Showing posts with label ပုဂံ (Pagan). Show all posts
Showing posts with label ပုဂံ (Pagan). Show all posts
Monday, July 4, 2016
ကျန်စစ်သား သမိုင်းကြောင်း
ဇင်ထွန်းကျော်(မအူပင်)
နည်းပညာနှင့်ဗဟုသုတများ
Monday, June 22, 2015
ကျန်စစ်သား သမိုင်း အကြောင်း
အနော်ရထာမင်း(အနိရုဒ္ဓ)လွန်သော် သူ၏သားတော်စောလူးမင်းနန်းတက်သည်။ စောလူးမင်းအား သူ၏ငယ်သူငယ်ချင်းဖြစ်သူ ငရမန်ကန်း ကပုန်ကန်ဖမ်းဆီးသွားသဖြင့် ကျန်စစ်သားကသွားရောက်ကယ်တင်ရာ စောလူးမင်းက ကျန်စစ်သားသူ့အားကယ်တင် ပါသည်ဟု အော်လေသဖြင့် စောလူးမင်းကိုထားခဲ့ရလေသည်။ရန်သူလက်ချက်ဖြင့် စောလူးမင်းကံကုန်သည်တွင် ပုဂံပြည်တွင် ကျန်စစ်သားမင်း နန်းတက်လေသည်။ ကျန်စစ်သားမင်းကြီးသည် ပုဂံပြည်ထီးနန်းကို ခရစ်နှစ် ၁၀၈၄ တွင်ဆက်ခံခဲ့ပါသည်။
အနော်ရထာမင်းကြီး၏ အားထားရသော သူရဲကောင်းတစ်ယောက်ဖြစ်သည့် ကျန်စစ်သားသည် အနော်ရထာထူထောင်ခဲ့သော နိုင်ငံတော်ကိုမပြိုကွဲအောင် စည်းရုံးဆောင်ရွက်နိုင်ခဲ့သည်။ မွန်-မြန်မာ ချစ်ကြည်စွာနေထိုင်ရေးကိုအားပေးသည့်အနေဖြင့် သူရေးထိုးခဲ့သော ကျောက်စာများတွင် မွန်ဘာသာကိုလည်း ထည့်သွင်းစေခဲ့သည်။ ဆည်၊ မြောင်း၊ ကျောင်း၊ ကန်များကို နိုင်ငံတော်အနှံ့ ဆောက်လုပ်စေခဲ့သည်။ သာသနာတော်ကို ချီးမြှောက်၍ ဘုရား၊ စေတီ၊ ဂူပုထိုးများလည်း တည်ထားခဲ့သည့်အပြင် ဗုဒ္ဓဂါယာရှိ ပျက်စီးယိုယွင်းမူ့များကို တမန်များစေလွှတ်၍ ပြုပြင်စေခြင်း၊ ပိဋကတ်တော်ကို စစ်ဆေးပြုပြင်၍ တစ်စုံကူးစေခြင်း၊ မြို့တော်ရှိရဟန်း၊ သံဃာများအား ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းခြင်း အစရှိသော သာသနာရေးဆိုင်ရာ ကုသိုလ်များကိုလည်းပြုခဲ့သည်။ အေဒီ ၁၁၀၁ ခုနှစ်၊ ဒီဇင်ဘာတွင် နန်းတော်သစ်ကိုတည်၍ အေဒီ ၁၁၀၂ ခုနှစ်၊ ဧပြီလတွင် နန်းတော်ကိုလက်စသတ်ခဲ့သည်။ ထီးနန်းကို ၂၈ နှစ်ကြာစိုးစံတော်မူပြီးနောက် အေဒီ ၁၁၁၂ တွင် နတ်ရွာစံကံကုန်ခဲ့သည်။ အရိုက်အရာကို မြေးတော် အလောင်းစည်သူ မင်းက ဆက်ခံခဲ့သည်။
ငယ်စဉ်ဘဝ
ကျန်စစ်သားမင်းသည် အဖဘက်မှ အာဒိစ္စ၀ံသနေမျိုးဖြစ်၍ အမိဘက်မှ ၀ါးပင်အတွင်းမှ သန္ဓေတည် မွေးဖွားလာသောသူဖြစ်သည်ဟု ကျောက်စာတစ်ချို့တွင် ဖေါ်ပြထားသည်။ ကျန်စစ်သားမင်း၏ဘွဲ့တော်မှာ သင်္ကကရိုက်ဘာသာဖြင့် ဂြီ့ဗကြဘရဏတြိဘူပတိ ဖြစ်၍ အဓိပ္ပါယ်မှာ ငယ်ရွယ်ပျိုမြစ်သောမင်း ဟု ကောက်ယူနိုင်သည်။ ထိလိုင်မင်းဟုလည်း နာမည်ရှိပြီး ကျန်စစ်သားသည် ရှေးမင်းဆက်မှ ဆင်းသက်လာသူမဟုတ်ပဲ အရည်အချင်းကြောင့် ထီးနန်းဆက်ခံနိုင်ခဲ့ခြင်းဖြစ်လေသည်။ ကျန်စစ်သားမင်း၏ အခြားဘွဲ့ ဖြစ်သော ထိလိုင်မင်းဟုလည်း ခေါ်သောကြောင့် ယခုဝမ်းတွင်းမြို့နယ်ရှိ ထီးလှိုင်အရပ်ကို အုပ်ချုပ်ရသောသူ တစ်ယောက်ဖြစ်မည်ဟု ထင်ရသည်။ ရာဇ၀င်အချို့တွင် အနော်ရထာမင်းက နန်းအရာကိုလုယူမည်သူဟု အထင်ရှိသဖြင့် အသက်အရွယ်အလိုက် ကွပ်မျက်ခဲ့သည်ဟုဆိုကြသည်။ ဘုန်းရှင်၊ ကံရှင်ဖြစ်သဖြင့် အသက်မသေပဲရှိသော် အနော်ရထာမင်းက မိမိလက်အောက်တွင် အမူ့ထမ်းစေခဲ့သည်ဟုဆိုသည်။ မြန်မာသမိုင်းစာအုပ်တစ်ချို့တွင် ကျန်စစ်သားနှင့် အခြားသူရဲကောင်းသုံးယောက်ဖြစ်သည့် ငထွေရူး၊ ငလုံးလက်ဖယ်နှင့် ညောင်ဦးဖီးတို့အား ပုဂံပြည့်ရှင် အနော်ရထာမင်း၏ သူရဲကောင်းလေးယောက်ဟု ဖေါ်ပြကြသည်။
ဟံသာဝတီ (ပဲခူး) ကို ဂျွမ်းစစ်သည်များ လာရောက်တိုက်ခိုက်ရာတွင် စစ်သည်လေးသိန်းအားနှင့် ညီမျှသောသူရဲကောင်း လေးယောက်နှင့် ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည်ဟု လည်းပါသည်။ ပဲခူးဘုရင်က ကျေးဇူးတုံ့ပြန်သောအားဖြင့် သမီးတော် မဏိစန္ဒာကို ပုဂံဘုရင်အနော်ရထာ မင်းထံဆက်သရာတွင် လမ်းခရီး၌ ကျန်စစ်သားနှင့် သံယောဇဉ်ငြိတွယ်ခဲ့ကြသည်ဟု မြန်မာရာဇ၀င်များတွင် ဆိုကြသည်။ သို့သော်ထိုအကြောင်း အရာများကို ကျန်စစ်သားမင်းရေးထိုးခဲ့သော မည်သည့်ကျောက်စာတွင်မှမတွေ့ရှိခဲ့ရပေ။ ထိုသို့သံယောဇဉ်တွယ်သဖြင့် ဘုရင်ကအမျက်တော် ရှရာ၍ ကျန်စစ်သားကို နှောင်ကြိုးတည်းကာ ခေါ်လာစေသည်။ အနော်ရထာ ကိုယ်တိုင် လှံဖြင့်လွှတ်၍ ထိုးလိုက်သည်တွင် လူကိုမထိမိ နှောင်ကြိုးကိုသာ ထိုးမိ၍ နှောင်ကြိုးပြတ်သွားကာ တစ်ဖက်ကမ်းသို့ ထွက်ပြေးလေရာ မန္တလေးတောင်တွင် ကျန်စစ်သားခြေရာဆိုသော ကျောက်တုံးပေါ်မှ ခြေရာတစ်ခုလည်း ဒဏ္ဍာရီအဖြစ်ရှိပေသည်။ မင်းဒဏ်သင့်နေစဉ် ကာလအတွင်းတွင် သမ္ဘူလနှင့် လက်ထပ်ခဲ့၍ သားတော် ရာဇကုမာရ်ထွန်းကားသည်။ အချို့ကလည်း ထို ရာဇကုမ္မာမင်းသားမှာ ကျန်စစ်သား၏ သားမဟုတ်ဟုလည်းဆိုကြသည်။ ထိုမင်းသားသည် နောင်တွင် မြန်မာစာပေနှင့်သမိုင်းအတွက် အရေးပါသော ရာဇကုမ္မာကျောက်စာကို ရေးထိုးခဲ့သည်။ ရာဇ၀င်များနှင့် သမိုင်းကျောက်စာများအရ အမျိုးမျိုးသောအယူများကွဲပြားနေသော်လည်း ကျန်စစ်သားမင်းသည် အနော်ရထာလက်ထက်တွင် အလွန် အရေးပါသော လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသည့် သူရဲကောင်း တစ်ယောက်ဖြစ်ခဲ့မည်မှာ အမှန်ပင်ဖြစ်လေသည်။
