန်းသည်က လှူဖွယ်ဝတ္ထုလေးတစ်ခုကို လှူခိုင်းလျှင် ခိုင်းသည်ထက်ပို၍ပေးလှူလေ့ရှိသည်။ဤသို့ဖြင့် သေလွန်သောအခါ သုဂတိဘုံဘ၀များ၌သာ ကျင်လည်ရလေသည်။
♦ "ကဿပဘုရားရှင်"ပွင့်တော်မူသောအခါ ကိကီမင်းကြီး၏ သမီး(၇)ယောက်တွင သုဓမ္မာအမည်ရသော ခြောက်ယောက်မြောက် သမီးတော် ဖြစ်လာသည်။ ထိုဘ၀တွင် ဘိက္ခုနီပြုခွင့်တောင်းရာ ကိကီမင်းကြီးက ခွင့်မပြုသဖြင့်အနှစ် နှစ်သောင်းကာလပတ်လုံး ဗြဟ္မစရိယအကျင့်ကိုကျင့်ကာ အပျိုစင်ဘ၀ဖြင့်ပင် နေထိုင်ခဲ့လေသည်။သံဃာတော်တို့အတွက် ကျောင်းဆောက်လုပ်လှူခဲ့၍" ဂေါတမမြတ်စွာဘုရားရှင်"လက်ထက်တွင် ရာဇဂြိုဟ်မြို့၌အလွန်ချမ်းသာသောသူဌေးကြီး၏ သမီးဖြစ်လာသည်။ဥစ္စာပစ္စည်းပြည့်စုံရုံသာမက ရုပ်ဆင်းအင်္ဂါကလည်းလွန်စွာလှပသည်။ဓမ္မဒိန္နာ အရွယ်ရောက်သောအခါမျိုးနွယ်တူ သူဌေးသားများက ထိမ်းမြားရန် တောင်းဆိုကြသည်။ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရကိုယ်တိုင် ခင်မင်ရင်းနှီးသော သူငယ်ချင်းဖြစ်သူဝိသာခသူဌေးနှင့် ထိမ်းမြားပေးလေသည်။
ခင်ပွန်းဖြစ်သူ သူဌေးကြီးသည် သောတာပန်ဖြစ်၍ မြတ်စွာဘုရားကို လွန်စွာကြည်ညိုသည်။ နေ့စဉ်နေ့တိုင်းမြတ်စွာဘုရားကျောင်းတော်သို့ တရားနာသွားသည်။တရားနာသွားတိုင်း သူဌေးကြီးက ဓမ္မဒိန္နာကို ခေါ်သော်လည်း လိုက်လေ့မရှိ၊ သို့သော် သူဌေးကြီးတရားနာမှ ပြန်လာတိုင်းလှေကားဦးမှနေ၍ပြုံးရွှင်စွာ လက်ကမ်းကြိုဆိုလေ့ရှိသည်။
တနေ့သ၌သူဌေးကြီးသည် မြတ်စွာဘုရားထံေ တ်ာမှ တရားနာအပြီး"အနာဂါမ်အရိယာ" ဖြစ်၍လွန်စွာတည်ကြည်သော ဣနြေ္ဒဖြင့် အိမ်သို့ ပြန်လာသည်။ ဓမ္မဒိန္နာသည် ခါတိုင်းကဲ့သို့ပင် သူဌေးကြီးကို အိမ်တံခါးဝလှေကားဦးမှ ကြိုလင့်လျက်ရှိသည်။သူဌေးကြီးပြန်လာသည်ကို အဝေးကပင်ကြည့်ရင်း“ခါတိုင်းကဲ့သို့မဟုတ်၊ ဣနြေ္ဒလွန်စွာတည်ကြည်လှချည်လား”ဟ တွေးမိသည်။လှေကားဦးသို့ ရောက်သောအခါ ဓမ္မဒိန္နာက ခါတိုင်းကဲ့သို့လက်ကမ်းကာ ကြိုဆိုလိုက်သည်။သို့သော် သူဌေးကြီးက ဓမ္မဒိန္နာ၏လက်ကို မကိုင်ဘဲ အိမ်ပေါ်သို့ တက်သွားသည်။ဓမ္မဒိန္နာသည် ထမင်းစားချိန်ကျ လျှင် သိရမည်အထင်နှင့်စောင့်စားလျက်ရှိသည်။
