Sunday, January 8, 2017
ကိလေသာကို သတ်ခြင်းသည်ကား မဂ်၊
မဂ်ဆိုသည်မှာ သူ့ဆိုင်ရာ ကိလေသာကို သတ်ဖြတ်ချလိုက်ခြင်း၊
ဖိုလ်ဆိုသည်မှာ ရန်ကင်းသဖြင့် အေးချမ်းခြင်း၊
သို့ကြောင့် မဂ်နှင့်ဖိုလ် ထိုနှစ်ခင်းတို့သည်
အကြောင်းခံနှင့် အကျိုးဆက် ခွဲဖျက်မရစကောင်းသော အတွဲများသာ ဖြစ်ကြလေရာ …
မဂ်အစစ်ဟုတ်မဟုတ် မည်သူ့ကိုမျှ မေးကြည့်စရာ မလိုပြီ။
အတုအစစ် ခွဲခြားနည်း မည်သူ့ထံမှလည်း နည်းခံနေစရာ မလိုပြီ။
မဂ်မသိ ဖိုလ်နှင့်ညှိစကားပမာ ချုပ်ပြတ်မှုသိသော အသိ၏နောက်၌ အငြိမ်းဓာတ် အအေးဓာတ်ကြီး လိုက်မလိုက်ဖြင့် ချိန်ကိုက်သိနိုင်သည်။
ကိုယ့်အတွင်းရှိကို ကိုယ်ကိုယ်တိုင် ထိုးထွင်းသိဖြင့် သိနိုင်သော ကိန်းသေနည်းပင်တည်း။
ထိုမဂ်အကြောင်းခံ၏ ဖိုလ်အကျိုးပေး အအေးသည် သင်္ခါရုပေက္ခာရှိသမာဓိပဿဒ္ဓိအေးများထက် အဆများစွာ သာလွန်သည်ကိုလည်း သတိပြုလေဦး။ သို့မဟုတ် ဆောင်းအေးနှင့် ဆောင်းရေသောက်အေး နှစ်တွဲခွဲသိကြည့်လိုက်ပါ…။
ခရီးသွားနှင့် စမ်းရေနှင့်
ထိုဖိုလ်အရသာ၏ အေးမြပုံကို ခံစားလိုက်ရသော ယောဂီ၌ကား …
နွေခေါင်ခေါင် တလင်းပြောင်ပြောင် နေပူကျဲကျဲထဲဝယ် ခရီးခဲတရကြမ်းနှင်လျက်က ရန်သူ့လက်မှ ရုန်းထွက်လာခဲ့ရလေသူတစ်ယောက်ရန်သူနှင့်လည်းဝေး တောအုပ်စမ်းရေအိုင်ဘေးလည်းအရောက် တစ်ဖန် စမ်းချောင်း၏အစပ် စမ်းရေနှင့်မပြတ်ဖြစ်နေသော ရွံ့နွံဖတ်ဖတ် တွေ့လေရာ
က။ ရန်သူ၏ နှိပ်စက်ခံထားရမှုကြောင့် နွမ်းနယ်ခြင်း၊
ခ။ ခရီးခဲလမ်းကြမ်း၏ ညှင်းပန်းခံရမှုကြောင့် ပင်ပန်းခြင်း၊
ဂ။ နေပူလေပူဒဏ် အဖန်ဖန်ခံထားရမှုကြောင့် ညှိုးနွမ်းခြင်း၊
ထိုဒဏ်တို့ကို ပြေပျောက်လိုမှုအား ကြီးလာရကား ထိုစမ်းနွံပေါ်သို့လည်း စိတ်ချလက်ချ ပစ်လှဲထိုင်ချ စမ်းရေအေးအေးလေးကိုလည်း သောက်ချလိုက်သည်ပမာ … သည့်အတူသာလျှင်
ကိလေသာ၏ ဒဏ်၊ ရုပ်နာမ်ဖြစ်ပျက်တို့၏ဒဏ်၊ အတွင်းဓာတ်အချင်းချင်း အာရုံနှင့် အကြည်ဓာတ်အချင်းချင်း စစ်ခင်းကြရာမှဖြစ်သောဒဏ် …
ထိုဒဏ်ဤဒဏ်များ အလူးအလဲခံထားရရှာသော အသိကလေးသည်လည်း မဂ်၏အဆိုက် ဖိုလ်အအေးဓာတ်ကြီးကလည်း လိုက်၍လာချေသောအခါ အငြိမ်းဓာတ် အအေးဓာတ်ကြီးထဲသို့ ခြေစုံပစ်၍ ထိုင်ချလိုက်လေတော့သည်။
ထိုအသိစိတ်နှင့် ထိုအအေးဓာတ် ထပ်မိသွားသောအခါတွင်ကား …
ထိုစိတ်မှတစ်ဆင့် တစ်ကိုယ်လုံးကြီးသို့တိုင်အောင်
ငယ်ထိပ်မှတောက်လျှောက် အောက်သို့လည်း စုန်ဆင်းစေလေပြီ။
ခါးဆစ်ရိုးမှတက် အထက်ထက်သို့လည်း ပျံ့နှံ့စေလေပြီ။
ထိုသို့ခံစားနေရစဉ် ..
ချုပ်ပြတ်မှုကို သိသောအသိကား တစ်စက္ကန့်တစ်ချက်စာမျှသာတည်း၊
အအေးဓာတ် အငြိမ်းဓတ် ခံစားသိအသိကား နှစ်စက္ကန့် သုံးစက္ကန့်မျှအထိတည်း၊
ထိုတွင်
၁။ ချုပ်ပြတ်မှုကား နိရောဓ သို့မဟုတ် နိဗ္ဗာန်တည်း၊
၂။ ချုပ်ပြတ်မှုအပေါ် သိခြင်းကား မဂ်ဉာဏ်တည်း၊
၃။ ချုပ်ပြတ်မှု၏ အငြိမ်းဓာတ်ကို ခံစားနေခြင်းကား ဖိုလ်ဉာဏ်တည်း။
စိတ်မည်းမပြူ အဖြူချည်းသက်သက်ဖြစ်ရကား အဖြူစင်ဆုံး အတောက်ပဆုံး၊ ညစ်ကြေးမတင် ပကတိဖြူစင်လျက်ရှိသေးသော တွင်းထွက်ရွှေ၊ တွင်းထွက်ငွေသားများပမာသာ။
သို့မဟုတ်
ပန်းထိမ်ဆရာသည် ရွှေမှ အညစ်အကြေးများကို သန့်စင်ကာ လက်ရာမြောက်စွာ ရတနာအဖြစ် ထုလုပ်ပြီး မှန်လုံခန်းကြီးထဲ ထည့်ပြထားသည့်ပမာတည်း။
ညစ်ကြေးမတင် ပကတိစင်ကြယ်နေသော နှလုံးသာအကြားမှ ဖြစ်ပေါ်လာသည့် ထို စိတ်တန်ခိုး စိတ်သတ္တိများ၏ အရောင်ကား ဘယ်အရာနှင့်မျှ နှိုင်းယှဉ်၍ မရစကောင်းပြီ။
အသစ်တည်ပြီးစ တိုက်အိမ် တိုက်ခန်းလေးတစ်ခု
ထိုဖိုလ်စိတ်များ ဖြစ်ပွားပြီးနောက်
စိတ်သည် မိမိရှုလက်စ ရုပ်နာမ်ဖြစ်ပျက်ကိုသာ ကောက်ကိုင်ရတော့၏ ။
ထိုသို့သာ ကောက်ကိုင်လိုက်ရသော်လည်း
ဖိုလ်ဇောကျရာရှိ စေတနာ၏ စေ့ဆော်အားသည် အလွန် အင်အားကြီးမားသည်ကတစ်ကြောင်း မည်သည့်ကမ္ဘာ မည်သည့်သံသရာ မည်သည့်ဘ၀မှာမှ မရဖူး၊ မတွေ့ဖူးခဲ့သော အတွေ့အထိကြီး ဖြစ်နေသည်က တစ်ကြောင်းများကြောင့် စိတ်သည် ဖိုလ်ဇောကျရာ အတိတ်အာရုံဆီသို့သာ ပြေးသွားချေတော့သည်။
ဖိုလ်စိတ်ကျစဉ်တုန်းက ခံစားခဲ့ရပုံများကိုသာ တသသ သတိရနေချေတော့သည်။
၎င်းကိုကား ပစ္စ၀က္ခဏဉာဏ်ဟူ၍ ခေါ်ဆိုရချေ၏ ။
သို့မဟုတ်
ရပြီးဖိုလ်ချမ်းသာကို ပြန်လည်ခံစာနေပါသည်ဟု၏ ။
၎င်းပုဂ္ဂိုလ်ကို ဖလသမာပတ် ၀င်စားနေသောသူဟူ၍ ခေါ်ဆိုရပါ၏ ။
စိတ်ဖြူစင်မှုဖြင့် ထိုသို့ခံစားနေစဉ် …
စိတ်သည် တွေးစိတ်လည်းမသွင်း ပြေးစိတ်လည်း မပင်းဘဲ အလွန်ရှင်းလင်းသောအမြင်ဖြင့် အထူးကြည်လင်လျက်က တည်၏။
ဆောက်ပြီးစ တိုက်သစ်တစ်ခု၏ အတွင်းခန်းထဲဝယ်
တစ်ယောက်ထီးတည်း အေးချမ်းငြိမ်သက်စွာ ထိုင်နေရသည့်ပမာ အရှုပ်အထွေး ကင်းရှင်းစွာ ပကတိအသိ ပကတိအကြည့်ဖြင့် အမြင်ကြည်လျက်ပင် ရှိချေ၏ ။
ထို ဖိုလ်ချမ်းသာ ခံစားရမှုကား အာရုံပေါ်တိုင်းလည်း ဖြစ်ပွားနေတတ်လှ၏ ။ ကိုယ်ဝင်ချင်သလိုဝင်၍ရသော ကိုယ်ပိုင်အိမ်ကဲ့သို့ပင်ဖြစ်၏ ။
ဖိုလ်ဇောကျစဉ် အားကြီးမှုစိတ်စဉ်သို့လိုက်၍
အချို့ကား ရှုပွားနေကျ ဖြစ်ပျက် ရှုလျက်ကပင် ဖိုလ်ဇောဆီသို့ ထိုးဝင်ပြေး၏ ။
အချို့ကား ဖလသမာပတ် ၀င်စားလိုချိန် အာရုံပြုသည်နှင့် အဆင့်ဆင့် ကူးဝင်၏ ။
ရပြီး ဖိုလ်ချမ်းသာကိုချည်း ထိုသို့ တရစ်ဝဲ၀ဲခံစားနေခြင်းသည်ကား ရှေ့ခရီးဆက် တစ်ကွေ့ထွက်ရန်၏ အဟန့်အတားဆိုသည်ကိုလည်း သတိ ရှိပါလေ။
ရပြီး ဖိုလ်ချမ်းသာကိုချည်း ထိုသို့ အလယ်ကွက်ကွက် အတွေ့ဖက်နေခြင်းသည်ကား ရောင်းရာဝယ်ရာတို့မှ အမြတ်ထွက်လာသောငွေကို အခါခါထုတ် ရေတွက်နေပုံမျိုး ဆိုသည်ကိုလည်း သတိရှိပါလေ။
အသစ်လာလျှင် အဟောင်းကွာရန်ကြိုးစားပါ
အကယ်လို့
သင်သည် ရှေ့ခရီးအထွက် ဆက်ချင်ခဲ့သော်
ရပြီးဖိုလ်ချမ်းသာသို့ စိတ်မရောက်စေရန် အဓိဋ္ဌာန်ဖြင့် ဖြတ်တောက်ချအပ်၏ ။
ဤနေရာသည် ငါ့အတွက် ဘေးရန်မကင်းသေးပြီ ။
ဝိသာခါမ လင်တော်ကိုပုည၏ အသုံးတော်ခံဘ၀မှ မထရသေးသည်ကို အောက်မေ့ရာ၏ ။
ဝိသာခါမ အတွင်းရှိ ရာဂသွေး ဒေါသသွေးတို့က ကလိခံနေရသည်ကို သတိရှိရာ၏ ။
သောတာပန် အနာထပိဏ်ဘ၀ မယားပုညလက္ခဏ၏ လက်မှ မထွက်သေးသည်ကို အမှတ်ရရာ၏ ။
အနာထပိဏ်၏ဘ၀ မယားကိစ္စသားကိစ္စ လက်မှမချရသေးသည်ကိုလည်း အမှတ်ရရာ၏ ။
ငါသည် လေးဘက်သွားမှလွတ်သော်လည်း နှပ်မစင်သေး၊
ငါသည် နှပ်ပင်စင်သော်မှလည်း သင်္ခါရ၏ ပြုပြင်မှုအောက်က မလွတ်မြောက်သေး။
ဤသို့သော(သူ့ဖိုလ်ချမ်းသာ၌ အမုန်းဝင်စေသော) ဆင်ခြင်ဉာဏ်တို့ဖြင့် ဖြတ်တောက်အပ်၏ ။
ဖြတ်တောက်တတ်ပါမှလည်း ရှေ့ခရီးဆက်၍ ရ၏ ။ မိမိရှိ ရုပ်နာမ်ဖြစ်ပျက်သို့ ယခင်ရှုနေကျအတိုင်း ရှုမှတ်ခြင်းဖြင့်သာ အဆင့်တက်ရပါသည်ကို အားကိုးတတ်ပါမှလည်း ရှေ့ခရီး ဆက်၍ ရ၏ ။
ထိုသို့မဟုတ်ပါက
မတွေ့စဖူး အတွေ့ထူးကြီး ဖြစ်နေ၍ ငြိတွယ်နေသည်က တစ်ကြောင်း၊
ကမ္ဘာ့ကမ္ဘာ သာသနာနှင့် ကြုံတိုင်း တောင့်တခဲ့သည်ကို ရနေသည်က တစ်ကြောင်း၊
ကာမအရသာထက်ကောင်းသော ဓမ္မအရသာ၌ ခံကောင်း ကောင်းနေသည်က တစ်ကြောင်း၊
ထိုအကြောင်းကြောင်းသော အကြောင်းကြောင်းတို့ကြောင့် လမ်းကြောင်း ထစ်ငေါ့နေတတ်လှချေသည်။
ငါတို့ခေတ် တစ်မဂ်မှ တစ်မဂ်သို့ မကူးဆက်နိုင်ခြင်းသည်
ယင်းအကြောင်းခံတရားများကြောင့်ဆိုက မမှားတန်ရာပြီ။
မယားငြိ သားငြိကမှ တရားမမိသည်မဟုတ်၊
တရားအငြိကလည်း တရားမမိသည်ကို သက်သေထူနေခြင်းတည်း ။
ဤသို့ ငြိကပ်နေခြင်းကပင် မိမိ၌ ကိလေသာအား ကြီးလှပါကြောင်း ၀န်ခံချက်ပေးခြင်း မဟုတ်လော။
ခရီးမဆုံးမီ ခါးတောင်းကျိုက် မဖြုတ်လေနှင့်ဦး
စိတ်ဓာတ်မည်းသူ ဖြူလိုမူ တူရှုခရီးဆက် ၊
ဤသို့ ဆိုအပ်ခဲ့ပြီးသော အစီရင်ဖြင့်ပင် သစိတ္တ ပရိယောဒါပနံအရ စိတ်ဓာတ်ဖြူစင်ပုံ အခြင်းအရာ ရိပ်မိနိုင်လောက်ရာ၏ ။
ထို့ထက်ဆက်၍ ဖြူစင်လိုပါသော်ကား…
တစ်မဂ်မှတစ်မဂ်သို့ တက်၍တက်၍သော်လည်းကောင်း၊
တစ်ဖိုလ်မှတစ်ဖိုလ်သို့ ထွက်၍ထွက်၍သော်လည်းကောင်း၊
ဖြူစင်သည်ထက် ဖြူစင်စွာ ကြိုးစားကြကုန်ရာ၏ ။
တစ်မဂ်မှ တစ်မဂ်သို့ တက်ကြရာတွင်
သင့်မှတ်ချက်တစ်ချက်လျှင် အမည်း တစ်စက်တစ်စက်ပျောက် အဖြူတစ်ချက်တစ်ချက်တောက်စေ၏ ။
မဂ်ကျ ဖိုလ်ဝင် အရိယာဇာတ်ဝင်ပြီး သူတစ်ဦး၏ လက်ဝယ်ရှိ ရှုမှတ်ချက်တစ်ချက်ဟူသော မဂ္ဂအရာသည် ငွေစင်တစ်မတ်ပမာ ကြေးစွာ၏။ အစစွာသော ၀ိပဿနာရှင်လက်ဝယ်ရှိ မှတ်အားကဲ့သို့ ငါးပြားတစ်စေ့ မဟုတ်တော့ပြီ။
တစ်မဂ်တစ်မဂ်သို့ ခရီးပေါက်သွားလျှင်ကား အဖြူတစ်ချက်အတောက် အမည်းလည်း တစ်ကွက် အသက်ပျောက်စေ၏။
မဂ်ကျဖိုလ်ဝင်စဉ်ရှိ အရိယာဇာတ်သားတစ်ဦး၏ ရှုမှတ်ချက်ဟူသော မဂ်အရာသည်ကား ငွေစင်တစ်ကျပ်ပမာ ကြေးစွာ၏။ မဂ္ဂင်အရာရှိမှတ်အားကဲ့သို့ မတ်စေ့တစ်စေ့ မဟုတ်တော့ပြီး။
က။ အစစွာသော ၀ိပဿနာရှင်၏ မှတ်ချက်တစ်ချက်သည် မဂ္ဂင်အရာဝင်ရာ၏ အခြေခံမျှသာဆိုသည်ကို သတိရှိရာ၏ ။
ခ။ အရိယာဇာတ်သား၏ မှတ်ချက်တစ်ချက်သည် မဂ်ဝင်ရာ၏ မဂ္ဂင်အရာဆိုသည်ကို သတိရှိရာ၏ ။
ဂ။ မဂ်ကျဆဲကာလ၏ မှတ်ချက်တစ်ချက်သည်ကား ရှေ့မဂ်သွားရာ ဖ၀ါး နောက်မဂ် အထပ်ထားသောမဂ်အရာ၏ မဂ်ဆိုသည်ကို သတိရှိရာ၏ ။
ထိုသို့ ပျောက်သော အစက်အကွက်တို့ ကုန်ခန်းသော်
ပေါက်သောအဖြူ ချက်တို့ချည်း အာရုံတိုင်း၏ နေရာအပြည့်လင်းမည်ကိုလည်း တစ်ထစ်ချ ယုံကြည်အပ်၏ ။
သစိတ္တပရိယောဒါပနံ၏ စိတ်အဖြူစင်ဆုံးကာလသည်
အရဟတ္တမဂ်ဖြင့် ကိလေသာအားလုံးကို အကြွင်းမဲ့ လက်ကျန်မရှိ ပယ်ဖက်ပြီးသော အရိယာအရှင်သခင်ကြီးများ၏ အရိုက်အရာခံချိန်ကာလပင်တည်း။
ထိုအချိန်မျိုးနှင့် ထိုအချိန်မျိုး၏ နောက်ပိုင်းရှိ စိတ်တော်များသည်
အသိရှိနေသည့်အလျောက် မသိမရှိပြီ ။
မသိမရှိတော့သည့်အလျောက် အသိရှိနေပြီ ။
သို့ကြောင့်
မသိရာမှဖြစ်သော ပူပန်နောက်ကျုခြင်း ဥဒ္ဓစ္စ ကုက္ကစ္စများ မလာပြီ။
မသိရာမှဖြစ်သော မြတ်နိုးတက်ကြွ မာန်ထခြင်းမာန ကင်းပပြီ။
မသိရာမှဖြစ်သော စိတ်မခန့် ကိုယ်မကြံ့မှု ထိနမိဒ္ဓများလည်း ဖယ်ရှားသွားပြီ။
ချစ်မုန်းနှစ်ပါး ငါစွဲများနှင့် ကျန်အယုတ်တရားများ ယခင်ကပင် ရှောင်ရှားသွားပြီ ။
ထိုစိတ်မျိုးမှမဖြူ မည်သည့်စိတ် ဖြူမည်နည်း။
သို့ပါသောကြောင့် သစိတ္တပရိယောဒါပနံဟူ၍ ဘုရားရှင်တိုင်း၏ အဆုံးအမကို လိုက်နာလိုကြပါကုန်သော အရိယာလောင်းလျာ သူတော်စွာတို့သည် ထို အရဟတ္တဖိုလ်သို့အရောက် ခရီးပေါက်အောင် တောက်လျှောက်သွားကြပါလေကုန် …
ရွှေကျောင်းကုန်းဆရာတော်(မဟာဗောဓိမြိုင်ဆရာတော်) ၀န၀ါသီဉေယျဓမ္မသာမိထေရ် ၏ ဓမ္မောဝါဒကထာ မှ ကောက်နှုတ်ပူဇော်ပါသည်။
http://348dhamma.blogspot.com/2012/12/blog-post_31.html?m=1
Friday, December 30, 2016
အံ့ဖွယ်ရှစ်ဖြာ သာသနာ
သာသနာ့အံ့ဖွယ်(၈)ဖြာ
အရှင်ကေ၀လ(အလင်းစက်)
{B.A-Eng, M.A-Sri Lanka}
မကုဋာရာမမြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊ (14/04/2013)
“အံ့ဖွယ်ရှစ်ဖြာ သာသနာ”ကဗျာကို တင်ပြလိုက်ရပါသည်၊၊
“အစဉ်နက်ဝှန်း၊
ကမ်းကိုမလွန်၊
ရွံဖွယ်ဆယ်ပစ်၊
တစ်မည်ဖြစ်ခြင်း၊
မယွင်းမတိုး၊
ဆယ်မျိုးရတနာ၊
ရသာဆားတူ၊
ကြီးသူနေရာ၊ အံ့ရှစ်ဖြာတည်း၊၊”
“အစဉ်နက်ဝှန်း”
သာသနာတော်သည် သီလ၊ သမာဓိ၊ ပညာ၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ဟူ၍ အစဉ်အတိုင်းကျင့်စဉ်နှင့်၊ ပန်းတိုင် များသည်အစဉ်အတိုင်း ထူးခြားနက်နဲပါသည်၊၊
“ကမ်းကိုမလွန်”
သာသနာတော်တွင် လူသားများအတွက် ကျင့်ဝတ်စည်းကမ်းများ၊ သံဃာတော်များအတွက် ကျင့်ဝတ် စည်းကမ်းများဟူ၍ များစွာပင်တိကျစွာတည်ရှိပါသည်၊၊ သာသနာတော်အတွင်းတွင် လူနှင့်သံဃာတို့သည် ကျင့်ဝတ်များကိုဖောက်ဖြက်ခြင်း မပြုရပါ၊၊
