Showing posts with label Dharma. Show all posts
Showing posts with label Dharma. Show all posts
Sunday, January 8, 2017
ကိလေသာကို သတ်ခြင်းသည်ကား မဂ်၊
မဂ်ဆိုသည်မှာ သူ့ဆိုင်ရာ ကိလေသာကို သတ်ဖြတ်ချလိုက်ခြင်း၊
ဖိုလ်ဆိုသည်မှာ ရန်ကင်းသဖြင့် အေးချမ်းခြင်း၊
သို့ကြောင့် မဂ်နှင့်ဖိုလ် ထိုနှစ်ခင်းတို့သည်
အကြောင်းခံနှင့် အကျိုးဆက် ခွဲဖျက်မရစကောင်းသော အတွဲများသာ ဖြစ်ကြလေရာ …
မဂ်အစစ်ဟုတ်မဟုတ် မည်သူ့ကိုမျှ မေးကြည့်စရာ မလိုပြီ။
အတုအစစ် ခွဲခြားနည်း မည်သူ့ထံမှလည်း နည်းခံနေစရာ မလိုပြီ။
မဂ်မသိ ဖိုလ်နှင့်ညှိစကားပမာ ချုပ်ပြတ်မှုသိသော အသိ၏နောက်၌ အငြိမ်းဓာတ် အအေးဓာတ်ကြီး လိုက်မလိုက်ဖြင့် ချိန်ကိုက်သိနိုင်သည်။
ကိုယ့်အတွင်းရှိကို ကိုယ်ကိုယ်တိုင် ထိုးထွင်းသိဖြင့် သိနိုင်သော ကိန်းသေနည်းပင်တည်း။
ထိုမဂ်အကြောင်းခံ၏ ဖိုလ်အကျိုးပေး အအေးသည် သင်္ခါရုပေက္ခာရှိသမာဓိပဿဒ္ဓိအေးများထက် အဆများစွာ သာလွန်သည်ကိုလည်း သတိပြုလေဦး။ သို့မဟုတ် ဆောင်းအေးနှင့် ဆောင်းရေသောက်အေး နှစ်တွဲခွဲသိကြည့်လိုက်ပါ…။
ခရီးသွားနှင့် စမ်းရေနှင့်
ထိုဖိုလ်အရသာ၏ အေးမြပုံကို ခံစားလိုက်ရသော ယောဂီ၌ကား …
နွေခေါင်ခေါင် တလင်းပြောင်ပြောင် နေပူကျဲကျဲထဲဝယ် ခရီးခဲတရကြမ်းနှင်လျက်က ရန်သူ့လက်မှ ရုန်းထွက်လာခဲ့ရလေသူတစ်ယောက်ရန်သူနှင့်လည်းဝေး တောအုပ်စမ်းရေအိုင်ဘေးလည်းအရောက် တစ်ဖန် စမ်းချောင်း၏အစပ် စမ်းရေနှင့်မပြတ်ဖြစ်နေသော ရွံ့နွံဖတ်ဖတ် တွေ့လေရာ
က။ ရန်သူ၏ နှိပ်စက်ခံထားရမှုကြောင့် နွမ်းနယ်ခြင်း၊
ခ။ ခရီးခဲလမ်းကြမ်း၏ ညှင်းပန်းခံရမှုကြောင့် ပင်ပန်းခြင်း၊
ဂ။ နေပူလေပူဒဏ် အဖန်ဖန်ခံထားရမှုကြောင့် ညှိုးနွမ်းခြင်း၊
ထိုဒဏ်တို့ကို ပြေပျောက်လိုမှုအား ကြီးလာရကား ထိုစမ်းနွံပေါ်သို့လည်း စိတ်ချလက်ချ ပစ်လှဲထိုင်ချ စမ်းရေအေးအေးလေးကိုလည်း သောက်ချလိုက်သည်ပမာ … သည့်အတူသာလျှင်
ကိလေသာ၏ ဒဏ်၊ ရုပ်နာမ်ဖြစ်ပျက်တို့၏ဒဏ်၊ အတွင်းဓာတ်အချင်းချင်း အာရုံနှင့် အကြည်ဓာတ်အချင်းချင်း စစ်ခင်းကြရာမှဖြစ်သောဒဏ် …
ထိုဒဏ်ဤဒဏ်များ အလူးအလဲခံထားရရှာသော အသိကလေးသည်လည်း မဂ်၏အဆိုက် ဖိုလ်အအေးဓာတ်ကြီးကလည်း လိုက်၍လာချေသောအခါ အငြိမ်းဓာတ် အအေးဓာတ်ကြီးထဲသို့ ခြေစုံပစ်၍ ထိုင်ချလိုက်လေတော့သည်။
ထိုအသိစိတ်နှင့် ထိုအအေးဓာတ် ထပ်မိသွားသောအခါတွင်ကား …
ထိုစိတ်မှတစ်ဆင့် တစ်ကိုယ်လုံးကြီးသို့တိုင်အောင်
ငယ်ထိပ်မှတောက်လျှောက် အောက်သို့လည်း စုန်ဆင်းစေလေပြီ။
ခါးဆစ်ရိုးမှတက် အထက်ထက်သို့လည်း ပျံ့နှံ့စေလေပြီ။
ထိုသို့ခံစားနေရစဉ် ..
ချုပ်ပြတ်မှုကို သိသောအသိကား တစ်စက္ကန့်တစ်ချက်စာမျှသာတည်း၊
အအေးဓာတ် အငြိမ်းဓတ် ခံစားသိအသိကား နှစ်စက္ကန့် သုံးစက္ကန့်မျှအထိတည်း၊
ထိုတွင်
၁။ ချုပ်ပြတ်မှုကား နိရောဓ သို့မဟုတ် နိဗ္ဗာန်တည်း၊
၂။ ချုပ်ပြတ်မှုအပေါ် သိခြင်းကား မဂ်ဉာဏ်တည်း၊
၃။ ချုပ်ပြတ်မှု၏ အငြိမ်းဓာတ်ကို ခံစားနေခြင်းကား ဖိုလ်ဉာဏ်တည်း။
စိတ်မည်းမပြူ အဖြူချည်းသက်သက်ဖြစ်ရကား အဖြူစင်ဆုံး အတောက်ပဆုံး၊ ညစ်ကြေးမတင် ပကတိဖြူစင်လျက်ရှိသေးသော တွင်းထွက်ရွှေ၊ တွင်းထွက်ငွေသားများပမာသာ။
သို့မဟုတ်
ပန်းထိမ်ဆရာသည် ရွှေမှ အညစ်အကြေးများကို သန့်စင်ကာ လက်ရာမြောက်စွာ ရတနာအဖြစ် ထုလုပ်ပြီး မှန်လုံခန်းကြီးထဲ ထည့်ပြထားသည့်ပမာတည်း။
ညစ်ကြေးမတင် ပကတိစင်ကြယ်နေသော နှလုံးသာအကြားမှ ဖြစ်ပေါ်လာသည့် ထို စိတ်တန်ခိုး စိတ်သတ္တိများ၏ အရောင်ကား ဘယ်အရာနှင့်မျှ နှိုင်းယှဉ်၍ မရစကောင်းပြီ။
အသစ်တည်ပြီးစ တိုက်အိမ် တိုက်ခန်းလေးတစ်ခု
ထိုဖိုလ်စိတ်များ ဖြစ်ပွားပြီးနောက်
စိတ်သည် မိမိရှုလက်စ ရုပ်နာမ်ဖြစ်ပျက်ကိုသာ ကောက်ကိုင်ရတော့၏ ။
ထိုသို့သာ ကောက်ကိုင်လိုက်ရသော်လည်း
ဖိုလ်ဇောကျရာရှိ စေတနာ၏ စေ့ဆော်အားသည် အလွန် အင်အားကြီးမားသည်ကတစ်ကြောင်း မည်သည့်ကမ္ဘာ မည်သည့်သံသရာ မည်သည့်ဘ၀မှာမှ မရဖူး၊ မတွေ့ဖူးခဲ့သော အတွေ့အထိကြီး ဖြစ်နေသည်က တစ်ကြောင်းများကြောင့် စိတ်သည် ဖိုလ်ဇောကျရာ အတိတ်အာရုံဆီသို့သာ ပြေးသွားချေတော့သည်။
ဖိုလ်စိတ်ကျစဉ်တုန်းက ခံစားခဲ့ရပုံများကိုသာ တသသ သတိရနေချေတော့သည်။
၎င်းကိုကား ပစ္စ၀က္ခဏဉာဏ်ဟူ၍ ခေါ်ဆိုရချေ၏ ။
သို့မဟုတ်
ရပြီးဖိုလ်ချမ်းသာကို ပြန်လည်ခံစာနေပါသည်ဟု၏ ။
၎င်းပုဂ္ဂိုလ်ကို ဖလသမာပတ် ၀င်စားနေသောသူဟူ၍ ခေါ်ဆိုရပါ၏ ။
စိတ်ဖြူစင်မှုဖြင့် ထိုသို့ခံစားနေစဉ် …
စိတ်သည် တွေးစိတ်လည်းမသွင်း ပြေးစိတ်လည်း မပင်းဘဲ အလွန်ရှင်းလင်းသောအမြင်ဖြင့် အထူးကြည်လင်လျက်က တည်၏။
ဆောက်ပြီးစ တိုက်သစ်တစ်ခု၏ အတွင်းခန်းထဲဝယ်
တစ်ယောက်ထီးတည်း အေးချမ်းငြိမ်သက်စွာ ထိုင်နေရသည့်ပမာ အရှုပ်အထွေး ကင်းရှင်းစွာ ပကတိအသိ ပကတိအကြည့်ဖြင့် အမြင်ကြည်လျက်ပင် ရှိချေ၏ ။
ထို ဖိုလ်ချမ်းသာ ခံစားရမှုကား အာရုံပေါ်တိုင်းလည်း ဖြစ်ပွားနေတတ်လှ၏ ။ ကိုယ်ဝင်ချင်သလိုဝင်၍ရသော ကိုယ်ပိုင်အိမ်ကဲ့သို့ပင်ဖြစ်၏ ။
ဖိုလ်ဇောကျစဉ် အားကြီးမှုစိတ်စဉ်သို့လိုက်၍
အချို့ကား ရှုပွားနေကျ ဖြစ်ပျက် ရှုလျက်ကပင် ဖိုလ်ဇောဆီသို့ ထိုးဝင်ပြေး၏ ။
အချို့ကား ဖလသမာပတ် ၀င်စားလိုချိန် အာရုံပြုသည်နှင့် အဆင့်ဆင့် ကူးဝင်၏ ။
ရပြီး ဖိုလ်ချမ်းသာကိုချည်း ထိုသို့ တရစ်ဝဲ၀ဲခံစားနေခြင်းသည်ကား ရှေ့ခရီးဆက် တစ်ကွေ့ထွက်ရန်၏ အဟန့်အတားဆိုသည်ကိုလည်း သတိ ရှိပါလေ။
ရပြီး ဖိုလ်ချမ်းသာကိုချည်း ထိုသို့ အလယ်ကွက်ကွက် အတွေ့ဖက်နေခြင်းသည်ကား ရောင်းရာဝယ်ရာတို့မှ အမြတ်ထွက်လာသောငွေကို အခါခါထုတ် ရေတွက်နေပုံမျိုး ဆိုသည်ကိုလည်း သတိရှိပါလေ။
အသစ်လာလျှင် အဟောင်းကွာရန်ကြိုးစားပါ
အကယ်လို့
သင်သည် ရှေ့ခရီးအထွက် ဆက်ချင်ခဲ့သော်
ရပြီးဖိုလ်ချမ်းသာသို့ စိတ်မရောက်စေရန် အဓိဋ္ဌာန်ဖြင့် ဖြတ်တောက်ချအပ်၏ ။
ဤနေရာသည် ငါ့အတွက် ဘေးရန်မကင်းသေးပြီ ။
ဝိသာခါမ လင်တော်ကိုပုည၏ အသုံးတော်ခံဘ၀မှ မထရသေးသည်ကို အောက်မေ့ရာ၏ ။
ဝိသာခါမ အတွင်းရှိ ရာဂသွေး ဒေါသသွေးတို့က ကလိခံနေရသည်ကို သတိရှိရာ၏ ။
သောတာပန် အနာထပိဏ်ဘ၀ မယားပုညလက္ခဏ၏ လက်မှ မထွက်သေးသည်ကို အမှတ်ရရာ၏ ။
အနာထပိဏ်၏ဘ၀ မယားကိစ္စသားကိစ္စ လက်မှမချရသေးသည်ကိုလည်း အမှတ်ရရာ၏ ။
ငါသည် လေးဘက်သွားမှလွတ်သော်လည်း နှပ်မစင်သေး၊
ငါသည် နှပ်ပင်စင်သော်မှလည်း သင်္ခါရ၏ ပြုပြင်မှုအောက်က မလွတ်မြောက်သေး။
ဤသို့သော(သူ့ဖိုလ်ချမ်းသာ၌ အမုန်းဝင်စေသော) ဆင်ခြင်ဉာဏ်တို့ဖြင့် ဖြတ်တောက်အပ်၏ ။
ဖြတ်တောက်တတ်ပါမှလည်း ရှေ့ခရီးဆက်၍ ရ၏ ။ မိမိရှိ ရုပ်နာမ်ဖြစ်ပျက်သို့ ယခင်ရှုနေကျအတိုင်း ရှုမှတ်ခြင်းဖြင့်သာ အဆင့်တက်ရပါသည်ကို အားကိုးတတ်ပါမှလည်း ရှေ့ခရီး ဆက်၍ ရ၏ ။
ထိုသို့မဟုတ်ပါက
မတွေ့စဖူး အတွေ့ထူးကြီး ဖြစ်နေ၍ ငြိတွယ်နေသည်က တစ်ကြောင်း၊
ကမ္ဘာ့ကမ္ဘာ သာသနာနှင့် ကြုံတိုင်း တောင့်တခဲ့သည်ကို ရနေသည်က တစ်ကြောင်း၊
ကာမအရသာထက်ကောင်းသော ဓမ္မအရသာ၌ ခံကောင်း ကောင်းနေသည်က တစ်ကြောင်း၊
ထိုအကြောင်းကြောင်းသော အကြောင်းကြောင်းတို့ကြောင့် လမ်းကြောင်း ထစ်ငေါ့နေတတ်လှချေသည်။
ငါတို့ခေတ် တစ်မဂ်မှ တစ်မဂ်သို့ မကူးဆက်နိုင်ခြင်းသည်
ယင်းအကြောင်းခံတရားများကြောင့်ဆိုက မမှားတန်ရာပြီ။
မယားငြိ သားငြိကမှ တရားမမိသည်မဟုတ်၊
တရားအငြိကလည်း တရားမမိသည်ကို သက်သေထူနေခြင်းတည်း ။
ဤသို့ ငြိကပ်နေခြင်းကပင် မိမိ၌ ကိလေသာအား ကြီးလှပါကြောင်း ၀န်ခံချက်ပေးခြင်း မဟုတ်လော။
ခရီးမဆုံးမီ ခါးတောင်းကျိုက် မဖြုတ်လေနှင့်ဦး
စိတ်ဓာတ်မည်းသူ ဖြူလိုမူ တူရှုခရီးဆက် ၊
ဤသို့ ဆိုအပ်ခဲ့ပြီးသော အစီရင်ဖြင့်ပင် သစိတ္တ ပရိယောဒါပနံအရ စိတ်ဓာတ်ဖြူစင်ပုံ အခြင်းအရာ ရိပ်မိနိုင်လောက်ရာ၏ ။
ထို့ထက်ဆက်၍ ဖြူစင်လိုပါသော်ကား…
တစ်မဂ်မှတစ်မဂ်သို့ တက်၍တက်၍သော်လည်းကောင်း၊
တစ်ဖိုလ်မှတစ်ဖိုလ်သို့ ထွက်၍ထွက်၍သော်လည်းကောင်း၊
ဖြူစင်သည်ထက် ဖြူစင်စွာ ကြိုးစားကြကုန်ရာ၏ ။
တစ်မဂ်မှ တစ်မဂ်သို့ တက်ကြရာတွင်
သင့်မှတ်ချက်တစ်ချက်လျှင် အမည်း တစ်စက်တစ်စက်ပျောက် အဖြူတစ်ချက်တစ်ချက်တောက်စေ၏ ။
မဂ်ကျ ဖိုလ်ဝင် အရိယာဇာတ်ဝင်ပြီး သူတစ်ဦး၏ လက်ဝယ်ရှိ ရှုမှတ်ချက်တစ်ချက်ဟူသော မဂ္ဂအရာသည် ငွေစင်တစ်မတ်ပမာ ကြေးစွာ၏။ အစစွာသော ၀ိပဿနာရှင်လက်ဝယ်ရှိ မှတ်အားကဲ့သို့ ငါးပြားတစ်စေ့ မဟုတ်တော့ပြီ။
တစ်မဂ်တစ်မဂ်သို့ ခရီးပေါက်သွားလျှင်ကား အဖြူတစ်ချက်အတောက် အမည်းလည်း တစ်ကွက် အသက်ပျောက်စေ၏။
