Showing posts with label ပဋ္ဌာန်း. Show all posts

Wednesday, December 14, 2016
၂၄ပစ္စည်း မြန်မာလို အကျယ်
၂၄ပစ္စည်း မြန်မာလို အကျယ်
ဟေတုပစ္စယော = ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ်)
အာရမ္မဏပစ္စယော = အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းစေရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြုပြန်၊ အာရမ္မဏခေါ်)
အဓိပတ္တိပစ္စယော = အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ်)
အနန္တရပစ္စယော = အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ နတ်ရွာလားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)
သမနန္တရပစ္စယော = ကောင်းစွာ အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ တောထွက်သွားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)
သဟဇာတပစ္စယော = အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(ဆီမီးတောက်သော်၊ အလင်းပေါ်သို့၊ ထို့တူတသီး၊ ပစ္စည်းပစ္စယုပ္ပန်၊ အတူဖြစ်ဟန်ကို)
အညမညပစ္စယော = အချင်းချင်းအပြန်လှန် ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်သားသုံးခွ၊ ချင်းချင်းမသို့၊ အညမညံ၊ ပြန်လှန်သမှု၊ ကျေးဇူးပြု)
နိဿယပစ္စယော = မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်ပင်တည်ရာ၊ မြေပမာလျှင်၊ မှီရာတည်မှု၊ ကျေးဇူးပြု)
ဥပနိဿယပစ္စယော = အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိုးကြီးပမာ၊ သတ္တဝါတွေ၊ တည်နေနိုင်မှု၊ ကျေးဇူးပြု၊ ဥပနိဿယခေါ်)
ပုရေဇာတပစ္စယော = ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ကမ္ဘာဦးက၊ နေနှင့်လသို့၊ ရှေ့ကဖြစ်လာ၊ နောက်ကဖြစ်လာသည့်၊ တရားစုစု၊ ကျေးဇူးပြု)
ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(လင်းတငယ်သော်၊ အစာမျှော်သို့၊ နောက်ပေါ်လာသည့်၊ ပစ္စည်းတရားစု၊ ကျေးဇူးပြု)
အာသေဝနပစ္စယော = အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရှေးရှေးထုံထား၊ နံ့သာလားသို့၊ ရှေ့ဖျားကျမ်းဂန်၊ လေ့လာသန်လပ်၊ နောက်ထပ်ကျမ်းဂန်၊ အမြင်သန်သည်၊ ဧကန်အာသေဝနသဘောတည်း။)
ကမ္မပစ္စယော = အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မျိုးစေ့အလား၊ ပမာထား၍၊ နှစ်ပါးသောကံ၊ အခြေခံကာ၊ ဝေဘန်သမှု၊ ကျေးဇူးပြု)
ဝိပါကပစ္စယော = အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ချမ်းရိပ်နားနေ၊ သွန်းလေပြေသို့၊ ကံနေအလား၊ အဖြစ်များမှု၊ ကျေးဇူးပြု)
အာဟာရပစ္စယော = ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(အိမ်ကို ကျားကန်၊ ဖြစ်ရဟန်သို့၊ သဏ္ဍာန်တူစွ၊ ထောက်ပံ့မသည့်၊ အာဟာရဖြစ်မှု၊ ကျေးဇူးပြု။)
ဣန္ဒြိယပစ္စယော = အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိမိဆိုင်ရာ၊ ကိစ္စမှာလျှင်၊ ကောင်းစွာစိုးရ၊ ဖြစ်ရစင်စစ်၊ ပဒေသရာဇ်၊ စိုးအုပ်လှစ်သို့)
ဈာနပစ္စယော = ကမ္မဋ္ဌာန်းအာရုံသို့ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သစ်ပင်တောင်ငူ၊ တတ်သသူသည်၊ အောက်သူတို့အား၊ ကြည့်ပြောငြားသို့။)
မဂ္ဂပစ္စယော = သံသရာမှ ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ပမာကူသို့၊ ဆောင်ယူပို့သို့၊ ထို့တူနိဗ္ဗာန်၊ ရောက်ကြောင်းမှန်ပြု၊ ကျေးဇူးပြု။)
သမ္ပယုတ္တပစ္စယော = ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စတုမဓူ၊ ရောသည့်တူပေ၊ စိတ်စေနှစ်ပါး၊ ခွဲခြားမရ၊ ယှဉ်ကြသမှု၊ ကျေးဇူးပြု။)
ဝိပယုတ္တပစ္စယော = မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရသခြောက်ပါး၊ ရောစပ်ထားသို့၊ ခြားနားမတူ၊ ဖြစ်ဟန်မူသို့၊ ထို့တူမခြား၊ ကျေးဇူးပြု။)
အတ္ထိပစ္စယော = ထင်းရှားရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မြင့်မိုရ်မြေကြီး၊ ထောက်ပံ့နည်းသို့၊ ပစ္စည်းသတ္တိ၊ ကျေးဇူးရှိ၊ အတ္ထိပစ္စည်းခေါ်။)
နတ္ထိပစ္စယော = မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ငြိမ်းသေလေပြီး၊ ဆီမီးတန္တု ကျေးဇူးပြုသို့၊ ထို့တူမှတ်ဘိ၊ မရှိသမှု၊ ကျေးဇူးပြု။)
ဝိဂတပစ္စယော = ကင်းမဲ့ချူပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(နေရောင်ပျောက်ကင်း၊ လရောင်လင်းသို့၊ ချုပ်ကင်းလေမှု၊ ကျေးဇူးပြု။)
အဝိဂတပစ္စယော = မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သမုဒ္ဒရာ၊ ငါးပျော်ရာသို့၊ မကင်းသောအား၊ ယင်းတရားစု၊ ကျေးဇူးပြု။)
ဣတိ၊ ဤသို့။ စတုဝီသတိ ပစ္စယာ၊ နှစ်ဆယ့်လေးပစ္စည်းတို့သည်။ မဟာပကရဏေ၊ အနန္တနယ သမန္တ မဟာပဋ္ဌာန်းကျမ်းကြီး၌။ ဌိတာ၊ တည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ပဋ္ဌာန်း ၂၄-ပစ္စည်း မြန်မာ-အင်္ဂလိပ်
ဟေတု ပစ္စယ = The relation way of root.
အာရမ္မဏ ပစ္စယ = The relation of object.
အဓိပတိပစ္စယ = The relation of dominance.
အနန္တရ ပစ္စယ = The relation of contiguity.
သမနန္တရ ပစ္စယ = The relation of immediate contiguity.
သဟဇာတ ပစ္စယ = The relation of Co-existence.
အညမည ပစ္စယ = The relation of reciprocity.
နိဿယ ပစ္စယ = The relation of dependence.
ဥပနိဿယ ပစ္စယ = The relation of Sufficing condition.
ပုရေဇာတ ပစ္စယ = The relation of pre-existence.
ပစ္ဆာဇာတ ပစ္စယ = The relation 0f post-existence.
အာသေ၀န ပစ္စယ = The relation of habitual recurrence.
ကမ္မ ပစ္စယ = The relation of Kamma.
ဝိပါက ပစ္စယ = The relation of effect.
အာဟာရ ပစ္စယ = The relation of food.
ဣန္ဒြိယ ပစ္စယ = The relation of control.
ဈာန ပစ္စယ = The relation of jhana.
မဂ္ဂပစ္စယ = The relation of path.
သမ္ပယုတ္တ ပစ္စယ = The relation of association.
ဝိပ္ပယုတ္တ ပစ္စယ = The relation of dissociation.
အတ္ထိ ပစ္စယ = The relation of presence.
နတ္ထိ ပစ္စယ = The relation of absence.
ဝိဂတ ပစ္စယ = The relation of abeyance.
အ၀ိဂတ ပစ္စယ = The relation of continuance.
http://mraungj.multiply.com
Thursday, November 5, 2015
