this page is also a special post for a very special friend who I called her 'ah ma' died of pancreatic cancer. This one page was given to me from her, I would like to share with all. Unfortunately,the sheet has author name without the book title. If the above page is not clear, please try this page.
တရားဦး ဓမ္မစက်၏ အနှစ်သာရသည် - (၁) ရှောင်ရှားရန် အစွန်းနှစ်ဘက်၊ (၂) လိုက်နာရန် အလယ်လမ်းနှင့် (၃) ထိုးထွင်းသိမြင်ရန် သစ္စာလေးပါး တို့ပင်ဖြစ်သည်။
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:62727
ဘုရားဖြစ်တော်မူ၍ တရားဦးဟောထိုက်သူများကို ရှုစားတော်မူသောအခါ ထိုရသေ့ ငါးဦး၏ ရင့်သန်သောဥာဏ် ကို မြင်တော်မူရကား ဗောဓိပင်မှ တစ်ဆယ့်ယူဇနာ ဝေးကွာသော ဣသိပတန မိဂဒါဝုန်တော်သို့ ကြွတော်မူပြီးလျှင် ၀ါဆိုလပြည့်နေ့ နေမ၀င်မီ အချိန်တွင် ထိုပဉ္စ၀ဂ္ဂီ ရသေ့ငါးဦးအား ဓမ္မစကြာ တရားဦးကို ဟောတော်မူလေရာ တစ်ဆယ့်ရှစ်ကုဋေသော နတ်ဗြဟ္မာတို့နှင့်အတူ အရှင်ကောဏ္ဍည သောတပန်တည်လေသည်။
တရားဦးဟောရန် ကြွချီတော်မူခြင်း
အာဠာရရသေ့၊ ဥဒကရသေ့ တို့အတွက် စိတ်အကြံတွေ ဖြစ်ပြီးနောက်မှာ..မြတ်ဗုဒ္ဓသည် တရားဦးဟောရန် တရားနာပရိသတ်အတွက် ရှေ့တဆင့်တက် ဆင်ခြင်စဉ်းစားလေတော့သည်။ အဘယ်သူသည် တရားဦးနှင့် ထိုက်မည်နည်း။ ပဉ္စ၀ဂ္ဂီ (၅)ပါး ပဲ ဖြစ်၏။ ပဉ္စ၀ဂ္ဂီ တို့မှာ.. 1. ၀ပ္ပ 2. ဘဒ္ဒိယ 3. မဟာနာမ် 4. အဿဇိ 5. ကောဏ္ဍည ..တို့ ဖြစ်ကြသည်။ ထိုသူတို့မှာ အခြားမဟုတ်။ မြတ်ဗုဒ္ဓအလောင်းတော် ပဓာနအကျင့် အားထုတ်ခဲ့စဉ်ကာလက..ရေပူ ရေချမ်း ကမ်းလမ်းပြုစုခဲ့ပေးသော၊ ၀တ်ကြီး/၀တ်ငယ်ပြုစုခဲ့ပေးသောသူများ ဖြစ်၏။ ပဓာနအကျင့် ဆိုသည်မှာ ဒုက္ကရစရိယာအကျင့်ကို ခေါ်ဆို၏။ ထိုသူတို့၌ ကျေးဇူးရှိ၏။ မြတ်ဗုဒ္ဓအလောင်းတော်အား ပြုစုပေးခဲ့သော ကျေးဇူးပေတည်း။ မြတ်ဗုဒ္ဓသည် ကျေးဇူးကို သိတတ်ရာ၌လည်း အနှိုင်းမဲ့ဖြစ်၏။ မြတ်ဗုဒ္ဓအလောင်းတော်သည် (၆)နှစ်တိုင်အောင် ထို ဒုက္ကရစရိယာအကျင့်ကို ကျင့်ခဲ့၏။ ထိုအကျင့်သည် အတ္တကိလမထ အကျင့် တွင် အကျုံးဝင်၏။ အစွန်းရောက် အကျင့်ဖြစ်၏။ ထိုသို့ အစွန်းရောက်မှန်းကိုလည်း မြတ်ဗုဒ္ဓက..တရားဦး၌ ပြန်လည်ဟောပြလို့သာ သိရ၏။ တကယ်တော့ ထိုအချိန်က..ခေတ်စားသော အကျင့်ဖြစ်၏။ မြတ်ဗုဒ္ဓသည် ထိုအကျင့်ကို အစွန်းကုန် အားထုတ်ခဲ့ဖူး၏။ လွန်စွာ ပင်ပန်းဆင်းရဲစေသော အကျင့်ဖြစ်၏။ ထိုစဉ်က ပဉ္စ၀ဂ္ဂီ (၅)ပါးတို့သည်လည်း အမျှော်လင့်ကြီး မျှော်လင့်ကြပြီး မြတ်ဗုဒ္ဓအနားမှာပင် ပြုစုလျက် ရှိနေခဲ့ကြ၏။ ပင်ပန်းကြီးစွာ ကျင့်ရတိုင်း ဘုရားဖြစ်လျင် ငါသည် ဘုရားဖြစ်ထိုက်ပြီ..ငါ့ထက်လည်း အဘယ်သူမှ အပင်ပန်းခံ ကျင့်နိုင်ကြလိမ့်မည်မဟုတ် ခန္ဓာကိုယ်ကို ပြန်လည် မျှတအောင် အစာအဟာရ မှီဝဲပြီး တရားအားထုတ်လျင် ကောင်းပေစွ ဟု စိတ်အကြံပေါ်ပြီးသကာလ.. လုံးဝအစာမစားပဲ နေရာမှ ပြန်လည် စားသုံးခဲ့၏။ စားသုံးရသည် ဆိုသည်မှာလည်း ကုလားပဲ စွပ်ပြုပ်ရည်ကလေး၊ မပဲ စွပ်ပြုပ်ကလေး၊ (သို့) ပဲနောက် စွပ်ပြုပ်ရည်လေးမျှပင် ဖြစ်၏။ ထိုသို့ ပြန်လည် စားသုံးခြင်းအပေါ် ပဉ္စ၀ဂ္ဂီတို့သည် အထင်လွဲပြီး လက်လျော့သွားကြ၏။ ရဟန်းကြီး ဂေါတမတော့ ပဓာနအကျင့်မှ လျောကျသွားလေပြီ၊ ပစ္စည်းပေါများအောင် ဘုန်းကြီးအောင်တော့ လုပ်နေပြီဟု..သူတို့စိတ်ထဲမှာ မမျှော်လင့်တော့ဘဲ အဝေးသို့ ထွက်ခွါသွားကြတော့၏။ ယခု…မြတ်ဗုဒ္ဓ တရားဦးဓမ္မစကြာဟောမည်ဟု စိတ်ကြံသောအခါ သူတို့ ငါးပါး အနားမှာမရှိပေ။ အဘယ်အရပ်သို့ ရောက်နေပါသနည်း။ မြတ်ဗုဒ္ဓ ဒိဗ္ဗိစက္ကုအဘိဥာဏ်တော်ကို အသုံးပြုတော်မူပြီး ဆင်ခြင်လေပြီ။ သူတို့ငါးပါး ဗာရာဏသီမြို့ ဣသိပတန မိဂဒါဝုန်တောသို့ ရောက်ရှိနေကြသည်။ ဣသိပတန ဆိုသည်မှာ..ရသေ့ရဟန်း၊ ဆာဒူး၊ ပရဗိုဇ်တို့ လာရောက် အားထုတ်ရာဋ္ဌာနဖြစ်၏။ ရှေးမြတ်ဗုဒ္ဓတို့ တရားဦးဟောတော်မူရာ ဋ္ဌာနလည်း ဖြစ်၏။ မိဂဒါဝုန်တော ဆိုသည်မှာ သမင် ဒရယ် စတဲ့ တောကောင်များကို ဘေးမဲ့ပေးရာတောဖြစ်၏။ ထို ပဉ္စ၀ဂ္ဂီ ငါးပါးတို့ ရှိရာအရပ်သို့ မြတ်ဗုဒ္ဓ ကြွတော်မူရန် အချိန်တန်လေပြီ။ ထိုသို့တရားဦးဟောရန် ကြွတော်မူရာ၌လည်း ရှေးက သဗ္ဗညု ဘုရားတိုင်းသည် မိဂဒါဝုန်တောအရပ်သို့ ကောင်းကင်ခရီး ဈာန်ဖြင့် ကြွတော်မူကြသည်ချည်း ဖြစ်၏။ ဂေါတမမြတ်ဗုဒ္ဓမှာတော့ ကောင်းကင်ခရီးမှ မကြွဘဲ ခြေလျင်ခရီး ဖြင့်ပင် ကြွတော်မူသည်။ ခြေလျင်ခရီးဖြင့် ကြွခြင်းမှာ အကြောင်းရှိ၏။ လမ်းခရီးတွင် ဥပကတက္ကဒွန်းနှင့် ဆုံတွေ့ရမည် ဖြစ်သောကြောင့် ခြေလျင်ခရီးကို အသုံးပြုတော်မူခြင်း ဖြစ်၏။ သတ္တ၀ါတို့တွက် အကျိုးကျေးဇူးမဖြစ်စေဘဲ အချည်းအနှီးဖြစ်မည့်ကိစ္စ ဘယ်သောအခါမှ.. မြတ်ဗုဒ္ဓတို့ မပြုလုပ်ပေ။ ဂေါတမမြတ်ဗုဒ္ဓသည် ဘုရားရှင်အဖြစ်နှင့် အချိန်ကာလ အနည်းဆုံး နေရသော ဘုရားဖြစ်၏။ ဘုရားအဖြစ်နှင့် ၄၅ နှစ်သာ ရ၏။ ကာလမှာ တိုတောင်းလှ၏။ ထိုကာလအတွင်း လုပ်ဆောင်ရသော လုပ်ငန်းမှာတော့ များပြားလှပေ၏။ ရှေးသက်တော်ရှည် ဘုရားများနှင့် လုပ်ငန်းဆောင်တာမှာ အတူတူပင် ဖြစ်၏။ ထိုအချိန်တိုလေးအတွင်းမှာ ပြည့်စုံအောင် ဆောင်ရွက်ခဲ့ရ၏။ ချေချွတ်သင့်သော သတ္တ၀ါဝေနေယျကို တစ်ယောက်/တစ်ပါး မကျန်အောင် ဆင်ခြင်ရ၏..