Thursday, April 9, 2015

တိက္ခာရာမ သီလရှင် မိဘမဲ့ ကလေးများ ပညာရေးကျောင်း






















အဆိုပါကျောင်းတွင် ကချင်၊ ရှမ်း၊ ပလောင် တိုင်းရင်းသူ မိဘမဲ့ကလေး ကျောင်းအိပ်ကျောင်းစား (၁၃၀)ကျော် ရှိသည့်အနက် သီလရှင်ဆရာလေး (၁၀၀)ဦး ရှိပြီး ကျန် (၃၀)ဦးမှာ လူဝတ်များဖြစ်ကြပါသည်။

ပညာသင်ကြားမှုအနေဖြင့် ကျောင်းအိပ်ကျောင်းစားကလေးငယ် (၁၃၀)ဦး အပါအ၀င် အနီးအနားရှိ ဆင်းရဲချို့တဲ့ကလေးငယ်(၃၂၀)ဦး၊ စုစုပေါင်း ကလေးငယ်(၄၅၀)ကျော်ကို သူငယ်တန်းမှ ၁၀ တန်း အထိ အတန်းပညာများကို ဆရာ၊ ဆရာမ(၂၇)ဦးဖြင့် အခမဲ့ပညာများ သင်ကြား ပေးလျက်ရှိပါသည်။ အစိုးရမှ ဆရာ၊ ဆရာမ(၇)ဦးအတွက်သာ လစဉ်ထောက်ပံ့ပေးသော်လည်း ကျန်ရှိသည့် ဆရာ၊ ဆရာမ (၁၅)ဦးကို တစ်ဦးလျှင် တစ်လအတွက် (၆)သောင်းကျပ်စီကို ကျောင်းအစီအစဉ်ဖြင့် လစဉ်ထောက်ပံ့ပေးလျက်ရှိပြီး ဆရာ၊ ဆရာမ(၅)ဦးမှာ ပညာဒါနအဖြစ် အခမဲ့ပညာများကို လာရောက်သင်ကြား ပေးလျက်ရှိပါသည်။

အာဟာရဒါနကျွေးမွေးမှုအနေဖြင့် ကျောင်းအိပ်ကျောင်းစား(၁၃၀)ဦး၏ အာရုံဆွမ်းအတွက် ကျပ်(၇)သောင်း ကျော် ကုန်ကျပြီး နေ့လည်ဆွမ်းအတွက် ကျပ်(၁)သိန်းခွဲကျော် ကုန်ကျပြီး ညနေစာအတွက် အဆင်ပြေသလို စီစဉ်ပေးထားပါသည်။ အလှူရှင်များ လာရောက်လှူဒါန်းမှုအပေါ် မူတည်၍ အဆင်ပြေအောင် စီစဉ်ကျွေးမွေး ပေးကြောင်းလည်း သိရှိရပါသည်။

ကျောင်း၏ အဓိက လိုအပ်ချက်မှာ အိပ်ဆောင်နှင့် စာသင်ဆောင်ဖြစ်ပါသည်။ ယခုအခါ ကျောင်းဆောင်သစ် တစ်ခုကို တိုးချဲ့တည်ဆောက်လျက်ရှိပါသည်။ သီလရှင်ဝတ်စုံများ၊ နေ့စဉ်စားသောက်စရိတ်များ၊ ဆရာ၊ ဆရာမ လစဉ်ထောက်ပံ့ကြေးများ၊ စာရေးကိရိယာများလည်း လိုအပ်လျက်ရှိနေပါသည်။

သို့ဖြစ်ပါ၍ မွေးနေ့အလှူရှင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာရှင် မိဘပြည်သူများအနေဖြင့် အဆိုပါကျောင်းသို့ ဆက်သွယ်စုံစမ်း လှူဒါန်းလိုပါက

သီလရှင်ဆရာကြီး ဒေါ်တိက္ခဥာဏီ
ဖုန်း - 09 730 100 57 // 09 430 430 56
သို့  တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

No comments:

Post a Comment