မဂ်ကျဖိုလ်ဝင်စဉ်ရှိ အရိယာဇာတ်သားတစ်ဦး၏ ရှုမှတ်ချက်ဟူသော မဂ်အရာသည်ကား ငွေစင်တစ်ကျပ်ပမာ ကြေးစွာ၏။ မဂ္ဂင်အရာရှိမှတ်အားကဲ့သို့ မတ်စေ့တစ်စေ့ မဟုတ်တော့ပြီး။
က။ အစစွာသော ၀ိပဿနာရှင်၏ မှတ်ချက်တစ်ချက်သည် မဂ္ဂင်အရာဝင်ရာ၏ အခြေခံမျှသာဆိုသည်ကို သတိရှိရာ၏ ။
ခ။ အရိယာဇာတ်သား၏ မှတ်ချက်တစ်ချက်သည် မဂ်ဝင်ရာ၏ မဂ္ဂင်အရာဆိုသည်ကို သတိရှိရာ၏ ။
ဂ။ မဂ်ကျဆဲကာလ၏ မှတ်ချက်တစ်ချက်သည်ကား ရှေ့မဂ်သွားရာ ဖ၀ါး နောက်မဂ် အထပ်ထားသောမဂ်အရာ၏ မဂ်ဆိုသည်ကို သတိရှိရာ၏ ။
ထိုသို့ ပျောက်သော အစက်အကွက်တို့ ကုန်ခန်းသော်
ပေါက်သောအဖြူ ချက်တို့ချည်း အာရုံတိုင်း၏ နေရာအပြည့်လင်းမည်ကိုလည်း တစ်ထစ်ချ ယုံကြည်အပ်၏ ။
သစိတ္တပရိယောဒါပနံ၏ စိတ်အဖြူစင်ဆုံးကာလသည်
အရဟတ္တမဂ်ဖြင့် ကိလေသာအားလုံးကို အကြွင်းမဲ့ လက်ကျန်မရှိ ပယ်ဖက်ပြီးသော အရိယာအရှင်သခင်ကြီးများ၏ အရိုက်အရာခံချိန်ကာလပင်တည်း။
ထိုအချိန်မျိုးနှင့် ထိုအချိန်မျိုး၏ နောက်ပိုင်းရှိ စိတ်တော်များသည်
အသိရှိနေသည့်အလျောက် မသိမရှိပြီ ။
မသိမရှိတော့သည့်အလျောက် အသိရှိနေပြီ ။
သို့ကြောင့်
မသိရာမှဖြစ်သော ပူပန်နောက်ကျုခြင်း ဥဒ္ဓစ္စ ကုက္ကစ္စများ မလာပြီ။
မသိရာမှဖြစ်သော မြတ်နိုးတက်ကြွ မာန်ထခြင်းမာန ကင်းပပြီ။
မသိရာမှဖြစ်သော စိတ်မခန့် ကိုယ်မကြံ့မှု ထိနမိဒ္ဓများလည်း ဖယ်ရှားသွားပြီ။
ချစ်မုန်းနှစ်ပါး ငါစွဲများနှင့် ကျန်အယုတ်တရားများ ယခင်ကပင် ရှောင်ရှားသွားပြီ ။
ထိုစိတ်မျိုးမှမဖြူ မည်သည့်စိတ် ဖြူမည်နည်း။
သို့ပါသောကြောင့် သစိတ္တပရိယောဒါပနံဟူ၍ ဘုရားရှင်တိုင်း၏ အဆုံးအမကို လိုက်နာလိုကြပါကုန်သော အရိယာလောင်းလျာ သူတော်စွာတို့သည် ထို အရဟတ္တဖိုလ်သို့အရောက် ခရီးပေါက်အောင် တောက်လျှောက်သွားကြပါလေကုန် …
ရွှေကျောင်းကုန်းဆရာတော်(မဟာဗောဓိမြိုင်ဆရာတော်) ၀န၀ါသီဉေယျဓမ္မသာမိထေရ် ၏ ဓမ္မောဝါဒကထာ မှ ကောက်နှုတ်ပူဇော်ပါသည်။
http://348dhamma.blogspot.com/2012/12/blog-post_31.html?m=1
Friday, December 30, 2016
အံ့ဖွယ်ရှစ်ဖြာ သာသနာ
သာသနာ့အံ့ဖွယ်(၈)ဖြာ
အရှင်ကေ၀လ(အလင်းစက်)
{B.A-Eng, M.A-Sri Lanka}
မကုဋာရာမမြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊ (14/04/2013)
“အံ့ဖွယ်ရှစ်ဖြာ သာသနာ”ကဗျာကို တင်ပြလိုက်ရပါသည်၊၊
“အစဉ်နက်ဝှန်း၊
ကမ်းကိုမလွန်၊
ရွံဖွယ်ဆယ်ပစ်၊
တစ်မည်ဖြစ်ခြင်း၊
မယွင်းမတိုး၊
ဆယ်မျိုးရတနာ၊
ရသာဆားတူ၊
ကြီးသူနေရာ၊ အံ့ရှစ်ဖြာတည်း၊၊”
“အစဉ်နက်ဝှန်း”
သာသနာတော်သည် သီလ၊ သမာဓိ၊ ပညာ၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ဟူ၍ အစဉ်အတိုင်းကျင့်စဉ်နှင့်၊ ပန်းတိုင် များသည်အစဉ်အတိုင်း ထူးခြားနက်နဲပါသည်၊၊
“ကမ်းကိုမလွန်”
သာသနာတော်တွင် လူသားများအတွက် ကျင့်ဝတ်စည်းကမ်းများ၊ သံဃာတော်များအတွက် ကျင့်ဝတ် စည်းကမ်းများဟူ၍ များစွာပင်တိကျစွာတည်ရှိပါသည်၊၊ သာသနာတော်အတွင်းတွင် လူနှင့်သံဃာတို့သည် ကျင့်ဝတ်များကိုဖောက်ဖြက်ခြင်း မပြုရပါ၊၊
“ရွံဖွယ်ဆယ်ပြစ်”
အကယ်၍ သာသနာတော်အတွင်းမှ လူတစ်ယောက်၊ သို့မဟုတ်-ရဟန်းသံဃာတစ်ပါးသည် ဗုဒ္ဓရှင် တော်ချမှတ်ထားသည့် ကျင့်ဝတ်စည်းကမ်းကို ဖောက်ဖျက်ခဲ့သည်ရှိသော် ဗုဒ္ဓဘာသာကိုယ်ကျင့်တရား ပျက်ယွင်းသူအဖြစ်သို့ ရောက်ရပါသည်၊၊
ထိုသူမျိုးကို “ရွံမုန်းဖွယ်ကောင်းသူ”ဟု သတ်မှတ်ပါသည်၊၊ မတင့်တယ်သည့် စည်းကမ်းဖောက်ဖျက်သူ သည် တစ်နည်းနည်းဖြင့်သာသနာမှ အဝေးသို့လွင့်စင်ရပါတော့သည်၊၊ ဆိုလိုသည်မှာ စည်းပျက်သူတို့ သွားရလေ့ရှိသည့် လက်ရှိဘ၀ဆင်းရဲဘေးနှင့်၊ သံသရာဘ၀အပါယ်ဘေးများသို့ လွင့်စင်ကျရောက် ရခြင်း ဖြစ်ပါသည်၊၊
“တစ်မည်ဖြစ်ခြင်း”
မြတ်စွာဘုရားရှင်၏ သာသနာတော်အတွင်းသို့ မျိုးနွယ်အမျိုးမျိုးမှလူတို့သည် ကိုးကွယ်ဆည်းကပ်လာ လေ့ရှိကြသော်လည်း၊ သာသနာတော်အတွင်းသို့ရောက်သောအခါ “သကျပုတ္တ=ဘုရားရှင်၏သား တော်/သမီးတော်”ဟူ၍သာလျင် နာမည်တစ်မျိုးတည်းသာ ခံယူကြရပါသည်၊၊
“မယွင်း၊ မတိုး”
နိဗ္ဗာန်ချမ်းသာသို့ ကိုယ်ကျင့်တရားကောင်းသူများစွာ ရောက်ရှိကြသဖြင့်၊ နိဗ္ဗာန်ချမ်းသာတွင် နေရာ ပြည့်သွားခြင်းနှင့်၊ လူတို့ကိုယ်ကျင့်တရား ဖောက်ဖျက်ကြသဖြင့် နိဗ္ဗာန်ချမ်းသာသို့ရောက်နိုင်သူနည်းပါးပြီး၊ နိဗ္ဗာန်ချမ်းသာတွင် ခြောက်ကပ်နေခြင်းဟူ၍ မရှိပါ၊၊ နိဗ္ဗာန်ချမ်းသာသည် အမြဲသာယာစိုပြေ နေပြီး၊ အေးချမ်းနေသည့်ချမ်းသာအစစ်တည်ရှိရာ ဖြစ်နေပါသည်၊၊
“ဆယ်မျိုးရတနာ”
မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီးတွင် မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ်ဟူသော ရတနာဆယ်မျိုးတို့ဖြင့် ပြည့်နေပါသည်၊၊ ဆည်းကပ်ကိုးကွယ်သူများအားလုံးကို ရတနာဆယ်မျိုးတို့ ဖြင့် လူချမ်းသာများအဆင့်သို့ ရောက်ရှိစေပါသည်၊၊
“ရသာ ဆားတူ”
မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်တွင် ပန်းတိုင်တစ်ခုတည်းသာ ရှိပါသည်၊၊ လွတ်ငြိမ်းသည့် ချမ်းသာဖြစ်ပါသည်၊၊ ချမ်းသာအမျိုးမျိုးတွင် အစစ်မှန်ဆုံးသော ချမ်းသာစစ်ဖြစ်ပါသည်၊၊ ဗုဒ္ဓဘာသာဝင်တို့ ခံစားရသည့်နောက်ဆုံးအရသာသည် “လွတ်မြောက်မှုအရသာ”တစ်ခုတည်းသာ ဖြစ်ပါသည်၊၊
“ကြီးသူနေရာ”
မြတ်စွာဘုရားရှင် တည်ထောင်တော်မူသည့် သာသနာတော်သည် အမျိုးယုတ်ညံ့သူတို့ နေခွင့်ရှိသည့်နေရာ မဟုတ်ပါပေ၊၊ ဘုန်းကံမြင့်သူတို့သာ ကိုးကွယ်ဆည်းကပ်ခွင့်ရသည့် သာသနာတော်ဖြစ်ပါသည်၊၊ ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်နေသူများသည် ပါရမီရှိကြသည့် ဘုန်းကံမြင့်မားသူများသာ ဖြစ်ပါသည်၊၊
http://ko-thitsar.blogspot.com/2013/04/blog-post.html?m=1
Saturday, December 24, 2016
ကံအမျိုးမျိုး - အကျိုးပေးရာကာလအရ ကံကို လေးမျိုးခွဲ
အကျိုးပေးရာကာလအရ ကံကို လေးမျိုးခွဲထားသည်။ (၎င်းတို့မှာ - ) ယခုဘဝမှာပင် အကျိုးပေးတတ်သည့်ကံ (Kamma that ripens in the same lifetime)။ နောင်ဘဝတွင် အကျိုးပေးတတ်သည့်ကံ (Kamma that ripens in the next life) နှင့်၊ ဘဝအဆက်ဆက် အကျိုးပေးတတ်သည့်ကံ (Kamma that ripens in successive births) တို့ဖြစ်သည်။ ဤကံသုံးမျိုးတို့သည် အစေ့မှ အညှောက်ထွက်သကဲ့သို့ အကျိုးပေးရန် သေချာသည်။ သို့သော်လည်း အစေ့ကလေး အညှောက်ပေါက်ဖို့ရာ မြေဆီလွှာ၊ မိုးစသည်တို့ကဲ့သို့သော အခြားသော အကြောင်းအထောက်အပံ့များ လိုအပ် သည်။ အလားတူပင် ကံ အကျိုးပေးရန် အခြေအနေ၊ ပတ်ဝန်းကျင် စသည်တို့ကဲ့သို့သော အကူဖြစ်သည့် အကြောင်းအထောက် အပံ့များ လိုအပ်ပါသည်။ တစ်ခါတစ်ရံတွင်မူ ဤကဲ့သို့သော အကူအထောက်အပံ့ အကြောင်းများ လိုအပ်သည့်အတွက် ကံက မည်သည့် အကျိုးမျှ မပေးသည်လည်း ရှိတတ်ပါသေးသည်။ ဤကဲ့သို့သော အကျိုးမပေးသည့်ကံကို (၄) “အဟောသိကံ” “အကျိုးမပေးသည့်ကံ” ဟု ခေါ်ပါသည်။
ကိစ္စ အလုပ်လုပ်ပုံအားဖြင့် ကံကို (နည်းတစ်မျိုးဖြင့်) လေးမျိုးခွဲပြပြန်သည်။ ကံလေးမျိုးသည် -
၁။ ဇနကကံ (Regenerative Kamma) - ပဋိသန္ဓေကျိုး (ဘဝအစ)ကို ဖြစ်စေတတ် ပေးတတ်သောကံ၊
၂။ ဥပတ္ထမ္ဘကကံ (Supportive Kamma) - ရှိပြီးသာကံ၏အကျိုပေးမှု (ဇနကကံနှင့် ၎င်း၏ အကျိုးပေးမှု)ကို ထောက်ပံ့ ကူညီမှုပေးတတ်၊ တည်တံ့စေတတ်သောကံ၊
၃။ ဥပပီဠကကံ (Counteractive Kamma) - ပြန်လည်အကျိုးပေးတတ်သောကံ၏ အကျိုးပေးမှုကို အကျိုးပေး ခွင့် မရအောင် ဖိနှိပ်တတ် ချယ်လှယ်တတ်သော သို့မဟုတ် (အကျိုးပေးမသန်အောင်) ပြုပြင်တတ်သောကံ၊
၎။ ဥပဃာတကကံ (Destructive Kamma) - ရှိပြီး (အကျိုးပေးပြီး)ကံ၏ စွမ်းအင်သတ္တိများကို ဖျက်ဆီးပြီး မိမိ ကိုယ်တိုင်၏ အကျိုးပေးမှုများဖြင့် အစားထိုး အကျိုးပေးတတ်သောကံ။
(ပဋိသန္ဓေ) အကျိုးပေးဖို့ရာ ဦးစားပေးမှု (အလှည့်အကြိမ်) အရ နောက်ထပ် ကံအမျိုးအစား ခွဲထားမှု ရှိပြန်သေးသည်။ (၎င်းတို့မှာ - )
၁။ ဂရုကကံ (Serious or Weighty Kamma) - ယခုဘဝ သို့မဟုတ် နောင်(ဒုတိယ) ဘဝတွင် အကျိုးပေးသည့်ကံ။ ဤကံ၏ ကောင်းမြတ်သောဖက်မှ ကြည့်သော် (မဟဂ္ဂုတ် ဈာန်တရားသည် ဂရုကကံ ဖြစ်သည်။ အကြောင်းမှာ ဈာန်မဟုတ် သော ကုသိုလ်ကံများထက် အကျိုးပေးမြန်လှသောကြောင့်ပင်။ အဆိုးဖက်တွင်မူ အာနန္တရိယကံ (ဒုတိယဘဝတွင် အကျိုးပေး လေ့ရှိသောကံ) ငါးမျိုးသည် ကရုကကံ ဖြစ်သည်။ ၎င်းတို့မှာ အမိ သတ်ခြင်း၊ အဖသတ်ခြင်း၊ ရဟန္တာကိုသတ်ခြင်း၊ ဘုရား ရှင်ကို သွေးထွက်အောင် လုပ်ခြင်းနှင့် သံဃာ အချင်းချင်း ကွဲအောင်ပြုလုပ်ခြင်းတို့ဖြစ်ပါသည်။
