Showing posts with label Books. Show all posts

Friday, September 2, 2016
Sunday, March 6, 2016
lulu.com
free ebook available at https://www.lulu.com/
http://www.lulu.com/shop/thaw-dar/35040/ebook/product-22595161.html

Wednesday, December 23, 2015
ဖြစ်ချင်တာဖြစ် ဘုရားရှိတယ်
comment posted by Dhammabheri Ashin Viriya
ကျန်းမာရေးကလွဲလို့
ကျန်ကိစ္စတွေက ဒဿနသမားတိုင်အတွက်
လောကက အသိအမှတ်ပြုတဲ့ လာဘ်ကြီးတွေပဲ။
ဒီဆုလာဘ်မရဖူးဘူးဆိုရင် ဘာအမြင်မှ မရှိသေးလို့။
လှုပ်ပါ
မမြုတ်ရင်
ငုတ်လိုငုတ်
ကူးလိုကူး
မြူးနိုင်သူဖြစ်မယ်၊
မလှုပ်ရင်တော့
အချိန်က
မြှုတ်ပစ်လိမ့်မယ်
ဘုရားအားကိုးဖြင့် ဘကြီးဘုန်းကြီး နွဲ့ဆိုးဆိုးလိုက်ခြင်း
=================================
ဒီရက်ပိုင်းအတွင်းမှာ ဘကြီးဘုန်းကြီးရဲ့ ချစ်လှစွာသော မိတ်ဆွေဉာတကာတို့က ဖုန်းအတန်တန်ဆက်ကြလေရဲ့.။
တစ်ချို့ဆို ဗေဒင်တွေ ယတြာတွေတောင် ချေကြသတဲ့ --။ ဘကြီးဘုန်းကြီးက သူရို့ ပြောသမျှကို ဘုရားအားကိုးနဲ့ပဲ နွဲ့ဆိုးဆိုးလိုက်ပါရောလား --။
ဘကြီးဘုန်းကြီး မတော်တဆမှုဖြစ်ပြီး အသက်ဘေးတောင် စိုးရသတဲ့ ..။
အို ဘုရားရှင်တောင် ဂိဇ္စ္ဈကုဋ်တောင်မှာ အက်ဆီဒင့်ဖြစ်တော်မူသေးတာပဲလေ --။
ဘကြီးဘုန်းကြီး အစွပ်အစွဲ အကဲ့ရဲ့ခံရနိုင်တယ်နော် -=။
အိုး ဘုရားရှင်နဲ့ စိဉ္စ္စမာနပွဲ ဝက်ဝက်ကွဲပေါ့ဗျာ --.
ဘကြီးဘုန်းကြီး ကျန်းမာရေး အညံ့ဘက်များလှတယ်--။
အိုး ဘုရားရှင်ကိုယ်တော်ကြီးခမျာ နောက်ဆုံးသလွန်တော်ညောင်စောင်းအထိ ဝမ်းသွေးသွန်ဝေဒနာကို သည်းခံတော်မူသွားရှာသေးတာပ--။
ဘကြီးဘုန်းကြီး မှာ
အတိုက်အခံတွေကလည်း များသနဲ့--။
ဘုရားရှင်ကိုယ်တော်လည်း ဘုရားဖြစ်တဲ့နေ့က စလို့ မာရ်နတ်၊ ဒေဝဒတ်၊ သစ္စ္စက ခေတ်ပြိုင်ဘုရားတုတွေနဲ့ ခပ်မြိုင်မြိုင်ပါပဲလား --။
ဘကြီးဘုန်းကြီးကို လူတွေ အထင်လွဲပြီး သဒ္ဓါမွဲကာ ဆွမ်းကွမ်းတွေ နည်းကုန်းမှာ စိုးတယ်..။
အိုး ဘုရားရှင်လည်း ဝေရဉ္ဇာမြို့ ကြွတုန်းက မိုးလေးလဆွမ်းမရလို့ မြင်းကျွေးတဲ့ ဆန်ကြမ်းနဲ့ ဆွမ်းဖြည့်ခဲ့ရတာပ --။
ဘကြီးဘုန်းကြီးကို တစ်ချို့က ဆဲတောင် ဆဲနေကြပြီနော် ။
အယ် ကော်သမ္ဗီမြို့တွင်းဆွမ်းခံကြွနေတဲ့ ဘုရားရှင်နဲ့ သံဃာတော်တွေ အဆဲခံထိတာမှ ၇ ရက်လုံး ဆူညံပွက်ကရော--။
ဖြစ်ချင်တာဖြစ် ဘုရားရှိတယ်။
ဓမ္မဂင်္ဂါ
(၀၄-၀၇-၂၀၁၅

Saturday, December 12, 2015
ရထား ခေါင်း တွဲ = သမ္မာဒိဋ္ဌိ
သမ္မာဒိဋ္ဌိ ကို မင်းကွန်းဆရာတော် ဘုရား ကြီး ကား မဂ္ဂ ၈ မျိုး ၏ ရထား ခေါင်း တွဲ အဖြစ် မိန့် တော် မူ ခဲ့သည်။
ရထား ခေါင်း တွဲ အရေး ကြီး သည်။
ရထား ခေါင်း တွဲ = သမ္မာဒိဋ္ဌိ မရှိ က ကျန် မဂ္ဂ ၇ တွဲမလာ နိုင်။
ဒိဋ္ဌိ= အမြင်။
သမ္မာဒိဋ္ဌိ မရှိ ကအမြင်မှား။
အမြင်မှား သော် လမ်း ပျောက်။
လမ်း ပျောက် ရင်း လမ်း မှား လျှောက် လှမ်း ပြီ။
သျှီဝဘုရင် ကို ဘုရား (Lord) အဖြစ် သျှီဝဘုရားရဲ့ယောက်ျားအင်္ဂါနဲ့ မိဖုရားပရာဝတီရဲ့ မိန်းမအင်္ဂါကို ပူဇော် နေ ပုံ
်

Sunday, October 4, 2015
Saturday, September 5, 2015
တစ်ခါတလေ တစ်ယောက်တည်းပဲ ကောင်းပါတယ် ရဝေနွယ်(အင်းမ) - Yawainwe Inn Ma
ရဝေနွယ်(အင်းမ)
ကဿပဘုရားရှင်လက်ထက်တော်ကတရားကျင့်ဘက်သူငယ်ချင်းရဟန်းနှစ်ပါးရှိပါတယ်။ တရားကျင့်ပြီးနတ်ပြည်မှာဖြစ်ရပါတယ်။ တစ်ခါနတ်ပြည်ကစုတေတော့ တစ်ပါးကဘုရင့်သားဖြစ်ပြီး တစ်ပါးက ပုရောဟိတ်ရဲ့သားဖြစ်ရပါတယ်။
တစ်နေ့တော့ပုရောဟိတ်သားကဘုရင့်သားကို"သူငယ်ချင်းတချိန်မှာသင်ကဘုရင်ဖြစ်ပြီးငါကပုရောဟိတ်ဖြစ်လိမ့်မယ်။ဒါကြောင့်.ငါတို့ပညာတတ်မှဖြစ်မယ်"ဆိုပြီးသူငယ်ချင်းနှစ်ယောက်ပညာသင်ဖို့မြို့ရွာတွေကိုထွက်ခဲ့ပါတယ်။
ရွာတစ်ရွာရောက်တော့ ပစ္စေကဗုဒ္ဓတွေကိုရွာသူရွာသားတွေက ဆွမ်းလောင်းနေတာတွေ
နေရာထိုင်ခင်းပေးနေ တာတွေအရိုအသေပြုနေတာတွေကိုတွေ့ပြီး"အရှင်မြတ်တွေဟာ
အတတ်ပညာတစ်ခုခုကိုတတ်လို့လူတွေက အရို အသေပြုနေကြတာပဲ"လို့တွေးပြီး
ပညာသင်ပေးဖို့ပစ္စေကဗုဒ္ဓတွေကိုတောင်းပန်ပါတယ်။ ဒီတော့ပစ္စေကဗုဒ္ဓအရှင်မြတ်
တွေက"ရဟန်းအတတ်ပညာကိုရဟန်းပြုမှသင်ပေးမယ်"ပြောလို့သူငယ်ချင်းနှစ်ယောက်ရဟန်းပြုကြပါတယ်။
ပစ္စေကဗုဒ္ဓတွေကလည်း သင်္ကန်းဝတ်ပုံ၊ နေပုံထိုင်ပုံ၊ တရားအားထုတ်ပုံစသည်တွေကိုသင်ပေးရင်း"ဒီတရား တွေကိုတစ်ပါးတည်းနေပြီးအားထုတ်ရတယ်"လို့ပြောပြီးတရားအားထုတ်ဖို့ သစ်ရွက်မိုးတဲ့ သစ်သားကျောင်းလေးတွေ တစ်ကျောင်းစီပေးလိုက်ပါတယ်။
