Tuesday, June 11, 2013

ဗုဒ္ဓ ၄-မျိုး

ဗုဒ္ဓ ၄-မျိုး

အဆုံးအမပေးနိုင်ကြသော ဗုဒ္ဓအမည်ရသည့် ဘုရားတို့သည် ၄-မျိုးရှိသည်ဟု အင်္ဂုတ္တိုရ်အဋ္ဌကထာ၌ ဖော်ပြထားပေသည်။(အံ-ဋ္ဌ ၁-၈၉)
၁။ သုတဗုဒ္ဓ-ပိဋကတ်ကျမ်းဂန်တို့၌ ဗဟုသုတရှိသည့် ရဟန်း-ဟူသော ဘုရား။
၂။ စတုသစ္စဗုဒ္ဓ-သစ္စာလေးပါးကို သိသော ရဟန္တာ-ဟူသော ဘုရား။
၃။ ပစ္စေကဗုဒ္ဓ-သီးခြားကိုယ်တိုင် သစ္စာလေးပါးကိုသိသော ဘုရား။
၎။ သဗ္ဗညုဗုဒ္ဓ-သစ္စာလေးပါးကို ကိုယ်တိုင်လည်းသိ၍ သူတပါးတို့ကိုလည်း သိစေသော ဘုရား-ဟူ၍ ဗုဒ္ဓအမည်ရသည့် ဘုရား ၄-မျိုးရှိသည်ဟု ဖော်ပြထားပေသည်။
Read more at : http://www.mawluu.com/2009/10/blog-post_14.html

No comments:

Post a Comment