အာသန္နကံ (Death-proximate Kamma) ဆိုသည်မှာ သေခါနီးအချိန်၌ ကိုယ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ ပြုလုပ်သော ကံဖြစ်သည်။ စိတ်ဖြင့်ပြုသည်ဟူသည် မိမိ၏ ရှေးကပြုလုပ်ခဲ့သော ကောင်းသောအလုပ် မကောင်းသောအလုပ် (ကောင်းကံ၊ မကောင်းကံ)များကို တွေးမိ သတိယမိခြင်း၊ ကောင်း မကောင်းသော အတွေး၊ စိတ်များရှိခြင်းကို ဆိုလိုသည်။ မိမိ၌ ဂရုကကံ မရှိခဲ့သော် ဤအာသန္နကံသည်ပင် ပဋိသန္ဓေကျိုးကို ပေးပါသည်။
အာစိဏ္ဏကံ(Habitual Kamma) ဆိုတာ မိမိ အမြဲမပြတ်ပြုလုပ်နေတဲ့ ကံကို ခေါ်တာပါ။ အာသန္နကံ မရှိရင်တော့ ဒီကံကပဲ အကျိုးဝင်ပေးပြီး နောက်ဘဝကို ဖန်တီးပေးတော့တာပဲ။
ကဋတ္တာကံ (Reserved Kamma) ဆိုတာ ဦးစားပေး အကျိုးပေးမှုကံတွေထဲမှာ နောက်ဆုံးကံပါ။ မည်သည့် သတ္တဝါကမျှ ဒီကံကို မျှော်လင့်မထားပါဘူး။ အကျိုးပေးဖို့ အာစိဏ္ဏကံမရှိဘူးဆိုရင် ဒီကံက ပဋိသန္နေကျိုးကို (နောက်ဘဝကို) ဖြစ်စေတော့ ပေးတော့တာပါပဲ။
(ရှေးရှေးဘဝတို့၌ ပြုအပ်ပြီးသော စေတနာနှင့် ယခုဘဝတွင် ဂရုက အာသန္န အာစိဏ္ဏအခြေအနေသို့ မရောက် တတ်ဘဲ အမှတ်တမဲ့ သာမန်မျှ ပြုအပ်သောကံများကို “ကဋတ္တာကံ“လို့ခေါ်ကြောင်း ဆရာတော် အရှင် ဇနကာဘိဝံသရဲ့ “သင်္ဂြိုဟ် ဘာသာဋီကာ၊ စာမျက်နှာ ၃၄၃၊ နယူးဘားမားအော့(ဖ်)ဆက် ပိဋကပုံနှိပ်တိုက်၊ ဧကာဒသမအကြိမ်” မှာ ရှင်းပြထားပါတယ်လို့ ဘာသာပြန်သူက ဖြည့်စွက် ဖော်ပြလိုက်ပါတယ်)။
အကျိုးပေးတဲ့နေရာကိုလိုက်ပြီး နောက်တမျိုးတစား ခွဲခြားထားပြန်သေးတယ်။ အဲဒီကံတို့ရဲ့အမည်တွေကတော့ -
၁။ အပါယ်ဘုံမှာ အကျိုးပေးတဲ့ အကုသိုလ်ကံ၊
၂။ ကာမသုဂတိဘုံမှာ အကျိုးပေးတဲ့ ကုသိုလ်ကံ၊
၃။ ရူပဘုံမှာ အကျိုးပေးတဲ့ ကုသိုလ်ကံ၊
၎။ အရူပဘုံမှာ အကျိုးပေးတဲ့ ကုသိုလ်ကံ တို့ဖြစ်ပါတယ်။
၁။ အကုသိုလ်ကံတို့သည် လောဘ၊ ဒေါသနှင့် မောဟတရားကြောင့် ဖြစ်ရသည်။ အကုသိုလ်ကံ ဆယ်မျိုး ရှိပါတယ်။ အဲဒါတွေ ကတော့ - အသက်သတ်ခြင်း၊ ခိုးယူခြင်း၊ မမြတ်သောကာမသွားလာခြင်း၊ (ဤသုံးမျိုးသည် ကာယကံ မည်ပါသည်။)၊ လိမ်ညာခြင်း၊ ဂုံးတိုက်ခြင်း (သွေးခွဲ ရန်တိုက်ခြင်း)၊ နာခံခက်သည့် စကားကို ပြောခြင်း၊ အနှစ်ကင်းမဲ့ ပေါ့ပျက်ပျက်စကားမျိုးကို ပြောခြင်း။ (ဤလေးမျိုးသည် ဝစီကံကြောင့် ဖြစ်၏။)၊ သူတစ်ပါး စည်းစိမ်ကို လိုချင်ရချင်မှု(အဘိဇ္ဈာ)၊ သူတစ်ပါးကို သေကျေ ပျက်စီးစေလိုသည့် ဒေါသကြမ်း (ဗျာပါဒ)နှင့် အမြင်မှား အယူအဆမှား (မိစ္ဆာဒိဋ္ဌိ) (ဤသုံးမျိုး သည် မနောကံ)တို့ပဲ ဖြစ်ပါ တယ်။
ဤဆယ်မျိုးတွင် - သတ်ခြင်းဆိုသည်မှာ တိရစ္ဆာန်မျိုးစုံ အပါအဝင် သက်ရှိသတ္တဝါကို သတ်ခြင်းကို ဆိုလိုတာပါ။ အင်္ဂါငါးမျိုးနှင့် ပြည့်စုံမှ ဒီကံမြောက် (သတ်မှုမြောက်)တာပါ။ ၎င်းတို့ကတော့ - သတ္တဝါဖြစ်ခြင်း၊ သတ္တဝါလို့ သိခြင်း၊ သတ်လို သေစေလို သော စေတနာရှိခြင်း၊ အားထုပ်ခြင်း (သတ်ခြင်း)နှင့် သတ်လို့သေခြင်း တို့ဖြစ်ပါတယ်။ အသက်သတ်ခြင်းရဲ့ မကောင်းကျိုးတွေ ကတော့ အသက်တိုခြင်း၊ ရောဂါများခြင်း၊ ချစ်ရမြတ်နိုးရသူနှင့် ခွဲခွါရခြင်းကြောင့် အမြဲ သောကရောက်ရခြင်းနှင့် အမြဲ ကြောက် ရွံ့ရခြင်းတို့ ဖြစ်ပါတယ်။
ခိုးမှုမြောက်ဖို့ကတော့ အင်္ဂါငါးမျိုးလိုအပ်ပြီး အဲဒါတွေကတော့ - သူတစ်ပါးပစ္စည်းဖြစ်ခြင်း၊ သူတစ်ပါးရဲ့ ပစ္စည်းလို့ သိခြင်း၊ ခိုးယူလိုစိတ်ရှိခြင်း၊ ခိုးယူခြင်းနှင့် ထားတဲ့နေရာမှ ရွေ့ခြင်းတို့ဖြစ်ပါတယ်။ ခိုးခြင်းရဲ့ အကျိုးတွေကတော့ ဆင်းရဲမွဲတေခြင်း၊ စိတ်ဆင်းရဲရခြင်း၊ လိုတာမရရှိ မပြည့်စုံခြင်း၊ သူတစ်ပါးကို မှီခိုကပ်ရပ်နေရတတ်ခြင်းတို့ ဖြစ်ပါတယ်။
မမြတ်သော ကာမသွားလာခြင်းကံမြောက်ဖို့ရာ လိုအပ်တဲ့ အင်္ဂါလေးရပ်ရှိပြီး အဲဒီ အင်္ဂါတွေကတော့ တားမြစ်(စောင့်ရှောက်) ထားတဲ့သူဖြစ်ခြင်း၊ သွားလာ (လွန်ကျူး)ဖို့ အားထုပ်ခြင်း၊ ရအောင် ကြံစည်လှည့်လည် ပရိယာယ်ဆင်ခြင်းနှင့် ပိုင်ဆိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ မမြတ်သော ကာမသွားလာခြင်းရဲ့ ဆိုးကျိုးတွေကတော့ ရန်သူများခြင်း၊ ရယူပိုင်ဆိုင်လိုသည့် ဇနီးကို မရခြင်း၊ မိန်းမဖြစ်ရခြင်းနှင့် မိန်းမစိုး (eunuch) ဖြစ်ရခြင်းတို့ပါပဲ။
မုသာဝါဒကံမြောက်ဖို့ရာ လိုအပ်တဲ့ အင်္ဂါလေးရပ်ကတော့ - မဟုတ်မမှန်ခြင်း၊ လိမ်လည် လှည့်ဖြားလိုစိတ်ရှိခြင်း၊ လိမ်ခြင်းနှင့် လိမ်သည့်အတိုင်း သိခြင်း (ယုံခြင်း) တို့ဖြစ်ပြီး၊ ဆိုးကျိုးတွေကတော့ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုခံရခြင်း၊ သွားပုပ်လေလွင့် (အမနာပ) အပြောခံရခြင်း၊ ယုံကြည်မှု မခံရခြင်းနှင့် ခံတွင်းနံ့ နံခြင်းတို့ ဖြစ်သည်။
ဂုံးတိုက်ခြင်း (သွေးခွဲ ရန်တိုက်ခြင်း) ကံမြောက်ဖို့ရာလည်း အင်္ဂါလေးရပ် လိုအပ်ပြီး အဲဒါတွေကတော့ ခွဲရမည့်သူများ ရှိခြင်း၊ သွေးခွဲလိုစိတ်ရှိခြင်း၊ သွေးခွဲဖို့လုပ်ခြင်းနှင့် ပြောဆိုခံရသူ (သွေးခွဲခံရသူ)က သိခြင်းတို့ ဖြစ်ပါသည်။ ဤကံ၏ အကျိုးကတော့ လုံလောက်သော အကြောင်းတစ်စုံတစ်ရာ မရှိပဲ မိတ်ပျက်ရခြင်းပင် ဖြစ်သည်။
နာခံခက်သည့် စကားကို ပြောခြင်း (ဆဲရေးတိုင်းထွာခြင်း) ကံမြောက်ဖို့ရာ လိုအပ်သည့် အင်္ဂါသုံရပ်မှာ - ဆဲရေးတိုင်းထွာ ရမည့်သူ၊ စိတ်ဆိုးဒေါသထွက်ခြင်းနှင့် ဆဲရေးတိုင်းထွာသည့် စကားတို့ကို ပြောဆိုခြင်းတို့ ဖြစ်သည်။ ဒီကံရဲ့ အကျိုးတွေကတော့ အပြစ်မရှိသော်လည်း အမုန်းခံရခြင်းတတ်ခြင်းနှင့် အသံဆိုးခြင်းတို့ ဖြစ်သည်။
အကျိုးမပြီး အချီးနှီးသောစကားကို ပြောဆိုခြင်းကံမြောက်ရန် အချက်နှစ်ရပ်လိုအပ်ပြီး ၎င်းတို့ကတော့ အနှစ်ကင်းမဲ့ပေါ့ပျက်ပျက် စကားမျိုးကို ပြောလိုစိတ်ရှိခြင်းနှင့် ပြောဆိုခြင်းတို့ဖြစ်သည်။ အနှစ်ကင်းမဲ့ ပေါ့ပျက်ပျက် စကားမျိုးကို ပြောခြင်းရဲ့ အကျိုးတွေ ကတော့ ခန္ဓာကိုယ်အင်္ဂါကြီးငယ်တို့ မညီမညွတ်ရှိခြင်းနှင့် မိမိပြောစကားကို လက်မခံခြင်းတို့ပဲဖြစ်ပါတယ်။
သူတစ်ပါးစည်းစိမ်ကို လိုချင်ရချင်မှု (အဘိဇ္ဈာ) ကံမြောက်ဖို့ရာ လိုအပ်သည့် အင်္ဂါနှစ်ရပ်မှာ - သူတစ်ပါး စည်းစိမ်ဥစ္စာဖြစ်ခြင်း နှင့် “ဒါ ငါ့ဥစ္စာဖြစ်လျှင် ကောင်းမှာပဲ” လို့ပြောလျက် ရလိုစိတ်ပြင်းပြခြင်းတို့ ဖြစ်သည်။ အကျိုးတရားကတော့ မိမိဆန္ဒ မပြည့်ဝ ရခြင်းပင်။
သူတစ်ပါးကို သေကျေ ပျက်စီးစေလိုမှု ကြမ်းတမ်းသော ဒေါသ (ဗျာပါဒ) ကံမြောက်ဖို့ရာ အင်္ဂါနှစ်ရပ် လိုအပ်ပြီး ယင်းအင်္ဂါ နှစ်ရပ်မှာ - အခြားသောလူ၊ သတ္တဝါဖြစ်ခြင်းနှင့် ထိခိုက်နစ်နာ ပျက်စီးစေလိုခြင်းတို့ ဖြစ်သည်။ အကျိုးတွေကတော့ အကြည်း တန်ခြင်း၊ အနာရောဂါများခြင်းနှင့် မုန်းစရာကောင်းတဲ့ သဘာဝရှိခြင်းတို့ပါပဲ။
အမြင်မှား အယူအဆမှားခြင်း (မိစ္ဆာဒိဋ္ဌိ)ဆိုတာ တရားသဘောတွေကို ယထာဘူတကျကျ (အရှိ အရှိအတိုင်း) မမြင်နိုင် နားမလည်နိုင်ပဲ (မှားယွင်းဖောက်ပြန် မမှန်မကန်) မြင်မှုကို ဆိုလိုတာပါပဲ။ ဒီကံမြောက်ဖို့ အချက်နှစ်ချက် လိုအပ်ပါတယ်။ ယင်းတို့မှာ ဖောက်ပြန်မှားယွင်းစွာ ရှုမြင်ခြင်းနှင့် ထိုအမြင်အတိုင်း သိမြင်နားလည်ခြင်းတို့ ဖြစ်ပါတယ်။ ဒီကံရဲ့ အကျိုးတွေ ကတော့ကား အရင်းခံတွယ်တာမှု အားကြီးခြင်း၊ ဉာဏ်ပညာကင်းခြင်း၊ ဉာဏ်ထိုင်းခြင်း၊ နာတာရှည်ရောဂါများ ခံစားရခြင်းနှင့် ကဲ့ရဲ့ဖွယ်ရာ အတွေးအခေါ် အယူအဆများရှိခြင်းတို့ ဖြစ်ပါတယ်။ (Expositor, I, P. 128)
ကာမာဝစရဘုံမှာ အကျိုးပေးတတ်တဲ့ ကုသိုလ်ကံတွေကတော့ ဆယ်မျိုးရှိပါတယ်။ အဲဒီ ကုသိုလ်ကံတွေကတော့ - စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း (ဒါန)၊ ကိုယ် နှုတ်တို့ကို ကောင်းစွာ စောင့်ထိန်းမှု (သီလ)၊ ကမ္မဋ္ဌာန်း ပွားများမှု (ဘာဝနာ)၊ ရိုသေ လေးစားမှု (အပစာယန)၊ ကူညီဆောင်ရွက်ပေးမှု (ဝေယျာဝေစ္စ)၊ ကုသိုလ် ကောင်းမှုကို အမျှပေးဝေမှု (ပတ္တိဒါန)၊ အခြား သောသူများ၏ ကုသိုလ်ကောင်းမှုကို ဝမ်းမြောက် ဝမ်းသာဖြစ်မှု (ပတ္တာ-နုမောဒန)၊ တရားတော်ကို နာယူခြင်း (ဓမ္မသဝန)၊ တရားဟောခြင်း (ဓမ္မဒေသနာ) နှင့် အယူမှန်ကို ပြုခြင်း (ဒိဋ္ဌိဇုကမ္မ)တို့ဖြစ်သည်။
စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း (ဒါန)က ဥစ္စာဓန ပေါများစေတတ်သည်။ သီလက ကာမဘုံတွင် မြင့်မြတ်သော အမျိုး၌ မွေးဖွား စေတတ်သည်။ ဘာဝနာက ရူပဘုံ အရူပဘုံတို့သို့ ရောက်စေတတ်ပြီး အရဟတ္တမဂ်ဉာဏ် (Higher Knowledge)နှင့် လွတ်မြောက်မှုကို ရရန် အထောက်အကူပေးသည်။