အသံမစဲပဋ္ဌာန်း - Live Streaming 15th Pathan Pwe 2015 (Nov 1-Nov 8)
![]() |
| http://www.myanmartube.net/ |
http://www.myanmartube.net/
Progressive Buddhist Association
1790-1830 Ranch Road,
Azusa, CA 91702
သံဃာတော်များ၏ အလှည့်ကျ အချိန်ဇယားသိလိုက when you log in your FB အောက်ပါလင့်ကို ကလစ်ပါ
https://www.facebook.com/myat.pahtan/media_set?set=a.839863772793288.1073742891.100003090199165&type=3&pnref=story
Tuesday, October 8, 2013
ပဌာန်း ရုပ်ပြစုံ
http://samsayarkhayethal.blogspot.com/2013/02/blog-post.html
ပဌာန်း (၂၄) ပစ္စည်း ရဲ့ အဓိပ္ပါယ်ကို ပုံလေးတွေနဲ့ ရှင်းပြထားတဲ့ ရုပ်ပြ စုံ
( ၂၄ ပစ္စည်း ပဌာန်း ရုပ်ပြစုံ )
ညောင်ပင် အစရှိသည်တို့၏ အမြစ်သည် ထိုသစ်ပင်တို့အား ပင်စည်ပြန့်ပွားခြင်း၏
အကြောင်းအဖြစ် ကျေးဇူးပြုသကဲ့သို့ လောဘ၊ဒေါသ၊မောဟာ အဒေါသ၊အလောဘ၊
အမောဟ အားဖြင့်ခြောက်ပါးသော ဟိတ်တရားတို့၏ သဟဇာတ် သမ္ပယုတ်ဖြစ်သော
ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့အား စည်ပင်ပြန့်ပွားကြောင်း၏ အဖြစ်ဖြင့်
ကျေးဇူးပြုခြင်းလက္ခဏာရှိသော ဟေတုပစ္စည်း။
see more of ပဌာန်း #1
ကြိုးလွန်၊ တောင်ဝှေး အစရှိသည် သည် မစွမ်းနိုင်သူလူအပေါင်းအား ဆွဲရာ၊ ထောက်ရာ
အားဖြင့် ကျေးဇူးပြုသကဲ့သို့ ရူပါရုံအစရှိသော အာရုံခြောက်ပါး ပစ္စည်းတရားတို့၏
လေးပါးသော နာမက္ခန္ဓာတို့အား ဆွဲရာ၊ ထောက်ရာ၊ အာရုံပြုရာအားဖြင့်
ကျေးဇူးပြုခြင်းလက္ခဏာရှိသော အာရမ္မနပစ္စည်း
လေးကျွန်းသနင်း သကြာမင်းသည်၊ စက်တွင်းအာဏာ၊ ပိုင်ထိုက်ရာဟူ၊ ခပ်သိမ်းလူကို၊
ပြိုင်သူဝေးကွာ၊ အာဏာလွမ်းမိုး၊ အစိုးရခြင်းဖြစ်သကဲ့သို့၊ အလေးအမြတ်ပြုစေအပ်သည်၊
ခြောက်ရပ်အာရုံ၊ လေးစုံသော ဆန္ဒ-စိတ္တ-ဝီရိယ-ဝီမံသ တို့၏ မိမိဆိုင်ရာ၊ နာမ်ခန္ဓာနှင့်၊
သဟဇာတ်မှန်၊ နာမ်ရုပ်များစွာ၊ ငါးခန္ဓာကို၊ အာဏာလွမ်းမိုး၊ အစိုးရခြင်းဖြင့်
ကျေးဇူးပြုခြင်းလက္ခဏာရှိသည့် အဓိပတိပစ္စည်း။
စတုဒီပ၊ စက္ကိန္ဒသည် သားလှသည်းချာ သြရသာကို နန်းလျာထီးဖြူ ဆောင်းနှင်းမူလျက်
နတ်ရွာတက်၏ သို့၊ ပဋိသန္ဓေ အစရှိသော ရှေးရှေးသော နာမက္ခန္ဓာတို့၏ ထင်ရှားမရှိ
ချုပ်လေခြင်းဖြင့် ပထမဘဝင်အစရှိသော နောက်နောက်သော နာမက္ခန္ဓာတို့အား
မိမိ၏ အခြားမဲ့ ၌ ဖြစ်ခွင့်ပေး၍ ကျေးဇူးပြုခြင်း လက္ခဏာရှိသော အနန္တရပစ္စည်း။
လေးကျွန်းရောင်ရှိန်၊ တောက်လောင်ထိမ်သည့် ဘူမိန္ဒရာဇ် စောသနစ်၏ ချစ်သားသြရသာ
ဥပရာကို နန်းလျာဆောင်နှင်း အလှည့်သွင်းလျက် တောထွက်ခြင်းအမှု့သည်
ထိုသားကြီးရတနာအား မင်းအဖြစ်ကိုရ စေခြင်းငှာကျေးဇူးပြုသကဲ့သို့ နောက်နောက်သော
နာမက္ခန္ဒာတို့အား ဖြစ်ခွင့်ပေးသော ရှေးရှေးသော နာမက္ခန္ဒာတို့၏ ချုပ်ပျောက်ခြင်းဖြင့်
ကျေးဇူးပြုခြင်းလက္ခဏာရှိသော သမနန္တရပစ္စည်း။
ဆီမီးတောက်သည် မိမိတောက်ထွန်းသည်နှင့် တစ်ပြိုင်နက် အလင်းရောင်ဖြစ်စေသကဲ့သို့၊
ဝေဒနက္ခန္ဓာ အစရှိသည်တို့၏ သဟဇာတ်ရုပ်နာမ်တရားတို့အား လည်းကောင်း၊ ပထဝီအစရှိသော
မဟာဘုတ်တို့၏ ကြွင်းသော မဟာဘုတ်ဥပါဒါရုပ်တို့အားလည်းကော င်း၊ မိမိနှင့် မရှေးမနှောင်း
တစ်ပေါင်းတည်းဖြစ်စေခြင်းဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော သဟဇာတပစ္စည်း။
အခြေလေးခု၊ အခြေနှစ်ခုရှိသော သတ္တဝါတို့၏ ထို အခြေလေးခု အခြေနှစ်ခုတို့သည်
အချင်းချင်း တစ်ချောင်းသည် တစ်ချောင်းအား အပြန်အလှန်အထောက်အပံ့ဖြစ်၍
ကျေးဇူးပြုသကဲ့သို့ ၊နာမက္ခန္ဒာလေးပါးတို့၏ လည်းကောင်း၊ မဟာဘုတ်လေးပါးတို့၏
လည်းကောင်း၊ ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဒာနှင့် ဟာဒယ ဝတ္ထုတို့၏ လည်းကောင်း
အချင်းချင်း တစ်ပါးသည် တစ်ပါးအား အပြန်အလှန်အထောက်အပံ့ဖြစ်၍
ကျေးဇူးပြုခြင်းလက္ခဏာရှိသော အညမညပစ္စည်း။
မြေကြီးအစရှိသည်သည် သစ်ပင်နွယ် သတ္တဝါတို့၏ မှီရာဖြစ်သကဲ့သို့၊ စက္ခုအစရှိသော
ခြောက်ပါးသောဝတ္ထုရုပ်တို့၏ စက္ခုဝိညာဏ် အစရှိသော ခုနှစ်ပါးသော ဝိညာဏ်တို့အား
ရှေး၌ မှီရာဖြစ်၍ ကျေးဇူးပြုခြင်း၊ ပုဆိုး အစရှိသည်သည် ပန်းချီ ဆေး အစရှိသည် တို့၏
တကွမှီရာဖြစ်၍ ကျေးဇူးပြုသကဲ့သို့၊ နာမက္ခန္ဒာ လေးပါး မဟာဘုတ်လေးပါးတို့၏
မိမိမှကြွင်းသော နာမက္ခန္ဒာ မဟာဘုတ် စိတ္တဇရုပ် ဥပါဒါရုပ် တို့အား အကွမှီရာဖြစ်၍
ကျေးဇူးပြုခြင်း လက္ခဏာရှိသော နိဿယပစ္စည်း။
မိုးတွင်းလေးလပတ်လုံးရွားသောမိုးကြီးသည် မိုးကိုမှီကုန်သော မြက်၊ သစ်ပင်တို့အား
တစ်နေ့တစ်ခြား တိုးပွားစည်ပင်ခြင်းငှာကျေးဇူြး ပုသကဲ့သို့ ၊ ရှေးရှေး၌ ဖြစ်သော ကုသိုလ်၊
အကုသိုလ်၏ နောက်နောက်မှဖြစ်သော ကုသိုလ်၊ အကုသိုလ်တို့အား တရွေ့ရွေ့ တိုးပွား
အားရှိစေသောအားဖြင့် အားကြီးသောမှီရာဖြစ်၍ ကျေးဇူးပြုခြင်း လက္ခဏာရှိသော
ဥပနိဿယ ပစ္စည်း။
ကမ္ဘာဦးက ကွန့်မြုးရောင်ရွှန်း နေလဝန်းတို့သည် အလင်းကိုမှီကုန်သော သတ္တဝါတို့အား
ရှေး၌ ဖြစ်၍ ထိုထိုအလိုရှိအပ်သော အမှု့ကြီးငယ်တို့ကို ပြီးစေခြင်းငှာကျေးဇူးပြုသကဲ့သို့
ရှေး၌ ဖြစ်သောဝတ္ထုခြောက်ပါးတို့၏ နောက်၌ ဖြစ်သော နာမက္ခန္ဒာတို့အား ဆွဲမှီရာပြုလျက်
ရှေ့၌တည်၍ ကျေးဇူးပြုခြင်း လက္ခဏာရှိသော ပုရေဇာတပစ္စည်း။
အစာမစား၊ ဖွားစနုနယ် ဠင်းတငယ်တို့၏ နောင်ဝယ်စားရလတ္တံဟု ချင်ခြင်းစေတနာသည်
ထို ဠင်းတငယ်တို့အား ခန္ဓာမကြေ၊ မသေမပျောက်၊ မွှေးတောင်ပေါက်၍ အလျောက်ဘာသာ
ကြီးမြင့်လာအောင် ကောင်းစွာကျေးဇူးပြုသကဲ့သို့၊ နောက်၍ဖြစ်သော ပဉ္စဝေါကာရ နာမက္ခန္ဒာ
တို့၏ ရှေး၌ ဖြစ်သော ရူပက္ခန္ဓာတို့အား မချုပ်မပျောက် တစ်ဆယ်ခုနှစ်ချက် စိတ္တက္ခဏတိုင်
ရောက်အောင် အသက်ရှည်စေခြင်းဖြင့် ကျေးဇူးပြုခြင်းလက္ခဏာရှိသော ပစ္ဆာဇာတပစ္စည်း။
ရှေးရှေးလိမ်းကျံအပ် ထုံအပ်သော အရက်၊ နံသာ၊ အစရှိသည်တို့၏ အနံသည်
နောက်နောက် ထုံအပ်သော အရက် နံသာ အစရှိသည်တို့အား အတိုင်းထက်အလွန်
အခိုး အနံ့ထွက်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ရှေးရှေး၌ဖြစ်သော ပထမဇော
အစရှိသည်တို့၏ နောက်နောက်ရှိသော ဒုတိယဇော အစရှိသည်တို့အား
အဆင့်ဆင့်တိုးပွားအားရှိစေသဖြင့်  အဖန်တလဲလဲ မှီဝဲထုံတတ်သော အဖြစ်ဖြင့်
ကျေးဇူးပြုခြင်းလက္ခဏာရှီသော အာသေဝနပစ္စည်း။
သရက်၊ မာလကာ၊ တမာ၊ ခွေးတောက်ပင် အစရှိသည်တို့၏ မျိုးစေ့သည် ထိုထို သရက်
