Sunday, July 18, 2010

ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ [ဓမ္မစက္က= တရားတော် + ပဝတ္တန=ဖြစ်စေ၊ လည်စေခြင်း]


ဝါဆိုလပြည့်နေ့ဧ။် ထူးခြားချက်များမှာ “သန္ဓေ၊ တောထွက်၊ ဓမ္မစက် ဟောမြွက် သံချို လ၀ါဆို” ဟူသော သံပေါက်လေး အတိုင်း ဂေါတမ မြတ်စွာဘုရား ပဋိသန္ဓေ ယူသော၊ တောထွက်သော၊ ဓမ္မစကြာ တရားဦး ဟောသော လ ဖြစ်ပါသည်။
ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပ ရခြင်းမှာထိုနေ့၌ ဓမ္မစကြာ တရားတော်ကို မြတ်စွာ ဘုရားက ဟောကြား တော်မူသည်ကို အကြောင်းပြု၍ ကျင်းပ ရခြင်း ဖြစ်ပါသည်။
• ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန် တော၌ မဟာ သက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆို လပြည့်နေ့ နေဝင် လထွက် အချိန်၌ ပဉ္ဓဝဂ္ဂီ ငါးဦး တို့အား ဘုရားအဖြစ်ကို ဝန်ခံသော အားဖြင့် ဟောကြား တော်မူ ခဲ့ပါသည်။
• ဓမ္မစကြာတရားတော်သည်ဝိနည်းမဟာဝါ ပါဠိတော်၌ ပဉ္ဓဝဂ္ဂယ ကထာ အမည်ဖြင့် လာရှိပါသည်။ ပဋ္ဋိသမ္ဘိဒါ မဂ္ဂ ပါဠိတော် ၌ “ဓမ္မစက္က ပဝတ္တန ဝါရ” အမည်ဖြင့် လာရှိ ပါသည်။ မဟာဝဂ္ဂ သံယုတ် ပါဠိတော်၌ “ဓမ္မစက္က ပဝတ္တန သုတ္တ” အမည်ဖြင့် လာရှိပါသည်။
• ဓမ္မစက္က ပဝတ္တန ၏ အဓိပ္ပါယ်မှာ-တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော် မူခြင်းဟု အဓိပ္ပါယ် ရပါသည်။[ဓမ္မစက္က= တရားတော် + ပဝတ္တန=ဖြစ်စေ၊ လည်စေခြင်း]
• ဓမ္မစကြာ တရားတော်သည် သစ္စာလေးပါး တရားကို ညွှန်းဆို ဟောကြားသော ဒေသနာတော် ဖြစ်၍ ပိဋ္ဋိကတ်သုံးပုံ၏ ` အနှစ်ချုပ်တရား’ ဟု ဆိုထိုက် ပါသည်။
• ဓမ္မစကြာတရားတော်ကို စိစစ် သုံးသပ် ကြည့်ပါလျှင် လမ်းစဉ်မှား “အစွန်း၂ခု” ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမ ပဋ္ဋိပဒါ လမ်းစဉ်မှန် ကို ကျင့်သုံးရေး တို့ကို ညွှန်ကြား ထားပြီး သစ္စာလေးပါး တရားကို သိမြင် စေရန် ဟောကြား ထားသောကြောင့် ဗုဒ္ဓဝါဒ ၏ တိကျ ခိုင်မာ သော သဘောတရားကို တွေ့မြင် နိုင်ပါသည်။
ဝန်ခံချက်။ ။ ဆရာတော် ဦးပညာသာမိ (မာဂဓီ- သာစည်)၊ နိုင်ငံတော် ပိဋကတ် တိုက်မှူး စီစဉ် ရေးသားသော အခါတော် နေ့များ စာအုပ်မှ ကောက်နှုတ်ပါသည်။
မှတ်ချက်။ http://khunmyahlaing.blogspot.com/2009/07/blog-post.html မှကူးယူတင်ပါသည်။ (read from http://www.buddhafm.net)

No comments:

Post a Comment