ရိုသေလေးစားမှု (အပစာယန)သည် မြင့်မြတ်သော မိဘမျိုးရိုးတွင် မွေးဖွားရခြင်း၏ အကြောင်းဖြစ်ပြီး ကူညီ ဆောင်ရွက်ပေးမှု (ဝေယျာဝေစ္စ)က အခြွေအရံများခြင်း၏ အကြောင်းဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှုကို အမျှပေးဝေမှု (ပတ္တိဒါန)က မိမိကို အနာဂတ်ဘဝမှာ ပေါပေါများများ ပေးလှူနိုင်အောင် ဖြစ်စေတတ်ပါတယ်။ အခြားသောသူများ၏ ကုသိုလ်ကောင်းမှုကို ဝမ်း မြောက် ဝမ်းသာဖြစ်မှု(ပတ္တာနုမောဒန)ကတော့ ဘယ်တော့ မွေးမွေး ပျော်ရွှင်ရမှုကို အကျိုးပြုပေးပါတယ်။ ဓမ္မသဝန နှင့် ဓမ္မဒေသနာ (တရားနာမှု၊ တရားဟောမှု) တို့ကတော့ ဉာဏ် ပညာကြီးမားမှုကို ဖြစ်စေပါသည်။
၃။ ရူပဘုံမှာ အကျိုးပေးတဲ့ ကုသိုလ်ကံက ငါးမျိုးရှိပါတယ်။ အဲဒီကံတွေဟာ စိတ်နှင့်သာဆိုင်ပြီး ဘာဝနာပွားများမှု အလုပ်နှင့် လုပ်ရတာပါ။ ငါးမျိုးကတော့ -
(က) ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ အင်္ဂါငါးပါးရှိသော ပဌမဈာန်။
(ခ) ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ အင်္ဂါငါးပါးနှင့် အတူဖြစ်သော ဒုတိယဈာန်။
(ဂ) ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ အင်္ဂါငါးပါးနှင့် အတူဖြစ်သော တတိယဈာန်။
(ဃ) သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ အင်္ဂါငါးပါးနှင့် အတူဖြစ်သော စတုတ္ထဈာန်။
(င) ဥပေက္ခာ၊ ဧကဂ္ဂတာ ဆိုတဲ့ အင်္ဂါငါးပါးနှင့် အတူဖြစ်သော ပဉ္စမဈာန် တို့ဖြစ်ပါတယ်။
၎။ အရူပဘုံမှာ အကျိုးပေးတဲ့ ကုသိုလ်ကံက လေးမျိုးရှိပါတယ်။ အဲဒီကံတွေဟာလည်း စိတ်နှင့်သာဆိုင်ပြီး ဘာဝနာပွားများမှု အလုပ်နှင့် လုပ်ရတာပါ။ ငါးမျိုးကတော့ -
(က) အာကာသာနဉ္စာယတနကုသိုလ်စိတ်၊
(ခ) ဝိညာနဉ္စာယတနကုသိုလ်စိတ်၊
(ဂ) အာကိဉ္စညာယတနကုသိုလ်စိတ်
(ဃ) နေဝသညာ နာသညာယတနကုသိုလ်စိတ် တို့ဖြစ်ပါတယ်။
ဘာသာပြန်သူ၏ အမှာ။ (ဆရာတော်ကြီး ဦးသေဋ္ဌိလ၏ Essential Themes of Buddhist Lectures စာအုပ်မှ Classification of Kamma ကို ဘာသာပြန်ပါသည်။ ဤကံများနှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများကား များလှ၏။ ဆရာတော်ကြီးကား အချိန်အကန့်အသတ်အတွင်းမှ ဟောပြောရခြင်းကြောင့် တစ်ကြောင်း၊ သာမန် ပရိတ်သတ်ကို ဟောပြောရ ခြင်းကြောင့် တစ်ကြောင်း ဤမျှလောက်သာ ဟောပြောခဲ့ခြင်း ဖြစ်မည်ထင်ပါသည်။ အသေးစိတ် သိလိုသူများ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ၏ “သင်္ဂြိုဟ်ဘာသာဋီကာ“၊ ဧကာဒသမအကြိမ်၊ စာ၊ ၃၃၃ - ၄၁၀ ကို ဖတ်ရှုကြပါရန်)။
ဘုန်းဉာဏ်
Sitiawan, Malaysia
(၁၄၊ ၀၂၊ ၂၀၁၀၊ တနင်္ဂနွေ၊ တရုတ်နှစ်သစ်ကူးနေ့)
Wednesday, December 14, 2016
၂၄ပစ္စည်း မြန်မာလို အကျယ်
၂၄ပစ္စည်း မြန်မာလို အကျယ်
ဟေတုပစ္စယော = ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ်)
အာရမ္မဏပစ္စယော = အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းစေရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြုပြန်၊ အာရမ္မဏခေါ်)
အဓိပတ္တိပစ္စယော = အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ်)
အနန္တရပစ္စယော = အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ နတ်ရွာလားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)
သမနန္တရပစ္စယော = ကောင်းစွာ အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ တောထွက်သွားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)
သဟဇာတပစ္စယော = အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(ဆီမီးတောက်သော်၊ အလင်းပေါ်သို့၊ ထို့တူတသီး၊ ပစ္စည်းပစ္စယုပ္ပန်၊ အတူဖြစ်ဟန်ကို)
အညမညပစ္စယော = အချင်းချင်းအပြန်လှန် ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်သားသုံးခွ၊ ချင်းချင်းမသို့၊ အညမညံ၊ ပြန်လှန်သမှု၊ ကျေးဇူးပြု)
နိဿယပစ္စယော = မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်ပင်တည်ရာ၊ မြေပမာလျှင်၊ မှီရာတည်မှု၊ ကျေးဇူးပြု)
ဥပနိဿယပစ္စယော = အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိုးကြီးပမာ၊ သတ္တဝါတွေ၊ တည်နေနိုင်မှု၊ ကျေးဇူးပြု၊ ဥပနိဿယခေါ်)
ပုရေဇာတပစ္စယော = ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ကမ္ဘာဦးက၊ နေနှင့်လသို့၊ ရှေ့ကဖြစ်လာ၊ နောက်ကဖြစ်လာသည့်၊ တရားစုစု၊ ကျေးဇူးပြု)
ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(လင်းတငယ်သော်၊ အစာမျှော်သို့၊ နောက်ပေါ်လာသည့်၊ ပစ္စည်းတရားစု၊ ကျေးဇူးပြု)
အာသေဝနပစ္စယော = အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရှေးရှေးထုံထား၊ နံ့သာလားသို့၊ ရှေ့ဖျားကျမ်းဂန်၊ လေ့လာသန်လပ်၊ နောက်ထပ်ကျမ်းဂန်၊ အမြင်သန်သည်၊ ဧကန်အာသေဝနသဘောတည်း။)
ကမ္မပစ္စယော = အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မျိုးစေ့အလား၊ ပမာထား၍၊ နှစ်ပါးသောကံ၊ အခြေခံကာ၊ ဝေဘန်သမှု၊ ကျေးဇူးပြု)
ဝိပါကပစ္စယော = အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ချမ်းရိပ်နားနေ၊ သွန်းလေပြေသို့၊ ကံနေအလား၊ အဖြစ်များမှု၊ ကျေးဇူးပြု)
အာဟာရပစ္စယော = ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(အိမ်ကို ကျားကန်၊ ဖြစ်ရဟန်သို့၊ သဏ္ဍာန်တူစွ၊ ထောက်ပံ့မသည့်၊ အာဟာရဖြစ်မှု၊ ကျေးဇူးပြု။)
ဣန္ဒြိယပစ္စယော = အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိမိဆိုင်ရာ၊ ကိစ္စမှာလျှင်၊ ကောင်းစွာစိုးရ၊ ဖြစ်ရစင်စစ်၊ ပဒေသရာဇ်၊ စိုးအုပ်လှစ်သို့)
ဈာနပစ္စယော = ကမ္မဋ္ဌာန်းအာရုံသို့ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သစ်ပင်တောင်ငူ၊ တတ်သသူသည်၊ အောက်သူတို့အား၊ ကြည့်ပြောငြားသို့။)
မဂ္ဂပစ္စယော = သံသရာမှ ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ပမာကူသို့၊ ဆောင်ယူပို့သို့၊ ထို့တူနိဗ္ဗာန်၊ ရောက်ကြောင်းမှန်ပြု၊ ကျေးဇူးပြု။)
သမ္ပယုတ္တပစ္စယော = ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စတုမဓူ၊ ရောသည့်တူပေ၊ စိတ်စေနှစ်ပါး၊ ခွဲခြားမရ၊ ယှဉ်ကြသမှု၊ ကျေးဇူးပြု။)
ဝိပယုတ္တပစ္စယော = မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရသခြောက်ပါး၊ ရောစပ်ထားသို့၊ ခြားနားမတူ၊ ဖြစ်ဟန်မူသို့၊ ထို့တူမခြား၊ ကျေးဇူးပြု။)
အတ္ထိပစ္စယော = ထင်းရှားရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မြင့်မိုရ်မြေကြီး၊ ထောက်ပံ့နည်းသို့၊ ပစ္စည်းသတ္တိ၊ ကျေးဇူးရှိ၊ အတ္ထိပစ္စည်းခေါ်။)
နတ္ထိပစ္စယော = မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ငြိမ်းသေလေပြီး၊ ဆီမီးတန္တု ကျေးဇူးပြုသို့၊ ထို့တူမှတ်ဘိ၊ မရှိသမှု၊ ကျေးဇူးပြု။)
ဝိဂတပစ္စယော = ကင်းမဲ့ချူပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(နေရောင်ပျောက်ကင်း၊ လရောင်လင်းသို့၊ ချုပ်ကင်းလေမှု၊ ကျေးဇူးပြု။)
အဝိဂတပစ္စယော = မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သမုဒ္ဒရာ၊ ငါးပျော်ရာသို့၊ မကင်းသောအား၊ ယင်းတရားစု၊ ကျေးဇူးပြု။)
ဣတိ၊ ဤသို့။ စတုဝီသတိ ပစ္စယာ၊ နှစ်ဆယ့်လေးပစ္စည်းတို့သည်။ မဟာပကရဏေ၊ အနန္တနယ သမန္တ မဟာပဋ္ဌာန်းကျမ်းကြီး၌။ ဌိတာ၊ တည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ပဋ္ဌာန်း ၂၄-ပစ္စည်း မြန်မာ-အင်္ဂလိပ်
ဟေတု ပစ္စယ = The relation way of root.
အာရမ္မဏ ပစ္စယ = The relation of object.
အဓိပတိပစ္စယ = The relation of dominance.
အနန္တရ ပစ္စယ = The relation of contiguity.
သမနန္တရ ပစ္စယ = The relation of immediate contiguity.
သဟဇာတ ပစ္စယ = The relation of Co-existence.
အညမည ပစ္စယ = The relation of reciprocity.
နိဿယ ပစ္စယ = The relation of dependence.
ဥပနိဿယ ပစ္စယ = The relation of Sufficing condition.
ပုရေဇာတ ပစ္စယ = The relation of pre-existence.
ပစ္ဆာဇာတ ပစ္စယ = The relation 0f post-existence.
အာသေ၀န ပစ္စယ = The relation of habitual recurrence.
ကမ္မ ပစ္စယ = The relation of Kamma.
ဝိပါက ပစ္စယ = The relation of effect.
အာဟာရ ပစ္စယ = The relation of food.
ဣန္ဒြိယ ပစ္စယ = The relation of control.
ဈာန ပစ္စယ = The relation of jhana.
မဂ္ဂပစ္စယ = The relation of path.
သမ္ပယုတ္တ ပစ္စယ = The relation of association.
ဝိပ္ပယုတ္တ ပစ္စယ = The relation of dissociation.
အတ္ထိ ပစ္စယ = The relation of presence.
နတ္ထိ ပစ္စယ = The relation of absence.
ဝိဂတ ပစ္စယ = The relation of abeyance.