ဆင်ခြင်ပြီးသကာလ ထိုသူတို့ဆီသို့ ပင်ပင်ပန်းပန်းဖြင့် ကြွတော်မူ၍ တရားဟောရသေး၏။ ထိုကဲ့သို့ မနားမနေ သတ္တ၀ါတို့အား သံသရာခရီးခဲကြီးမှ ကယ်တင်ပေးနေသည့်ကြားမှ ခန္ဓာကိုယ်ရှိနေသေးသည့် အတွက် ကိုယ်တော်မြတ်ကိုယ်တိုင် ခန္ဓာဒုက္ခတို့ကို ခံစားရသေး၏။ ခဏခဏခံစားရသော ခါးတော်နာရသော ဒုက္ခ နှင့် ခေါင်းတော်ခဲရသော ဒုက္ခများဖြစ်၏။ ၀ဋ်များပင်ဖြစ်၏။ ယခု ဥရုဝေဠတောမှ မိဂဒါဝုန်တောသို့ တရားဦးဟောရန် ကြွတော်မူသောအခါတွင်လည်း ပင်ပင်ပန်းပန်း ခြေလျင်ခရီးဖြင့်ပင် ကြွတော်မူရသည်။ ထိုခရီးမှာလည်း ဝေး၏။ (၁၈)ယူဇနာ ဝေးသည်။ မိုင်အားဖြင့်ဆိုလျင် (၁၄၂)မိုင် ဝေးကွာသည်။ ထိုမျှလောက်ဝေးကွာသော ခရီးကို ကြွတော်မူစဉ် လမ်းခုလတ်တွင် ဥပက တက္ကတွန်းနှင့် တွေ့ခဲ့သည်။ ဥက တက္ကတွန်းသည် အ၀တ်မ၀တ်ဘဲ ကျင့်နေကြသော ဂိုဏ်းမှ ဖြစ်၏။ ထိုဂိုဏ်းကို ဂျိန်းဂိုဏ်းဟုခေါ်၏။ ထိုဂိုဏ်း၏ ဆရာကြီးမှာ နာဋပုတ္တ ဖြစ်သည်။ ထို ဥပကတက္ကတွန်းသည် မြတ်ဗုဒ္ဓကို မြင်သောအခါ.. ငါ့ရှင်ကြည့်ရတာ ဣနြေ္ဒတွေ တည်ငြိမ်ပါပေတယ်၊ ကြည်လင်သန့်ရှင်းလှပါပေတယ်။ အရေအဆင်းကလည်း သန့်ရှင်းဖြူစင်ပါ၏။ အပြစ်ကင်းစင်လှပါပေ၏။ ငါ့ရှင်.. အဘယ်သူ့ကို ရည်ညွှန်းပြီး ရဟန်းပြုသလဲ၊ သင့်ဆရာ အဘယ်သူလဲ၊ ဘယ်သူ့တရားတွေကို သင်နှစ်သက်ပါသလဲ ဟု မေးလေ၏။ သူမေးသော ပုံစံမှာ လူသာမာန်တို့ အတန်းအစား သဘောထားပြီး သူနှယ်ငါ့နှယ်ဖြင့် မေးမြန်းလိုက်ခြင်းပင်ဖြစ်၏။ ထိုအခါ သဗ္ဗညုမြတ်ဗုဒ္ဓက…ရဲရဲတောက် ပြန်လည် မိန့်ကြားလေသည်… ငါသည် အလုံးစုံသော တရားတို့ကို လွှမ်းမိုးစိုးပိုင်သော သူဖြစ်ပေ၏။ အဘယ်သူသည် ငါ့အပေါ်၌ ဆရာဖြစ်ရပါ့မလဲ။ ရှိရှိသမျှ တရားတွေအပေါ်မှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ လက္ခဏာသုံးပါးကို အလိုရှိလေသမျှ ပိုင်ပိုင်နိုင်နိုင်ဖြင့် သုံးသပ်နိုင်တဲ့ အရည်အချင်းရှိတဲ့အတွက် တရားအလုံးစုံအပေါ်မှာ ငါသည် လွှမ်းမိုး စိုးပိုင်နိုင်၏။ အလုံးစုံသော တရားတို့ကို အရဟတ္တဖိုလ်ပေါက် အသိဥာဏ်ရောက်ပြီးသူ ဖြစ်၏။ သိပြီးသား ပိုင်နိုင်ပြီးသား ဖြစ်ပေ၏။ ငါ့မှာ တဏှာ၊ မာန၊ ဒိဋ္ဌိ တွေ မငြိကပ်ဘူး။ တွယ်တာတပ်မက်တတ်တဲ့ တဏှာကို ဖယ်ရှားပြီးသောသူ ဖြစ်တဲ့အတွက်ကြောင့် တဏှာကုန်ရာ နိဗ္ဗာန်သို့ ညွှတ်သူ ကိုင်းသူ ဖြစ်၏။ ကိုယ်ပိုင်ဥာဏ်ဖြင့် နိဗ္ဗာန်ပရမတ်ကို ပိုင်းခြားထင်ထင် သိမြင်ပြီးဖြစ်တဲ့အတွက် အဘယ်သူကို ငါ့ဆရာဟူ၍ ညွှန်ကြားဖွယ်ရာ ရှိပါလိမ့်မည်နည်း။ ဆရာရယ်လို့ ညွှန်ပြစရာ မရှိပါဘူး။ လောကုတ္တရာတရားတွေ သိတဲ့နေရာမှာ ငါ့မှာ့ ဆရာမရှိပါဘူး။ ဆရာရှိဖို့ မပြောနဲ့ လောကုတ္တတရားတွေကို သိတဲ့နေရာမှာ ငါနဲ့တူတဲ့ ပုဂ္ဂိုလ် မရှိပေဘူး၊ နတ် ဗြဟ္မာများနဲ့တကွ သဗ္ဗလောကကြီးတခုလုံးမှာ ငါဘုရားနဲ့ တုပြိုင် ယှဉ်ပြိုင် ဖို့ရန် ပုဂ္ဂိုလ်ရယ်လို့ မရှိပါဘူး။ ငါနဲ့ ဂုဏ်ရည်တူသူ မရှိပေ။ ယခု ဓမ္မစကြာတရားဦးဒေသနာဟောဖို့ရန် ကာသိတိုင်း ဗာရာဏသီမြို့ မိဂဒါဝုန်တောသို့ သွားပေအံ့။ ပညာဥာဏ်မျက်စိမရှိသော အကန်းသဖွယ်ဖြစ်နေသော လူ နတ် ဗြဟ္မာ သတ္တ၀ါများအတွက် အမြိုက်နိဗ္ဗာန်စည်ကြီးကို ငါဘုရား တီးပေအံ့ ဟု…မိန့်တော်မူလေသည်။ ထိုအခါ ဥပကတက္ကတွန်းက..မထိတထိဖြင့် ငါ့ရှင်ပြောသလိုဆိုလျင် အနန္တဇိန ဖြစ်ထိုက်ပါသလော ဟု မေးပြန်သည်။ မြတ်ဗုဒ္ဓက.. လောကမှာ ငါကဲ့သို့သော ပုဂ္ဂိုလ်သာလျင် ဇိန အမည်ရပေတယ်။ အာသ၀က္ခဥာဏ်တော်ကို ရရှိပြီးပြီ။ ငါ့မှာ မကောင်းမှု တရားတွေကို ဖယ်ရှားခြင်း၌ အကြွင်းမဲ့ အောင်မြင်ပြီးပြီ ဖြစ်တဲ့အတွက်ကြောင့် ဥပက ငါကား ဇိန အမည်ရှိပေတယ် ဟု.. ရဲရဲတောက် ပြန်လည် မိန့်တော်မူလေ၏။ ထိုအခါ ဥပကတက္ကတွန်းက…ဟုတ်ပါလိမ့်မည် ငါ့ရှင် ဟု မယုံချင်ယုံချင် မယုံတ၀က် ယုံတ၀က်ဖြင့် ပြောပြီး ဘေးဖယ်ကာ သွားမြဲ အတိုင်း သူရည်ရွယ်ထားသော အရပ်ဆီသို့ သွားခဲ့လေသည်။ ဥပကတက္ကတွန်းကား အလွန်ကံထူးသည်။ ဘုရားရှင်စစ်နဲ့ တွေ့ဆုံခွင့်ရ၏။ သို့ပေမယ့်..သဗ္ဗညုဘုရားရှင် ပြန်လည် မိန့်တော်မူသော စကားတော်များအပေါ်၌ သူသည် အပြည့်အ၀ မယုံကြည်နိုင်သေးဘဲ.. သံသယ ခံနေသေး၏။ သူ၏ ထိုသံသယကြောင့်လည်း တရားဦးနှင့် လွဲခဲ့ရလေပြီ။ သို့ရာတွင် သူ၏ စိတ်ထဲမှာတော့ မြတ်ဗုဒ္ဓအပေါ်၌ သဒ္ဓါတရားလေးတော့ ဖြစ်သွားခဲ့သည်။ ထို့ကြောင့်လည်း နောင်အခါ သူ ဒုက္ခတွေ တသီချည်းရင်ဆိုင်ရတော့..