ပုရောဟိတ်ရဲ့သားက ကျောင်းလေးထဲမှာတရားစအားထုတ်တာနဲ့သမာဓိတန်းရပါတယ်။ ဘုရင့်သားကတော့ တစ်ပါးစီခွဲနေရလို့ပျင်းတဲ့စိတ်တွေဝင်လာပါတယ်။ ဒါကြောင့်ပုရောဟိတ်သားရဟန်းဆီသွားလည်ပါတယ်။ ပထမတော့ ပုရောဟိတ်သားရဟန်းကလက်ခံပါသေးတယ်။ သုံးကြိမ်မြောက်ရောက်လာတဲ့အခါမှာတော့ "ဒီမင်းသားရဟန်း အမြဲလာနေရင် သူလည်းတရားအားထုတ်မှုပျက်တယ် ငါလည်းတရားအားထုတ်မှုပျက်တယ်"လို့တွေးပြီး နေထိုင်ရာ ကျောင်းကနေ တိတ်တဆိတ်ထွက်ခွါလိုက်ပါတယ်၊ ပြီးတော့တောထဲသွား အားထုတ်ပါတော့တယ်။
နောက်တစ်နေ့မင်းသားရဟန်းရောက်လာတော့ ပုရောဟိတ်သားရဟန်းကိုမတွေ့တာနဲ့ " သြော်... ပုရောဟိတ် သားရဟန်းကတောင် ငါလိုမင်းသားကိုမတွေ့ချင်တော့ပါလား"လို့ စဉ်းစားရင်းကိုယ့်စိတ်ကလေးကိုပြန်ပြောပါတယ်။
" အို...စိတ်၊ သင်စိတ်ဟာ ရှက်ဖို့ကောင်းလိုက်တာ၊ သင်စိတ်ဟာ လေးကြိမ်မြောက်အထိတောင်ဒီကျောင်းကို ငါ့ကိုပို့ပေးတယ်၊ ဒီတစ်ခါတော့ သင်စိတ်အလိုတိုင်းမလိုက်နိုင်တော့ဘူး၊ သင်စိတ်ကသာ ငါ့အလိုတိုင်းလိုက်ရ တော့မယ်"
မင်းဟားရဟန်းဟာ ကိုယ့်စိတ်ကိုပြန်ပြောပြီး ကိုယ့်ကျောင်းလေးဆီပြန်သွားပါတယ်။ ပြီးတော့တစ်ပါးတည်း တရားကို ကျိုးကျိုးစားစားအားထုတ်လိုက်တာ ပစ္စေကဗုဒ္ဓဖြစ်သွားပါတယ်။ ပစ္စေကဗုဒ္ဓဖြစ်တော့ နန္ဒမူတောင်ကို ကြွပါတယ်။
ပုရောဟိတ်သားရဟန်းလည်းတောထဲမှာတစ်ပါးတည်းအားထုတ်လိုက်တာ ဘုရင့်သားနည်းတူ ပစ္စေကဗုဒ္ဓဖြစ် သွားပါတယ်။ ပစ္စေကဗုဒ္ဓဖြစ်တော့ နန္ဒမူတောင်ကိုကြွခဲ့ပါတယ်။ နှစ်ပါးဆုံတော့နှစ်ပါးအတူ ဥဒါန်းစကားကျူး ပါတော့တယ်။
"ရင့်ကျင့်တဲ့ ပညာရှိတဲ့ ဝီရိယရှိတဲ့အတူတကွတရားကျင့်ဘက် မိတ်ဆွေကောင်းကိုရခဲ့ရင် အဲဒီမိတ်ဆွေကောင်း နဲ့ ဝမ်းမြောက်ဝမ်းသာဘေးရန်တွေကိုပယ်ရှားပြီး တရားကျင့်သင့်တယ်၊
တကယ်လို့ မိတ်ဆွေကောင်းကိုမရခဲ့ရင်တော့ တစ်ယောက်တည်းပဲတရားကျင့်သင့်တယ်၊ "
(သုတ္တနိပါတ် အဋ္ဌကထာ၊ ပတွဲ ၊နှာ- ၈၁)
တရားအားထုတ်တဲ့နေရာမှာ တစ်ယောက်တည်းပဲအားထုတ်သင့်တယ်ဆိုတာ သာဓကပြထားတဲ့ဝတ္ထုလေးပါ။ မြို့မှာနေနေတဲ့ရဟန်းတစ်ပါးအနေနဲ့တောထဲသွားပြီး တစ်ပါးတည်းတရားအားထုတ်ဖို့ဆိုတာမလွယ်ကူလှသလို အိမ်မှာ မိသားစုနဲ့အတူနေရတဲ့ မိသားစုရဲ့စားဝတ်နေရေးကိုဖြေရှင်းပေးနေရတဲ့ လူသားတစ်ယောက်အနေနဲ့လည်း တောထဲသွားပြီးတစ်ယောက်တည်းတရားအားထုတ်ဖို့ဆိုတာကလည်းတွေးတောင်မတွေးရဲတဲ့ကိစ္စပါ။ ဒီတော့ အိမ်မှာ မိသားစုနဲ့နေရင်းပဲ တစ်ယောက်တည်းတရားအားထုတ်တဲ့နည်းကိုယူရတော့မှာပါ။
ဥပမာ-ဘုရားရှေ့မှာတစ်ယောက်တည်း နာရီဝက်လောက် နှစ်သက်ရာကမ္မဋ္ဌာန်းတစ်ခုကို အားထုတ်နေမယ် ဆိုရင်တစ်ယောက်တည်းအားထုတ်နေတာပါပဲ။
ဒီလိုပါပဲ ရိပ်သာမှာသွားပြီး ယောဂီ နှစ်ရာသုံးရာနဲ့အားထုတ်တဲ့အခါ ကိုယ့်အမှတ်နဲ့ကိုယ် သတိကပ်အားထုတ် နေရင်လည်း တစ်ယောက်တည်းအားထုတ်နေတာပါပဲ။ ရိပ်သာမှာလူတွေ ဘယ်လောက်ပဲများများ ကိုယ့်ဖြစ်ခိုက်ရုပ် နာမ် အပေါ် ကိုယ့်အမှတ်ကလေးနဲ့နေနေရင် တစ်ယောက်တည်း အားထုတ်နေနေတာပါပဲ။ ကိုယ့်မှာ မိသားစုတွေ မိတ်ဆွေတွေ ဘယ်လောက်ပဲရှိရှိ ကိုယ့်အမှတ်နဲ့ကိုယ်နေနေရင် တစ်ယောက်တည်းပါပဲ။ ဒါတွေက မိသားစု ရှိနေပေမယ့် တစ်ယောက်တည်း သီးခြားနေလို့ရတဲ့နည်းတွေပါ။
အဲဒီလိုမှမဟုတ်ဘဲ တစ်ယောက်တည်းထိုင်ပြီး အားထုတ်နေပေမယ့် စိတ်ကမိသားစုဆီရောက်သွားလိုက်၊ သူငယ်ချင်းတွေဆီရောက်သွားလိုက်၊အလုပ်ဆီရောက်သွားလိုက်ဆိုရင်တော့တစ်ယောက်တည်းအားထုတ်တာမဟုတ်ဘဲ အပေါင်းအဖော်စုံညီစွာနဲ့အားထုတ်နေတော့တာပါ။ လူကသာဘုရားရှေ့မှာတစ်ယောက်တည်း ထိုင်နေတာ စိတ်ကတော့အပြင်မှာပါ။ ဒါဆိုရင်တရားကမတက်နိုင်တော့ပါဘူး။
တချို့များစိတ်ကဘယ်လောက်ထိထွက်သလဲဆိုရင် သူငယ်ချင်းတွေနဲ့ကော်ဖီဆိုင်ထိုင် မုန့်တွေစား စကားတွေ ပြောနေလိုက်တာအတော်လေးကြာမှ"ငါ့စိတ်တွေအပြင်ထွက်နေပါလား"ဆိုပြီးသိရပါတော့တယ်။ သိတာနဲ့ယောဂီအများစုကပင်တိုင်အာရုံဆီချက်ချင်းပြန်ကပ်လိုက်ကြတာများပါတယ်။ ဝိပဿနာသဘောတရားအရ အဲဒီလိုမလုပ်ရပါဘူး။ စိတ်ထွက်တာကိုသိလိုက်တာနဲ့ "စိတ်ထွက်တယ် စိတ်ထွက်တယ်"လို့ လေးငါးချက်လောက် မှတ်လိုက်ရပါတယ်။ ပြီးမှမူလပင်တိုင်အမှတ်ကိုပြန်မှတ်ရပါတယ်။ အဲဒီလိုမဟုတ်ဘဲ စိတ်ထွက်တာ သိလိုက်တာနဲ့ ပင်တိုင်အာရုံဆီပြန်ကပ်လိုက် ပြန်ကပ်လိုက်လုပ်နေရင် ယောဂီနဲ့စိတ်ထွက်တာ နပန်းလုံးနေရတော့ တာပါ။ စိတ်ထွက်တာကိုမှတ်တတ်တဲ့အကျင့်လေးကိုလည်း အကျင့်လုပ်ထားရပါတယ်။ ဒီတော့ ကိုယ့်အိမ်ကဘုရားခန်း ရှေ့မှာ တရားအားထုတ်နေတာလည်း တစ်ယောက်တည်းအားထုတ်နေတာပါပဲ။
