Showing posts with label glossary of pali and buddhist terms. Show all posts

Wednesday, February 3, 2016
ပိဋကတ် သုံးပုံ application
စိန်ရတနာကျောင်းတိုက်မှ ရေးဆွဲထားသော ပိဋကတ် သုံးပုံ Andoriod ဖုန်း နှင့် Tablet အတွက် application လင့်၊ ipad လင့် နှင့် ကွန်ပြူတာအတွက် လင့်တို့ကို အောက်ပါ Mediafire Link တို့တွင် ဒေါင်းလုပ်ဆွဲယူလို့ ရပါပြီ...( Media Fire လင့် ပေါ်ပေါက်အောင် ကူညီ ကုသိုလ်ယူသူ - ဟိန်းလတ် ( စင်ကာပူ)-heinlat.myo@gmail.com )
Android Link >
http://www.mediafire.com/folder/5gmq1h88sbjyl0a,4d7zw8oli244eq3/shared
ipad link >
http://www.mediafire.com/folder/7tbarqwd1pss8u8,3l483ggriy2drak,2zvgzd6d73y2qhv,o608h9b674384t0,nqpxc2pw3yc1nw2/shared
PC link >
http://www.mediafire.com/folder/1vuk8hx1aj6ef,mm5631nbhuj41,la5v3uud6k6x4,w3l38267m3px6,l52jv8cc0sa0u,44a1gvk1tpa51/shared

Friday, December 18, 2015
ပရိက္ခရာရှစ်ပါး။
ပရိက္ခရာရှစ်ပါး။
၂။ သပိတ်။
၃။ သင်တုန်းဓါး။
၎။ အပ်နှင့်အပ်ချည်။
၅။ ခါးပန်းကြိုး။
၆။ ရေစစ်။
၇။ အိပ်ရာခင်း (ဝါ) ဖျာချောနု။ (တောင်းဝှေ (ဝါ) ဆီကျည်ဘူး။)။ထီးဖိနပ်။
၈။ နိသီဒိုင် (ဝါ) သားရေနွယ်။(မြေမှာခင်းထိုင်သောအဝတ်)။
သင်္ကန်းသုံးရပ်၊သပိတ်၊အပ်၊ပဲကွတ်၊ရေစစ်၊ခါးပန်းတစ်၊မှတ်လျှင်ရှစ်ပရိက္ခရာ။
ပရိက္ခရာရှစ်ပါး(သဒ္ဓမ္မရံသီရိပ်သာဆရာတော်အရှင်ကုဏ္ဍလာဘိဝံသ)။
တိစီဝရိတ်၊ သပိတ်၊ ဓား၊ အပ်၊ ခါးပန်း၊ ရေစစ်၊
ရှစ်ခုဖြစ်၊ စင်စစ်၊ ပရိက္ခရာ။
Saturday, December 12, 2015
ဝိမုတ္တိ = လွတ်မြောက်ခြင်း
ဝိမုတ္တိငါးမျိုးတို့ကား -