ထမင်းစားချိန်သို့ရောက်လာသော်လည်း သူဌေးကြီး၏ အမူအရာကား ပြောင်းလဲခြင်းမရှိချေ၊ ထမင်းစားသောအခါလည်း ပြုံးရွှင်စွာ စကားပြောဆိုခြင်းမရှိ၊သူဌေးကြီးသည် အနားတွင်ရှိသော ဓမ္မဒိန္နာကို ခါတိုင်းကဲ့သို့ စကားပြောဆိုခြင်းမပြုဘဲ ဣနြေ္ဒရစွာ စားသောက်နေသည်။ဓမ္မဒိန္နာသည် သိချင်စိတ်ကို မျိုသိပ်၍ညအချိန်ရောက်မှသာ သိရလိမ့်မည်ဟု တွေးကာ စောင့်နေမိပြန်သည်။ညအချိန်သို့ရောက်သောအခါ သူဌေးကြီးက သူ့အတွက် အိပ်ရာသီးခြားပြင်ပေးရန် ပြောဆိုလေသည်။ ဓမ္မဒိန္နာရင်တွင်းမှ သံသယမှာ ပိုမိုကြီးထွားလာသည်၊ အတွေးပေါင်းများစွာကိုလည်း တွေးနေမိသည်။“ငါ့အပေါ်ကျေနပ်၍လော၊ သို့မဟုတ် တခြားမှာ စိတ်ဝင်စားသူများရှိနေပြီလော၊သို့မဟုတ် အခြားအကြောင်းထူး တစ်စုံတရာရှိနေသလော”စသည်ဖြင့် အတွေးနှင့်အတူ အသံတိတ်မေးခွန်းများကိုလည်း မေးနေမိလေသည်။
ဓမ္မဒိန္နာသည် သူဌေးကြီး၏အမူအရာထူးခြားမူကို ကြာရှည်အောင်မထားနိုင်တော့ဘဲ မေးမြန်းလိုက်သည်။
♦အရိယာတို့၏သဘောဆန္ဒသည် မိမိရရှိထားသော တရားထူးကို လွယ်လင့်တကူ ထုတ်ဖော်ပြောဆိုလေ့မရှိ၊ယခုမူ ဖွင့်မပြောလျှင် ဓမ္မဒိန္နာလွန်စွာ စိတ်ဆင်းနေရှာလိမ့်မည်ဟု စဉ်းစား၍-
“ဒီကနေ့ မောင်တော် ဗုဒ္ဓမြတ်စွာထံမှာ တရားနာပြီးတဲ့အခါအနာဂါမိဖိုလ်သို ဆိုက်ရောက်ခဲ့တယ်နှမတော်၊အနာဂါမ်တို့မည်သ ည် ကာမဂုဏ်ကို ခံစားလေ့မရှိတော့ဘူး”ဟု သူဌေးကြီးက ပြန်လည်ဖြေကြားလေသည်။ ပြီးလျှင် ဓမ္မဒိန္နာအား သူ၏ဆန္ဒများကို ဖွင့်ပြောလိုက်သည်။
“ဓမ္မဒိန္နာ----မောင်တော်ဘက်က ပါတဲ့ ဥစ္စာရွှေငွေ ကုဋေလေးဆယ်နဲ့ ဓမ္မဒိန္နာဘက်ကပါတဲ့ ဥစ္စာရွှေငွေ ကုဋေလေးဆယ်ကို တစ်ဦးတည်းကြိုက်သလို စီမံပါ၊အိမ်ထောင်သစ်ပြုလိုလျှင်လည်း မောင်တော်ခွင့်ပြုပါတယ်၊ ဒါမှမဟုတ် ဒီအိမ်မှာဘဲ နေမြဲ နေလိုရင်လဲ မောင်တော်က နှမရင်း သမီးရင်းလိုသဘောထားစောင့်ရှောက်ပါ့မယ်”
ဓမ္မဒိန္နာကား ချက်ချင်ပင် -
“သူတောင် ဒီဥစ္စာပစ္စည်းတွေကို စွန့်လွှတ်နိုင်ေ သးတာ၊ငါက ဘာကြောင့် အစွန့်လွှတ်နိုင် ရမှာလဲ”ဟု နက်နက်နဲနဲ စဉ်းစားပြီး-
“မောင်တော်----သူတပါးထွေးအန်ထားတဲ့ တံတွေးကို မမျိုချင်သလို မောင်တော်က မလိုချင်လို့ စွန့်လွှတ်တဲ့ ဥစ္စာပစ္စည်းတွေကိ နှမတော်လည်း မလိုချင်ပါ၊ ဗုဒ္ဓမြတ်စွာ သာသနာမှာ မောင်တော်ရတဲ့ တရားထူးမျိုးကို အမျိုးသမီးတွေကော ရခွင့်မရှိနိုင်ဘူးလား”
“ဓမ္မဒိန္နာ----ဆန္ဒရှိလို့ အားထုတ်လျှင် မည်သူမဆို ရနိုင်ပါတယ်”
“ဒီလိုဆိုရင် နှမတော်ကို ဘိက္ခုနီ ပြုခွင့်ပေးစေချ င်ပါတယ် မောင်တော်”
“ကောင်းပါပြီဓမ္မဒိန္နာ၊ မောင်တော် ခွင့်ပြုပါတယ်”