မြတ်ဗုဒ္ဓရှိရာအရပ်သို့ ရောက်ရှိလာခဲ့ပြီး ရဟန်းဝတ်ခါ အနာဂါမ် အရိယာကြီးဖြစ်သွားခဲ့ပေ၏။ ထိုဖြစ်ပေါ်လာမည့် ဥပက၏ အကျိုးစီးပွားကို မျော်မြင်တော်မူသောကြောင့်လည်း မြတ်ဗုဒ္ဓသည် ခြေလျင်ခရီးဖြင့် မိဂဒါဝုန်တောသို့ ကြွခဲ့ခြင်းဖြစ်လေ၏။ ထိုသို့ ဥပက နှင့် တွေ့ဆုံပြီးနောက် မြတ်ဗုဒ္ဓသည်လည်း အစဉ်သဖြင့် မိဂဒါဝုန်တောသို့ ဆက်လက် ခရီးဒေသစာရီ ကြွတော်မူခဲ့လေသည်။ (img: မြတ်ဗုဒ္ဓ နှင့် ဥပကတက္ကတွန်း -၊ မြန်မာကျူးပစ်မှ ယူထားပါသည်) သဟမ္ပတိဗြဟ္မာကြီး…မြတ်ဗုဒ္ဓအားရိုရိုသေသေ ရှိခိုးကန်တော့၍.. ဗြဟ္မာပြည်သို့ ပြန်လည်ကြွသွားပြီးတဲ့နောက်…. မြတ်ဗုဒ္ဓ တစ်ပါးတည်း အဇပါလ ညောင်ပင်အရိပ်တွင် ကျန်ရစ်ခဲ့ပြီ။ အဲဒီအချိန် မြတ်ဗုဒ္ဓသည် ဆင်ခြင်စဉ်းစားတော်မူလေပြီ။ တရားလက်ဦးဟောဖို့ရန်အတွက် ဖြစ်၏။ အဘယ်သူကို အရင်ဆုံး တရားဟောရမလဲ၊ အဘယ်သူသည် ငါဘုရားဟောမည့် တရားကို ပိုင်းပိုင်းခြားခြား သိနိုင်ပါမလဲ ဟု စိတ်အကြံတော် ဖြစ်လေ၏။ တရားဦးကို နာယူမည့် ကျွတ်ထိုက်မည့် တရားနာပရိသတ်အတွက် မြတ်ဗုဒ္ဓက..စဉ်းစားဆင်ခြင်ခြင်းဖြစ်၏။ မြတ်ဗုဒ္ဓ၏ တရားဦးနဲ့ ပက်သက်လာလျင် အကြံဖြစ်ထိုက်သော ပုဂ္ဂိုလ် (၃)စုရှိ၏။..၎င်းတို့မှာ.. 1. အာဠာရရသေ့ကြီး 2. ဥဒကရသေ့ကြီး 3. ပဉ္စ၀ဂ္ဂီ ရဟန်းတော် (၅)ပါး တို့ဖြစ်ကြ၏။ အာဠာရရသေ့ နှင့် ဥဒကရသေ့ တိုမှာ..မြတ်ဗုဒ္ဓအလောင်းတော် တောထွက်စဉ်အခါက..တရားဆွေးနွေးခဲ့ဖူးသော ရသေ့ကြီးများဖြစ်၏။ ပဉ္စ၀ဂ္ဂီ ရဟန်းတော် (၅)ပါးတို့မှာ..မြတ်ဗုဒ္ဓအလောင်းတော် ဒုက္ကရစရိယာအကျင့် ကျင့်စဉ်က..ရေပူ/ရေချမ်း ကမ်းလှမ်းခဲ့သော၊ ၀တ်ကြီး/၀တ်ငယ်ပြုစုခဲ့ပေးသောသူတို့ ဖြစ်ကြ၏။ ကာလမအမျိုးအနွယ် အာဠာရရသေ့ သည် ပညာရှိသည်။ လိမ္မာသည်။ ဥာဏ်မျက်စိ၌ ကိလေသာ မြူမှုန် နည်းပါးသော သူဖြစ်၏။ လျင်မြန်စွာ တရားထူးရနိုင်သောသူ ဖြစ်၏။ ကျွတ်ထိုက်သောသူများတွင် သူသည် ပထမဆုံး နေရာတွင်ရှိ၏။ ထို့ကြောင့် သူ့အား တရားဦး ဟောရန် ကောင်းပေစွ ဟု မြတ်ဗုဒ္ဓ စိတ်အကြံဖြစ်လေ၏။ ထိုစိတ်အကြံသည် ပကတိ စိတ်ကူးပင်ဖြစ်၏။ ဥာဏ်ထူးဖြင့် ဆင်ခြင်ခြင်း မဟုတ်သေးပေ။ ထို့ကဲ့သို့ မြတ်ဗုဒ္ဓ စိတ်အကြံ တည်လိုက်ပြီးနောက်…. အနီးအနား၌ မထင်မရှား ကွယ်ပနေသော နတ်တစ်ဦးသည်..မြတ်ဗုဒ္ဓအား အခုလို..လျောက်တင်လေ၏။.. “ဘုန်းတော် နေ၀င်းထွန်းတောက်ပတော်မူသော မြတ်စွာဘုရား… ကာလမအမျိုးအနွယ် အာဠာရရသေ့သည် ယနေ့မှ လွန်ခဲ့သော (၇)ရက်မြောက်နေ့တွင်….စုတိပျက်ကြွေ သေခဲ့လေပြီ” ဟု လျောက်တင်လေသည်။ နတ်၏အခုလို လျောက်တင်မှုပြီးသောသကာလ မြတ်ဗုဒ္ဓသည် ကိုယ်ပိုင်ဥာဏ်တော်ဖြင့် အာဠာရရဲ့ ဂတိကို စဉ်းစားဆင်ခြင်လိုက်သောအခါ..အမှန်ပင်.. အာဠာရသည် အတိတ် (၇)ရက်၌ ကွယ်လွန်ခဲ့ပြီး အာကိဉ္စညာယတန ဟူသော အရူပဘုံသို့ ရောက်ရှိနေလေပြီ။ ထိုသို့ သိမြင်ပြီးနောက် မြတ်ဗုဒ္ဓသည် ဆက်လက်ပြီး အခုလို..စိတ်အကြံဖြစ်တော်မူ၏။ “အာဠာရရသေ့ အဆုံးရှုံးကြီး ဆုံရှုံးခဲ့လေပြီ။” ဟုတ်ပေ၏။ အာဠာရရသေ့ အလွဲကြီးလွဲခဲ့ပြီ။ အခွင့်အခါ ကောင်းကို လွဲချော်သွားခြင်းဖြစ်၏။ သူ၏ လွဲချော်မှုမှာ အသေစောသွားသောကြောင့်ဖြစ်ပေ၏။ တရား မဦးပဲ (၇)ရက် အသေဦးခဲ့သောကြောင့် ယခုတော့ မြတ်ဗုဒ္ဓ၏ တန်ဖိုးရှိလှသော ဓမ္မစကြာတရားဦးကို နာကြားခွင့်မရတော့ပြီ။ ထို့ကြောင့်လည်း မိုးကုတ်တရားစခန်း၏ နေ့စဉ်ဆောင်ပုဒ်အတိုင်း အသေမဦးခင် ဥာဏ်ဦးရန် အထူးလိုပေ၏။ အာဠာရရသေ့သည် ဥာဏ်ကောင်းသူဖြစ်၏။ မြတ်ဗုဒ္ဓ တရားဦး နာကြားလိုက်ရလျင် တရားကို သိမြင် အရဟတ္တမဂ်ဖိုလ်ဆိုက်ရောက်ပြီး ရဟန္တာအထိပင် ဖြစ်နိုင်၏။ ထိုသို့ ထူးချွန်သောသူ ဖြစ်ပါလျက် (၇)ရက် အသေ စောသွားသဖြင့် အဆုံးရှုံးကြီး ဆုံးရှုံးသွားခြင်းဖြစ်၏။ ထို့အပြင် အာဠာရရသေ့ ရောက်ရှိနေသော အာကိဉ္စညာယတန အရူပဘုံတွင် ရုပ်မရှိပေ။ စိတ်စေတသိက် နာမ်တရားသက်သက်သာ ရှိ၏။ ရုပ်မရှိသဖြင့် တရားနာရန် နား မရှိပေ။ ထိုဘုံ၌ သူနေရမည့် ကာလသည်လည်း အလွန်ကြာညောင်းပေဦးမည်။ ကမ္ဘာပေါင်း ခြောက်သောင်းထိပင်ဖြစ်၏။ ထိုဗြဟ္မာသက်တမ်း ကုန်ဆုံးပြီးသောအခါ လူ့ဘ၀ သို့ ပြန်လည်ရောက်နိုင်ပါသော်လည်း ပုထုဇဉ်အနေဖြင့်ပင် သံသရာထဲ ကျင်လည်ရပေဦးမည်။ အာဠာရရသေ့ ၏ ဆုံးရှုံးမှုက..ကြီးမားလွန်းလှသည်။ အာဠာရရသေ့အတွက် မြတ်ဗုဒ္ဓ စိတ်အကြံဖြစ်ပြီးနောက် … ဥဒကရသေ့အတွက် မြတ်ဗုဒ္ဓသည် ပကတိစိတ်ဖြင့်ပင် ပထမအကြိမ် စိတ်အကြံဖြစ်လေ၏။ ရာမဆရာကြီး၏ သားတပည့် ဥဒကသည်လည်း ပညာရှိပေ၏။ လိမ္မာ၏။ တရားနာလိုက်ရလျင် လျင်မြန်စွာ သိမြင်မည့် ပုဂ္ဂိုလ်ပင်ဖြစ်၏။ ထို့ကြောင့် သူ့အား တရားဦးဟောရန် ကောင်းပေစွ ဟု.. မြတ်ဗုဒ္ဓ စိတ်အကြံတည်လေ၏။ ထိုအချိန် အနီးအနားမှပင် မထင်မရှားကွယ်ပနေသော နတ်တစ်ဦးမှ.. “ဘုန်းတော် နေ၀င်းထွန်းတောက်ပတော်မူသော မြတ်စွာဘုရား… ရာမ၏ သားတပည့် ဥဒကသည်လည်းပဲ ယမန်နေ့ သန်းခေါင်ယာမ်၌ ကွယ်လွန်ခဲ့လေပြီ” ဟု လျောက်တင်လေသည်။ မြတ်ဗုဒ္ဓလည်း ကိုယ်ပိုင်ဥာဏ်တော်ဖြင့် ဥဒက၏ဂတိကို ဆင်ခြင်လိုက်သောအခါ….