အ၀ိဂတ ပစ္စယ = The relation of continuance.
http://mraungj.multiply.com
Friday, November 11, 2016
ဝိပဿနာဆိုတာ ဘာလဲ
ဝိပဿနာဆိုတာ ဘာလဲ
++++++++++++++
(ဝိပဿနာဘာဝနာ အကြောင်းသိကောင်းစရာ)
*****************************
ဝိပဿနာဆိုတာဟာ အရှိကိုအရှိတိုင်းမြင်တဲ့ ဥာဏ်ပါပဲ။
စာစကားနှင့်ပြောရရင် ပရမတ္ထသဘာဝကို
ပရမတ် သဘာဝအတိုင်း မြင်တဲ့ဥာဏ်ပါပဲ။
ယနေ့မြင်နေကြတာက ပရမတ်သဘာဝကို
ပညတ်အပေါ်ကဖုံးပြီး မြင်နေကြပါတယ်။
အဲဒီပညတ်အဖုံးကိုခွာပြီး ပရမတ် အတိုင်း
မြင်တဲ့ဥာဏ်ကို ဝိပဿနာဥာဏ်လို့ခေါ်ပါတယ်။
သတ္တဝါတွေမှာ အဖုံး(၄)မျိုး ဖုံးထားခြင်း
ကွယ်ထားခြင်း ခံနေရပါတယ်။
အဲဒါတွေက ဘာတွေလဲလို့ဆိုတော့
(၁)။ နာမည်ပညတ်ခေါ်တဲ့ အမည်ဖုံးနေခြင်း။
(၂)။ သန္တတိပညတ်ခေါ်တဲ့ အစဉ်အတန်းဖုံးနေခြင်း။
(၃)။ သမူဟပညတ်ခေါ်တဲ့ အပေါင်းအစု ဖုံးနေခြင်း။
(၄)။ သဏ္ဌာနပညတ်ခေါ်တဲ့ အသွင်သဏ္ဌန်ဖုံးနေခြင်းတို့ဖြစ်ပါတယ်။
ဒီလေးမျိုးဖုံးထားခြင်း ခံနေရတဲ့အတွက်
အမှန်တကယ် အရှိကို မမြင်နိုင်ဘဲ ဖြစ်နေကြတယ်။
၁။ လောကမှာ အရာဝတ္ထုမှန်သမျှတွေဟာ
တကယ်ကတော့ ပရမတ်တွေချည်းဖြစ်ကြပါတယ်။
ဒါကိုပင် နာမည် မတပ်ရင် ခေါ်လို့မဖြစ်တော့ ၊
စကားပြောလို့မဖြစ်တော့၊ (ငါ၊ သူ၊တစ်ပါး၊ ယောင်္ကျား၊
မိန်းမ၊ မောင်ဖြူ၊ မောင်မဲ၊ မချော) စသည်ဖြင့် နာမည်အသီးသီးတပ်ကြပါတယ်။
ကြာတော့ သတ္တဝါတွေဟာ မူလပရမတ်အပေါ်
စိတ်မရောက်ဘဲ နာမည်တင်ပဲ စိတ်စွဲသွားတော့တယ်။
နာမည်ကို ရိုးရိုးစွဲရုံတင်မကဘဲ တချို့ဆိုရင်
နာမည်ကပဲ ခိုက်တယ်။
နာမည်ကပဲ အကျိုးပေးတယ်ဆိုပြီး
နာမည်ပြောင်းရတာနဲ့ ရွေးရတာနဲ့ ရှုပ်ကုန်တော့တာပါ။
ဒါဟာ မူလ (ခန္ဓာငါးပါး- တနည်း- ရုပ်တရား၊
နာမ်တရား လို့ခေါ်တဲ့ ပရမတ်)ကို
မမြင်အောင် (မောင်ဖြူ၊ မောင်မဲ) စတဲ့ နာမည်ပညတ်က
ပရမတ်အမှန်ကို ဖုံးလိုက်တာပါ။
၂။ “သန္တတိပညတ်ခေါ်တဲ့ အစဉ်အတန်းဖုံးနေတယ်” ဆိုတာက ပရမတ္ထသဘာဝ အစစ်အမှန်ဟာ တစ်ခုနှင့် တစ်ခု
တစ်စပ်တည်းမဟုတ်ဘူး။
(အပြတ်တွေ) ဖြစ်ကြပါတယ်။
ဒါပေမယ့် တစ်ဆက်တည်းလို့ထင်ရလောက်အောင်
ဖြစ်ပျက်မှုက မြန်လေတော့ ဥာဏ်က ထိအောင်မစူးစိုက်နိုင်လို့
တဆက်တည်း ထင်မှတ်နေကြတယ်။ မီးစ တစ်ခုကို ညဥ့်အခါ
လူတစ်ယောက်က အဝေးကနေပြီး စက်ဝိုင်းဖြစ်အောင်
မြန်မြန်လှည့်ပြရင် မသိတဲ့သူက မီးစက်ဝိုင်းလို့ ထင်ရသလိုပါပဲ။
ဒါဟာ ပရမတ်အမှန်ကို သန္တတိပညတ်က ဖုံးလိုက်တဲ့သဘောပါပဲ။
၃။“သမူဟပညတ်ခေါ်တဲ့ အပေါင်းအစုကနေဖုံးနေပုံ”
ကိုတော့ ဒီလိုမှတ်သားရပါမယ်။
ပရမတ်သဘာဝမှာ ရုပ်တွေလဲ သူ့ဘာသူ၊
သူ့ကလာပ်စည်းနှင့်သူ တစ်ခုပြီးမှ တစ်ခုဖြစ်နေကြတယ်။
စိတ်တွေလဲ တစ်စိတ်ပြီးမှ တစ်စိတ်ဖြစ်နေကြတယ်။
အပေါင်းအစုရယ်လို့ မရှိပါဘူး။
ဒီလိုမရှိပါဘဲလျက် အပေါင်းအစုရယ်လို့ ထင်မှတ် နေကြတယ်။
အထူးသဖြင့် ရုပ်အပေါ်မှာ ရုပ်တုံးကြီးပဲ ရုပ်ခဲကြီးပဲလို့
ထင်မှတ်နေကြတာဟာ သမူဟပညတ် အဖုံးခံရတာပါပဲ။
၎။ “သဏ္ဌာနပညတ်ခေါ်တဲ့ သဏ္ဌာန်အသွင် ဖုံးပုံ” ကတော့
ပရမတ္ထသဘာဝမှာ ယောက်ျားသဏ္ဌာန်၊မိန်းမသဏ္ဌာန်၊
ခွေးသဏ္ဌာန်၊ ငှက်သဏ္ဌာန်၊ လက်သဏ္ဌာန်ရယ်လို့ မရှိပါဘူး။
အဝိုင်း လေးထောင့် ဆိုတဲ့ သဏ္ဌာန်တွေလဲ မရှိပါဘူး။
ဒီသဏ္ဌာန်တွေဆိုတာက ပရမတ္ထသဘာဝရဲ့
တည်နေဟန်ကို လိုက်ပြီး ခေါ်နေကြတာ၊
တကယ်အရင်းခံ ပရမတ်ကတော့ သဏ္ဌာန်အနေဖြင့် မရှိပါဘူး။
ဒါကို ဥပမာဖြင့်ပြရရင် မြေမှုန့်တွေကိုစု၊ ရေနှင့်နယ်၊
ပြီးတော့ အမှုန့်တွေကို နွားရုပ်လုပ်ရင်နွားရုပ်လို့ ခေါ်နိုင်တယ်။
လူရုပ်လုပ်ရင် လူရုပ်လို့ခေါ်နိုင်တယ် လုပ်ချင်ရာအရုပ်တွေ
လုပ်ပြီး ခေါ်နိုင်ကြတယ်။ ဒါပေမယ့်တကယ်အရင်းခံကတော့
မြေမှုန့်အစစ်သာ ဖြစ်တယ်။
ဒါကိုပင် သူ့တည်နေဟန်ကိုလိုက်ပြီး အမျိုးမျိုးခေါ်နေ
ကြတာဖြစ်ပါတယ်။ ဒီဥပမာနှင့်တထပ်တည်းပင်
ပရမတ်တွေကိုလဲ သူတို့တည်နေဟန်ကိုလိုက်ပြီး
လူလို့ခေါ်ချင်ခေါ်ကြတယ်။ နတ်လို့ခေါ်ချင်ခေါ်ကြတယ်။
အိမ် ကျောင်း၊ ဇရပ်အသီးသီးခေါ်ကြတယ်။
ဒါပေမယ့် မူလပရမတ်ကတော့ လူလည်းမဟုတ်၊
နတ်လည်းမဟုတ်၊ အိမ်၊ကျောင်း၊ ဇရပ်လည်းမဟုတ်ဘူး။
သတ္တဝါတွေဟာ ဒီသဏ္ဌာန်တွေကိုချည်း မျက်မှန်းတန်းမိနေတာက
ကမ္ဘာအနမတဂ္ဂ ကြာလေတော့ အမှားကြာတော့ အမှန်ဖြစ်တာလို ၊
တကယ် ပရမတ်တွေကိုတော့ မမြင်လိုတော့ဘဲ ၊
သဏ္ဌာန်ပညတ်တွေ အပေါ်မှာ ထင်မြင်စွဲလမ်း နေကြတယ်။
ဒါဟာ ပရမတ်အမှန်ကို သဏ္ဌာန်ပညတ်ဖုံးတာပဲ။
■“ဝိပဿနာဆိုတာဘာလဲ” ဆိုတဲ့ အမေးကို ပေါင်းပြီး
ဖြေရရင် အမှား အဝိဇ္ဇာကြီးဖုံးထားတာကိုခွာပြီး
အမှန် ပရမတ် အပေါ်မှာ(တစ်နည်း) ပင်ကိုယ်
အရှိတရားအပေါ်မှာ အဲဒီအရှိတရားရဲ့
ပင်ကိုယ်သဘောကို မြင်ခြင်း၊ ကြည့်ခြင်း
ဖြစ်တယ်လို့ပြောရပါမယ်။
ပရမတ္ထသဘာဝတွေဟာ ပင်ကိုယ်သဘာဝအားဖြင့်ဖြစ်ပြီး
ဖြစ်လိုက်၊ ပျက်လိုက်နေပါတယ်။ ဝိပဿနာဥာဏ်ဆိုတာက
အဲဒီအမှန်သဘာဝကို အမှန်အတိုင်းရှုမြင်မှုသာဖြစ်ပါတယ်။
ကိုယ်လိုချင်သလိုဆွဲပြီး ကြည့်တဲ့ဥာဏ်မျိုးမဟုတ်ဘဲ
အရှိကို အရှိတိုင်း ကြည့်တဲ့ဥာဏ်မျိုးဖြစ်ပါတယ်။
(တစ်နည်း) နိဗ္ဗာန်ရောက်ကြောင်းလက်တွေ့
ကျင့်စဉ်သည် (ဝိပဿနာ)ပင်ဖြစ်သည်။
ဝိပဿနာဟူသည် ဝိ= အထူး၊
ပဿ= ရှုကြည့်ရခြင်း၊ (ဝိပဿနာ) ဟူသည်
(ရုပ်-နာမ်) တို့၏ ဖြစ်ခြင်း၊ ပျက်ခြင်းကို
ရှုကြည့်ရခြင်းပင် ဖြစ်ပါသည်။
“ခန္ဓာဒိ သင်္ခတဓမ္မေ၊
အနိစ္စာဒိ ဝိဝိဓာကာရေန ပဿတီတိ ဝိပဿနာ”၊
“ ပညတ္တိံဌပေတွာ အနိစ္စာဒိကာရေန
ဝိဝိဒံပဿတီတိ ဝိပဿနာ”
(မဟာသတိပဋ္ဌာနသုတ်)ဟူ၍ပြဆိုထားရာ၊
(ဝိပဿနာ)ဟူသည် (နိဗ္ဗာန်)ရောက်ကြောင်းအတွက်
(ပညတ်) တို့ကို ပယ်ခွာပြီး (ရုပ်နာမ်)တို့၏
(အနိစ္စ) မမြဲခြင်း၊
(ဒုက္ခ) ဆင်းရဲခြင်း၊
(အနတ္တ) အစိုးမရခြင်း၊ ကိုယ့်အလို မဟုတ် ခြင်း စသည့်
အထူးထူးအပြားပြားသော အခြင်းအရာတို့ကို (ဥာဏ်)ဖြင့်
မြင်အောင် ရှု့ကြည့်ခြင်းသည် (ဝိပဿနာ) မည်ပါတယ်လို့ ဖြေကြားလိုက်ရပါမယ်။
ဒီဝိပဿနာဥာဏ်ဟာ ဆင်ခြင်ပုံ အဆင့်ဆင့်ကို လိုက်ပြီး
အသီးသီးဥာဏ်စဉ် ၁၀-ပါး ရှိပါတယ်။
♦ ပရမတ်တရား တွေကို မူလအခြေခံအားဖြင့် အာရုံဆီသို့
ညွှတ်တတ်သော သဘောကတစ်မျိုး၊
မာသဘော၊ ပူသဘော၊ အေးသဘော၊စတဲ့ သဘောကတစ်မျိုးလို့ ၊
သိခြင်းကို နာမ်နှင့် ရုပ် ပိုင်းခြားသိတဲ့အတွက်
(နာမရူပပဋိစ္ဆေဒဥာဏ်) လို့ခေါ်တယ်။
♦ ပြီးတော့ နာမ် တရား၊ ရုပ်တရားဆိုတာ သူ့အလိုလို
ဖြစ်တာမဟုတ်ဘဲ အကြောင်းကြောင့်ဖြစ်တယ်လို့ စသည်ဖြင့်
အကြောင်းနှင့်တကွ ပိုင်းခြားသိတဲ့ဥာဏ်ကိုတော့
(ပစ္စယပရိဂ္ဂဟဥာဏ်) လို့ခေါ်တယ်။
ဒီဥာဏ်နှစ်ပါးကိုတော့ ဝိပဿနာရဲ့ အခြေခံဥာဏ်လို့မှတ်ရပါမယ်။
ဒီဥာဏ်နှစ်ပါးကိုရရင် “ စူဠသောတာပန် ” လို့ ခေါ်ပါတယ်။
ဒုတိယဘဝမှာ ဂတိမြဲပြီး အပါယ်မကျတဲ့ “ သောတာပန်အငယ်စား ”
လို့ ခေါ်ပါတယ်။ ဒီအထက်က ဝိပဿနာဥာဏ်များကတော့
(၁)။ သမ္မသနဥာဏ်။
(၂)။ ဥဒယဗ္ဗယဥာဏ်။
(၃)။ဘင်္ဂဥာဏ်။
(၄)။ဘယဥာဏ်။
(၅)။ အာဒီနဝဥာဏ်။
(၆)။နိဗ္ဗိဒါဥာဏ်။
(၇)။ မုဉ္စိတုကမျတာဥာဏ်။
(၈)။ ပဋိသင်္ခါဥာဏ်။
(၉)။ သင်္ခါရုပေက္ခဥာစ်။
(၁၀)။ အနုလောမဥာဏ် ဆိုပြီး
ဝိပဿနာဥာဏ်ဆယ်ပါးရှိပါတယ်။
ဒီလို တစ်ပါးတည်းသော ဝိပဿနာဥာဏ်က(၁၀)
ဖြစ်ရတယ်ဆိုတာဟာ ဥာဏ်ရဲ့မြင်ပုံ အခြင်းအရာ ၊
အနုအရင့်ကိုလိုက်ပြီး ကွဲပြားရတယ်လို့မှတ်ရပါမယ်။ နာမည်တပ်ထားခြင်းသာဖြစ်ပါတယ်။
ဒီဝိပဿနာဥာဏ်တွေဟာ လောကီဥာဏ်တွေသာ ဖြစ်ပါတယ်။
လောကုတ္တရာဥာဏ် မဟုတ်သေးပါဘူး။
မဂ်ဥာဏ် ဖိုလ်ဥာဏ်ကူးမှ လောကုတ္တရာဥာဏ်တွေ ဖြစ်ပါတယ်။
“ မဂ်ဥာဏ်သို့ကူးပုံ ”
အနုလောမဥာဏ်ကို ရောက်ရင် မဂ်သို့ကူးတော့မည်ဟု မှတ်ရပါမယ်။
အဲဒီအခါမှာ စိတ်ကလေးဖြစ်ပုံကို “အဘိဓမ္မသင်္ဂဟကျမ်း” မှာ ပြထားတာရှိပါတယ်။
ပါဠိတော်ကို မပြတော့ပါဘူး။ အနုလောမဥာဏ်ဖြစ်ပြီးရင်
ပုထုဇဉ်အနွယ်ကို ဖြတ်လျက် အရိယာအနွယ်ကို ဖြစ်စေတတ်တဲ့
ဂေါတြဘူစိတ်ဖြစ်ပါတယ်။
ဒီစိတ်ဟာ နိဗ္ဗာန်အာရုံပြုပါတယ်။
ဒါပေမယ့် အဲဒီ ဂေါတြဘူစိတ်ဟာ လောကီ
မဟာကုသိုလ်စိတ်ပဲ ဖြစ်ပါသေးတယ်။
အဲဒီနောက်မှာ မဂ်စိတ်ဖြစ်လာပုံက ဒီလိုပါ။
အဲဒီ ဂေါတြဘူဥာဏ်ရဲ့အခြားမဲ့မှာ သိ၊ ပယ်၊ဆိုက်၊ ပွား (၄)ပါး ကိစ္စကို
တစ်ချက်တည်း ပြီးစေတဲ့ မဂ်စိတ်ဖြစ်ပေါ်လာပါတယ်။
အဲဒီမဂ်စိတ် တစ်ကြိမ်ဖြစ်ပြီး ဖိုလ်စိတ် ၂-ကြိမ်၊ ၃-ကြိမ်ဖြစ်ပြီးနောက်
ဘဝင်ကျပါတယ်။ အဲဒီ ဖိုလ်စိတ်လည်း နိဗ္ဗာန်ကိုပဲအာရုံပြုပါတယ်။
အဲဒီလို မဂ်စိတ် ဖိုလ်စိတ်တွေနဲ့ နိဗ္ဗာန်ကို အာရုံပြုတာကိုပင်
နိဗ္ဗာန်သို့ ရောက်တယ်လို့ဆိုပါတယ်။
လူကနိဗ္ဗာန်ကိုရောက်သွား တာ မဟုတ်ပါဘူး။
သေပြီးမှ နိဗ္ဗာန်ကို ရောက်သွားတာမဟုတ်ဘူး။
ဒီလိုတစ်ကြိမ်မျှ နိဗ္ဗာန်ကိုမြင်လိုက်ရင်
ဒိဋ္ဌိ၊ ဝိစိကိစ္ဆာပြတ်ပြီး သောတာပန်တည်တယ်။
အပါယ်တံခါးလည်းလုံးဝ ပိတ်တယ်။
(၇)ဘဝ အလွန်ဆုံး သံသရာမှာ လည်ပြီး အထက်တန်းကျကျ
စံစားပြီးနောက် နိဗ္ဗာန်ဝင်မည့် သေချာသူဖြစ်ပါတယ်ဆိုတာ အသိပေးရေးသားလိုက်ရပါသည်။
စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
【အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)】
::::::::::::::::::::::::::::::::::::::::::::::::::::::::::
(မှတဆင့်ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်) shared from ဓမ္မရေချမ်းစင် fb
Friday, September 2, 2016
" ကမ္ဘာကြီးက ကျဉ်းကျဉ်းလေး" အစီအစဉ်တွင် ဝန်ကြီးချုပ် ဦးနု နှင့် အစ္စရေးဝန်ကြီးချုပ်တို့ စကားစမြည် ပြောပွဲ
https://www.facebook.com/permalink.php?story_fbid=294930177552506&id=100011065772114
Sunday, July 24, 2016
သရဏဂုံ
✿ သရဏဂုံဆိုတာ ✿
════════════
သရဏဂုံရဲ့ အကျိုးတွေတင်ထားပြီး သရဏဂုံအကြောင်း ပြည့်ပြည့်စုံမတင်ရသေးလို့ ရှာပြီး တင်ပေးလိုက်ပါတယ် ...