“ရွံဖွယ်ဆယ်ပြစ်”
အကယ်၍ သာသနာတော်အတွင်းမှ လူတစ်ယောက်၊ သို့မဟုတ်-ရဟန်းသံဃာတစ်ပါးသည် ဗုဒ္ဓရှင် တော်ချမှတ်ထားသည့် ကျင့်ဝတ်စည်းကမ်းကို ဖောက်ဖျက်ခဲ့သည်ရှိသော် ဗုဒ္ဓဘာသာကိုယ်ကျင့်တရား ပျက်ယွင်းသူအဖြစ်သို့ ရောက်ရပါသည်၊၊
ထိုသူမျိုးကို “ရွံမုန်းဖွယ်ကောင်းသူ”ဟု သတ်မှတ်ပါသည်၊၊ မတင့်တယ်သည့် စည်းကမ်းဖောက်ဖျက်သူ သည် တစ်နည်းနည်းဖြင့်သာသနာမှ အဝေးသို့လွင့်စင်ရပါတော့သည်၊၊ ဆိုလိုသည်မှာ စည်းပျက်သူတို့ သွားရလေ့ရှိသည့် လက်ရှိဘ၀ဆင်းရဲဘေးနှင့်၊ သံသရာဘ၀အပါယ်ဘေးများသို့ လွင့်စင်ကျရောက် ရခြင်း ဖြစ်ပါသည်၊၊
“တစ်မည်ဖြစ်ခြင်း”
မြတ်စွာဘုရားရှင်၏ သာသနာတော်အတွင်းသို့ မျိုးနွယ်အမျိုးမျိုးမှလူတို့သည် ကိုးကွယ်ဆည်းကပ်လာ လေ့ရှိကြသော်လည်း၊ သာသနာတော်အတွင်းသို့ရောက်သောအခါ “သကျပုတ္တ=ဘုရားရှင်၏သား တော်/သမီးတော်”ဟူ၍သာလျင် နာမည်တစ်မျိုးတည်းသာ ခံယူကြရပါသည်၊၊
“မယွင်း၊ မတိုး”
နိဗ္ဗာန်ချမ်းသာသို့ ကိုယ်ကျင့်တရားကောင်းသူများစွာ ရောက်ရှိကြသဖြင့်၊ နိဗ္ဗာန်ချမ်းသာတွင် နေရာ ပြည့်သွားခြင်းနှင့်၊ လူတို့ကိုယ်ကျင့်တရား ဖောက်ဖျက်ကြသဖြင့် နိဗ္ဗာန်ချမ်းသာသို့ရောက်နိုင်သူနည်းပါးပြီး၊ နိဗ္ဗာန်ချမ်းသာတွင် ခြောက်ကပ်နေခြင်းဟူ၍ မရှိပါ၊၊ နိဗ္ဗာန်ချမ်းသာသည် အမြဲသာယာစိုပြေ နေပြီး၊ အေးချမ်းနေသည့်ချမ်းသာအစစ်တည်ရှိရာ ဖြစ်နေပါသည်၊၊
“ဆယ်မျိုးရတနာ”
မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီးတွင် မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ်ဟူသော ရတနာဆယ်မျိုးတို့ဖြင့် ပြည့်နေပါသည်၊၊ ဆည်းကပ်ကိုးကွယ်သူများအားလုံးကို ရတနာဆယ်မျိုးတို့ ဖြင့် လူချမ်းသာများအဆင့်သို့ ရောက်ရှိစေပါသည်၊၊
“ရသာ ဆားတူ”
မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်တွင် ပန်းတိုင်တစ်ခုတည်းသာ ရှိပါသည်၊၊ လွတ်ငြိမ်းသည့် ချမ်းသာဖြစ်ပါသည်၊၊ ချမ်းသာအမျိုးမျိုးတွင် အစစ်မှန်ဆုံးသော ချမ်းသာစစ်ဖြစ်ပါသည်၊၊ ဗုဒ္ဓဘာသာဝင်တို့ ခံစားရသည့်နောက်ဆုံးအရသာသည် “လွတ်မြောက်မှုအရသာ”တစ်ခုတည်းသာ ဖြစ်ပါသည်၊၊
“ကြီးသူနေရာ”
မြတ်စွာဘုရားရှင် တည်ထောင်တော်မူသည့် သာသနာတော်သည် အမျိုးယုတ်ညံ့သူတို့ နေခွင့်ရှိသည့်နေရာ မဟုတ်ပါပေ၊၊ ဘုန်းကံမြင့်သူတို့သာ ကိုးကွယ်ဆည်းကပ်ခွင့်ရသည့် သာသနာတော်ဖြစ်ပါသည်၊၊ ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်နေသူများသည် ပါရမီရှိကြသည့် ဘုန်းကံမြင့်မားသူများသာ ဖြစ်ပါသည်၊၊
http://ko-thitsar.blogspot.com/2013/04/blog-post.html?m=1
Saturday, December 24, 2016
ကံအမျိုးမျိုး - အကျိုးပေးရာကာလအရ ကံကို လေးမျိုးခွဲ
အကျိုးပေးရာကာလအရ ကံကို လေးမျိုးခွဲထားသည်။ (၎င်းတို့မှာ - ) ယခုဘဝမှာပင် အကျိုးပေးတတ်သည့်ကံ (Kamma that ripens in the same lifetime)။ နောင်ဘဝတွင် အကျိုးပေးတတ်သည့်ကံ (Kamma that ripens in the next life) နှင့်၊ ဘဝအဆက်ဆက် အကျိုးပေးတတ်သည့်ကံ (Kamma that ripens in successive births) တို့ဖြစ်သည်။ ဤကံသုံးမျိုးတို့သည် အစေ့မှ အညှောက်ထွက်သကဲ့သို့ အကျိုးပေးရန် သေချာသည်။ သို့သော်လည်း အစေ့ကလေး အညှောက်ပေါက်ဖို့ရာ မြေဆီလွှာ၊ မိုးစသည်တို့ကဲ့သို့သော အခြားသော အကြောင်းအထောက်အပံ့များ လိုအပ် သည်။ အလားတူပင် ကံ အကျိုးပေးရန် အခြေအနေ၊ ပတ်ဝန်းကျင် စသည်တို့ကဲ့သို့သော အကူဖြစ်သည့် အကြောင်းအထောက် အပံ့များ လိုအပ်ပါသည်။ တစ်ခါတစ်ရံတွင်မူ ဤကဲ့သို့သော အကူအထောက်အပံ့ အကြောင်းများ လိုအပ်သည့်အတွက် ကံက မည်သည့် အကျိုးမျှ မပေးသည်လည်း ရှိတတ်ပါသေးသည်။ ဤကဲ့သို့သော အကျိုးမပေးသည့်ကံကို (၄) “အဟောသိကံ” “အကျိုးမပေးသည့်ကံ” ဟု ခေါ်ပါသည်။
ကိစ္စ အလုပ်လုပ်ပုံအားဖြင့် ကံကို (နည်းတစ်မျိုးဖြင့်) လေးမျိုးခွဲပြပြန်သည်။ ကံလေးမျိုးသည် -
၁။ ဇနကကံ (Regenerative Kamma) - ပဋိသန္ဓေကျိုး (ဘဝအစ)ကို ဖြစ်စေတတ် ပေးတတ်သောကံ၊
၂။ ဥပတ္ထမ္ဘကကံ (Supportive Kamma) - ရှိပြီးသာကံ၏အကျိုပေးမှု (ဇနကကံနှင့် ၎င်း၏ အကျိုးပေးမှု)ကို ထောက်ပံ့ ကူညီမှုပေးတတ်၊ တည်တံ့စေတတ်သောကံ၊
၃။ ဥပပီဠကကံ (Counteractive Kamma) - ပြန်လည်အကျိုးပေးတတ်သောကံ၏ အကျိုးပေးမှုကို အကျိုးပေး ခွင့် မရအောင် ဖိနှိပ်တတ် ချယ်လှယ်တတ်သော သို့မဟုတ် (အကျိုးပေးမသန်အောင်) ပြုပြင်တတ်သောကံ၊
၎။ ဥပဃာတကကံ (Destructive Kamma) - ရှိပြီး (အကျိုးပေးပြီး)ကံ၏ စွမ်းအင်သတ္တိများကို ဖျက်ဆီးပြီး မိမိ ကိုယ်တိုင်၏ အကျိုးပေးမှုများဖြင့် အစားထိုး အကျိုးပေးတတ်သောကံ။
(ပဋိသန္ဓေ) အကျိုးပေးဖို့ရာ ဦးစားပေးမှု (အလှည့်အကြိမ်) အရ နောက်ထပ် ကံအမျိုးအစား ခွဲထားမှု ရှိပြန်သေးသည်။ (၎င်းတို့မှာ - )
၁။ ဂရုကကံ (Serious or Weighty Kamma) - ယခုဘဝ သို့မဟုတ် နောင်(ဒုတိယ) ဘဝတွင် အကျိုးပေးသည့်ကံ။ ဤကံ၏ ကောင်းမြတ်သောဖက်မှ ကြည့်သော် (မဟဂ္ဂုတ် ဈာန်တရားသည် ဂရုကကံ ဖြစ်သည်။ အကြောင်းမှာ ဈာန်မဟုတ် သော ကုသိုလ်ကံများထက် အကျိုးပေးမြန်လှသောကြောင့်ပင်။ အဆိုးဖက်တွင်မူ အာနန္တရိယကံ (ဒုတိယဘဝတွင် အကျိုးပေး လေ့ရှိသောကံ) ငါးမျိုးသည် ကရုကကံ ဖြစ်သည်။ ၎င်းတို့မှာ အမိ သတ်ခြင်း၊ အဖသတ်ခြင်း၊ ရဟန္တာကိုသတ်ခြင်း၊ ဘုရား ရှင်ကို သွေးထွက်အောင် လုပ်ခြင်းနှင့် သံဃာ အချင်းချင်း ကွဲအောင်ပြုလုပ်ခြင်းတို့ဖြစ်ပါသည်။
အာသန္နကံ (Death-proximate Kamma) ဆိုသည်မှာ သေခါနီးအချိန်၌ ကိုယ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ ပြုလုပ်သော ကံဖြစ်သည်။ စိတ်ဖြင့်ပြုသည်ဟူသည် မိမိ၏ ရှေးကပြုလုပ်ခဲ့သော ကောင်းသောအလုပ် မကောင်းသောအလုပ် (ကောင်းကံ၊ မကောင်းကံ)များကို တွေးမိ သတိယမိခြင်း၊ ကောင်း မကောင်းသော အတွေး၊ စိတ်များရှိခြင်းကို ဆိုလိုသည်။ မိမိ၌ ဂရုကကံ မရှိခဲ့သော် ဤအာသန္နကံသည်ပင် ပဋိသန္ဓေကျိုးကို ပေးပါသည်။
အာစိဏ္ဏကံ(Habitual Kamma) ဆိုတာ မိမိ အမြဲမပြတ်ပြုလုပ်နေတဲ့ ကံကို ခေါ်တာပါ။ အာသန္နကံ မရှိရင်တော့ ဒီကံကပဲ အကျိုးဝင်ပေးပြီး နောက်ဘဝကို ဖန်တီးပေးတော့တာပဲ။
ကဋတ္တာကံ (Reserved Kamma) ဆိုတာ ဦးစားပေး အကျိုးပေးမှုကံတွေထဲမှာ နောက်ဆုံးကံပါ။ မည်သည့် သတ္တဝါကမျှ ဒီကံကို မျှော်လင့်မထားပါဘူး။ အကျိုးပေးဖို့ အာစိဏ္ဏကံမရှိဘူးဆိုရင် ဒီကံက ပဋိသန္နေကျိုးကို (နောက်ဘဝကို) ဖြစ်စေတော့ ပေးတော့တာပါပဲ။
(ရှေးရှေးဘဝတို့၌ ပြုအပ်ပြီးသော စေတနာနှင့် ယခုဘဝတွင် ဂရုက အာသန္န အာစိဏ္ဏအခြေအနေသို့ မရောက် တတ်ဘဲ အမှတ်တမဲ့ သာမန်မျှ ပြုအပ်သောကံများကို “ကဋတ္တာကံ“လို့ခေါ်ကြောင်း ဆရာတော် အရှင် ဇနကာဘိဝံသရဲ့ “သင်္ဂြိုဟ် ဘာသာဋီကာ၊ စာမျက်နှာ ၃၄၃၊ နယူးဘားမားအော့(ဖ်)ဆက် ပိဋကပုံနှိပ်တိုက်၊ ဧကာဒသမအကြိမ်” မှာ ရှင်းပြထားပါတယ်လို့ ဘာသာပြန်သူက ဖြည့်စွက် ဖော်ပြလိုက်ပါတယ်)။
အကျိုးပေးတဲ့နေရာကိုလိုက်ပြီး နောက်တမျိုးတစား ခွဲခြားထားပြန်သေးတယ်။ အဲဒီကံတို့ရဲ့အမည်တွေကတော့ -
၁။ အပါယ်ဘုံမှာ အကျိုးပေးတဲ့ အကုသိုလ်ကံ၊
၂။ ကာမသုဂတိဘုံမှာ အကျိုးပေးတဲ့ ကုသိုလ်ကံ၊
၃။ ရူပဘုံမှာ အကျိုးပေးတဲ့ ကုသိုလ်ကံ၊
၎။ အရူပဘုံမှာ အကျိုးပေးတဲ့ ကုသိုလ်ကံ တို့ဖြစ်ပါတယ်။
၁။ အကုသိုလ်ကံတို့သည် လောဘ၊ ဒေါသနှင့် မောဟတရားကြောင့် ဖြစ်ရသည်။ အကုသိုလ်ကံ ဆယ်မျိုး ရှိပါတယ်။ အဲဒါတွေ ကတော့ - အသက်သတ်ခြင်း၊ ခိုးယူခြင်း၊ မမြတ်သောကာမသွားလာခြင်း၊ (ဤသုံးမျိုးသည် ကာယကံ မည်ပါသည်။)၊ လိမ်ညာခြင်း၊ ဂုံးတိုက်ခြင်း (သွေးခွဲ ရန်တိုက်ခြင်း)၊ နာခံခက်သည့် စကားကို ပြောခြင်း၊ အနှစ်ကင်းမဲ့ ပေါ့ပျက်ပျက်စကားမျိုးကို ပြောခြင်း။ (ဤလေးမျိုးသည် ဝစီကံကြောင့် ဖြစ်၏။)၊ သူတစ်ပါး စည်းစိမ်ကို လိုချင်ရချင်မှု(အဘိဇ္ဈာ)၊ သူတစ်ပါးကို သေကျေ ပျက်စီးစေလိုသည့် ဒေါသကြမ်း (ဗျာပါဒ)နှင့် အမြင်မှား အယူအဆမှား (မိစ္ဆာဒိဋ္ဌိ) (ဤသုံးမျိုး သည် မနောကံ)တို့ပဲ ဖြစ်ပါ တယ်။
ဤဆယ်မျိုးတွင် - သတ်ခြင်းဆိုသည်မှာ တိရစ္ဆာန်မျိုးစုံ အပါအဝင် သက်ရှိသတ္တဝါကို သတ်ခြင်းကို ဆိုလိုတာပါ။ အင်္ဂါငါးမျိုးနှင့် ပြည့်စုံမှ ဒီကံမြောက် (သတ်မှုမြောက်)တာပါ။ ၎င်းတို့ကတော့ - သတ္တဝါဖြစ်ခြင်း၊ သတ္တဝါလို့ သိခြင်း၊ သတ်လို သေစေလို သော စေတနာရှိခြင်း၊ အားထုပ်ခြင်း (သတ်ခြင်း)နှင့် သတ်လို့သေခြင်း တို့ဖြစ်ပါတယ်။ အသက်သတ်ခြင်းရဲ့ မကောင်းကျိုးတွေ ကတော့ အသက်တိုခြင်း၊ ရောဂါများခြင်း၊ ချစ်ရမြတ်နိုးရသူနှင့် ခွဲခွါရခြင်းကြောင့် အမြဲ သောကရောက်ရခြင်းနှင့် အမြဲ ကြောက် ရွံ့ရခြင်းတို့ ဖြစ်ပါတယ်။
ခိုးမှုမြောက်ဖို့ကတော့ အင်္ဂါငါးမျိုးလိုအပ်ပြီး အဲဒါတွေကတော့ - သူတစ်ပါးပစ္စည်းဖြစ်ခြင်း၊ သူတစ်ပါးရဲ့ ပစ္စည်းလို့ သိခြင်း၊ ခိုးယူလိုစိတ်ရှိခြင်း၊ ခိုးယူခြင်းနှင့် ထားတဲ့နေရာမှ ရွေ့ခြင်းတို့ဖြစ်ပါတယ်။ ခိုးခြင်းရဲ့ အကျိုးတွေကတော့ ဆင်းရဲမွဲတေခြင်း၊ စိတ်ဆင်းရဲရခြင်း၊ လိုတာမရရှိ မပြည့်စုံခြင်း၊ သူတစ်ပါးကို မှီခိုကပ်ရပ်နေရတတ်ခြင်းတို့ ဖြစ်ပါတယ်။
မမြတ်သော ကာမသွားလာခြင်းကံမြောက်ဖို့ရာ လိုအပ်တဲ့ အင်္ဂါလေးရပ်ရှိပြီး အဲဒီ အင်္ဂါတွေကတော့ တားမြစ်(စောင့်ရှောက်) ထားတဲ့သူဖြစ်ခြင်း၊ သွားလာ (လွန်ကျူး)ဖို့ အားထုပ်ခြင်း၊ ရအောင် ကြံစည်လှည့်လည် ပရိယာယ်ဆင်ခြင်းနှင့် ပိုင်ဆိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ မမြတ်သော ကာမသွားလာခြင်းရဲ့ ဆိုးကျိုးတွေကတော့ ရန်သူများခြင်း၊ ရယူပိုင်ဆိုင်လိုသည့် ဇနီးကို မရခြင်း၊ မိန်းမဖြစ်ရခြင်းနှင့် မိန်းမစိုး (eunuch) ဖြစ်ရခြင်းတို့ပါပဲ။
မုသာဝါဒကံမြောက်ဖို့ရာ လိုအပ်တဲ့ အင်္ဂါလေးရပ်ကတော့ - မဟုတ်မမှန်ခြင်း၊ လိမ်လည် လှည့်ဖြားလိုစိတ်ရှိခြင်း၊ လိမ်ခြင်းနှင့် လိမ်သည့်အတိုင်း သိခြင်း (ယုံခြင်း) တို့ဖြစ်ပြီး၊ ဆိုးကျိုးတွေကတော့ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုခံရခြင်း၊ သွားပုပ်လေလွင့် (အမနာပ) အပြောခံရခြင်း၊ ယုံကြည်မှု မခံရခြင်းနှင့် ခံတွင်းနံ့ နံခြင်းတို့ ဖြစ်သည်။
ဂုံးတိုက်ခြင်း (သွေးခွဲ ရန်တိုက်ခြင်း) ကံမြောက်ဖို့ရာလည်း အင်္ဂါလေးရပ် လိုအပ်ပြီး အဲဒါတွေကတော့ ခွဲရမည့်သူများ ရှိခြင်း၊ သွေးခွဲလိုစိတ်ရှိခြင်း၊ သွေးခွဲဖို့လုပ်ခြင်းနှင့် ပြောဆိုခံရသူ (သွေးခွဲခံရသူ)က သိခြင်းတို့ ဖြစ်ပါသည်။ ဤကံ၏ အကျိုးကတော့ လုံလောက်သော အကြောင်းတစ်စုံတစ်ရာ မရှိပဲ မိတ်ပျက်ရခြင်းပင် ဖြစ်သည်။
နာခံခက်သည့် စကားကို ပြောခြင်း (ဆဲရေးတိုင်းထွာခြင်း) ကံမြောက်ဖို့ရာ လိုအပ်သည့် အင်္ဂါသုံရပ်မှာ - ဆဲရေးတိုင်းထွာ ရမည့်သူ၊ စိတ်ဆိုးဒေါသထွက်ခြင်းနှင့် ဆဲရေးတိုင်းထွာသည့် စကားတို့ကို ပြောဆိုခြင်းတို့ ဖြစ်သည်။ ဒီကံရဲ့ အကျိုးတွေကတော့ အပြစ်မရှိသော်လည်း အမုန်းခံရခြင်းတတ်ခြင်းနှင့် အသံဆိုးခြင်းတို့ ဖြစ်သည်။
အကျိုးမပြီး အချီးနှီးသောစကားကို ပြောဆိုခြင်းကံမြောက်ရန် အချက်နှစ်ရပ်လိုအပ်ပြီး ၎င်းတို့ကတော့ အနှစ်ကင်းမဲ့ပေါ့ပျက်ပျက် စကားမျိုးကို ပြောလိုစိတ်ရှိခြင်းနှင့် ပြောဆိုခြင်းတို့ဖြစ်သည်။ အနှစ်ကင်းမဲ့ ပေါ့ပျက်ပျက် စကားမျိုးကို ပြောခြင်းရဲ့ အကျိုးတွေ ကတော့ ခန္ဓာကိုယ်အင်္ဂါကြီးငယ်တို့ မညီမညွတ်ရှိခြင်းနှင့် မိမိပြောစကားကို လက်မခံခြင်းတို့ပဲဖြစ်ပါတယ်။
