Sunday, April 19, 2015

ပရိနိဗ္ဗာန် နှင့် ဥပါဒါန်


သံယုတ်ပါဠိတော်မှာ သိကြားမင်းက မြတ်စွာဘုရားကို လျှောက်ထားတာ ရှိပါတယ်။ " လောကမှာ တစ်ချို့ ပုဂ္ဂိုလ်များဟာ ပရိနိဗ္ဗာန် ပြုကြတယ်။ တစ်ချို့ ကျတော့ ပရိနိဗ္ဗာန် မပြုကြဘူး၊ အဲဒါဘာကြောင့် ပါလဲဘုရား " လို့  လျှောက်ထားပါတယ်။

ဒီအခါမှာ မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ် ကိုပဲ တိုတိုဟောပါတယ်။ " ဥပါဒါန် မရှိတဲ့ ပုဂ္ဂိုလ် သေရင် ပရိနိဗ္ဗာန်ပြုတယ်၊ ဥပါဒါန် ရှိတဲ့ ပုဂ္ဂိုလ်သေရင် ပရိနိဗ္ဗာန် မပြုပါ " လို့  ဖြေကြားပါတယ်။

ဒါဟာ ဘာနဲ့ သွားပြီး တူညီနေသလဲဆိုတော့ အရှနင်ာဂသိန် နဲ မိလိန္ဒ မင်းကြီးတို့ ရဲ့ မေးဖြေခန်းမှာ အရှနင်ာဂသိန်က ပြန်ပြီးဖြေတာနဲ့  တူညီနေပါတယ်။

မိလိန္ဒမင်းကြီးက " အရှဘင်ုရား၊ ရဟန္တာဖြစ်ပြီး ပြီလား၊ မဖြစ်သေးဘူးလား " လို့ ဒီလိုတိုရကိုက် မေမးပဲနဲ့  " အရှဘင်ုရား ပျံလွန်တော်မူရင် ပရိနိဗ္ဗာန် ပြုမှာလား၊ မပြုဘူးလား " လို မေးပါတယ်။ ဒီအခါ အရှနင်ာဂသိန်က မိလိန္ဒမင်းကြီးရဲ့ အေမးကို တိုရကိုက်ေမဖြပဲ " မင်းကြီး ဥပါဒ်ါရနှိသေးရင် ပရိနိဗ္ဗာန်မပြုပါ၊ ဥပါဒါန်မရှိရင်တော့ ပရိနိဗ္ဗာန် ပြုမှာပါပဲ " လို့  ဖြေလိုက်ပါတယ်။ အဲဒီလိုဖြေလိုက်တော့မှ မိလိန္ဒမင်းကြီးဟာ " အရှနင်ာဂသိန် ရဟန္တာ " ဆိုတာ သိသွားပါတယ်။

သံယုတ်ပါဠိတော်မှာ ပဋိစ္စသမုပ္ပါဒ် နည်းနဲ့  တရားအားထုတ်ပုံကို မြတ်စွာဘုရား ဟောတဲ့အခါ တစ်ခါတစ်လေ ဖဿကစပြီး ဟောပါတယ်။ တစ်ခါတစ်လေ ဝေဒနာကစပြီး ဟောပါတယ်။ တစ်ခါတစ်လေဥပါဒါန်ကလဲစပြီး ဟောပါတယ်။တစ်ခါတ စ်လေမှာတော့တဏှာကစပြီးလည်း ဟောပါတယ်။တစ်ခါတ စ်လေအထက်ကိုဆန်တက်ပြီး ဟောပါတယ်။တစ်ခါတစ်လေမှာ အောက်ကိုစုန်ပြီး ဟောတာလည်းရှိပါတယ်။

ဒါကြောင့် ပဋိစ္စသမုပ္ပါဒ် ဒေသနာမှာ ဘယ်ကစတယ်၊ ဘယ်ဟာအလယ်၊ ဘယ်မှာဆုံးတယ် လို့  ပြောလို့ မရပါ။ ဘယ်တရားကပဲ စစ၊ ပဋိစ္စသမုပ္ပါဒ် ဆိုတာ အစမရှိပဲ ပတ်ချာလည်နေရ မှာပါ။ အ၀ိဇ္ဇာတစ်ခု သတ်မိရလင်ည်း အကုန်ချုပ်ငြိမ်း သွားပါတယ်။ တဏှာတစ်ခု သတ်မိရလင်ည်း အကုန်ချုပ်ငြိမ်းသွားပါတယ်။

သဒ္ဓမ္မဇောတိက ပဋိစ္စသမုပ္ပါဒ် စာအုပ် မှ ကူးယူဖေါ်ပြပါသည်။ (from နန်းရှေ့သားblog)

No comments:

Post a Comment