သရဏဂုံ တည်သူသည် ဗုဒ္ဓဘာသာဝင်၊ ဗုဒ္ဓသာသနာဝင် ဖြစ်သည်။
သရဏဂုံအဓိပါယ်
══════════
ပါဠိဘာသာ သရဏဂမနကို မြန်မာလို သရဏဂုံ ဟုခေါ်သည်။
သရဏ = ကိုးကွယ်ရာ၊ အားကိုးရာ၊ အားထားရာ။
ဂမန = ယုံကြည်ဆည်းကပ်ခြင်း။
မြတ်စွာဘုရားသည် အားကိုးရာ သရဏ။
မြတ်စွာဘုရား၏ တရားတော်သည် အားကိုးရာ သရဏ။
သံဃာတော် အပေါင်းသည် အားကိုးရာ သရဏ။
လူတို့ အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်ခြင်းသည် ဂမန = ဂုံ။
ထို့ကြောင့် ဘုရား၊ တရား၊ သံဃာ၊ ရတနာ သုံးပါးကို အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်ခြင်းကို သရဏ ဂမန = သရဏဂုံ သုံးပါး ဟု ခေါ်သည်။
မြတ်စွာဘုရားကို အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်လျှင် ဗုဒ္ဓသရဏဂုံ တည်သည်။
မြတ်စွာဘုရား၏ တရားတော်ကို အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်လျှင် ဓမ္မသရဏဂုံ တည်သည်။
သံဃာတော် အပေါင်းကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်လျှင် သံဃသရဏဂုံ တည်သည်။
သရဏဂုံ တည်သူသည် ဗုဒ္ဓဘာသာဝင်၊ ဗုဒ္ဓသာသနာဝင် ဖြစ်သည်။
ဆောင်ပုဒ်
══════
ရတနာသုံးဖြာ၊ အားကိုးရာဟု၊ ဆည်းကပ်ပြု၊ ခေါ်မှု သရဏဂုံ။
သရဏဂုံ သုံးပါး၊ တည်သူများ၊ ရငြား ချမ်းသာစုံ။
ရှိခိုးတိုင်း သရဏဂုံ မဖြစ်
-------------------------------
မည်သည့် ပုဂ္ဂိုလ်ကို မဆို ရှိခိုးတိုင်း သရဏဂုံ မဖြစ်၊ ယုံကြည်ဆည်းကပ်မှု မဟုတ်။ သီလ သမာဓိ ပညာ ကိုယ်ကျင့်တရားတို့နှင့် ပြည့်စုံ၍ မြင့်မြတ်သော ပုဂ္ဂိုလ်အဖြစ်ဖြင့် ရှိခိုးမှသာ သရဏဂုံ ဖြစ်သည်။ ယုံကြည် ဆည်းကပ်မှု ဖြစ်သည်။
ဆွေမျိုးဖြစ်၍ ရှိခိုးခြင်း
ကြောက်၍ ရှိခိုးခြင်း
ဆရာဖြစ်၍ ရှိခိုးခြင်း
ဤ ရှိခိုးခြင်းများသည် သရဏဂုံ မဖြစ်။ မြတ်စွာဘုရားကိုပင် ဆွေမျိုးဖြစ်၍ ရှိခိုးလျှင် သရဏဂုံ မဖြစ်ပေ။
(ဒီ-ဋ္ဌ ၁၊ ၂၀၇)
ဆောင်ပုဒ်
══════
ဆွေမျိုးအဖြစ်၊ ရှိခိုးလစ်၊ မဖြစ် သရဏဂုံ။
ကြောက်ရသူအဖြစ်၊ ရှိခိုးလစ်၊ မဖြစ် သရဏဂုံ။
ဆရာအဖြစ်၊ ရှိခိုးလစ်၊ မဖြစ် သရဏဂုံ။
ပုဂ္ဂိုလ်မြတ်ဟူ၊ ရှိခိုးမူ၊ ရယူ သရဏဂုံ။
သရဏဂုံ တည်က၊ ပါယ်လေးဝ၊ လားရ မရှိကုန်။
ရှိခိုးသော်လည်း သရဏဂုံမပျက်
--------------------------------------
ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်သဖြင့် သရဏဂုံတည်နေသော ဗုဒ္ဓဘာသာဝင် တယောက်သည် တခြားဘာသာမှ ဘုရား ဆိုသူများ၊ ဘုန်းကြီး ဆိုသူများကို ဆွေမျိုးဖြစ်ခြင်း၊ ဆရာဖြစ်ခြင်းကြောင့် ရှိခိုးသော်လည်း တည်ပြီးသားသရဏဂုံ မပျက်။ မြင့်မြတ်သောပုဂ္ဂိုလ်ဟု ယူဆ၍ ရှိခိုးမှသာ သရဏဂုံ ပျက်သည်။
(ဒီ-ဋ္ဌ ၁၊ ၂၀၇)
သရဏဂုံ ညစ်နွမ်းခြင်း ၄ မျိုး
════════════════
ရတနာသုံးပါး၏ ဂုဏ်ကို မသိလျှင် ဖြစ်စေ
အသိမှားလျှင် ဖြစ်စေ
ယုံမှား သံသယ ရှိလျှင် ဖြစ်စေ
ရတနာ သုံးပါးကို မရိုသေလျှင် ဖြစ်စေ သရဏဂုံ ညစ်နွမ်း၏။ သရဏဂုံ ညစ်နွမ်းလျှင် ကြီးကျယ် ဖွံ့ဖြိုးသော ကောင်းကျိုးကို မရနိုင်ပေ။
(ခုဒ္ဒကပါဋ္ဌ-ဋ္ဌ၊ ၇)
ဆောင်ပုဒ်
═══════
ဘာသာတပါး၊ ကိုးကွယ်ငြား၊ ပျက်ပြား သရဏဂုံ။
သေဆုံးလေငြား၊ ထိုသူအား၊ ပျက်ပြား သရဏဂုံ။
သရဏဂုံ မတည်နိုင်သူ
═════════════
သရဏဂုံ တည်နေသူသည် တခြားဘာသာကို ပြောင်းလဲ ကိုးကွယ်မှုမပြုသမျှ မသေမချင်း သူ့ သန္တာန်၌ သရဏဂုံ တည်နေ၏။ သေလျှင်ကား သရဏဂုံ ပျက်သွားပေပြီ။ သေပြီးနောက် စိတ်မရှိတော့သော ဥတုဇ ရုပ်အလောင်း၌မူ သရဏဂုံ မတည်နိုင်ပေ။ စိတ်သည်လည်း ဥတုဇ ရုပ်ကြွင်းအနီး၌ မရှိတော့ပဲ နောက် တဘဝ၌ ဖြစ်ပျက် အစဉ်အတိုင်း ဖြစ်လျက် နေလေပြီ။
သရဏဂုံ ၂ မျိုး
════════
ပုထုဇဉ် ပုဂ္ဂိုလ်တို့၏ သန္တာန်၌ ယုံကြည်ဆည်းကပ်မှုဖြင့် တည်သော လောကီသရဏဂုံ၊ အရိယာတို့၏ သန္တာန်၌ မဂ်ဉာဏ်နှင့် အတူတကွဖြစ်သည်လာသော လောကုတ္တရာ သရဏဂုံ ဟု ၂ မျိုး ရှိ၏။ လောကီ သရဏဂုံသည် ညစ်လည်း ညစ်နွမ်း နိုင်၏။ ပျက်လည်း ပျက်စီးနိုင်၏။ လောကုတ္တရာ သရဏဂုံ သည် ညစ်လည်း မညစ်နွမ်း၊ ပျက်လည်း မပျက်စီးပေ။ (ခုဒ္ဒကပါဋ္ဌ-ဋ္ဌ၊ ၇)
သရဏဂုံ အကျိုး
═════════
သရဏဂုံ တည်လျှင် ဘဝကောင်း ဘဝမွန်တွေကို ရခြင်း၊ စည်းစိမ် ဥစ္စာပြည့်စုံခြင်းမှ စ၍ ဆင်းရဲခပ်သိမ်း ငြိမ်းသည်အထိ ကောင်းကျိုးချမ်းသာကို ရရှိနိုင်၏။
နတ်ဖြစ်ရသော တံငါသည်
═══════════════
ရှေးက သီဟိုဠ်ကျွန်း၌ မဓုအင်္ဂဏ ရွာတွင် တမီလ် လူမျိုး တံငါသည် တယောက် ရှိ၏။ သူသည် နှစ်ပေါင်း ငါးဆယ်တိုင်တိုင် တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြီးနောက် အိုမင်းမစွမ်း ဖြစ်သောအခါ ရောဂါ နှိပ်စက်၍ အိပ်ရာထက်၌ လဲလျောင်း နေရ၏။
ရဟန်းတော်တစ်ပါးသည် ထို တံငါသည်နှင့် သိကျွမ်းသဖြင့် သေခါနီး တံငါသည်မှာ အနည်းငယ် မျှပင် ထောက်တည်ရာ ရစေတော့ ဆိုသော သဘောဖြင့် သူ့အိမ်သို့ ကြွသွား၏။ အိမ်သို့ ရောက်သောအခါ လူမမာ တံငါသည်ကို သရဏဂုံ ဆောက်တည် စေ၏။ တံငါသည်သည် သေဘေးကို ကြောက်သဖြင့် သရဏဂုံကို လိုလိုလားလား ခံယူ ဆောက်တည်၏။ ရဟန်းတော်က ဆက်လက်၍ ငါးပါးသီလ တိုင်ပေးသောအခါ လူမမာမှာ မေးခိုင်သွား၍ လိုက်မဆိုနိုင်တော့ပေ။
ရဟန်းတော်က သင့်လောက်ပြီဟု ဆိုကာ ကျောင်းသို့ ပြန်ကြွသွား၏။ မကြာမီပင် တံငါသည် ကွယ်လွန်၍ စတုမဟာရာဇ် နတ်ပြည်၌ နတ်စည်းစိမ်ချမ်းသာကို ခံစားရ၏။
ဤတံငါသည် နှစ်ပေါင်းငါးဆယ် ပြုလုပ်ခဲ့သော ပါဏာတိပါတ ( အာစိဏ္ဏကံ ) အကုသိုလ်ကို သေခါနီးမှ ပြုရသော ( အာသန္နကံ ) သရဏဂုံ ကုသိုလ်က တားမြစ်လိုက်ကာ ကောင်းကျိုးချမ်းသာကို ပေးခြင်းဖြစ်သည်။ ( အံ-ဋ္ဌ ၂၊ ၁၀၇ )
၇ နှစ်သား ရဟန်းကလေး
═══════════════
ဝိပဿီ မြတ်စွာဘုရား လက်ထက်တော်အခါက ဆင်းရဲသော သူငယ်တယောက်သည် မျက်မမြင် မိဘ နှစ်ပါးကို ရိုသေစွာလုပ်ကျွေး ပြုစုလျက် နေ၏။ ဆင်းရဲလှသဖြင့် ဒါန စသော ကုသိုလ်များကို မပြုနိုင်ပဲ အဂ္ဂသာဝက တပါး ဖြစ်သော နိသဘမထေရ် ထံ၌ သရဏဂုံကိုသာ ခံယူဆောက်တည်လျက် အသက်ထက်ဆုံး နေထိုင်ခဲ့၏။ ထိုသူငယ် ကွယ်လွန်သောအခါ နတ်ပြည်၌ ဖြစ်ရ၏။
နောက်နောက် ဘဝများတွင်လည်း လူ့ချမ်းသာ၊ နတ်ချမ်းသာ တို့ကိုသာ လှည့်လည် ခံစားပြီးနောက် ဂေါတမ မြတ်စွာဘုရား ပွင့်တော်မူသော အခါ၌ သာဝတ္ထိပြည်တွင် သဌေးသား ဖြစ်လာ၏။ ပါရမီဓာတ်ခံ ပြည့်သူဖြစ်၍ အဖော်ကလေးများနှင့်အတူ ဇေတဝန် ကျောင်းတော်သို့ သွားရခြင်းကို အလွန် နှစ်သက်၏။
ရဟန္တာဖြစ်ပြီ တနေ့တွင် ဇေတဝန်ကျောင်းတော်သို့ သွားကြရာ ရဟန်းတော်တပါးက ကလေးများကို သရဏဂုံ ခံယူဆောက်တည် စေ၏။ သရဏဂုံ ဆောက်တည်ပြီးနောက် အဆိုပါ ကလေးငယ်သည် ရှေးဘဝက မိမိ တသက်လုံး သရဏဂုံ တည်ခဲ့သည်ကို ပြန်လည် သတိရ ဆင်ခြင်မိ၍ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိတွေ အတိုင်းမသိ ဖြစ်ပေါ်လေ၏။ ထိုပီတိကို ဝိပဿနာ ရှုသောအခါ ခဏချင်းပင် ဝိပဿနာ ဉာဏ်တွေ ရင့်ကျက်၍ အရဟတ္တ မဂ်ဉာဏ်၊ အရဟတ္တ ဖိုလ်ဉာဏ်အထိ ရရှိပြီးလျှင် ရဟန္တာ အဖြစ်သို့ ရောက်ကာ ကိလေသာဆင်းရဲ လုံးဝ ငြိမ်းစဲ လေတော့၏။ (အပ-ဋ္ဌ ၂၊ ၃၉)
သာသနာတော်၌ အသက် ၂၀ ပြည့်မှ ရဟန်းပြုခွင့် ရှိသော်လည်း ဤ ရဟန္တာကလေးကိုမူ မြတ်စွာဘုရားသည် အသက် ၇ နှစ်မှာပင် ရဟန်း ပြုပေးလေသည်။
သရဏဂုံတည်ခြင်း၏ အကျိုးတရားကား ကြီးမားလှ၏။
သရဏဂုံ အမှားများ
════════════
ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးမှ တပါး တခြားတရား တခြား အရာကို မိမိတို့ ဆင်းရဲကို ငြိမ်းပေးနိုင်သည်ဟု ထင်မှတ်ကာ အားကိုးရာ အနေဖြင့် ယုံကြည် ဆည်းကပ် ကိုးကွယ်လျှင် မှားယွင်းသော ယုံကြည် အားကိုးမှု၊ မှားယွင်းသော ကိုကွယ်မှုသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုတရား ထိုအရာတို့၌ ဆင်းရဲငြိမ်းကြောင်း အကျင့်ကောင်း အကျင့်မှန် မရှိကြသောကြောင့်ပင်။