ဝိသာခသူဌေးကြီးသည် ဓမ္မဒိန္နာအတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ကာ ခင်မင်ရင်းနှီးသော အဆွေခင်ပွန်းဖြစ်သူ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရမင်းအား သံတော်ဦးတင်လေသည်။ မင်းကြီးကလည်းဝမ်းသာအားရပင်နန်းတော်မှ ရွှေထမ်းစင်ကို ထုတ်ပေးလေသည်။ဓမ္မဒိန္နာအိမ်မှ ဘိက္ခုနီကျောင်းသို့သွားရာလမ်းတလျှောက် ရာဇမတ်များကာစေပြီး ရွှေထမ်းစင်ဖြင့် ဘိက္ခုနီကျောင်းတော်သို့ ခမ်းနားကြီးကျယ်စွာ လိုက်ပါ ပို့ဆောင်ကြသည်၊ ကျောင်းသို့ရောက်သောအခါ ဓမ္မဒိန္နာအားဘိက္ခုနီပြုလုပ်ေ ပးကြလေသည်။
ဘိက္ခုနီဖြစ်ပြီးနောက်မှစ၍ပူဇော်သက္ကာရပြုသူများဖြင့် စည်ကားလှသည်။ အခြွေအရံကလည်း များသောကြောင့် ဓမ္မဒိန္နာထေရီမထံသို့ ပရိသတ် အ၀င်အထွက် များနေသဖြင့် တရားအားထုတ်ရန် ဆိတ်ငြိမ်မူကို မရနိုင်ဖြစ်နေသည်။ဆိတ်ငြိမ်စွာ တရားအားထုတ်ရန် ဥပဇ္ဈာယ်ဘိက္ခုနီကြီးထံ ခွင့်ပန်၍တောအရပ်သို့ သွားရောက်ခဲ့သည်၊ ထိုတောအရပ်တွင် တရားအားထုတ်လေရာ ဆိတ်ငြိမ်မူရသဖြင့် မကြာမီပင် ပဋိသမ္ဘိဒါလေးပါး နှင့် တကွ "အရဟတ္တဖိုလ်"သို့ ဆိုက်ရောက်လေသည်။
ဓမ္မဒိန္နာထေရီသည် မိမိနှင့်ရင်းနှီးကျွမ်းဝင်သူ ကျေးဇူးရှိသူများလည်း တရားထူးရစေရန် ရာဇဂြိုဟ်သို့ ပြန်ကြွလာခဲ့သည်။ဓမ္မဒိန္နာထေရီ ရာဇဂြိုဟ်ပြည်သို့ရောက်ပြီဟုကြားသောအခါ သူဌေးကြီးစိတ်ထဲ ထင့်သွားသည်၊ “ဘိက္ခုနီပြုပြီး မကြာမီပင် တောအရပ်သို့ သွားခဲ့သည်၊ တောရပ်တွင်လည်း ကြာရှည်စွာမနေဘဲ ပြန်လာသည်မှာ ဘိက္ခုနီဘ၀နှင့် မပျော်ပိုက်၍လော၊သို့မဟုတ် အခြား အကြောင်းများကြောင့်လော”ဟု ကြံစည်လျက် ကျောင်းတော်သို့ လိုက်သွား၏။သို့ရာတွင် စိတ်ထဲရှိသည့်အတိုင်း မေး၍ကား မသင့်လျော်ဟု ယူဆသဖြင့် တရားဓမ္မနှင့် စပ်လျဉ်းသော မေးခွန်းများကိုသာ မေးလျှောက်လေ၏။
သောတာပန် အဆင့်ရှိသူများသာ ဖြေကြားနိုင်သော မေးခွန်း၊သကဒါဂါမ်အဆင့်ရှိသူများသာ ဖြေကြားနိုင်သော မေးခွန်း၊ အနာဂါမ်အဆင့်ရှိသူများသာ ဖြေကြားနိုင်သော မေးခွန်း၊မေးခွန်းများချည်းဖြစ်၍ မေးတိုင်းမေးတိုင်း ဓမ္မဒိန္နာထေရီကလည်းရှင်းလင်းပြတ်သားစွာ ဖြေကြားလေသည်။ သူဌေးကြီးသည် အရှင်မ၏အဖြေကို ကျေနပ်အားရကာ တဆင့်တက်၍မိမိကိုယ်တိုင်မသိသေးသော်လည်း မြတ်စွာဘုရားထံမှတရားနာရင်း သိထားသော ရဟန္တာပုဂ္ဂိုလ်များသာ ဖြေနိုင်သည့် မေးခွန်းများကို အောက်ပါအတိုင်းဆက်၍မေးလျှောက်ပြန်၏ -
“အရှင်မ ---- အ၀ိဇ္ဇာ၏ ဆန့်ကျင်ဘက်သည် အဘယ်နည်း”
“ဒကာ ၀ိသာခ----အ၀ိဇ္ဇာ၏ ဆန့်ကျင်ဘက်ကား ၀ိဇ္ဇာဖြစ်၏”