၁။ တဒင်္ဂ၀ိမုတ္တိ - ကာမာဝစရ ကုသိုလ်ဖြစ်ခိုက်တွင် ကိလေသာတို့မှာ အခိုက်အတန့်လွတ်မြောက်မှု၊
၂။ ၀ိက္ခမ္ဘန၀ိမုတ္တိ - မဟဂ္ဂုတ် ကုသိုလ်ဖြစ်ခိုက် (ဈာန်ဝင်စားခိုက်)တွင် ကိလေသာမှ လွတ်မြောက်မှု၊
၃။ သမုစ္ဆေဒ၀ိမုတ္တိ - မဂ်ကုသိုလ်စိတ်ဖြစ်ခိုက်တွင် ကိလေသာမှ အကြွင်းမဲ့လွတ်မြောက်မှု၊
၎။ ပဋိပဿဒ္ဓိဝိမုတ္တိ - ဖိုလ်စိတ်ဖြစ်ခိုက် (ဖိုလ်ဝင်စားခိုက်)တွင် ကိလေသာမှလွတ်မြောက်မှု၊
၅။ နိဿရဏ၀ိမုတ္တိ - နိဗ္ဗာန်ကို မျက်မှောက်ပြုခိုက်တွင် ကိလေသာမှလွတ်မြောက်မှု။

Sunday, December 21, 2014
glossary of pali and buddhist terms
ဥပါသကာ / ဥပါသိကာ ဆိုတာ ဘာလဲ
စစ်မှန်တဲ့ ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်နေသူ အမျိုးသား ကို " ဥပါသကာ"
အမျိုးသမီးကို ' ဥပါသိကာ' ဟုခေါ်သည်။
ဝိပတ္တိတရားလေးပါး
ဝိပတ္တိတရားလေးပါး။။ ၀ိပတ္တိ။မပြည့်စုံခြင်း၊ချို့တဲ့ခြင်း၊ ပျက်စီးခြင်း။ဗုဒ္ဓဘာသာဝင်တို့ဘုရားရှိခိုး ဆုတောင်းသည့်အခါ ၀ိပတ္တိတရားလေးပါးမှ ကင်းလွတ်ငြိမ်းအောင် ထည့်၍ဆုတောင်းလေ့ရှိကြသည်။
1.မင်းဆိုးမင်းယုတ်အုပ်စိုးသော ကာလ၌ဖြစ်ခြင်း၊ 2.အပါယ်လေးပါး၌ ဖြစ်ရခြင်း၊ 3.ရုပ်ဆင်းအင်္ဂါ ချို့တဲ့ခြင်း၊ 4.အသိအလိမ္မာ ညာဏ်ပညာနှင့် သတိဝီရိယ မ၇ှိခြင်း။
ဗျသနတရားငါးပါး
ဗျသနတရားငါးပါး။။ ဗျသန။ပျက်စီးခြင်း၊ဆုံးရှုံးခြင်း။ ဗျသနတရားငါးပါးရှိသည်။
1.ဉာတိဗျသန -ဆွေမျိုးများ ပျက်စီးခြင်း၊ 2.ဘောဂဗျသန -စည်းစိမ်ဥစ္စာ ပျက်စီးခြင်း၊ 3.ရောဂဗျသန- အနာရောဂါဖြစ်၍ ပျက်စီးခြင်း၊ 4.ဒိဋ္ဌိဗျသန -အယူမှား၍ပျက်စီးခြင်း၊ 5.သီလဗျသန -သီလ ပျက်စီးခြင်း။
ဗြဟ္မစရိယ မဂ်လာ
ဗြဟ္မစရိယာ- မေထုန်ငယ် ၊ မေထုန်ကြီးတို့မှ ရှောင်ကြဉ်ခြင်း