မာလကာ တမာ ဖွေးတောက်ပင် အစရှိသည်၏ ပေါက်ရောက်ကြောင်းဖြစ်သကဲ့သို့ ကုသိုလ်၊
အကုသိုလ် အစရှိသောစေတနာတို့၏ အခုဘဝ သဟာဇာတဖြစ်သော ရုပ်နာမ်တရားတို့
အားလည်းကောင်း နောက်နောက်သော ခဏ နောက်နောက်သော ဘဝတို့၌ ရလတ္တံ့သော
ဝိပေါက်နာမက္ခန္ဓာ ကဋတ္တာရုပ်တို့အား လည်းကောင်း ဖြစ်ကြောင်းဖြစ်၍၊ ဝှာ ဖြစ်စေခြင်းငှာ
ပြုပြင်တတ်သည်ဖြစ်၍ ကျေးဇူးပြုခြင်း လက္ခဏာရှိသော ကမ္မပစ္စည်း။
ချမ်းအေးခြင်းသဘောကိုဖြစ်စေဘိ သကဲ့သို့ သာယာဖြေးညှင်း သိမ်မွေ့ခြင်းလက္ခဏာ၇ှိသော
အကျိုးဝိပေါက် နာမက္ခန္ဒာ တို့၏ သာယာဖြေးညှင်း သိမ်မွေ့ခြင်းသဘော၇ှိသော
သဟာဇာတ်ဝိပါက် ရုပ်နာမ်တရားတို့အား သိမ်မွေ့စွာဖြစ်စေခြင်း လက္ခဏာရှိသော ဝိပါကပစ္စည်း။
တိုင် အစရှိသည်သည် ထုပ်၊ လျောက်၊ ခြင်၊ ခံ၊ နံရံ၊ အမိုး စသည်တို့အား
ထောက်ပံ့တည်တံ့စေခြင်းအားဖြင့် ကျေးဇူးပြုသကဲ့သို့ ဖဿ၊ စေတနာ၊ ဝိညာဏ်၊
ကဗဠီကာရအာဟာရဟု ဆိုအပ်သော အာဟာရတရားလေးပါးတို့၏
သဟဇာတ်ရုပ်နာမ်တို့အား ထောက်ပံ့ဆောင်ရွက်သောအားဖြင့် ကျေးဇူးပြုခြင်း
လက္ခဏာရှိသော အာဟာရပစ္စည်း။
မြို့ပြကျေးရွာ သီးသန့်ပေး၍ မွေးကျွေးခန့်ထား မူးမတ်များတို့သည် အချင်းချင်းအစိုးရခြင်း
သတ္တိကို မဖြစ်မူ၍ မိမိပိုင်ရာ အာဏာအတွင်း လူခပင်းကို နှိမ်နင်းလွမ်းမိုး အစိုးရခြင်းဖြင့်
ကိုးစားအားပြုရာဖြစ်၍ ကျေးဇူးပြုသကဲ့သို့ နာမက္ခန္ဓာ လေးပါးတို့၏ သဟဇာတ်ဖြစ်သော
ရုပ်နာမ်တရားတို့အား တကွဖြစ်၍ အစိုးရခြင်း၊ စက္ခုအစရှိသော ဝတ္ထုခြောက်ပါးတို့၏
စက္ခုဝိညာဏ် အစရှိသော သတ္တဝိညာဏဓာတ်တို့အား ထိုက်လျောက်သည့်အားလျော်စွာ
ရှေ့၌တည်၍အစိုးရခြင်း ရုပ်ဇီဝိတိနြေ္ဒ၏ ကလာပ်တူ ကမ္မဇရုပ်တို့အား တစ်ကွဖြစ်၍
အစဉ်စောင့်ရှောက်သောအားဖြင့် အစိုးရခြင်း ဤသို့ဆိုအပ်ခဲ့ပြီးသော
အစိုးရခြင်းဖြင့်ကျေးဇူးပြုခြင်းလက္ခဏာရှိသော ဣန္ဒြိယပစ္စည်း။
ကြီးလှခွန်အား စွမ်းပကားနှင့် တောင်ဖျားတောင်ပေါ် တက်မျှော်နိုင်သူသည် အားပါးနွဲ့လျ
မစွမ်းကြ၍ အောက်ကနေသူလူအပေါင်းတို့အား အဝေးအနီး အကြီးအငယ်မဆို
ထိုထိုအရပ်၍တည်သော အလိုရှိအပ်သောဝတ္ထုတို့ကို ထင်း၇ှားရှု့စေ သိစေခြင်းငှာ
ပြောကြားခြင်းအားဖြင့်ကျေးဇူြး ပုသကဲ့သို့ ဝိတက် ဝိစာရ အစရှိသော ဈာနင်တရားငါးပါးတို့၏
သဟာ ဇာတ်ရုပ်နာမ်တို့အား ထိုထိုသောအာရုံ ဝတ္ထု အမှုကြီးငယ် တို့၌ ပျော်ပိုက်
ကျက်စားနိုင်စေခြင်းငှာကျေးဇူြး ပုခြင်းဟု ဆိုအပ်သော ဈာနပစ္စည်း။
သားရဲရှိရာ ဤမှာဖက်မှ သားရဲကင်းရာ ဟိုမှာဖက်သို့ ပို့ဆောင်တတ်သော ကုတို့သူကြီး
ပညာရှိသည် ကုတို့စီးသူလူအပေါင်းအား သားရဲဘေးဒဏ် ရမ္မက်ကင်းရာ
ဟိုမှာဖက်သို့ ရောက်စေကြောင်းဖြစ်သကဲ့သို့ ၊ ကုသိုလ် ဝိပါက် ကရိယာ မဂ္ဂင်တရားရှစ်ပါးတို့၏

သဟဇာတ်ရုပ်နာမ်တရား တို့အား မဲညစ်သော သာဝဇ္ဇအကုသိုလ်အဖြစ်မှ ဖြူစင်သော
အနဝဇ္ဇအဖို့သို့ ရောက်ကြောင်းအားဖြင့်ကျေးဇူးပြု ခြင်း၊ သားရဲကင်းရာ ဤမှာဖက်မှ သားရဲရှိရာ
ဟိုမှာဖက်သို့ ပို့ဆောင်တတ်သော ကုတို့သူကြီး သူစဉ်းလဲသည် ကုတို့စီးသူလူအပေါင်းအား
သားရဲရှိရာဤမှာဖက်သို့ ရောက်မှားစေကြောင်းဖြစ်သကဲ့သို့  မိစ္ဆာဒိဋ္ဌိ မိစ္ဆာသတိ
အစရှိသောအကုသိုလ် မဂ္ဂင်တရားလေးပါးတို့၏ သဟဇာတ်ရုပ်နာမ်တရားတို့အား
ဖြူစင်သော အနဝဇ္ဇမှ မည်းညစ်သောသာဝိဇ္ဇ အကုသိုလ်ဓမ္မ သို့ရောက်စေကြောင်း
ကျေးဇူးပြုခြင်းဟုဆိုအပ်သော မဂ္ဂပစ္စည်း။
နို့ရည် ထောပတ် ပျား သကာ ဟူသော စတုမဓူအရသာသည် အချင်းချင်း နှီးနှောသင့်လျော်
အစပ်တော်သကဲ့သို့ ဝေဒနာစသော နာမက္ခန္ဒာတို့၏ သမ္ပယုတ်ဖြစ်သော နာမက္ခန္ဒာတို့အား
ဧကုပ္ပာဒဧကနိရောဓစသော လက္ခဏာ အာရုံညွတ်ခြင်း နမနသဘော
နှီးနှောပေါင်းယှဉ်သောအားဖြင့် ကျေးဇူးပြုခြင်းဟုဆိုအပ်သော သမ္ပယုတ္တပစ္စည်း။
အစပ် အဖန် အငံ အခါး စသည်ပြားသော အရသာသည် အချင်းချင်းရောနှောပေါင်းထား
ဖြစ်လေငြားသော်လည်း တပါးသည် တစ်ပါးနှင့် နှီးနှောသင့်လျော် စပ်မတော်သကဲ့သို့
ရူပက္ခန္ဓာ၊ နာမက္ခန္ဓာ တရားတို့၏ အတူတကွ ကြောင်းအကျိုးဖြစ်သော်လည်းကောင်း
ရှေးနောက်မဝေး အကြောင်းအကျိုးဖြစ်ကြသော်လည်းေ ကာင်း ရုပ်၏သဘော
နာမ်၏သဘော မနှောမယှက် သက်သက်သော အကြောင်းအကျိုးဖြစ်၍
ကျေးဇူးပြုခြင်းဟုဆိုအပ်သော ဝိပ္ပယုတ္တပစ္စည်း။
မြေကြီး မြင်းမိုရ် အစရှိသည့် ခပ်သိမ်း စိမ်းရှင် မြက်သစ်ပင်အပေါင်းတို့အား မိမိထင်ရှား
ရှိသောအားဖြင့် ကျေးဇူးပြုသကဲ့သို့ ဆိုအပ်ခဲ့ပြီးသော နာမက္ခန္ဒာလေးပါး မဟာဘုတ်လေးပါး
အာရုံခြောက်ပါး ရုပ်ဝတ္ထုခြောက်ပါး ပဉ္စဝေါကာရနာမက္ခန္ဓာ၊ ဖဿ စေတနာ ဝိညာဏ
ကဗဠီကာရအာဟာရ ရုပ်ဇီဝိတိနြေ္ဒ အစရှိသော ပစ္စည်းတရားတို့၏ မိမိနှင့်ဆိုင်ရာ
ပစ္စယုပ္ပန်တရားတို့အား တကွနက်ဖြစ်၍ ထင်ရှားရှိခြင်း၊ ထောက်ပံ့စေနိုင်သောအားဖြင့်
တကွထင်ရှားရှိခြင်း အစိုးရဟောအားဖြင့် တကွထင်ရှားရှိခြင်း သတ္တိဖြင့်
ကျေးဇူးပြုခြင်းဟုဆိုအပ်သော အတ္ထိပစ္စည်း။
နေရောင်၏ ဝင်ပျောက်ခြင်းသည် လရောင်ထွန်းတောက်ခြင်းငှာကျေးဇူးပြုသကဲ့သို့
ရှေးရှေးသောစိတ်တို့၏ မိမိတို့ထင်ရှားမရှိ ချုပ်ပျောက်ခြင်းဖြင့် နောက်နောက်သောစိတ်တို့အား
ဖြစ်ခွင့်ပေး၍ ကျေးဇူးပြုခြင်းဟုဆိုအပ်သော နတ္ထိပစ္စည်း။
ညဥ့်၏ ကင်းကုန်ခြင်းသည် နေအာရုံတက်ခြင်းငှာကျေးဇူးပြု သကဲ့သို့ ရှေးရှေးသောစိတ်တို့၏
မိမိတို့ချုပ်ပျောက်ကင်းကုန်ြ ခင်းဖြင့် နောက်နောက်သောစိတ်တို့အား ဖြစ်ခွင့်ပေး၍
ကျေးဇူးပြုခြင်းဟု ဆိုအပ်သော ဝိဂတပစ္စည်း။
မဟာသမုဒ္ဒရာသည် တိမိရ တိပိင်္ဂလ မဟာတိမိရ စသော ငါးကြီးတို့အား မိမိနှင့်မကင်း
စကောင်းသောအားဖြင့်ကျေးဇူးပြု သကဲ့သို့ ဆိုအပ်ခဲ့ပြီးသော နာမက္ခန္ဓာ အစရှိသည်တို့၏
မိမိတို့ဆိုင်ရာ ပစ္စယုပ္ပန်တရားတို့အားထင်ရှားတည် ရှိခြင်း မကင်းခြင်း ဖြင့် ကျေးဇူးပြုခြင်းဟု
ဆိုအပ်သော အဝိဂတပစ္စည်း။
ပဌာန်း ဒေသနာတော် မှ သိမှတ်ဖွယ်ရာများ
ပဋ္ဌာန်းကို ပြောမယ်ဆိုရင် အဘိဓမ္မာ (၇)ကျမ်းလုံးကိုလဲ နည်းနည်းစိစစ်ရမယ် ၊ သတ္တ သတ္တာယ (၇) ခုကိုလဲ နည်းနည်းတော့ ရေးဥိးမှ ကောင်းမယ် ။
ပဋ္ဌာန်းကို စပြီးဆင်ခြင်တဲ့ သမိုင်းလေးရယ် ၊ ဆက်နွယ်နေတဲ့ ဖြစ်စဉ်လေးတွေရယ် ပါ သိရတော့ ပိုကောင်းပါမယ်။ မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့၌ သဗ္ဗညု မြတ်စွာဘုရား အဖြစ် ရောက်ရှိခဲ့ပြီးနောက် -