ထီးနန်းကိုရခြင်း
အနော်ရထာမင်းထံမှ နန်းမွေကိုသားတော်စောလူးမင်းက အေဒီ ၁၀၇၇ တွင်ဆက်ခံလေရာ ထိုမင်းအုပ်ချုပ်ပုံညံ့ဖျင်းသဖြင့် တိုင်းကားပြည်ရွာမငြိမ်မသက်ဖြစ်လေသည်။ ငယ်သူငယ်ချင်းဖြစ်သူ ငရမန်ကန်းက သူပုန်ထရာတွင် စောလူးမင်းအဖမ်းခံခဲ့ရသည်ဟုရာဇ၀င်ကျမ်းများတွင်ပါသည်။ စောလူးမင်းကို ရန်သူများလက်မှ ကယ်တင်ရန်အတွက် ရန်သူတပ်အတွင်းသို့တစ်ကိုယ်တော်ဝင်ရောက်ခဲ့သည်။ စောလူးမင်းအား ထမ်းပြေး၍ ကယ်တင်ရာ ကျန်စစ်သားအားမယုံကြည်ပဲ ငယ်သူငယ်ချင်းဖြစ်သူ ငရမန်ကန်းကသာ အသက်ကိုချမ်းသာပေးမည်ထင်သဖြင့် ကျန်စစ်သား သူ့အားလာကယ်ပါသည်ဟု အော်လေရာ စောလူးမင်းအားရန်သူလက်အတွင်းထားခဲ့ရလေသည်။ စောလူးမင်းသည် ငရမန်ကန်းလက်ချက်ဖြင့် ကံကုန်ခဲ့သည်ဟု ရာဇ၀င်ကျမ်းတစ်ချို့ ဆိုသည်။ သူပုန်ထသော ငရမန်ကန်းရန်ကို ကျန်စစ်သားဦးဆောင်၍ နှိမ်နင်းခဲ့သည့်အပြင် မြန်မာ့သမိုင်းလေ့လာသူ ပါမောက္ခလုစ် ထင်မြင်ယူဆသော အခြားသူပုန်ထဖွယ်အရေးလည်းရှိပေသည်။ ထိုသူပုန်ထမှုမှာ အနော်ရထာမင်းသိမ်းပိုက်ခဲ့သော မွန်တိုင်းဌာနေနှင့်ပတ်သတ်လေသည်။ မနုဟာမင်း၏ မြေးတော်သူမှာ ငရန်မန်ကန်း၏သူပုန်ထမှု နှင့်မပတ်သတ်ပဲ သီးခြားသူပုန်ထလိုဟန်တူပေသည်။ ပုဂံမင်းအခမ်းအနားသုံးလှေတော်အား ယူဆောင်၍ပြေးလေရာ ကျန်စစ်သားက မနုဟာမင်း၏ မြစ်တော်နှင့်သမီးတော်အား ပေးစားကာ ပေါက်ဖွားသောကလေးငယ်အား ထီးမွေဆက်ခံစေမည်ဟု ကတိပေး၍ မွန်-မြန်မာချစ်ကြည်ရေးကိုထိန်းသိမ်းထားခဲ့သည်ဟု ယူဆရလေသည်။ ထိုကတိမှာ ရာဇကုမ္မာမင်းသားထီးမွေမရခဲ့ခြင်းအကြောင်းလည်း ဖြစ်နိုင်ပေသည်။ အနော်ရထာမင်းတည်ထောင်ခဲ့သော နိုင်ငံတော်အားမပြိုကွဲအောင် နှလုံးရည်နှင့် စည်းလုံးနိုင်ခဲ့ခြင်းလည်း ဖြစ်ပေသည်။ ထိုကဲ့သို့ လက်ရုံးရည်၊နှလုံးရည်နှင့် ပြည့်စုံသော ပုဂံသူရဲကောင်းအား မူးမတ်၊ သေနာပတိများက ၁၀၈၄ တွင်နန်းအပ်ခဲ့သည်။ ၁၀၈၆ တွင်မှရာဇဘိသေကခံယူခဲ့သည်ဟု ကျောက်စာများတွင်ဖေါ်ပြထားသည်။
နန်းတက်ကတိ
`ပုဂံကို ရန်သူတို့ ဖျက်ဆီးသောအခါ အမျိုးလေးပါးသည် စစ်သုံ့ပန်းဖြစ်၍ အချို့ လည်း အောက်အကြေသို့ ပါကြရသည်။
အချို့ လည်း အထက်အညာသို့ ပါကြရသည်။
ငါ၏ အကူအညီဖြင့် ထိုသူတို့ ပုဂံသို့ ပြန်ရောက်စေပါအံ့။
များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ ၊မယားတကွဲ ၊ မိကွဲ ၊ ဖကွဲ ဖြစ်ကြရကုန်၏။
ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့၊ ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာ ကိုပေးအံ့၊ ငါ၏၀ဲလက်ဖြင့် ၀တ်စား တန်ဆာ ပေးအံ့။
အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့၊´
(ကျန်စစ်သား၏ မူရင်း မွန်ဘာသာဖြင့် ရေးထိုးထားသော ရွှေစည်းခုံဘုရား ကျောက်စာကို မြန်မာပြန်မှ)
မူရင်း မွန်ဘာသာ ကို ပင် G.H.Luce က ဤသို့ အင်္ဂလိပ် ဘာသာ သို့ ပြန်ဆိုထားသည် ကိုလည်း တွေ့ရပါသည်။
“ His Majesty’s desire – quickly they shall be fulfilled. When raiding enemies come up to destroy Pagan , and all four castes of people living there are borne off captive downstream and go to other countries, by the strength lift and energy of the king ,swiftly shall they ascend upstream and take their solace in Pagan again. Of those torn from their dear ones, if those who were sick at heart , by a course of benefits , with water of compassion , with loving-kindness which is even as a hand , he shall wipe their tears , he shall wash away their snot . With his right hand rice and bread , with his left hand ornaments and apparel , he shall give to all his people. Like children resting in their mother’s bosom , so shall the king keep watch over them and help them ”
(1102-AD တွင် ရေးထိုးခဲ့သော ကျောက်စာ ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားခြင်း)
ကျန်စစ်သားမင်း၏ စွမ်းဆောင်ချက်များ
ရွှေစည်းခုံစေတီတော်
ကျန်စစ်သားခေါ် ထိလိုင်မင်းသည် ဘုရင်ဖြစ်ပြီးနောက် မွန်-မြန်မာချစ်ကြည်ရေးကို အလေးပေးဆောင်ရွက်ခဲ့သည်။ မွန်ယဉ်ကျေးမူ့များကို ဖေါ်ထုတ်ခြင်း၊ မွန် သီချင်း၊တီးချင်း၊ကချင်း တို့ကို အားပေးခဲ့သည်။ ထိုမင်းလက်ထက်ရေးထိုးခဲ့သော ကျောက်စာများကိုလည်း မွန်ဘာသာဖြင့် ရေးထိုးစေခဲ့သည်။ သားတော်ရာဇကုမ္မာကို ထီးမွေမပေးပဲ မွန်မျိုးနွယ်နှင့် ပတ်သတ်နေသော မြေးတော်အလောင်းစည်သူအားထီးနန်းပေးခဲ့ခြင်းမှာ မွန်-မြန်မာချစ်ကြည်ရေးကို အလေးပေးခဲ့ကြောင်းပေါ်လွင်ခဲ့သည်။ သို့သော်အလိုက်သိလိမ္မာသော သားတော်ရာဇကုမ္မာကြောင့်လည်း မင်းကြီးသည် စိတ်ထိခိုက်ခဲ့ရဟန်ရှိလေသည်။ မင်းကြီးကံကုန်တော်မူခါနီးတွင် ရေးထိုးခဲ့သော ထိုကျောက်စာတွင် မင်းကြီး၏ဖြစ်စဉ်များနှင့် ဖခင်ကျေးဇူးကို သိတတ်သော ရာဇကုမ္မာမင်းသား၏ သည်းခံနားလည်ပုံကိုမြင်တွေ့နိုင်လေသည်။