မှန်ပေ၏။ ဥဒကလည်း ယမန်နေ့ သန်းခေါင်ယာမ်၌ ကွယ်လွန်ခဲ့လေပြီ။ ယခု သူရောက်ရှိနေသော ဘုံမှာ..နေ၀သညာနာယတနဘုံပင်ဖြစ်၏။ ထို့နောက် မြတ်ဗုဒ္ဓသည် ဥဒကအတွက် ယခုကဲ့သို့ စိတ်အကြံဖြစ်လေ၏။ “ဥဒကရသေ့သည်လည်း အဆုံးရှုံးကြီး ဆုံးရှုံးခဲ့လေပြီ။” မှန်ပေ၏။ ဥဒကရသေ့ လက်ရှိရောက်ဆဲ ဘုံမှာလည်း ရုပ်မရှိပေ။ ထိုဘုံ၌ သူသည် ကမ္ဘာပေါင်း (၈)သောင်း(၄)ထောင် ရှိနေရဦးမည်။ ရုပ်မရှိသဖြင့် တရားဦးနာရန် အခွင့်ထူးကို မရတော့ပေ။ သူသည်လည်း သစ္စာတရားနာလိုက်ရလျင် ရဟန္တာဖြစ်နိုင်သော သူဖြစ်ပေ၏။ ယခုတော့ ဥဒကရသေ့ စစ်မှန်သောတရားကို မနာလိုက်ရသဖြင့် ဆုံးရှုံးသွားခဲ့လေပြီ။ http://sankooo.iblogger.org/2010/07/page/2/
____________________________________________________________________________
တဆယ့်ရှစ်ကုဋေ အရေအတွက်ရှိသော ဗြဟ္မာအပေါင်းတို့သည် ဣသိပတန မိဂဒါဝုန်တောဝယ် ဓမ္မစကြာ တရားဦး ဟောမည့်နေရာ၌ အညီအညွတ် စည်းဝေးလာရောက်ကြပြီး ဖြစ်နှင့်လေသည်။
ဓမ္မစကြာတရားဦးကို စ၍ ဟောသည့်အချိန်မှာ အနောက်အရပ်သို့ နေဝင်လုဆဲဆဲ၊ အရှေ့အရပ်မှ လဝန်းထွက်ပြူဆဲအချိန် ဖြစ်လေသည်။
ဤဓမ္မစက္ကပဝတ္တနသုတ္တန် ဒေသနာစဉ် အကျဉ်းချုပ်မှာ -
မြတ်စွာဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့အား ရှေးဦးစွာ ရှောင်ကြဉ်ရမည့် အယုတ်တရားနှစ်ပါးတို့ကို ဟောတော်မူသည်။
ထို့နောက် လိုက်နာကျင့်သုံးရမည့် မဂ္ဂင်ရှစ်ရပ် မဇ္ဈိမပဋိပတ်ကို ဟောတော်မူသည်။
ထိုနောက် သစ္စာလေးပါးကို အကျဉ်းချုပ် ဟောတော်မူသည်။
ထိုနောက် ကိုယ်တော်မြတ်အဖို့ရာ သစ္စာလေးပါးတို့အနက် တပါးတပါး၌ ရထိုက် ဖြစ်ထိုက်သော ဉာဏ်သုံးပါးစီ ပြည့်စုံမှ ဘုရားအဖြစ် ဝန်ခံတော်မူကြောင်းကို ဟောတော်မူသည်။
ထို့နောက် ဤတရားဒေသနာတော်ကို ဟောတော်မူစဉ် အရှင်ကောဏ္ဍညသည် သောတာပန်တည်ကြောင်း၊
ဓမ္မစကြာကို မြတ်စွာဘုရားရှင် လည်စေပြီးလတ် ဖြစ်စေပြီးလတ်သော် -
ဘုမ္မစိုးနတ်တို့မှအစ ဗြဟ္မာများကျအောင် ကောင်းကြီးကြွေးကြော်ကြကြောင်း၊
မဟာပထဝီ ဤမြေကြီးတုန်လှုပ်ကြောင်း၊
သဗ္ဗညုတဉာဏ်တော်အာနုဘော်ကြောင့်ဖြစ်သော စိတ္တပစ္စယ ဥတုသမုဋ္ဌာန အရောင်အလင်းကြီး နတ်ဗြဟ္မာတို့အရောင်ထက် အဆရာထောင် ကြီးကျယ်စွာ ဖြစ်ပေါ်လာကြောင်း ဟောတော်မူသည်။
ထိုအချိန်၌ မြတ်စွာဘုရားရှင်၏ သန္တာန်တော်မှာ ဓမ္မစကြာတရား ဟောတော်မူစ အချိန်မှာကဲ့သို့ ပြီးဆုံးချိန်၌လည်း အလွန်နှစ်သက် ဝမ်းမြောက်တော်မူခြင်း ဖြစ်သဖြင့် ပီတိအဟုန်ကို ငုံ၍ ထားတော်မမူနိုင်တော့ဘဲ “အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော = အို ... ကောဏ္ဍညသည် သစ္စာလေးပါး တရားကို သိမြင် ကျွတ်တမ်းဝင်ခဲ့လေပြီတကား၊ အို ... ကောဏ္ဍညသည် သစ္စာလေးပါး တရားကို သိမြင် ကျွတ်တမ်းဝင်ခဲ့လေပြီတကား”ဟု နှုတ်တော်မြွက်၍ ဥဒါန်းကျူးတော်မူကြောင်း ဟောတော်မူသည်။
(ဤဥဒါန်းကျူးရင့်သော အသံတော်သည်လည်း စကြဝဠာတိုက်တသောင်း နှံ့၍ တည်လေသည်။)
ထို့နောက် အရှင်ကောဏ္ဍညက မြတ်စွာဘုရား၏အထံတော်၌ ရှင်,ရဟန်းအဖြစ်ကို ရပါလိုကြောင်း တောင်းပန်သဖြင့် မြတ်စွာဘုရားရှင်သည် ‘ဧဟိ ဘိက္ခု’ခေါ်တော်မူ၍ အရှင်ကောဏ္ဍည ‘ဧဟိ ဘိက္ခု’ရဟန်း ပဉ္စင်းဖြစ်ကြောင်း ဟောတော်မူသည်။
ဤကား ဓမ္မစက္ကပဝတ္တနသုတ်၏ အကျဉ်းချုပ်ဟောပုံ အစဉ်တည်း။
(မင်းကွန်းဆရာတော်ဘုရားကြီး၏ “မဟာဗုဒ္ဓဝင်” ပဉ္စမတွဲ)http://lokachantha.blogspot.com/2011_07_01_archive.html
___________________________________________________________________________
ဓမ္မစကြာအခါတော်နေ.(၀ါဆိုလပြ
ဓမ္မစကြာအမွမ်း
ဘိက္ခူနံ ပဉ္စ၀ဂ္ဂီနံ၊ ဣသိပတန နာမကေ။
မိဂဒါယေ ဓမ္မ၀ရံ၊ ယံ တံ နိဗ္ဗာနပါပကံ။
သဟမ္ပတိ နာမကေန၊ မဟာဗြဟ္မေန ယာစိတံ။
စတုသစ္စံပကာသေန္တော၊ လောကနာထော အဒေသယိ။
နန္ဒိတံ သဗ္ဗဒေဝေဟိ၊ သဗ္ဗသမ္ပတ္တိသာဓကံ။
သဗ္ဗလောကဟိ တတ္ထာယ၊ ဓမ္မစက္ကံ ဘဏာမဟေ။
ဓမ္မစကြာနိဒါန်း
ဧ၀ံ မေ သုတံ – ဧကံ သမယံ ဘဂ၀ါ ဗာရာဏသိယံ ၀ိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂ၀ါ ပဉ္စ၀ဂ္ဂိယေ ဘိက္ခူ အာမန္တေသိ -
ကျွန်ုပ် ဤသို့ ကြားနာခဲ့ရပါသည်။ အခါတစ်ပါးတွင် မြတ်စွာဘုရားသည် ဗာရာဏသီပြည် ‘ဣသိပတန’ အမည်ရသော မိဂဒါဝုန်တော၌ သီတင်းသုံးနေတော်မူသည်။ ထိုအခါတွင် မြတ်စွာဘုရားသည် ပဉ္စ၀ဂ္ဂီရဟန်းတို့အား မိန့်တော်မူသည်။
(၁) အစွန်းတရားနှစ်ပါး၏ အလယ်အလတ်ဖြစ်သော မဇ္ဈိမပဋိပဒါအကျင့်
..........................
ဒွေ မေ, ဘိက္ခဝေ, အန္တာ ပဗ္ဗဇိတေန န သေ၀ိတဗ္ဗာ။ ကတမေ ဒွေ?