ရိပ်သာမှာကျတော့ လူများတဲ့အတွက် ကိုယ့်အမှတ်နဲ့ကိုယ်သတိကပ်ပြီးရှုမှတ်နေရတဲ့အပြင် အရှင်မဟာကစ္စာ ယနရဲ့ သြဝါဒလေးချက်ကိုလည်းလိုက်နာထားရပါတယ်။ အရှင်မဟာကစ္စာယနဆိုတာ မြတ်စွာဘုရား အကျဉ်းချုပ်ဟောထားတဲ့တရားတွေကိုအကျယ်ချဲ့ပြီးဟောပြတဲ့နေရာမှာ အတော်ဆုံးအကောင်းဆုံး ဧတဒဂ်ရထားတဲ့ ပုဂ္ဂိုလ်ပါ။
စက္ခုမာ'ဿ ယထာအန္ဓော၊ သောတဝါ ဗဓိရောယထာ။
ပညာဝါ'ဿ ယထာမူဂေါ၊ ဗလဝါ ဒုဗ္ဗလောရိဝ ။
တရားအားထုတ်နေတဲ့ယောဂီဟာ -
၁။ မျက်စိအမြင်ကောင်းပေမယ့် အကန်းလိုနေရပါတယ်။
၂။ နားအကြားကောင်းပေမယ့် နားအပင်းလိုနေရပါတယ် ။
၃။ စကားပြောကောင်းပေမယ့် အ.အလိုနေရပါတယ်။
၎။ အားအင်ရှိပေမယ့် အားအင်နည်းသူလိုနေရပါတယ်။
* မျက်စိအမြင် ကောင်းသူပင် မမြင်ကန်းပမာ။
* နားအကြားတွင် ကောင်းသူပင် နားလျှင်ပင်းပမာ။
* စကားပြောတွင် ကောင်းသူပင် အ.သွင်ဆွံ့ ပမာ။
* ပြည့်ဝအားအင် ရှိသူပင် အားအင်နည်းပမာ။
* ဤကဲ့သို့ပင် ကျင့်နိုင်လျှင် တရားမြင်မည်သာ။
အပြင်လောကမှာ မျက်စိအမြင်တွေဘယ်လောက်ပဲကောင်းကောင်း တရားအားထုတ်တဲ့အခါမှာတော့ အကန်းလိုပဲကျင့်ရပါမယ်။ အကန်းလိုဆိုတော့ မျက်စိကိုပိတ်ထားရမှာမဟုတ်ပါဘူး၊ ဟိုကြည့်ဒီကြည့်မကြည့်ဘဲ စင်္ကြံကြွတဲ့အခါ မျက်စိကိုလေးထောင်ပဲကြည့်ရပါမယ်၊ စိတ်ကိုတော့လှမ်းနေတဲ့ခြေထောက်ဆီကိုပို့ထားရပါမယ်။
အဲဒီလိုမှမဟုတ်ဘဲ အပြင်မှာနေတဲ့အတိုင်း ဘေးကိုကြည့်လိုက်မယ်၊ ရှေ့ကိုကျော်ကြည့်လိုက်မယ်ဆိုရင် "သြော် သူက အင်္ကျီအစိမ်း ရောင်ဝတ်ထားတယ်၊ ဆံပင်အနီဆိုးထားတယ် " စသည်ဖြင့်အတွေးတွေဝင်ပြီး သမာဓိကပျက်သွားပါပြီ၊ တစ်ယောက်တည်းမဟုတ်တော့ဘဲ အများနဲ့ရောယှက်လိုက်တာပါ။
နားအပင်းဆိုတဲ့နေရာမှာလည်း စိတ်ကအပြင်ကအသံတွေဆီမရောက်ရပါဘူး။ အပြင်မှာပြောနေတဲ့အသံတွေ ကြားရတဲ့အသံတွေဆီစိတ်ကရောက်သွားရင်သမာဓိကပျက်သွားတော့တာပါ။အပြင်အသံတွေကြားခဲ့ရင်လည်း "ကြားတယ် ကြားတယ်"လို့ မှတ်ရပါတယ်။
အပြင်မှာဘယ်လောက်ပဲစကားပြောကောင်းကောင်း တရားအားထုတ်ပြီဆိုရင်တော့ အ.အလိုနေရပါတယ်။ စကားပြောလိုက်ပြီဆိုရင် ကိုယ်တင်သမာဓိပျက်ရတာမဟုတ်ဘဲ နားထောင်တဲ့သူကော သမာဓိပျက်တော့တာပါ။ စကားပြောလိုက်တာနဲ့တစ်ယောက်တည်းနေတာမဟုတ်တော့ပါဘူး။ တရားအားထုတ်နေတဲ့အချိန်မှာ စကားပြော တာကိုအထူးစောင့်ထိန်းရပါတယ်။ ဒါပေမယ့်လုံးဝစကားမပြောရဘူး ဝစီပိတ်ကျင့်ရမယ်လို့တော့မဟုတ်ပါဘူး။ ပြောဖို့လိုအပ်လာရင်တော့တရားနဲ့စပ်တဲ့စကားကိုတော့ သတိနဲ့ကပ်ပြောကောင်းပါတယ်။
နောက်တရားအားထုတ်တဲ့အခါဘယ်လောက်ပဲအားအင်ကောင်းကောင်း အားအင်နည်းတဲ့လူလိုနေရပါမယ်၊ ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီးကတော့ "ခါးနာနေတဲ့လူမမာလေးလိုနေရမယ်"လို့ မိန့်ပါတယ်။ သွက်သွက် သွက်သွက်နဲ့သွားနေရင် သမာဓိကရသင့်သလောက်မရတော့ပါဘူး၊ ဒါတွေကတော့ လူတွေအများကြီးနဲ့ နေနေရ ပေမယ့် တစ်ယောက်တည်းနေထိုင်မှုပုံစံလေးပါ။
တစ်ခုတော့ရှိပါတယ်၊ လောကီရေးရာနဲ့ လောကုတ္တရာရေးရာတွေဟာ တချို့နေရာတွေကျတော့ ဖြောင့်ဖြောင့်ဆန့်ကျင်နေတတ်တာလေးတွေရှိတတ်ပါတယ်။ ဥပမာ-တရားအားထုတ်တဲ့အခါ အကန်းလိုနေမယ်၊ မျက်စိကိုလေးထောင့်ပဲကြည့်မယ်ဆိုရင် တရားအတွက်အများကြီးအထောက်အကူပြုပေမယ့် မြို့ထဲလမ်းမပေါ်မှာ အဲဒီအတိုင်းသွားလုပ်ရင်တော့ ကားတိုက်ရင်တိုက် မတိုက်ရင် ဆိုင်ကယ်တိုက်သွားမှာပါ။
ဒီလိုပါပဲ တရားအားထုတ်တဲ့အခါသေခြင်းတရားကို နီးနီးထားရပါတယ်။ စီးပွားရှာတဲ့အခါမှာတော့ သေခြင်းတရားကိုဝေးဝေးထားရပါတယ်တဲ့။ တရားအားထုတ်တဲ့အခါ သေခြင်းတရားကိုနီးနီးထားပြီး "ငါသေတော့မယ် ငါသေတော့မယ်"ဆိုပြီး အားထုတ်ရင်တွန်းအားအနေနဲ့ပိုထိရောက်ပါတယ်။ စီးပွားရှာတဲ့နေရာမှာကျတော့ "ငါမသေ ဘူး"ဆိုတဲ့စိတ်နဲ့ သေခြင်းတရားကိုဝေးဝေးထားပြီး တတ်တတ်ကြွကြွနဲ့လုပ်မှအောင်မြင်မှာပါ။ အဲဒီလိုမှမဟုတ်ဘဲ "ငါသေတော့မယ်"ဆိုရင်စိတ်ဓာတ်တွေကျပြီးအလုပ်ကိုကောင်းကောင်းလုပ်နိုင်တော့မှာမဟုတ်ပါဘူး။ ဒါကြောင့်တချို့နေရာတွေမှာတော့လောကီရေးရာနဲ့လောကုတ္တရာရေးရာတွေကိုခွဲခြားထားရမှာပါ။ တချို့နေရာတွေကျတော့တွဲထားရင် လောကီရေးရာမှာကော လောကုတ္တရာရေးရာမှာကော နှစ်ဖက်လုံး အတွက်အကျိုးရှိတာပါ။ ဥပမာ- ကိုယ့်ရဲ့ဖြစ်နေတဲ့စိတ်ကလေးကို ကောင်းတဲ့ စိတ်ပဲဖြစ်ဖြစ် မကောင်းတဲ့စိတ်ပဲဖြစ်ဖြစ် သတိကပ်ပြီးသိသိနေရင် နှစ်ဖက်လုံးအကျိုးရှိတာပါ။ ဒါဆို အကုသိုလ်ဖြစ်မှုနည်းသွားသလို ကိုယ်လုပ်နေတဲ့ အလုပ်အတွက်လည်းအမှားနည်းသွားပါတယ်။