ကျန်စစ်သားမင်းသည် ပြည်သူအများအားလည်း စာရိတ္တကောင်းမွန်လာစေရန်သွန်သင်ခဲ့သည်။ ဆည်၊ မြောင်း၊ တာတမံများ ဆောက်လုပ်ပေးပြီး လယ်ယာစိုက်ပျိုးရေးကို အားပေးခဲ့သည်။ ထိုအခြင်းအရာများကို မွန်ကျောက်စာများတွင် အထင်အရှား တွေ့မြင်နိုင်ပေသည်။ ထို့ပြင် ၎င်းကျောက်စာများမှတဆင့် ကျန်စစ်မင်း လက်ထက် အုပ်ချုပ်ရေးကိုလည်း ခန့်မှန်းနိုင်ပေသည်။ အကြောင်းအရာ အားဖြင့် အောက်ပါအတိုင်းဖေါ်ပြထားလေသည်။ တင့်တယ်သော ကျက်သရေရှိသော အရိမဒ္ဒနပြည်၌ တုန်လှုပ်ချောက်ချားခြင်း ကြောက်ရွံ့ခြင်းမှ ကင်းသော အုပ်စိုးနည်းကို အရှင် ဂြီတြိဘုဝနာဒီတျဓမ္မရာဇာမင်းသည် သွန်သင်ဆုံးမပြလတ္တံ့။ ဟုတွေ့ရလေသည်။ အုပ်စိုးနေသော အစိုးရကို အပြစ်မရှိက ကြောက်ရွံ့နေရခြင်းလုံးဝ မရှိစေရာဟုဆိုလိုပါသည်။ ထိုအချက်မှာ မြန်မာနိုင်ငံတွင်ရှေးကပင် ထင်ထင်ရှားရှားရှိခဲ့သည့် အဆင့်မြင့်သော နိုင်ငံရေးကို ရည်ညွှန်းသည့်သဘောသက်ရောက်ပါသည်။ တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့အုပ်ချုပ်ခဲ့သောကြောင့် ပြည်သူအပေါင်းစိတ်ချမ်းသာရသည်ဟု ကျောက်စာများတွင်ပါရှိသည်။ ထိုကျောက်စာများမှာ ရွှေစည်းခုံဘုရားကျောက်စာ၊ မြကန်ကျောက်စာ၊ ပြည်ရွှေဆံတော်ရှိကျောက်စာ၊ မွန်ကျောက်စာ အစရှိသည့် ကျောက်စာများဖြစ်ကြသည်။
ကျန်စစ်သားသည် ပြည်သူထဲမှဖြစ်လာသော မင်းဖြစ်သော်လည်း ရှေးမင်းအဆက်အနွယ်များကို ဆက်လက်မြှောက်စားခဲ့သည်။ သို့ရာတွင် ထိုမင်းရိုးထက်ကြီးကျယ်မြင့်မြတ်သော သဘောကိုပြချင်သဖြင့် အဖဘက်မှနေမျိုးနွယ်၊ အမိကား ၀ါးလုံးအတွင်းမှ ပေါက်ဖွားသူဟု ကျောက်စာများတွင်အထပ်ထပ်ဖေါ်ပြကြသည်။ ပြည်သူထဲမှ မင်းဖြစ်လာလျင် ဘုရားဗျာဒိတ်အရ မင်းဖြစ်ရသည်ဟူသော စကားလုံးများကိုလည်း ပဒေသရာဇ်စနစ်ထုံးစံအတိုင်းတွေ့ရှိရလေသည်။ တိုင်းသူ၊ပြည်သားများအား စည်းရုံးရေးတစ်မျိုးလည်းဖြစ်ပေသည်။ ကျန်စစ်သားမင်းသည် လောကီအရေးအပြင် လောကုတ္တရာအရေးဖြစ်သော သာသနာတော်အတွက်ပါ များစွာဆောင်ရွက်ခဲ့သောမင်းဖြစ်သည်။ ဘုရား၊ဂူပုထိုးများ တည်ခဲ့၍ ရွှေစည်းခုံစေတီ နှင့် အာနန္ဒာဂူဘုရား တို့မှာထင်ရှားလှသည်။ ရဟန်း၊သံဃာတော်များကို ချီးမြှောက်ပြီး၊ ဆွမ်း၊ကွမ်းလေးပါး ပြည့်စုံစေခဲ့သည်။ ဗုဒ္ဓဂါယာရှိ ဘုရားကျောင်းကို ပြုပြင်စေခဲ့သည်။ အိန္ဒိယတောင်ပိုင်းမှ မင်းသားတစ်ပါးကို သာသနာတော် တွင်သက်ဝင်ယုံကြည်ခဲ့စေလေသည်။
ရှေးမွန်ကျောက်စာအရ မင်းဖြစ်ပြီး တစ်ဆယ့်ခုနစ်နှစ်အကြာတွင် နန်းတော်သစ်ကိုတည်ဆောက်ခဲ့သည်ဟုဆိုသည်။ နန်းတော်ကို အေဒီ၁၁၀၁ နိုဝင်ဘာ ၄ ရက်နေ့တွင်စတင်တည်ဆောက်ပြီး ၁၁၀၂ မေလ ၉ ရက်နေ့တွင်ပြီးဆုံးခဲ့သည်။ ယခုအခါမည်သည့် အထောက်အထားမှ မတွေ့ရသေးသဖြင့် သစ်သားနန်းတော်ဖြစ်ရမည်ဟု ခန့်မှန်းကြလေသည်။ နန်းတော်သစ်တည်ဆောက်စဉ်နှင့် တည်ဆောက်ပြီးစီးရာတွင် ထေရ၀ါဒနှင့် မသက်ဆိုင်သော ဗိဿနိုးနတ်အားပူဇော်ခြင်း၊ ဗလိနတ်စာကျွေးခြင်း၊ ရိုးရာနဂါးရှိခိုးခြင်းစသော အယူများအားလည်း ပြုလုပ်ကြသည်။ ရှင်အရဟံ ဦးဆောင်သော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ပရိတ်ရွတ်ဖတ်ပေးခဲ့ကြသည်ဟု ကျောက်စာများတွင်ဖေါ်ပြထားသည်။ ထီးနန်းကို ၂၈ နှစ်ကြာစိုးစံပြီးနောက် ၁၁၁၂ တွင် ကံကုန်တော်မူခဲ့သည်။ မင်းကြီးနာမကျန်းဖြစ်နေစဉ် သားတော်ရာဇကုမ္မာရေးထိုးခဲ့သောကျောက်စာတွင် ကျန်စစ်မင်း၏ဘ၀ကိုလေ့လာရန်လည်းကောင်း၊ ထိုခေတ်ပုဂံပြည် အခြေအနေကိုခန့်မှန်းရန်အတွက်လည်းကောင်း၊ မြန်မာစာဖြစ်ပေါ်ပုံအဆင့်ဆင့်ကိုလေ့လာရန်အတွက်လည်းကောင်းများစွာအသုံးဝင်သည်။ ရာဇကုမာရ်ကျောက်စာဟု အသိများသကဲ့သို့ ပုဂံရှိမြစေတီ ဘုရားဝင်းအတွင်းစိုက်ထူထားသောကြောင့်မြစေတီကျောက်စာဟုလည်း ခေါ်ကြသည်။ ကျောက်စာအား ပါဠိ၊မွန်၊မြန်မာ၊ ပျူ ဘာသာလေးမျိုးဖြင့် ကျောက်စာတိုင်၏လေးမျက်နှာ တွင်ရေးထိုးထားသည်။
မွန်မြန်မာသွေးစည်းညီညွတ်ရေး
အနော်ရထာ ဘုရင် ကွယ်လွန်ပြီး ငှင်း ၏ သားစောလူးမင်း (၁၀၇၇ မှ ၁၀၈၄ အထိ ) နန်းတက်ပြီး နောက် မ ကြာမှီ မြန်မာ နိုင်ငံ တောင်ပိုင်း ရှိ မွန်လူမျိုး တို့ ၏ ပြင်းထန်ကြီးမား သည့် အုံကြွမှုကြီးတရပ် ပေါ် ပေါက် ၍ လာ သည်။ ပဲခူးစား ငရမန်ကန်း ဦးဆောင် သည့် မွန် တို့  သည် ပုဂံပြည် နှင့် အထက်မြန်မာနိုင်ငံ တလွှားသို့  ချီတက် လာကြ ပြီး လျှင် အမျှော် အမြင် နည်းပါးသည့် စောလူးမင်း အား ဖမ်းဆီး ကွပ် မျက် နိုင်ခဲ့ကြ သည်။