“အရှင်မ ---- ၀ိဇ္ဇာသည် မည်သို့သော တရားနှင့် သဘောသဘာဝချင်း တူပါသနည်း”
“ဒကာဝိသာခ----၀ိဇ္ဇာသည် ၀ိမုတ္တိ(အရဟတ္တဖိုလ်)နှင့် သဘောသဘာဝချင်းတူပါသည်”
“အရှင်မ ---- ၀ိမုတ္တိသည်မည်သို့သော တရားနှင့် သဘော သဘာဝချင်းတူပါသနည်း”
“ဒကာဝိသာခ---၀ိမုတ္တိသည် နိဗ္ဗာန်နှင့် သဘောသဘာဝချင်း တူပါသည်”
“အရှင်မ ---- နိဗ္ဗာန်သည် မည်သည့်တရားနှင့် သဘောသဘာဝချင်း တူပါသနည်း”
“ဒကာဝိသာခ----နိဗ္ဗာန်သည် မည်သည့်တရားဓမ္မနှင့်မျှ မတူပေ၊ သို့ပါလျက် သင်က နိဗ္ဗာန်သည် မည်သည့်တရားနှင့်တူသနည်းဟု မေးခြင်းသည် မေးသင့်သောအတိုင်းအတာကို လွန်၍မေးရာရောက်သည်”
“မြတ်သောအကျင့်သည် နိဗ္ဗာန်၌အကြုံးဝင်၏၊ နိဗ္ဗာန်လျှင် မှီခိုရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးစွန်ဖြစ်၏၊ ဒကာဝိသာခ -သင်မေးလိုလျှင် မြတ်စွာဘုရားထံ ကိုယ်တိုင်သွားရောက်၍ ဤမေးခွန်းများကိ မေးလျှောက်နိုင်ပါသည်”
သူဌေးကြီးလည်းမြတ်စွာဘုရားထံေ တ်ာသို့သွားကာ ဓမ္မဒိန္နာထေရီအားမေးခဲ့သော မေးခွန်းများကိုပင် မေးလျှောက်လေရာ မြတ်စွာဘုရားရှင်ကလည်းဓမ္မဒိန္နာဖြေဆိုသ ည့်အတိုင်းပင် ဖြေဆိုတော်မူပြီး“ဓမ္မဒိန္နာသည် ငါ၏ ဉာဏ်တော်နှင့် ညှိနိုင်း၍ဖြေကြားတတ်ပေစွ“ဟု ချီးကျူးတော်မူသည်။
ဤဖြေကြားချက်နှင့်အခြားသော တရားဟောပြောမူများကို အကြောင်းပြု၍ ဓမ္မဒိန္နာအားတရားဟောပြောသောအရာ၌ အတော်ဆုံး ဓမ္မကထိက ဧတဒဂ်ဘွဲ့ဖြင့် ချီးမြှောက်တော်မူသည်။
ဓမ္မဒိန္နာထေရီသည် ရဟန္တာဖြစ်ပြီး နောက် ဤသို့ ဥဒါန်းကျူးရင့်ခဲ့သည် -
ဆန္ဒဇာတာ အ၀သာယီ၊မနသာ စ ဖုဋာ သိယာ။ ကာမေသု အပ္ပဋိဗဒ္ဓစိတ္တာ၊ ဥဒ္ဓံသောတာတိ ၀ုစ္စတိ။ အကြင်ထေရီမသည် အရဟတ္တဖိုလ်အကျိုးငှါ အလိုဆန္ဒ ဖြစ်ပေါ်လျက် ရှိနေ၏၊ ရဟန်းကိစ္စပြီးဆုံးမူကို လိုလားတောင့်တ၏၊အောက်အရိယာမဂ်စိ တ်သုံးခုဖြင့် နိဗ္ဗာန်သို့ ရောက်သူဖြစ်၏၊ ကာမဂုဏ်တို့၌ တပ်မက်သော စိတ်မရှိ၊ ထိုထေရီမကို ဥဒ္ဓံသောတ(အနာဂါမ်ဘ၀ဖြင့် အ၀ိဟာ ဗြဟ္မာ့ဘုံမှ အထက်ဘုံများသို့ ဘုံစဉ်စံပြီး ပရိနိဗ္ဗာန်ပြုမည့်)အနာဂါမ်ဟု ခေါ်ဆိုထိုက်၏။
သုခါ ခေါ အာဝုသော ၀ိသာခဝေဒန၊ ဌိတိသုခါ ၀ိပရိဏာမ -ဒုက္ခာ၊ ဒုက္ခာ သေဒ၊ ဌိတိဒုက္ခာ ၀ိပရိဏာမသုခါ၊ အဒုက္ခ မသုခါ သေဒနာ၊ဉာဏသုခါ အညာဏဒုက္ခာ။ ချမ်းသာခံစားမူသည် တည်ဆဲအားဖြင့် ချမ်းသာ၏၊ ပြောင်းလဲသောအားဖြင့် ဆင်းရဲ၏၊ ဆင်းရဲခံစားမူသည်တည်နေဆဲအားဖြင့်ဆင်းရဲ၏၊ ပြောင်းလဲသောအားဖြင့် ချမ်းသာ၏၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမူသည် သိသောအားဖြင့် ချမ်းသာ၏၊ မသိသောအားဖြင့် ဆင်းရဲ၏။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော (အဆင့်မြင့်)စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
