မဟုတ်မမှန်၊ ဖောက်ပြန်မှားယွင်းခြင်းကို ဆိုသည်။
ဖောက်ပြန်ခြင်း သုံးပါးရှိ၏၊
၁။ သညာ၏ ဖောက်ပြန်ခြင်း တပါး
၂။ စိတ်၏ ဖောက်ပြန်ခြင်း တပါး
၃။ ဒိဋ္ဌိ၏ ဖောက်ပြန်ခြင်း တပါး
(၁-အမှတ်မှားခြင်း၊ ၂-အသိမှားခြင်း၊ ၃-အမြင်မှားခြင်း ဟူလို)
သညာ၏ ဖောက်ပြန်ခြင်း လေးပါး ရှိ၏။
၁။ အနိစ္စ၌ နိစ္စဟူ၍ အမှတ်မှားခြင်း တပါး
၂။ ဒုက္ခ၌ သုခဟူ၍ အမှတ်မှားခြင်း တပါး
၃။ အနတ္တ၌ အတ္တဟူ၍ အမှတ်မှားခြင်း တပါး
၎။ အသုဘ၌ သုဘဟူ၍ အမှတ်မှားခြင်း တပါး
စိတ်ဖောက်ပြန်ခြင်းလည်း လေးပါး ရှိ၏။
၁။ အနိစ္စ၌ နိစ္စဟူ၍ အသိမှားခြင်း တပါး
၂။ ဒုက္ခ၌ သုခဟူ၍ အသိမှားခြင်း တပါး
၃။ အနတ္တ၌ အတ္တဟူ၍ အသိမှားခြင်း တပါး
၎။ အသုဘ၌ သုဘဟူ၍ အသိမှားခြင်း တပါး
ဒိဋ္ဌိ၏ ဖောက်ပြန်ခြင်းလည်း လေးပါး ရှိ၏။
၁။ အနိစ္စ၌ နိစ္စဟူ၍ အမြင်မှားခြင်း တပါး
၂။ ဒုက္ခ၌ သုခဟူ၍ အမြင်မှားခြင်း တပါး
၃။ အနတ္တ၌ အတ္တဟူ၍ အမြင်မှားခြင်း တပါး
၎။ အသုဘ၌ သုဘဟူ၍ အမြင်မှားခြင်း တပါး
(ဤကား ဝိပလ္လာသာ ၁၂-ပါး သရုပ်တည်း)
( တရားဟောသူ တရားနာသူ )
ဓမ္မကထိက ပုဂ္ဂိုလ်သည် မြင့်သော ညီမျှသော ညောင်စောင်း၊
အင်းပျဉ်၊ တရားဟောပလ္လင်၊ ကုတင်၊ ကုလားထိုင်၊ ခုံတန်းရှည်
စသည်တို့၌ ထိုင်နေ၍ တရားဟောလျှင် နိမ်ကျသော ညီမျှသော
ကုလားထိုင်၊ ခုံတန်းရှည်၊ စသည်တို့မှာ ထိုင်နေ၍ တရားနာကြ
လျှင် မရိုသေမှုအတွက် ဝိနည်းတော်နှင့် ဆန့်ကျင်သော အပြစ်
မရှိဟူ၍ သိအပ်၏။
ဓမ္မကထိက တရာဟောပုဂ္ဂိုလ်တို့ ဟောရာတွင် ဥဒ္ဒိဿနည်းအားဖြင့် ဟောလျှင် ဟောသောပုဂ္ဂိုလ်နှင့် နာသော
ပုဂ္ဂိုလ် နှစ်ပါးအပေါ်မှာသာ ဂါရဝအဖြစ်၊ အာပတ္တိအဖြစ်ကို ဆုံး
ဖြတ်အပ်၏။
ရည်ရွယ်၍ မဟောအပ်သော သူများနှင့်မဆိုင်၊ တယောက်ကို
ရည်စူး၍ ဟောနေလျှင် မရည်စူးသော ပုဂ္ဂိုလ်တို့က ဘယ်နေရာ
ကပင်နေ၍ နာသော်လည်း အပြစ်မရှိ၊ ထိုမရည်စူးအပ်သော သူ
တို့က မသင့်သောနေရာ၌ နေ၍နာမှုကြောင့် ဓမ္မကထိကပုဂ္ဂိုလ်