ထေရီ
ထေရီ ဆိုတာ ရဟန္တာမိန်းမကိုခေါ်သည်။
ဧတဒဂ် ဘွဲ့တံဆိပ်တော်ရ ရဟန်းမိန်းမ ၁၃-ပါး။ ဧတဒဂ် ဘွဲ့တံဆိပ်ရ လူမိန်းမ ၁ဝ-ယောက် ရှိသည်။
http://www.dhammaweb.net/notes/view.php?id=190
ထေရာ ရဟန္တာ
ထေရာ ဆိုတာရဟန္တာ ယောက်ျား ကိုခေါ်သည်။
(၂) 'အဂ္ဂ မဟာပညာ' ဘွဲ့တံဆိပ်ရသူ အရှင် သာရိပုတ္တရာ၊
(၃) တန်ခိုးအရာ၌ 'အဂ္ဂ ဣဒ္ဓိမန္တ' ဘွဲ့တံဆိပ်ရသူ အရှင်မောဂ္ဂလ္လာန်၊
(၄) ဓူတင်ဆောင် 'အဂ္ဂ ဓုတင်္ဂဓရ'ဘွဲ့တံဆိပ်ရသူ အရှင် မဟာကဿပ၊
(၅) 'ဒိဗ္ဗစက္ခုဉာဏ်' ဘွဲ့တံဆိပ်ရသူ အရှင်အနုရုဒ္ဓါ၊
(၆) အမျိုးမြတ်'အဂ္ဂ ဥစ္စကုလိက' ဘွဲ့တံဆိပ်ရသူ အရှင် ဘဒ္ဒိယ၊ ၎င်းသည် ဘ၀မခြားဘဲ ငါးရာတိုင်တိုင်ဆက်၍ မင်းဖြစ်ဖူးသောကြောင့် အမျိုးမြတ်ဘွဲ့ထူး တံဆိပ်ရသည်ဟူ၏၊
(၇) အသံကောင်း 'အဂ္ဂ မဉ္ဇူသရ' ဘွဲ့တံဆိပ်ရသူ အရှင်လကုဏ္ဍက ဘဒ္ဒိယ၊
(၈) ခြင်္သေ့သံဖြင့်ကြုံးဝါးသည့် 'အဂ္ဂ သီဟနာဒိက' ဘွဲ့တံဆိပ်ရသူ အရှင် ပိဏ္ဍောလ ဘာရဒွါဇ၊ ၎င်းသည် အရဟတ္တဖိုလ် ရသည့် နေ့မှာပင် မဂ်ဖိုလ်၌ သံသယရှိသောသူ သည်ငါ့ကိုမေးကြဟု မကြောက်မရွံ့ ခြင်္သေ့သံဆို၍ ဘုရားရှေ့တော်၌လည်း အရှင်ဘုရား သာသနာတော်၌ ပြုဖွယ်ကိစ္စသည် အကျွန်ုပ်အား အပြီးတိုင်ရောက်ပါပြီဟု ခြင်္သေ့သံကိုဆိုလေသည်၊ ထို့ကြောင့် ဧတဒဂ်ရသည်ဟူ၏၊
(၉) တရားဟောကောင်း 'အဂ္ဂ ဓမ္မကထိက' ဘွဲ့တံဆိပ်ရသူ အရှင်ပုဏ္ဏ၊
(၁၀) အကျဉ်းကိုအကျယ်ဖွဲ့တတ်ရာ၌ တံဆိပ်ရသူ အရှင်မဟာကစ္စည်း၊
(၁၁) စိတ်နှလုံးဖြင့်ပြီးသော ကိုယ်ကိုဖန်ဆင်းရာ၌ 'အဂ္ဂ စေတာ ၀ိဝဋ္ဋ' ဘွဲ့တံဆိပ်ရသူ အရှင်စူဠပန်၊
(၁၂) 'အဂ္ဂ သညာ ၀ိဝဋ္ဋ ကုသလ' အရာ၌ ဘွဲ့တံဆိပ်ရသူ အရှင် မဟာပန်၊