"ခေမာထေရီိ"
ခေမာထေရီသည်ကားဘိက္ခုနီမတို့တွင်"ပညာအရာ၌ ဧတဒဂ်ဘွဲ့"ရရှိခဲ့သူ ဖြစ်သည်၊ ခေမာထေရီသည် မဒ္ဒရာဇ်မင်း၏ သမီးတော်ဖြစ်သည်၊လွန်စွာချောမောလှပ၍ အလှမာန်ကြီးသူလည်းဖြစ်သည်။
♦ ခေမာထေရီအလောင်းအမျိုးကောင်းသမီးသည် ကမ္ဘာတစ်သိန်းအထက်၌"ပဒုမုတ္တရဘုရားရှင်"လက်ထက် ဟံသာဝတီမင်းနေပြည်တော်တွင် သူဌေးသမီးတစ်ဦးဖြစ်သည်။ဘုရားရှင်၏တရားကို နာကြားရသဖြင့် ဥပါသိကာမဖြစ်လာသည်။
မိဘများထံခွင့်ပန်၍ ခုနှစ်ရက်တိုင်တိုင် ဘုရားအမှူးရှိသော သံဃာအား ဆွမ်းဆက်ကပ်လှူဒါန်း၍ခုနှစ်ရက်လွန်မြောက်သည့်အခါ ဘုရားရှင်က သုဇာတာထေရီအားပညာဧတဒဂ်ရာထူးထားတော်မူသည်ကို မြင်တွေ့ရလေလျှင် မိမိလည်းယင်းအရှင်မအလားပညာဧတဒဂ်ရထေရီမတစ်ဦး ဖြစ်လိုသည့်ဆန္ဒ လွန်စွာပြင်းပြ၍ပညာဧတဒဂ်ဘွဲ့ရာထူးကို ဆုပန်ဆင်ခဲ့လေသည်။ ဘုရားရှင်ကလည်းကမ္ဘာတစ်သိန်းလွန်သောအခါ ဂေါတမဘုရားရှင်သာသနာ၌ ပညာဧတဒဂ်ဘွဲ့ရခေမာထေရီဖြစ်မည့်အကြောင်း ဗျာဒိတ်စကား မိန့်ကြားတော်မူလေသည်။
♦ထိုသူဌေးသမီးသည်သက်ဆုံးတိုင် ကုသိုလ်ကောင်းမူပြု၍ ထိုဘ၀မှ သေလွန်သော် စာတုမဟာရာဇ်မှတပါး အထက်နတ်ပြည်ငါးထပ်တို့၌ အစဉ်အတိုင်း နတ်မိဖုရားကြီးသာ ဖြစ်ရသည့်အပြင် နတ်ပြည်မှစုတေ၍လူ့ပြည်၌ တစ်ဖန်ဖြစ်ပြန်ေ သာအခါ၌လည်း စကြာဝတေးမင်းနှင့် ဧကရာဇ်မင်းတို့၏ မိဖုရားခေါင်ကြီးများသာ ဖြစ်ရလေသည်။
♦ ခေမာလောင်းလျာဖြစ်သော အမျိုးသမီးသည်" ၀ိပဿီဘုရားရှင်" ပွင့်တော်မူသည့်အခါ၌လည်း ဘိက္ခုနီမပြုလုပ်၍ နှစ်ပေါင်းတစ်သောင်းတိုင် အကျင့်မြတ်ကို ကျင့်သုံးခဲ့သည်။
♦ဤဘဒ္ဒကမ္ဘာမှာပင် "ကဿပဘုရားရှင်" ပွင့်တော်မူသော် အလုပ်အကျွေးဒါယကာမှာ ဗာရာဏသီပြည့်ရှင ကိကီမင်းကြီးဖြစ်သည်။ ယင်းမင်းကြီးတွင် (၁)သမဏီ၊ (၂)သမဏဂုတ္တာ၊(၃) ဘိက္ခုနီ၊ (၄) ဘိက္ခုဒါယိကာ၊ (၅)ဓမ္မာ၊ ( ၆)သုဓမ္မာ၊ (၇) သံဃဒါယိကာဟူသော သမီးတော် ၇-ဦးရှိရာ အကြီးဆုံးသမဏီမင်းသမီးမှာ ခေမာထေရီလောင်းလျာဖြစ်၏၊ ဘုရားရှင်၏ တရားကို နာကြားရသည့်အခါ ရဟန်းပြုလိုစိတ် ပြင်းပြစွာဖြစ်သောကြောင့် ခမည်းတော်ထံ ခွင့်ပန်ရာ မရရှိခဲ့သဖြင့် ညီအစ်မ ၇-ယောက်လုံးပင် ဗြဟ္မစရိယာအကျင့် ကို ကျင့်သုံးကြလေသည်။
