Saturday, June 22, 2013

ပုဂံဘုရားစေတီပေါင်း ၄ထောင်ကျော်

“လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း” ဆိုတဲ့ ဆိုရိုးစကားကို ဗမာလူမျိုး တိုင်းကြားဖူးကြပါတယ်။ 
အဲဒီ စကားအရဆိုရင် ပုဂံမှာ ဘုရားပုထိုးပေါင်း ၄သန်းကျော် ရှိရပါလိမ့်မယ်။ ဒါပေမဲ့ ရှေးဟောင်း သူတေသနဌာန အဆိုအရကတော့ “လှည်းဝင်ရိုးသံ” ဆိုတဲ့ စကား၎လုံးကိုသာ ယူပြီး “တညံညံ”ကို ကာရန်သင့်အောင် ထည့်ထားတဲ့ အပိုစကားအနေနဲ့ ယူတယ်။ “လှည်းဝင်ရိုးသံ”ကို ဂဏန်းချကြည့်လိုက်တော့ ၄၄၄၆ ရပါတယ်။ ဘုရားပုထိုးပေါင်း ၄ထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။ အခုရှေးဟောင်းသုတေသနဌာနက လက်ရှိစာရင်းအရ ဘုရားပေါင်း ၂၂၁၇ ဆူရှိပါတယ်။ ဒါကြောင့် ၄ထောင်ကျော်ထဲက တ၀က်လောက်ပျက်စီးပြိုကျ ကုန်တယ်လို့ ယူဆရင် အခု လက်ရှိ၂ထောင်ကျော်နဲ့ ကိုက်ညီပြီး ယုတ္တိရှိပါတယ်။ အင်းဝခေတ်က သံပေါက်တခုမှာလဲ “၀င်းဝင်းထိန်လျှံ ပုဂံဘုရားပေါင်း” ဆိုပြီး မှတ်သားခဲ့ကြပါတယ်။ အဲဒီ သံပေါက်အရ ဆိုရင်လဲ ဘုရားပေါင်း ၄၄၇၄ ဖြစ်လို့ ပထမ သံပေါက် နဲ့ ကိုက်ညီပါတယ်။ 
ဒါကြောင့်ပုဂံမှာ ဘုရားစေတီပေါင်း ၄ထောင်ကျော် ရှိခဲ့တယ်လို့ ယူရင် အသင့်တော်ဆုံးပါဘဲ။
quoted from http://www.kaungkin.com/index.php?option=com_content&view=article&id=52:2009-04-17-18-26-35&catid=35:2009-04-17-01-29-53&Itemid=61


No comments:

Post a Comment