ယင်း သို့ မွန်လူမျိုးများ ၏ ပုန်ကန်ထကြွမှု ကို မြန်မာ ရာဇ၀င်များ ၌ ပြည်တော်သာ ကျွန်းစစ်ပွဲဟု ရေးသား ဖေါ်ပြကြသည်။ ငရမန်ကန်း ဦးဆောင်သည့် မွန်လူမျိုးတို့ သည် အထက် မြန်မာနိုင် ငံ အင်းဝ အထိ ချီ တက် တိုက်ခိုက် လျက်ရှိစဉ် အနော်ရထာမင်း နှင့် အတူ မြန်မာနိုင်ငံ အား စည်းလုံး သိမ်းသွင်း ရာ တွင် ပါဝင်ခဲ့ သည့် မြန်မာ လူမျိုး အကြီး အကဲ တဦးဖြစ်သူ ကျန်စစ်သား သည် အခြား မြန်မာ အကြီး အကဲ များ နှင့် အတူ ပုဂံပြည် နှင့် အထက်မြန်မာနိုင်ငံတလွှား ၏ အခြေခံဒေသဖြစ်သည့် ကျောက်ဆည် ၊ လယ်တွင်းနယ် များ နှင့် မိတ္ထိ လာ နယ် များ တွင် လူသူအင်အား စုဆောင်းပြီး စားနပ်ရိက္ခာ အင်အားဖြည့် ကာ ငရမန် ကန်းအား တန်ပြန် တိုက် ခိုက်၍ နောက်ဆုံး ပုဂံအနီးမြင်းက ပါ စစ်ပွဲ တွင် ငရမန်ကန်းတို့  အား အောင်လိုက် နိုင်ပြီး စောလူးမင်း ၏ ဦး ခေါင်း မှ လွင့်စင်ကျသွားသည့် ပုဂံမင်းဆက် ၏ မကိုဋ်သရဖူ အား ကျန်စစ်သားသည် ပြန်လည် ထိမ်း သိမ်း လိုက် နိုင်သည်။
ကျန်စစ်သား သည် ပုဂံထီးနန်း အား သိမ်းပိုက်ပြီး နောက် မွန်မြန်မာ စစ်ပွဲကြောင့် ဒုက္ခ ပင်လယ်ဝေလျက် မြို့ ပျက် ၊ ရွာပျက် ၊ အိုးပျက် ၊ အိမ်ပျက် နှင့် လုပ်ငန်း ကိုင်ငန်း များပါ ၊ ပျက်စီးခြင်းများစွာဖြင့် အဘက်ဘက်တွင် ကစင့် ကလျား ဖြစ်နေသည့်ပြည်သူပြည်သားများ အတွက် အလေးထား၍ တိုင်းပြည် အား အရေး တ ကြီး ပြန် လည် ထူထောင်သည်။ မွန်ဘာသာဖြင့် ရေးထိုးထား သည့် ရွှေစည်းခုံကျောက်စာ အထောက်အထား အ ရ ။ များစွာသောသူခပ်သိမ်းတို့ သည် သား တကွဲ ၊ မယား တကွဲ ၊မိ တကွဲ ၊ ဖ တကွဲ ၊ ဖြစ်ကြ ရ ကုန်၏။ ထို သူတို့ ၏ ဆင်းရဲ ဒုက္ခ ကို ငါငြိမ်းပါအံ့။ ထို သူ တို့ ၏ မျက်ရည် ကို ငါ သုတ် ပါအံ့။ ငါ ၏ ယာဘက်လက်ဖြင့် ဆန်စပါး ရိက္ခာကိုပေးအံ့။ ငါ ၏ ၀ဲဘက်လက်ဖြင့် ၀တ်စားတန်ဆာပေးအံ့။ အမိ သည် သားငယ် ကို ရင်ခွင်၌ နှစ်သိမ့် စေ အံ့ သကဲ့ သို့  ငါ သည်လည်း တိုင်းသူပြည်သား တို့ ကို နှစ်သိမ့်စေ အံ့။ ဟု ရေးထိုး ထားသည့် ကျန် စစ် သား သည် မြန်မာ လူမျိုး အကြီးအကဲ တဦး အနေဖြင့်ငှင်း ၊ မြန်မာနိုင်ငံ တ နိုင်ငံ လုံး ၏ ခေါင်းဆောင်ကြီး တဦး အ နေဖြင့်ငှင်း ၊ စောလူးမင်း နန်းသက် အတွင်း ပြင်းထန်စွာ ပေါက်ကွဲခဲ့သည့် မွန် မြန်မာ အရေး တော်ပုံ ကို လေး လေး နက်နက် စဉ်းစားသုံးသပ် ခဲ့ပုံရသည်။
ကျန်စစ်သား သည် မွန်တို့ အား မြန်မာတို့ နှင့် တူညီမျှတ သော အခွင့်အရေးကို ပေးအပ် ဆက်ဆံခဲ့သည်။ မွန်လူမျိုး အကြီးအကဲ များအား မြန်မာနိုင်ငံ ၏ အထွေထွေ ကုန်ထုတ် လုပ်ငန်း ၊ အုပ်ချုပ် ရေး ၊ ကာကွယ်ရေး ၊ ယဉ်ကျေးမှု ဆိုင်ရာလုပ်ငန်းများတွင် ဦးစီးခေါင်းဆောင်များအဖြစ် ပါဝင်စေခဲ့သည်။ မွန်လူမျိုး များ ၏ ယဉ် ကျေး မှု နှင့် အစဉ်အလာ ကို လည်း လေးစား မှု ပြခဲ့သည်။
မြန်မာ နိုင်ငံ ကမ္ဗည်းကျောက်စာ ဋ္ဌာန မှ စုဆောင်း ရှာဖွေ စာရင်း ပြုလုပ်ထား သည့် ကျန်စစ်သား နှင့် သက် ဆိုင် သည့် ရှေးဟောင်း ကျောက်စာ များ သည် ၊ များသော အားဖြင့် မွန်စာ ၊ မွန်အက္ခရာ များဖြင့် ရေးထိုး ထား သည်ကိုသာ တွေ့ ရှိရသည်။ မွန် မြန်မာ သွေးစည်းညီညွတ်ရေး ကို အမြှော်အမြင်ကြီးမားစွာဖြင့် ကျန် စစ် သား သည် ဆောင်ရွက်လိုက်သည့်အတွက် မြန်မာနိုင်ငံ ၏ စည်းလုံးမှုသည် ပိုမိုသိပ်သည်းခိုင်မြဲလာသည်။
တနိုင်ငံလုံး စစ်မက်ကင်းရှင်းကာ ငြိမ်းချမ်း သာယာလာသည်။ ပုဂံခေတ် မြန်မာနိုင်ငံ ၏ ရွှေရောင်လွှမ်းသော ကာလ ဟု ခေါ်ဆို ရလိမ့်မည်။ အထွေထွေ ကုန်ထုတ်လုပ် ငန်းတိုးချဲ့ခြင်း ၊ နိုင်ငံခြားတိုင်းပြည်များ နှင့် ရောင်းဝယ် ဖေါက်ကားခြင်း အထူးသဖြင့် တရုတ်ပြည် နှင့် အိန္ဒိယ နိုင်ငံတောင်ပိုင်း တို့ နှင့် ရောင်းဝယ် ဖေါက်ကားခြင်း များပြုလုပ်ခဲ့ သည် ကို တွေ့ ရှိရသည်။
အနော်ရထာ လက်ထက် မှ စတင် ပျိုးထောင်ခဲ့ သည့် ထေရ၀ါဒ ဗုဒ္ဓသာသနာ နှင့် ယဉ်ကျေးမှုများ ကို ဖွံ့ ဖြိုး တိုးတက်အောင်ဆောင် ရွက်ခဲ့သည်။ အံ့မခန်းလောက်သော ဗိသုကာ အတတ်ဖြင့် အနန္ဒာလှိုင်ဂူတော် ကြီး နှင့်သာသနာ့အဆောက်အဦးများစွာကိုတည်ဆောက်ခဲ့သည်။ အနော်ရထာ လက်ထက် က အစ မသတ်နိုင်ခဲ့ သည့် ရွှေစည်းခုံစေတီ တော်ကို အပြီးသတ် တည်ဆောက်ခဲ့သည်။ အိန္ဒိယနိုင်ငံဗုဒ္ဓဂါယာ တွင် ပျက်စီး လျက် ရှိသည့် သာသနာ အဆောက်အဦးများအား စေလွှတ်ပြင်ဆင်ခြင်းပြုသည့်အပြင် အိန္ဒိယ ၊ သီဟိုဠ် နိုင်ငံများနှင့် လည်း သာသနာ ရေး ဆက်သွယ်မှု ရှိခဲ့သည်။ ကျန်စစ်သား ၏ နန်းသက် အတွင်း မြန်မာနိုင်ငံတော်၏ ဂုဏ် သိက္ခာသည် အတိုးတက် အမြင့်မားဆုံး ကာလ ဟု ဆိုရလိမ့် မည်ဖြစ်သည်။
မြန်မာ နိုင်ငံ ဘေးပတ်ဝန်းကျင် အိမ်နီးချင်း နိုင်ငံကြီး ငယ် အားလုံး က အသိ အမှတ်ပြု ခန့် ငြား လာ ကြသည်။ သက္ကရာဇ် ၁၁၀၆ ခုနှစ် တွင် မြန်မာနိုင်ငံ မှ သံအဖွဲ့ ဝင် များ တရုတ် ဧကရာဇ်နန်းတော်သို့ ဆိုက် ရောက်သော အခါ အချုပ်အခြာ အာ ဏာပိုင် သည့်နိုင်ငံကြီးတနိုင်ငံ ၏ ကိုယ်စားလှယ်တော် အဖြစ် တ ရုတ် တို့ က တ ခမ်း တနား တ ဆောင်တယောင် ဧည့်ခံ ဆက်ဆံ ခြင်းပြု ကြောင်း တရုတ်နန်းတွင်း မှတ်တမ်းများ ၌ ဖေါ်ပြ ရေးသား ထားသည်။ ထေရ၀ါဒ သာသနာတော် စည်ပင် ထွန်းကားရာ နိုင်ငံအဖြစ်လည်း အိန္ဒိယ နှင့် သီဟိုဠ် နိုင်ငံများ က လေးလေးစားစား နှင့်ခန့် ခန့် ငြား ငြား ဆက်ဆံကြ သည် ဟု မှတ်တမ်းတင်ခဲ့ကြပါသည်။
တည်ခဲ့သောစေတီ ဘုရား၊ သိမ်များ