(က) ပလ္လင်္ကသတ္တာဟ ။ ။ ဘုရားဖြစ်တဲ့ နေရာ (ပလ္လင်)ထက်မှာပဲ ကဆုန်လပြည့်ကျော် ( ၁ ) ရက်နေ့မှ (၇) ရက်နေ့အထိ မလှုပ်မရှား ဆက်ပြီး သီတင်းသုံးတော်မူပါတယ် ။ ပထမနေ့ ၊ နေ့အခါမှာ ဖလသမာပတ် ၀င်စားပြီး နေပါတယ် ။ညအခါမှာ ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို အနုလုံ ၊ ပဋိလုံ သုံးသပ်ဆင်ခြင်တော်မူပါတယ်။ ” ယဒါဟဝေ …” စသော ဥဒါန်း(၃) ဂါထာကို အသံမထွက်ဘဲ စိတ်ထဲမှ ကျူးရင့်တော်မူပါတယ်။ (သတ္တာဟ-၇-ရက် )
(ခ) အနိမိသ သတ္တာဟ။ ။ ဗောဓိပင်ရဲ.အနီး အရှေ.မြောက် ယွန်းယွန်း ၁၄-လံအကွာ နေရာမှာ ကဆုန်လပြည့်ကျော် (၈) ရက်နေ့မှ (၁၄) ရက်နေ့အထိ ၇-ရက် ထပ်မံသီတင်းသုံးတော်မူပါတယ် ။ ” ငါသည် ပါရမီများဖြည့်ခဲ့သောကြောင့် ဤပလ္လင်ထက်မှာ မာရ် (၅)ပါးကိုအောင်မြင်ပြီး ဘုရားဖြစ်ခဲ့ပြီ တကား ” ဟုဆင်ခြင်ကာ ဖြောင့်ဖြောင့်မတ်မတ် ရပ်နေတော်မူကာ အပရာဇိတ ပလ္လင်ကို မမှိတ်သော မျက်စိဖြင့် (၇)ရက်လုံးကြည့်ရှုဝမ်း မြောက်နေတော်မူသည် ။[ အ = မ ၊ နိမိသ = မျက်စိမှိတ်သည် , အနိမိသ = မျက်စိမမှိတ်ဘဲ ]
(ဂ) (ရတနာ) စင်္ကမ သတ္တာဟ။ ။ နောက်တခါ ကဆုန်လကွယ်နေ့မှ နယုန်လဆန်း (၆) ရက်နေ့အထိ ၇-ရက် တွင် ဗောဓိပင်ပလ္လင် နဲ့ အနိမိသဌာန အကြား ၊ ဗောဓိပင်၏ မြောက်ဘက်၌ စင်္ကြံကြွကာ ထပ်မံသီတင်းသုံးတော်မူပါတယ် ။ ဒီနေရာမှာ နတ်တွေက “….ရှင်ဂေါတမသည် ဗောဓိပလ္လင်၌ တပ်မက်နေသေးသည် ၊ ဘုရားစင်စစ်မဖြစ်သေး ” ..ယုံမှားသံသယဖြစ်ကြသည်။ ထိုယုံမှားပျောက်စေရန် ရေအစုံ ၊ မီးအစုံ ယမကပြာဋိဟာ ပြတော်မူပါတယ်။ စင်္ကြံကြွရင်း တရားဆင်ခြင်၊ဖလသမပတ် ၀င်စားသောကြောင့် ” စင်္ကမ သတ္တာဟ “ခေါ်သည်။
(ဃ) ရတနာဃရ သတ္တာဟ။ ။ ဗောဓိပင်၏ အနောက်မြောက် ၁၀-လံ အကွာတွင် နတ်များဖန်ဆင်းပူဇော်သော ရတနာရွှေအိမ်ထက်၌ နယုန်လဆန်း (၆) ရက်နေ့မှ (၁၃)ရက်အထိ အဘိဓမ္မာတရားတော် ကို ဆင်ခြင်နေတော်မူပါတယ်။အဘိဓမ္မာ ရှေးဦး (၆)ကျမ်းကိုဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပါ ။နောက်ဆုံး ပဌာန်းဒေသနာတော်ကြီးကို ဆင်ခြင်သုံးသပ်တော်မူသောအခါမှသာ ရောင်ခြည်တော် (၆)သွယ် ကွန့်မြူးကာ နတ်၊ဗြဟ္မာတို့သည်လည်း ခြေတော်ရင်းမှာ ဦးခိုက်ကြကုန်၏ ။
(၁) နီလ = ညိုမှောင်သောအရောင် ( ဆံပင် ၊မွေးညှင်း မျက်လုံး မှ ထွက်သည်)
(၂)ပီတ =ရွှေရောင် (အသားနဲ့ မျက်လုံး မှ ထွက်သည်)
(၃)လောဟိတ = အနီရောင် ( အသွေးအသားထဲမှ နှင့် မျက်လုံး မှ ထွက်သည်)
(၄)သြဒါတ = အဖြူရောင် ( အရိုးတော်များ ၊ သွားတော် စွယ်တော်များ နှင့် မျက်လုံး မှ ထွက်သည်)
(၅)မဉ္ဇိဋ္ဌ = ညိုမောင်းသော အရောင် ( ခန္ဓာ အစိတ်အပိုင်း ကြီးငယ်မှ ထွက်သည်)
(၆)ပဘဿရ =ပြိုးပြိုးပျက်ပျက် အရောင် ( ခန္ဓာ အစိတ်အပိုင်း ကြီးငယ်မှ ထွက်သည်)
တဆက်တည်း မှာ သတိရလာတာလေး ပြောဥိးမယ်။ ဒီ ရောင်ခြည်တော် (၆)ပါးကိုပဲ ၁၉၅၀ ၊မေလ မှာကျင်းပတဲ့ ကိုလံဘို ကမ္ဘာ့ဗုဒ္ဓညီလာခံမှာ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာ့ အလံ အဖြစ် တီထွင် သတ်မှတ်ခဲ့ပါတယ်။
ဒါပေမယ့် အလံတော်မှာ အရောင် (၅) မျိုးပဲပါပါတယ်။
ပဘဿရ ဆိုတဲ့ ပြိုးပြိုးပျက်ပျက် အရောင် သည် ကျန် အရောင် ၅ မျိုးမှာ အကျုံးဝင်ပြီး ဖြစ်ပါတယ်။
နီလ ဆိုတဲ့ ညိုမှောင်သော အရောင်ဆိုတာ အနီးစပ်ဆုံး အပြာရောင် အဖြစ် အတည်ပြုလိုက်ပါတယ်။ အရောင်နဲ့ ဆိုင်တဲ့ ဘာသာပြန်ကွဲလွဲမှုတွေကို မြန်မာနဲ့ သီဟိုဠ် ဆရာတော်တွေ ပြန်ညှိရပါတယ်။
မဉ္ဇိဋ္ဌ ဆိုတဲ့ ညိုမောင်းသော အရောင် ၊ မရမ်းစေ့ရောင် ကို လိမ္မော်ရောင်လို့ အတည်ပြုလိုက်ပါတယ်။
ဒါကြောင့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာ့ အလံမှာ (၅)ရောင် ရှိနေပါတယ်။
နီလ = Universal Compassion ၊ Loving kindness, peace and universal compassion .. မဟာကရုဏာတော်
ပီတ = The Middle Path ၊ avoiding extremes, emptiness မဇ္စိုမ ပဋိပဒါ လမ်းစဉ်
လောဟိတ = The blessings of practice - achievement, wisdom, virtue, fortune and dignity မင်္ဂလာတရား
သြဒါတ = The purity of Dharma - leading to liberation, outside of time or space ၀ိသုဒ္ဓိ ၊ ၀ိမုတ္တိ တရား
မဉ္ဇိဋ္ဌ = The Buddha’s teachings - wisdom ပညာ
ပဘဿရ = အပေါ် (၅)မျိုးပေါင်းထားခြင်း ..တို့ ဖြစ်တယ် ဆိုပါတော့ ။

(င) အဇပါလသတ္တာဟ ( ဆိတ်ကျောင်း ညောင်ပင်)
။ ။ ဗောဓိပင် ရဲ. အရှေ. (၃၂)လံ အကွာမှာ ဖြစ်ပါတယ် ။ နယုန်လဆန်း
(၁၄)ရက်နေ့မှနယုန်လပြည့်ကျော် (၅)ရက်အထိ (၇)ရက်ဖြစ်ပါတယ်။ မာရ်နတ်ရဲ. သမီး
(၃) ယောက် ( တဏှာ ၊အရတီ ၊ရာဂါ ) က ဘုရားရှင်ကို မိန်းမမာယာဖြင့်
ဖြားယောင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ ( မိန်းကလေးတွေ ဘုရားရှင်ကိုတောင်
မာယာနဲ့ လှည့်စားချင်သေးတာ ပုထုဇဉ် ပုရိသ တွေကတော့ ဘာပြောကောင်းမလဲ ၊
ဘာမှကိုပြောလို့ မကောင်းပါဘူး ။ ) ဒီ ဆိတ်ကျောင်း ညောင်ပင် မှာပဲ ဟုန်ဟုန်က
ပုဏ္ဏားက အဘယ်သူကို ဗြဟ္မာဏ မည်ပါသလဲ လို့ မေးလျှောက်ပါတယ်။ ဘုရားရှင်
ဒီနေရာမှာပဲ သတ္တ၀ါတွေကို တရားဟောဖို့ စပြီး စီစဉ်ဆုံးဖြတ်တော်မူပါတယ် ။
(စ) မုစလိန္ဒ သတ္တာဟ ( မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန) ။
ဗောဓိပင် ရဲ. အရှေ.တောင် (၁၅)လံ အကွာ မှာ နယုန်လပြည့်ကျော် (၆)ရက်နေ့မှ
နယုန်လပြည့်ကျော် (၁၂)ရက်ထိ ဖြစ်ပါတယ် ။ဒီမှာ ပြောင်းရွေ.သီတင်းသုံးစဉ်မှာ
အခါမဲ့ မိုးရွာခဲ့ပါတယ်။ ဒီအခါမှာ မုစလိန္ဒာအိုင် နဂါးမင်းဟာ တန်ခိုးနဲ့
လိုတာကို ဖန်ဆင်းနိုင်ပေမယ့်် သူရဲ. ပကတိ ကိုယ်တော်နဲ့သာ ပါးပြင်းမိုးပြီး
ရာသီဥတုဒဏ်ကနေ ကာကွယ်ပူဇော်ခဲ့ပါတယ်။နဂါးမင်းအား သတ္တ၀ါတွေကို မငြင်းဆဲဖို့
ဒေါသကို ထိန်းဖို့ ၊ ငါ ဟူသော မာန်မာန ကို ခွာဖို. ဆုံးမတော်မူပါတယ်။
(ဆ) ရာဇာယတန သတ္တာဟ (လင်းလွန်းပင် )။ ။ဗောဓိပင် ရဲ.တောင်ဘက် (၄၀)လံ အကွာ..[ (၁၁)လံ ဟု စာမှာရှိပေမဲ့ ဗုဒ္ဓဂါယာမှာ လက်တွေ့အားဖြင့် (၄၀) လံ ရှိတယ်လို့ ဆိုပါတယ် ] နယုန်လပြည့်ကျော် (၁၃)ရက်မှ ၀ါဆိုလဆန်း ( ၄)ရက်နေ့ အထိ (၇) ရက် ပတ်လုံး သမာပတ် ၀င်စား ပါတယ် ။ (၇) ရက်ပြည့်တဲ့ မနက်မှာ သိကြားမင်းက တဇုသီး ၊ တံပူတွေ ဆပ်ကပ်ပါတယ်။ ကိုယ်လက်သန့်စင် အပေါ့ ၊ အလေးသွားပြီး (၄၉)ရက်တာ ပင်ပန်းခဲ့ရသမျှကို သည်းခံတော်မူပါတယ်။