မှာလည်း အာပတ်မသင့်၊
အနုဒ္ဒိဿ နည်းအားဖြင့် ရှေ့၌ရောက်လာသမျှတွေကို သိမ်းရုံး၍
ဟောကြားလျှင် တရားနာပုဂ္ဂိုလ်အတွက် မရိုသေမှု၊ ဓမ္မကထိက
အတွက် အာပတ်သင့်မှုများသည် ပရိသတ် တစုလုံးနှင့် ဆိုင်၍
နေ၏။
( အဘိညာ ပရိညာ )
၁။ အဘိညာ ဆိုသည်ကား သိရိုးသိစဉ်ထက် အထူးအချွန် လွန်
၍ သိခြင်း။
၂။ ပရိညာ ဆိုသည်ကား သိထိုက်သော အထွေအပြားတို့ကို
အသီးသီး ခြားနား၍ သိခြင်း။
ထိုနှစ်ပါးတို့တွင် အဘိညာ၌ သိရိုးသိစဉ် ဆိုသည်ကား----
ခပ်သိမ်းသော ပုထုဇဉ်သတ္တဝါတို့၏ သိရိုးသိစဉ်ပေတည်း၊ ဝိပလ္လာ
သတရားတို့၏ သိခြင်းပေတည်း၊ ထိုသိရိုးသိစဉ်ထက် အထူးအချွန်
လွန်၍သိခြင်းဆိုသည်ကား ပုဂ္ဂိုလ်ဟူ၍ မရှိ၊ သတ္တဝါဟူ၍ မရှိ၊ အတ္တ
ဟူ၍ မရှိ၊ ဇီဝဟူ၍ မရှိ၊ ရုပ်တရား နာမ်တရားသည်သာ ရှိ၏၊ ထိုရုပ်
တရား နာမ်တရားသည်လည်း ပုဂ္ဂိုလ် မဟုတ်၊ သတ္တဝါ မဟုတ်၊
အတ္တ မဟုတ်၊ ဇီဝ မဟုတ်ဟု သိခြင်းသည် သိရိုးသိစဉ်ထက် အ
ထူးအချွန် လွန်၍သိခြင်း မည်၏။ ဤကဲ့သို့ သိခြင်းကို အဘိညာ
ဆိုသည်။
ပရိညာ၌ သိထိုက်သော အထွေအပြားတို့ကို ခြားနား၍ သိခြင်း
ဆိုသည်ကား---
ထိုရုပ်တရား နာမ်တရားတို့ကို ဤကား ပထဝီ၊ ဤကား အာပေါ၊
ဤကား စိတ်၊ ဤကား ဖဿ-စသည်ဖြင့် ခြားနား၍ သိခြင်း ဉာတ
ပရိညာ တပါး။
၎င်းတို့၏ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘော တို့ကို
ပိုင်းပိုင်းခြားခြား သိမြင်ခြင်း တိရဏပရိညာ တပါး။
အနိစ္စ ဒုက္ခ အနတ္တ သဘောတို့ကို ထင်မြင်သဖြင့် နိစ္စ သုခ
အတ္တ အနေနှင့် စွဲလမ်းရင်းရှိသော ကိလေသာတို့ကို ပယ်ခွာ
စေနိုင်ခြင်း ပဟာနပရိညာ တပါး။
ဤပရိညာ သုံးပါးတို့ကို ဆိုသည်။
ဤအဘိညာဉာဏ် ပရိညာဉာဏ်တို့ကို ပေါက်ရောက်နိုင်သော
သူသည် မိမိသန္တာန်၌ ဝိပလ္လာသတရားတို့၏ သိမြင်ချက်တို့ကို
သိမြင်သလိုမဟုတ်၊ အသိမှား၊ အမြင်မှား ဖြစ်သည်ဟု မိမိဉာဏ်
ဖြင့် ငြင်းဆန်ပယ်ဖျက်နိုင်၏။
(လယ်တီဆရာတော်ဘုရားကြီး )
No comments:
Post a Comment