Sunday, December 21, 2014
လူအမျိုးသမီးထဲက ရှေးဦးစွာ အရိယာ ဖြစ်သူ
လူအမျိုးသမီးထဲက ရှေးဦးစွာ အရိယာ ဖြစ်သူ
ဒကာ။
။ဘုရားသာသနာတော်မှာ လူအမျိုးသား ထဲကတော့ ရှင်ကောဏ္ဍညမထေရ် ဟာ ရှေးဦးစွာ
အရိယာ ဖြစ် တယ်လို့ သိမှတ်ရဖူးပါတယ်၊လူအမျိုးသမီးထဲကဘယ်သူဟာ ရှေးဦးစွာ
အရိယာအဖြစ်ကို ရယူသွားပါသလဲဆရာတော်။ ဆရာ။ ။ရာဇဂြိုဟ်မြို့သူမင်းမျိ
ုးမင်းနွယ်ဖြစ်သော ကာဠီအမည်ရှိတဲ့ အမျိုးသမီးဟာ လူသားအမျိုးသမီး
မိန်းမအပေါင်း တို့တွင် ရှေးဦးစွာ သောတာပတ္တိမဂ်ဖိုလ်ရ၍ သောတာပန် အရိယာ
ဖြစ်သောကြောင့် အမျိုးသမီးအပေါင်းတို့၏အကြီးဆုံးအစ်မကြီးဖြစ် တယ်တဲ့။ ဒကာ။
။သူကဘုရားမြတ်ထံမှာ ဘာတရားတော် ကို နာရလို့ သောတာပန် ဖြစ်သွားတာလဲ
ဆရာတော်၊ ရှင်းပြပါဦး ဘုရား။ ဆရာ။ ။ဟာ…သူ့ပါရမီက အတော်ထူးတာ၊မြတ်
ဘုရားကိုလည်း ဖူးတွေ့ရတာ မဟုတ်ဘူး၊ ဘုရားဟောတော်မူတဲ တရားကိုလည်း နာယူရတာ
မဟုတ်ဘူး။သောဏ ကုဋိကဏ္ဍ မထေရ်မြတ် အလောင်းဖြစ်တဲ့ သတို့သား ကိုယ်ဝန်
အရင့်အမာ ဖွားအံ့ဆဲဆဲ ပင်ပန်းဆင်းရဲကိုပယ်ဖျောက် သက်သာယူရန် ညအ ခါ လ,သာသာ
ပြာဿဒ်ထက်၌ လေညှင်းခံ ရှုရှိုက်နေတုန်းမှာ မိုး ထက်ကောင်းကင်က သာတာဂိရ
နတ်မင်းကြီးနဲ့ ဟေမ၀တနတ် မင်းကြီးနှစ်ပါးတို့
မြတ်စွာဘုရားရှင်၏ဘုရားအစစ်လက္ခဏာေ တာ် များနဲ့ဘုရားရှင်တို့ ရှိထိုက်တဲ့
ကျေးဇူးတော် ဂုဏ်တွေကို ဟေမ၀တ နတ်မင်းကြီးက မေးလိုက် သာတာဂိရနတ်မင်းက
ဖြေလိုက်နဲ့ နတ် မင်းကြီးနှစ်ပါးဘုရားအကြောင်းကိုဆွေးနွေးနေကြတယ်။ အဲဒီ
အမေးအဖြေ ဂုဏ်တော် ကျေးဇူးတော်များစွာတို့ကို ကြားနာ ရင်းနဲ့ ဘုရားကို
ကြည်ညိုတဲ့ သဒ္ဓါစိတ်တွေ ယိုဖိတ်ကာ နှစ်သက်မှု ပီတိတွေ ဖြစ်လျက် နီဝရဏတရားတွေ
ပယ်ခွာပြီး ၀ိပဿနာတရား ပွားများခြင်းပြုရင်းပင် သောတာပတ္တိမဂ်ဖိုလ်ကို
မတ်တတ်ရပ်လျက် နဲ့ ရရှိသွားလေ၏တဲ့၊အကျယ်သိချင်ရင် သာတာဂိရနဲ့ ဟေမ၀တနတ်
စစ်သူကြီးတို့ ၀တ္ထု၌ ကြည့်ပေတော့၊ဒါပဲ၊ ကာဠီအမျိုးသမီြး ကီးတဲ့။
ဒကာ။
။ဒါလောက်သိရတာ ကျေးဇူးတင်လှပါတယ် ဆရာတော်၊ သူဟာ အမျိုးသမီးထဲမှာအစဦး
အရိယာမကြီးပဲပေါ ။
Subscribe to:
Post Comments (Atom)
.jpg)
No comments:
Post a Comment