♦အခါတပါးဘုရားရှင်ဟောကြားတော်မူသည့် "မဟာနိဒါနသုတ္တန်"တရားတော်ကို ကြားနာရသော အခါ သဒ္ဓါတရားထက်သန်လှသဖြင့် နူတ်တက်အာဂုံဆောင်ခဲ့၏။ ယင်းကောင်းမူကြောင့် တာဝတိ သာ၌ နတ်မိဖုရားကြီး ဖြစ်ရ၏။
♦ နောက်ဆုံးဘ၀တွင်ဤဘုရားရှင်လက်ထက်တော်၌ သာဂလမြို့မဒ္ဒရာဇ်မင်း၏ သမီးတော် ခေမာမင်းသမီးဖြစ်လာသည်၊ အရွယ်ရောက်သည့်အခါ "ဘုရင်ဗိမ္ဗိသာရ"၏ မိဖုရားခေါင်ကြီးဖြစ်လာ၏၊ရုပ်ရေအဆင်း၌အလွန်အမင်း မာန်ယစ်သူ ဖြစ်၍ ဝေဠုဝန် ကျောင်းတော်၌ဘုရားရှင် သီတင်းသုံး နေတော်မူသော်လည်းတခါတရံမျှ အဖူးအမြော် မရောက်ရှိခဲ့။ ဘုရားရှင်ကိုလည်းအလှ၏အပြစ်၊ဘ၀၏အပြစ်ကို ဟောကြားသူ၊ အလှအပကို ရူတ်ချသူအဖြစ် မြင်နေပေသည်။
ဗိမ္ဗိသာရမင်းသည် ဘုရားရှင်၏ အမြတ်ဆုံးအလုပ်အကျွေး ဒါယကာဖြစ်သကဲ့သို့အရိယာသူတော်စင်တစ်ဦးလည်းဖြစ်၏။ ထိုကဲ့သို့သော မင်း၏မိဖုရားက ဘုရားရှင်ထံ တစ်ခေါက်တလေမျှအဖူးအမြော် မရောက်သည်မှာ မသင့်လျော်ချေ၊
သို့သော်လည်းဗီမ္ဗိသာရမင်းက ဘုရားရှင်ထံ အတင်းအကြပ် မခေါ်ဆောင်ခဲ့၊ ပရိယာယ်အားဖြင့်ဝေဠုဝန် ကျောင်းတော်ကြီး၏သာယာပုံကို ကဗျာဂီတ သီကုံးရေးဖွဲ့စေ၍ခေမာမိဖုရားကြားလောက်သည့် အရပ်၌ သီဆိုစေလေသည်။ ထိုသီချင်းသံကိုခေမာမိဖုရားကြားလေသော် ဝေဠုဝန်ဥယျာဉ်တော်ကို သွားရောက်ရူစားလိုသည့်ဆန္ဒ ပြင်းပြလှသဖြင့် မင်းကြီးအားခွင့်ပန်ကာ ဘုရားရှင်နှင့် မတွေ့အောင် တမင်းကြံဆောင်၍ဆွမ်းခံဝင်ချိန်တွင်မှ ကြီးစွာသောအခမ်းအနားဖြင့် ဥယျာဉ်တော်သို့ ၀င်လေသည်။
♦ ခေမာသည်နုပျိုချိန်တွင်မိမိကိုယ်တိုင်ပင် ရဟန်းမ မပြုလိုသည်သာမက ဥယျာဉ်တော်အတွင်းလှည့်လည်ရူစားစဉ်သစ်ပင်ရင်း၌ ရဟန်းတရားပွားများ အားထုတ်နေသည့် ရဟန်းပျိုတစ်ပါးကို မြင်ရလေလျှင်ပင် “ရူချင်စဖွယ် နုပျိုရွယ်တွင် မွေ့လျော်ဖွယ်အာရုံ ကာမဂုဏ်ကို ခံစားပြီး သက်ကြီးယိုယွင်းအိုမင်းမှသာ ရဟန်းတရား ပွားများအားထုတ်သင့်ဘိတကား”ဟု ကြံစည်မိလေ၏၊ ထို့နောက် ဘုရားရှင်မရှိဟူသော အထင်ဖြင့် ဂန္ဓကုဋီရှိရာသို့သွားလေ၏။
မြတ်စွာဘုရားသည်ခေမာမိဖုရားလာလိမ့်မည်ကို ကြိုတင်သိတော်မူသည့်အလျောက် ဆွမ်းခံကြွတော်မမူဘဲ ဂန္ဓကုဋီကျောင်းတော်၌ပင် သီတင်းသုံးနေတော်မူသည်၊ ခေမာမိဖုရားဂန္ဓကုဋီတိုက်သို့ရောက်လာသောအခါ ခေမာထက် အစစ သာလွန်တင့်တယ်လှပသော မိန်းမငယ်အသွင်ကိုဖန်ဆင်းလျက် ကိုယ်တော်အနီး၌ ရိုသေစွာ ယပ်လေးခတ်စေ၍ နေတော်မူလင့်သော ဘုရားရှင်ကို ပက်ပင်းပါ ဖူးမြင်ရလေ၏။