သူတစ်ပါးစည်းစိမ်ကို လိုချင်ရချင်မှု (အဘိဇ္ဈာ) ကံမြောက်ဖို့ရာ လိုအပ်သည့် အင်္ဂါနှစ်ရပ်မှာ - သူတစ်ပါး စည်းစိမ်ဥစ္စာဖြစ်ခြင်း နှင့် “ဒါ ငါ့ဥစ္စာဖြစ်လျှင် ကောင်းမှာပဲ” လို့ပြောလျက် ရလိုစိတ်ပြင်းပြခြင်းတို့ ဖြစ်သည်။ အကျိုးတရားကတော့ မိမိဆန္ဒ မပြည့်ဝ ရခြင်းပင်။
သူတစ်ပါးကို သေကျေ ပျက်စီးစေလိုမှု ကြမ်းတမ်းသော ဒေါသ (ဗျာပါဒ) ကံမြောက်ဖို့ရာ အင်္ဂါနှစ်ရပ် လိုအပ်ပြီး ယင်းအင်္ဂါ နှစ်ရပ်မှာ - အခြားသောလူ၊ သတ္တဝါဖြစ်ခြင်းနှင့် ထိခိုက်နစ်နာ ပျက်စီးစေလိုခြင်းတို့ ဖြစ်သည်။ အကျိုးတွေကတော့ အကြည်း တန်ခြင်း၊ အနာရောဂါများခြင်းနှင့် မုန်းစရာကောင်းတဲ့ သဘာဝရှိခြင်းတို့ပါပဲ။
အမြင်မှား အယူအဆမှားခြင်း (မိစ္ဆာဒိဋ္ဌိ)ဆိုတာ တရားသဘောတွေကို ယထာဘူတကျကျ (အရှိ အရှိအတိုင်း) မမြင်နိုင် နားမလည်နိုင်ပဲ (မှားယွင်းဖောက်ပြန် မမှန်မကန်) မြင်မှုကို ဆိုလိုတာပါပဲ။ ဒီကံမြောက်ဖို့ အချက်နှစ်ချက် လိုအပ်ပါတယ်။ ယင်းတို့မှာ ဖောက်ပြန်မှားယွင်းစွာ ရှုမြင်ခြင်းနှင့် ထိုအမြင်အတိုင်း သိမြင်နားလည်ခြင်းတို့ ဖြစ်ပါတယ်။ ဒီကံရဲ့ အကျိုးတွေ ကတော့ကား အရင်းခံတွယ်တာမှု အားကြီးခြင်း၊ ဉာဏ်ပညာကင်းခြင်း၊ ဉာဏ်ထိုင်းခြင်း၊ နာတာရှည်ရောဂါများ ခံစားရခြင်းနှင့် ကဲ့ရဲ့ဖွယ်ရာ အတွေးအခေါ် အယူအဆများရှိခြင်းတို့ ဖြစ်ပါတယ်။ (Expositor, I, P. 128)
ကာမာဝစရဘုံမှာ အကျိုးပေးတတ်တဲ့ ကုသိုလ်ကံတွေကတော့ ဆယ်မျိုးရှိပါတယ်။ အဲဒီ ကုသိုလ်ကံတွေကတော့ - စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း (ဒါန)၊ ကိုယ် နှုတ်တို့ကို ကောင်းစွာ စောင့်ထိန်းမှု (သီလ)၊ ကမ္မဋ္ဌာန်း ပွားများမှု (ဘာဝနာ)၊ ရိုသေ လေးစားမှု (အပစာယန)၊ ကူညီဆောင်ရွက်ပေးမှု (ဝေယျာဝေစ္စ)၊ ကုသိုလ် ကောင်းမှုကို အမျှပေးဝေမှု (ပတ္တိဒါန)၊ အခြား သောသူများ၏ ကုသိုလ်ကောင်းမှုကို ဝမ်းမြောက် ဝမ်းသာဖြစ်မှု (ပတ္တာ-နုမောဒန)၊ တရားတော်ကို နာယူခြင်း (ဓမ္မသဝန)၊ တရားဟောခြင်း (ဓမ္မဒေသနာ) နှင့် အယူမှန်ကို ပြုခြင်း (ဒိဋ္ဌိဇုကမ္မ)တို့ဖြစ်သည်။
စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း (ဒါန)က ဥစ္စာဓန ပေါများစေတတ်သည်။ သီလက ကာမဘုံတွင် မြင့်မြတ်သော အမျိုး၌ မွေးဖွား စေတတ်သည်။ ဘာဝနာက ရူပဘုံ အရူပဘုံတို့သို့ ရောက်စေတတ်ပြီး အရဟတ္တမဂ်ဉာဏ် (Higher Knowledge)နှင့် လွတ်မြောက်မှုကို ရရန် အထောက်အကူပေးသည်။
ရိုသေလေးစားမှု (အပစာယန)သည် မြင့်မြတ်သော မိဘမျိုးရိုးတွင် မွေးဖွားရခြင်း၏ အကြောင်းဖြစ်ပြီး ကူညီ ဆောင်ရွက်ပေးမှု (ဝေယျာဝေစ္စ)က အခြွေအရံများခြင်း၏ အကြောင်းဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှုကို အမျှပေးဝေမှု (ပတ္တိဒါန)က မိမိကို အနာဂတ်ဘဝမှာ ပေါပေါများများ ပေးလှူနိုင်အောင် ဖြစ်စေတတ်ပါတယ်။ အခြားသောသူများ၏ ကုသိုလ်ကောင်းမှုကို ဝမ်း မြောက် ဝမ်းသာဖြစ်မှု(ပတ္တာနုမောဒန)ကတော့ ဘယ်တော့ မွေးမွေး ပျော်ရွှင်ရမှုကို အကျိုးပြုပေးပါတယ်။ ဓမ္မသဝန နှင့် ဓမ္မဒေသနာ (တရားနာမှု၊ တရားဟောမှု) တို့ကတော့ ဉာဏ် ပညာကြီးမားမှုကို ဖြစ်စေပါသည်။
၃။ ရူပဘုံမှာ အကျိုးပေးတဲ့ ကုသိုလ်ကံက ငါးမျိုးရှိပါတယ်။ အဲဒီကံတွေဟာ စိတ်နှင့်သာဆိုင်ပြီး ဘာဝနာပွားများမှု အလုပ်နှင့် လုပ်ရတာပါ။ ငါးမျိုးကတော့ -
(က) ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ အင်္ဂါငါးပါးရှိသော ပဌမဈာန်။
(ခ) ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ အင်္ဂါငါးပါးနှင့် အတူဖြစ်သော ဒုတိယဈာန်။
(ဂ) ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ အင်္ဂါငါးပါးနှင့် အတူဖြစ်သော တတိယဈာန်။
(ဃ) သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ အင်္ဂါငါးပါးနှင့် အတူဖြစ်သော စတုတ္ထဈာန်။
(င) ဥပေက္ခာ၊ ဧကဂ္ဂတာ ဆိုတဲ့ အင်္ဂါငါးပါးနှင့် အတူဖြစ်သော ပဉ္စမဈာန် တို့ဖြစ်ပါတယ်။
၎။ အရူပဘုံမှာ အကျိုးပေးတဲ့ ကုသိုလ်ကံက လေးမျိုးရှိပါတယ်။ အဲဒီကံတွေဟာလည်း စိတ်နှင့်သာဆိုင်ပြီး ဘာဝနာပွားများမှု အလုပ်နှင့် လုပ်ရတာပါ။ ငါးမျိုးကတော့ -
(က) အာကာသာနဉ္စာယတနကုသိုလ်စိတ်၊
(ခ) ဝိညာနဉ္စာယတနကုသိုလ်စိတ်၊
(ဂ) အာကိဉ္စညာယတနကုသိုလ်စိတ်
(ဃ) နေဝသညာ နာသညာယတနကုသိုလ်စိတ် တို့ဖြစ်ပါတယ်။
ဘာသာပြန်သူ၏ အမှာ။ (ဆရာတော်ကြီး ဦးသေဋ္ဌိလ၏ Essential Themes of Buddhist Lectures စာအုပ်မှ Classification of Kamma ကို ဘာသာပြန်ပါသည်။ ဤကံများနှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများကား များလှ၏။ ဆရာတော်ကြီးကား အချိန်အကန့်အသတ်အတွင်းမှ ဟောပြောရခြင်းကြောင့် တစ်ကြောင်း၊ သာမန် ပရိတ်သတ်ကို ဟောပြောရ ခြင်းကြောင့် တစ်ကြောင်း ဤမျှလောက်သာ ဟောပြောခဲ့ခြင်း ဖြစ်မည်ထင်ပါသည်။ အသေးစိတ် သိလိုသူများ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ၏ “သင်္ဂြိုဟ်ဘာသာဋီကာ“၊ ဧကာဒသမအကြိမ်၊ စာ၊ ၃၃၃ - ၄၁၀ ကို ဖတ်ရှုကြပါရန်)။
ဘုန်းဉာဏ်
Sitiawan, Malaysia
(၁၄၊ ၀၂၊ ၂၀၁၀၊ တနင်္ဂနွေ၊ တရုတ်နှစ်သစ်ကူးနေ့)
Wednesday, December 14, 2016
၂၄ပစ္စည်း မြန်မာလို အကျယ်
၂၄ပစ္စည်း မြန်မာလို အကျယ်
ဟေတုပစ္စယော = ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ်)
အာရမ္မဏပစ္စယော = အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းစေရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြုပြန်၊ အာရမ္မဏခေါ်)
အဓိပတ္တိပစ္စယော = အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ်)
အနန္တရပစ္စယော = အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ နတ်ရွာလားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)
သမနန္တရပစ္စယော = ကောင်းစွာ အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ တောထွက်သွားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)
သဟဇာတပစ္စယော = အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(ဆီမီးတောက်သော်၊ အလင်းပေါ်သို့၊ ထို့တူတသီး၊ ပစ္စည်းပစ္စယုပ္ပန်၊ အတူဖြစ်ဟန်ကို)
အညမညပစ္စယော = အချင်းချင်းအပြန်လှန် ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်သားသုံးခွ၊ ချင်းချင်းမသို့၊ အညမညံ၊ ပြန်လှန်သမှု၊ ကျေးဇူးပြု)
နိဿယပစ္စယော = မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်ပင်တည်ရာ၊ မြေပမာလျှင်၊ မှီရာတည်မှု၊ ကျေးဇူးပြု)
ဥပနိဿယပစ္စယော = အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိုးကြီးပမာ၊ သတ္တဝါတွေ၊ တည်နေနိုင်မှု၊ ကျေးဇူးပြု၊ ဥပနိဿယခေါ်)
ပုရေဇာတပစ္စယော = ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ကမ္ဘာဦးက၊ နေနှင့်လသို့၊ ရှေ့ကဖြစ်လာ၊ နောက်ကဖြစ်လာသည့်၊ တရားစုစု၊ ကျေးဇူးပြု)
ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(လင်းတငယ်သော်၊ အစာမျှော်သို့၊ နောက်ပေါ်လာသည့်၊ ပစ္စည်းတရားစု၊ ကျေးဇူးပြု)
အာသေဝနပစ္စယော = အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရှေးရှေးထုံထား၊ နံ့သာလားသို့၊ ရှေ့ဖျားကျမ်းဂန်၊ လေ့လာသန်လပ်၊ နောက်ထပ်ကျမ်းဂန်၊ အမြင်သန်သည်၊ ဧကန်အာသေဝနသဘောတည်း။)
ကမ္မပစ္စယော = အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မျိုးစေ့အလား၊ ပမာထား၍၊ နှစ်ပါးသောကံ၊ အခြေခံကာ၊ ဝေဘန်သမှု၊ ကျေးဇူးပြု)
ဝိပါကပစ္စယော = အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ချမ်းရိပ်နားနေ၊ သွန်းလေပြေသို့၊ ကံနေအလား၊ အဖြစ်များမှု၊ ကျေးဇူးပြု)
အာဟာရပစ္စယော = ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(အိမ်ကို ကျားကန်၊ ဖြစ်ရဟန်သို့၊ သဏ္ဍာန်တူစွ၊ ထောက်ပံ့မသည့်၊ အာဟာရဖြစ်မှု၊ ကျေးဇူးပြု။)
ဣန္ဒြိယပစ္စယော = အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိမိဆိုင်ရာ၊ ကိစ္စမှာလျှင်၊ ကောင်းစွာစိုးရ၊ ဖြစ်ရစင်စစ်၊ ပဒေသရာဇ်၊ စိုးအုပ်လှစ်သို့)
ဈာနပစ္စယော = ကမ္မဋ္ဌာန်းအာရုံသို့ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သစ်ပင်တောင်ငူ၊ တတ်သသူသည်၊ အောက်သူတို့အား၊ ကြည့်ပြောငြားသို့။)
မဂ္ဂပစ္စယော = သံသရာမှ ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ပမာကူသို့၊ ဆောင်ယူပို့သို့၊ ထို့တူနိဗ္ဗာန်၊ ရောက်ကြောင်းမှန်ပြု၊ ကျေးဇူးပြု။)
သမ္ပယုတ္တပစ္စယော = ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စတုမဓူ၊ ရောသည့်တူပေ၊ စိတ်စေနှစ်ပါး၊ ခွဲခြားမရ၊ ယှဉ်ကြသမှု၊ ကျေးဇူးပြု။)
ဝိပယုတ္တပစ္စယော = မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရသခြောက်ပါး၊ ရောစပ်ထားသို့၊ ခြားနားမတူ၊ ဖြစ်ဟန်မူသို့၊ ထို့တူမခြား၊ ကျေးဇူးပြု။)
အတ္ထိပစ္စယော = ထင်းရှားရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မြင့်မိုရ်မြေကြီး၊ ထောက်ပံ့နည်းသို့၊ ပစ္စည်းသတ္တိ၊ ကျေးဇူးရှိ၊ အတ္ထိပစ္စည်းခေါ်။)
နတ္ထိပစ္စယော = မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ငြိမ်းသေလေပြီး၊ ဆီမီးတန္တု ကျေးဇူးပြုသို့၊ ထို့တူမှတ်ဘိ၊ မရှိသမှု၊ ကျေးဇူးပြု။)
ဝိဂတပစ္စယော = ကင်းမဲ့ချူပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(နေရောင်ပျောက်ကင်း၊ လရောင်လင်းသို့၊ ချုပ်ကင်းလေမှု၊ ကျေးဇူးပြု။)
အဝိဂတပစ္စယော = မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သမုဒ္ဒရာ၊ ငါးပျော်ရာသို့၊ မကင်းသောအား၊ ယင်းတရားစု၊ ကျေးဇူးပြု။)
ဣတိ၊ ဤသို့။ စတုဝီသတိ ပစ္စယာ၊ နှစ်ဆယ့်လေးပစ္စည်းတို့သည်။ မဟာပကရဏေ၊ အနန္တနယ သမန္တ မဟာပဋ္ဌာန်းကျမ်းကြီး၌။ ဌိတာ၊ တည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ပဋ္ဌာန်း ၂၄-ပစ္စည်း မြန်မာ-အင်္ဂလိပ်
ဟေတု ပစ္စယ = The relation way of root.
အာရမ္မဏ ပစ္စယ = The relation of object.
အဓိပတိပစ္စယ = The relation of dominance.
အနန္တရ ပစ္စယ = The relation of contiguity.
သမနန္တရ ပစ္စယ = The relation of immediate contiguity.
သဟဇာတ ပစ္စယ = The relation of Co-existence.
အညမည ပစ္စယ = The relation of reciprocity.
နိဿယ ပစ္စယ = The relation of dependence.
ဥပနိဿယ ပစ္စယ = The relation of Sufficing condition.
ပုရေဇာတ ပစ္စယ = The relation of pre-existence.
ပစ္ဆာဇာတ ပစ္စယ = The relation 0f post-existence.
အာသေ၀န ပစ္စယ = The relation of habitual recurrence.
ကမ္မ ပစ္စယ = The relation of Kamma.
ဝိပါက ပစ္စယ = The relation of effect.
အာဟာရ ပစ္စယ = The relation of food.
ဣန္ဒြိယ ပစ္စယ = The relation of control.
ဈာန ပစ္စယ = The relation of jhana.
မဂ္ဂပစ္စယ = The relation of path.
သမ္ပယုတ္တ ပစ္စယ = The relation of association.
ဝိပ္ပယုတ္တ ပစ္စယ = The relation of dissociation.
အတ္ထိ ပစ္စယ = The relation of presence.
နတ္ထိ ပစ္စယ = The relation of absence.
ဝိဂတ ပစ္စယ = The relation of abeyance.
အ၀ိဂတ ပစ္စယ = The relation of continuance.