မြတ်စွာဘုရား လက်ထက်တော် အခါက အဂ္ဂိဒတ္တ ရသေ့ကြီးနှင့် တပည့် တသောင်းတို့သည် သစ်ပင်၊ တော၊ တောင်၊ သစ်သီး ဥယျာဉ်၊ ပန်း ဥယျာဉ်၊ နတ်ကွန်းတွေကို ကိုးကွယ်နေကြ၏။
မြတ်စွာဘုရားက သူတို့ ကိုးကွယ်နေကြသည်မှာ မှားယွင်းသော ကိုးကွယ်မှုတွေ ဖြစ်ကြောင်း၊ ဆင်းရဲကို မငြိမ်းစေနိုင်ကြောင်း၊ ရတနာသုံးပါးကို ယုံကြည် ကိုးကွယ်မှသာလျှင် အမှန်တရား လေးပါးကို သိ၍ ဆင်းရဲငြိမ်းစေနိုင်ကြောင်း ဟောကြားလျက် လမ်းမှန်ကို ပြပေးရ၏။ ထိုအခါမှ ပင် အဂ္ဂိဒတ္တနှင့် တပည့်အားလုံး အသိမှန် အမြင်မှန် ရကာ ရဟန္တာ ဖြစ်သွားကြ၏။ ( ဓမ္မ-ဋ္ဌ ၂၊ ၁၅၉ )
အမှားအမှန် ဝေဖန်နည်း မြတ်စွာဘုရား သက်တော် ၈၀ ပြည့်သည့်ည ပရိနိဗ္ဗာန် စံခါနီး၌ ကုသိနာရုံပြည် အင်ကြင်းဥယျာဉ်ကြီး အတွင်းဝယ် ကိုးကွယ်ရာ ဘာသာအယူဝါဒ အမှား အမှန် ဝေဖန် ရွေးချယ်နိုင်ရန် သုဘဒ္ဒပရိဗိုဇ် အား အောက်ပါ သဘောတရားကို ဟောကြားတော် မူခဲ့၏။
မဂ္ဂင်ရှစ်ပါး ကျင့်စဉ်ပါသော ဘာသာအယူဝါဒ သည်သာလျှင် ကိလေသာကို ငြိမ်းစေ၏။ ကိလေသာ ငြိမ်းမှ ဆင်းရဲငြိမ်း၏။ ဆင်းရဲငြိမ်းမှ မှန်ကန်သော ဘာသာအယူဝါဒ၊ မှန်ကန်သော ကိုးကွယ်ရာ ဖြစ်၏။
မဂ္ဂင်ရှစ်ပါး ကျင့်စဉ်မပါသော ဘာသာအယူဝါဒသည် ကိလေသာကို မငြိမ်းစေနိုင်။ ထို့ကြေင့် ဆင်းရဲကို မငြိမ်းနိုင်သဖြင့် မှန်ကန်သော ဘာသာ အယူဝါဒ မဟုတ်၊ မှန်ကန်သော ကိုးကွယ်ရာ မဟုတ်။
ထို့ကြောင့် မဂ္ဂင်ရှစ်ပါးကို အားထားကိုးကွယ်ရာ သရဏ = ဘာသာအယူဝါဒ မှန် မမှန် ခွဲခြား ဝေဖန်ရန် ဘာသာရေးစံ၊ သာသနာရေး မှတ်ကျောက် အဖြစ် မှတ်ယူ သင့်ပေသည်။
အကျင့်လမ်းမှန် မဂ္ဂင်ရှစ်တန်
════════════════
ပညာမဂ္ဂင် ၂ ပါး
----------------------
သမ္မာဒိဋ္ဌိ = မှန်စွာ သိမြင်မှု
သမ္မာသင်္ကပ္ပ = မှန်စွာ ကြံစည်မှု
သီလမဂ္ဂင် ၃ ပါး
--------------------
သမ္မာဝါစာ = မှန်စွာ ပြောဆိုမှု
သမ္မာကမ္မန္တ = မှန်စွာ ပြုလုပ်မှု
သမ္မာအာဇီဝ = မှန်စွာ အသက်မွေးမှု
သမာဓိမဂ္ဂင် ၃ ပါး
----------------------
သမ္မာဝါယာမ = မှန်စွာ ကြိုးစားအားထုတ်မှု
သမ္မာသတိ = မှန်စွာ သတိရမှု
သမ္မာသမာဓိ = မှန်စွာ စူးစိုက်တည်ငြိမ်မှု
ဆောင်ပုဒ်
══════
ရွေးချယ်ကြ
--------------
ဘာသာဝါဒ၊ ရွေးချယ်ကြ၊ မှန်မှ ကျိုးများသည်။
အယူဝါဒ၊ မှားယွင်းက၊ မုချ ကျိုးနည်းမည်။
အမှား အမှန်၊ ရွေးချယ်ရန်၊ စံမှန် ရှိရမည်။
မှတ်ကျောက်မှာတင်၊ စံမှာယှဉ်၊ ရွေးလျှင် မမှားပြီ။
မှတ်ကျောက်နှင့် စံ
----------------------
မဂ္ဂင်ရှစ်တန်၊ စံကောင်းမှန်၊ တင်ရန် မှတ်ကျောက် ဖြစ်ပေသည်။
ရှစ်ဖြာမဂ္ဂင်၊ ဘောင်မဝင်၊ ကျင့်စဉ် မှားလှသည်။
ရှစ်ဖြာမဂ္ဂင်၊ ဘောင်၌ဝင်၊ ကျင့်စဉ် မှန်လှသည်။
ကျင့်စဉ် မှန်မှ၊ ယူဝါဒ၊ ဒုက္ခ ငြိမ်းစေသည်။
ဒုက္ခ ငြိမ်းမှ၊ ထိုဝါဒ၊ မုချ စစ်မှန်သည်။
ဆင်းရဲ ငြိမ်းသူနှင့် မငြိမ်းသူ
--------------------------------
မဂ္ဂင်ရှစ်ထွေ၊ ကျင့်သူတွေ၊ ကိလေ ငြိမ်းကြသည်။
ကိလေ ငြိမ်းမှ၊ ဝဋ်ဒုက္ခ၊ မုချ ငြိမ်းပေသည်။
မဂ္ဂင်ရှစ်ထွေ၊ မကျင့်ပေ၊ ကိလေ မငြိမ်းပြီ။
ကိလေ မငြိမ်း၊ ဆင်းရဲကိန်း၊ အေးငြိမ်းချမ်းသာ မရှိပြီ။
ချမ်းသာမဆောင်၊ တရားယောင်၊ ဝေးအောင် ရှောင်ရမည်။
စစ်မှန်သော ဘာသာဝါဒ
------------------------------
ဗုဒ္ဓသာသနာ၊ မဂ်ရှစ်ဖြာ၊ သေချာ ရှိပေသည်။
ရှစ်မဂ္ဂင်ပွါး၊ ကိလေများ၊ ငြိမ်းသွား ချမ်းသာသည်။
ထို့ကြောင့် ဗုဒ္ဓ၊ ယူဝါဒ၊ မုချ စစ်မှန်သည်။
ကြုံကြိုက်ခဲစွာ၊ သာသနာ၊ ကြုံလာ ရပေသည်။
ကြုံလာသော်လဲ၊ သင်ယူလွဲ၊ သင်ပဲ ဆင်းရဲမည်။
မလွဲစေချင်၊ ရှစ်မဂ္ဂင်၊ တွင်တွင် ပွါးရမည်။
မဂ္ဂင်ပွါးလျှင်၊ ကိလေစင်၊ ပြေးဝင် နိဗ္ဗာန်ပြည်။
မဂ္ဂင်ရှစ်ပါး
-------------
သိမှန် ကြံမှန်၊ ပြောပြု မှန်နှင့်၊ ကောင်းမှန် သက်မွေး၊ ဖြူစင်ဖွေး၍၊ မှန်ရေး ကြိုးစား၊ မှန်ငြားသတိ၊ သမာဓိဟု၊ ဤသည့် ရှစ်ဖြာ၊ ကျင့်စဉ်ပါမူ၊ ဘာသာဝါဒ၊ ဝဋ်ဒုက္ခ၊ မုချ ငြိမ်းစေသည်။
ဥပါသကာ ဥပါသိကာ
════════════
စစ်မှန်သော အားကိုးရာ ကိုးကွယ်ရာ ဖြစ်သည့် ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်သော အမျိုးသားကို ဥပါသကာ၊ အမျိုးသမီးကို ဥပါသိကာ ဟု ခေါ်သည်။
ဥပါသကာ = ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်သူ အမျိုးသား။
ဥပါသိကာ = ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်သူ အမျိုးသမီး။
ဆောင်ပုဒ်
══════
ရတနာသုံးရပ်၊ မြဲဆည်းကပ်မူ၊ ထိုသည့်သူ၊ မှတ်ယူ ဥပါသကာ။
ဥပါသကာ၏ သီလ ဥပါသကာ ဥပါသိကာ တို့သည် ( ၁ ) လက်နက်၊ ( ၂ ) လူ၊ ( ၃ ) သားငါး၊ ( ၄ ) အရက်သေစာ၊ ( ၅ ) အဆိပ် တို့ကို ရောင်းဝယ် ကုန်သွယ်ခြင်း မပြုရ။ ဤငါးမျိုးကို မိစ္ဆာဝဏိဇ္ဇာ = အပြစ် မကင်းသော ကုန်သွယ်မှု ဟု ခေါ်သည်။
ဤ မိစ္ဆာဝဏိဇ္ဇာနှင့် ကာယ ဒုစရိုက် ၃ ပါး၊ ဝစီ ဒုစရိုက် ၄ ပါးကို ရှောင်ကြဉ်၍ အသက် မွေးဝမ်းကျောင်း ပြုလျှင် ဥပါသက အာဇီဝ ပြည့်စုံ စင်ကြယ်တော့သည်။
http://csvbooks.blogspot.com/ မှ ကူးယူဖော်ပြထားပါသည်။
Monday, June 6, 2016
တရားထိုင်တာ နေရာလေး လဲမှန်ဖို့လို (Ashin Osadha)
“အရှင်ဘုရား....နေရာမသန့်ရင်ကော တရားထိုင်လို့ ဖြစ်သလား?”
လူလတ်ပိုင်းအရွယ် စင်္ကာပူနိုင်ငံသားတစ်ယောက်က ဒီနေ့မနက် တရားစစ်တော့ မေးတာပါ။ သူက ကုမ္ဗဏီကိစ္စနဲ့ နိုင်ငံစုံ၊ မြို့စုံကို လှည့်နေရပါတယ် တဲ့။ သူက တရားထိုင်လေ့ရှိတော့ ရောက်တဲ့ ဟိုတယ်တိုင်းမှာလဲ အချိန်ရသလောက် တရားထိုင်ပါ သတဲ့။ ဒါပေမဲ့ တချို့ဟိုတယ်တွေမှာ တရားထိုင်ရင်း နာနာဘာဝတွေ အာရုံထဲမှာ ထူးထူးဆန်းဆန်း ပေါ်လာတယ်လို့ ဆိုပါတယ်။ ဒီတော့ အဲသလို မသန့်တဲ့ နေရာမျိုးတွေမှာ တရားထိုင်ရင် ဖြစ်ပါသလား....လို့ မေးတာပါ။
သူက ဒီလို နေ့စဉ်ဘဝမှာ တရားထိုင်တဲ့အကြောင်း ပြောလို့ သူ့ရဲ့ လျှောက်လွှာ ဖေါင်ကို ဖတ်ကြည့်လိုက်တော့ Religion ဆိုတဲ့ နေရာမှာ Free Thinker လို့ ဖြည့်ထားပါတယ်။ ဒီတော့ သူဟာ ဘယ်ဘာသာမှ ကိုးကွယ်သူမဟုတ်၊ “လွတ်လပ်စွာ တွေးခေါ်မှုကို မြတ်နိုးသူ” လို့ ပြောရမှာပေါ့။ သူက ဘာသာမရှိပေမဲ့ တရားကို အခုလို နေ့စဉ်ဘဝမှာ ထိုင်တယ်ဆိုတော့ အတော်လေး လေးစား မိပါတယ်။ မိမိကိုယ်ကိုယ် ဗုဒ္ဓဘာသာ ဆိုင်းဘုတ်တပ်ထားသူတွေက တရားကို သူလို မထိုင်နိုင်ကြဘူး။
ဒါနဲ့ ဒီဒကာလေးကို အဲသလို နာနာဘာဝတွေ အာရုံထဲမှာ တွေ့ရင် မေတ္တာ ကမ္မဋ္ဌာန်းကို သေသေချာချာ အလေးအနက်ထားပြီး စတင်ပွားဖို့၊ ပြီးမှ ဝိပဿနာကို ပွားဖို့ ညွှန်ကြားလိုက်ပါတယ်။ ပြီးတော့ မေတ္တသုတ် ဖြစ်ပေါ်လာရပုံလေးကိုလဲ ရှင်းပြလိုက်ပါတယ်။
မေတ္တသုတ်ထဲက ရဟန်းတွေဟာ တစ္ဆေ သရဲတွေ ရှိတဲ့တောမှာ သွားပြီးတရားထိုင်တော့ မနေနိုင်အောင် ခြောက်လွှတ်လိုက်လို့ ဘုရားဆီကို ပြန်လာခဲ့ကြရတယ်။ အဲဒိ အခါမှာ ဘုရားက သူတို့ကို မေတ္တာပွားဖို့ သင်ပေးလိုက်တယ်။ ဒီတစ်ခေါက် တောထဲပြန်သွားတော့ တောအဝင်ဝက တယ်လို့ မေတ္တာတွေ ပို့သရင်း သွားကြပါတယ်။ ဒီတော့ တစ္ဆေ သူရဲတွေကလည်း ကြည်ကြည် ဖြူဖြူနဲ့ ခရီးဦးတွေပါ ကြိုဆိုကြပါတယ်။ အနှောက်အယှက်မရှိဘဲ တရားအားထုတ်နိုင်လို့ ဒီရဟန်းတွေ အားလုံး ဝါကျွတ်တော့ ရဟန္တာဖြစ်ကုန်ပါတယ်။
နောက်ပြီး နေရာမသင့်တော်လို့ တရားမရတဲ့ မေဃိယရဟန်း ဆိုတာ ရှိသေးတယ်။ သူက မြစ်ကမ်းဘေးက သာယာတဲ့ သရက်ဥယျာဉ်ကြီးတစ်ခုတွေ့လို့ အဲဒိ ဥယျာဉ်မှာ သွားပြီး တရားအားထုတ်ဖို့ ဘုရားဆီမှာ ခွင့်တောင်းပါတယ်။ ဘုရားက ကြည့်လိုက်တော့ အဲဒိ သရက်ဥယျာဉ်က သူ့အတွက် မကောင်းဘူး။ အနှောက်အယှက်တွေ ဖြစ်မယ်။ ဒါနဲ့ ဘုရားက မသွားဖို့ တားတယ်။ မရဘူး။
ပြီးတော့ သူက....