ရွှေစည်းခုံစေတီတော်(ပုဂံ)
ကျော်ထက်ဝင်း နည်းပညာတက္ကသိုလ်-ဘားအံမြေ
Saturday, April 11, 2015
ပုဂံ (Pagan)
ထု-ဓမ္မရံ၊
ဥာဏ်-သဗ္ဗညု၊
အနု-အာနန္ဒာ၊
တန်ခိုး- ရွှေစည်းခုံ
ဓမ္မရံကြီးဘုရားသမိုင်းကြောင်း
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:399759?xg_source=activity
(သမိုင်းထဲကပုံရိပ် များထဲ)ကဖြန့်ဝေပေးလိုက်ပါတယ်။
အနော်ရထာမင်းစော လလ်ထက်တော်၌ ပေါက္ကာရာမ ဟု တွင်လေ၏။ ထိုပြည်တွင်
ဥာဏ်-သဗ္ဗညု၊
အနု-အာနန္ဒာ၊
တန်ခိုး- ရွှေစည်းခုံ
ဓမ္မရံကြီးဘုရားသမိုင်းကြောင်း
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:399759?xg_source=activity
ပုဂံခေတ်သာသနာ
မြန်မာလူမျိုးတို့သည်
ယုန်လွှတ်ကျွန်းအရပ်၌ အရိမဒ္ဒနပုရမည်သော ပုဂံမြို့တော်ကို တည်ဆောက်ကြသည်။
ပုဂံ နေပြည်တော်သည် သာသနာတော်နှစ် ၁၅၆၁-ခုနှစ်၊ ခရစ်နှစ် ၁၀၄၄-ခုနှစ်တွင်
နန်းတက်သော အနော်ရထာမင်းကြီး လက်ထက်တွင် ဧကရာဇ်နိုင်ငံတော်ကြီး ဖြစ်လာသည်။
သုဝဏ္ဏဘူမိ နေက်ပိုင်းခေတ်သို့ ရောက်သောအခါ သာသနာတော်သည် ရဟန်းတု
ရဟန်းယောင်တို့၏ အပြုအမူကြောင့် လွန်စွာယုတ်လျော့လာသည်။ သမထီးအရပ်၌
အခြေစိုက် နေထိုင်ကြကုန်သော အရည်းကြီးတို့သည် သာသနာတော်၏
ဆန့်ကျင်ဘက်လုပ်ရပ်များကို ပြုလုပ်နေကြကုန်၏။ ပုဂံနေပြည်တော်ဝန်းကျင်၌
ယခင်ကရှိနေခဲ့သော ထေရ၀ါဒ သာသနာမှာလည်း မှေးမှိန်ကွယ်ပျောက်နေ၏။
အနော်ရထာသည်
ဘုရင်ဖြစ်လာသောအခါ သာသနာတော်ပြုစုရန် အာသီသပြင်းပြနေ၏။ နန်းစံ၍
၉-နှစ်ရှိသောအခါ သထုံပြည်မှ အရှင်ဓမ္မဒဿီ အမည်ရှိသော ရဟန္တာမထေရ်တစ်ပါး
ကြွရောက်လာသည်။ အနော်ရထာဘုရင်သည် မထေရ်ကို ကြည်ညိုသဖြင့် သာသနာပြုရန်
လျှောက်ထားသည်။ ရှင်အရဟုံ အများခေါ်ဝေါ်နေသော ဓမ္မဒဿီမထေရ်မြတ်သည် အနော်ရထာ
မင်းနှင့် လက်တွဲကာ သာသနာပြုခဲ့သည်။ အရည်းကြီးတို့ကို လူဝတ်လဲခိုင်းသည်။
မြတ်စွာဘုရား၏ ပိဋကတ်တော်များ ဓာတ်တော်များကို ပင့်ဆောင်ရန်အတွက်
သထုံပြည်ကို သိမ်းယူတော်မူပြီး ပိဋကတ်တော်အစုံ(၃၀)၊ ဓာတ်တော်မွေတော်၊
ရဟန်းသံဃာတော်တို့ကို သာသနာတော်နှစ်-၁၆၀၁၊ ကောဇာသက္ကရာဇ် ၄၁၉-တွင်
ပုဂံနေပြည်တော်သို့ ပင့်ဆောင်ကာ ထေရ၀ါဒသာသနာတော်ကို ထွန်းကားသန့်စင်အောင်
ဆောင်ရွက်ခဲ့သည်။
အနော်ရထာမင်းကြီး
ယင်းသို့ဆောင်ရွက်လိုသော စိတ်ဓာတ်နှင့် ၎င်း၏ခမည်းတော် ကွမ်းဆော်မင်းကြီး၏
ဖြစ်ရပ်တို့ကို သုံးသပ်ကြည့်လျှင် ပျူနိုင်ငံတော်ကြီးပျက်စီး၍
ပုဂံနေပြည်တော်ကြီး ဖြစ်ပေါ်လာရာ ယခင်ကတည်းက ထေရ၀ါဒသာသနာတော်
တည်ရှိခဲ့ကြောင်းလည်းသိသာနိုင် လေသည်။
သီဟိုဠ်နိုင်ငံမှ
ပိဋကတော်တို့ကိုပါ ပင့်ဆောင်စေပြီး သရပါတံခါးအနီး ပိဋကတ်တိုက်ကျောင်းကြီး၌
သီဟိုဠ်မူ သထုံမူ မူနှစ်မူ တိုက်ဆိုင် စစ်ဆေးသုတ်သင်စေပြီး
သံဃာတော်တို့ကို ပို့ချစေတော်မူသည်။ အနော်ရထာမင်းကြီး၏
ကြိုးပမ်းအားထုတ်မူကြောင့် မြတ်စွာဘုရား၏ သာသနာတော် အစစ်အမှန်ဖြစ်သော
ထေရ၀ါဒဗုဒ္ဓသာသနာတော်ကြီးသည် ပုဂံနေပြည်တော်ကို အခြေစိုက်ကာ
မြန်မာနိုင်ငံတပြည်လုံးသို့ ပျံ့နှံ့ထွန်းကားသွား လေတော့သည်။
အနော်ရထာမင်းမြတ်နောက်
ဆက်ခံကြသောမင်းတို့မှာလည်း ဗုဒ္ဓဘာသာဝင် မင်းတို့သာ ဖြစ်ကြသဖြင့်
သာသနာ့ဒါယကာအဖြစ် သာသနာတော်ကြီး တိုးတက်စေရန် နည်းမျိုးစုံဖြင့်
အားထုတ်ခဲ့ကြသည်သာ ဖြစ်သည်။ မိမိတို့ အုပ်စိုးရသော အချိန်ကာလအတွင်း၌
သာသနာတော်ကြီး စည်ပင်ပြန့်ပွားထွန်းကားရန် မင်းအဆက်ဆက်
ဆောင်ရွက်တော်မူခဲ့ကြသည်။ ပုဂံသို့ သာသနာတော်ရောက်ခဲ့သည့် သာသနာတော်နှစ်
၁၆၀၀ လောက်မှစ၍ ထေရ၀ါဒ ဗုဒ္ဓသာသနာတော်သည် အဆက်မပြတ် တိုးတက်ထွန်းကားလားသည်။
ကျန်စစ်မင်း၊ အလောင်းစည်သူမင်း၊ နရပတိစည်သူမင်း၊ ကျစွာမင်းစသော
မင်းအဆက်ဆက်တို့နှင့် ပြည်သူတို့၏ သာသနာတော်အတွက် ကြိုးပမ်းချက်ကြောင့်
“လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း”ဟု ဆိုစမှတ်ပြုရလောက်အောင်
ပုဂံနေပြည်တော်တွင် ဘုရားစေတီတော်ပေါင်းများစွာ ပေါ်ထွန်းလာခဲ့သည်။
ပုဂံ
ပင်းယ စစ်ကိုင်း အင်းဝ ညောင်ရမ်း ကုန်းဘောင်ခေတ် အဆက်ဆက် မင်းအဆက်ဆက်တို့
သာသနာတော်အတွက် အားတက်သရော ကြိုးပမ်းခဲ့ကြသဖြင့် ထေရ၀ါဒသာသနာတော်သည်
တပြည်လုံးအနှံ့ဖြန့်ကျက်ထွန်းကားခဲ့သည်။
by တောသူမလေးပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
*ပုံဂံခေတ် မင်းဆက်များ အကြောင်း*
(သမိုင်းထဲကပုံရိပ် များထဲ)ကဖြန့်ဝေပေးလိုက်ပါတယ်။
ပုံဂံခေတ်ကမင်းဆက်များကတော့ အနော်ရထာမင်း၊ စောလူးမင်း၊ ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်း၊ နရသူမင်း၊ ကျစွာမင်း၊ နရပတိစည်သူမင်း၊ နရသီဟပတေ့မင်း၊ ကျော်စွာမင်း၊တို့ပါဘဲ။
အနော်ရတာမင်းပြုရခြင်းအကြောင်းအနော်ရထာမင်းစောသည် မိမိအလုံး
အရင်နှင့်ပြည်စုံသော် ပုဂံသို့ချီလာလေသည်။ နောင်တော်ကို နန်းကိုတည်း
ပေးမည်လော စစ်ကိုပြုမည်လောဟု စေတော်မူလေသည်။ စုက္ကတေးလည်း
ထိုစကား ကြားသော် ပြင်းစွာသော အမျက်ထွက်လျက် ''ခံတွင်းတွင်မျှ