အဲဒီ့နေ့ ဘုရားရှင် အစာအာဟာရမှီဝဲရန် လိုအပ် နေချိန်မှာ မြန်မာနိုင်ငံ ၊ ရာမညတိုင်း ၊ ဥက္ကလာ ဇနပုဒ် ၊ပေါက္ကရ၀တ္တီ ဇနပုဒ် တို့မှ ကုန်သည်ညီနောင် တဖုဿ၊ဘလ္လိက မှ မုန့်ကျစ်ဆုပ် ဆပ်ကပ်ပါတယ်။ (ပြောရရင် များတယ် ။ စိတ်ဝင်စားစရာဖြစ်လို့ သီတဂူဆရာတော် ရဲ့ တဖုဿ၊ဘလ္လိကညီနောင်တရား နာပါလေ ။ ) ဒီကုန်သည်ညီနောင် ကပ်တဲ့ ဆွမ်းကို လက်ခံဖို့ စတုမဟာရာဇ် နတ်မင်းကြီး (၄)ပါးမှ သပိတ် (၄)လုံး တပြိုင်တည်းကပ်လှူကြရာ ဘုရားရှင်က အဓိဌာန်နဲ့ (၁)လုံးတည်းဖြစ်စေပြီး အလှူခံပါတယ်။ ( ဒီသပိတ်တော်ကို အခုခေတ်မှာပါ ဖူးရရင် သိပ်ကောင်းမှာပဲနော် ) ။ ကုန်သည်ညီနောင် ကို သံဃာမရှိသေးတဲ့ အတွက် ဒွေဝါစိက သရဏဂုံ (၂)ပါး ပဲ ပေးပါတယ်။ဆံတော် (၈)ဆူ စွန်.တော်မူပါတယ် ။ ဒီဆံတော်တွေကို ရွှေတိဂုံစေတီမှာ ဌာပနာပြုပါတယ်။

အဘိဓမ္မာ ၇-ကျမ်း။
အဘိဓမ္မာ နှင့် အဘိဓမ္မတ္ထမည်ပုံ ။
အဘိဓမ္မာ ၇-ကျမ်းလုံးသည် အဘိဓမ္မာ မည်၏။ စိတ်,စေတသိက်, ရုပ်, နိဗ္ဗာန် ၄-ပါးသည် အဘိဓမ္မတ္ထ မည်၏။ အဘိဓမ္မာသမိုင်း နှင့် အဘိဓမ္မာ ၇-ကျမ်း
အဘိဓမ္မာ ၇-ကျမ်းကို သုံးသပ်ဆင်ခြင်ခြင်း
(အပေါ်မှာဖော်ပြပြီးသားပါပဲ)
မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့၌ သဗ္ဗညု မြတ်စွာဘုရား အဖြစ် ရောက်ရှိခဲ့ပြီးနောက် သတ္တဌာန စံတော်မူရာ နယုန်လဆန်း ၇-ရက်နေ့မှ ၁၃ ရက်နေ့ထိတွင် ဗောဓိပင်နှင့် ရွှေပလ္လင်၏ အနောက်မြောက်အရပ်၌ နတ်တို့ဖန်ဆင်း လှူဒါန်းအပ်သော ရတနာရွှေအိမ် (ရတနာဃရ) တွင် သီတင်းသုံးတော်မူပြီး အဘိဓမ္မာ ၇-ကျမ်းကို သုံးသပ် ဆင်ခြင်တော်မူသည်။
အဘိဓမ္မာ ၇-ကျမ်းကို ဟောကြားတော်မူခြင်း
မြတ်စွာဘုရားသည် ပထမ၀ါကို မိဂဒါဝုန်မှာ ၀ါကပ်တော်မူပြီး ဒုတိယ၀ါ၊ တတိယ၀ါ၊ စတုတ္ထ၀ါတို့ကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊ ပဉ္စမ၀ါကို ဝေသာလီပြည်၊ ဆဋ္ဌ၀ါကို မကုဠတောင် စသည့် နေရာဌာနများ၌ ၀ါကပ်တော်မူသည်။ သတ္တမ၀ါကို တာဝတိံသာနတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿိတ နတ်သားကို အမှူးထား၍ အဘိဓမ္မာဒေသနာတော်ကို ၀ါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူသည်။
အကျယ်နည်း
မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ မိဘကျေးဇူးကို သတ္တ၀ါတို့နားလည်စေလိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး တထိုင်တည်းဟောမှ နာကြားရသော တရားနာတို့ အကျိုးထူး ရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက် လူတို့ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်း တို့ကြောင့် အဘိဓမ္မာအကျယ်နည်း ( ၀ိတ္ထာရနယ ) ကို တာဝတိံသာနတ်ပြည်၌ ဟောရခြင်းဖြစ်သည်။
အကျဉ်းနည်း
မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း စသည် ပြုလုပ်ရန် နိမ္မိတရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး လူ့ပြည်သို့ ကြွတော်မူရာတွင် ဟိမ၀န္တာစန္ဒကူးတော၌ နေ့သန့်စင် (အနားယူ)တော်မူသည်။ ထို စန္ဒကူးတောတွင် အရှင်သာရိပုတ္တရာ မထေရ်သည် မြတ်စွာဘုရားအား ၀တ်ကြီးဝတ်ငယ် ပြုစုခစားခိုက် မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အကျဉ်းချုပ်နည်း ( သင်္ခေပနယ ) ကို ဟောတော်မူသည်။
မကျဉ်းမကျယ်နည်း
ရှင်သာရိပုတ္တရာက မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ် နည်း ( နာတိဝတ္ထာရ-နာတိသင်္ခေပနယ )ဖြင့် ပြန်လည် ပို့ချတော်မူသည်။
နောက်တနေ့တွင် ထိုပို့ချချက်အား မြတ်စွာဘုရားထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံရာ မြတ်စွာဘုရားက နားထောင်၍ လက်ခံအတည်ပြု တော်မူခဲ့သည်။
ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ၀ါဆိုလပြည့်ကျော် ၁-ရက်မှ သီတင်းကျွတ်လပြည့်နေ့ထိ ၃-လအတွင်း နည်း ၃-နည်းဖြင့် လူ့ပြည်-နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့လေသည်။
( ဒီနေရာမှာ ဒီအဘိဓမ္မာတရားကို ညီတော်အာနန္ဒာကိုလည်း မြတ်စွာဘုရားပြန်ဟောသွားမယ်ဆိုတာ သေချာပါတယ်။ အာနန္ဒာရဲ့ ပန်ဆုရှိနေပြီးသား ၊ ဘုရားကလဲ ကတိပေးပြီးသား ဖြစ်နေတာကိုး။ )

အကျဉ်းချုပ် အလျက်အားဖြင့်တော့ -
၁။ ဓမ္မသင်္ဂဏီကျမ်း
ဓမ္မ-တရား၊ သင်္ဂဏီ-ရေတွက်ခြင်း၊
ပရမတ္ထတရားများကို ရေတွက်ပေါင်းရုံးပြသော ကျမ်းဖြစ်သည်။
ထိုသို့ ပေါင်းရုံးပြရာတွင် ဦးစွာ ခေါင်းစဉ် မာတိကာများကို ဟောကြားပြီးမှ ထိုမာတိကာများအလိုက် အဓိပ္ပါယ် အကျယ်ကို ဆက်လက် ဟောကြားတော်မူသည်။ ၂။ ၀ိဘင်္ဂ (၀ိဘင်းကျမ်း)၀ိဘင်္ဂ-အကျယ်ဝေဖန်ဟောခြင်း။
ဓမ္မသင်္ဂဏီတွင် စုပေါင်းရေတွက်ခဲ့သည့် ပရမတ္ထတရားများကို ၁၈-ပိုင်းခွဲပြီး နည်း ၃-နည်းဖြင့် အကျယ်ဝေဖန် ဟောကြားသည့် ကျမ်းဖြစ်သည်။ နည်း ၃-နည်း မှာ ..
- တရားနာပုဂ္ဂိုလ်တိုင်း အလွယ်တကူ နားလည်နိုင်သော သုတ္တန်ဝေဖန်နည်း (သုတ္တန္တဘာဇနီယနယ)
- အထက်တန်း တရားနာပုဂ္ဂိုလ်များသာ နားလည်နိုင်သော အဘိဓမ္မာဝေဖန်နည်း (အဘိဓမ္မာဘာဇနီယနယ)
- တရားနာရာတွင် အလွန်ထိရောက်သော အမေးအဖြေနည်း (ပဥှာပုစ္ဆကနယ) …
တို့ဖြစ်သည်။
၃။ ဓာတုကထာကျမ်း
ခန္ဓာ အာယတန ဓာတ် တို့ဖြင့် ဝေဖန်ဟောကြားသောကျမ်းဖြစ်သည်။
ရုပ် နာမ် ၂-ပါးကိုပင် ခန္ဓာ ဟူ၍လည်းကောင်း၊ အာယတန ဟူ၍လည်းကောင်း၊ ဓာတ် ဟူ၍ လည်းကောင်း ခေါ်သည်။ ထိုတွင် ဓာတ်သည် ခန္ဓာ, အာယတန တို့ထက် အရေအတွက်အားဖြင့် များသောကြောင့် ဓာတ်ကို ခေါင်းတည်ပြီး ‘ဓာတုကထာ’ ဟု ခေါ်ရခြင်းဖြစ်သည်။
ဓမ္မသင်္ဂဏီ၊ ၀ိဘင်းတို့၌ ဟောကြားခဲ့သော ပရမတ္ထတရားများကို ခန္ဓာနည်း၊ ဓာတ်နည်း၊ အာယတနနည်းတို့ဖြင့် ဝေဖန် ဟောကြားထားသည်။
၎။ ပုဂ္ဂလပညတ္တိ (ပုဂ္ဂလပညတ်ကျမ်း)အထက်ပါ ၃-ကျမ်းကို ဟောကြားစဉ်တွင် နတ်ဗြဟ္မာတို့၏ စိတ်၌ ‘လောကတွင် ပရမတ္ထဓမ္မများသာ အရေးပါပြီး ပညတ်တရားတွေက အရေးမပါဘူးလား’ ‘ပရမတ္ထတရားတွေသာ ရှိပြီး ပညတ်တရားတွေဆိုတော မရှိတော့ဘူးလား’ စသဖြင့် သံသယ၀င်လာကြသည်။ ထိုသံသယများကို ဖြေဖျောက်တော်မူရန် ပုဂ္ဂိုလ် ပညတ်များကို ဟောကြားသည့် ပုဂ္ဂလပညတ်ကျမ်းကို ဟောတော်မူသည်။
၅။ ကထာဝတ္ထုကျမ်း
ကထာ-အယူအဆ ၀ါဒရေးရာနှင့် ပတ်သက်သောစကား၊ ၀တ္ထု-ထိုစကား (တရား) များတည်ရာ။
အယူအဆ ၀ါဒရေးရာနှင့် ပတ်သက်ပြီး ဟောပြသောကျမ်း ဖြစ်သည်။