http://mraungj.multiply.com
Friday, November 11, 2016
ဝိပဿနာဆိုတာ ဘာလဲ
ဝိပဿနာဆိုတာ ဘာလဲ
++++++++++++++
(ဝိပဿနာဘာဝနာ အကြောင်းသိကောင်းစရာ)
*****************************
ဝိပဿနာဆိုတာဟာ အရှိကိုအရှိတိုင်းမြင်တဲ့ ဥာဏ်ပါပဲ။
စာစကားနှင့်ပြောရရင် ပရမတ္ထသဘာဝကို
ပရမတ် သဘာဝအတိုင်း မြင်တဲ့ဥာဏ်ပါပဲ။
ယနေ့မြင်နေကြတာက ပရမတ်သဘာဝကို
ပညတ်အပေါ်ကဖုံးပြီး မြင်နေကြပါတယ်။
အဲဒီပညတ်အဖုံးကိုခွာပြီး ပရမတ် အတိုင်း
မြင်တဲ့ဥာဏ်ကို ဝိပဿနာဥာဏ်လို့ခေါ်ပါတယ်။
သတ္တဝါတွေမှာ အဖုံး(၄)မျိုး ဖုံးထားခြင်း
ကွယ်ထားခြင်း ခံနေရပါတယ်။
အဲဒါတွေက ဘာတွေလဲလို့ဆိုတော့
(၁)။ နာမည်ပညတ်ခေါ်တဲ့ အမည်ဖုံးနေခြင်း။
(၂)။ သန္တတိပညတ်ခေါ်တဲ့ အစဉ်အတန်းဖုံးနေခြင်း။
(၃)။ သမူဟပညတ်ခေါ်တဲ့ အပေါင်းအစု ဖုံးနေခြင်း။
(၄)။ သဏ္ဌာနပညတ်ခေါ်တဲ့ အသွင်သဏ္ဌန်ဖုံးနေခြင်းတို့ဖြစ်ပါတယ်။
ဒီလေးမျိုးဖုံးထားခြင်း ခံနေရတဲ့အတွက်
အမှန်တကယ် အရှိကို မမြင်နိုင်ဘဲ ဖြစ်နေကြတယ်။
၁။ လောကမှာ အရာဝတ္ထုမှန်သမျှတွေဟာ
တကယ်ကတော့ ပရမတ်တွေချည်းဖြစ်ကြပါတယ်။
ဒါကိုပင် နာမည် မတပ်ရင် ခေါ်လို့မဖြစ်တော့ ၊
စကားပြောလို့မဖြစ်တော့၊ (ငါ၊ သူ၊တစ်ပါး၊ ယောင်္ကျား၊
မိန်းမ၊ မောင်ဖြူ၊ မောင်မဲ၊ မချော) စသည်ဖြင့် နာမည်အသီးသီးတပ်ကြပါတယ်။
ကြာတော့ သတ္တဝါတွေဟာ မူလပရမတ်အပေါ်
စိတ်မရောက်ဘဲ နာမည်တင်ပဲ စိတ်စွဲသွားတော့တယ်။
နာမည်ကို ရိုးရိုးစွဲရုံတင်မကဘဲ တချို့ဆိုရင်
နာမည်ကပဲ ခိုက်တယ်။
နာမည်ကပဲ အကျိုးပေးတယ်ဆိုပြီး
နာမည်ပြောင်းရတာနဲ့ ရွေးရတာနဲ့ ရှုပ်ကုန်တော့တာပါ။
ဒါဟာ မူလ (ခန္ဓာငါးပါး- တနည်း- ရုပ်တရား၊
နာမ်တရား လို့ခေါ်တဲ့ ပရမတ်)ကို
မမြင်အောင် (မောင်ဖြူ၊ မောင်မဲ) စတဲ့ နာမည်ပညတ်က
ပရမတ်အမှန်ကို ဖုံးလိုက်တာပါ။
၂။ “သန္တတိပညတ်ခေါ်တဲ့ အစဉ်အတန်းဖုံးနေတယ်” ဆိုတာက ပရမတ္ထသဘာဝ အစစ်အမှန်ဟာ တစ်ခုနှင့် တစ်ခု
တစ်စပ်တည်းမဟုတ်ဘူး။
(အပြတ်တွေ) ဖြစ်ကြပါတယ်။
ဒါပေမယ့် တစ်ဆက်တည်းလို့ထင်ရလောက်အောင်
ဖြစ်ပျက်မှုက မြန်လေတော့ ဥာဏ်က ထိအောင်မစူးစိုက်နိုင်လို့
တဆက်တည်း ထင်မှတ်နေကြတယ်။ မီးစ တစ်ခုကို ညဥ့်အခါ
လူတစ်ယောက်က အဝေးကနေပြီး စက်ဝိုင်းဖြစ်အောင်
မြန်မြန်လှည့်ပြရင် မသိတဲ့သူက မီးစက်ဝိုင်းလို့ ထင်ရသလိုပါပဲ။
ဒါဟာ ပရမတ်အမှန်ကို သန္တတိပညတ်က ဖုံးလိုက်တဲ့သဘောပါပဲ။
၃။“သမူဟပညတ်ခေါ်တဲ့ အပေါင်းအစုကနေဖုံးနေပုံ”
ကိုတော့ ဒီလိုမှတ်သားရပါမယ်။
ပရမတ်သဘာဝမှာ ရုပ်တွေလဲ သူ့ဘာသူ၊
သူ့ကလာပ်စည်းနှင့်သူ တစ်ခုပြီးမှ တစ်ခုဖြစ်နေကြတယ်။
စိတ်တွေလဲ တစ်စိတ်ပြီးမှ တစ်စိတ်ဖြစ်နေကြတယ်။
အပေါင်းအစုရယ်လို့ မရှိပါဘူး။
ဒီလိုမရှိပါဘဲလျက် အပေါင်းအစုရယ်လို့ ထင်မှတ် နေကြတယ်။
အထူးသဖြင့် ရုပ်အပေါ်မှာ ရုပ်တုံးကြီးပဲ ရုပ်ခဲကြီးပဲလို့
ထင်မှတ်နေကြတာဟာ သမူဟပညတ် အဖုံးခံရတာပါပဲ။
၎။ “သဏ္ဌာနပညတ်ခေါ်တဲ့ သဏ္ဌာန်အသွင် ဖုံးပုံ” ကတော့
ပရမတ္ထသဘာဝမှာ ယောက်ျားသဏ္ဌာန်၊မိန်းမသဏ္ဌာန်၊
ခွေးသဏ္ဌာန်၊ ငှက်သဏ္ဌာန်၊ လက်သဏ္ဌာန်ရယ်လို့ မရှိပါဘူး။
အဝိုင်း လေးထောင့် ဆိုတဲ့ သဏ္ဌာန်တွေလဲ မရှိပါဘူး။
ဒီသဏ္ဌာန်တွေဆိုတာက ပရမတ္ထသဘာဝရဲ့
တည်နေဟန်ကို လိုက်ပြီး ခေါ်နေကြတာ၊
တကယ်အရင်းခံ ပရမတ်ကတော့ သဏ္ဌာန်အနေဖြင့် မရှိပါဘူး။
ဒါကို ဥပမာဖြင့်ပြရရင် မြေမှုန့်တွေကိုစု၊ ရေနှင့်နယ်၊
ပြီးတော့ အမှုန့်တွေကို နွားရုပ်လုပ်ရင်နွားရုပ်လို့ ခေါ်နိုင်တယ်။
လူရုပ်လုပ်ရင် လူရုပ်လို့ခေါ်နိုင်တယ် လုပ်ချင်ရာအရုပ်တွေ
လုပ်ပြီး ခေါ်နိုင်ကြတယ်။ ဒါပေမယ့်တကယ်အရင်းခံကတော့
မြေမှုန့်အစစ်သာ ဖြစ်တယ်။
ဒါကိုပင် သူ့တည်နေဟန်ကိုလိုက်ပြီး အမျိုးမျိုးခေါ်နေ
ကြတာဖြစ်ပါတယ်။ ဒီဥပမာနှင့်တထပ်တည်းပင်
ပရမတ်တွေကိုလဲ သူတို့တည်နေဟန်ကိုလိုက်ပြီး
လူလို့ခေါ်ချင်ခေါ်ကြတယ်။ နတ်လို့ခေါ်ချင်ခေါ်ကြတယ်။
အိမ် ကျောင်း၊ ဇရပ်အသီးသီးခေါ်ကြတယ်။
ဒါပေမယ့် မူလပရမတ်ကတော့ လူလည်းမဟုတ်၊
နတ်လည်းမဟုတ်၊ အိမ်၊ကျောင်း၊ ဇရပ်လည်းမဟုတ်ဘူး။
သတ္တဝါတွေဟာ ဒီသဏ္ဌာန်တွေကိုချည်း မျက်မှန်းတန်းမိနေတာက
ကမ္ဘာအနမတဂ္ဂ ကြာလေတော့ အမှားကြာတော့ အမှန်ဖြစ်တာလို ၊
တကယ် ပရမတ်တွေကိုတော့ မမြင်လိုတော့ဘဲ ၊
သဏ္ဌာန်ပညတ်တွေ အပေါ်မှာ ထင်မြင်စွဲလမ်း နေကြတယ်။
ဒါဟာ ပရမတ်အမှန်ကို သဏ္ဌာန်ပညတ်ဖုံးတာပဲ။
■“ဝိပဿနာဆိုတာဘာလဲ” ဆိုတဲ့ အမေးကို ပေါင်းပြီး
ဖြေရရင် အမှား အဝိဇ္ဇာကြီးဖုံးထားတာကိုခွာပြီး
အမှန် ပရမတ် အပေါ်မှာ(တစ်နည်း) ပင်ကိုယ်
အရှိတရားအပေါ်မှာ အဲဒီအရှိတရားရဲ့
ပင်ကိုယ်သဘောကို မြင်ခြင်း၊ ကြည့်ခြင်း
ဖြစ်တယ်လို့ပြောရပါမယ်။
ပရမတ္ထသဘာဝတွေဟာ ပင်ကိုယ်သဘာဝအားဖြင့်ဖြစ်ပြီး
ဖြစ်လိုက်၊ ပျက်လိုက်နေပါတယ်။ ဝိပဿနာဥာဏ်ဆိုတာက
အဲဒီအမှန်သဘာဝကို အမှန်အတိုင်းရှုမြင်မှုသာဖြစ်ပါတယ်။
ကိုယ်လိုချင်သလိုဆွဲပြီး ကြည့်တဲ့ဥာဏ်မျိုးမဟုတ်ဘဲ
အရှိကို အရှိတိုင်း ကြည့်တဲ့ဥာဏ်မျိုးဖြစ်ပါတယ်။
(တစ်နည်း) နိဗ္ဗာန်ရောက်ကြောင်းလက်တွေ့
ကျင့်စဉ်သည် (ဝိပဿနာ)ပင်ဖြစ်သည်။
ဝိပဿနာဟူသည် ဝိ= အထူး၊
ပဿ= ရှုကြည့်ရခြင်း၊ (ဝိပဿနာ) ဟူသည်
(ရုပ်-နာမ်) တို့၏ ဖြစ်ခြင်း၊ ပျက်ခြင်းကို
ရှုကြည့်ရခြင်းပင် ဖြစ်ပါသည်။
“ခန္ဓာဒိ သင်္ခတဓမ္မေ၊
အနိစ္စာဒိ ဝိဝိဓာကာရေန ပဿတီတိ ဝိပဿနာ”၊
“ ပညတ္တိံဌပေတွာ အနိစ္စာဒိကာရေန
ဝိဝိဒံပဿတီတိ ဝိပဿနာ”
(မဟာသတိပဋ္ဌာနသုတ်)ဟူ၍ပြဆိုထားရာ၊
(ဝိပဿနာ)ဟူသည် (နိဗ္ဗာန်)ရောက်ကြောင်းအတွက်
(ပညတ်) တို့ကို ပယ်ခွာပြီး (ရုပ်နာမ်)တို့၏
(အနိစ္စ) မမြဲခြင်း၊
(ဒုက္ခ) ဆင်းရဲခြင်း၊
(အနတ္တ) အစိုးမရခြင်း၊ ကိုယ့်အလို မဟုတ် ခြင်း စသည့်
အထူးထူးအပြားပြားသော အခြင်းအရာတို့ကို (ဥာဏ်)ဖြင့်
မြင်အောင် ရှု့ကြည့်ခြင်းသည် (ဝိပဿနာ) မည်ပါတယ်လို့ ဖြေကြားလိုက်ရပါမယ်။
ဒီဝိပဿနာဥာဏ်ဟာ ဆင်ခြင်ပုံ အဆင့်ဆင့်ကို လိုက်ပြီး
အသီးသီးဥာဏ်စဉ် ၁၀-ပါး ရှိပါတယ်။
♦ ပရမတ်တရား တွေကို မူလအခြေခံအားဖြင့် အာရုံဆီသို့
ညွှတ်တတ်သော သဘောကတစ်မျိုး၊
မာသဘော၊ ပူသဘော၊ အေးသဘော၊စတဲ့ သဘောကတစ်မျိုးလို့ ၊
သိခြင်းကို နာမ်နှင့် ရုပ် ပိုင်းခြားသိတဲ့အတွက်
(နာမရူပပဋိစ္ဆေဒဥာဏ်) လို့ခေါ်တယ်။
♦ ပြီးတော့ နာမ် တရား၊ ရုပ်တရားဆိုတာ သူ့အလိုလို
ဖြစ်တာမဟုတ်ဘဲ အကြောင်းကြောင့်ဖြစ်တယ်လို့ စသည်ဖြင့်
အကြောင်းနှင့်တကွ ပိုင်းခြားသိတဲ့ဥာဏ်ကိုတော့
(ပစ္စယပရိဂ္ဂဟဥာဏ်) လို့ခေါ်တယ်။
ဒီဥာဏ်နှစ်ပါးကိုတော့ ဝိပဿနာရဲ့ အခြေခံဥာဏ်လို့မှတ်ရပါမယ်။
ဒီဥာဏ်နှစ်ပါးကိုရရင် “ စူဠသောတာပန် ” လို့ ခေါ်ပါတယ်။
ဒုတိယဘဝမှာ ဂတိမြဲပြီး အပါယ်မကျတဲ့ “ သောတာပန်အငယ်စား ”
လို့ ခေါ်ပါတယ်။ ဒီအထက်က ဝိပဿနာဥာဏ်များကတော့
(၁)။ သမ္မသနဥာဏ်။
(၂)။ ဥဒယဗ္ဗယဥာဏ်။
(၃)။ဘင်္ဂဥာဏ်။
(၄)။ဘယဥာဏ်။
(၅)။ အာဒီနဝဥာဏ်။
(၆)။နိဗ္ဗိဒါဥာဏ်။
(၇)။ မုဉ္စိတုကမျတာဥာဏ်။
(၈)။ ပဋိသင်္ခါဥာဏ်။
(၉)။ သင်္ခါရုပေက္ခဥာစ်။
(၁၀)။ အနုလောမဥာဏ် ဆိုပြီး
ဝိပဿနာဥာဏ်ဆယ်ပါးရှိပါတယ်။
ဒီလို တစ်ပါးတည်းသော ဝိပဿနာဥာဏ်က(၁၀)
ဖြစ်ရတယ်ဆိုတာဟာ ဥာဏ်ရဲ့မြင်ပုံ အခြင်းအရာ ၊
အနုအရင့်ကိုလိုက်ပြီး ကွဲပြားရတယ်လို့မှတ်ရပါမယ်။ နာမည်တပ်ထားခြင်းသာဖြစ်ပါတယ်။
ဒီဝိပဿနာဥာဏ်တွေဟာ လောကီဥာဏ်တွေသာ ဖြစ်ပါတယ်။
လောကုတ္တရာဥာဏ် မဟုတ်သေးပါဘူး။
မဂ်ဥာဏ် ဖိုလ်ဥာဏ်ကူးမှ လောကုတ္တရာဥာဏ်တွေ ဖြစ်ပါတယ်။
“ မဂ်ဥာဏ်သို့ကူးပုံ ”
အနုလောမဥာဏ်ကို ရောက်ရင် မဂ်သို့ကူးတော့မည်ဟု မှတ်ရပါမယ်။
အဲဒီအခါမှာ စိတ်ကလေးဖြစ်ပုံကို “အဘိဓမ္မသင်္ဂဟကျမ်း” မှာ ပြထားတာရှိပါတယ်။
ပါဠိတော်ကို မပြတော့ပါဘူး။ အနုလောမဥာဏ်ဖြစ်ပြီးရင်
ပုထုဇဉ်အနွယ်ကို ဖြတ်လျက် အရိယာအနွယ်ကို ဖြစ်စေတတ်တဲ့
ဂေါတြဘူစိတ်ဖြစ်ပါတယ်။
ဒီစိတ်ဟာ နိဗ္ဗာန်အာရုံပြုပါတယ်။
ဒါပေမယ့် အဲဒီ ဂေါတြဘူစိတ်ဟာ လောကီ
မဟာကုသိုလ်စိတ်ပဲ ဖြစ်ပါသေးတယ်။
အဲဒီနောက်မှာ မဂ်စိတ်ဖြစ်လာပုံက ဒီလိုပါ။
အဲဒီ ဂေါတြဘူဥာဏ်ရဲ့အခြားမဲ့မှာ သိ၊ ပယ်၊ဆိုက်၊ ပွား (၄)ပါး ကိစ္စကို
တစ်ချက်တည်း ပြီးစေတဲ့ မဂ်စိတ်ဖြစ်ပေါ်လာပါတယ်။
အဲဒီမဂ်စိတ် တစ်ကြိမ်ဖြစ်ပြီး ဖိုလ်စိတ် ၂-ကြိမ်၊ ၃-ကြိမ်ဖြစ်ပြီးနောက်
ဘဝင်ကျပါတယ်။ အဲဒီ ဖိုလ်စိတ်လည်း နိဗ္ဗာန်ကိုပဲအာရုံပြုပါတယ်။
အဲဒီလို မဂ်စိတ် ဖိုလ်စိတ်တွေနဲ့ နိဗ္ဗာန်ကို အာရုံပြုတာကိုပင်
နိဗ္ဗာန်သို့ ရောက်တယ်လို့ဆိုပါတယ်။
လူကနိဗ္ဗာန်ကိုရောက်သွား တာ မဟုတ်ပါဘူး။
သေပြီးမှ နိဗ္ဗာန်ကို ရောက်သွားတာမဟုတ်ဘူး။
ဒီလိုတစ်ကြိမ်မျှ နိဗ္ဗာန်ကိုမြင်လိုက်ရင်
ဒိဋ္ဌိ၊ ဝိစိကိစ္ဆာပြတ်ပြီး သောတာပန်တည်တယ်။
အပါယ်တံခါးလည်းလုံးဝ ပိတ်တယ်။
(၇)ဘဝ အလွန်ဆုံး သံသရာမှာ လည်ပြီး အထက်တန်းကျကျ
စံစားပြီးနောက် နိဗ္ဗာန်ဝင်မည့် သေချာသူဖြစ်ပါတယ်ဆိုတာ အသိပေးရေးသားလိုက်ရပါသည်။
စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
【အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)】
::::::::::::::::::::::::::::::::::::::::::::::::::::::::::
(မှတဆင့်ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်) shared from ဓမ္မရေချမ်းစင် fb
Friday, September 2, 2016
" ကမ္ဘာကြီးက ကျဉ်းကျဉ်းလေး" အစီအစဉ်တွင် ဝန်ကြီးချုပ် ဦးနု နှင့် အစ္စရေးဝန်ကြီးချုပ်တို့ စကားစမြည် ပြောပွဲ
https://www.facebook.com/permalink.php?story_fbid=294930177552506&id=100011065772114
Sunday, July 24, 2016
သရဏဂုံ
✿ သရဏဂုံဆိုတာ ✿
════════════
သရဏဂုံရဲ့ အကျိုးတွေတင်ထားပြီး သရဏဂုံအကြောင်း ပြည့်ပြည့်စုံမတင်ရသေးလို့ ရှာပြီး တင်ပေးလိုက်ပါတယ် ...
သရဏဂုံ တည်သူသည် ဗုဒ္ဓဘာသာဝင်၊ ဗုဒ္ဓသာသနာဝင် ဖြစ်သည်။
သရဏဂုံအဓိပါယ်
══════════
ပါဠိဘာသာ သရဏဂမနကို မြန်မာလို သရဏဂုံ ဟုခေါ်သည်။
သရဏ = ကိုးကွယ်ရာ၊ အားကိုးရာ၊ အားထားရာ။
ဂမန = ယုံကြည်ဆည်းကပ်ခြင်း။
မြတ်စွာဘုရားသည် အားကိုးရာ သရဏ။
မြတ်စွာဘုရား၏ တရားတော်သည် အားကိုးရာ သရဏ။
သံဃာတော် အပေါင်းသည် အားကိုးရာ သရဏ။
လူတို့ အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်ခြင်းသည် ဂမန = ဂုံ။
ထို့ကြောင့် ဘုရား၊ တရား၊ သံဃာ၊ ရတနာ သုံးပါးကို အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်ခြင်းကို သရဏ ဂမန = သရဏဂုံ သုံးပါး ဟု ခေါ်သည်။
မြတ်စွာဘုရားကို အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်လျှင် ဗုဒ္ဓသရဏဂုံ တည်သည်။
မြတ်စွာဘုရား၏ တရားတော်ကို အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်လျှင် ဓမ္မသရဏဂုံ တည်သည်။
သံဃာတော် အပေါင်းကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်လျှင် သံဃသရဏဂုံ တည်သည်။
သရဏဂုံ တည်သူသည် ဗုဒ္ဓဘာသာဝင်၊ ဗုဒ္ဓသာသနာဝင် ဖြစ်သည်။
ဆောင်ပုဒ်
══════
ရတနာသုံးဖြာ၊ အားကိုးရာဟု၊ ဆည်းကပ်ပြု၊ ခေါ်မှု သရဏဂုံ။
သရဏဂုံ သုံးပါး၊ တည်သူများ၊ ရငြား ချမ်းသာစုံ။
ရှိခိုးတိုင်း သရဏဂုံ မဖြစ်
-------------------------------
မည်သည့် ပုဂ္ဂိုလ်ကို မဆို ရှိခိုးတိုင်း သရဏဂုံ မဖြစ်၊ ယုံကြည်ဆည်းကပ်မှု မဟုတ်။ သီလ သမာဓိ ပညာ ကိုယ်ကျင့်တရားတို့နှင့် ပြည့်စုံ၍ မြင့်မြတ်သော ပုဂ္ဂိုလ်အဖြစ်ဖြင့် ရှိခိုးမှသာ သရဏဂုံ ဖြစ်သည်။ ယုံကြည် ဆည်းကပ်မှု ဖြစ်သည်။
ဆွေမျိုးဖြစ်၍ ရှိခိုးခြင်း
ကြောက်၍ ရှိခိုးခြင်း
ဆရာဖြစ်၍ ရှိခိုးခြင်း
ဤ ရှိခိုးခြင်းများသည် သရဏဂုံ မဖြစ်။ မြတ်စွာဘုရားကိုပင် ဆွေမျိုးဖြစ်၍ ရှိခိုးလျှင် သရဏဂုံ မဖြစ်ပေ။
(ဒီ-ဋ္ဌ ၁၊ ၂၀၇)
ဆောင်ပုဒ်
══════
ဆွေမျိုးအဖြစ်၊ ရှိခိုးလစ်၊ မဖြစ် သရဏဂုံ။
ကြောက်ရသူအဖြစ်၊ ရှိခိုးလစ်၊ မဖြစ် သရဏဂုံ။
ဆရာအဖြစ်၊ ရှိခိုးလစ်၊ မဖြစ် သရဏဂုံ။
ပုဂ္ဂိုလ်မြတ်ဟူ၊ ရှိခိုးမူ၊ ရယူ သရဏဂုံ။
သရဏဂုံ တည်က၊ ပါယ်လေးဝ၊ လားရ မရှိကုန်။
ရှိခိုးသော်လည်း သရဏဂုံမပျက်
--------------------------------------
ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်သဖြင့် သရဏဂုံတည်နေသော ဗုဒ္ဓဘာသာဝင် တယောက်သည် တခြားဘာသာမှ ဘုရား ဆိုသူများ၊ ဘုန်းကြီး ဆိုသူများကို ဆွေမျိုးဖြစ်ခြင်း၊ ဆရာဖြစ်ခြင်းကြောင့် ရှိခိုးသော်လည်း တည်ပြီးသားသရဏဂုံ မပျက်။ မြင့်မြတ်သောပုဂ္ဂိုလ်ဟု ယူဆ၍ ရှိခိုးမှသာ သရဏဂုံ ပျက်သည်။
(ဒီ-ဋ္ဌ ၁၊ ၂၀၇)
သရဏဂုံ ညစ်နွမ်းခြင်း ၄ မျိုး
════════════════
ရတနာသုံးပါး၏ ဂုဏ်ကို မသိလျှင် ဖြစ်စေ
အသိမှားလျှင် ဖြစ်စေ
ယုံမှား သံသယ ရှိလျှင် ဖြစ်စေ
ရတနာ သုံးပါးကို မရိုသေလျှင် ဖြစ်စေ သရဏဂုံ ညစ်နွမ်း၏။ သရဏဂုံ ညစ်နွမ်းလျှင် ကြီးကျယ် ဖွံ့ဖြိုးသော ကောင်းကျိုးကို မရနိုင်ပေ။