တစ်ခါတလေတစ်ယောက်တည်းနေတာလေးကစိတ်ချမ်းသာစရာလေးပါ။ ကံဘောင်ပေါ်ကသစ်သားခုံလေးမှာ ဝိပဿနာလည်းမပါ၊ လောကီအလုပ်တွေလည်းမပါ တစ်ယောက်တည်းထိုင်ရင်း ကန်ရေပြင်ပေါ်ကဖြတ်လာတဲ့ ဆရာဒဂုန်တာရာရဲ့တနွဲ့နွဲ့နော့နေဆဲလေနုအေးကိုရှူရှိုက်ရင်း အေးအေးချမ်းချမ်းတစ်ယောက်တည်းနာရီဝက်လောက်ပဲ ဖြစ်ဖြစ်ထိုင်နေရတာလေးက အေးချမ်းမှုလေးတစ်ခုပါ။ ကိုယ့်ရဲ့တစ်ယောက်တည်းနေထိုင်မှုနေထိုင်မှုပုံစံလေးက အများအတွက်လည်းအနှောက်အယှက်မဖြစ်ပါဘူး၊ လောကပြစ် ဓမ္မပြစ်လည်းမဖြစ်ပါဘူး။ ဒါကို လောကီလောကုတ္တ ရာနဲ့ယှဉ်ပြီးပြောလို့လည်းမရပါဘူး။ အများကိုမထိခိုက်တဲ့ကိုယ့်ရဲ့တစ်ကိုယ်ရေလွက်လပ်ခွင့်တစ်ယောက်တည်းခံစားမှု လေးပါပဲ။ အပေါင်းအဖော်တွေပါလာရင် စိတ်ကကိုယ်ပိုင်လွတ်လပ်ခွင့်မရှိတော့ပါဘူး။ စိတ်က အပေါင်းအဖော် ဆီကိုပို့ထားရတော့မှာပါ။ တခြားတစ်ယောက်ကစကားလာပြောပြန်ရင်လည်း တစ်ယောက်တည်းနေတဲ့ စိတ်ခံစားမှု လေး ပျက်သွားနိုင်ပါတယ်။
ဖုန်းကိုလည်းခဏပိတ်ထားလိုက်မယ်၊ ပတ်ဝန်းကျင်ကော ရောက်နေတဲ့အနေအထားတစ်ခုကိုကော ကျေနပ်ခြင်း မကျေနပ်ခြင်းတွေကိုကော သက်ရှိသက်မဲ့တွေကောခဏမေ့ထားပြီး အထူးသဖြင့် လောကကြီးနဲ့ ဘာမှမဆိုင်သူ တစ်ယောက်အဖြစ် ခဏလေးတစ်ယောက်တည်းနေလိုက်ရတဲ့ ဘဝလေးက စိတ်ချမ်းသာမှုလေး တစ်ခုပါ။ ဒါကတော့ လောကုတ္တရာရေးရာလည်းမပါ၊ လောကီအလုပ်တွေလည်းမပါဘဲ တစ်ခါတလေ တစ်ယောက်တည်းနေထိုင်မှု ပုံစံလေးပါပဲ။
ဒါပေမယ့်လည်း တရားအားထုတ်တဲ့အခါမှာတော့ စာကလမ်းညွန်ထားတဲ့အတိုင်းပဲနေထိုင်ရမှာပါ။
တချို့သူငယ်ချင်းတွေနဲ့ နှစ်ယောက်တွဲသုံးယောက်တွဲရိပ်သာဝင်တဲ့အခါ တစ်ခန်းတည်းအတူတူ နေထိုင်ခွင့် ရဖို့တောင်းဆိုတတ်ကြပါတယ်။ သူငယ်ချင်းတွေနဲ့ကုသိုလ်ပါရမီကောင်းတွေ အတူတူဖြည့်ကြတာ ကောင်းပေမယ့် တရားအားထုတ်တဲ့နေရာမှာတော့ တစ်ယောက်တည်းအားထုတ်တာပဲကောင်းပါတယ်။ တစ်ခန်းတည်းအတူတူ တွဲနေလိုက်ရင်ပထမဆုံးစလုပ်ဖြစ်မယ့်အလုပ်ကစကားပြောဖြစ်တာပါပဲ။ စကားပြောတာဟာ တရားအားထုတ်မှု အတွက်တော်တော်လေးအနှောက်အယှက်ပေးတာပါ။ စကားပြောလိုက်လို့သမာဓိပျက်ရုံတင်မကပါဘူး စကားပြောပြီး အတွေးတွေကိုဓမ္မာရုံထိုင်တဲ့နေရာအထိပါခေါ်သွားတော့တာပါ။ တရားထိုင်နေရင်း ပြောခဲ့တဲ့စကားတွေကို ပြန်တွေး ပြီး သမာဓိကောင်းကောင်းမရတော့ပါဘူး။
ကဿပဘုရားရှင်လက်တော်ကရဟန်းနှစ်ပါးကပါရမီတွေအတူဖြည့်ခဲ့ကြတဲ့သူငယ်ချင်းတွေပါ။ တရားအားထုတ်တဲ့အခါ မင်းသားရဟန်းကပုရောဟိတ်သားရဟန်းဆီလာလာနေလို့ နှစ်ပါးလုံးတရားအားထုတ်မှု ပျက်ရပါတယ်။ တစ်ပါးစီခွဲအားထုတ်လိုက်မှတရားရသွားတာလေးက သူငယ်ချင်းတွေနဲ့တရားအားထုတ်တဲ့အခါ သတိပြုစရာလေးပါ။ တရားအားထုတ်တဲ့အခါမှာတော့ ဘယ်လောက်ပဲခင်တဲ့သူငယ်ချင်းပဲဖြစ်ဖြစ်ခဏ
မေ့ထားရ ပါတယ်။
ကိုယ့်မှာမိသားစုတွေပဲရှိနေရှိနေ၊ ခင်မင်တဲ့သူငယ်ချင်းတွေပဲရှိနေရှိနေ၊ တရားအားထုတ်တဲ့အခါမှာတော့ တစ် ယောက်တည်းပဲအားထုတ်မှတရားအတွက်အဆင်ပြေပါတယ်။ တကယ်လို့ပါရမီဖြည့်ဘက်ခင်တဲ့သူငယ်ချင်းတွေနဲ့ အတူ ရိပ်သာသွားအားထုတ်ဦးတော့ စိတ်ကသူတို့ဆီမရောက်ဘဲ ကိုယ့်အမှတ်နဲ့ကိုယ်ပဲအားထုတ်ရမှာပါ။ သမာဓိတိုးတက်ကြောင်းဆုတ်ယုတ်ကြောင်းသဘောတရားလေးတွေသိထားတော့လည်း တရားအားထုတ်ရတာ အဆင်ပြေတာပါပဲ။
ဘာပဲပြောပြောလေ ဘဝမှာအမြဲတမ်းမဟုတ်ပေမယ့် တစ်ခါတလေတစ်ယောက်တည်းနေရတာလေးက စိတ်ချမ်းမြေ့စရာလေးပါပဲလေ။
ကျမ်းကိုး ။
၁။ အရှင်မဟာကစ္စာယနမထေရ်၏သြဝါဒလေးဖြာသိကောင်းစရာ ။
သဒ္ဓမ္မရံသီဆရာတော်
၂။ ယောဂီသိဖွယ်အသွယ်သွယ် ။
ချမ်းမြေ့ဆရာတော်
ရဝေနွယ်(အင်းမ)
၂၁၊ဇူလိုင်လ၊၂၀၁၅။News Watch စောင့်ကြည့်သတင်းဂျာနယ်

“ဘဝမှာ မိတ်ဆွေဘယ်နှယောက်လိုသလဲ” ရဝေနွယ် (အင်းမ) - Yawainwe Inn Ma
ရဝေနွယ် (အင်းမ)
တစ်ခါတုန်းက ဒမိဠဒေါဝါရိကဆိုတဲ့ဒကာတစ်ယောက်ရှိခဲ့ဖူးပါတယ်။ သူ့ရဲ့နေစဉ်အလုပ်က မနက်စောစော ထပြီး ငါးသွားသွားဖမ်းတဲ့တံငါသည်အလုပ်ပါ။ ရလာတဲ့ငါးတွေကို ရောင်းလည်းရောင်း အိမ်အတွက်လည်း ဟင်းစား အဖြစ် ချက်ပြုတ်စားသောက်ပါတယ်။ နှစ်ပေါင်း (၅၀) လုံးလုံး ငါးဖမ်းတဲ့အလုပ်ကိုပဲ လုပ်ခဲ့ပါတယ်။