(၁) ယော စာယံ ကာမေသု ကာမသုခလ္လိကာနုယောဂေါ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္ထသံဟိတော၊
(၂) ယော စာယံ အတ္တကိလမထာနုယောဂေါ ဒုက္ခော အနရိယော အနတ္ထသံဟိတော။
ရဟန်းတို့… အိမ်ယာစွန့်ခွာ ရဟန်းပြုလာသူတို့ မမှီဝဲအပ်သော အစွန်းတရား နှစ်ပါးရှိ၏။ အဘယ် နှစ်ပါးတို့နည်း။
(၁) ယုတ်ညံ့၍ အိမ်ယာထူထောင်သူ လူများစုတို့၏ အလေ့အကျင့်သာဖြစ်သော,မြတ်သေ
(၂) ကိုယ်စိတ်ဆင်းရဲခြင်းကိုဖြစ
ဧတေ ခေါ, ဘိက္ခဝေ, ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ, စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။
ကတမာ စ သာ, ဘိက္ခဝေ, မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ, စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ? အယမေ၀ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ -
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
အယံ ခေါ သာ, ဘိက္ခဝေ, မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ, စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။
ရဟန်းတို့ …တထာဂတ (မြတ်စွာဘုရား)သည် ဤအစွန်းတရားနှစ်ပါးအား မကပ်ရောက်ပဲ အလယ်အလတ်အကျင့် (မဇ္ဈိမ ပဋိပဒါ) ကို ထိုးထွင်း၍ သိတော်မူအပ်ပြီ။ ထို မဇ္ဈိမပဋိပဒါ အကျင့်သည် ပညာမျက်စိကိုဖြစ်စေ၏။ အသိဉာဏ်ကိုဖြစ်စေ၏။ ကိလေသာကို ငြိမ်းစေ၏။ (သစ္စာလေးပါးကို) ထူးသောဉာဏ်ဖြင့် ထိုးထွင်းသိစေ၏။ နိဗ္ဗာန်ကို မျက်မှောက်ပြုစေ၏။
ထို မဇ္ဈိမပဋိပဒါ အကျင့်ကား အဘယ်နည်း။
(၁) သမ္မာဒိဋ္ဌိ (မှန်သောအမြင်)
(၂) သမ္မာသင်္ကပ္ပ( မှန်သောအကြံ)
(၃) သမ္မာဝါစာ (မှန်သောစကား)
(၄) သမ္မာကမ္မန္တ (မှန်သောအပြုအမူ)
(၅) သမ္မာအာဇီဝ (မှန်သောအသက်မွေးခြင်း)
(၆) သမ္မာဝါယာမ (မှန်သောအားထုတ်ခြင်း)
(၇) သမ္မာသတိ (မှန်သောအောက်မေ့ခြင်း)
(၈) သမ္မာသမာဓိ (မှန်သောတည်ကြည်ခြင်း) ဟူသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အကျင့်လမ်း(မဂ္ဂ) ဖြစ်သည်။
တထာဂတသည် ဤ မဇ္ဈိမပဋိပဒါအကျင့်အား ထိုးထွင်း၍ သိတော်မူအပ်ပြီ။
(၂) အရိယသစ္စာလေးပါး
..........................
(၁) ဣဒံ ခေါ ပန, ဘိက္ခဝေ, ဒုက္ခံ အရိယသစ္စံ။ ဇာတိပိ ဒုက္ခာ, ဇရာပိ ဒုက္ခာ, ဗျာဓိပိ ဒုက္ခော, မရဏံပိ ဒုက္ခံ, အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော, ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော, ယံပိစ္ဆံ န လဘတိ တံ ပိ ဒုက္ခံ, သံခိတ္တေန ပဉ္စုပါဒါနက္ခန္တာ ဒုက္ခာ။
ရဟန်းတို့… ဤကား ဒုက္ခအရိယသစ္စာ (ဆင်းရဲခြင်းဟူသည့် အရိယာတို့သိအပ်သောအမှန်တရား
(၂) ဣဒံ ခေါ ပန, ဘိက္ခဝေ, ဒုက္ခသမုဒယံ အရိယသစ္စံ။ ယာယံ တဏှာ ပေါနောဗ္ဘ၀ိကာ, နန္ဒီရာဂ သဟဂတာ တတြ တတြာဘိနန္ဒိနီ။ သေယျထိဒံ – ကာမတဏှာ, ဘ၀တဏှာ, ၀ိဘ၀တဏှာ။
ရဟန်းတို့…ဤကား ဒုက္ခသမုဒယ အရိယသစ္စာ (ဆင်းရဲခြင်း၏ ဖြစ်ကြောင်းဟူသည့် အရိယာတို့ သိအပ်သော အမှန်တရား-သမုဒယသစ္စာ) တည်း။ အကြင်တဏှာသည် ဘ၀သစ်ကို တဖန်ဖြစ်စေတတ်၏။ နှစ်သက်တပ်မက်ခြင်းနှင့် တကွဖြစ်၍ ထိုထို (ကာမဂုဏ်အာရုံ,ဘ၀စသည်)တို့က
(၃) ဣဒံ ခေါ ပန, ဘိက္ခဝေ, ဒုက္ခနိရောဓံ အရိယသစ္စံ။ ယော တဿာယေ၀ တဏှာယ အသေသ၀ိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။
ရဟန်းတို့…ဤကား ဒုက္ခနိရောဓ အရိယသစ္စာ (ဆင်းရဲချုပ်ခြင်းဟူသည့် အရိယာတို့ သိအပ်သော အမှန်တရား- နိရောဓသစ္စာ) တည်း။ ထိုတဏှာ၏ အကြွင်းမဲ့ တပ်ခြင်းကင်းရာ, ချုပ်ရာ, စွန့်ရာ, တစ်ဖန်ပြန်၍ စွန့်ရာ လွတ်မြောက်ရာ မကပ်ငြိရာဖြစ်သည်။
(၄) ဣဒံ ခေါ ပန, ဘိက္ခဝေ, ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ။ အယမေ၀ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ- သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
ရဟန်းတို့…ဤကား ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း အကျင့်လမ်း ဟူသည့် အရိယာတို့ သိအပ်သော အမှန်တရား- မဂ္ဂသစ္စာ) တည်း။ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယမ, သမ္မာသတိ, သမ္မာသမာဓိ ဟူသောအင်္ဂါရှစ်ပါးရှိသော အကျင့်လမ်း (အဋ္ဌင်္ဂိကမဂ္ဂ) ဖြစ်သည်။
(၃) တိပရိဝဋ္ဋဒေသနာ – သစ္စာလေးပါးအား သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်သုံးပါးဖြင့် သိခြင်း
..........................
(၁) “ဣဒံ ဒုက္ခံ အရိယသစ္စ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ၀ိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ဤကား ဒုက္ခအမှန်တရားတည်း” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (သစ္စာဉာဏ်) ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ၀ိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။
(၂) “တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညေယျ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ၀ိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ထို ဒုက္ခအမှန်တရားအား ပိုင်းခြား၍ သိအပ်သည်” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (ကိစ္စဉာဏ်)ပညာမျက်စိသည်ဖြစ်
(၃) “တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညာတ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ၀ိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ထို ဒုက္ခအမှန်တရားအား ပိုင်းခြား၍ သိပြီ” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (ကတဉာဏ်) ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ၀ိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။
(၄) “ဣဒံ ဒုက္ခသမုဒယံ အရိယသစ္စ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ၀ိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ဤကား ဒုက္ခဖြစ်ကြောင်း အမှန်တရားတည်း” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (သစ္စာဉာဏ်)ပညာမျက်စိသည်ဖြစ်
(၅) “တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟာတဗ္ဗ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ၀ိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ထို ဒုက္ခဖြစ်ကြောင်း အမှန်တရားအား ပယ်အပ်သည်” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (ကိစ္စဉာဏ်)ပညာမျက်စိသည်ဖြစ်
(၆) “တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟီန” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ၀ိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ထို ဒုက္ခဖြစ်ကြောင်း အမှန်တရားအား ပယ်ပြီးပြီ” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (ကတဉာဏ်)ပညာမျက်စိသည်ဖြစ်၏။
(၇) “ဣဒံ ဒုက္ခနိရောဓံ အရိယသစ္စ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ၀ိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ဤကား ဒုက္ခချုပ်ရာ အမှန်တရားတည်း” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (သစ္စာဉာဏ်) ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ၀ိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။
(၈) “တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကာတဗ္ဗ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ၀ိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ထို ဒုက္ခချုပ်ရာ အမှန်တရားအား မျက်မှောက်ပြုအပ်သည်” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (ကိစ္စဉာဏ်)ပညာမျက်စိသည်ဖြစ်
(၉) “တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကတ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ၀ိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ထို ဒုက္ခချုပ်ရာ အမှန်တရားအား မျက်မှောက်ပြုပြီးပြီ” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (ကတဉာဏ်)ပညာမျက်စိသည်ဖြစ်၏။
(၁၀) “ဣဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ၀ိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ဤကား ဒုက္ခချုပ်ရာ ရောက်ကြောင်းအကျင့် အမှန်တရားတည်း” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (သစ္စာဉာဏ်) ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ၀ိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။
(၁၁) “တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ၀ိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ဤကား ဒုက္ခချုပ်ရာ ရောက်ကြောင်းအကျင့် အမှန်တရားအား ပွားများအပ်သည်” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (ကိစ္စဉာဏ်)ပညာမျက်စိသည်ဖြစ်
(၁၂) “တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝိတ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ၀ိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ဤကား ဒုက္ခချုပ်ရာ ရောက်ကြောင်းအကျင့် အမှန်တရားအား ပွားများပြီးပြီ” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (ကတဉာဏ်) ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ၀ိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။
(၄) သစ္စာလေးပါးကိုသိမှ ဘုရားအဖြစ်ကို ၀န်ခံခြင်း
..........................