နို့ဖတ်မစင်သေးသူဖြစ်လျက် ငါ့ကို တိုက်မည် အမတ် ဗိုလ်ပါတို့ ကြည့်၍သာ
နေစေ။ ငါနှင့် မြင်းတစ်စီးချင်း တိုက်မည် ''ဟူ၍ မြင်းနှင့်ထွက်လာလေသည်။
အနော်ရထာစောလည်း '' နောင်တော် ငါထက် ကြီးသသူဖြစ်သည်၊
အလျင်ထိုးလေ '' ဟု မိန့်လေသည်။ နောင်တော် စုက္ကတေးလည်း
ညီတော်ကို လှံဖြင့်ထိုးလေ၏။ သို့သော် အနော်ရထာက သကြားမင်းဆက်ထား
သော အရိန္ဒမာလှံဖြင့် ဆီးတားသဖြင့် လှံမှာ အနော်ရထာကို မထိပဲ မြေသို့ကျလေသည်။
စုက္ကတေးလည်း မိမိ ထိုးသော လှံချက်သည် ညီတော်သို့ မရောက်ဘဲ
မြေသို့ခသည်ကို မြင်သော် အလွန် ကြောက်ရွံခြင်း ပြင်းသည် ဖြစ်ပြီး
တုန်တခိုက် ရှိလေသည်။ ထိုအချိန် အနော်ရထာစောက အရိန္ဒာမာလှံဖြင့်
ထိုးရာ နောက်ကျောမှ အရှေ့ သို့ပေါက်ထွက်လေရာ စုက္ကတေး၏ မြင်းလည်း
လန့်သည်ဖြစ်ပြီး ပြေးလေရာ မြစ်ကမ်း နားတွင် အနိစ္စရောက်တော်မူလေ၏။
ထိုအရပ်ကို မြင်းကပါ ဟု ယခုတိုင်အောင်တွင်၏။ အနော်ရထာမင်း သည်
နောင်တော်ကို လုပ်ကြံ့ပြီးသော် ခမည်းတော်ကို မင်းလုပ်ရန်သွားပင့်လေသည်။
သို့သော် ခမည်းတော် က ငါ့ကား အသက်အရွယ်ကြီးပြီ၊အမောင်သာပြုလော ဟု
မိန့်လွှတ်လေ၏။ သက္ကရာဇ် ၃၆၄ တွင် အနော်ရထာမင်းစော နန်းတက်လေသည်။
အနော်ရထာမင်းသည် နောင်တော်ကို ငါ့သတ်မိသည်ဟု စိတ်ဆင်းရဲနေလေသည်။
ခြောက်လတိုင်အောင် ကောင်းစွာ စက်တော်မခေါ်နိုင်ပဲ ရှိနေလေသည်။ ထိုအခါ
သိကြားမင်းမှ လာ၍အိပ်မက်ပေးလေ၏။ မင်းကြီး နောင်တော်ကြီးအား
ပြစ်မှားမိသည်ကို ခေါင်းပါးစေ လိုသော် ဘုရား၊ဂူ၊ကျောင်း၊တန်ဆောင်း၊
ဇရပ်တို့ကို များစွာ ကုသိုလ်ပြု၍ နောင်တော်အား အမျှဝေလေ။
ထိုမှ တစ်ပါး ရေတွင်း၊ရေကန်၊ ဆည်မြောင်း၊လယ်ချောင်း တို့ကို
များစွာစီရင်လေဟု အိပ်မက်ပေးလေသည်။ ထိုအချိန်တွင် ပုဂံပြည်တွင်
ဗုဒ္ဓသာသနာတော်မထွန်းကားသေးပေ။
(မနူဟာဘုရား )
အနော်ရထာမင်းစော လလ်ထက်တော်၌ ပေါက္ကာရာမ ဟု တွင်လေ၏။ ထိုပြည်တွင်
မင်းအဆက်ဆက်တို့သည် သမထီးအရပ်၌ သီတင်းသုံးသော အရည်းကြီးသုံးကျိပ်နှင့်
တပည့်ခြောက်သောင်းတို့ အဆုံးအမကိုခံ၍ မှား သောအယူ၌ တည်ကြကုန်၏။
ထိုအရည်းရဟန်းတို့ အယူဖြင့် အသီးသီးယူကြကုန်၏။ မိမိတို့ ဆန္ဒနှင့်လျော်စွာ
ကျမ်းပြု၍ လူတို့အား လှည့်ပတ်ဖြားယောင်း၏။ ထိုသူတို့ ဟောသောတရားကား
သူ့အသက်ကို သတ်မိသောသူ တို့သည် ပရိတ်ရွတ်သော် လွတ်၏။
မိဘကို သတ်မိသောသူသည်လည်း ထိုထိုသော ပရိတ်ကိုရွတ်လျှင် ပျောက်၏
ဟုစသဖြင့် မဟုတ် မတရားသော အဓမ္မတို့ကို ဓမ္မဟူ၍ ဟောကြား၏။
ထိုမှတစ်ပါး မင်းမှ အစပြု၍ ပြည်သူတို့ သားသမီးတို့ကို ထိမ်းမြားမင်္ဂလာ
ပြုအံ့သောအခါ ဆရာတို့အား ပန်းဦးပေးသည်ဟူ၍ ညဦးက ထိုသူတို့ အထံသို့
ပို့ရလေ၏။ မိုးသောက်မှ လွှတ်၍ ထိမ်းမြားရလေသည်။ ထိုသို့ မပြုသော်
ကြီးစွာသော အပြစ်ကို ခံရမည်ဟူ၏။ ဤသို့ မဟုတ်မတရားသော အကြောင်းတို့ကို
မင်းကြီး သည် ပါရမီတော် ရှိသည် နှင့် အညီယုံတော် မမူချေ။ အားပေးခြင်းလည်း မပြုပေ။ နေရင်းတိုင်းနေသော် တစ်နေ့၌ မုဆိုးတစ်ယောက် လူရိုင်းတစ်ဦးကို ဖမ်းမိလာကြောင်း
မင်းကြီးကို လျှောက်တင်လေသည်။ ထိုသူကား ရှင်အရဟံပင်ဖြစ်သည်။
အနော်ရထာမင်းလည်း ရှင်အရဟံကို တွေ့သော် လူရိုင်းမဟုတ်တန်ရာ
မြင့်မြတ်သောလူဖြစ်တန်ရ၏။ မြင့်မြတ်သောသူ မှန်လျှင် မြင့်မြတ်သော
နေရာတွင် ထိုင်လိမ့်မည်ဟု ကြံ့စည်လျက် အဆွေ သင့်တယ်လျောက်ပတ်သော
နေရာတွင် ထိုင်ပါလော ဟု မိန့်လေသော် ရှင်အရဟံက ရာဇပလ္လင်ပေါ်သို့
သီးတင်းသုံးလေသည်။ မင်းကြီးလည်း အလွန်ကြည်နူးလျက် ငါ့ရှင်ကား
အဘယ်သူ၏ အမျိုးအနွယ် ဖြစ်တော်မူသနည်း၊ ဘယ်အရပ်မှ ကြွလာတော်မူသနည်း၊
အဘယ်သူ၏ အဆုံးအမကို ခံယူတော်မူသနည်းဟု မေးတော်မူ၏။ ရှင်အရဟံလည်း
ငါ့၏ အမျိုးအနွယ်ကား ဣတိပိသော အစရှိသော ဂုဏ်တော် ၉ ပါး၊ ဣဿရိယ
အစရှိသော ဘုန်းတော် ၆ပါး၊ ဥာဏအစိန္တေယျ အစရှိသော အစိန္တေယျ ၄ ပါးနှင့်
ပြည်စုံတော်မူသော သမ္မာသမ္ဗုဒ္ဓ အမျိုးအနွယ်တည်း ဟု မိန့်လေသည်။
အဘယ်သူ၏ အဆုံးအမကို ခံသနည်း ဆိုရာတွင် သမ္မာသမ္ဗုဒ္ဓ အမည်တော်
ရှိသော ဘုရားသခင်၏ ဟောတော်မူအပ်သော နူးညံ့သိမ်မွေ့ ခဲခက်နက်နဲလှသော
ဒေသနာတော်မှ လာသော အဆုံးအမတော်ကို ခံသည် ဟူ၍ မိန့်တော်မူလေသည်။
အနော်ရထာမင်းလည်း အလွန်ပီတိသောမနဿ ဖြစ်လျက် တရားဟောရန်
လျှောက်တင်လေသည်။ ရှင်အရဟံလည်း သီရိဓမ္မာသောကမင်းကြီးအား
နိဂြောဓသာမဏေ ဟောတော်မူသော အပ္ပမာဒ အစရှိသော တရားတော်ကို
ဟောတော်မူလေသည်။
ထိုအခါ မင်းကြီးလည်း ယခုဘုရားရှင် ဘယ်အရပ်တွင် သီတင်းသုံးသနည်း၊
ဘုရားရှင် ဟောတော်မူသောတရားကား အရေအတွက် မည်မျှနည်း၊
ဘုရားသခင်တပည့်သားတော်သည် ကားငါ့ရှင်မှ တစ်ပါး အခြားရှိသလောဟု
လျှောက်တင်လေသည်။ ထိုအခါ ရှင်အရဟံမှ ဘုန်းတော်ကြီးတော် မူသော
မြတ်စွာဘုရားရှင်သည် ပရိနိဗ္ဗန်ပြုတော်မူလေပြီ။ ဘုရားရှင် ဟောတော်မူအပ်သော
တရားတော် အရေအတွက်ကား ဓမ္မ၀ိနယ အားဖြင့် ၂ ပါး၊ ပိဋကတ်အားဖြင့် ၃ ပါး၊