အသက်အရွယ်ရလာတော့ ငါးမဖမ်းနိုင်တော့ဘဲ အိပ်ရာကုတင်ပေါ်မှာပဲ လှဲနေရပါတယ်။
နောက်ပိုင်းမှာတော့ ထတောင်မထနိုင်တော့ပါဘူး။ ဒါပေမယ့် ဒမိဠဒေါဝါရိကကို
မေတ္တာထားတဲ့ရဟန်းတစ်ပါးရှိပါတယ်။ မထေရ်နာမည်က စူဠပိဏ္ဍပါတိကတိဿမထေရ်ပါ။
စူဠပိဏ္ဍပါတိကတိဿမထေရ်က “ဒီဒကာကြီး ငါ့မျက်စိရှေ့မှာတော့ မပျက်စီးသင့်ဘူး”ဆိုပြီး ဒမိဠဒကာကြီးရဲ့ အိမ်ရှေ့ကိုသွားရပ်ပါတယ်။ ဒီတော့ ဇနီးလုပ်သူက “ချစ်လင် စူဠပိဏ္ဍပါတိကတိဿမထေရ်ကြွလာတယ်” လို့သွား ပြောပါတယ်။ ဒမိဠက “ငါအနှစ်ငါးဆယ်လုံးလုံး မထေရ်ဆီကိုတစ်ခါမှ မသွားခဲ့ဖူးဘူး၊ ငါ့ကျေးဇူးဘာရှိလို့ မထေရ်က ငါ့ဆီလာတာလဲ၊ ကန်တော့ဆွမ်းလို့သာပြောလိုက်ပါကွာ”လို့ ဇနီးကိုပြန်ပြောခိုင်းလိုက်ပါတယ်။
ဒမိဠက ကန်တော့ဆွမ်းလို့ဆိုပေမယ့်လည်း စူဠပိဏ္ဍပါတိကတိဿမထေရ်ကတော့ မူလရည်ရွယ်ချက်ကို အပျက်မခံဘဲ “ဒကာမ… ဒကာရဲ့ခန္ဓာကိုယ်နေရတဲ့အနေအထားက ဘယ်လိုရှိလဲ”လို့ စမေးလိုက်ပါတယ်။ ဇနီး လုပ်သူက “အရှင်ဘုရား ခန္ဓာကိုယ်အတော်အားနည်းနေတယ်”လို့ပြန်လျှောက်ပြပါတယ်။ ဒီတော့ စူဠပိဏ္ဍပါတိက တိဿမထေရ်လည်း ဒမိဠအပေါ်မေတ္တာထားတဲ့စိတ်ကိုရင်ထဲထားပြီး အိမ်ထဲကိုဝင်လိုက်ပါတယ်။ ပြီးတော့ ဒမိဠအနား ကိုသွားပြီး “ငါးပါးသီလယူနိုင်မလား”လို့ စမေးလိုက်ပါတယ်။ ဒမိဠကလည်း “ယူပါမယ်” ဆိုတဲ့အကြောင်းပြန်လျှောက် ပါတယ်။
မထေရ်က ငါးပါးသီလကို စပေးပါတယ်။ သရဏဂုံသုံးပါးအထိတော့ အသံယဲ့ယဲ့နဲ့ ဆိုနိုင်ပါသေးတယ်။ ဒါပေ မယ့် ပါဏာတိပါတာ စဆိုတဲ့အခါမှာတော့ လျှာကအောက်ကို တွဲကျသွားပါတယ်။ ဆက်မဆိုနိုင်တော့ပါဘူး။ နောက် ဒမိဠလည်း အသက်ပါတစ်ခါတည်း ထွက်သွားပါတော့တယ်။
သေလွန်တော့ စတုမဟာရာဇ်နတ်ပြည်မှာ သွားဖြစ်ရပါတယ်။ နတ်သားတဖြစ်လဲ ဒမိဠလည်း “ငါ ဘာ့ကြောင့် များ နတ်ပြည်မှာဖြစ်ရလဲ”လို့ဆင်ခြင်ကြည့်လိုက်တော့ မထေရ်မြတ်ရဲ့ကျေးဇူးကြောင့်ဆိုတာ သိလိုက်ရပါတယ်။ ဒါနဲ့ မထေရ်ရှိရာကို ချက်ချင်းပဲသွားပါတယ်။ မထေရ်ဆီရောက်တော့ “အရှင်ဘုရား… ဒမိဠဒေါဝါရိကပါဘုရား။ အခု စတု မဟာရာဇ်နတ်ပြည်မှာ ဖြစ်ရပါတယ်ဘုရား။ တကယ်လို့သာ အရှင်ဘုရားက ငါးပါးသီလကို ဆုံးအောင်သာပေးခဲ့ရင် တပည့်တော် တာဝတိံသာနတ်ပြည်မှာ ဖြစ်ရမှာပါဘုရား”လို့ လျှောက်ပါသတဲ့။ “အော်… နတ်သားရယ် သင်က ငါးပါး သီလဆုံးအောင်မှ မယူနိုင်တော့တာဘဲ”လို့ ပြန်မိန့်လိုက်ပါတယ်။
နတ်သားတဖြစ်လဲ ဒမိဠဒေါဝါရိကလည်း မထေရ်ကို ရိုရိုသေသေရှိခိုးပြီး စတုမဟာရာဇ်နတ်ပြည်ကို ပြန်သွား ပါတော့တယ်။
(အင်္ဂုတ္တိုရ်အဋ္ဌကထာ၊ ဒု-တွဲ စာမျက်နှာ-၁၀၇)
မထေရ်မြတ်ရဲ့လျှပ်တစ်ပြက်အပြုအမူက ဒမိဠဒကာအတွက် လျှပ်တစ်ပြက်အကျိုးရှိသွားခဲ့ပါတယ်။ တစ်သက် လုံး အကုသိုလ်လုပ်ခဲ့တဲ့လူတစ်ယောက် အသက်ထွက်ခါနီးမှာ ဝိပဿနာတရားဟောပြလို့မဖြစ်နိုင်တော့သလို ဒါန ကောင်းမှုတစ်ခုပြုဖို့ တိုက်တွန်းလို့လည်း ဘယ်လိုမှမဖြစ်နိုင်တော့တဲ့အနေအထားပါ။ ဒါကြောင့် အသက်ထွက်ခါနီး လူတစ်ယောက်ခံယူနိုင်တဲ့ကျင့်စဉ်လေးကိုပဲ ပေးလိုက်တာပါ။ ဒါတောင် ငါးပါးသီလကို ဆုံးတဲ့အထိယူမသွားနိုင်တော့ ပါဘူး။ စူဠပိဏ္ဍပါတိကတိဿမထေရ်ရောက်မလာဘဲ ဒီအတိုင်းအသက်ထွက်သွားခဲ့ရင်တော့ နောက်ဘဝအတွက်က မတွေးဝံ့စရာပါဘဲ။
ဘုရင့်ဆီမှာ အနှစ်(၅၀)လုံးလုံး ရာဇဝတ်သားတွေကိုသတ်သတ်ပေးခဲ့ရတဲ့ တမ္ဗဒါဌိက အာဏာပါးကွက်သား ဒကာကြီးကျတော့ အရှင်သာရိပုတြာက ဃနာနို့ဆွမ်းလှူနိုင်အောင် စီစဉ်ပေးရုံတင်မကဘဲ တရားကို သင်္ခါရုပေက္ခ ဉာဏ်အထိရောက်အောင်လည်း အေးအေးဆေးဆေး သေချာဟောပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် သေလွန်တဲ့အခါ တုသိတာနတ်ပြည်မှာဖြစ်ရပါတယ်။
တစ်ယောက်က ငါးတွေကိုတစ်သက်လုံးသတ်ခဲ့တယ်၊ တစ်ယောက်က ဘုရင့်အတွက်ရာဇဝတ်သားတွေကို တစ်သက်လုံးသတ်ပေးခဲ့ရတယ်။ ကူညီဖေးမပေးမယ့် မိတ်ကောင်းဆွေကောင်းရဟန်းနှစ်ပါးကတော့ ဟောတဲ့တရား မတူပေမယ့် နောက်ဆုံးအချိန်မှာ အကောင်းဆုံးကူညီပေးသွားခဲ့ပါတယ်။
ပါရမီပါခဲ့တဲ့သူတချို့ဆိုရင်တော့ တရားနာရင်း သောတာပန် သကဒါဂါမ်စသည်တွေ ဖြစ်သွားခဲ့ပါတယ်။ အထက်ကနှစ်ယောက်ကတော့ တရားထူးရလောက်အောင် ပါရမီတွေတော့ပါခဲ့ဟန်မတူပါဘူး။ ဒါပေမယ့် ဒုဂ္ဂတိဘဝ ကို မကျရောက်တော့ဘဲ သူတို့အတွက်တော့ ကံကောင်းစရာမိတ်ဆွေကောင်းတွေ့လိုက်ခြင်းပါပဲ။ သံသရာကူး မြောက်ဖို့အတွက် ဘဝမှာမိတ်ဆွေကောင်းတွေလည်း မဖြစ်မနေလိုအပ်ပါတယ်။