ယာဝကီဝဉ္စ မေ, ဘိက္ခဝေ, ဣမေသု စတူသု အရိယသစ္စေသု ဧ၀ံ တိပရိဝဋ္ဋံ ဒွါဒသကာရံ ယထာဘူတံ ဉာဏဒဿနံ န သုဝိသုဒ္ဓံ အဟောသိ။ နေ၀ တာဝဟံ, ဘိက္ခဝေ, သဒေ၀ကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေ၀မနုဿာယ “အနုတ္တရံ သမ္မာ သမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ” တိ ပစ္စညာသိံ။
ရဟန်းတို့… ဤအရိယသစ္စာလေးပါး၌ (သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်ဟု) သုံးပါးသောအပြန် (တိပရိဝဋ္ဋံ),၁၂-ပါးသော အခြင်းအရာအားဖြင့် ဟုတ်တိုင်းမှန်စွာသိသော ဉာဏ်အမြင် မစင်ကြယ်သေးသမျှကာလပတ်လုံး၊
ယာတော စ ခေါ မေ, ဘိက္ခဝေ, ဣမေသု စတူသု အရိယသစ္စေသု ဧ၀ံ တိပရိဝဋ္ဋံ ဒွါဒသကာရံ ယထာဘူတံ ဉာဏဒဿနံ သုဝိသုဒ္ဓံ အဟောသိ။ အထာဟံ ဘိက္ခဝေ, သဒေ၀ကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေ၀မနုဿာယ “အနုတ္တရံ သမ္မာ သမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ” တိ ပစ္စညာသိံ။
ရဟန်းတို့… ဤအရိယသစ္စာလေးပါး၌ (သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်ဟု) သုံးပါးသောအပြန် (တိပရိဝဋ္ဋံ), ၁၂-ပါးသော အခြင်းရာအားဖြင့် ဟုတ်တိုင်းမှန်စွာသိသော ဉာဏ်အမြင် စင်ကြယ်မှသာလျှင်၊ (…) “အတုမရှိသော သမ္မာသမ္ဗုဒ္ဓဘုရား” အဖြစ်ကို ၀န်ခံခဲ့သည်။
ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ “အကုပ္ပါ မေ ၀ိမုတ္တိ, အယမန္တိမာ ဇာတိ, နတ္ထိဒါနိ ပုနဗ္ဘဝေါ” တိ။
“ငါ၏ လွတ်မြောက်မှုသည် မပျက်စီးမဆုံးရှုံးနိုင်တော့
ဣဒမဝေါ စ ဘဂ၀ါ အတ္တမနာ ပဉ္စ၀ဂ္ဂိယာ ဘိက္ခူ ဘဂ၀တော ဘာသိတံ အဘိနန္ဒုန္တိ။
မြတ်စွာဘုရားသည် ဤစကားအား မိန့်သောအခါ၊ ပဉ္စ၀ဂ္ဂီငါးပါးတို့သည် နှစ်လိုကုန်သည်ဖြစ်၍ မြတ်စွာဘုရားဟောသော တရားတော်အား နှစ်ခြိုက်ဝမ်းမြောက်ကြကုန်
(၅) အသျှင်ကောဏ္ဍည သောတာပန်တည်ခြင်း
..........................
ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ အာယသ္မတော ကောဏ္ဍညဿ ၀ိရဇံ ၀ီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ “ယံ ကိဉ္စိ သမုဒယဓမ္မံ, သဗ္ဗံ တံ နိရောဓ ဓမ္မ” န္တိ။
ဤသို့ (ဂါထာမဖက်) စကားပြေ သက်သက်ဖြင့် ဟောကြားအပ်သောအခါ၊ အသျှင်ကောဏ္ဍညအား “ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံတို့သည် ချုပ်ခြင်းသဘောရှိကုန်သည်”ဟ
(၆) နတ်ဗြဟ္မာတို့ ကောင်းချီးပေးခြင်း
..........................
(၁) ပ၀တ္တိတေ စ ပန ဘဂ၀တာ ဓမ္မစက္ကေ, ဘုမ္မာ ဒေ၀ါ သဒ္ဒမနုဿာဝေသုံ – “ဧတံ ဘဂ၀တာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပ၀တ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ၀ါ ဗြာဟ္မဏေန ၀ါ ဒေဝေန ၀ါ မာရေန ၀ါ ဗြဟ္မုနာ ၀ါ ကေနစိ ၀ါ လောကသ္မိံ” တိ။
ဤသို့ မြတ်စွာဘုရားသည် (သစ္စာလေးချက်) တရားစက်ကို လည်စေသော် -
“လောကတွင် သမဏ ဗြာဟ္မဏ နတ် မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသည့် ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ ဟောကြားတော်မူ၏”ဟု ဘုမ္မစိုးနတ်တို့သည် အဆင့်ဆင့် ကောင်းချီးပေး ကြွေးကြော်ကြကုန်၏။
(၂) ဘုမ္မာနံ ဒေ၀ါနံ သဒ္ဒံ သုတွာ, စတုမဟာရာဇိကာ ဒေ၀ါ သဒ္ဒမနုဿာဝေသုံ – “ဧတံ ဘဂ၀တာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပ၀တ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ၀ါ ဗြာဟ္မဏေန ၀ါ ဒေဝေန ၀ါ မာရေန ၀ါ ဗြဟ္မုနာ ၀ါ ကေနစိ ၀ါ လောကသ္မိံ” တိ။
ဘုမ္မစိုးနတ်တို့ ကောင်းချီးပေးသံကို ကြားရသော် “လောကတွင် … ဟောကြားတော်မူ၏” ဟု စတုမဟာရာဇ်နတ်တို့သည် အဆင့်ဆင့် ကောင်းချီးပေး ကြွေးကြော်ကြကုန်၏။
(၃) စတုမဟာရာဇိကာနံ ဒေ၀ါနံ သဒ္ဒံ သုတွာ, တာဝတိံသာ ဒေ၀ါ သဒ္ဒမနုဿာဝေသုံ – “ဧတံ ဘဂ၀တာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပ၀တ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ၀ါ ဗြာဟ္မဏေန ၀ါ ဒေဝေန ၀ါ မာရေန ၀ါ ဗြဟ္မုနာ ၀ါ ကေနစိ ၀ါ လောကသ္မိံ” တိ။
စတုမဟာရာဇ်နတ်တို့ ကောင်းချီးပေးသံကို ကြားရသော် “လောကတွင် … ဟောကြားတော်မူ၏” ဟု တာဝတိံသာနတ်တို့သည် အဆင့်ဆင့် ကောင်းချီးပေး ကြွေးကြော်ကြကုန်၏။
(၄) တာဝတိံသာနံ ဒေ၀ါနံ သဒ္ဒံ သုတွာ, ယာမာ ဒေ၀ါ သဒ္ဒမနုဿာဝေသုံ – “ဧတံ ဘဂ၀တာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပ၀တ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ၀ါ ဗြာဟ္မဏေန ၀ါ ဒေဝေန ၀ါ မာရေန ၀ါ ဗြဟ္မုနာ ၀ါ ကေနစိ ၀ါ လောကသ္မိံ” တိ။
တာဝတိံသာနတ်တို့ ကောင်းချီးပေးသံကို ကြားရသော် “လောကတွင် … ဟောကြားတော်မူ၏” ဟု ယာမာနတ်တို့သည် အဆင့်ဆင့် ကောင်းချီးပေး ကြွေးကြော်ကြကုန်၏။
(၅) ယာမာနံ ဒေ၀ါနံ သဒ္ဒံ သုတွာ, တုသိတာ ဒေ၀ါ သဒ္ဒမနုဿာဝေသုံ – “ဧတံ ဘဂ၀တာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပ၀တ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ၀ါ ဗြာဟ္မဏေန ၀ါ ဒေဝေန ၀ါ မာရေန ၀ါ ဗြဟ္မုနာ ၀ါ ကေနစိ ၀ါ လောကသ္မိံ” တိ။
ယာမာနတ်တို့ ကောင်းချီးပေးသံကို ကြားရသော် “လောကတွင် … ဟောကြားတော်မူ၏” ဟု တုသိတာနတ်တို့သည် အဆင့်ဆင့် ကောင်းချီးပေး ကြွေးကြော်ကြကုန်၏။
(၆) တုသိတာနံ ဒေ၀ါနံ သဒ္ဒံ သုတွာ, နိမ္မာနရတိ ဒေ၀ါ သဒ္ဒမနုဿာဝေသုံ – “ဧတံ ဘဂ၀တာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပ၀တ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ၀ါ ဗြာဟ္မဏေန ၀ါ ဒေဝေန ၀ါ မာရေန ၀ါ ဗြဟ္မုနာ ၀ါ ကေနစိ ၀ါ လောကသ္မိံ” တိ။
တုသိတာနတ်တို့ ကောင်းချီးပေးသံကို ကြားရသော် “လောကတွင် … ဟောကြားတော်မူ၏” ဟု နိမ္မာနရတိနတ်တို့သည် အဆင့်ဆင့် ကောင်းချီးပေး ကြွေးကြော်ကြကုန်၏။
(၇) နိမ္မာနရတီနံ ဒေ၀ါနံ သဒ္ဒံ သုတွာ, ပရနိမ္မိတ၀သ၀တ္တီ ဒေ၀ါ သဒ္ဒမနုဿာဝေသုံ – “ဧတံ ဘဂ၀တာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပ၀တ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ၀ါ ဗြာဟ္မဏေန ၀ါ ဒေဝေန ၀ါ မာရေန ၀ါ ဗြဟ္မုနာ ၀ါ ကေနစိ ၀ါ လောကသ္မိံ” တိ။
နိမ္မာနရတိနတ်တို့ ကောင်းချီးပေးသံကို ကြားရသော် “လောကတွင် … ဟောကြားတော်မူ၏” ဟု ပရနိမ္မိတ၀သ၀တ္တီနတ်တို့သည် အဆင့်ဆင့် ကောင်းချီးပေး ကြွေးကြော်ကြကုန်၏။
(၈) ပရနိမ္မိတ၀သ၀တ္တီနံ ဒေ၀ါနံ သဒ္ဒံ သုတွာ, ဗြဟ္မကာယိကာ ဒေ၀ါ သဒ္ဒမနုဿာဝေသုံ – “ဧတံ ဘဂ၀တာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပ၀တ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ၀ါ ဗြာဟ္မဏေန ၀ါ ဒေဝေန ၀ါ မာရေန ၀ါ ဗြဟ္မုနာ ၀ါ ကေနစိ ၀ါ လောကသ္မိံ” တိ။
ပရနိမ္မိတ၀သ၀တ္တီနတ်တို့ ကောင်းချီးပေးသံကို ကြားရသော် “လောကတွင် … ဟောကြားတော်မူ၏” ဟု ဗြဟ္မာတို့သည် အဆင့်ဆင့် ကောင်းချီးပေး ကြွေးကြော်ကြကုန်၏။
ဣတိဟ, တေန ခဏေန, တေန လယေန, တေန မုဟုတ္တေန ယာဝ ဗြဟ္မလောကာ သဒ္ဒေါ အဗ္ဘုဂစ္ဆိ။ အယဉ္စ ဒသသဟဿိ လောကဓာတု သံကမ္ပိ သမ္ပကမ္ပိ သမ္ပဝေဓိ။ အပ္ပမာဏော စ ဥဠာရော သြဘာသော လောကေ ပါတု ရဟောသိ အတိက္ကမ္မ ဒေ၀ါနံ ဒေ၀ါနုညာဝန္တိ။
ဤသို့လျှင် ထိုအချိန် ထိုအခါ ထိုကာလ၌ ကောင်းချီးပေးသံတို့သည်ပြန်
(၇) အသျှင်ကောဏ္ဍည ရှင်ရဟန်းပြုခြင်း
..........................
