Wednesday, November 18, 2015

ရန်သူမျိုးငါးပါး သနားတယ်

ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆွမ်းခံကြွတဲ့အခါ
မာန်နတ်က ရွာသူရွာသားတွေကို ပူးဝင်နှောင့်ယှက်ထားတဲ့အတွက် ဆွမ်းမရရှိခဲ့ဘူး
အဲဒါကို မိလိန္ဒမင်းကြီးက ရှင်နာဂသိန်ကိုမေးတယ်
ဘုရားရှင်ကို လှူမဲ့ဆွမ်းအတွက် မာန်နတ်နှောင့်
ယှက်လို့ ရသလားတဲ့
ရှင်နာဂသိန်က မင်းကြီး ဘုရားရှင်အတွက်ဆိုပြီး
မရည်စူးခင်မှာ ရွာသူရွာသားတွေကို နှောင့်ယှက်
ထားလို့  ဆွမ်းမရတာတဲ့ တကယ်လို့ များ
ဘုရားရှင်အတွက်ဆိုပြီးရည်စူးထားပြီးသားဆွမ်းကိုမှ မာန်နတ်ကနှောင့်ယှက်တာဆိုရင် အဲဒီမာန်
နတ်ဟာ ဦးခေါင်းရှစ်စိတ် ကွဲလိမ့်မယ်တဲ့
ပြောချင်တာက
မိတ်ဆွေတို့ ရှာသမျှ စည်းဇိမ်ဥစ္စာဟာ
ရန်သူမျိုးငါးပါးကြောင့် အချိန်မရွေး
ပျက်စီးနိုင်ပါတယ် အာမခံချက်မရှိပါဘူး
ဒါပေမဲ့
ငါရှာတာဟာ ဘုရားရှင်သာသနာတော်အတွက်
ဆိုပြီး ရှာဖွေကြည့်ကြစမ်ပါ ရှာလို့ ရတဲ့စည်းဇိမ်
ဥစ္စာကိုလည်း သာသနာတော်နဲ့ သာ ဝေစားမျှစား
လုပ်ကြည့်ကြစမ်းပါ အဲဒီစည်းဇိမ်ဥစ္စာတွေဟာ
ရန်သူမျိုးငါးပါးမပြောနဲ့  ရန်သူမျိုး ဆယ်ပါးရှိခဲ့ရင်
တောင် မပျက်စီးစေရပါဘူး စည်းဇိမ်ဥစ္စာပျက်စီး
ဖို့ အတွက် ဘာမှ ပူစရာမလိုတော့ပါဘူး
မယုံကြည်သူများ
စမ်းကြည့်ကြပါ
ဦးမြင့်ခိုင် စိတ်ပညာ မှ

No comments:

Post a Comment