တစ်ခုတော့ရှိပါတယ်၊ နိဗ္ဗာန်ရဖို့အတွက် ဝိပဿနာရှုနည်းတွေ ဖြစ်ခိုက်ရုပ်နာမ်ရှုပုံတွေ စိတ်ကိုရှုပုံတွေ ပညတ်ပရမတ်ခွဲပုံတွေ ဂုဏ်တော်မေတ္တာပွားပုံတွေ သီလဆောက်တည်ပုံ ဒါနပြုပုံတွေ ပြောပြပေးမယ့်လောကုတ္တရာ မိတ်ဆွေတော့ရှိပါရဲ့ လောကီလူမှုနယ်ပယ်မှာ ဘဝဖြတ်သန်းမှုကိုကူညီမယ့် မိတ်ဆွေကောင်းမရှိပြန်ရင်လည်း ဘဝကို ပင်ပင်ပန်းပန်းနဲ့ဖြတ်သန်းနေရမှာပါ။ ဘဝကိုပင်ပင်ပန်းပန်းနဲ့ဖြတ်သန်းနေရရင် ဘဝကပျော်နိုင်မှာမဟုတ်ပါဘူး။ အလုပ်အကိုင်အဆင်မပြေရင် တရားကိုလည်းကောင်းကောင်းလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ လောကထဲမှာနေတဲ့ အတွက် လောကီမိတ်ဆွေတွေလည်း သဘာဝတစ်ခုအနေနဲ့ လိုအပ်နေပြန်ပါတယ်။
တချို့များ မိတ်ဆွေကောင်းနဲ့တွေ့ပြီး အလုပ်လုပ်ဖို့ ငွေအရင်းအနှီးထုတ်ပေးရုံမက လုပ်ငန်းသဘာဝလည်း သွန်သင်ပေးလို့ ကြီးပွားချမ်းသာသွားတဲ့လူတွေ အများကြီးရှိပါတယ်။ တကယ့်လောကီမိတ်ဆွေကောင်းနဲ့တွေ့လိုက် ရင် တစ်သက်လုံးချမ်းသာသွားတော့တာပါ။
ဒါပေမယ့် လောကီမိတ်ဆွေကောင်းတွေ့လို့ ဘဝမှာချမ်းသာပါရဲ့ သံသရာကူးမြောက်ဖို့ လောကုတ္တရာ မိတ်ဆွေကောင်းမရှိပြန်ရင်လည်း သံသရာက အရှည်ကြီးရှည်နေရပါဦးမယ်။ ဒီကြားထဲ အဆင်မပြေမှုလောကဓံဆိုး တွေလည်း ကြုံလာနိုင်ပါတယ်။
ဒါဆို လူ (၄) မျိုးထွက်လာပါလိမ့်မယ်။
၁။ လောကုတ္တရာမိတ်ဆွေရှိတယ် လောကီမိတ်ဆွေမရှိဘူး။
၂။ လောကီမိတ်ဆွေရှိတယ် လောကုတ္တရာမိတ်ဆွေမရှိဘူး။
၃။ လောကုတ္တရာမိတ်ဆွေကော လောကီမိတ်ဆွေကောမရှိဘူး။
၎။ လောကုတ္တရာမိတ်ဆွေကော လောကီမိတ်ဆွေကောရှိတယ်။
လူ(၄)မျိုးထဲမှာ ကိုယ်ကဘယ်ထဲမှာပါနေတာလည်းဆိုတာ ပြန်သုံးသပ်ရမှာပါ။
ဒီတော့ ဘဝမှာ လောကုတ္တရာမိတ်ဆွေကော လောကီမိတ်ဆွေကော မဖြစ်မနေလိုအပ်နေတော့တာပါ။
တစ်ခုတော့ရှိပါတယ်၊ ဘဝကိုလောကီနယ်ပယ်မှာ လက်တွေ့ဖြတ်သန်းနေရတာဆိုတော့ လောကီမိတ်ဆွေ ကိုအရင်ရှာတတ်ကြတာ သဘာဝတစ်ခုပါပဲ။ လောလောဆယ် စားဝတ်နေရေးကို ဖြေရှင်းနေရတာဆိုတော့ လော ကုတ္တရာကိစ္စကို ခဏမေ့ထားရတဲ့သဘောပါ။ ဒီတော့ လက်တွေ့ဖြတ်သန်းနေရတဲ့ လောကီနယ်ပယ်ထဲက လောကီ မိတ်ဆွေတွေကို အရင်ရှာရတော့တာပါ။
ဒီနေရာမှာ မြတ်စွာဘုရားက မိတ်ဆွေဖွဲ့ထိုက်သူရဲ့ အင်္ဂါ (၇) ပါးကို အင်္ဂုတ္တိုရ်မှာ ဟောပြထားပါတယ်။
၁။ ဒုဒ္ဒဒံ ဒဒါတိ = ပေးနိုင်ခဲတဲ့ပစ္စည်းကို ပေးတတ်ခြင်း။
၂။ ဒုက္ကရံ ကရောတိ = ပြုပေးနိုင်ခဲလှတဲ့အမှုကို ပြုပေးတတ်ခြင်း။
၃။ ဒုက္ခမံ ခမတိ = သည်းခံနိုင်ခဲလှတဲ့အရာများကို သည်းခံပေးတတ်ခြင်း။
၎။ ဂုယှဿ အာဝိကရောတိ = သူ့ရဲ့လျှို့ဝှက်ချက်ကို ကိုယ့်ကိုပြောပြတတ်ခြင်း။
၅။ ဂုယှဿ ပရိဂူဟတိ = ကိုယ့်ရဲ့လျှို့ဝှက်ချက်ကို လျှိုဝှက်ပေးထားတတ်ခြင်း။
၆။ အာပဒေသု နဇဟတိ = ဘေးရန်ရှိလာတဲ့အခါ စွန့်မထားတတ်ခြင်း။
၇။ ခီဏေန နာတိမညတိ = ပစ္စည်းဥစ္စာတွေကုန်ခမ်းသွားတဲ့အခါ ဆင်းရဲသွားတဲ့အခါ အထင်မသေး တတ်ခြင်း။
မြတ်စွာဘုရားရှင်က ဒီအင်္ဂါ (၇)ပါးနဲ့ညီတဲ့သူကို မိတ်ဆွေဖွဲ့ထိုက်ပါတယ်လို့ ဟောပြထားပါတယ်။
ဘဝခရီးအတွက် မိတ်ဆွေဖွဲ့တော့မယ်ဆိုရင် အထက်ကအင်္ဂါ (၇) ချက်နဲ့ချိန်ဆပြီးဖွဲ့ရမှာပါ။
တကယ့်မိတ်ဆွေကောင်းဟာ ညီအစ်ကိုမောင်နှမသွေးရင်းကတောင် ပေးနိုင်ခဲတဲ့ပစ္စည်းကိုပေးတတ်သလို တခြားသူတွေ တွေးတောင်မတွေးရဲတဲ့အလုပ်ကိစ္စတွေကိုလည်း ပြုလုပ်ပေးတတ်ပါတယ်။ ကိုယ်ကဘာတွေပဲ သူ့အပေါ်ပြောလိုက်ပြောလိုက် ဘာတွေပဲပြုလိုက်ပြုလိုက် ပြုံးပြုံးပြုံးပြုံးနဲ့ သည်းခံနေတတ်ပါတယ်။ သူ့ရဲ့လျှို့ဝှက် ချက်ကို ကိုယ့်ကိုပြောပြတတ်သလို ကိုယ့်ရဲ့လျှို့ဝှက်ချက်ကိုလည်း ဘယ်သူ့ကိုမှမပြောဘဲ လျှို့ဝှက်ပေးထားတတ်ပါ တယ်။ ဘေးရန်ကြုံလာတဲ့အခါ စွန့်ခွါမသွားတတ်သလို ပစ္စည်းဥစ္စာတွေကုန်ခမ်းသွားတဲ့အခါ ဆင်းရဲသွားတဲ့အခါ တွေမှာလည်း ကိုယ့်ကိုအထင်မသေးတတ်ပါဘူး။
အဲဒီလိုမိတ်ဆွေမျိုးနဲ့မိတ်ဆွေဖြစ်ခွင့်ရတဲ့အခါ ဘယ်လိုအကြောင်းကြောင့်နဲ့မှ ကွာဝေးကွာဝေးမသွားသင့်ပါ ဘူး။ သူဟာကိုယ့်အနားမှာ အမြဲရှိနေရမှာဖြစ်သလို ကိုယ်ဟာလည်းသူ့အနားမှာအမြဲရှိနေရမှာပါ။
တော်တော်များများက ပိုက်ဆံရှိတုန်း ချမ်းသာတုန်း အောင်မြင်တုန်းသာ ခင်ချင်ကြတာပါ။ ဆင်းရဲသွားတဲ့အခါ ကျရှုံးသွားတဲ့အခါ လမ်းတွေ့ရင်တောင် ခေါ်ဖို့နေနေသာသာ ရှောင်တောင်သွားတော့တာပါ။ ဒါက တကယ့် လက်တွေ့တွေပါပဲ။ တကယ့်မိတ်ဆွေအစစ်ကတော့ ကိုယ်ဘယ်ဘဝ ဘယ်အခြေအနေပဲရောက်နေရောက်နေ ကိုယ့်အနားက ခွါမသွားပါဘူး။ တခါတလေကျတော့လည်း ကိုယ်တကယ်ဒုက္ခရောက်တော့မှပဲ မိတ်ဆွေတုနဲ့ မိတ်ဆွေစစ်ကို ခွဲသိရတော့တာပါ။