♦ ခေမာမိဖုရားသည် လွန်စွာလှပအောင် ဖန်ဆင်းထားသည့် သတို့သမီးပျိုကိုတစိမ့်စိမ့် ကြည့်ရူဆဲမှာပင် ကြော့ရှင်းလှပ သူငယ်မအသွင်မှ တဖြည်းဖြည်းရင့်ရော်အိုမင်းလာပုံ၊ ရောဂါဖိစီးလာပုံ၊နာရာမှ တုံးလုံးလဲကျ သေဆုံးသွားပုံတို့ကို အဆင့်ဆင့် ဖန်ဆင်း၍ပြတော်မူရာ ခေမာမိဖုရားသည် ဤမျှချောမောလှပသော အမျိုးသမီးငယ်သည်ပင် အို နာ သေခြင်းသို့ ရောက်ရချေသေး၏၊ငါသည်လည်း ဤသူငယ်မကဲ့သို့ပင် မလွဲမသွေ အိုရ နာရ သေရဦးမှာပါတကားဟုစဉ်းစားဆင်ခြင်မိလေ၏။
♦ထိုအကြံကို သိမြင်တော်မူသော မြတ်စွာဘုရားက “ချစ်သမီး -------ဤခန္ဓာကိုယ်သည် လူမိုက်တို့ တွယ်တာနှစ်သက်နေသော်လည်း အမြဲနာကျင်၍နေ၏၊မစင်မကြယ် ရွံရှာဖွယ်ဖြစ်၏။ အမြဲပုပ်လျက်ရှိ၏၊အပုပ်ရည်တို့ကို ယိုစီးလျက်ရှိ၏။ ထိုအခြင်းအရာကို မြင်အောင်ကြည့်လော့” စသည်ဖြင့် ဟောကြားတော်မူ၏။တရားဒေသနာတော်ကိုကြားနာရ၍ ခေမာမိဖုရား၏စိတ်သည် ကြည်သာ ရွှင်လန်းလာသောအခါ"မဟာနိဒါနသုတ်တော်"ကို ဆက်လက်ဟောကြားတော်မူလေသည်။
♦ထိုသုတ်တော်ကို ကြားနာရသည့်အခါ မိမိ ရှေးသမဏီမင်းသမီးဘ၀က "ကဿပ ဘုရားရှင်"ထံမှ နာကြားခဲ့ရ၍နူတ်တက်အာဂုံဆော င်ခဲ့ဖူးသည်ကို ချက်ချင်းသတိရကာ ထိုနေရာ၌ပင် သောတာပန်ဖြစ်လေ၏။ သောတာပန် အရိယာဖြစ်ပြီးသည့်အခါ ယခင်ကအလှမာန်ဖြင့် အထင်အမြင်မှားခဲ့သည့်အပြစ်ကို ခွင့်လွှတ်ပါရန် ၀န်ချတောင်းပန်လေသည်။
ဘုရားရှင်ကို ကန်တော့ပြီး ရွှေနန်းတော်သို့ပြန်ရောက်သည့်အခါ ဗိမ္ဗိသာရမင်းအား မိမိသည် အတူမရှိသောဘုရားရှင်ကို မျက်မြင်ဒိဋ္ဌဖူးေ တွ့ခဲ့ရပြီးဖြစ်ကြောင်း အစချီကာ ဘိက္ခုနီမပြုလုပ်ရန်ကိုပင် ခွင့်ပန်ပြောကြားနေသည်၊ ဗိမ္ဗိသာရမင်းကလည်းရဟန်းပြုခွင့်ပေးရုံမျှမက အရဟတ္တဖိုလ်ရောက် ပေါက်မြောက် အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းကာ ခေမာမိဖုရားကို ရွှေထမ်းစင်ထက်တင်ဆောင်လျက် ဘိက္ခုနီမကျောင်းတိုက်သို့ ခမ်းနားကြီးကျယ်စွာ ပို့ဆောင်၍ရဟန်းပြုစေလေ၏။
♦ရဟန်းမအဖြစ်ရရှိပြီးနောက် "တစ်ဆယ့်ငါးရက်ေ မြာက်သောနေ့ " ဥပုသ်ပြုပွဲ၌ ၀တ်ပြုရင်း ထွန်းညှိထားသော ဆီမီးခွက်မှ တဖျစ်ဖျစ်တဖျောက်ဖျောက် တောက်လောင်နေသော မီးလျှံမီးတောက်များ၏ချုပ်ပျောက်ငြိမ်းစဲသွားပုံကို ကြည့်ရူနေမိရာမှမိမိခန္ဓာကိုယ်သို့စူးစိုက်ကြည့်လေလျှင် မီးလျှံအသွင်ကဲ့သို့ စဉ်ဆက်မပြတ် ဖြစ်ပျက်ချုပ်ပျောက်နေသော ရုပ်နာမ်စုကို ရူမြင်လေရာ ထိုနေရာမှာပင် ပဋိသမ္ဘိဒါဉာဏ်လေးပါးအဘိညာဉ် ခြောက်ပါးနှင့်တကွ ရဟန္တာထေရီမကြီးဖြစ်ေ၏၊ ခေမာထေရီအရှင်မသည်ကား ပရိယတ်/ပဋိယတ်နှစ်ရပ်စွယ်စုံ ကျွမ်းကျင်သူဖြစ်ပေသည်။
