Thursday, August 28, 2014

ဆရာတော်အရှင်နန္ဒမာလာနှင့် သီလရှင်နှမတော် ဒေါ်ကဉ္စနာ

မြန်မာပြည် သာသနာမှာ ခြောက်ပါးညီနောင် ကျောင်းဆိုတာ ရှိတယ်... မွေးချင်းညီနောင် ၆ ယောက် သာသနာ့ဘောင်ဝင် ရှင်ရဟန်း ပြုကြပြီး သီတင်းသုံးကြတဲ့ ကျောင်းတိုက်ပေါ့... မဟာသုဗောဓါရုံလို့ ခေါ်တယ်မှတ်တယ်...

ရဟန်းညီနောင် ခြောက်ပါးစလုံးဟာ သာသနာ့ဓဇ ဓမ္မာစရိယဘွဲ့ အနည်းဆုံး ရရှိကြသူတွေ ဖြစ်တယ်ဆိုရင်ပဲ အတော်ကြည်ညိုစရာ ဖြစ်နေပါပြီ... ဒီလို သာသနာ့ အာဇာနည်တွေကို မွေးထုတ်ပေးခဲ့တဲ့ မိဘတွေကလဲ ဘယ်လောက်တောင် မြင့်မြတ်ဂုဏ်တက် ကြလေမလဲ...

မွေးချင်း ၁၂ ယောက်မှာ သား ၆ယောက် သာသနာ့ဘောင် ဝင်သွားပြီးနောက်ပိုင်း အမိအဘတွေကလဲ ရဟန်းပြု သီလရှင် ဝတ်လိုက်ကြတယ်... မွေးချင်းထဲမယ် အငယ်ဆုံး မိန်းကလေးကလဲ သီလရှင် လိုက်ဝတ်တယ်... ခမည်းတော်နဲ့ နောင်တော်တွေ အပါအဝင် သံဃာတွေကို ဆွမ်းလုပ်ကျွေးတယ်... ဒီလိုမိသားစု ဘယ်လိုရှာ ရှာလို့တွေ့ပါ့မလဲ...

အဲ့ဒိ ညီနောင်တွေထဲက မွေးချင်း ၁၁ ယောက်မြောက်... ဆရာတော်ဟာ အရှင်နန္ဒမာလာလို့ ခေါ်ပါတယ်... အများသိကြတဲ့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော်ပေါ့...

ပုံကတော့ ဆရာတော်ကြီးနဲ့ နှမတော် ဒေါ်ကဉ္စနာပါ...
(Photo Credit: Dhammadownload Web Master)


  

No comments:

Post a Comment