တစ်ခုတော့ရှိပါတယ်၊ ကိုယ့်ရဲ့မိတ်ဆွေက အင်္ဂါ(၇)ချက်နဲ့ညီညီ ပြုံးပြုံပြုံးပြုံးနဲ့ ကိုယ့်ကိုအမြဲဆက်ဆံပေမယ့် ကိုယ်ကတော့ပြုံးတစ်လှည့်မဲ့တစ်လှည့် ခေါ်တစ်လှည့်မခေါ်တစ်လှည့်ဆိုရင်တော့ အဆင်မပြေပါဘူး။ ကိုယ်ကိုယ်တိုင် ကလည်း မိတ်ဆွေအင်္ဂါ(၇)ချက်နဲ့ညီအောင် ပြန်လည်ပြုမူဆက်ဆံနိုင်ရပါမယ်။ သူကလည်းကိုယ့်ကို မိတ်ဆွေအင်္ဂါ (၇) ချက်နဲ့ဆက်ဆံတယ်၊ ကိုယ်ကလည်းသူ့ကို မိတ်ဆွေအင်္ဂါ (၇)ချက်နဲ့ဆက်ဆံနေမယ်ဆိုရင် ဘဝဖြတ်သန်းမှုက ပျော်စရာကြီးပါ။ ကိုယ်ကိုယ်တိုင် မိတ်ဆွေကောင်းဖြစ်အောင် အရင်တည်ဆောက်ယူရင် ကိုယ့်ကိုယ်ကိုယ်လည်း တည်ဆောက်ပြီးသားဖြစ်သလို မိတ်ဆွေကောင်းတွေလည်း ကိုယ့်ဆီကိုရောက်ရောက်လာတော့မှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ လူတိုင်းက မိတ်ဆွေကောင်းအင်္ဂါရှိတဲ့သူကိုပဲ မိတ်ဆွေဖြစ်ချင်ကြလို့ပါ။ ဒီဘဝချစ်ချစ်ခင်ခင်ဆက်ဆံသွားရင် သံသရာအဆက်ဆက်နိဗ္ဗာန်ရတဲ့အထိ ပါရမီဖြည့်ဖက်မိတ်ဆွေတွေအဖြစ် ရေစက်ဆုံသွားပါလိမ့်မယ်။ ဥပမာ-မြတ်စွာ ဘုရားနဲ့အရှင်အာနန္ဒာ၊ အရှင်သာရိပုတြာနဲ့အရှင်မဟာမောဂ္ဂလာန်၊ မြတ်စွာဘုရားနဲ့ယသောဓရာ၊ အရှင်မဟာ ကဿပနဲ့ဘဒ္ဒါကာပိလာနီတို့လိုပုံစံမျိုးအထိ ပြောင်းလဲသွားနိုင်ပါတယ်။
မိတ်ဆွေကောင်းရှာတာနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာတစ်ခုက အရင်ကမတွေ့ဖူး မမြင်ဖူးပေမယ့် အတိတ် ဘဝတွေက ချစ်ခင်ခဲ့တဲ့စိတ်တွေကြောင့်လည်း မြင်လိုက်တာနဲ့ အကျွမ်းတဝင်ချစ်ခင်တဲ့စိတ်ဖြစ်သွားတတ်တယ်လို့ မြတ်စွာဘုရားရှင်က သာကေတဇာတ်မှာဟောပြထားပါတယ်။ ဒါတွေကတော့ တွေ့ဖူးကြမှာပါ။ မြင်လိုက်တာနဲ့ ချစ်ခင်စိတ်ဖြစ်ပြီး တစ်သက်လုံးမိတ်ဆွေကောင်းတွေဖြစ်သွားကြတာပါ။ ဒါတွေကိုထောက်ပြီး ဘဝအဆက်ဆက်က ချစ်ခင်ခဲ့တဲ့မေတ္တာဓာတ်တွေကြောင့်လည်း သံသရာကမိတ်ဆွေကောင်းတွေကို ဒီဘဝမှာပြန်တွေ့ရတတ်ပါတယ်။ ဒီလိုသံသရာကချစ်ခဲ့ရသူတွေဆိုရင်တော့ နောင်ဘဝအဆက်ဆက်လည်းပြန်တွေ့ကြရဦးမှာပါ။ ဘဝတွေပြန်လည် ဆုံတွေ့ကြရင်းနဲ့ ပါရမီတွေအတူတူဖြည့်ဖြစ်ကြတော့မှာပါ။
ဒါဆိုဘဝမှာ သံသရာကူးမြောက်ဖို့အတွက် ဖေးမလမ်းညွှန်ပေးမယ့်မိတ်ဆွေကော လောကီလူမှုနယ်ပယ်မှာ လွယ်လွယ်ကူကူချမ်းချမ်းသာသာဖြတ်သန်းဖို့အတွက် ကူညီပံ့ပိုးမယ့်မိတ်ဆွေကော မိတ်ဆွေနှစ်ယောက်လိုအပ်နေပါ တယ်။ အဆင့်မြင့်မြင့်ပြောရရင်တော့ လောကုတ္တရာမိတ်ဆွေကော လောကီမိတ်ဆွေကော လိုအပ်ပါတယ်။ ဘဝဖြတ် သန်းမှုမှာ လောကုတ္တရာမိတ်ဆွေကော လောကီမိတ်ဆွေကော ဟန်ချက်ညီညီတွဲပါလာနိုင်ပါမှ ဘဝကအဆင်ပြေပြေ ဖြစ်မှာပါ။ တစ်ဖက်ဖက်ကအားနည်းနေရင် ဟန်ချက်ပျက်နေရင် ဘဝမှာဣနြေ္ဒမရဖြစ်တတ်ပါတယ်။ ဒီတော့ လောကုတ္တရာမိတ်ဆွေကော လောကီမိတ်ဆွေကော မဖြစ်မနေရှာရတော့မှာပါ။
လောကီမိတ်ဆွေကောင်းကိုရပြီး ဘဝတစ်ခုလုံးပြောင်းလဲသွားတာတွေ လောကုတ္တရာမိတ်ဆွေကောင်းကို ရပြီးဘဝတစ်ခုလုံးပြောင်းလဲသွားတာတွေ လက်တွေ့မျက်မြင်လောကမှာတွေ့တွေ့နေရတာဆိုတော့ မိတ်ဆွေတွေထဲ ကပဲ မိတ်ဆွေနှစ်ယောက်ကိုရှာရတော့မှာပါ။
တချို့အမျိုးသမီးတွေဆို အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး သေချင်လောက်အောင် သောကအပူမီးတောက် လောင်နေတဲ့အချိန်မှာ လောကုတ္တရာမိတ်ဆွေကောင်းကိုတွေ့လိုက်ရလို့ တရားအလုပ်ကိုလုပ်ရင်း အေးငြိမ်းလှတဲ့ ဘဝပိုင်ရှင်ဖြစ်သွားတဲ့အမျိုးသမီးတွေလည်းအများကြီးပါ။ ဒါတင်မကပါဘူး သံသရာအတွက်ပါ အများကြီးအထောက် အကူဖြစ်သွားတော့တာပါ။ နိုင်ငံခြားမှာဆိုရင်တော့ ဒီလိုရောဂါမျိုးကို စိတ်ရောဂါအထူးကုဆရာဝန်ဆီမှာ ပိုက်ဆံတွေ အများကြီးအကုန်ခံပြီး နှစ်နဲ့ချီကုရတော့တာပါ။ အပူတွေထဲက အခံရခက်တဲ့အပူတစ်ခုပါပဲ။ ဒီတော့ လောကုတ္တရာ မိတ်ဆွေလည်း မဖြစ်မနေလိုအပ်တာပါ။
“သူကတော့ မိတ်ဆွေအင်္ဂါ (၇) ချက်နဲ့မညီဘူး၊ ဒါကြောင့်မဆက်ဆံဘူး”ဆိုပြီး အဲဒီလိုလည်း ပစ်ပယ်ပစ်ရမှာ မဟုတ်ပါဘူး။ ကိုယ်သတ်မှတ်တဲ့ အင်္ဂါ (၇) ချက်နဲ့မညီပေမယ့်လည်း အဆင့်တစ်ခုအနေနဲ့ထားပြီး ကိုယ်ကသူ့ကို မိတ်ဆွေအင်္ဂါ(၇)ချက်နဲ့ နေထိုင်ပြုမူဆက်ဆံပြရမှာပါ။ အကျိုးရလာဒ်ကတော့ ကိုယ့်အတွက် ကုသိုလ်ဖြစ်သွားတော့ တာပါပဲ။
