Friday, November 2, 2012

မြတ်ဗုဒ္ဓနေ့စဉ်ဟောညွှန်တဲ့ ဒုလ္လဘတရား ငါးပါး

ဘုရားရှင်သည် နံနက်ခင်း ဆွမ်းကိစ္စပြီးသော်
ဂန္ဓကုဋီသို့ ၀င်ရန် ကြွသွားစဉ် ဂန္ဓကုဋီတိုက်အတွင်း
အလုပ်အကျွေးရဟန်း ခင်းထားသော နေရာ၌
ထိုင်တော်မူကာ ခြေတော်တို့ကို ဆေးကြောတော်မူ၏။
ခြေဆေး အင်ပျဉ်၌ ရပ်တော်မူလျှက် ရဟန်းသံဃာ
တို့ကို..." ရဟန်းတို့ - မမေ့မလျော့သော သတိ
တရားဖြင့် သိက္ခာသုံးပါးကို ပြည့်စုံအောင်
အားထုတ်ကြ။

- လောက၌ ဘုရားပွင့်တော်မူခြင်းသည် ရခဲ၏။

- လူ့အဖြစ်သည်လည်း ရခဲ၏။

- သဒ္ဓါတရားနှင့်ပြည့်စုံခြင်းသည်လည်း ရခဲ၏။

- ရှင်ရဟန်းအဖြစ်သည်လည်း ရခဲ၏။

- သူတော်ကောင်းတရားနာကြားရခြင်းသည်လည်း
ရခဲ၏ ။ " ဟု
ဒုလ္လဘတရားငါပါးကိုပြ၍ နေ့စဉ်ဆုံးမတော်မူလေသည်။
from FB - Young Buddhist's Association

No comments:

Post a Comment