ဟောကြားပြီးဖြစ်သော အထက်ပါ ၄-ကျမ်းနှင့် ဟောလတ္တံ့ ဖြစ်သော ယမိုက်ကျမ်း၊ ပဋ္ဌာန်းကျမ်း တို့နှင့် ပတ်သက်၍ ၀ိဝါဒဖြစ်လာလျှင် အမှန်အမှား ခွဲခြားနိုင်ရန် မှတ်ကျောက်သဖွယ် ဖြစ်သော ကထာဝတ္ထုကျမ်းကို ဟောကြားတော်မူသည်။
၆။ ယမက (ယမိုက်ကျမ်း)ယမက-အစုံ (တစုံ)။
- အနုလောမ (အနုလုံ) - ပဋိလောမ (ပဋိလုံ) အားဖြင့်တစုံ၊
- ပုစ္ဆာ (အမေး) - ၀ိသဇ္ဖနာ (အဖြေ) အားဖြင့်တစုံ၊
- သန္နိဋ္ဌာန် (ဆုံးဖြတ်ခြင်း) - သံသယ (ယုံမှားခြင်း) အားဖြင့် တစုံ၊
စသဖြင့် ပရမတ္ထတရားများကို အစုံလိုက် အစုံလိုက် ဟောကြားတော်မူသော ကျမ်းဖြစ်သည်။
၇။ ပဋ္ဌာန (ပဋ္ဌာန်းကျမ်း)ပ-အမျိုးမျိုး၊ ဌာန-အကြောင်းတရား။
အကြောင်းတရား အမျိုးမျိုး (ကြောင်းကျိုးဆက် အမျိုးမျိုး) တို့ကို ဟောတော်မူသောကျမ်း ဖြစ်သည်။
ဓမ္မသင်္ဂဏီ စသော အထက်ပါ ၆-ကျမ်းကို ၂၄-ပစ္စည်းဖြင့် စက်လှည့်ပြီး ဉာဏ်တော်ကျက်စား ဟောကြားထားသည်။ ပဋ္ဌာန်းကျမ်းကြီးကို ဟောကြားတော်မူရာ၌ ဥဒ္ဒေသ (အကျဉ်း)၊ နိဒ္ဒေသ (အကျယ်)၊ ပဋိနိဒ္ဒေသ (ထပ်ဆင့်အကျယ်) တို့ဖြင့် အဆင့်ဆင့် ဟောကြားတော်မူသည်။
***
(ကိုးကား ။ ။ သာကီနွယ်၏ အဘိဓမ္မာကျင့်စဉ်မှ)

———————
လက်ရှိ ပိဋကတ် (၃)ပုံ မြန်မာပြန်မှာက ဓာတုကထာကျမ်း၊ ယမိုက်ကျမ်း နဲ့
ပဋ္ဌာန်းကျမ်း မပါသေးဘူး ။ ဒါကြောင့် အကိုတို့ လေ့လာဖို့ ခက်နေသေးတယ်။
ဒီအပြင် အဋ္ဌကထာနဲ့ ဋီကာ မပါဘဲနဲ့ လဲ လေ့လာလို့ မရဘူး။ မြန်မာပြန်ကို
ဖတ်ကြည့်ပေါ့ ။ လက်ရှိမှာတော့ ဆရာတော် အရှင်ဇနကာဘိဝံသ နဲ့ အရှင်ဆေကိန္ဒ (၂)
ပါး တော့ ပဋ္ဌာန်းကို ရှင်းလင်းဟောကြားထားတာရှိတယ် ။
သင်တန်းအနေနဲ့ တက်မှပဲ ပိုသိမယ် ။ သင်တန်းကတော့ မမေဒါဝီ ၊
ဓမ္မဗျူဟာ ဒေါ်ခင်လှတင် ၊ဒေါက်တာမင်းတင်မွန် တို့ရဲ့ သင်တန်း တွေကို
အင်တာနက်ပေါ်မှာ လေ့လာလို့ ရတယ်။ အကိုကြုံ ရတဲ့ အခက်အခဲတစ်ခုကတော့ သူတို့
ဝေပေးတဲ့ လက်ကမ်းစာစောင်ကို ကိုယ်က မရတော့ ဘယ်စာမျက်နှာမှာ ဘာကို
ရှင်းနေတယ်ဆိုတာ ကို မသိပဲ ဖြစ်နေရတာပဲ ။
အဘိဓမ္မာ သင်တန်းမှာ မှတ်သားမိတာကတော့ ၀ါတွင်း ( ၃ ) လ မှာ -
၁။ ဓမ္မသင်္ဂဏီကျမ်း ကို ( ၁၂ ) ရက်
၂။ ၀ိဘင်္ဂ (၀ိဘင်းကျမ်း)ကို ( ၁၂ ) ရက်
၃။ ဓာတုကထာကျမ်းကို ( ၆ ) ရက်
၎။ ပုဂ္ဂလပညတ္တိ (ပုဂ္ဂလပညတ်ကျမ်း)ကို ( ၇ ) ရက်
၅။ ကထာဝတ္ထုကျမ်းကို ( ၈ ) ရက်
၆။ ယမက (ယမိုက်ကျမ်း)ကို ( ၂၀ ) ရက်
၇။ ပဋ္ဌာန (ပဋ္ဌာန်းကျမ်း)ကို ( ၂၅ ) ရက် ဟောတော်မူခဲ့သည်။ ရက်အများဆုံးဟော ရတယ်ဆိုတာ သတိထားပါ။
နတ်ပြည်မှာ ဘုရားရှင် ရဲ့ နှုတ်ထွက်စကားပြောနှုန်း မြှင့်ပြီးဟောလို့ရတာ ဟာလဲ အကြောင်းတစ်ခုလို့ ဆိုပါတယ်။ သာမာန်လူ စကား (၁)ခွန်းပြောရင် အရှင်အာနန္ဒာက (၈) ခွန်း ၊ ဘုရားရှင်က (၁၂၈) ခွန်းပြောနိုင်တယ် လို့ ဆိုပါတယ်။ ဒါပေမယ့် ပါရမီဖြည့်စဉ် ကာလတလျောက်လုံး မုသားဝါဒ( ၀စီဒုစရိုက် -၄-ခုလုံးပေါ့ ) ကို လုံးဝ မပြောခဲ့တဲ့ သီလကောင်းမှုကြောင့် ဘုရားရှင်မှာ သွားတော် (၄၀) ရှိတဲ့ အပြင် အသံရဲ့ ကြည်လင်ပီပြင်ခြင်း ၊ လိုအပ်သူကို သာ ကြားစေခြင်း စသော ကောင်းကျိုးတွေပါ ရစေပါတယ်။
အကို တွက်ကြည့်တာကတော့ လူ့ပြည် (၁၀၀) နှစ် = တာဝတိသာ(၁) ရက်… (ယမိုက်ကျမ်း-အရ)လူ့ပြည် (၁) နှစ် = လူ့ပြည် (၁၂) လ = တာဝတိသာ ( ၀.၂၄ ) နာရီ
လူ့ပြည် (၃) လ = တာဝတိသာ ( ၀.၀၆ ) နာရီ = တာဝတိသာ (၃.၆) မိနစ်
နတ်တွေအတွက်တော့ (၃.၆) မိနစ် ပဲကြာပါတယ် ။ သူတို့ရဲ့ အချိန်အတိုင်းအတာတွေ အကိုတို့နဲ့ ရေတွက်ပုံ တူရင်ပေါ့ လေ။ (၆၀) မိနစ် = (၁)နာရီတွေ ဘာတွေ၊ မရှိရင်တော့ ဒီလိုတွက်လို့ မရနိုင်ဘူးပေါ့ ။
ဒါတွေက ပဋ္ဌာန်းနဲ့ ဆက်နွယ်နေတဲ့ ဖြစ်စဉ်တွေပေါ့ ။ မဆိုင်တာတွေပါ ပါနေပေမယ့် ဗဟုသုတရစရာတွေ မို့လို့ အကုန် ရေးပေးလိုက်တာပါ ။ ပဋ္ဌာန်းကို နောက်နေ့ပြောကြတာပေါ့။

———
ပဋ္ဌာန်း ဒေသနာတော် မှ သိမှတ်ဖွယ်ရာများ ။ ။
ပဋ္ဌာန်း = ပ + ဌာန
ပ = အမျိုးမျိုးအစားစား များပြားသော
ဌာန = အကြောင်း (ဒီနေရာမှာ စာလုံးပေါင်းမူကွဲနေတာ သတိထားမိပါတယ်။ ဋ္ဌ နဲ့ ဌ ဖြစ်ပါတယ်။ စာအုပ်တော်တော်များများမှာ ပဋ္ဌာန်း ကို ဋ္ဌ နဲ့ ဖော်ပြပြီးတော့ ဌာန လို့ ပြန်ခွဲတာကိုတော့ ဌ နဲ့ပဲ ဖော်ပြထားတာ တွေ့ရပါတယ်။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းမှာ ကြည့်တော့ ဋ္ဌ = ဋ + ဌ လို့ တွေ့ရပါတယ်။ ပ+ဌာန ကို သီဟိုဠ် ပါဠိ ပြင်လိုက်တော့ ပဋ္ဌာန်း လို့သာ မြန်မာ အက္ခရာနဲ့ ရေးရမယ်ဆိုပါတယ်။ ပဌာန်း လို့ မရေးကြရပါဘူး။ အရေးမကြီးလှပေမယ့် အဓိပ္ပါယ်ဖွင့်ဆိုမှု လွဲသွားမှာစိုးလို့ သတိထားမိပါတယ်။ ) ။
နောက် အမည်တစ်မျိုးကတော့ -
အနန္တနယ သမန္တ ပဋ္ဌာန်းကျမ်း = အနန္တနယ + သမန္တ
အနန္တနယ = အဆုံးမရှိသောကျမ်း
သမန္တ = ထက်ဝန်းကျင်အဆုံးမရှိသော နည်းလမ်းတို့ဖြင့် တန်ဆာဆင်ထားသော ထက်ဝန်းကျင် ပြည့်စုံသောကျမ်း လို့ခေါ်ကြပါတယ်။
ဒီတော့ ပဋ္ဌာန်း ဆိုတာ အမျိုးမျိုးအစားစား များပြားသော အကြောင်း တရားများကို လေ့လာဟောကြားတဲ့ တရားတော်ဖြစ်ပါတယ်။
လောကကြီးမှာ ပညတ်သဘောအရ သတ္တလောက ၊ သြကာသ လောက ၊ သင်္ခါရ လောက ရယ်လို့ (၃)မျိုးရှိပါမယ်။ ဒီလောကတွေကို ပရမတ်အားဖြင့် ခွဲစိတ်ရင်တော့ ရုပ် နဲ့ နာမ် ( ၂ ) ပါးပဲ ရှိပါမယ်။ ဒီအထဲမှာမှ အကြမ်းအားဖြင့် နာမ် ကို ထပ်ခွဲတော့ စိတ် နဲ့စေတသိတ် (၂)မျိုး ထပ် ရှိမယ်။ ဒီတော့ သက်ရှိမှန်သမျှမှာ ရုပ်နဲ့ နာမ် ( တနည်း ) ရုပ် ၊ စိတ် ၊ စေတသိတ် တို့ ရှိနေပြီး ၊ သက်မဲ့မှာတော့ ရုပ်သာလျှင် ရှိပါမယ်။ လောကကြီးမှာ ရှိတဲ့ နိယာမတရား(၅)ပါးနဲ့ ထိတွေ့တဲ့ အခါ အချို့သော သက်မဲ့များဟာ သက်ရှိအလား ထင်မှတ်မှားရပါတယ်။ မွေးဖွားတယ် ၊ ကြီးရင့်တယ် ၊ အိုဟောင်းလာတယ် ၊ မျိုးပွားတယ် ၊ သေကြေပျက်စီးတယ် သဘောတွေ တူနေကြလို့ သက်မဲ့ ကို သက်ရှိ အဖြစ် အယူမှားတာတွေ ရှိခဲ့ ၊ ရှိနေကြတယ်။ အထင်ရှားဆုံးကတော့ သစ်ပင်တွေပေါ့ ။ နောက်တစ်ချက် ဒီ လောက (၃)ပါးမှာ အ၀ိဇ္ဖာနဲ့ တဏှာ ကို အရင်းခံပြီး ဥပါဒါန် ၊ ကံ (သင်္ခါရ) နဲ့ အာဟာရ တွေ ထောက်ပံ့ တည်ပေးနေသမျှကတော့ သတ္တလောက က သတ္တ၀ါတွေဟာ သြကာသလောကထဲက ဘုံ အမျိုးမျိုးမှာ ကျင်လည်နေကြရမှာပါပဲ ။ ဒီလို ဒုက္ခတွေ မွေးလိုက်၊သေလိုက်နဲ့ လည်နေတာကို သံသရာလို့ ခေါ်တာပါပဲ ။ ဒီလို လူဖြစ်လိုက် ၊ နတ်ဖြစ်လိုက် ၊ တိရ စ္ဆာန် ဖြစ်လိုက် ၊ အပယ်ရောက်လိုက်၊ ငရဲကျလိုက်ဖြစ်နေတာတွေဟာ ကိုယ် ပြုဖူးတဲ့ အကြောင်းတရားတွေကြောင့် ဖြစ်တယ်။ ဘယ်တန်ခိုးရှင်တစ်ဦးတစ်ယောက်မှ ဖန်တီးပေးနေတာ မဟုတ်ဘူး။ အကြောင်းတရား ရှိခဲ့ လို့ ဒီလို အကျိုးတွေ ဖြစ်နေတယ်ဆိုတာကို တိတိကျကျ ပိုင်းခြားဟောထားတာကတော့ ပဋိစ္စ သမုပ္ပါဒ် ဒေသနာတော် ပါပဲ ။

မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃
ခု၊ ကဆုန်လပြည့်နေ့ ရဲ့ ညဉ့်ဦးယံမှာ ရှေးက ခန္ဓာ စဉ်ကို ပြန်အောက်မေ့
သိရှိနိုင်သော ပုဗ္ဗေနိဝါသာနုဿတိ ဥာဏ် ၊သန်းခေါင်ယံမှာ နတ်မျက်စိနဲ့ တူတဲ့
ဒိဗ္ဗစက္ခှုဥာဏ်တွေကို ရရှိပြီးတော့ အာသ၀က္ခာဥာဏ် လို့ ခေါ်တဲ့ ဗောဓိဥာဏ်ကို
အလွယ်တကူ မရပါဘူး။ ဒါကြောင့် ဘာမှားနေလဲ ဆိုပြီး ပုဗ္ဗေနိဝါသာနုဿတိ ဥာဏ်
နဲ့ ရှေး ဘုရားတွေကို ပြန် ကြည့်ပါတယ်။ ဒီအခါမှာ
ရှေးရှေးကပွင့်တော်မူပြီးသော ဘုရားရှင်အားလုံးဟာ ပဋိစ္စ သမုပ္ပါဒ် ဒေသနာတော်
ကို ဆင်ခြင်ပြီးမှသာ ဘုရားဖြစ်တော်မူကြကြောင်း သိတော်မူပြီး အနုလောမ ၊
ပဋိလောမ အားဖြင့် ဆင်ခြင်နှလုံးသွင်းပါတယ်။ ဒါကြောင့်လဲ မိုးသောက်ယံမှာ
အာသ၀က္ခယဥာဏ် လို့ ခေါ်တဲ့ ဗောဓိဥာဏ်ကို ရရှိပြီး ဗုဒ္ဓ
အဖြစ်ရောက်တော်မူပါတယ်။
ပဋိစ္စ သမုပ္ပါဒ် ဒေသနာတော်ဆိုတာကလည်း ခန္ဓာဥာဏ်ရောက် သဘောပေါက်အောင်
ဟောရ ၊ရေးရမယ်ဆိုရင် ခက်လွန်း ၊ ပရိယာယ် များလွန်းလို့ ၀ိသုဒ္ဓမဂ်
အဋ္ဌကထာကို စီရင်ရေးသားတဲ့ အရှင်ဗုဒ္ဓဃောသ ကိုယ်တော် ကြီး ကတောင်
သမုဒ္ဒရာပြင်ကျယ် ရေပင်လယ်မှာ ယုန်သူငယ် ခြေထောက်လို့ မမီနိုင်သလိုပဲလို့
ညည်းတော်မူခဲ့ရပါတယ်။ ဘုရားရှင်တောင် ပဋိစ္စ သမုပ္ပါဒ်ကို ဆင်ခြင်ပြီးမှ
ဘုရားဖြစ်တယ်ဆိုတော့ ကနေ့ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသူ ၀ိပဿနာ
ယောဂီတိုင်း ၀ိပဿနာကျင့်စဉ် ၊ သစ္စာတရား နဲ့ ပဋိစ္စ သမုပ္ပါဒ်ကို ယှဉ်တွဲ
သွားမှသာ လမ်းမှန်မယ်လို့ ဆိုရပါမယ်။ ပရိညာ (၃) ပါး ရှိတဲ့ အထဲမှာ
ဥာတပရိညာ နဲ့ ဒိဋ္ဌိဖြုတ်မှုကို ရှေ့တန်းတင်ရပါမယ်။ တိရဏ ပရိဥာကို
ရှေ့တန်းတင်ပါက ရှေ့နောက်လွဲပြီး တရားမရဖြစ်နေတတ်ပါတယ်။
ပဋိစ္စ သမုပ္ပါဒ်ကို နားမလည်ပါက ဒိဋ္ဌိကို ဥာတပရိညာ (အသိ) နဲ့ တောင် ခွာမရတော့ပါဘူး။ ဒီတော့ ဗုဒ္ဓဘာသာဝင် မိစ္ဆာ ဒိဋ္ဌိတွေ ဖြစ်နေကြဦးမှာပေါ့ ။ပဋိစ္စ သမုပ္ပါဒ်ကို နားလည်ရင်တော့ အဟေတုက ၊ နတ္ထိက ၊ အကိရိယ ဟူသော နိယတ မိစ္ဆာ ဒိဋ္ဌိ (၃)ပါးမှ စပြီး အားလုံး (၆၂)ပါးသော မိစ္ဆာ ဒိဋ္ဌိများကို ဥာတပရိညာ (အသိ) နဲ့ ကင်းစင်စေပါမယ် ။ ပိဋကတ်တော်တွေမှာ ရှိတဲ့ အခြားအခြားသော သုတ္တာန် များ ၊ ဓမ္မများကို တဦးတယောက်က ၀င်ရေးသွားခဲ့တာ လို့ ပြောရင် ပြောနိုင်လိမ့်မယ်။ အငြင်းပွားစရာ ရှိနိုင်တယ်။ သစ္စာတရား ၊ ပဋိစ္စ သမုပ္ပါဒ် နဲ့ ပဋ္ဌာန်း ကိုတော့ မည်သူမျှ ကြားဝင် စဉ်းစားနိုင်သော တရားမဟုတ်ပါ ။ ဘုရားရှင်ကိုယ်တိုင် သဗ္ဗညုတ ဥာဏ်တော်နဲ့ ဖော်ထုတ်ဟောပြောခဲ့သော တရားစစ်စစ်များဖြစ်ကြောင်း ခေတ် အဆက်ဆက် ထောက်ခံခဲ့ကြပါတယ်။
ပဋိစ္စ သမုပ္ပါဒ် က အကြောင်းအကျိုး ဆက်နွယ်မှုကို ပြတယ် ။ ဒီအကြောင်းတွေ ကြောင့် ဒီ အကျိုး ပေါ်လာတယ် ၊ ဒီအကြောင်းမရှိရင် ဒီအကျိုးအပေါ်ဘူး။ ဒီအကြောင်းချုပ်ရင် ဒီအကျိုးချုပ်မယ်။ စသည်ဖြင့် ရှင်းလင်းဟောကြားထားတယ်။ သုတ္တန် ဒေသနာ နည်းနဲ့ဟော ပါတယ်။
ဒီတော့ အကျိုးဖြစ်နေတာတွေကတော့ သိပါပြီ။ ဒီအကျိုးပေါင်းစုံကို ဖြစ်စေတဲ့ အကြောင်းတရား တွေနဲ့ သူတို့ရဲ့ စွမ်းအင်တွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့ မြတ်စွာဘုရားရှင်က ပဋ္ဌာန်းမှာ ဟောကြားပါတယ်။ ပဋ္ဌာန်းကိုတော့ အဘိဓမ္မာနည်း နဲ့ ပရမတ္တ တိတိကျကျ ခွဲခြားပြီးဟောပါတယ်။ ဒါကြောင့် ပဋ္ဌာန်းဆိုတာ အမျိုးမျိုးအစားစား များပြားသော အကြောင်းတရား လို့ အဓိပ္ပါယ်အားဖြင့်လဲ ပေါ်လွင်လာပါတယ်။

ပဋ္ဌာန်းကို(၃)မျိုးခွဲလေ့လာကြပါတယ်။
(၁) အမျိုးမျိုးအစားစား များပြားသော အကြောင်းတရားများ
(၂) ကုသိုလ်တရား ၊ အကုသိုလ်တရားများ ကိုဖန်တီးခြင်း
(၃) ကုသိုလ်တရား ၊ အကုသိုလ်တရားများမှ နောက်ဆက်တွဲ ဖြစ်စဉ်များ ဖန်တီးခြင်း ။ အကြောင်းတရားပေါင်းများစွာထဲက အထင်ရှားဆုံး ရွေးထုတ်တဲ့အခါ (၂၄)ပါးထွက်လာပါတယ်။ အခြားသော အကြောင်းတရားများကိုပါ ပေါင်းရင် အများကြီး ရှိပါသေးတယ်။ ဒါကြောင့် ပဋ္ဌာန်းတရားတော်ဟာ သဗ္ဗညုတ ဥာဏ်တော်နဲ့ သာ ပြီးပြည့်စုံအောင် သိနိုင်ပါမယ်။
ဒီတော့ လေးနက်ကျယ်ပြန့်မှု အရ ပဋ္ဌာန်းကျမ်းကို(၃)မျိုးခွဲကြပါတယ် ။
(၁) အတိဝိတ္ထာရ ဒေသနာ
(၂) အတိသင်္ခေပဒေသနာ
(၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ ဆိုပြီး ခွဲပါတယ်။
(၁)အတိဝိတ္ထာရ ဒေသနာ ဆိုတာ အရမ်းကို ကျယ်ပြန့်လွန်းတယ် ၊ မြတ်စွာဘုရား တာဝတိသာမှာ ဟောတဲ့ အပြည့်အစုံပဋ္ဌာန်း ဖြစ်တယ်။
(၂) အတိသင်္ခေပဒေသနာ ဆိုတာ အလွန်ကျဉ်းတဲ့ဒေသနာ နတ်ပြည်မှာ အသံမစဲ တရားဟောနေရာကနေ နိမ္မိတရုပ်ပွားတော်ကို တရားဆက်ဟောနေစေပြီး လူသားစစ်စစ်ဘုရားရှင် ခန္ဒာဝန်ဆောင်ဖို့ လူပြည်ကိုဆင်းပြီး ၀တ်ပြုတဲ့ အရှင်သာရိပုတ္တရာကို ဟောတဲ့ ဒေသနာတော် ဖြစ်ပါတယ်။ (ဖြစ်စဉ်ကို အရှေ့မှာ ရေးပြီးပါပြီ ၊ ပြန်ဖတ်လိုက်ပါ) ။ အလွန်အတိုချုပ်ဟောပေမယ့် အရှင်သာရိပုတ္တရာက နည်းပေါင်းများစွာနဲ့ တန်ဆာဆင်ပြီး အကျယ်သိနိုင်ပါတယ်။
(၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ ကတော့ မကျဉ်းလွန်း ၊ မကျယ်လွန်းသော တရားတော်လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကတော့ အရှင်သာရိပုတ္တရာက မိမိတပည့် ရဟန်း (၅၀၀)ကို့ ပြန်ဟောတဲ့ တရားဖြစ်ပါတယ်။ လက်ရှိ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ သင်ကြားဟောပြောနေတဲ့ ပဋ္ဌာန်းဟာ အရှင်သာရိပုတ္တရာက ပြန်ဟောတဲ့ မကျဉ်းလွန်း ၊ မကျယ်လွန်းသော ပဋ္ဌာန်းတရားတော် ဖြစ်ပါတယ်။ ဘုရားရှင်ပဋ္ဌာန်းကို ဟောပုံ၊ဟောနည်းကလည်း (၃)မျိုးရှိပါတယ်။
(၁) ပု စ္ဆာ ၀ါရ = အမေး
မြတ်စွာဘုရားဟောတဲ့ ပဋ္ဌာန်းဟာ ဘယ်လောက်ကျယ်ပြန့်သလဲဆိုရင် အမေးပုစ္ဆာပေါင်း ၄၀၄၉၄ ကုဋေ ၊ ( ၈ ) သန်း၊ ( ၅ )သိန်း ၊ ( ၃ )သောင်း ၊ ( ၃ )ထောင် ၊ ( ၂ ) ရာ ၊( ၄ )ဆယ့် ( ၈ ) ရှစ် ရှိတယ်လို့ ဆိုပါတယ်။
အမေးပု စ္ဆာပေါင်း ဂဏာန်းဖြင့် - (၄၀၄၉၄ ၈၅၃ ၃၂၄၈) ပု စ္ဆာ ရှိတယ်။