(၁၃) ကိလေသာကင်း၍နေသောအရာ မြတ်သောအလှူခံပုဂ္ဂိုလ်အရာတို့၌ ဘွဲ့တံဆိပ်နှစ်ထပ်ရသူ အရှင် သုဘူတိထေရ်၊
(၁၄) အရညကင်တောရ ဘွဲ့တံဆိပ်ရသူ ရှားတောနေ အရှင်ရေ၀တထေရ်၊
(၁၅) ဈာန်ဝင်စားသောအရာ၌ ဘွဲ့တံဆိပ်ရသူ အရှင် ကင်္ခါရေ၀တ၊
(၁၆) လုံ့လ၀ီရိယအရာ၌ ဘွဲ့တံဆိပ်ရသူ ကုဋေ ၂၀-တန် တန်ဆာကို လူ့ဘ၀က ၀တ်ဆင်ခဲ့ဖူးသော သူဌေးသား သောဏခေါ် အရှင် ကောဋိဝိသသောဏ၊
(၁၇) သာယာ နာပျော်ဖွယ်ရှိအောင် ရွတ်ဖတ်တတ်သောအရာ၌ 'အဂ္ဂ ကလျာဏ ၀ါက္ကရ' ဘွဲ့တံဆိပ်ရသူ လူ့ဘ၀က တစ်ကုဋေတန် နားတောင်းတန်ဆာ ဆင်ပန်ခဲ့ဖူးသည့် အရှင်ကုဋိကဏ္ဏသောဏ၊
(၁၈) လာဘ်ပေါများသော အရာ၌ 'အဂ္ဂ လာဘီ' ဘွဲ့တံဆိပ်ရသူ အရှင်သီဝလိ၊
(၁၉) သဒ္ဓါအားကြီးသောအရာ၌ 'အဂ္ဂ သဒ္ဓါဓိမုတ္တ' ဘွဲ့တံဆိပ်ရသူ အရှင် ၀က္ကလိ၊
(၂၀) သိက္ခာသုံးပါးကို လိုလားလိုက်နာရာ၌ 'အဂ္ဂ သိက္ခာကာမ' ဘွဲ့တံဆိပ်ရ သားတော် အရှင်ရာဟုလာ။
(၂၁) 'အဂ္ဂ သဒ္ဓါ ပဗ္ဗဇ္ဇိတ' အရာ၌ ဘွဲ့တံဆိပ်ရသူ အရှင် ရဋ္ဌပါလ၊
(၂၂) စာရေးတံခေါ် မဲလိပ်ချအလှူကို ရှေးဦးစွာယူရာ၌ 'အဂ္ဂ ပဌမ သလာက ဂဏှန္တ' ဘွဲ့တံဆိပ်ရသူ အရှင် ကောဏ္ဍဒါန၊
(၂၃) ကဗျာကာထာ သီကုံးဖွဲ့ဆိုရာ၌ လျင်မြန်ခြင်း 'အဂ္ဂ ပဋိဘာဝန၀န္တ' ဘွဲ့တံဆိပ်ရသူ အရှင်ဝင်္ဂီသ၊
(၂၄) ထက်ဝန်းကျင်ကြည်ညိုဖွယ်ကို ဆောင်ရာ၌ 'အဂ္ဂ သမန္တ ပါသာဒိက' ဘွဲ့တံဆိပ်ရသူ အရှင် ဥပသေန၊
(၂၅) ကျောင်းအိပ်ယာနေရာ ခင်းတတ်ရာ၌ 'အဂ္ဂ သောနာသန ပညာပက' ဘွဲ့တံဆိပ်ရသူ အရှင် ဒဗ္ဗ၊
(၂၆) နတ်တို့ချစ်မြတ်နိုးအပ်သည့်အရာ၌ 'အဂ္ဂ ဒေ၀ါနံ ၀ိယမနာပ' ဘွဲ့တံဆိပ်ရသူ အရှင် ပိလိန္ဒ၀စ္ဆ၊
(၂၇) တရားကို လျင်စွာသိသောအရာ၌ 'အဂ္ဂခိပ္ပါဘိည'ဘွဲ့တံဆိပ်ရသူ အရှင်ဒါရုစိ၊
(၂၈) ဆန်းဆန်းကြယ်ကြယ်စကားကိုပြောဆိုတတ်ရာ၌ 'အဂ္ဂ စိတ္တ ကထိက' ဘွဲ့တံဆိပ်ရသူ အရှင်ကုမာရကဿပ၊