တချို့ဆိုတစ်ယောက်တည်းကပဲ လောကီမိတ်ဆွေကော လောကုတ္တရာမိတ်ဆွေကော နှစ်ဖက်ရဖြစ်နေတာပါ။ ဆိုလိုတာက တစ်ယောက်တည်းကပဲ အစားလည်းကျွေး တရားလည်းပေးတဲ့မိတ်ဆွေမျိုးပါ။ အဲဒီလိုမိတ်ဆွေမျိုးရရင် တော့ အတိုင်းထက်အလွန် ကံကောင်းတယ်လို့ပြောရတော့မှာပါ။
ဘာပဲပြောပြောလေ ဘဝမှာလောကီမိတ်ဆွေကော လောကုတ္တရာမိတ်ဆွေကော မိတ်ဆွေနှစ်ယောက် လိုအပ်သလို မိတ်ဆွေအင်္ဂါ(၇)ချက်ကိုလည်း နှလုံးသားနဲ့ တစ်သက်လုံး ကျက်ထားလိုက်ဖို့ပါပဲလေ။
ရဝေနွယ် (အင်းမ)
News Watch စောင့်ကြည့်သတင်းဂျာနယ်
၁၄၊ဇူလိုင်လ၊၂၀၁၅။

Sunday, March 1, 2015
Monday, December 15, 2014
Short Stories by Edgar Allan Poe
http://poestories.com/stories.php
His timeless short story and my favorite is "The Tell-Tale Heart" (1850)

Friday, October 11, 2013
Jessica Seinfeld- The Can't Cook Book (with embedded videos)
http://www.amazon.com/Cant-Cook-embedded-videos-ebook/dp/B00F8KUJ6W
here steps to embed video in your publication by flippingbook.com
http://flippingbook.com/help/publisher-2/faq/how-to-embed-video-into-publication/

Thursday, June 13, 2013
Thursday, October 11, 2012
After Fury Over 2010 Peace Prize, China Embraces Nobel Selection
http://www.nytimes.com/2012/10/12/books/nobel-literature-prize.html?pagewanted=all&_r=0
His pen name "Mo Yan" (Chinese: 莫言) — meaning "don't speak" in Chinese. quoted from http://en.wikipedia.org/wiki/Mo_Yan

Sunday, June 3, 2012
great online keyboard
Burmese keyboard
http://www.lexilogos.com/keyboard/burmese.htm
Chinese keyboard
http://www.lexilogos.com/clavier/zhongwen.htm

Thursday, May 17, 2012
Fifty Shades of Grey
Bible & Sex are still best-selling books in the United States. Here 1 of them.
Some said readers should learn "appearances can be deceiving" from Christian Grey's character.

Wednesday, March 21, 2012
Sunday, November 27, 2011
"The Tell-Tale Heart" by Edgar Allan Poe Audio book
So great!!! "The Tell-Tale Heart" by Edgar Allan Poe Audio book is available at loudlit.org.
In this story, there is an old, male victim, but the narrator’s gender is never mentioned. A nameless person explains that he is and was extremely nervous, but is not and was not insane. Rather, the narrator has a "disease" which makes all his senses, especially his hearing, very sensitive. The narrator of "The Tell-Tale Heart" is generally assumed to be male. Poe did not make the gender absolute. Poe’s interest is less in external forms of power than in the power that the mind can hold over an individual. The narrator’s guilt make it inevitable that he will give himself away to the police for his horrible crime.
http://www.loudlit.org/audio/heart/pages/01_02_heart.htmThanks to http://www.loudlit.org/
About LoudLit.org
LoudLit.org is committed to delivering public domain literature paired with high quality audio performances. We pair together great literature and accompanying audio.
Putting the text and audio together, readers can learn spelling, punctuation and paragraph structure by listening and reading masterpieces of the written word. Read and listen via your web browser or on your mp3 player. Regardless of how you enjoy the audiobooks (audio books), they are free.
Saturday, January 29, 2011
Sunday, January 2, 2011
Compilation-of-Stories-ebook Link is available now
For good cause, Please get an ebook copy at http://www.amazon.com/dp/B004HO5HVC (cost to you only $2.99).
By supporting my work, you are also helping an orphan.
Thank you.
Best of luck to all for 2011.
Wednesday, September 29, 2010
Subscribe to:
Posts (Atom)