(ခုဒ္ဒကပါဋ္ဌ-ဋ္ဌ၊ ၇)
ဆောင်ပုဒ်
═══════
ဘာသာတပါး၊ ကိုးကွယ်ငြား၊ ပျက်ပြား သရဏဂုံ။
သေဆုံးလေငြား၊ ထိုသူအား၊ ပျက်ပြား သရဏဂုံ။
သရဏဂုံ မတည်နိုင်သူ
═════════════
သရဏဂုံ တည်နေသူသည် တခြားဘာသာကို ပြောင်းလဲ ကိုးကွယ်မှုမပြုသမျှ မသေမချင်း သူ့ သန္တာန်၌ သရဏဂုံ တည်နေ၏။ သေလျှင်ကား သရဏဂုံ ပျက်သွားပေပြီ။ သေပြီးနောက် စိတ်မရှိတော့သော ဥတုဇ ရုပ်အလောင်း၌မူ သရဏဂုံ မတည်နိုင်ပေ။ စိတ်သည်လည်း ဥတုဇ ရုပ်ကြွင်းအနီး၌ မရှိတော့ပဲ နောက် တဘဝ၌ ဖြစ်ပျက် အစဉ်အတိုင်း ဖြစ်လျက် နေလေပြီ။
သရဏဂုံ ၂ မျိုး
════════
ပုထုဇဉ် ပုဂ္ဂိုလ်တို့၏ သန္တာန်၌ ယုံကြည်ဆည်းကပ်မှုဖြင့် တည်သော လောကီသရဏဂုံ၊ အရိယာတို့၏ သန္တာန်၌ မဂ်ဉာဏ်နှင့် အတူတကွဖြစ်သည်လာသော လောကုတ္တရာ သရဏဂုံ ဟု ၂ မျိုး ရှိ၏။ လောကီ သရဏဂုံသည် ညစ်လည်း ညစ်နွမ်း နိုင်၏။ ပျက်လည်း ပျက်စီးနိုင်၏။ လောကုတ္တရာ သရဏဂုံ သည် ညစ်လည်း မညစ်နွမ်း၊ ပျက်လည်း မပျက်စီးပေ။ (ခုဒ္ဒကပါဋ္ဌ-ဋ္ဌ၊ ၇)
သရဏဂုံ အကျိုး
═════════
သရဏဂုံ တည်လျှင် ဘဝကောင်း ဘဝမွန်တွေကို ရခြင်း၊ စည်းစိမ် ဥစ္စာပြည့်စုံခြင်းမှ စ၍ ဆင်းရဲခပ်သိမ်း ငြိမ်းသည်အထိ ကောင်းကျိုးချမ်းသာကို ရရှိနိုင်၏။
နတ်ဖြစ်ရသော တံငါသည်
═══════════════
ရှေးက သီဟိုဠ်ကျွန်း၌ မဓုအင်္ဂဏ ရွာတွင် တမီလ် လူမျိုး တံငါသည် တယောက် ရှိ၏။ သူသည် နှစ်ပေါင်း ငါးဆယ်တိုင်တိုင် တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြီးနောက် အိုမင်းမစွမ်း ဖြစ်သောအခါ ရောဂါ နှိပ်စက်၍ အိပ်ရာထက်၌ လဲလျောင်း နေရ၏။
ရဟန်းတော်တစ်ပါးသည် ထို တံငါသည်နှင့် သိကျွမ်းသဖြင့် သေခါနီး တံငါသည်မှာ အနည်းငယ် မျှပင် ထောက်တည်ရာ ရစေတော့ ဆိုသော သဘောဖြင့် သူ့အိမ်သို့ ကြွသွား၏။ အိမ်သို့ ရောက်သောအခါ လူမမာ တံငါသည်ကို သရဏဂုံ ဆောက်တည် စေ၏။ တံငါသည်သည် သေဘေးကို ကြောက်သဖြင့် သရဏဂုံကို လိုလိုလားလား ခံယူ ဆောက်တည်၏။ ရဟန်းတော်က ဆက်လက်၍ ငါးပါးသီလ တိုင်ပေးသောအခါ လူမမာမှာ မေးခိုင်သွား၍ လိုက်မဆိုနိုင်တော့ပေ။
ရဟန်းတော်က သင့်လောက်ပြီဟု ဆိုကာ ကျောင်းသို့ ပြန်ကြွသွား၏။ မကြာမီပင် တံငါသည် ကွယ်လွန်၍ စတုမဟာရာဇ် နတ်ပြည်၌ နတ်စည်းစိမ်ချမ်းသာကို ခံစားရ၏။
ဤတံငါသည် နှစ်ပေါင်းငါးဆယ် ပြုလုပ်ခဲ့သော ပါဏာတိပါတ ( အာစိဏ္ဏကံ ) အကုသိုလ်ကို သေခါနီးမှ ပြုရသော ( အာသန္နကံ ) သရဏဂုံ ကုသိုလ်က တားမြစ်လိုက်ကာ ကောင်းကျိုးချမ်းသာကို ပေးခြင်းဖြစ်သည်။ ( အံ-ဋ္ဌ ၂၊ ၁၀၇ )
၇ နှစ်သား ရဟန်းကလေး
═══════════════
ဝိပဿီ မြတ်စွာဘုရား လက်ထက်တော်အခါက ဆင်းရဲသော သူငယ်တယောက်သည် မျက်မမြင် မိဘ နှစ်ပါးကို ရိုသေစွာလုပ်ကျွေး ပြုစုလျက် နေ၏။ ဆင်းရဲလှသဖြင့် ဒါန စသော ကုသိုလ်များကို မပြုနိုင်ပဲ အဂ္ဂသာဝက တပါး ဖြစ်သော နိသဘမထေရ် ထံ၌ သရဏဂုံကိုသာ ခံယူဆောက်တည်လျက် အသက်ထက်ဆုံး နေထိုင်ခဲ့၏။ ထိုသူငယ် ကွယ်လွန်သောအခါ နတ်ပြည်၌ ဖြစ်ရ၏။
နောက်နောက် ဘဝများတွင်လည်း လူ့ချမ်းသာ၊ နတ်ချမ်းသာ တို့ကိုသာ လှည့်လည် ခံစားပြီးနောက် ဂေါတမ မြတ်စွာဘုရား ပွင့်တော်မူသော အခါ၌ သာဝတ္ထိပြည်တွင် သဌေးသား ဖြစ်လာ၏။ ပါရမီဓာတ်ခံ ပြည့်သူဖြစ်၍ အဖော်ကလေးများနှင့်အတူ ဇေတဝန် ကျောင်းတော်သို့ သွားရခြင်းကို အလွန် နှစ်သက်၏။
ရဟန္တာဖြစ်ပြီ တနေ့တွင် ဇေတဝန်ကျောင်းတော်သို့ သွားကြရာ ရဟန်းတော်တပါးက ကလေးများကို သရဏဂုံ ခံယူဆောက်တည် စေ၏။ သရဏဂုံ ဆောက်တည်ပြီးနောက် အဆိုပါ ကလေးငယ်သည် ရှေးဘဝက မိမိ တသက်လုံး သရဏဂုံ တည်ခဲ့သည်ကို ပြန်လည် သတိရ ဆင်ခြင်မိ၍ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိတွေ အတိုင်းမသိ ဖြစ်ပေါ်လေ၏။ ထိုပီတိကို ဝိပဿနာ ရှုသောအခါ ခဏချင်းပင် ဝိပဿနာ ဉာဏ်တွေ ရင့်ကျက်၍ အရဟတ္တ မဂ်ဉာဏ်၊ အရဟတ္တ ဖိုလ်ဉာဏ်အထိ ရရှိပြီးလျှင် ရဟန္တာ အဖြစ်သို့ ရောက်ကာ ကိလေသာဆင်းရဲ လုံးဝ ငြိမ်းစဲ လေတော့၏။ (အပ-ဋ္ဌ ၂၊ ၃၉)
သာသနာတော်၌ အသက် ၂၀ ပြည့်မှ ရဟန်းပြုခွင့် ရှိသော်လည်း ဤ ရဟန္တာကလေးကိုမူ မြတ်စွာဘုရားသည် အသက် ၇ နှစ်မှာပင် ရဟန်း ပြုပေးလေသည်။
သရဏဂုံတည်ခြင်း၏ အကျိုးတရားကား ကြီးမားလှ၏။
သရဏဂုံ အမှားများ
════════════
ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးမှ တပါး တခြားတရား တခြား အရာကို မိမိတို့ ဆင်းရဲကို ငြိမ်းပေးနိုင်သည်ဟု ထင်မှတ်ကာ အားကိုးရာ အနေဖြင့် ယုံကြည် ဆည်းကပ် ကိုးကွယ်လျှင် မှားယွင်းသော ယုံကြည် အားကိုးမှု၊ မှားယွင်းသော ကိုကွယ်မှုသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုတရား ထိုအရာတို့၌ ဆင်းရဲငြိမ်းကြောင်း အကျင့်ကောင်း အကျင့်မှန် မရှိကြသောကြောင့်ပင်။
မြတ်စွာဘုရား လက်ထက်တော် အခါက အဂ္ဂိဒတ္တ ရသေ့ကြီးနှင့် တပည့် တသောင်းတို့သည် သစ်ပင်၊ တော၊ တောင်၊ သစ်သီး ဥယျာဉ်၊ ပန်း ဥယျာဉ်၊ နတ်ကွန်းတွေကို ကိုးကွယ်နေကြ၏။
မြတ်စွာဘုရားက သူတို့ ကိုးကွယ်နေကြသည်မှာ မှားယွင်းသော ကိုးကွယ်မှုတွေ ဖြစ်ကြောင်း၊ ဆင်းရဲကို မငြိမ်းစေနိုင်ကြောင်း၊ ရတနာသုံးပါးကို ယုံကြည် ကိုးကွယ်မှသာလျှင် အမှန်တရား လေးပါးကို သိ၍ ဆင်းရဲငြိမ်းစေနိုင်ကြောင်း ဟောကြားလျက် လမ်းမှန်ကို ပြပေးရ၏။ ထိုအခါမှ ပင် အဂ္ဂိဒတ္တနှင့် တပည့်အားလုံး အသိမှန် အမြင်မှန် ရကာ ရဟန္တာ ဖြစ်သွားကြ၏။ ( ဓမ္မ-ဋ္ဌ ၂၊ ၁၅၉ )
အမှားအမှန် ဝေဖန်နည်း မြတ်စွာဘုရား သက်တော် ၈၀ ပြည့်သည့်ည ပရိနိဗ္ဗာန် စံခါနီး၌ ကုသိနာရုံပြည် အင်ကြင်းဥယျာဉ်ကြီး အတွင်းဝယ် ကိုးကွယ်ရာ ဘာသာအယူဝါဒ အမှား အမှန် ဝေဖန် ရွေးချယ်နိုင်ရန် သုဘဒ္ဒပရိဗိုဇ် အား အောက်ပါ သဘောတရားကို ဟောကြားတော် မူခဲ့၏။
မဂ္ဂင်ရှစ်ပါး ကျင့်စဉ်ပါသော ဘာသာအယူဝါဒ သည်သာလျှင် ကိလေသာကို ငြိမ်းစေ၏။ ကိလေသာ ငြိမ်းမှ ဆင်းရဲငြိမ်း၏။ ဆင်းရဲငြိမ်းမှ မှန်ကန်သော ဘာသာအယူဝါဒ၊ မှန်ကန်သော ကိုးကွယ်ရာ ဖြစ်၏။
မဂ္ဂင်ရှစ်ပါး ကျင့်စဉ်မပါသော ဘာသာအယူဝါဒသည် ကိလေသာကို မငြိမ်းစေနိုင်။ ထို့ကြေင့် ဆင်းရဲကို မငြိမ်းနိုင်သဖြင့် မှန်ကန်သော ဘာသာ အယူဝါဒ မဟုတ်၊ မှန်ကန်သော ကိုးကွယ်ရာ မဟုတ်။
ထို့ကြောင့် မဂ္ဂင်ရှစ်ပါးကို အားထားကိုးကွယ်ရာ သရဏ = ဘာသာအယူဝါဒ မှန် မမှန် ခွဲခြား ဝေဖန်ရန် ဘာသာရေးစံ၊ သာသနာရေး မှတ်ကျောက် အဖြစ် မှတ်ယူ သင့်ပေသည်။
အကျင့်လမ်းမှန် မဂ္ဂင်ရှစ်တန်
════════════════
ပညာမဂ္ဂင် ၂ ပါး
----------------------
သမ္မာဒိဋ္ဌိ = မှန်စွာ သိမြင်မှု
သမ္မာသင်္ကပ္ပ = မှန်စွာ ကြံစည်မှု
သီလမဂ္ဂင် ၃ ပါး
--------------------
သမ္မာဝါစာ = မှန်စွာ ပြောဆိုမှု
သမ္မာကမ္မန္တ = မှန်စွာ ပြုလုပ်မှု
သမ္မာအာဇီဝ = မှန်စွာ အသက်မွေးမှု
သမာဓိမဂ္ဂင် ၃ ပါး
----------------------
သမ္မာဝါယာမ = မှန်စွာ ကြိုးစားအားထုတ်မှု
သမ္မာသတိ = မှန်စွာ သတိရမှု
သမ္မာသမာဓိ = မှန်စွာ စူးစိုက်တည်ငြိမ်မှု
ဆောင်ပုဒ်
══════
ရွေးချယ်ကြ
--------------
ဘာသာဝါဒ၊ ရွေးချယ်ကြ၊ မှန်မှ ကျိုးများသည်။
အယူဝါဒ၊ မှားယွင်းက၊ မုချ ကျိုးနည်းမည်။
အမှား အမှန်၊ ရွေးချယ်ရန်၊ စံမှန် ရှိရမည်။
မှတ်ကျောက်မှာတင်၊ စံမှာယှဉ်၊ ရွေးလျှင် မမှားပြီ။
မှတ်ကျောက်နှင့် စံ
----------------------
မဂ္ဂင်ရှစ်တန်၊ စံကောင်းမှန်၊ တင်ရန် မှတ်ကျောက် ဖြစ်ပေသည်။
ရှစ်ဖြာမဂ္ဂင်၊ ဘောင်မဝင်၊ ကျင့်စဉ် မှားလှသည်။
ရှစ်ဖြာမဂ္ဂင်၊ ဘောင်၌ဝင်၊ ကျင့်စဉ် မှန်လှသည်။
ကျင့်စဉ် မှန်မှ၊ ယူဝါဒ၊ ဒုက္ခ ငြိမ်းစေသည်။
ဒုက္ခ ငြိမ်းမှ၊ ထိုဝါဒ၊ မုချ စစ်မှန်သည်။
ဆင်းရဲ ငြိမ်းသူနှင့် မငြိမ်းသူ
--------------------------------
မဂ္ဂင်ရှစ်ထွေ၊ ကျင့်သူတွေ၊ ကိလေ ငြိမ်းကြသည်။
ကိလေ ငြိမ်းမှ၊ ဝဋ်ဒုက္ခ၊ မုချ ငြိမ်းပေသည်။
မဂ္ဂင်ရှစ်ထွေ၊ မကျင့်ပေ၊ ကိလေ မငြိမ်းပြီ။
ကိလေ မငြိမ်း၊ ဆင်းရဲကိန်း၊ အေးငြိမ်းချမ်းသာ မရှိပြီ။
ချမ်းသာမဆောင်၊ တရားယောင်၊ ဝေးအောင် ရှောင်ရမည်။
စစ်မှန်သော ဘာသာဝါဒ
------------------------------
ဗုဒ္ဓသာသနာ၊ မဂ်ရှစ်ဖြာ၊ သေချာ ရှိပေသည်။
ရှစ်မဂ္ဂင်ပွါး၊ ကိလေများ၊ ငြိမ်းသွား ချမ်းသာသည်။
ထို့ကြောင့် ဗုဒ္ဓ၊ ယူဝါဒ၊ မုချ စစ်မှန်သည်။
ကြုံကြိုက်ခဲစွာ၊ သာသနာ၊ ကြုံလာ ရပေသည်။
ကြုံလာသော်လဲ၊ သင်ယူလွဲ၊ သင်ပဲ ဆင်းရဲမည်။
မလွဲစေချင်၊ ရှစ်မဂ္ဂင်၊ တွင်တွင် ပွါးရမည်။
မဂ္ဂင်ပွါးလျှင်၊ ကိလေစင်၊ ပြေးဝင် နိဗ္ဗာန်ပြည်။
မဂ္ဂင်ရှစ်ပါး
-------------
သိမှန် ကြံမှန်၊ ပြောပြု မှန်နှင့်၊ ကောင်းမှန် သက်မွေး၊ ဖြူစင်ဖွေး၍၊ မှန်ရေး ကြိုးစား၊ မှန်ငြားသတိ၊ သမာဓိဟု၊ ဤသည့် ရှစ်ဖြာ၊ ကျင့်စဉ်ပါမူ၊ ဘာသာဝါဒ၊ ဝဋ်ဒုက္ခ၊ မုချ ငြိမ်းစေသည်။
ဥပါသကာ ဥပါသိကာ
════════════
စစ်မှန်သော အားကိုးရာ ကိုးကွယ်ရာ ဖြစ်သည့် ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်သော အမျိုးသားကို ဥပါသကာ၊ အမျိုးသမီးကို ဥပါသိကာ ဟု ခေါ်သည်။
ဥပါသကာ = ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်သူ အမျိုးသား။
ဥပါသိကာ = ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်သူ အမျိုးသမီး။
ဆောင်ပုဒ်
══════
ရတနာသုံးရပ်၊ မြဲဆည်းကပ်မူ၊ ထိုသည့်သူ၊ မှတ်ယူ ဥပါသကာ။
ဥပါသကာ၏ သီလ ဥပါသကာ ဥပါသိကာ တို့သည် ( ၁ ) လက်နက်၊ ( ၂ ) လူ၊ ( ၃ ) သားငါး၊ ( ၄ ) အရက်သေစာ၊ ( ၅ ) အဆိပ် တို့ကို ရောင်းဝယ် ကုန်သွယ်ခြင်း မပြုရ။ ဤငါးမျိုးကို မိစ္ဆာဝဏိဇ္ဇာ = အပြစ် မကင်းသော ကုန်သွယ်မှု ဟု ခေါ်သည်။
ဤ မိစ္ဆာဝဏိဇ္ဇာနှင့် ကာယ ဒုစရိုက် ၃ ပါး၊ ဝစီ ဒုစရိုက် ၄ ပါးကို ရှောင်ကြဉ်၍ အသက် မွေးဝမ်းကျောင်း ပြုလျှင် ဥပါသက အာဇီဝ ပြည့်စုံ စင်ကြယ်တော့သည်။
http://csvbooks.blogspot.com/ မှ ကူးယူဖော်ပြထားပါသည်။
Monday, July 4, 2016
ကျန်စစ်သား သမိုင်းကြောင်း
ဇင်ထွန်းကျော်(မအူပင်)
နည်းပညာနှင့်ဗဟုသုတများ
Monday, June 22, 2015
ကျန်စစ်သား သမိုင်း အကြောင်း
အနော်ရထာမင်း(အနိရုဒ္ဓ)လွန်သော် သူ၏သားတော်စောလူးမင်းနန်းတက်သည်။ စောလူးမင်းအား သူ၏ငယ်သူငယ်ချင်းဖြစ်သူ ငရမန်ကန်း ကပုန်ကန်ဖမ်းဆီးသွားသဖြင့် ကျန်စစ်သားကသွားရောက်ကယ်တင်ရာ စောလူးမင်းက ကျန်စစ်သားသူ့အားကယ်တင် ပါသည်ဟု အော်လေသဖြင့် စောလူးမင်းကိုထားခဲ့ရလေသည်။ရန်သူလက်ချက်ဖြင့် စောလူးမင်းကံကုန်သည်တွင် ပုဂံပြည်တွင် ကျန်စစ်သားမင်း နန်းတက်လေသည်။ ကျန်စစ်သားမင်းကြီးသည် ပုဂံပြည်ထီးနန်းကို ခရစ်နှစ် ၁၀၈၄ တွင်ဆက်ခံခဲ့ပါသည်။
အနော်ရထာမင်းကြီး၏ အားထားရသော သူရဲကောင်းတစ်ယောက်ဖြစ်သည့် ကျန်စစ်သားသည် အနော်ရထာထူထောင်ခဲ့သော နိုင်ငံတော်ကိုမပြိုကွဲအောင် စည်းရုံးဆောင်ရွက်နိုင်ခဲ့သည်။ မွန်-မြန်မာ ချစ်ကြည်စွာနေထိုင်ရေးကိုအားပေးသည့်အနေဖြင့် သူရေးထိုးခဲ့သော ကျောက်စာများတွင် မွန်ဘာသာကိုလည်း ထည့်သွင်းစေခဲ့သည်။ ဆည်၊ မြောင်း၊ ကျောင်း၊ ကန်များကို နိုင်ငံတော်အနှံ့ ဆောက်လုပ်စေခဲ့သည်။ သာသနာတော်ကို ချီးမြှောက်၍ ဘုရား၊ စေတီ၊ ဂူပုထိုးများလည်း တည်ထားခဲ့သည့်အပြင် ဗုဒ္ဓဂါယာရှိ ပျက်စီးယိုယွင်းမူ့များကို တမန်များစေလွှတ်၍ ပြုပြင်စေခြင်း၊ ပိဋကတ်တော်ကို စစ်ဆေးပြုပြင်၍ တစ်စုံကူးစေခြင်း၊ မြို့တော်ရှိရဟန်း၊ သံဃာများအား ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းခြင်း အစရှိသော သာသနာရေးဆိုင်ရာ ကုသိုလ်များကိုလည်းပြုခဲ့သည်။ အေဒီ ၁၁၀၁ ခုနှစ်၊ ဒီဇင်ဘာတွင် နန်းတော်သစ်ကိုတည်၍ အေဒီ ၁၁၀၂ ခုနှစ်၊ ဧပြီလတွင် နန်းတော်ကိုလက်စသတ်ခဲ့သည်။ ထီးနန်းကို ၂၈ နှစ်ကြာစိုးစံတော်မူပြီးနောက် အေဒီ ၁၁၁၂ တွင် နတ်ရွာစံကံကုန်ခဲ့သည်။ အရိုက်အရာကို မြေးတော် အလောင်းစည်သူ မင်းက ဆက်ခံခဲ့သည်။
ငယ်စဉ်ဘဝ
ကျန်စစ်သားမင်းသည် အဖဘက်မှ အာဒိစ္စ၀ံသနေမျိုးဖြစ်၍ အမိဘက်မှ ၀ါးပင်အတွင်းမှ သန္ဓေတည် မွေးဖွားလာသောသူဖြစ်သည်ဟု ကျောက်စာတစ်ချို့တွင် ဖေါ်ပြထားသည်။ ကျန်စစ်သားမင်း၏ဘွဲ့တော်မှာ သင်္ကကရိုက်ဘာသာဖြင့် ဂြီ့ဗကြဘရဏတြိဘူပတိ ဖြစ်၍ အဓိပ္ပါယ်မှာ ငယ်ရွယ်ပျိုမြစ်သောမင်း ဟု ကောက်ယူနိုင်သည်။ ထိလိုင်မင်းဟုလည်း နာမည်ရှိပြီး ကျန်စစ်သားသည် ရှေးမင်းဆက်မှ ဆင်းသက်လာသူမဟုတ်ပဲ အရည်အချင်းကြောင့် ထီးနန်းဆက်ခံနိုင်ခဲ့ခြင်းဖြစ်လေသည်။ ကျန်စစ်သားမင်း၏ အခြားဘွဲ့ ဖြစ်သော ထိလိုင်မင်းဟုလည်း ခေါ်သောကြောင့် ယခုဝမ်းတွင်းမြို့နယ်ရှိ ထီးလှိုင်အရပ်ကို အုပ်ချုပ်ရသောသူ တစ်ယောက်ဖြစ်မည်ဟု ထင်ရသည်။ ရာဇ၀င်အချို့တွင် အနော်ရထာမင်းက နန်းအရာကိုလုယူမည်သူဟု အထင်ရှိသဖြင့် အသက်အရွယ်အလိုက် ကွပ်မျက်ခဲ့သည်ဟုဆိုကြသည်။ ဘုန်းရှင်၊ ကံရှင်ဖြစ်သဖြင့် အသက်မသေပဲရှိသော် အနော်ရထာမင်းက မိမိလက်အောက်တွင် အမူ့ထမ်းစေခဲ့သည်ဟုဆိုသည်။ မြန်မာသမိုင်းစာအုပ်တစ်ချို့တွင် ကျန်စစ်သားနှင့် အခြားသူရဲကောင်းသုံးယောက်ဖြစ်သည့် ငထွေရူး၊ ငလုံးလက်ဖယ်နှင့် ညောင်ဦးဖီးတို့အား ပုဂံပြည့်ရှင် အနော်ရထာမင်း၏ သူရဲကောင်းလေးယောက်ဟု ဖေါ်ပြကြသည်။