အဲဒီတော့ လူတစ်ယောက်က တစ်နေ့ကို အမေးပု စ္ဆာပေါင်း တစ်သိန်း (၁၀၀ ၀၀၀) ကို ရွတ်ပြီး ဘုရားရှင်ကို ပူဇော်မယ်ဆိုရင် ( ပဋ္ဌာန်းတစ်ခုတည်းနော်၊ အဘိဓမ္မာ (၇) ကျမ်းလုံးထဲက မဟုတ်ဘူး) အဲဒီလူ နှစ်ပေါင်း ၁၀၀၀၀ ရွတ်မှာ အမေးပုစ္ဆာတွေ ကုန်နိုင်မယ်လို့ ကျမ်းပြု ဆရာတော်တွေ တင်စားရေးသားကြတယ်။ ဒီအမေးပုစ္ဆာတွေကို ပုံနှိပ်မယ်ဆိုရင်လည်း စာရွတ်လောက်မှာ မဟုတ်ဘူးတဲ့ ။
(၂) ၀ိသဇ္ဖနာဝါရ = အဖြေ
အမေးတောင် ဒီလောက်များတာ အဖြေကတော့ ပြောမနေတော့ဘူး။
(၃) သခ်ာၤ ၀ါရ = သရုပ္ခြဲ
သရုပ်ခွဲပြီး ချဲ့ ဦးမယ် ဆိုရင်တော့ ဘာပြောကောင်းမလဲ ။
ဒါကြောင့် ပဋ္ဌာန်းကို
မဟာ ပကရဏကျမ်း လို့လဲခေါ်တယ်။
မဟာ = ကြီးကျယ်
ပကရဏ = ခမ်းနားခန့် ငြား ဒါကြောင့်လဲ သံဃာယနာတွေမှာ ပဋ္ဌာန်းကို အတိုဆုံးချုပ်ပြီးသာ ချန်ပြီးတင်ပါတယ်။
(၃)မျိုးအားဖြင့် ခွဲခြားဝေဖန်ကြပါတယ်။-
ပစ္စယုဒ္ဒေသ = ပစ္စယ + ဥဒေသ = ပစ္စည်း + အကျဉ်း ဝေဖန်ခြင်း
ပစ္စယနိဒ္ဒေသ = ပစ္စယ + နိဒ္ဒေသ = ပစ္စည်း + အကျယ် ဝေဖန်ခြင်း
ပရိ နိဒ္ဒေသ = ပဋ္ဌာန်းကို အကျယ် ဝေဖန်ခြင်း ။
သံဃာယနာဆဋ္ဌမူအရ ကိုပဲ အကျယ်ဝေဖန်မယ်ဆိုရင် အမေးပုစ္ဆာ တစ်ခုကို ကျယ်ကျယ်ပြန့်ုပြန့် ရှင်းလင်းဖြေကြားနိုင်ဖို့ ကျမ်း ( ၃၀ ) အုပ် ၊ ရွက်ရေ ( ၄၀၀၀ )ကျော် ရိုက်မှ ရမယ်။ အမေး ကုဋေ (၄၀၀၀၀)ကျော်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ပဋ္ဌာန်းအကျယ်ကို အသံမစဲ ပူဇော်ကြတော့ ဆရာတော်တွေက ပ၊ပ၊ပ ၊လ၊လ၊လ စသည် အတိုတွေကို ရွတ်သွားကြတာရှိတယ်။ ဒါကို မြုပ်ပြီးဆိုတာ ၊ ညှို့တယ်လို့လဲ ပြောကြတယ်။ အကျယ်သိချင် ဖော်ပြီးကြည့်ရမယ်လို့ ဆိုလိုတယ်။

အဲဒီလို မတရားချုံ့ ထားတဲ့ ဟာတောင် ပဋ္ဌာန်းက (၅)ကျမ်းရှိတယ် ။ (၅) အုပ်ပေါ့ ၊စာမျက်နှာ - ၂၆၄၀ ရှိတယ်။ အချိန် (၁၃၂)နာရီရွတ်ရမယ်။
ကျမ်းကြီးအနေနဲ့ ကတော့ ပဋ္ဌာန်းကျမ်းကြီး (၄)မျိုး ရှိပါတယ်။
၁- ဓမ္မာနုလောမ ပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း
၂- ဓမ္မပစ္စနီယပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း
၃- ဓမ္မာနုလောမ ပစ္စနီယပဋ္ဌာန်း - အကျဉ်း ၆ကျမ်း
၎- ဓမ္မပစ္စနီယာနုလောမ ပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း ဆိုပြီး ဟောပုံ ဟောနည်းအရ ကျမ်း (၄)မျိုးရှိပါတယ် ။ဒီတော့ အားလုံးက အကျဉ်းအားဖြင့် (၂၄ )ကျမ်း ရှိတယ်။
ဓမ္မာနုလောမ ပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း ကို အကျယ်အားဖြင့် ဒီလို ပြန်ခွဲနိုင်ပါတယ် ။
၁- ဓမ္မာနုလောမ တိက ၂၂ ၊
၂- ဓမ္မာနုလောမ ဒုက ၁၀၀ ၊
၃- ဓမ္မာနုလောမ ဒုက တိက ၆၆၀၀ ၊
၎- ဓမ္မာနုလောမ တိက ဒုက ၄၄၀၀ ၊
၅- ဓမ္မာနုလောမ တိကတိက ၁၃၈၆ ၊
၆- ဒုက ဒုက ၁၉၈၀၀ဆိုပြီး ရှိပြန်တယ် ။ ဒါကြောင့် အကျယ် မှာ ဓမ္မာနုလောမ ပဋ္ဌာန်းအတွက် ၃၂၃၀၈ကျမ်း ဖြစ်ပြန်တယ်။
ဒီတော့ ပြည့်ပြည့်စုံစုံ လေ့လာဖို့ အကျဉ်းချည်းပဲ ၆ * ၄ = ၂၄ ကျမ်း ၊ အကျယ်အားဖြင့် ၃၂၃၀၈ * ၄ ဆိုတော့ အားလုံး ၁၂၉၂၃၂ ကျမ်း …ရှိမယ်။ ကြည့်ပါဦး ၊ဘယ်လောက်များတယ်ဆိုတာ ၊ ဘယ်လိုများ အကုန်လေ့လာနိုင်မလဲ ။
အင်မတန်ကို ဥာဏ်ကြီးသူတွေ ပဲ နာကြားနိုင်တဲ့ တရားတော်ကြီးပါပဲ ။
ပဋ္ဌာန်းရဲ့ နက်နဲမှုမှာလဲ (၄)မျိုးရှိပြန်တယ်။ ဂမ္ဘီရ (၄) မျိုး လို့ ခေါ်ပါတယ် ။
ဓမ္မ ဂမ္ဘီရ =ဝေါဟာရ စကားလုံးနက်နဲခြင်း
အတ္ထ ဂမ္ဘီရ = အနက်အဓိပ္ပါယ် နက်နဲခြင်း
ဒေသနာ ဂမ္ဘီရ =ဟောပုံဟောနည်း နက်နဲခြင်း
ပဋိဝေဒ ဂမ္ဘီရ = ထိုးထွင်းသိမြင်နိုင်မှု နက်နဲခြင်း တို့ ဖြစ်ပါတယ်။ ပဋ္ဌာန်းဒေသနာတော် ကိုနာကြားပြီးချိန်မှာတော့ နတ် ဗြဟ္မာ ကုဋေ ( ၈၀ ၀၀၀ ) ကျွတ်တမ်းဝင် ၊ လူပြည်က ရဟန်း ၅၀၀ - ရဟန္တာ ဖြစ် တယ်လို့ ဆိုပါတယ်။ အခြားသာဓကတွေနဲ့ ပဋ္ဌာန်းဘာလို့ တန်ခိုးကြီးရကြောင်းကိုတော့ ဆရာတော် အရှင်ဇနကာဘိဝံသ ရဲ့ အခြေပြုပဋ္ဌာန်းစာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်။
ရွတ်ဆိုခြင်းမှာတော့ အသံကို အများနဲ့ဆိုရင်လဲ အားလုံး ညီ အောင် ၊ ပီ အောင် ၊ ကြည်အောင် ရွတ်ဆိုမှ အကျိုးပိုများမယ် လို့ ဆိုပါတယ်။ (ဥပမာ - ပစ္စယော = ပျစ်စယော မဟုတ် -ျ အသံ မပါစေရ ၊၊ ရ (လျှာလိပ်) နဲ့ ယ အသံခွဲ ၊ အင်ညမင်ည ၊ ဿ = နိဿယ = နိတ်သယ ၊ အ-ရူပ (ခွဲပြီးရွတ်) ၊ အ-၀ိဂတ ၊ အိန်ဒရိယ…စသည် )…
ဟေတု စတဲ့ ပစ္စည်း တစ်ခုခြင်းတွေကိုတော့ မရေးတော့ဘူး။ ဆရာတော် အရှင်ဇနကာဘိဝံသ နဲ့ အရှင်ဆေကိန္ဒ (၂) ပါး တော့ ပဋ္ဌာန်းကို ရှင်းလင်းဟောကြားထားတာ စာအုပ်နဲ့ တရားတော်တွေ ရှိတယ် ၊ ဓမ္မဗျူဟာ ဒေါ်ခင်လှတင် ၊ဒေါက်တာမင်းတင်မွန် တို့ရဲ့ တရားတွေ ရှိမယ်။
(read more at http://www.dhammaweb.net/notes/view.php?id=133)

Thursday, September 26, 2013
အာသေ၀နပစ္စည်း- အာသေ၀န” ဟူသည် “ထပ်ကာ ထပ်ကာ ပြုလုပ်ခြင်း၊ ဖြစ်စေခြင်း၊ ထုံမွှမ်းခြင်း” ဟူသော အဓိပ္ပါယ် ရသည်။
အာသေ၀နပစ္စယောတိ -
၁။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အာသေ၀နပစ္စယေန ပစ္စယော။
၂။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အာသေ၀နပစ္စယေန ပစ္စယော။
၃။ ပုရိမာ ပုရိမာ ကိရိယာဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကိရိယာဗျာကတာနံ ဓမ္မာနံ အာသေ၀နပစ္စယေန ပစ္စယော။
၁။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ - ရှေးရှေးဖြစ်သော ကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ - နောက်နောက်ဖြစ်သော ကုသိုလ်တရားတို့အား
အာသေ၀နပစ္စယေန ပစ္စယော - အဖန်တလဲလဲ ဖြစ်စေ၍ (အာသေ၀နပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၂။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ - ရှေးရှေးဖြစ်သော အကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ - နောက်နောက်ဖြစ်သော အကုသိုလ်တရားတို့အား

၃။ ပုရိမာ ပုရိမာ ကိရိယာဗျာကတာ ဓမ္မာ - ရှေးရှေးဖြစ်သော ကြိယာအဗျာကတတရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ ကိရိယာဗျာကတာနံ ဓမ္မာနံ - နောက်နောက်ဖြစ်သော ကိရိယာအဗျာကတ တရားတို့အား

quoted from http://sonata-cantata.blogspot.com/2011/12/blog-post_2839.html

Subscribe to:
Posts (Atom)