အခါတပါးခေမာထေရီမသည် ကောသလတိုင်းအတွင်း ဒေသစာရီ လှည့်လည်စဉ် သာဝတ္ထိနှင့် သာကေတမြို့အကြားတောရဏမည်သောအရပ် သို့ ရောက်ရှိ၏၊ ပေဿနဒီကောသလမင်းကလည်း သာကေတမြို့မှ သာဝတ္ထိသို့အသွား ယင်းအရပ်၌ပင် တစ်ညဉ့်တာ နားခိုက်နှင့် ကြုံကြိုက်သဖြင့် မင်းကြီးကခေမာထေရီအား-
- သတ္တ၀ါသည်သေပြီးသည်နောက် ဖြစ်သေးသလော၊ - မဖြစ်တော့ဘူးလော၊ -ဖြစ်သည်လည်းရှိ၊ မဖြစ်သည်လည်းရှိသလော၊ -ဖြစ်သည်လည်းမဟုတ်၊မဖြစ်သည်လည်းမဟုတ်သလောဟု
♦ပုစ္ဆာလေးချက်ကိုမေးလျှောက်ရာ “မင်းကြီး---ဤပုစ္ဆာကား မြတ်စွာဘုရားဖြေကြားတော်မမူသော ပုစ္ဆာများဖြစ်ပါသည်”ဟု ဘုရားရှင်အလိုတော်ကျ ဖြေဆိုလေသည်။(မဂ်ဖိုလ်နိဗ္ဗာန်အတွက် တိုက်ရိုက်အကျိုးမရှိသောကြောင့်လည်းကောင်း၊ ပင်ကို၌ကပရမတ္ထအားဖြင့် သတ္တ၀ါအကောင်ဟု မရှိသည်ကို ဦးတည်၍ မေးသောမေးခွန်းဖြစ်သောကြောင့်လည်းကာင်း ဤပြဿနာမျိုးကို မြတ်စွာဘုရား ဖြေတော်မမူပေ။)
♦တရားတော်များကိုမြတ်စွာဘုရားအလိုတော်ကျ ဟောပြနိုင်သဖြင့်ဘုရားရှင်သည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသံးတော်မူစဉ် ဘိက္ခုနီမတို့အား ဧတဒဂ်ရာထူးထားတော်မူရာ၌ ခေမာထေရီမကြီးအား ဉာဏ်ပညာ ကြီးကျယ်သောအရာ၌ဧတဒဂ်ရာထူးထားတော်မူရာ၌ ခေမာထေရီမကြီးအားဉာဏ်ပညာ ကြီးကျယ်သောအရာ၌အပ်နှင်းတော်မူလေသည်။
ခေမာထေရီသည် ရဟန္တာဖြစ်ပြီးနောက် ဤသို့ ဥဒါန်းစကား ကျူးရင်တော့်မူသည် -
နက္ခတ္တာ နမဿန္တာ၊အဂ္ဂိံ ပရိစရံ ၀နေ။ ယထာဘုစ္စ မဇာနန္တာ၊ ဗာလာ သုဒ္ဓိမမညထ။
♦ "လူမိုက်တို့သည် မှန်စွာမသိကုန်သောကြောင့် ဂြိုဟ် နာက္ခတ် တို့ကို ရှိခိုးကြကုန်လျက် တော တောင်တို့၌မီးကို လုပ်ကျွေးပူဇော်ပသနေကြရာ ကိလေသာမှ စင်ကြယ်လိမ့်မည်ဟု မှတ်ထင်ကြကုန်၏။"
အဟဉ္စ ခေါ နမဿန္တီ၊သမ္ဗုဒ္ဓံ ပုရိသုတ္တမံ။ ပမုတ္တာ သဗ္ဗဒုက္ခေဟိ၊သတ္ထုသာသနကာရိကာ။
♦ "ငါသည်ကား ယောက်ျားမြတ်အစစ်ဖြစ်တော်မူသော မြတ်စွာဘုရားကို ရှိခိုးပူဇော်လျက် မြတ်စွာဘုရားဆုံးမတော် မူသည့်အတိုင်း လိုက်နာကျင့်ကြံသည်ဖြစ်၍ ဆင်းရဲအပေါင်းမှ လွတ်မြောက်ရပေစွာ့။"
[ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီး ဌာန ဗုဒ္ဓဘာသာတရားတော်(အဆင့်မြင့်)စာအုပ်မှ

Subscribe to:
Post Comments (Atom)
No comments:
Post a Comment