ဟံသာဝတီ (ပဲခူး) ကို ဂျွမ်းစစ်သည်များ လာရောက်တိုက်ခိုက်ရာတွင် စစ်သည်လေးသိန်းအားနှင့် ညီမျှသောသူရဲကောင်း လေးယောက်နှင့် ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည်ဟု လည်းပါသည်။ ပဲခူးဘုရင်က ကျေးဇူးတုံ့ပြန်သောအားဖြင့် သမီးတော် မဏိစန္ဒာကို ပုဂံဘုရင်အနော်ရထာ မင်းထံဆက်သရာတွင် လမ်းခရီး၌ ကျန်စစ်သားနှင့် သံယောဇဉ်ငြိတွယ်ခဲ့ကြသည်ဟု မြန်မာရာဇ၀င်များတွင် ဆိုကြသည်။ သို့သော်ထိုအကြောင်း အရာများကို ကျန်စစ်သားမင်းရေးထိုးခဲ့သော မည်သည့်ကျောက်စာတွင်မှမတွေ့ရှိခဲ့ရပေ။ ထိုသို့သံယောဇဉ်တွယ်သဖြင့် ဘုရင်ကအမျက်တော် ရှရာ၍ ကျန်စစ်သားကို နှောင်ကြိုးတည်းကာ ခေါ်လာစေသည်။ အနော်ရထာ ကိုယ်တိုင် လှံဖြင့်လွှတ်၍ ထိုးလိုက်သည်တွင် လူကိုမထိမိ နှောင်ကြိုးကိုသာ ထိုးမိ၍ နှောင်ကြိုးပြတ်သွားကာ တစ်ဖက်ကမ်းသို့ ထွက်ပြေးလေရာ မန္တလေးတောင်တွင် ကျန်စစ်သားခြေရာဆိုသော ကျောက်တုံးပေါ်မှ ခြေရာတစ်ခုလည်း ဒဏ္ဍာရီအဖြစ်ရှိပေသည်။ မင်းဒဏ်သင့်နေစဉ် ကာလအတွင်းတွင် သမ္ဘူလနှင့် လက်ထပ်ခဲ့၍ သားတော် ရာဇကုမာရ်ထွန်းကားသည်။ အချို့ကလည်း ထို ရာဇကုမ္မာမင်းသားမှာ ကျန်စစ်သား၏ သားမဟုတ်ဟုလည်းဆိုကြသည်။ ထိုမင်းသားသည် နောင်တွင် မြန်မာစာပေနှင့်သမိုင်းအတွက် အရေးပါသော ရာဇကုမ္မာကျောက်စာကို ရေးထိုးခဲ့သည်။ ရာဇ၀င်များနှင့် သမိုင်းကျောက်စာများအရ အမျိုးမျိုးသောအယူများကွဲပြားနေသော်လည်း ကျန်စစ်သားမင်းသည် အနော်ရထာလက်ထက်တွင် အလွန် အရေးပါသော လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသည့် သူရဲကောင်း တစ်ယောက်ဖြစ်ခဲ့မည်မှာ အမှန်ပင်ဖြစ်လေသည်။
ထီးနန်းကိုရခြင်း
အနော်ရထာမင်းထံမှ နန်းမွေကိုသားတော်စောလူးမင်းက အေဒီ ၁၀၇၇ တွင်ဆက်ခံလေရာ ထိုမင်းအုပ်ချုပ်ပုံညံ့ဖျင်းသဖြင့် တိုင်းကားပြည်ရွာမငြိမ်မသက်ဖြစ်လေသည်။ ငယ်သူငယ်ချင်းဖြစ်သူ ငရမန်ကန်းက သူပုန်ထရာတွင် စောလူးမင်းအဖမ်းခံခဲ့ရသည်ဟုရာဇ၀င်ကျမ်းများတွင်ပါသည်။ စောလူးမင်းကို ရန်သူများလက်မှ ကယ်တင်ရန်အတွက် ရန်သူတပ်အတွင်းသို့တစ်ကိုယ်တော်ဝင်ရောက်ခဲ့သည်။ စောလူးမင်းအား ထမ်းပြေး၍ ကယ်တင်ရာ ကျန်စစ်သားအားမယုံကြည်ပဲ ငယ်သူငယ်ချင်းဖြစ်သူ ငရမန်ကန်းကသာ အသက်ကိုချမ်းသာပေးမည်ထင်သဖြင့် ကျန်စစ်သား သူ့အားလာကယ်ပါသည်ဟု အော်လေရာ စောလူးမင်းအားရန်သူလက်အတွင်းထားခဲ့ရလေသည်။ စောလူးမင်းသည် ငရမန်ကန်းလက်ချက်ဖြင့် ကံကုန်ခဲ့သည်ဟု ရာဇ၀င်ကျမ်းတစ်ချို့ ဆိုသည်။ သူပုန်ထသော ငရမန်ကန်းရန်ကို ကျန်စစ်သားဦးဆောင်၍ နှိမ်နင်းခဲ့သည့်အပြင် မြန်မာ့သမိုင်းလေ့လာသူ ပါမောက္ခလုစ် ထင်မြင်ယူဆသော အခြားသူပုန်ထဖွယ်အရေးလည်းရှိပေသည်။ ထိုသူပုန်ထမှုမှာ အနော်ရထာမင်းသိမ်းပိုက်ခဲ့သော မွန်တိုင်းဌာနေနှင့်ပတ်သတ်လေသည်။ မနုဟာမင်း၏ မြေးတော်သူမှာ ငရန်မန်ကန်း၏သူပုန်ထမှု နှင့်မပတ်သတ်ပဲ သီးခြားသူပုန်ထလိုဟန်တူပေသည်။ ပုဂံမင်းအခမ်းအနားသုံးလှေတော်အား ယူဆောင်၍ပြေးလေရာ ကျန်စစ်သားက မနုဟာမင်း၏ မြစ်တော်နှင့်သမီးတော်အား ပေးစားကာ ပေါက်ဖွားသောကလေးငယ်အား ထီးမွေဆက်ခံစေမည်ဟု ကတိပေး၍ မွန်-မြန်မာချစ်ကြည်ရေးကိုထိန်းသိမ်းထားခဲ့သည်ဟု ယူဆရလေသည်။ ထိုကတိမှာ ရာဇကုမ္မာမင်းသားထီးမွေမရခဲ့ခြင်းအကြောင်းလည်း ဖြစ်နိုင်ပေသည်။ အနော်ရထာမင်းတည်ထောင်ခဲ့သော နိုင်ငံတော်အားမပြိုကွဲအောင် နှလုံးရည်နှင့် စည်းလုံးနိုင်ခဲ့ခြင်းလည်း ဖြစ်ပေသည်။ ထိုကဲ့သို့ လက်ရုံးရည်၊နှလုံးရည်နှင့် ပြည့်စုံသော ပုဂံသူရဲကောင်းအား မူးမတ်၊ သေနာပတိများက ၁၀၈၄ တွင်နန်းအပ်ခဲ့သည်။ ၁၀၈၆ တွင်မှရာဇဘိသေကခံယူခဲ့သည်ဟု ကျောက်စာများတွင်ဖေါ်ပြထားသည်။
နန်းတက်ကတိ
`ပုဂံကို ရန်သူတို့ ဖျက်ဆီးသောအခါ အမျိုးလေးပါးသည် စစ်သုံ့ပန်းဖြစ်၍ အချို့ လည်း အောက်အကြေသို့ ပါကြရသည်။
အချို့ လည်း အထက်အညာသို့ ပါကြရသည်။
ငါ၏ အကူအညီဖြင့် ထိုသူတို့ ပုဂံသို့ ပြန်ရောက်စေပါအံ့။
များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ ၊မယားတကွဲ ၊ မိကွဲ ၊ ဖကွဲ ဖြစ်ကြရကုန်၏။
ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့၊ ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာ ကိုပေးအံ့၊ ငါ၏၀ဲလက်ဖြင့် ၀တ်စား တန်ဆာ ပေးအံ့။
အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့၊´
(ကျန်စစ်သား၏ မူရင်း မွန်ဘာသာဖြင့် ရေးထိုးထားသော ရွှေစည်းခုံဘုရား ကျောက်စာကို မြန်မာပြန်မှ)
မူရင်း မွန်ဘာသာ ကို ပင် G.H.Luce က ဤသို့ အင်္ဂလိပ် ဘာသာ သို့ ပြန်ဆိုထားသည် ကိုလည်း တွေ့ရပါသည်။
“ His Majesty’s desire – quickly they shall be fulfilled. When raiding enemies come up to destroy Pagan , and all four castes of people living there are borne off captive downstream and go to other countries, by the strength lift and energy of the king ,swiftly shall they ascend upstream and take their solace in Pagan again. Of those torn from their dear ones, if those who were sick at heart , by a course of benefits , with water of compassion , with loving-kindness which is even as a hand , he shall wipe their tears , he shall wash away their snot . With his right hand rice and bread , with his left hand ornaments and apparel , he shall give to all his people. Like children resting in their mother’s bosom , so shall the king keep watch over them and help them ”
(1102-AD တွင် ရေးထိုးခဲ့သော ကျောက်စာ ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားခြင်း)
ကျန်စစ်သားမင်း၏ စွမ်းဆောင်ချက်များ
ရွှေစည်းခုံစေတီတော်
ကျန်စစ်သားခေါ် ထိလိုင်မင်းသည် ဘုရင်ဖြစ်ပြီးနောက် မွန်-မြန်မာချစ်ကြည်ရေးကို အလေးပေးဆောင်ရွက်ခဲ့သည်။ မွန်ယဉ်ကျေးမူ့များကို ဖေါ်ထုတ်ခြင်း၊ မွန် သီချင်း၊တီးချင်း၊ကချင်း တို့ကို အားပေးခဲ့သည်။ ထိုမင်းလက်ထက်ရေးထိုးခဲ့သော ကျောက်စာများကိုလည်း မွန်ဘာသာဖြင့် ရေးထိုးစေခဲ့သည်။ သားတော်ရာဇကုမ္မာကို ထီးမွေမပေးပဲ မွန်မျိုးနွယ်နှင့် ပတ်သတ်နေသော မြေးတော်အလောင်းစည်သူအားထီးနန်းပေးခဲ့ခြင်းမှာ မွန်-မြန်မာချစ်ကြည်ရေးကို အလေးပေးခဲ့ကြောင်းပေါ်လွင်ခဲ့သည်။ သို့သော်အလိုက်သိလိမ္မာသော သားတော်ရာဇကုမ္မာကြောင့်လည်း မင်းကြီးသည် စိတ်ထိခိုက်ခဲ့ရဟန်ရှိလေသည်။ မင်းကြီးကံကုန်တော်မူခါနီးတွင် ရေးထိုးခဲ့သော ထိုကျောက်စာတွင် မင်းကြီး၏ဖြစ်စဉ်များနှင့် ဖခင်ကျေးဇူးကို သိတတ်သော ရာဇကုမ္မာမင်းသား၏ သည်းခံနားလည်ပုံကိုမြင်တွေ့နိုင်လေသည်။
ကျန်စစ်သားမင်းသည် ပြည်သူအများအားလည်း စာရိတ္တကောင်းမွန်လာစေရန်သွန်သင်ခဲ့သည်။ ဆည်၊ မြောင်း၊ တာတမံများ ဆောက်လုပ်ပေးပြီး လယ်ယာစိုက်ပျိုးရေးကို အားပေးခဲ့သည်။ ထိုအခြင်းအရာများကို မွန်ကျောက်စာများတွင် အထင်အရှား တွေ့မြင်နိုင်ပေသည်။ ထို့ပြင် ၎င်းကျောက်စာများမှတဆင့် ကျန်စစ်မင်း လက်ထက် အုပ်ချုပ်ရေးကိုလည်း ခန့်မှန်းနိုင်ပေသည်။ အကြောင်းအရာ အားဖြင့် အောက်ပါအတိုင်းဖေါ်ပြထားလေသည်။ တင့်တယ်သော ကျက်သရေရှိသော အရိမဒ္ဒနပြည်၌ တုန်လှုပ်ချောက်ချားခြင်း ကြောက်ရွံ့ခြင်းမှ ကင်းသော အုပ်စိုးနည်းကို အရှင် ဂြီတြိဘုဝနာဒီတျဓမ္မရာဇာမင်းသည် သွန်သင်ဆုံးမပြလတ္တံ့။ ဟုတွေ့ရလေသည်။ အုပ်စိုးနေသော အစိုးရကို အပြစ်မရှိက ကြောက်ရွံ့နေရခြင်းလုံးဝ မရှိစေရာဟုဆိုလိုပါသည်။ ထိုအချက်မှာ မြန်မာနိုင်ငံတွင်ရှေးကပင် ထင်ထင်ရှားရှားရှိခဲ့သည့် အဆင့်မြင့်သော နိုင်ငံရေးကို ရည်ညွှန်းသည့်သဘောသက်ရောက်ပါသည်။ တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့အုပ်ချုပ်ခဲ့သောကြောင့် ပြည်သူအပေါင်းစိတ်ချမ်းသာရသည်ဟု ကျောက်စာများတွင်ပါရှိသည်။ ထိုကျောက်စာများမှာ ရွှေစည်းခုံဘုရားကျောက်စာ၊ မြကန်ကျောက်စာ၊ ပြည်ရွှေဆံတော်ရှိကျောက်စာ၊ မွန်ကျောက်စာ အစရှိသည့် ကျောက်စာများဖြစ်ကြသည်။
ကျန်စစ်သားသည် ပြည်သူထဲမှဖြစ်လာသော မင်းဖြစ်သော်လည်း ရှေးမင်းအဆက်အနွယ်များကို ဆက်လက်မြှောက်စားခဲ့သည်။ သို့ရာတွင် ထိုမင်းရိုးထက်ကြီးကျယ်မြင့်မြတ်သော သဘောကိုပြချင်သဖြင့် အဖဘက်မှနေမျိုးနွယ်၊ အမိကား ၀ါးလုံးအတွင်းမှ ပေါက်ဖွားသူဟု ကျောက်စာများတွင်အထပ်ထပ်ဖေါ်ပြကြသည်။ ပြည်သူထဲမှ မင်းဖြစ်လာလျင် ဘုရားဗျာဒိတ်အရ မင်းဖြစ်ရသည်ဟူသော စကားလုံးများကိုလည်း ပဒေသရာဇ်စနစ်ထုံးစံအတိုင်းတွေ့ရှိရလေသည်။ တိုင်းသူ၊ပြည်သားများအား စည်းရုံးရေးတစ်မျိုးလည်းဖြစ်ပေသည်။ ကျန်စစ်သားမင်းသည် လောကီအရေးအပြင် လောကုတ္တရာအရေးဖြစ်သော သာသနာတော်အတွက်ပါ များစွာဆောင်ရွက်ခဲ့သောမင်းဖြစ်သည်။ ဘုရား၊ဂူပုထိုးများ တည်ခဲ့၍ ရွှေစည်းခုံစေတီ နှင့် အာနန္ဒာဂူဘုရား တို့မှာထင်ရှားလှသည်။ ရဟန်း၊သံဃာတော်များကို ချီးမြှောက်ပြီး၊ ဆွမ်း၊ကွမ်းလေးပါး ပြည့်စုံစေခဲ့သည်။ ဗုဒ္ဓဂါယာရှိ ဘုရားကျောင်းကို ပြုပြင်စေခဲ့သည်။ အိန္ဒိယတောင်ပိုင်းမှ မင်းသားတစ်ပါးကို သာသနာတော် တွင်သက်ဝင်ယုံကြည်ခဲ့စေလေသည်။
ရှေးမွန်ကျောက်စာအရ မင်းဖြစ်ပြီး တစ်ဆယ့်ခုနစ်နှစ်အကြာတွင် နန်းတော်သစ်ကိုတည်ဆောက်ခဲ့သည်ဟုဆိုသည်။ နန်းတော်ကို အေဒီ၁၁၀၁ နိုဝင်ဘာ ၄ ရက်နေ့တွင်စတင်တည်ဆောက်ပြီး ၁၁၀၂ မေလ ၉ ရက်နေ့တွင်ပြီးဆုံးခဲ့သည်။ ယခုအခါမည်သည့် အထောက်အထားမှ မတွေ့ရသေးသဖြင့် သစ်သားနန်းတော်ဖြစ်ရမည်ဟု ခန့်မှန်းကြလေသည်။ နန်းတော်သစ်တည်ဆောက်စဉ်နှင့် တည်ဆောက်ပြီးစီးရာတွင် ထေရ၀ါဒနှင့် မသက်ဆိုင်သော ဗိဿနိုးနတ်အားပူဇော်ခြင်း၊ ဗလိနတ်စာကျွေးခြင်း၊ ရိုးရာနဂါးရှိခိုးခြင်းစသော အယူများအားလည်း ပြုလုပ်ကြသည်။ ရှင်အရဟံ ဦးဆောင်သော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ပရိတ်ရွတ်ဖတ်ပေးခဲ့ကြသည်ဟု ကျောက်စာများတွင်ဖေါ်ပြထားသည်။ ထီးနန်းကို ၂၈ နှစ်ကြာစိုးစံပြီးနောက် ၁၁၁၂ တွင် ကံကုန်တော်မူခဲ့သည်။ မင်းကြီးနာမကျန်းဖြစ်နေစဉ် သားတော်ရာဇကုမ္မာရေးထိုးခဲ့သောကျောက်စာတွင် ကျန်စစ်မင်း၏ဘ၀ကိုလေ့လာရန်လည်းကောင်း၊ ထိုခေတ်ပုဂံပြည် အခြေအနေကိုခန့်မှန်းရန်အတွက်လည်းကောင်း၊ မြန်မာစာဖြစ်ပေါ်ပုံအဆင့်ဆင့်ကိုလေ့လာရန်အတွက်လည်းကောင်းများစွာအသုံးဝင်သည်။ ရာဇကုမာရ်ကျောက်စာဟု အသိများသကဲ့သို့ ပုဂံရှိမြစေတီ ဘုရားဝင်းအတွင်းစိုက်ထူထားသောကြောင့်မြစေတီကျောက်စာဟုလည်း ခေါ်ကြသည်။ ကျောက်စာအား ပါဠိ၊မွန်၊မြန်မာ၊ ပျူ ဘာသာလေးမျိုးဖြင့် ကျောက်စာတိုင်၏လေးမျက်နှာ တွင်ရေးထိုးထားသည်။
မွန်မြန်မာသွေးစည်းညီညွတ်ရေး
အနော်ရထာ ဘုရင် ကွယ်လွန်ပြီး ငှင်း ၏ သားစောလူးမင်း (၁၀၇၇ မှ ၁၀၈၄ အထိ ) နန်းတက်ပြီး နောက် မ ကြာမှီ မြန်မာ နိုင်ငံ တောင်ပိုင်း ရှိ မွန်လူမျိုး တို့ ၏ ပြင်းထန်ကြီးမား သည့် အုံကြွမှုကြီးတရပ် ပေါ် ပေါက် ၍ လာ သည်။ ပဲခူးစား ငရမန်ကန်း ဦးဆောင် သည့် မွန် တို့  သည် ပုဂံပြည် နှင့် အထက်မြန်မာနိုင်ငံ တလွှားသို့  ချီတက် လာကြ ပြီး လျှင် အမျှော် အမြင် နည်းပါးသည့် စောလူးမင်း အား ဖမ်းဆီး ကွပ် မျက် နိုင်ခဲ့ကြ သည်။
ယင်း သို့ မွန်လူမျိုးများ ၏ ပုန်ကန်ထကြွမှု ကို မြန်မာ ရာဇ၀င်များ ၌ ပြည်တော်သာ ကျွန်းစစ်ပွဲဟု ရေးသား ဖေါ်ပြကြသည်။ ငရမန်ကန်း ဦးဆောင်သည့် မွန်လူမျိုးတို့ သည် အထက် မြန်မာနိုင် ငံ အင်းဝ အထိ ချီ တက် တိုက်ခိုက် လျက်ရှိစဉ် အနော်ရထာမင်း နှင့် အတူ မြန်မာနိုင်ငံ အား စည်းလုံး သိမ်းသွင်း ရာ တွင် ပါဝင်ခဲ့ သည့် မြန်မာ လူမျိုး အကြီး အကဲ တဦးဖြစ်သူ ကျန်စစ်သား သည် အခြား မြန်မာ အကြီး အကဲ များ နှင့် အတူ ပုဂံပြည် နှင့် အထက်မြန်မာနိုင်ငံတလွှား ၏ အခြေခံဒေသဖြစ်သည့် ကျောက်ဆည် ၊ လယ်တွင်းနယ် များ နှင့် မိတ္ထိ လာ နယ် များ တွင် လူသူအင်အား စုဆောင်းပြီး စားနပ်ရိက္ခာ အင်အားဖြည့် ကာ ငရမန် ကန်းအား တန်ပြန် တိုက် ခိုက်၍ နောက်ဆုံး ပုဂံအနီးမြင်းက ပါ စစ်ပွဲ တွင် ငရမန်ကန်းတို့  အား အောင်လိုက် နိုင်ပြီး စောလူးမင်း ၏ ဦး ခေါင်း မှ လွင့်စင်ကျသွားသည့် ပုဂံမင်းဆက် ၏ မကိုဋ်သရဖူ အား ကျန်စစ်သားသည် ပြန်လည် ထိမ်း သိမ်း လိုက် နိုင်သည်။