အထ ခေါ ဘဂ၀ါ ဣမံ ဥဒါနံ ဥဒါနေသိ “အညာသိ ၀တ ဘော ကောဏ္ဍညော, အညာသိ ၀တ ဘော ကောဏ္ဍညော” တိ။ ဣတိ ဟိဒံ အာယသ္မတော ကောဏ္ဍညဿ ‘အညာသိကောဏ္ဍညော’ တွေဝ နာမံ အဟောသိ။
ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့ ကောဏ္ဍညသည် (သစ္စာလေးပါးတရားကို) သိလေပြီတကား။ ရဟန်းတို့ ကောဏ္ဍညသည် (သစ္စာလေးပါးတရားကို) သိလေပြီတကား”ဟု ဥဒါန်းကို ကျူးရင့်တော်မူ၏။ ဤသို့ ကျူးရင့်တော်မူသောကြောင့် အသျှင်ကောဏ္ဍညအား “အညာသိကောဏ္ဍည” ဟူ၍သာလျှင် အမည်တွင်လေ၏။
အထ ခေါ အာယသ္မာ အညာသိကောဏ္ဍညော ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ၀ိဒိတဓမ္မော ပရိယောဂါဠဓမ္မော တိဏ္ဏ၀ိစိကိစ္ဆော ၀ိဂတကထံကထော ဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော သတ္ထုသာသနေ ဘဂ၀န္တံ ဧတဒဝေါစ – “လဘေယျာဟံ, ဘန္တေ, ဘဂ၀တော သန္တိကေ ပဗ္ဗဇံ လဘေယျံ ဥပသမ္ပဒ” န္တိ။
ထို့နောက် အသျှင်အညာသိကောဏ္ဍညသည် တရားသို့ မြင်ပြီး, ရောက်ပြီး, သိပြီး, သက်ဝင်ပြီးဖြစ်၍၊ (သို့လော သို့လော)ယုံမှားခြင်းကို လွန်မြောက်ပြီးဖြစ်၍၊ မြတ်စွာဘုရား၏ သာသနာ၌ ရဲရင့်ခြင်းသို့ရောက်ပြီး၍၊
“ဧဟိ ဘိက္ခူ” တိ ဘဂ၀ါ အဝေါစ “သွာက္ခတော ဓမ္မော, စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယာ” တိ။ သာဝ တဿ အာယသ္မတော ဥပသမ္ပဒါ အဟောသီတိ။
“ရဟန်း လာလော့ (ဧဟိ ဘိက္ခူ) … တရားကို ကောင်းစွာဟောအပ်ပြီ၊ ဆင်းရဲ၏ အဆုံးကိုပြုခြင်းငှါ မြတ်သောအကျင့်ကို ကောင်းစွာကျင့်လော့” ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ထိုစကားဖြင့်ပင် အသျှင်ကောဏ္ဍညသည် ပဉ္စင်းအဖြစ် (ဥပသမ္ပဒါ) အဖြစ်သို့ရောက်လေသည်။
credit to Buddha In My Life
"သောတာပန်၏ ထူးခြားချက်(၇)ရပ်"(ကတဉာဏ်ဆိုက်ရင် သောတာပန်တည်ပြီ။)
ကိုယ့်ခန္ဓာကို ဉာဏ်စိုက်ကြည့်လိုက်ရင် ဝေဒနာပေါ်လဲ ဖောက်ပြန်သွားတာပဲ၊ ပျက်စီးသွားတာပဲ။ ဝေဒနာရှုလိုက်တော့ ဝေဒနာလေးက ဖြစ်လိုက်ပျက်လိုက်နဲ့ သူ့သဘောသူ စွန့်စွန့်သွားတယ်။
★သုခဝေဒနာကလဲ သုခဝေဒနာသဘောစွန့်တယ်။ ဒုက္ခဝေဒနာကလဲ ဒုက္ခဝေဒနာသဘောစွန့်တယ်။
ဥပေက္ခဝေဒနာကလဲ ဥပေက္ခဝေဒနာသဘော စွန့်တယ်။
လောဘစိတ်ကလဲ လောဘသဘောစွန့်တယ်။
စွန့်ပြီး အနိစ္စသဘောချည်း ဖြစ်ပြီးပျက်တာချည်းပြတယ်။ ဒီလိုချည်းပြနေတော့ ဒါတွေဟာ "၀ိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ"ပဲ။
ဉာဏ်နဲ့ကြည့်လိုက်တော့ဝိပရိဏာမလ
ဖောက်ပြန်တာချည်းပဲ။အထည်မကျန်ဘူ
ဝေဒနာကြည့်လိုက်တော့ ဝေဒနာလေးကို ရှာမတွေ့တော့ဘူး။
★ ဝေဒနာပျက်ပျက် စိတ်ပျက်ပျက် ရုပ်ပျက်ပျက် အထည်မကျန်ဘူး။ ဖောက်ပြန်ပျက်စီးသွားတာကို မြင်အောင်ကြည့်ရမယ်။ ဒီလိုမြင်အောင်ကြည့်ပြီး ဒုက္ခသစ္စာပါလား၊ ဖောက်ပြန်ပျက်စီးသွားတာမှ တစ်ပိုင်းတစ်စတောင်မကျန်တော့ပါလ
★အ၀ိပရိဏာမ နိဗ္ဗာန်ပေါ်လာလိမ့်မယ်။ အဲဒီတော့မှပဲ ဖောက်ပြန်ပျက်စီးမှု ၀ိပရိဏာမတွေ မရှိတော့ဘူး၊ အခုမှပဲ ဖောက်ပြန်ပျက်စီးမှုကြီးဇာတ်သိမ်
★၀ိပရိဏာမဒုက္ခသစ္စာမြင်နေတုန်း ကိစ္စဉာဏ်။ ၀ိပရိဏာမဆုံးသွားတာမြင်လိုက်တော
ဒါဖြင့် ခန္ဓာကိုယ်ထဲ ဘာပေါ်ပေါ် ဒုက္ခသစ္စာချည်းပေါ်တာပဲလို့ သိတဲ့ဉာဏ်က သစ္စဉာဏ်၊ ပေါ်တာဟူသရွေ့ ဒုက္ခသစ္စာလို့ ဆုံးဖြတ်ချက်ချ။ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ကိစ္စကိုသိတေ
★အကျဉ်းအားဖြင့်
သစ္စာသိရင် သစ္စဉာဏ်၊
ဖောက်ပြန်တာသိရင် ကိစ္စဉာဏ်၊
ဖောက်ပြန်တာတွေ မတွေ့တော့ဘူးဆိုရင် ကတဉာဏ်။★
★ကတဉာဏ်ဆိုက်ရင် သောတာပန်တည်ပြီ။
သောတာပန်ဖြစ်တယ်ဆိုတာ သောတာပန်စိတ်ပေါ်တာပါပဲ။ ရုပ်ပိုလှလာတာလဲမဟုတ်ဘူး၊ ဆိုင်းဘုတ်ဆွဲထားတာလဲမဟုတ်ဘူး။ အဲဒီသောတာပန်မှာပေါ်တဲ့ သောတာပန်စိတ်သည် ပုထုဇဉ်နဲ့ မတူတာ ခုနှစ်မျိုးရှိတယ်။★
★★သောတာပန်လဲ လောဘ ဖြစ်သေးတယ်၊
ဒေါသလဲ ဖြစ်သေးတယ်၊
မောဟလဲ ဖြစ်သေးတယ်။
ထိနမိဒ္ဓ ငိုက်မျည်းစိတ်တွေလဲ ဖြစ်သေးတယ်။
ဥဒ္ဓစ္စ ပျံ့လွင့်မှုတွေလဲ ဖြစ်သေးတယ်။
ကုက္ကုစ္စလဲ ဖြစ်သေးတာပဲ။
ဒီတရားတွေက ပုထုဇဉ်မှာလဲ ဖြစ်တယ်၊ သောတာပန်မှာလဲ ဖြစ်တယ်ဆိုတော့ တူနေတဲ့သဘောတွေ ဖြစ်နေတယ်။ ဒါဖြင့် ဘယ်လိုထူးလဲဆိုရင် ပုထုဇဉ်က ဒီတရားတွေဖြစ်ရင် ဖြစ်ကြောရှည်တယ်။ ကတဉာဏ်ရလို့ သောတာပန်တည်ပြီးသားပုဂ္ဂိုလ်က
ဖြစ်တော့ဖြစ်ပေမယ့် ဖြစ်ကြောမရှည်ဘူး။★★
★ပုထုဇဉ်က လောဘဖြစ်လိုက်ပြီဆိုရင်လဲ ဒီလောဘချည်းပဲ အကြာကြီးဖြစ်နေတတ်တယ်။ ဒေါသဖြစ်နေတယ်ဆိုရင်လဲ