နိကာယ်အားဖြင့် ၅ပါး၊ အင်္ဂါအားဖြင့် ၉ပါး၊ ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင် ရှိ၏။
ဘုရားရှင်၏ တရားတော်ကို ယခု သထုံပြည်တွင် ပိဋကတ်အစုံ ၃၀ ရှိ၏။ ငါမှတစ်ပါး ပရမတ္တသံဃာ၊သမ္မုတိသံဃာတို့သည် အများရှိကြကုန်၏ ဟူ၍မိန့်တော် မူလေသည်။
ထိုအခါ မင်းကြီးမှ ငါ့ရှင်မှတစ်ပါး ကိုးကွယ်မရှိတော့ပြီ။ ငါ့ရှင် အဆုံးအမကို
အကျွန်ုပ် ခံယူတော့ မည်ဟူ ၍ ရတနာအတိပြီးသော ကျောင်းတော်ကို
ဆောက်လုပ်လှူတော်မူလေသည်။ တိတ္ထိဖြစ်သော အရည်းတို့ အယူကိုလည်း
ပယ်တော်မူ၏။ ထိုအခါ မင်းနှင့် ပြည်သူအပေါင်းတို့လည်း ကောင်းသောတရား၌
တည်ကြကုန်လေသည်။
ရှင်အရဟံလည်း အနော်ရထာမင်းစောအား ဤသို့မိန့်ကြားလေသည်။ ဘုရားရှင်
သာသနာတော် ၃ ပါးတွင် ပရိယတ္တိ သာသနာတော်ရှိမှ ပဋိပတ္တိ သာသနာတော် ဖြစ်နိုင်သည်။ ပဋိပတ္တိသာသနာတော် ဖြစ်မှ ပဋိဝေဓ သာသနာတော်ဖြစ်သည်။ ပရိယတ္တိဟူသော
ပိဋကတ် ၃ ပုံလည်း မရှိချေသေး၊ ဘုရားရှင် သရီရဓာတ်တော်၊ မွေတော်လည်း
မရှိချေသေးဖြစ်သည်။ မွေတော်၊ဓာတ်တော်၊ ပိဋကတ်ကျမ်းဂန်ရှိသော
ပြည်ရွာတိုင်းကားသို့ လက်ဆောင်များနှင့် တောင်းစေ၍ ရသည်ဖြစ်မှ
သာသနာတော် အစဉ်ရှည်စွာ တည်ရာသည် ဟူ၍ မိန့်တော် မူလေသည်။
အနော်ရထာမင်းစောလည်း အဘယ်တိုင်းနိုင်ငံ၌ တောင်းသော် ရလတ္တံ နည်း
ဟူ၍ လျှောက်လေ သော် ရှင်အရဟ့လည်း သထုံပြည်တွင် ပိဋကတ် ၃ ပုံ ကို
တစ်စုံ ခေါ်၍ အစုံ ၃၀ ရှိ၏၊ မွေတော်၊ဓာတ်တော် လည်းများစွာ ရှိ၏ ဟု မိန့်လေသည်။
မင်းကြီးလည်း လက်ဆောင်များစွာ စီရင်တော်မူပြီး လိမ္မာသော အမတ် တစ်ယောက်ကို
သာယာချေငံစွာသော စကားဖြင့် သထုံပြည်သို့ စေ၍ တောင်းစေ၏။ သို့သော်
သထုံမင်းသည် မကောင်းသော စကားများကို ပြန်လည် မချေမငံပြောလွှတ် လေသည်။
ထိုစကားကို အနော်ရထာမင်းကြားသော် ကြီးစွာသော အမျက်ဖြစ်လျက်
နိုင်ငံတော်ရှိ သူရဲသူခက် အပေါင်းတို့ကို စုရုံးလျက် ရေကြောင်း၊ကြည်းကြောင်း ဖြင့်
သထုံမြို့သို့ ချီတော်မူလေသည်။ ရာဇ၀င် တချို့တွင် အနော်ရထာ၏ စစ်သည်တော်များသည်
အလွန်များပြားပြီး ရှေ့ကချီသော တပ်များ သထုံကျေးရွာနား ရောက်သော်လည်း
ပုဂံမှ တပ်ထွက်၍ မကုန်သေးဟု ဆိုကြလေသည်။
သထုံမင်းလည်း အနော်ရထာတပ်ချီလာပြီဟုကြားသော် ကြောက်လန့်ပြီး
မြို့ကိုအခိုင်အမာပြုလေသည်။ သထုံမြို့ကား ပယောဂ အစီအရင်များဖြင့်
စီမံထားသဖြင့် အနော်ရထာတပ်များ မ၀င်နိုင်ရှိနေလေသည်။ အနော်ရထာမင်း လည်း
အစီအရင်ကြောင့်ဟု ကြားလျှင် မိမိနားတွင် အမူထမ်းနေသော ပန်းဆက်ကုလားကို
ခေါ်ယူကာ မေးမြန်းလေသော် ကုလားမှ သထုံပြည့်ရှင်က သူ၏အစ်ကို
ခန္ဓာအစိတ်အပိုင်းများကို ဖြတ်ပိုင်းပြီး မြို့အနှံတွင် မြုပ်နှံထားသော
ကြောင့်မ၀င်နိုင်ခြင်းဖြစ်ကြောင်း လျှောက်ထားလေသည်။ မင်းကြီးလည်း
ထိုကုလားအား ခန္ဓာအစိတ်အပိုင်းများကို သင်ယူဆောင်နိုင်လော ဟု မေးသော်
ကုလားမှ ယူနိုင်ကြောင်း ပြန်လည် လျှောက်ထားလေသည်။ ထိုနောက်ကုလားသည်
သူ၏ အစွမ်းဖြင့် သူအစ်ကို ကိုရှာလေသော် နတ်စိမ်းဖြစ်နေကြောင်းတွေ့လျှင်
မေးမြန်းသော် သူအစ်ကိုမှ မြုပ်နှံထားသော နေရာတို့ကို ပြောပြလေသဖြင့်
ထိုကုလားမှ ထုတ်ဖော်နိုင်ပြီး အနော်ရထာမင်းကြီး ဆက်သလေသည်။
မင်းကြီးလည်း သမုဒ္ဒတွင် ပစ်ခိုင်းလေရာ သမုဒ္ဒရာရေသည် ထန်းပင်လောက်
တက်သည်ဟု ဆိုကြလေသည်။ မင်းကြီးလည်း အစီအရင်တို့ကို ဖယ်ရှားပြီးသော်
တိုက်လေရာ သထုံမြို့ကို ရလေသည်။ ထိုနောက် သထုံမင်းပိုင်ဆိုင်သော
ဆင်ဖြူ ၃၂ စီး၊ နှင့် ကျမ်းတက် ရဟန်းတော်များ ၊ ဓာတ်တော်များကို ပုဂံသို့
ပင့်ဆောင်လာလေသည်။ ထိုမျှမကသေး ပန်းပု၊ပန်းရန်၊ပန်းတမော့ အစရှိသော
ပညာရှင်အများအပြားကိုလည်း ပုဂံသို့ ခေါ်ဆောင်လာခဲ့လေသည်။
မနူဟာမင်းမှာ မိမိ၏ နူတ်ကြောင့် တိုင်းပြည်ပျက်ခဲ့ရသည်။ ပုဂံသို့ ရောက်သော်
မနူဟာမင်းကို မြင်းကပါအရပ်၌ ထားလေသည်။ မနူဟာမင်း၏ အာနုဘော်ကား
စကားပြောသော် ခံတွင်းမှ စက်ပြောင်ပြောင်ထွက်သည်ဟု ဆိုကြသည်။
အနော်ရထာမင်းစောလည်း မနူဟာမင်း အဖူးအမြင်လာ၍ ဦးချသောအခါ
ကြက်သီးမွေးညင်းထ၍ ထိတ်ထိတ်လန့်လန့် ရှိတော်မူချေ၏။ ရှည်လတ်သော်
မနူဟာမင်း ဘုန်းတန်းခိုးအာနုဘော်ကို ညံ့စေခြင်းငှာ မနောလင်ပန်းနှင့်
စားတော်ပြင်ပြီး သော် ဘုရားမှာ တင်စေ၍ ထိုစားတော်ဖြင့် မနူဟာမင်းကို
ကျွေးတော်မူလေ၏။ ကြာသော် မနူဟာမင်း၏ စက်ရောက်သည် ကွယ်လေသည်။
မနူဟာမင်းလည်း သံဝေဂကြီးစွာ ရလျက် နောင်နောင်ငါသည်သာလျှင်
သူတစ်ပါးနိုင်သောသူ ဖြစ်လို၏ ဟု ဘုရားတည်ကာ ဆုတောင်းလေသည်။
ယခုအခါ ပုဂံတွင် မနူဟာဘုရား ဟုယခုတိုင်ရှိလေသည်။
တစ်ရံသောအခါ '' ဥဿာပဲကူးသို့ ဂျွမ်းစစ်သည် အများချီလာသည်
စစ်ကူတော်မူပါ ဟု '' ဥဿာမင်းက အနော်ရထာကို လျှောက်လေသည်။
( ဂျွမ်းစစ်သည်ဆိုသည်မှာ ကမ္ဗောဒီးယား စစ်သည် ဖြစ်သည် )
အနော်ရထာမင်းလည်း စစ်သည် လေးသိန်း စေလွှတ်မည်ဟု မိန့်တော်မူပြီးနောက်
သူရဲကောင်း ၄ ဦး ဖြစ်သော ကျန်စစ်သား၊ငထွေးရူး၊ငလုံးလက်ဖယ်၊ညောင်ဦးဘီး၊