ကျန်စစ်သား သည် ပုဂံထီးနန်း အား သိမ်းပိုက်ပြီး နောက် မွန်မြန်မာ စစ်ပွဲကြောင့် ဒုက္ခ ပင်လယ်ဝေလျက် မြို့ ပျက် ၊ ရွာပျက် ၊ အိုးပျက် ၊ အိမ်ပျက် နှင့် လုပ်ငန်း ကိုင်ငန်း များပါ ၊ ပျက်စီးခြင်းများစွာဖြင့် အဘက်ဘက်တွင် ကစင့် ကလျား ဖြစ်နေသည့်ပြည်သူပြည်သားများ အတွက် အလေးထား၍ တိုင်းပြည် အား အရေး တ ကြီး ပြန် လည် ထူထောင်သည်။ မွန်ဘာသာဖြင့် ရေးထိုးထား သည့် ရွှေစည်းခုံကျောက်စာ အထောက်အထား အ ရ ။ များစွာသောသူခပ်သိမ်းတို့ သည် သား တကွဲ ၊ မယား တကွဲ ၊မိ တကွဲ ၊ ဖ တကွဲ ၊ ဖြစ်ကြ ရ ကုန်၏။ ထို သူတို့ ၏ ဆင်းရဲ ဒုက္ခ ကို ငါငြိမ်းပါအံ့။ ထို သူ တို့ ၏ မျက်ရည် ကို ငါ သုတ် ပါအံ့။ ငါ ၏ ယာဘက်လက်ဖြင့် ဆန်စပါး ရိက္ခာကိုပေးအံ့။ ငါ ၏ ၀ဲဘက်လက်ဖြင့် ၀တ်စားတန်ဆာပေးအံ့။ အမိ သည် သားငယ် ကို ရင်ခွင်၌ နှစ်သိမ့် စေ အံ့ သကဲ့ သို့  ငါ သည်လည်း တိုင်းသူပြည်သား တို့ ကို နှစ်သိမ့်စေ အံ့။ ဟု ရေးထိုး ထားသည့် ကျန် စစ် သား သည် မြန်မာ လူမျိုး အကြီးအကဲ တဦး အနေဖြင့်ငှင်း ၊ မြန်မာနိုင်ငံ တ နိုင်ငံ လုံး ၏ ခေါင်းဆောင်ကြီး တဦး အ နေဖြင့်ငှင်း ၊ စောလူးမင်း နန်းသက် အတွင်း ပြင်းထန်စွာ ပေါက်ကွဲခဲ့သည့် မွန် မြန်မာ အရေး တော်ပုံ ကို လေး လေး နက်နက် စဉ်းစားသုံးသပ် ခဲ့ပုံရသည်။
ကျန်စစ်သား သည် မွန်တို့ အား မြန်မာတို့ နှင့် တူညီမျှတ သော အခွင့်အရေးကို ပေးအပ် ဆက်ဆံခဲ့သည်။ မွန်လူမျိုး အကြီးအကဲ များအား မြန်မာနိုင်ငံ ၏ အထွေထွေ ကုန်ထုတ် လုပ်ငန်း ၊ အုပ်ချုပ် ရေး ၊ ကာကွယ်ရေး ၊ ယဉ်ကျေးမှု ဆိုင်ရာလုပ်ငန်းများတွင် ဦးစီးခေါင်းဆောင်များအဖြစ် ပါဝင်စေခဲ့သည်။ မွန်လူမျိုး များ ၏ ယဉ် ကျေး မှု နှင့် အစဉ်အလာ ကို လည်း လေးစား မှု ပြခဲ့သည်။
မြန်မာ နိုင်ငံ ကမ္ဗည်းကျောက်စာ ဋ္ဌာန မှ စုဆောင်း ရှာဖွေ စာရင်း ပြုလုပ်ထား သည့် ကျန်စစ်သား နှင့် သက် ဆိုင် သည့် ရှေးဟောင်း ကျောက်စာ များ သည် ၊ များသော အားဖြင့် မွန်စာ ၊ မွန်အက္ခရာ များဖြင့် ရေးထိုး ထား သည်ကိုသာ တွေ့ ရှိရသည်။ မွန် မြန်မာ သွေးစည်းညီညွတ်ရေး ကို အမြှော်အမြင်ကြီးမားစွာဖြင့် ကျန် စစ် သား သည် ဆောင်ရွက်လိုက်သည့်အတွက် မြန်မာနိုင်ငံ ၏ စည်းလုံးမှုသည် ပိုမိုသိပ်သည်းခိုင်မြဲလာသည်။
တနိုင်ငံလုံး စစ်မက်ကင်းရှင်းကာ ငြိမ်းချမ်း သာယာလာသည်။ ပုဂံခေတ် မြန်မာနိုင်ငံ ၏ ရွှေရောင်လွှမ်းသော ကာလ ဟု ခေါ်ဆို ရလိမ့်မည်။ အထွေထွေ ကုန်ထုတ်လုပ် ငန်းတိုးချဲ့ခြင်း ၊ နိုင်ငံခြားတိုင်းပြည်များ နှင့် ရောင်းဝယ် ဖေါက်ကားခြင်း အထူးသဖြင့် တရုတ်ပြည် နှင့် အိန္ဒိယ နိုင်ငံတောင်ပိုင်း တို့ နှင့် ရောင်းဝယ် ဖေါက်ကားခြင်း များပြုလုပ်ခဲ့ သည် ကို တွေ့ ရှိရသည်။
အနော်ရထာ လက်ထက် မှ စတင် ပျိုးထောင်ခဲ့ သည့် ထေရ၀ါဒ ဗုဒ္ဓသာသနာ နှင့် ယဉ်ကျေးမှုများ ကို ဖွံ့ ဖြိုး တိုးတက်အောင်ဆောင် ရွက်ခဲ့သည်။ အံ့မခန်းလောက်သော ဗိသုကာ အတတ်ဖြင့် အနန္ဒာလှိုင်ဂူတော် ကြီး နှင့်သာသနာ့အဆောက်အဦးများစွာကိုတည်ဆောက်ခဲ့သည်။ အနော်ရထာ လက်ထက် က အစ မသတ်နိုင်ခဲ့ သည့် ရွှေစည်းခုံစေတီ တော်ကို အပြီးသတ် တည်ဆောက်ခဲ့သည်။ အိန္ဒိယနိုင်ငံဗုဒ္ဓဂါယာ တွင် ပျက်စီး လျက် ရှိသည့် သာသနာ အဆောက်အဦးများအား စေလွှတ်ပြင်ဆင်ခြင်းပြုသည့်အပြင် အိန္ဒိယ ၊ သီဟိုဠ် နိုင်ငံများနှင့် လည်း သာသနာ ရေး ဆက်သွယ်မှု ရှိခဲ့သည်။ ကျန်စစ်သား ၏ နန်းသက် အတွင်း မြန်မာနိုင်ငံတော်၏ ဂုဏ် သိက္ခာသည် အတိုးတက် အမြင့်မားဆုံး ကာလ ဟု ဆိုရလိမ့် မည်ဖြစ်သည်။
မြန်မာ နိုင်ငံ ဘေးပတ်ဝန်းကျင် အိမ်နီးချင်း နိုင်ငံကြီး ငယ် အားလုံး က အသိ အမှတ်ပြု ခန့် ငြား လာ ကြသည်။ သက္ကရာဇ် ၁၁၀၆ ခုနှစ် တွင် မြန်မာနိုင်ငံ မှ သံအဖွဲ့ ဝင် များ တရုတ် ဧကရာဇ်နန်းတော်သို့ ဆိုက် ရောက်သော အခါ အချုပ်အခြာ အာ ဏာပိုင် သည့်နိုင်ငံကြီးတနိုင်ငံ ၏ ကိုယ်စားလှယ်တော် အဖြစ် တ ရုတ် တို့ က တ ခမ်း တနား တ ဆောင်တယောင် ဧည့်ခံ ဆက်ဆံ ခြင်းပြု ကြောင်း တရုတ်နန်းတွင်း မှတ်တမ်းများ ၌ ဖေါ်ပြ ရေးသား ထားသည်။ ထေရ၀ါဒ သာသနာတော် စည်ပင် ထွန်းကားရာ နိုင်ငံအဖြစ်လည်း အိန္ဒိယ နှင့် သီဟိုဠ် နိုင်ငံများ က လေးလေးစားစား နှင့်ခန့် ခန့် ငြား ငြား ဆက်ဆံကြ သည် ဟု မှတ်တမ်းတင်ခဲ့ကြပါသည်။
တည်ခဲ့သောစေတီ ဘုရား၊ သိမ်များ
ရွှေစည်းခုံစေတီတော်(ပုဂံ)
ကျော်ထက်ဝင်း နည်းပညာတက္ကသိုလ်-ဘားအံမြေ
Saturday, July 2, 2016
Monday, June 6, 2016
တရားထိုင်တာ နေရာလေး လဲမှန်ဖို့လို (Ashin Osadha)
“အရှင်ဘုရား....နေရာမသန့်ရင်ကော တရားထိုင်လို့ ဖြစ်သလား?”
လူလတ်ပိုင်းအရွယ် စင်္ကာပူနိုင်ငံသားတစ်ယောက်က ဒီနေ့မနက် တရားစစ်တော့ မေးတာပါ။ သူက ကုမ္ဗဏီကိစ္စနဲ့ နိုင်ငံစုံ၊ မြို့စုံကို လှည့်နေရပါတယ် တဲ့။ သူက တရားထိုင်လေ့ရှိတော့ ရောက်တဲ့ ဟိုတယ်တိုင်းမှာလဲ အချိန်ရသလောက် တရားထိုင်ပါ သတဲ့။ ဒါပေမဲ့ တချို့ဟိုတယ်တွေမှာ တရားထိုင်ရင်း နာနာဘာဝတွေ အာရုံထဲမှာ ထူးထူးဆန်းဆန်း ပေါ်လာတယ်လို့ ဆိုပါတယ်။ ဒီတော့ အဲသလို မသန့်တဲ့ နေရာမျိုးတွေမှာ တရားထိုင်ရင် ဖြစ်ပါသလား....လို့ မေးတာပါ။
သူက ဒီလို နေ့စဉ်ဘဝမှာ တရားထိုင်တဲ့အကြောင်း ပြောလို့ သူ့ရဲ့ လျှောက်လွှာ ဖေါင်ကို ဖတ်ကြည့်လိုက်တော့ Religion ဆိုတဲ့ နေရာမှာ Free Thinker လို့ ဖြည့်ထားပါတယ်။ ဒီတော့ သူဟာ ဘယ်ဘာသာမှ ကိုးကွယ်သူမဟုတ်၊ “လွတ်လပ်စွာ တွေးခေါ်မှုကို မြတ်နိုးသူ” လို့ ပြောရမှာပေါ့။ သူက ဘာသာမရှိပေမဲ့ တရားကို အခုလို နေ့စဉ်ဘဝမှာ ထိုင်တယ်ဆိုတော့ အတော်လေး လေးစား မိပါတယ်။ မိမိကိုယ်ကိုယ် ဗုဒ္ဓဘာသာ ဆိုင်းဘုတ်တပ်ထားသူတွေက တရားကို သူလို မထိုင်နိုင်ကြဘူး။
ဒါနဲ့ ဒီဒကာလေးကို အဲသလို နာနာဘာဝတွေ အာရုံထဲမှာ တွေ့ရင် မေတ္တာ ကမ္မဋ္ဌာန်းကို သေသေချာချာ အလေးအနက်ထားပြီး စတင်ပွားဖို့၊ ပြီးမှ ဝိပဿနာကို ပွားဖို့ ညွှန်ကြားလိုက်ပါတယ်။ ပြီးတော့ မေတ္တသုတ် ဖြစ်ပေါ်လာရပုံလေးကိုလဲ ရှင်းပြလိုက်ပါတယ်။
မေတ္တသုတ်ထဲက ရဟန်းတွေဟာ တစ္ဆေ သရဲတွေ ရှိတဲ့တောမှာ သွားပြီးတရားထိုင်တော့ မနေနိုင်အောင် ခြောက်လွှတ်လိုက်လို့ ဘုရားဆီကို ပြန်လာခဲ့ကြရတယ်။ အဲဒိ အခါမှာ ဘုရားက သူတို့ကို မေတ္တာပွားဖို့ သင်ပေးလိုက်တယ်။ ဒီတစ်ခေါက် တောထဲပြန်သွားတော့ တောအဝင်ဝက တယ်လို့ မေတ္တာတွေ ပို့သရင်း သွားကြပါတယ်။ ဒီတော့ တစ္ဆေ သူရဲတွေကလည်း ကြည်ကြည် ဖြူဖြူနဲ့ ခရီးဦးတွေပါ ကြိုဆိုကြပါတယ်။ အနှောက်အယှက်မရှိဘဲ တရားအားထုတ်နိုင်လို့ ဒီရဟန်းတွေ အားလုံး ဝါကျွတ်တော့ ရဟန္တာဖြစ်ကုန်ပါတယ်။
နောက်ပြီး နေရာမသင့်တော်လို့ တရားမရတဲ့ မေဃိယရဟန်း ဆိုတာ ရှိသေးတယ်။ သူက မြစ်ကမ်းဘေးက သာယာတဲ့ သရက်ဥယျာဉ်ကြီးတစ်ခုတွေ့လို့ အဲဒိ ဥယျာဉ်မှာ သွားပြီး တရားအားထုတ်ဖို့ ဘုရားဆီမှာ ခွင့်တောင်းပါတယ်။ ဘုရားက ကြည့်လိုက်တော့ အဲဒိ သရက်ဥယျာဉ်က သူ့အတွက် မကောင်းဘူး။ အနှောက်အယှက်တွေ ဖြစ်မယ်။ ဒါနဲ့ ဘုရားက မသွားဖို့ တားတယ်။ မရဘူး။
ပြီးတော့ သူက....
“အရှင်ဘုရားက ဘုရားဖြစ်ပြီးတော့ ကျင့်ကြံစရာ မလိုတော့ဘူး။ အားလုံးပြီးနေပြီ။ တပည့်တော်က ရဟန္တာမဖြစ်သေးဘူး။ ကျင့်ရအုံးမှာ။”
လို့ ပြန်ပြောတော့ ဘုရားလဲ မတားသာတော့ဘူး။ ကဲ့....မင်းသွားချင်လဲ သဘောဘဲ” ဆိုပြီး ခွင့်ပြုလိုက်ရတယ်။
မကြာပါဘူး။ အနှောက်အယှက်တွေ ဝင်လာပါတယ်။ တစ္ဆေ သူရဲတော့ ဟုတ်ပါ ဘူး။ ကာမဝိတက်တွေ ဝင်လာတာပါ။ နောက်တော့ စိတ်တွေ ပျံ့လွင့်ပြီး တရားကို လုံးဝ အားထုတ်မရလို့ ဘုရားဆီ ပြန်လာခဲ့ရတယ်။ သူကတော့ နေရာရွေး မှားတာပါ။
ဒါကြောင့် တရားရဖို့ဆိုရင် နေရာသန့်ဖို့လဲ လိုသလို၊ နေရာမှန်ဖို့လဲ အရေးကြီး ကြောင်း သတိထားစရာပါဗျာ.....။
Monday, May 23, 2016
Money Monster
2 thumbs up for Money Monster directed by Jodie Foster. 2 thumbs up by my friend & my review (not siskel and ebert 2 thumbs up :)
I guess treatment of the movie(ဘယ် သူ သေ သေ င တေ မာ ရင် ပြီး ရော ခေါင်း ဆောင် (chief) CEO မျိုး) is interestingly presented with the current world situation
Saturday, May 21, 2016
ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဗျာ ဖွား ပွင့် စံ လေတန်ကြုံတွေ့ ကဆုန်လပြည့် )
လယ်တီဆရာတော် ခုနစ်နေ့ ဘုရားရှိခိုး
ကြာသပတေး
သုံးလူ့ရှင်ပင် ၊ကျွန့်ထိပ်တင် ၊ သောင်းခွင်စကြာဝဠာ ၊ နတ်ဗြဟ္မာတို့ ၊ ညီညာရုံးစု ၊ တောင်းပန်မှုကြောင့် ၊ ရတုနဂို ၊ရွန်းရွန်းစိုသည်၊ ၀ါဆိုလပြည့် ၊ ကြွက်မင်းနေ့ဝယ် ၊ ချမ်းမြေ့ကြည်ဖြူ၊ နေတော်မူသည် ၊ နတ်လူငြိမ်းဖို့ကိန်းပါကို။
သောကြာ
သန္ဓေယူကာ ၊ဆယ်လကြာသော်၊ မဟာသက္ကရာဇ် ၊ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့် ၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ ၊ လုံမ္ဗိနီ၌၊ မဟီလှိုက်ဆူ ၊ဖွားတော်မူသည်၊ နတ်လူအောင်မြို့လမ်းပါကို။
တနင်္လာ
ဖွားမြင်မြောက်သော် ၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌ ၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလှစ် ၊ ဆယ့်သုံးနှစ်လျှင် ဘုန်းသစ်လျှံလူ ၊စံတော်မူ၍ ငယ်မူနုဖြိုး ၊နှစ်ဆယ့်ကိုးဝယ် လေးမျိုးနိမိတ် ၊နတ်ပြဟိတ်ေ ကြာင့် ရွှေစိတ်ငြင်ငြို၊ သံဝေပိုကာ ၀ါဆိုလပြည့် ၊ ကျားမင်းနေ့ဝယ် ချမ်းမြေ့ရဂုံ ၊ တောရိပ်လှုံသည် စုံမြိုင်ပင်ရိပ်ခန်းမှာကို။
ဗုဒ္ဓဟူး
တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ကျော်၍ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက ကဆုန်လပြည့် ၊ ဆင်မင်းနေ့ဝယ် မြေ့ ပရမေ ၊ပလ္လင်ဗွေ၌ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့် မငြီးကြည်ဖြူ ၊နေတော်မူလျှက် ရန်မြူခပင်း၊ အမိုက်သင်းကို အရှင်းပယ်ဖျောက်၊ အလင်းပေါက်က ထွန်းတောက်ဘုန်းတော် ၊ သောင်းလုံးကျော်သည် သုံးဘော်လူတို့ ငြိမ်းပါကို။
စနေ
ဘုရားဖြစ်ခါ ၊မိဂဒါသို့ စကြာရွှေဖွား၊ ဖြန့်ချီသွား၍ ငါးပါးဝဂ္ဂီ ၊ စုံအညီနှင့် မဟီတစ်သောင်း ၊တိုက်အပေါင်းမှ ခညောင်းကပ်လာ ၊နတ်ဗြဟ္မာအား ၀ါဆိုလပြည့် ၊ စနေနေ့ဝယ် ကြွေ့ ကြွေ့လျံတက် ၊ဓမ္မစက်ကို မိန့်မွက် ထွေပြား ၊ဟောဖော်ကြားသည် တရားနတ်စည် ရွမ်းတယ်ကို ။
အင်္ဂါ
တရားနတ်စည် ၊ဆော်ရွမ်းလည်ကာ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ် ကျွတ်ထိုက်သသူ ၊ နတ်လူဗြဟ္မာ သတ္တ၀ါကို ၊ခေမာသောင်သို့ ဖောင်ကူတို့ဖြင့်၊ ဆောင်ပို့ပြီးခါ ၀ါလေးဆယ့်ငါး ၊ သက်ကားရှစ်ဆယ် စုံပြည့်ကြွယ်က ၊ ရာလေးဆယ့်ရှစ် သက္ကရာဇ်ဝယ် နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ် ကုဿိန္နာရုံ ၊ အင်ကြင်းစုံ၌ ကဆုန်လပြည့် ၊ အင်္ဂါနေ့ဝယ် ချမ်းမြေ့ နိဗ္ဗူ ၊စံတော်မူသည် ၀ှမ်းဆူသောင်းလုံးကျော်တယ်ကို ။
တနင်္ဂနွေ
နိဗ္ဗူစံပြီ ၊ ရှုမအီသား သိင်္ဂီ ရွှေလှော်၊ အလောင်းတော်ကို ထိုရော်ကဆုန် ၊လဆုတ်ကြုံ၍ ဂဠုန်နေ့ဝယ် ၊ခိုးငွေ့မနှော ဓာတ်တေဇောလျှင် ၊ ရှင်စောဥာဏ်စက် ဓိဌာန်ချက်ဖြင့် ၊ လျှံတက်ကော်ရော် မီးပူဇော်သည် မွေတော်ရှစ်စိတ် ကြွင်းတယ်ကို ။
ထိုခုနစ်နေ့ သာချမ်းမြေ့ကို စွေ့စွေ့ကြည်ဖြူအာရုံယူလျှက် သုံးလူတို့နတ် မြတ်ထက် မြတ်သားရှင်တော်ဘုရားကိ ငါးပါးမှန်စွာ ၀န္ဒနာဖြင့် သဒ္ဒါဖြိုးဖြိုး ကျွန်ရှိခိုးသည် ကောင်းကျိုးခပ်သိမ်းကြွယ်စေသောဝ်။
ဆောင်= ဗျာ ဖွား ပွင့် စံ လေတန်ကြုံတွေ့ ကဆုန်ပြည့်။
သန္ဓေ တောထွက် ဓမ္မစက် ဟောမြွက် လဝါဆို။
မ သိ ကြ လျင် တွေးဆ အုံး မ= ကြာသပတေးနေ့(သန္ဓေယူနေ့) သိ= သောကြာနေ့(ဖွားနေ့) ကြ=ဗုဒ္ဓဟူး (တောထွက်နေ့) ကြွင်းသိလေ —
Thursday, May 19, 2016
ဗုဒ္ဓ လက်ထက် အရှင် လတ်လတ် မြေမျို ခံခဲ့ရသူ (၅) ဦး
မိလိန္ဒပဥှာ ပါဠိတော် (၁၀ဂ) တွင် ဂေါတမ ဘုရားရှင် သာသနာတော် အတွင်း၌ အရှင် လတ်လတ် မြေမျို ခံခဲ့ ရသူ ငါးဦး ရှိကြောင်း ဖော်ပြထား၏။ ထို ငါးဦးမှာ -
(၁) စိဉ္စမာဏ
(၂) သုပ္ပဗုဒ္ဓ
(၃) အရှင်ဒေဝဒတ်
(၄) နန္ဒက ဘီလူး
(၅) နန္ဒလုလင် တို့ပင် ဖြစ်သည်။
၁။ စိဉ္စမာဏ
----------------
စိဉ္စမာဏ သည် ဘုရား လက်ထက် တိတ္တိ ဆရာကြီးများ၏ စေခိုင်း မှုကြောင့် မြတ်စွာဘုရားရှင် အား အမျိုးမျိုး စွပ်စွဲ ခဲ့သူ ဖြစ်သည်။ စိဉ္စမာဏ သည် မြတ်ဗုဒ္ဓ အား လူ အများ အထင် လွဲမှားစေရန် ရည်ရွယ်၍ ညနေချမ်း လူများ မြင်ရချိန် တွင် ဘုရားကျောင်းတော် အတွင်း ဝင်သွားပြီး မနက်စောစော လူအများကျောင်း ကို လာချိန် တွင် ဘုရားကျောင်းတော် မှ ပြန်ထွက် လာဟန် ပြုမူနေထိုင် ခဲ့ပြီး အတော် အတန် ကြာသည့် အခါ ရဟန်းဂေါ တမနှင့် ကိုယ်ဝန် ရသည့် ပုံစံဖြင့် မိမိ ဝမ်းဗိုက်တွင် ပြင်ချပ် ချည်ကာ တရားဟောနေသည့် ဘုရားရှင်အား တရားနာ ပရိတ်သတ်ကြားတွင် စွပ်စွဲလေ၏။