ဒေါသချည်းပဲဖြစ်လို့ မကျေမချမ်းနိုင်ဘူး။ ဒါဟာ ဖြစ်ကြောရှည်တာပဲ။ ဒုက္ခချုပ်ပြီးသား သောတာပန်ကတော့ ဖြစ်တယ်ဆိုရင် ဖြစ်သွားတယ်လို့
နောက်က တစ်ခါတည်း ဉာဏ်လိုက်တယ်။ ဖြစ်ရင် ချက်ချင်းသိတယ်၊ ဖြစ်ကြောမရှည်တော့ဘူး။ ငါလောဘဖြစ်သွားတယ်လို့ နောက်ကနေ ဉာဏ်နဲ့ ချက်ချင်း အသိလေးလိုက်လာတယ်။ ဒေါသဖြစ်ရင်လဲ ဉာဏ်အသိ ချက်ချင်းလိုက်တယ်။ ထိနမိဒ္ဓဖြစ်ရင်လဲ ချက်ချင်းလိုက်တာပဲ။ မသိလိုက်တာဆိုတာ မရှိဘူး။ လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ ထိနမိဒ္ဓဖြစ်ဖြစ်၊ ဥဒ္ဓစ္စကုက္ကုစ္စဖြစ်ဖြစ် ဖြစ်တော့ဖြစ်တာပဲ၊ မပယ်နိုင်သေးလို့ ဖြစ်တာ။★
★ သောတာပတ္တိမဂ်က ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာပဲ ပယ်နိုင်သေးတာ။★
☑လောဘ ဒေါသ မောဟတွေက မပယ်နိုင်သေးတော့ လာမှာပဲ။ လာပင်လာသော်လဲ ချက်ချင်း နောက်က ပြန်သိတယ်။ ပဋိစ္စသမုပ္ပါဒ်က နောက်က ဖြတ်ဖြတ်လိုက်တယ်။ ပုထုဇဉ်ကတော့ မဖြတ်ဘူး၊ ပဋိစ္စသမုပ္ပါဒ် တန်းနေအောင် သွားတာပဲ။ ဥပမာ ပုထုဇဉ်က ဒေါသဖြစ်ရင် ကမ္ဘာမကျေဘူးဆိုပြီး တေးထားတယ်။ သောတာပန်ကတော့ ဖြစ်တော့ဖြစ်လိုက်တာပဲ၊ ဒါပေမယ့် နောက်က အသိနဲ့ ပြန်လိုက်ပေးလိုက်တယ်။ ဒါနံပါတ်(၁)ကွာခြားမှုပဲ။ ဖြစ်ကြောရှည်နဲ့ ဖြစ်ကြောတိုကွာတယ်။
☑နံပါတ်(၂)က လောဘ ဒေါသ မောဟတွေ မပယ်နိုင်သေးတော့ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာခဲ့သော်လဲ ဒီကိလေသာတွေ ငြိမ်းအေးအောင်လုပ်လိုက်တော့မယ်
☑(၃)နံပါတ်က ဒီဘုရားသာသနာမှတစ်ပါး အခြားသာသနာမှာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာမရှိဘူးလို့ ယုံကြည်တယ်။ ကိုယ်တိုင်သိလာတာ။ သိလာလို့ ယုံကြည်တာ။
☑(၄)နံပါတ်က ရဟန်းတော်တွေဟာ ဘုရားပညတ်ထားတဲ့သိက္ခာပုဒ်တစ်ခုခ
☑နံပါတ်(၅)က အမှုကိစ္စအတွက် ရုံးကန်ကနားခေါ်သော်ငြားလဲ လိုက်တော့လိုက်တယ်။ ဒါပေမယ့် သူ့ သီလ၊ သမာဓိ၊ ပညာတော့ အပျက်မခံဘူး။ ကိစ္စကြီးငယ်ရှိလို့ အကူအညီလိုရင် အကူအညီတော့ ပေးတာပဲ၊ ဒါပေမယ့် သူ့သီလ၊ သမာဓိ၊ ပညာတော့ အပျက်မခံဘူး။ မဟုတ်ဘဲနဲ့ အဟုတ်လုပ်အပြောခိုင်းလဲ သူမပြောဘူ၊ အလိမ်ခိုင်းလဲ မလိမ်ဘူး၊ မတရား ထွက်ဆိုတာမျိုး သူမလုပ်တော့ဘူး။ အမှန်ပြောရင် ဘယ်လိုလုပ်မယ်၊ ဘာလုပ်မယ်စသည်ခြိမ်းခြောက်နေစေက
☑နံပါတ်(၆)က တရားဟောနေတဲ့အခါ အနက်အဓိပ္ပါယ်ကို သိပြီး စိတ်ဟာဘယ်မှမသွားဘဲနဲ့ နာလေ့ရှိတယ်။ မြတ်စွာဘုရားတရားတော်တွေ နာကြားရတဲ့အခါ အာရုံတစ်ပါး စိတ်မသွားဘဲ စူးစူးစိုက်စိုက် နာနိုင်ခြင်းသည် သောတာပန်ရဲ့ သဘောပဲ။
☑နံပါတ်(၇)က တရားတော်တွေ နာကြားပြီးတဲ့နောက် ပြောလို့လဲ မပြီးနိုင်၊ ၀မ်းမြောက်လို့လဲ မဆုံးနိုင်ဘူးတဲ့။ သိပ်ပြီး သဘောကျလွန်းလို့ ပီတိသောမနဿတွေဖြစ်ပြီး တော်တော်နဲ့ မပျောက်နိုင်ဘူး။
★★★အကျဉ်းပြန်ချုပ်လိုက်ရင်-★★★
၁။ လောဘ ဒေါသ မောဟ ပေါ်တိုင်ပေါ်တိုင်း ချက်ချင်းသိတာသည် သောတာပန်ရဲ့အသိ။
၂။ သိသည်နှင့်တစ်ပြိုင်နက် ငြိမ်းအေးအောင်လုပ်နိုင်ခြင်းသည
၃။ ဤသာသနာမှတစ်ပါး အခြားသာသနာမှာ ထွက်ရပ်လမ်းလုံးဝမရှိဘူးဆိုတဲ့ယ
၎။ ကျူးလွန်ထားတဲ့အပြစ်ကို ချက်ချင်း ကုသလိုတဲ့စိတ်ပေါ်တာဟာလဲ သောတာပန်ရဲ့ သဘော။
၅။ ကိစ္စကြီးငယ်ရှိလို့ အကူအညီ သက်သေလိုက်ရငြားသော်လဲ သီလ သမာဓိ ပညာ အပျက်မခံတာသည် သောတာပန်ရဲ့သဘော။
၆။ တရားတော်တွေကို အာရုံတစ်ပါး စိတ်မသွားဘဲ အနက်အဓိပ္ပါယ်သိပြီး နာနိုင်ခြင်းသည် သောတာပန်။
၇။ ခန္ဓာဉာဏ်ရောက်တရားတွေနာရတော့ ၀မ်းမြောက်လို့မဆုံး ကြည်ညိုလို့မဆုံး ကျေးဇူးတင်လို့ မဆုံးဖြစ်တာသည် သောတာပန်။
ပုထုဇဉ်နဲ့ သောတာပန် ဒီ(၇)ချက်မှာ ထူးခြားတယ်တဲ့။ ကောသမ္ဘီရဟန်းတွေ အကြောင်းပြုပြီးဟောတာ။ ဥပမာ သောတာပန်လဲ ရန်တော့ ဖြစ်တာပဲ။ ဒါပေမယ့် ဖြစ်ရင် ဖြစ်မှန်းနောက်ကသိတယ်။ သိလိုက်တော့ ငြိမ်းအောင်လုပ်လိုက်တယ်။ သိလို့ ကုသလိုက်တယ်။ သူတစ်ပါးကိစ္စဆောင်ရွက်ရာမှာ သီလ သမာဓိ ပညာကိုသာ ငဲ့လေ့ရှိတယ်။ တရားနာတဲ့အခါမှာ အခြားစိတ်တွေ အ၀င်မခံဘူး။ တရားနာရတော့ ၀မ်းသာလို့မဆုံး ပီတိသောမနဿတွေလဲ ဖြစ်လို့မဆုံးဘူးတဲ့။ ဒါ ပုထုဇဉ်နဲ့ မတူတဲ့အချက် (၇)ချက်။ ဒီ(၇)ချက်နဲ့ ကိုက်ညီပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို သောတာပန်ဖြစ်နေပြီလို့ ကောက်ချက်ချလိုက်ပါ။
(မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဟောတရားများမှ ကောက်နုတ်တင်ပြခြင်းသာဖြစ်သည်။)
ဒေါက်တာအရှင်ပါရမီ

No comments:
Post a Comment