တို့ကို စေလွှတ်လေသည်။ သူရဲကောင်း လေးဦးတို့လည်း ဂျွမ်းစစ်သည်တို့ကို
လေးစုကွဲအောင်လုပ်ပြီး စစ်သူကြီး တို့ကို ဖမ်းလျက် ဥဿာမင်းကို ဆက်လေသော်
မင်းကြီးလည်း အလွန်ဝမ်းမြောက်လှပြီး ဥဿာမင်းတို့အဆက်ဆက် ကိုးကွယ်သော
မြတ်စွာဘုရား၏ ဆံတော်မြတ်နှင့် ရွှေငွေလက်ဆောင်များအပြင် မိမိ၏ ချစ်လှစွာသော
ရွှေကဲ့သို့ အဆင်းရှိ သော မဏိစန္ဒာ အမည်ရှိ သမီးတော်ကို မင်းကြီးအား ဆက်သလေသည်။
သူရဲကောင်းလေးဦးတို့သည် အလှည့်ကျ မင်းသမီးကို စောင့်ရှောက်ပြီးသော်
ကျန်စစ်သားအလှည့်တွင် မင်းသမီးဖြင့် ချစ်ကြိုက်မိလေသည်။ ကျန်စစ်သားမှာမူ
မင်း၏သစ္စာကို စောင့်ထိန်းနိုင်ရန် ကြိုးစားသော်လည်း အချစ်ဆိုသော တဏှာကို
မလွန်နိုင်ရာ မဏိစန္ဒာဖြင့် ချစ်ကြိုက်လေတော့သည်။ နေပြည်တော်သို့ ရောက်သော်
အနော်ရထာသည် ကျန်စစ်သားနှင့် မဏိစန္ဒာ အကြောင်းကြားလျှင် ကြီးစွာသော
အမျက်ဖြစ်လျက် အရိန္ဒာမာလှံဖြင့် ပစ်လေရာ ကျန်စစ်သားကို မထိပဲ ချည်ထားသော
ကြိုးကို ထိလေသဖြင့် ကျန်စစ်သားလည်း လှံကို ကိုင်၍ ပြေးလေသည်။ ဤတွင်
တချို့ရာဇ၀င်များက မင်းမဟာဂီရီနတ်က ကျန်စစ်သားကို လှံလွှဲအောင်စောင့်ရှောက်
လိုက်ကြောင်းရေးပြီး တချို့က အနော်ရထာသည် ကျန်စစ်သားကို သားကဲ့သို့ချစ်မြတ်နိုးသဖြင့် အမတ်တွေရှေ့တွင် အပြစ်မပေးလျှင် အာဏာမကြီးရာဖြစ်သောကြောင့် ကျန်စစ်သားကို
လှံချက်လွှဲသည်ဟု ဆိုကြပါသည်။
ကျန်စစ်သားလည်း နန်းတော်မှ ထွက်ပြေးလေသည်။ နန်းစောင့်တို့လည်း
ကျန်စစ်သားပြေးသည်ကို မသိသမှ ပြုကြလေသည်။ မင်းကြီးမှ ကုလား ၈ ယောက်အား
ကျန်စစ်သားအား ဖမ်းစေရန် လွှတ်လိုက်လေသည်။ ကုလားတို့လည်း
ကျန်စစ်သားသည် တော်၏။ သူအိပ်ချိန်တွင် ငါတို့သူအား ဖမ်းအံ့ဟု အနောက်မှ
ဖြည်ဖြည်းလိုက်လာလေသည်။ တောစပ်သို့ရောက် သော် ကျန်စစ်သားသည်
မောပန်းသဖြင့် အိပ်မည်ပြုရာ လှံကို မြေသို့ ပစ်သော်လည်း မစိုက်ဖြစ်နေလေသည်။
ကျန်စစ်သားလည်း စိတ်တိုသဖြင့် တောထဲသို့ ပစ်လိုက်ပြီးနောက်၊ နောက်မှ
သွားကောက်မည်ဟု ကြံ့လျက် အိပ်လေသည်။ ထိုလှံကား ကုလား ၈ ယောက်တို့အား
စိုက်မိသကဲ့သို့ ဖြစ်လေသည်။ ကျန်စစ်သားလည်း နိုးရာထပြီး လှံရှာသော်
ထိုအခြင်းအရာကို မြင်လျှင် ငါ့သခင်သည်င့ါအား အမှန်ပင်သေစေလိုသည်ဟု
ကြံပြီး ကြောင်းဖြူအရပ်တွင် ရှောင်ပုန်းလေသည်။
အနော်ရထာမင်းသည် တိုင်းပြည်တစ်ဝှမ်းလှည့်ပြီး ဆည်မြောင်းများဖို့ခြင်း၊
ကန်ချောင်းများတူးဖူးခြင်းများကို နိုင်ငံတော် အနှံပြုလုပ်တော်မူလေသည်။
ထိုနောက် ဆည်မြောင်းတို့ကို တူးဖော်ပြီးသော် ပေစေ့ တို့ကို ဤသို့ အဓိဌာန်ပြီး
စိုက်လေသည်။ ငါသည် ပုဂံပြည်တွင် မင်းနောက်တစ်ကြိမ်ဖြစ်သော် ပေစေ့တို့သည်
အပင်ပေါက် စေသောဝ် ဟူ၍ စိုက်လေသည်။ တစ်ခါသော် မင်းကြီး နေတော်မူသော
တဲတော်အောက်တွင် ဖားငယ်တစ်ခု မြည်လေသည်။ မင်းကြီးလည်း ဖားငယ်မည်
ခြင်းသည် မည့်အကြောင်းနည်းဟု ဟူးရာဖြူ၊ဟူးရားညိုတို့ကို မေးလေသော်
ဖားဖိုသေ၍ ဖားမငယ်သည် လင်ကောင်ကို ပိုး၍ ငိုသည် ဟု နားတော်လျှောက်
်လေသည်။ မင်းကြီးလည်း ဤအကြောင်းကား အသို့နည်း ဟု မေးရာ ဟူးရားတို့ကို
ဘုန်းတော်ကြီးသော အရှင်သည် အရိမဒ္ဒနာ ပေါက္ကာရာမ နေပြည်တော် မရောက်မီ
ရန်သူလက်တွင် နတ်ပြည်စံရလိမ့်မည် ဟု လျှောက်လေသော် မင်းကြီးလည်း
ငါသို့သောမင်းအား ဤသို့လျှောက်ဝံ့ရသလောဟု ဆိုပြီး အပါးတော်အား တဲအောက်တွင်
်ကြည့်စေသော် ဖားမလင်ကောင်ပိုး နေသည်ကို တွေ့ရလေသည်။
မင်းကြီးလည်း မင်းတို့မာန်ဖြင့် ဟူးရားတို့ကို သံချင်းခတ်ထားလေသည်။
ယင်းသို့မှ စစ်အင်္ဂါလေးပါးနှင့်တကွ နေပြည်တော်ကို ပြန်လာလေသည်။
နေပြည်တော်သို့ ရောက်သော် မုဆိုးတစ်ယောက် ကအောင်သောမြစ်ခြေဟူသော
အရပ်တွင် ကျွဲရိုင်းတစ်ကောင်သောင်းကျန်းနေကြောင်း ဘုရင်ကို လျှောက်လေသော်
မင်းကြီးလည်း နှိမ်နင်းရန် ထွက်တော်မူလေသည်။ ကျွဲရိုင်းကို မြင်သော်
စီးတော်ဆင်ကို ချွန်းဖွင့်ပြီး လွှတ်တော်မူလေသည်။ သို့သော် ထိုကျွဲသည်ကား
ကျွဲအစစ်မဟုတ် အနော်ရထာ၏ အကုသိုလ်ကံကြောင့် ထွက်ပေါ်လာသော
ကျွဲဖြစ်လျက် ကျွဲကခတ်လေသော် မင်းကြီးလည်း ဆင်ဦးတွင်ပင် ကံကုန်တော်မူလေသည်
ပထမမြန်မာနိုင်ငံတော် တည်တော်မူသော သာသနာပြု အနော်ရထာမင်းလက်ထက်တွင် မြန်မာပြည်သည်ကား အနောက်သို့လားသော် ကုလားပြည်၊ အနောက်မြောက်ထောင်
့်သို့လားသော် ကတူး( တကောင်း၊ဗန်းမောက်ဒေသ)၊ မြောက်သို့လားသော် တရုတ်ပြည်၊ အရှေ့မြောက်ထောင့်သို့လားသော် ပန်းသေးပြည် (ပါရ်စီ Parsi လူမျိုးများ ဒေသ ) ၊
အရှေ့သို့လားသော် ယူနန်နယ်၊ အရှေ့တောင်သို့လားသော် ခမာလူမျိုးများနေထိုင်သော
ဒေသ အထိ နိုင်ငံတော်ကျယ်ပြန့်ခဲ့လေသည်။ အနော်ရထာလက်ထက် တွင်နိုင်ငံတော်ကို
ကောင်းမွန်စွာ ပြုပြင်နိုင်သည့် အပြင် ဗုဒ္ဓသာသနာသာသနာကိုလည်း အနော်ရထာမင်းက
တိုးတက်အောင် ပြုလုပ်ခဲ့မူကြောင့် သမိုင်းဆရာများက အနော်ရထာကို မင်းကောင်း၊
မင်းမြတ်အဖြစ် သတ်မှတ်ခဲ့ကြလေသည်။
Subscribe to:
Posts (Atom)