မြတ်ဗုဒ္ဓ က မေတ္တာ တရားဖြင့်သာ နေတော် မူချိန် နတ်သားလေးယောက်တို့ က ကြွက်ယောင် ဖန်းဆင်းပြီး စိဉ္စမာဏ ၏ ကိုယ်ဝန် အတုကို ကိုက်ဖြတ်ကာ အမှန် ကို ဖော်ထုတ်ပေးခဲ့သည်။ ထိုအခါ မှသာ တရားနာ ပရိတ်သတ်များ လည်း အမြင် ရှင်းကာ ထို အမျိုးသမီးအား ရိုက်ပုတ်ပြီး ကျောင်းအပြင် သို့ နှင်ထုတ် လိုက် ကြလေ သည်။
စိဉ္စမာဏ သည် ဘုရားရှင် မျက်ကွယ်သို့ ရောက်သည့် ခဏ မှာပင် မြေမျို ခံခဲ့ရလေတော့သည်။ အဝီစိ ငရဲမှ မီးလျှံ များသည် စိဉ္စမာဏ အား ရစ်ပတ်၍ အဝီစိ ငရဲ သို့ ခေါ်ဆောင်သွားခဲ့လေသည်။
၂။ သုပ္ပဗုဒ္ဓ
-------------
သုပ္ပဗုဒ္ဓ သည် ဘုရားရှင် သိဒ္ဓတ္ထ မင်းသား ဘဝ က တော်စပ် ခဲ့ရသည့် ယောက္ခမ သကျသာကီဝင် မင်းမျိုးဖြစ် ၏။ ဒေဝဒတ်နှင့် ယသော်ဓရာ တို့၏ အဖေ၊ သိဒ္ဓတ္ထ မင်းသား ၏ ဦးရီးတော် လည်း ဖြစ်၏။ သုပ္ပဗုဒ္ဓ သည် တူတော် သိဒ္ဓတ္ထ မင်းသား ဘုရားအဖြစ် ကို ရောက်ပြီးနောက်ပိုင်း သမီးတော် ယသော်ဓရာ ကို ထားခဲ့သည့် အကြောင်း၊
သားတော် ဒေဝဒတ် ၏ ရန်သူ အရာ၌ တည်ခဲ့သည့် အကြောင်း၊ မိမိထက် ငယ်ရွယ်သူ တူတော်မောင် တစ်ယောက် အပေါ် ရိုသေလေးစားမှု မပြုလိုသည့် အကြောင်း စသည့် အကြောင်းများဖြင့် ဘုရားရှင်အပေါ် ရန်ငြိုး ထားသူ ဖြစ်သည်။
တစ်နေ့တွင် ဘုရားရှင် ကြွတော် မူရာ လမ်းကို ပိတ်ပင်တားဆီး၊ ဘုရားရှင် တို့၏ ခရီးလမ်း ကို နှောက် ယှက် ဖျက်ဆီးသည် ကို အကြောင်းပြု၍ ဘုရားရှင် က ဦးရိးတော် သည် ဤ အကုသိုလ်ကြောင့် (၇) ရက်လွန်သည့် အခါ ပြဿ ဒ်ခြေရင်း လှေခါးရင်း တွင် မြေမျို ခံရမည် ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။
ထို အကြောင်းကို သုပ္ပဗုဒ္ဓ ကြားသိသည့် အခါ မြတ်စွာဘုရား စကား မမှန်အောင်နေပြီး မုသာဝါဒဖြင့် စွပ်စွဲ မည်ဟု နှလုံးပိုက်ကာ ဘုံ (၇) ဆင့် ရှိသည့် ပြဿ ဒ်ထက်ဝယ် နေခဲ့လေ၏။ သို့သော် (၇) ရက်မြောက် သည့်နေ့ တွင် ရှင်ဘုရင် ၏ မင်္ဂလာ စီးတော်မြင်း ၏ မြည်ဟီးကာ သောင်းကျန်းနေသည် ကို အကြောင်းပြုပြီး စီးတော်မြင်း အား တားဆီးရန် သတိ လက်လွတ်ဖြင့် ပြဿ ဒ်ထက်မှ ဆင်းသက် မိရာက လှေကားခြေရင်း တွင် မြေမျို ကာ အဝီစိ ငရဲသို့ ကျရောက်ခဲ့ခြင်း ဖြစ်သည်။
ဘုရားရှင် တို့၏ စကားတော် သည် လွဲချော်ရိုး ထုံးစံ မရှိသည့်အလျောက် (၇) ရက်မြောက်လျင် မြေမျို ခံရမည့် သုပ္ပဗုဒ္ဓ္ပ သည်လည်း မဖြစ်မနေ အကြောင်း ဖန်ကာ မြေမျိုသေဆုံး ခဲ့ခြင်း ဖြစ်သည်။
၃။ အရှင် ဒေဝဒတ်
----------------------
ဒေဝဒတ် မြေမျိုခြင်း အကြောင်းကား အတော် များများ သိထားပြီး ဖြစ်၏။ မြတ်ဗုဒ္ဓ္ဓ၏ ယောက် ဖတော် လည်းဖြစ်၊ ညီအကိုတော်လည်း ဖြစ်သည့် ရှင်ဒေဝဒတ် သည် ရဟန်းအဖြစ် ကို ရရှိပြီးနောက် မိမိနောက် မှ ရောက် လာကြသည့် အရှင်သာရိ ပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန တို့ကို ဘုရားရှင်က အဂ္ဂသာဝက ရာထူးများ ပေးအပ်လိုက်ချိန်မှ စ၍ ဘုရားရှင် အပေါ် ရန်ငြိုးဖွဲ့မှုများ တိုးပွားလာခဲ့ခြင်း ဖြစ်သည်။
ဘုရားရှင် ကို အမျိုးမျိုး အတိုက်အခံပြု ဆန့်ကျင်ဘက်ပြုကာ ဘုရား ကို သွေးစိမ်း တည်အေငာ် လုပ်ခြင်း၊ ညီ ညွတ်နေသည့် သံဃာတော် များ ကွဲပြား သွားအောင် သံဃာ သင်းခွဲခြင်း စသည့် ပဉ္စာနန္တရိယကံ များ အထိ ကျူးလွန် မိခဲ့သည်။
မြတ်ဗုဒ္ဓနှင့် လမ်းခွဲကာ နောက်ပါ တပည့်များနှင့် နေပြီး မကြာခင်မှာ ရောဂါ စွဲကပ်လာခဲ့သည့် ရှင်ဒေဝဒတ် သည် မိမိ၏ အမှားများ အပေါ် နောင်တ တရား များ ဖြစ်ခဲ့လေ၏။
နောက်ဆုံး ဘဝနိဂုံး မချုပ်ခင် မြတ်စွာ ဘုရား အား ဖူးမြော် လိုကြောင်း တပည့် များအား တိုးလျိုးတောင်းပန် သဖြင့် တပည့်များ က ထမ်းစင်ဖြင့် ဘုရားရှင် ရှိရာ ဇေတဝန်ကျောင်းတော် သို့ ပို့ဆောင်စဉ် ကျောင်းဘေးနား ရှိ ရေကန်နား အရောက် တပည့် များက ထမ်းစင်ကို ချပြီး ရေကန်ဘက် အသွား တပည့်များ အလာကို မစောင့်နိုင်ဘဲ ဘုရားကျောင်းတော်ကို မိမိ ကိုယ်တိုင် အားပြုရုန်း ထလျက် ထမ်းစင်ပေါ်မှ အဆင်းမှာပင် မဟာ ပထဝီမြေကြီး ကွဲအက်ကာ အရှင် လတ်လတ် မြေမျို ခံခဲ့ရခြင်း ဖြစ်သည်။
၎။ နန္ဒက ဘီလူး
-------------------
နန္ဒက ဘီလူး သည် သူတော်ကောင်း ဓာတ်ခံ အလွန်နည်းပါး သည့် ဘီလူးဖြစ်သည်။ ထို့ကြောင့် သူတော်ကောင်း များ အပေါ်တွင် လည်း မနောကံ အပြင် ဝစီကံ၊ ကာယကံတွေနဲ့ များဖြင့် ကိုယ်ထိ လက်ရောက် ဆော်ကားလေ့ ရှိသည်။ တစ်ချို့စော်ကားမှု အပိုင်းများ သည် လက်တွေ့ပိုင်းမှာ အကျိုး သက်ရောက် မှု မရှိသော်လည်း ပညာရှိ သူတော်ကောင်း၊ သီလသမာဓိ ပညာ အားကောင်းသည့် အရိယာ သူတော်ကောင်းများ ကို စော်ကား မိပါက လက်တွေ့ ခံရသည်ကို နန္ဒက ဘီးလူး သဘောပေါက်သွားခဲ့သည်။
တစ်နေ့ "အရှင်သာရိပုတ္တရာ" မထေရ်မြတ်သည် ဂိဇ္ဈဂုတ်တောင် တွင် တရား အားထုတ်နေစဉ် နန္ဒက ဘီလူး ရောက်ရှိ လာပြီး တရားအားထုတ်၍ မရအောင် အမျိုးမျိုး နှောက်ယှက်လေသည်။ နောက်ဆုံး မထေရ်မြတ် ၏ ဦးခေါင်းတော် ကို ကိုယ်ထိ လက်ရောက် ရိုက်ပုတ်သည် အထိ စော်ကားနှောက်ယှက် ခဲ့သည်။
ထို အကုသိုလ် အကျိုးကြောင့် နန္ဒက ဘီလူးသည် မြေကြီး ကွဲအက်ကာ အဝီစိ ငရဲမှ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ ရသည်။ နန္ဒက ဘီလူး သည် လက်တွေ့ဘဝ တွင် သူတော်ကောင်း ကို စော်ကား မိသဖြင့် အရှင် လတ်လတ် မြေမျိုး ခဲ့ရလေသည်။
၅။ နန္ဒလုလင်
------------------
နန္ဒ လုလင်သည် ရဟန္တာ မထေရ်မ ကို စော်ကား မိသဖြင့် အရှင် လတ်လတ်မြေမျို ခံခဲ့ရသူဖြစ်သည်။ သူစော်ကား ခြင်း ခံရသူမှာ "ဥပ္ပလဝဏ် ထေရီမ" ဖြစ်သည်။ ဥပ္ပလ၀ဏ်ထေရီမ သည် "တန်ခိုးကြီးသော အရာ ၌ အမြတ်ဆုံး ဧတဒဂ်ဘွဲ့ရ ရဟန္တာထေရီမ" တစ်ဦး ဖြစ်ပေသည်။
ထေရီမ သည် တန်ခိုးကြီးသည် သာမက ဥပဓိ သမ္ပတ္တိနှင့် လည်း ပြည့်စုံ သဖြင့် ထေရီမဖြစ်သော်လည်း လူယောက်ျားများ ၏ စိတ်ဝင်စားမှု ကို ခံရသူဖြစ်သည်။ ထိုအထဲတွင် နန္ဒ လုလင်လည်း တစ်ဦးအပါ အဝင် ဖြစ် သည်။
တစ်နေ့သော် နန္ဒလုလင် သည် လူသူ ကင်းဆိတ်ချိန်တွင် ထေရီမ ၏ ကျောင်းသင်္ခမ်းသို့ ရောက်ရှိ လာပြီး ထေရီမ အား အဓမ္မပြုကျင့်လေသည်။ ရဟန္တာဖြစ်နေသည့် ထေရီမ အား စော်ကားမိ သဖြင့် ယင်း အကုသိုလ်ကံ အကျိုးကြောင့် နန္ဒလုလင် မှာ မြေကြီး ကွဲအက်၍ အရှင် လတ်လတ် မြေမျိုခြင်း ကို ခံခဲ့ရပြီး အဝီစိ ငရဲသို့ ကျရောက် သွားခဲ့လေသည်။
ဤကား ဒိဋ္ဌဓမ္မဝေဒနီယကံ ၏ အကျိုးဆက် အဖြစ် လက်ရှိ ဘဝမှာပင် သူတော်ကောင်း ကို စော်ကား မိသဖြင့် အရှင် လတ်လတ်မြေမျို ခံခဲ့ရသည့် ပုဂ္ဂိုလ် ငါးဦး အကြောင်း တစေ့ တစောင်းပင် ဖြစ်ပါသည်။
ဓမ္မစာပေ ပရိတ်သတ် တစ်ဦး ၏ တောင်းဆိုချက် ကို အကျဉ်းချုပ် ၍ ရေးသားဖော်ပြလိုက်ပါသည် ။
အများသူငါ ဗဟုသုတ တိုးစေရန်လည်း တစ်ဆင့်ပြန်လည် မျှဝေလိုက်ပါသည်။
မေတ္တာဖြင့်
- [မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)]
credit
Young Buddhist Association
ဗဟုသုတ ဟင်းပေါင်းအိုးကြီး
Tuesday, May 17, 2016
John Lennon's sons
Julian Lennon - Too Late for Goodbyes
Julian Lennon - Too Late for Goodbyes is not for galfriend :) Julian sang for his dad SEAN LENNON - You've Got To Hide Your Love Away
Julian Lennon - Too Late for Goodbyes is not for galfriend :) Julian sang for his dad SEAN LENNON - You've Got To Hide Your Love Away
THE NEW BEATLES?
Monday, May 16, 2016
Hurt by The Voice 2016 Bryan Bautista
emotional song sang with feeling. the singer made his mom & crowd to tear
Friday, April 29, 2016
ထမင်းဝိုင်းယဉ်ကျေးမှု (餐桌礼仪 )
ထမင်းဝိုင်းယဉ်ကျေးမှုနဲ့ပတ်သက်ပြီး သိတဲ့သူလည်းရှိသလို မသိသေးတဲ့သူတွေလည်း ရှိကောင်းရှိပါမယ်။ ကိုယ့်ရဲ့မထင်မှတ် သတိမထားတဲ့အချက်တွေကြောင့် သူတစ်ပါးတမျိုးထင်သွားနိုင်တယ်။
တရုတ်တွေက ထမင်းစားပွဲအ၀ိုင်းကိုပိုပြီးသဘောကျကြတယ်။ လူအများကြီးလည်းထိုင်နိုင်သလိုအားလုံးနဲ့လည်းမျက်နှာချင်းဆိုင်ဖြစ်နေတယ်။
ကိုယ်ကဧည့်သည်ဆိုရင် အိမ်ရှင်အခေါ်ကိုစောင့်ပြီးနေရာညွှန်ပြတာကိုစောင့်သင့်ပါတယ်။
ကိုယ်ကအိမ်ရှင်ဆိုရင် ဧည့်သည်ကို ဟင်းပွဲချတဲ့နေရာအနီးမှာ နေရာမချပေးသင့်ပါ။
တကယ့်အခမ်းအနားတွေမှာကျွေးတဲ့ စားပွဲတွေဆိုရင် ဟင်းပွဲတွေကတစ်ခါတည်းမချပါဘူး. တစ်မျိုးပြီးမှတစ်မျိုးချပါတယ်။ စားတဲ့အခါမှာ ပေးထားတဲ့ပန်းကန်ပြားပေါ်စားစရာတင်ပြီးမစားရပါ။ ပန်းကန်လုံးကိုသာ သုံးရပါတယ်။ စားတဲ့အခါမှာလည်း ဟင်းရည်သောက်တာကလွှဲရင် တူနဲ့ပဲစားကြပါတယ်။
တူကိုကိုင်ပြီးလည်း သူများကိုအချက်ပြတာဖြစ်ဖြစ် ညွှန်ပြတာဖြစ်ဖြစ်မလုပ်ရပါဘူး။ နောက်ပြီး ထမင်းပန်းကန်ထဲကို တူစိုက်မထည့်ရပါဘူး အမင်္ဂလာလို့ယူဆပါတယ်။
( အသုဘမှာ သေတဲ့သူအတွက်ထမင်းပွဲပြင်ပေးတဲ့အခါမှာ တူကိုအဲ့လိုထမင်းပန်းကန်ထဲစိုက်ထားလေ့ရှိပါတယ်)
တူနဲ့ကိုယ်ယူမယ့်ဟင်းပန်းကန်ထဲမှာမွှေနေတာလည်း မယဉ်ကျေးတဲ့အပြုအမူတစ်ခုပါ။
အခါးရည်(ရေနွေးကြမ်း)ငဲ့တဲ့အခါမှာ အကြမ်းအိုးနဲ့အနီးဆုံးလူက တာဝန်ယူကြပါတယ်။ ကြီးစဉ်ငယ်လိုက်ပေးပြီး နောက်ဆုံးမှ ကိုယ့်အတွက်ငဲ့ရပါတယ်။ ကိုယ့်ကို အကြမ်းခွက်ချပေးတဲ့အခါမှာ အချို့က လက်ညှိုးနဲ့စားပွဲတစ်ချက်ခပ်ဖွဖွခေါက်ပါတယ်။ ကိုယ့်ကိုငဲ့ပေးတဲ့သူကို ကျေးဇူးတင်ခြင်းနှင့်အရိုအသေပေးခြင်းဆိုတဲ့သဘော။
တံခါးနဲ့မျက်နှာခြင်းဆိုင်ကျတဲ့နေရာဖြစ်ဖြစ် အုတ်နံရံနဲ့ကပ်ရပ်မှာဖြစ်ဖြစ်အဓိကနေရာသတ်မှတ်ပြီးအများအားဖြင့် အိမ်ရှင်(ဒါမှမဟုတ်)ဧည့်ခံတဲ့သူကထိုင်ရပါတယ်။
အိမ်ရှင်ရဲ့ညာဘက်မှာ အဓိကဧည့်သည်ကိုနေရာချပေးပြီး ဘယ်ဘက်မှာဆိုရင်ဒုတိယအရေးပါတဲ့ဧည့်သည်ကိုနေရာပေးကြပါတယ်။
ကိုယ်ကဧည့်သည်ဆိုရင် စားပွဲထိုးတွေကိုဟိုမှာဒီမှာ ဟိုယူခိုင်းဒီယူခိုင်းမလုပ်သင့်ပါ။
အိမ်ရှင်အနေနဲ့ လက်နဲ့ဖဲ့စားမှပိုအဆင်ပြေတဲ့ ပုစွန်တွေ ဂဏန်းတွေ ၀က်နံရိုးတွေကို လျှော့မှာသင့်တယ်။
ဟင်းဝိုင်းလှည့်တဲ့အခါမှာ ညာဘက်ကထိုင်တဲ့အဓိကဧည့်သည်ကို အရင်ယူပါစေ။ စားပွဲကိုလှည့်တဲ့အခါမှာလည်း နာရီလက်တံအတိုင်းလှည့်(ညာဘက်)ရပါတယ်။ ပြောင်းပြန်မလှည့်ရပါ။
ကိုယ်ကဧည့်သည်ဆိုရင် အိမ်ရှင်အခေါ်ကိုစောင့်ပြီးနေရာညွှန်ပြတာကိုစောင့်သင့်ပါတယ်။
ကိုယ်ကအိမ်ရှင်ဆိုရင် ဧည့်သည်ကို ဟင်းပွဲချတဲ့နေရာအနီးမှာ နေရာမချပေးသင့်ပါ။
တကယ့်အခမ်းအနားတွေမှာကျွေးတဲ့ စားပွဲတွေဆိုရင် ဟင်းပွဲတွေကတစ်ခါတည်းမချပါဘူး. တစ်မျိုးပြီးမှတစ်မျိုးချပါတယ်။ စားတဲ့အခါမှာ ပေးထားတဲ့ပန်းကန်ပြားပေါ်စားစရာတင်ပြီးမစားရပါ။ ပန်းကန်လုံးကိုသာ သုံးရပါတယ်။ စားတဲ့အခါမှာလည်း ဟင်းရည်သောက်တာကလွှဲရင် တူနဲ့ပဲစားကြပါတယ်။
တူကိုကိုင်ပြီးလည်း သူများကိုအချက်ပြတာဖြစ်ဖြစ် ညွှန်ပြတာဖြစ်ဖြစ်မလုပ်ရပါဘူး။ နောက်ပြီး ထမင်းပန်းကန်ထဲကို တူစိုက်မထည့်ရပါဘူး အမင်္ဂလာလို့ယူဆပါတယ်။
( အသုဘမှာ သေတဲ့သူအတွက်ထမင်းပွဲပြင်ပေးတဲ့အခါမှာ တူကိုအဲ့လိုထမင်းပန်းကန်ထဲစိုက်ထားလေ့ရှိပါတယ်)
တူနဲ့ကိုယ်ယူမယ့်ဟင်းပန်းကန်ထဲမှာမွှေနေတာလည်း မယဉ်ကျေးတဲ့အပြုအမူတစ်ခုပါ။
အခါးရည်(ရေနွေးကြမ်း)ငဲ့တဲ့အခါမှာ အကြမ်းအိုးနဲ့အနီးဆုံးလူက တာဝန်ယူကြပါတယ်။ ကြီးစဉ်ငယ်လိုက်ပေးပြီး နောက်ဆုံးမှ ကိုယ့်အတွက်ငဲ့ရပါတယ်။ ကိုယ့်ကို အကြမ်းခွက်ချပေးတဲ့အခါမှာ အချို့က လက်ညှိုးနဲ့စားပွဲတစ်ချက်ခပ်ဖွဖွခေါက်ပါတယ်။ ကိုယ့်ကိုငဲ့ပေးတဲ့သူကို ကျေးဇူးတင်ခြင်းနှင့်အရိုအသေပေးခြင်းဆိုတဲ့သဘော။
တံခါးနဲ့မျက်နှာခြင်းဆိုင်ကျတဲ့နေရာဖြစ်ဖြစ် အုတ်နံရံနဲ့ကပ်ရပ်မှာဖြစ်ဖြစ်အဓိကနေရာသတ်မှတ်ပြီးအများအားဖြင့် အိမ်ရှင်(ဒါမှမဟုတ်)ဧည့်ခံတဲ့သူကထိုင်ရပါတယ်။
အိမ်ရှင်ရဲ့ညာဘက်မှာ အဓိကဧည့်သည်ကိုနေရာချပေးပြီး ဘယ်ဘက်မှာဆိုရင်ဒုတိယအရေးပါတဲ့ဧည့်သည်ကိုနေရာပေးကြပါတယ်။
ကိုယ်ကဧည့်သည်ဆိုရင် စားပွဲထိုးတွေကိုဟိုမှာဒီမှာ ဟိုယူခိုင်းဒီယူခိုင်းမလုပ်သင့်ပါ။
အိမ်ရှင်အနေနဲ့ လက်နဲ့ဖဲ့စားမှပိုအဆင်ပြေတဲ့ ပုစွန်တွေ ဂဏန်းတွေ ၀က်နံရိုးတွေကို လျှော့မှာသင့်တယ်။
ဟင်းဝိုင်းလှည့်တဲ့အခါမှာ ညာဘက်ကထိုင်တဲ့အဓိကဧည့်သည်ကို အရင်ယူပါစေ။ စားပွဲကိုလှည့်တဲ့အခါမှာလည်း နာရီလက်တံအတိုင်းလှည့်(ညာဘက်)ရပါတယ်။ ပြောင်းပြန်မလှည့်ရပါ။
Monday, April 25, 2016
Sunday, April 24, 2016
Subscribe to:
Posts (Atom)