Friday, April 4, 2014

“န စ သော၊ န စ အညော” = “သူလည်း မဟုတ်၊ တခြားသူလည်း မဟုတ်”

မရဏုပ္ပတ္တိ – သေခြင်းဖြစ်ပုံ

ဘဝအကူး
‘ပဲ့တင်’ ‘ဆီမီး’၊ ‘တံဆိပ်နည်း’၊ သိပ်သည်း မှတ်ကြလေ။
ဘဝဟောင်းနှင့် ဘဝသစ် ဆက်စပ်ရာတွင် ဘဝဟောင်းက ဘာတစ်ခုမှ ဘဝသစ်သို့ ပါသွားသည် မဟုတ်။
ဘဝသစ်မှာ ဖြစ်သော ရုပ်နာမ်သည် ဘဝဟောင်း၌ ဖြစ်သော ရုပ်နာမ် (သို့မဟုတ်) ကံနှင့် မဆက်စပ်သည်လည်း မဟုတ်၊ သီးခြားလည်း မဟုတ်။

ကျမ်းဂန်များ၌ “န စ သော၊ န စ အညော” = “သူလည်း မဟုတ်၊ တခြားသူလည်း မဟုတ်” ဟု သုံး၏။
တစ်နည်းအားဖြင့် မျိုးစေ့နှင့် အသီး အဖြစ်လည်း နှိုင်းယှဉ် ပြောနိုင်၏။
မျိုးစေ့ကို စိုက်ပျိုး၊ အပင်ပေါက်၊ အပင်ကြီးဖြစ်၊ အသီးသီးရာ အသီးသည် မျိုးစေ့မဟုတ်။ ထိုမျိုးစေ့မှတပါး တခြားမျိုးစေ့၏ အသီးလည်း မဟုတ်ဟု ကျမ်းဂန်များ၌ ရှင်းပြထား၏။


ဗုဒ္ဓဘာသာတွင် လက်ခံထားသော သေခြင်း (၄)မျိုး ရှိ၏။

(၁) အသက်တမ်းကုန်၍ သေခြင်း။
(၂) ကံစွမ်းကုန်၍ သေခြင်း။
(၃) အသက်တမ်း၊ ကံစွမ်း နှစ်ပါးကုန်၍ သေခြင်း။
(၄) ဥပစ္ဆေဒကကံဖြင့် သေခြင်း။

(from http://lokachantha.blogspot.com/2010/06/blog-post_10.html
http://lokachantha.mahasiusa.org/?p=1008)

No comments:

Post a Comment