Sunday, April 26, 2015

just for a laugh (marriage joke)

sharing a FB friend's post :)

အမေး ~ အသက်ရှည်ရှည် နေနိုင်ဖို့ နည်းလမ်းလေးများ ရှိလားဆရာ?
အဖြေ ~ အိမ်ထောင်ပြုလိုက်ပါ...
အမေး ~ အဲဒါက တကယ်အသက်ရှည်စေတယ်လား ဆရာ?
အဖြေ ~ အသက်တော့ မရှည်ပါဘူး။ အသက်ရှည်ရှည် နေချင်စိတ်တော့ထပ်ဖြစ်လာတော့မှာ မဟုတ်ဘူး။

အမေး ~ မင်္ဂလာပွဲမှာ စုံတွဲတွေ ဘာလို့ တစ်ယောက်လက်ကို တစ်ယောက် ကိုင်လေ့ရှိကြသလဲ။
အဖြေ ~ ဒါက ထုံးတမ်းအစဉ်အလာ တစ်ခုပါပဲ။ လက်ဝှေ့သမားတွေ မသတ်ပုတ်ခင်မှာ
လက်ဆွဲနှုတ်ဆက်ကြသလိုမျိုးပေါ့။

အမေး ~ မောင် ဒီနေ့က ခင်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နော်။ ဘာလုပ်ကြရင် ကောင်းမလဲဟင်?
အဖြေ ~ (၂)မိနစ်လောက် (၀မ်းနည်းခြင်း အထိန်းအမှတ်နဲ့) ငြိမ်သက်နေကြတာပေါ့ကွာ။

အမေး ~ “ချစ်လို့လက်ထပ်တာ” နဲ့ “မိဘတွေစီစဉ်မှုကြောင့် လက်ထပ်တာ”ကွာခြားပုံ
အဖြေ ~“ကိုယ့်ကိုကိုယ် သတ်သေတာ” နဲ့ “သူများအသတ်ခံရတာ”ဘယ်ဟာပိုကောင်းလဲလို့ မေးတာနဲ့ အလားသဏ္ဍာန် တူပါတယ်ဗျာ

No comments:

Post a Comment