(၂၉) 'အဂ္ဂ ပဋိသမ္ဘိဒါပတ္တ' ဉာဏ်အရာ၌ ဘွဲ့တံဆိပ်ရသူ အရှင် မဟာကောဋ္ဌိတ၊
(၃၀) ဗဟုသုတအရာ, သတိမမေ့သည့်အရာ, ပညာလျင်သည့်အရာ, လုံ့လရှိသည့်အရာ, အလုပ်အကျွေးကောင်း, ပေါင်း ဘွဲ့တံဆိပ် ငါးထပ်ရသူ အရှင် အာနန္ဒ။
(၃၁) အခြံအရံများခြင်း၌ 'အဂ္ဂ မဟာပရိသ' ဘွဲ့တံဆိပ်ရသူ အရှင် ဥရုဝေဠကဿပ၊
(၃၂) အမျိုးကို ကြည်ညိုအောင်ပြုလုပ်တတ်ရာ၌ 'အဂ္ဂ ကုလပသာဒက' ဘွဲ့တံဆိပ်ရသူ အရှင်ကာလုဒါယီ၊
(၃၃) အနာရောဂါကင်းရာ၌ 'အဂ္ဂ အပ္ပါဗာဓိက' ဘွဲ့တံဆိပ်ရသူ အရှင် ဗာကုလ၊ ၎င်းသည် အယုတ်သဖြင့် သန်းဝေခြင်း ချေဆတ်ခြင်းမျှမရှိ ဟူသတ်၊
(၃၄) ပုဗ္ဗေနိဝါသဉာဏ်၌ 'အဂ္ဂ ပုဗ္ဗေနိဝါသ အနုဿရန္တ' ဘွဲ့တံဆိပ်ရသူအရှင်သောဘိတ၊
(၃၅) ၀ိနည်းဓိုရ်ရာထူး၌ 'အဂ္ဂ၀ိနယဓရ' ဘွဲ့တံဆိပ်ရသူ အရှင် ဥပါလိ၊
(၃၆) ဘိက္ခုနီမတို့ကိုဆုံးမရာ၌ အကောင်းဆုံး 'အဂ္ဂဘိက္ခုနောဝါဒက' ဘွဲ့တံဆိပ်ရသူ အရှင် နန္ဒက၊
(၃၇) ဣေ`န္ဒကောင်းရာ၌'အဂ္ဂဣေ`န္ဒိယဂုတ္တဒွါရ' ဘွဲ့တံဆိပ်ရသူ ညီတော်မင်းနန်ခေါ် အရှင်နန္ဒ၊
(၃၈) ရဟန်းတော်တို့ကို ဆုံးမရာ၌အကောင်းဆုံး 'အဂ္ဂ ဘိက္ခု သြ၀ါဒက' ဘွဲ့တံဆိပ်ရသူ အရှင် မဟာကပ္ပိန္န၊
(၃၉) တေဇောကသိုဏ်းရာထူး၌'အဂ္ဂ တေဇောဓါတု ကုသလ' ဘွဲ့တံဆိပ်ရသူ အရှင် သာဂတထေရ်၊
(၄၀) ဒေသနာတော် အသစ်အသစ် တင်ရာ၌ 'အဂ္ဂ ပဋိဘာနေယျက' ဘွဲ့တံဆိပ်ရသူ အရှင် ရာဓ၊
(၄၁) ညစ်နွမ်းခေါင်းပါးသောပံ့သကူသင်္ကန်းကို ဆောင်ရာ၌ 'အဂ္ဂ လုခ စီဝရ ဓရ' ဘွဲ့တံဆိပ်ရသူ အရှင် မောဃရာဇ။

ဧတဒဂ် ဘွဲ့တံဆိပ်တော်ရ ရဟန်းယောက်ျား ၄၁-ပါးရှိသည်။
(၁) 'အဂ္ဂရတ္တညူ' ဘွဲ့တံဆိပ်ရသူ အရှင်ကောဏ္ဍည၊(၂) 'အဂ္ဂ မဟာပညာ' ဘွဲ့တံဆိပ်ရသူ အရှင် သာရိပုတ္တရာ၊

Subscribe to:
Posts (Atom)