“အရှင်ဘုရားက ဘုရားဖြစ်ပြီးတော့ ကျင့်ကြံစရာ မလိုတော့ဘူး။ အားလုံးပြီးနေပြီ။ တပည့်တော်က ရဟန္တာမဖြစ်သေးဘူး။ ကျင့်ရအုံးမှာ။”
လို့ ပြန်ပြောတော့ ဘုရားလဲ မတားသာတော့ဘူး။ ကဲ့....မင်းသွားချင်လဲ သဘောဘဲ” ဆိုပြီး ခွင့်ပြုလိုက်ရတယ်။
မကြာပါဘူး။ အနှောက်အယှက်တွေ ဝင်လာပါတယ်။ တစ္ဆေ သူရဲတော့ ဟုတ်ပါ ဘူး။ ကာမဝိတက်တွေ ဝင်လာတာပါ။ နောက်တော့ စိတ်တွေ ပျံ့လွင့်ပြီး တရားကို လုံးဝ အားထုတ်မရလို့ ဘုရားဆီ ပြန်လာခဲ့ရတယ်။ သူကတော့ နေရာရွေး မှားတာပါ။
ဒါကြောင့် တရားရဖို့ဆိုရင် နေရာသန့်ဖို့လဲ လိုသလို၊ နေရာမှန်ဖို့လဲ အရေးကြီး ကြောင်း သတိထားစရာပါဗျာ.....။
Saturday, May 21, 2016
ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဗျာ ဖွား ပွင့် စံ လေတန်ကြုံတွေ့ ကဆုန်လပြည့် )
လယ်တီဆရာတော် ခုနစ်နေ့ ဘုရားရှိခိုး
ကြာသပတေး
သုံးလူ့ရှင်ပင် ၊ကျွန့်ထိပ်တင် ၊ သောင်းခွင်စကြာဝဠာ ၊ နတ်ဗြဟ္မာတို့ ၊ ညီညာရုံးစု ၊ တောင်းပန်မှုကြောင့် ၊ ရတုနဂို ၊ရွန်းရွန်းစိုသည်၊ ၀ါဆိုလပြည့် ၊ ကြွက်မင်းနေ့ဝယ် ၊ ချမ်းမြေ့ကြည်ဖြူ၊ နေတော်မူသည် ၊ နတ်လူငြိမ်းဖို့ကိန်းပါကို။
သောကြာ
သန္ဓေယူကာ ၊ဆယ်လကြာသော်၊ မဟာသက္ကရာဇ် ၊ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့် ၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ ၊ လုံမ္ဗိနီ၌၊ မဟီလှိုက်ဆူ ၊ဖွားတော်မူသည်၊ နတ်လူအောင်မြို့လမ်းပါကို။
တနင်္လာ
ဖွားမြင်မြောက်သော် ၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌ ၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလှစ် ၊ ဆယ့်သုံးနှစ်လျှင် ဘုန်းသစ်လျှံလူ ၊စံတော်မူ၍ ငယ်မူနုဖြိုး ၊နှစ်ဆယ့်ကိုးဝယ် လေးမျိုးနိမိတ် ၊နတ်ပြဟိတ်ေ ကြာင့် ရွှေစိတ်ငြင်ငြို၊ သံဝေပိုကာ ၀ါဆိုလပြည့် ၊ ကျားမင်းနေ့ဝယ် ချမ်းမြေ့ရဂုံ ၊ တောရိပ်လှုံသည် စုံမြိုင်ပင်ရိပ်ခန်းမှာကို။
ဗုဒ္ဓဟူး
တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ကျော်၍ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက ကဆုန်လပြည့် ၊ ဆင်မင်းနေ့ဝယ် မြေ့ ပရမေ ၊ပလ္လင်ဗွေ၌ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့် မငြီးကြည်ဖြူ ၊နေတော်မူလျှက် ရန်မြူခပင်း၊ အမိုက်သင်းကို အရှင်းပယ်ဖျောက်၊ အလင်းပေါက်က ထွန်းတောက်ဘုန်းတော် ၊ သောင်းလုံးကျော်သည် သုံးဘော်လူတို့ ငြိမ်းပါကို။
စနေ
ဘုရားဖြစ်ခါ ၊မိဂဒါသို့ စကြာရွှေဖွား၊ ဖြန့်ချီသွား၍ ငါးပါးဝဂ္ဂီ ၊ စုံအညီနှင့် မဟီတစ်သောင်း ၊တိုက်အပေါင်းမှ ခညောင်းကပ်လာ ၊နတ်ဗြဟ္မာအား ၀ါဆိုလပြည့် ၊ စနေနေ့ဝယ် ကြွေ့ ကြွေ့လျံတက် ၊ဓမ္မစက်ကို မိန့်မွက် ထွေပြား ၊ဟောဖော်ကြားသည် တရားနတ်စည် ရွမ်းတယ်ကို ။
အင်္ဂါ
တရားနတ်စည် ၊ဆော်ရွမ်းလည်ကာ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ် ကျွတ်ထိုက်သသူ ၊ နတ်လူဗြဟ္မာ သတ္တ၀ါကို ၊ခေမာသောင်သို့ ဖောင်ကူတို့ဖြင့်၊ ဆောင်ပို့ပြီးခါ ၀ါလေးဆယ့်ငါး ၊ သက်ကားရှစ်ဆယ် စုံပြည့်ကြွယ်က ၊ ရာလေးဆယ့်ရှစ် သက္ကရာဇ်ဝယ် နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ် ကုဿိန္နာရုံ ၊ အင်ကြင်းစုံ၌ ကဆုန်လပြည့် ၊ အင်္ဂါနေ့ဝယ် ချမ်းမြေ့ နိဗ္ဗူ ၊စံတော်မူသည် ၀ှမ်းဆူသောင်းလုံးကျော်တယ်ကို ။
တနင်္ဂနွေ
နိဗ္ဗူစံပြီ ၊ ရှုမအီသား သိင်္ဂီ ရွှေလှော်၊ အလောင်းတော်ကို ထိုရော်ကဆုန် ၊လဆုတ်ကြုံ၍ ဂဠုန်နေ့ဝယ် ၊ခိုးငွေ့မနှော ဓာတ်တေဇောလျှင် ၊ ရှင်စောဥာဏ်စက် ဓိဌာန်ချက်ဖြင့် ၊ လျှံတက်ကော်ရော် မီးပူဇော်သည် မွေတော်ရှစ်စိတ် ကြွင်းတယ်ကို ။
ထိုခုနစ်နေ့ သာချမ်းမြေ့ကို စွေ့စွေ့ကြည်ဖြူအာရုံယူလျှက် သုံးလူတို့နတ် မြတ်ထက် မြတ်သားရှင်တော်ဘုရားကိ ငါးပါးမှန်စွာ ၀န္ဒနာဖြင့် သဒ္ဒါဖြိုးဖြိုး ကျွန်ရှိခိုးသည် ကောင်းကျိုးခပ်သိမ်းကြွယ်စေသောဝ်။
ဆောင်= ဗျာ ဖွား ပွင့် စံ လေတန်ကြုံတွေ့ ကဆုန်ပြည့်။
သန္ဓေ တောထွက် ဓမ္မစက် ဟောမြွက် လဝါဆို။
မ သိ ကြ လျင် တွေးဆ အုံး မ= ကြာသပတေးနေ့(သန္ဓေယူနေ့) သိ= သောကြာနေ့(ဖွားနေ့) ကြ=ဗုဒ္ဓဟူး (တောထွက်နေ့) ကြွင်းသိလေ —
Thursday, May 19, 2016
ဗုဒ္ဓ လက်ထက် အရှင် လတ်လတ် မြေမျို ခံခဲ့ရသူ (၅) ဦး
မိလိန္ဒပဥှာ ပါဠိတော် (၁၀ဂ) တွင် ဂေါတမ ဘုရားရှင် သာသနာတော် အတွင်း၌ အရှင် လတ်လတ် မြေမျို ခံခဲ့ ရသူ ငါးဦး ရှိကြောင်း ဖော်ပြထား၏။ ထို ငါးဦးမှာ -
(၁) စိဉ္စမာဏ
(၂) သုပ္ပဗုဒ္ဓ
(၃) အရှင်ဒေဝဒတ်
(၄) နန္ဒက ဘီလူး
(၅) နန္ဒလုလင် တို့ပင် ဖြစ်သည်။
၁။ စိဉ္စမာဏ
----------------
စိဉ္စမာဏ သည် ဘုရား လက်ထက် တိတ္တိ ဆရာကြီးများ၏ စေခိုင်း မှုကြောင့် မြတ်စွာဘုရားရှင် အား အမျိုးမျိုး စွပ်စွဲ ခဲ့သူ ဖြစ်သည်။ စိဉ္စမာဏ သည် မြတ်ဗုဒ္ဓ အား လူ အများ အထင် လွဲမှားစေရန် ရည်ရွယ်၍ ညနေချမ်း လူများ မြင်ရချိန် တွင် ဘုရားကျောင်းတော် အတွင်း ဝင်သွားပြီး မနက်စောစော လူအများကျောင်း ကို လာချိန် တွင် ဘုရားကျောင်းတော် မှ ပြန်ထွက် လာဟန် ပြုမူနေထိုင် ခဲ့ပြီး အတော် အတန် ကြာသည့် အခါ ရဟန်းဂေါ တမနှင့် ကိုယ်ဝန် ရသည့် ပုံစံဖြင့် မိမိ ဝမ်းဗိုက်တွင် ပြင်ချပ် ချည်ကာ တရားဟောနေသည့် ဘုရားရှင်အား တရားနာ ပရိတ်သတ်ကြားတွင် စွပ်စွဲလေ၏။
မြတ်ဗုဒ္ဓ က မေတ္တာ တရားဖြင့်သာ နေတော် မူချိန် နတ်သားလေးယောက်တို့ က ကြွက်ယောင် ဖန်းဆင်းပြီး စိဉ္စမာဏ ၏ ကိုယ်ဝန် အတုကို ကိုက်ဖြတ်ကာ အမှန် ကို ဖော်ထုတ်ပေးခဲ့သည်။ ထိုအခါ မှသာ တရားနာ ပရိတ်သတ်များ လည်း အမြင် ရှင်းကာ ထို အမျိုးသမီးအား ရိုက်ပုတ်ပြီး ကျောင်းအပြင် သို့ နှင်ထုတ် လိုက် ကြလေ သည်။
စိဉ္စမာဏ သည် ဘုရားရှင် မျက်ကွယ်သို့ ရောက်သည့် ခဏ မှာပင် မြေမျို ခံခဲ့ရလေတော့သည်။ အဝီစိ ငရဲမှ မီးလျှံ များသည် စိဉ္စမာဏ အား ရစ်ပတ်၍ အဝီစိ ငရဲ သို့ ခေါ်ဆောင်သွားခဲ့လေသည်။
၂။ သုပ္ပဗုဒ္ဓ
-------------
သုပ္ပဗုဒ္ဓ သည် ဘုရားရှင် သိဒ္ဓတ္ထ မင်းသား ဘဝ က တော်စပ် ခဲ့ရသည့် ယောက္ခမ သကျသာကီဝင် မင်းမျိုးဖြစ် ၏။ ဒေဝဒတ်နှင့် ယသော်ဓရာ တို့၏ အဖေ၊ သိဒ္ဓတ္ထ မင်းသား ၏ ဦးရီးတော် လည်း ဖြစ်၏။ သုပ္ပဗုဒ္ဓ သည် တူတော် သိဒ္ဓတ္ထ မင်းသား ဘုရားအဖြစ် ကို ရောက်ပြီးနောက်ပိုင်း သမီးတော် ယသော်ဓရာ ကို ထားခဲ့သည့် အကြောင်း၊
သားတော် ဒေဝဒတ် ၏ ရန်သူ အရာ၌ တည်ခဲ့သည့် အကြောင်း၊ မိမိထက် ငယ်ရွယ်သူ တူတော်မောင် တစ်ယောက် အပေါ် ရိုသေလေးစားမှု မပြုလိုသည့် အကြောင်း စသည့် အကြောင်းများဖြင့် ဘုရားရှင်အပေါ် ရန်ငြိုး ထားသူ ဖြစ်သည်။
တစ်နေ့တွင် ဘုရားရှင် ကြွတော် မူရာ လမ်းကို ပိတ်ပင်တားဆီး၊ ဘုရားရှင် တို့၏ ခရီးလမ်း ကို နှောက် ယှက် ဖျက်ဆီးသည် ကို အကြောင်းပြု၍ ဘုရားရှင် က ဦးရိးတော် သည် ဤ အကုသိုလ်ကြောင့် (၇) ရက်လွန်သည့် အခါ ပြဿ ဒ်ခြေရင်း လှေခါးရင်း တွင် မြေမျို ခံရမည် ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။
ထို အကြောင်းကို သုပ္ပဗုဒ္ဓ ကြားသိသည့် အခါ မြတ်စွာဘုရား စကား မမှန်အောင်နေပြီး မုသာဝါဒဖြင့် စွပ်စွဲ မည်ဟု နှလုံးပိုက်ကာ ဘုံ (၇) ဆင့် ရှိသည့် ပြဿ ဒ်ထက်ဝယ် နေခဲ့လေ၏။ သို့သော် (၇) ရက်မြောက် သည့်နေ့ တွင် ရှင်ဘုရင် ၏ မင်္ဂလာ စီးတော်မြင်း ၏ မြည်ဟီးကာ သောင်းကျန်းနေသည် ကို အကြောင်းပြုပြီး စီးတော်မြင်း အား တားဆီးရန် သတိ လက်လွတ်ဖြင့် ပြဿ ဒ်ထက်မှ ဆင်းသက် မိရာက လှေကားခြေရင်း တွင် မြေမျို ကာ အဝီစိ ငရဲသို့ ကျရောက်ခဲ့ခြင်း ဖြစ်သည်။
ဘုရားရှင် တို့၏ စကားတော် သည် လွဲချော်ရိုး ထုံးစံ မရှိသည့်အလျောက် (၇) ရက်မြောက်လျင် မြေမျို ခံရမည့် သုပ္ပဗုဒ္ဓ္ပ သည်လည်း မဖြစ်မနေ အကြောင်း ဖန်ကာ မြေမျိုသေဆုံး ခဲ့ခြင်း ဖြစ်သည်။
၃။ အရှင် ဒေဝဒတ်
----------------------
ဒေဝဒတ် မြေမျိုခြင်း အကြောင်းကား အတော် များများ သိထားပြီး ဖြစ်၏။ မြတ်ဗုဒ္ဓ္ဓ၏ ယောက် ဖတော် လည်းဖြစ်၊ ညီအကိုတော်လည်း ဖြစ်သည့် ရှင်ဒေဝဒတ် သည် ရဟန်းအဖြစ် ကို ရရှိပြီးနောက် မိမိနောက် မှ ရောက် လာကြသည့် အရှင်သာရိ ပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန တို့ကို ဘုရားရှင်က အဂ္ဂသာဝက ရာထူးများ ပေးအပ်လိုက်ချိန်မှ စ၍ ဘုရားရှင် အပေါ် ရန်ငြိုးဖွဲ့မှုများ တိုးပွားလာခဲ့ခြင်း ဖြစ်သည်။
ဘုရားရှင် ကို အမျိုးမျိုး အတိုက်အခံပြု ဆန့်ကျင်ဘက်ပြုကာ ဘုရား ကို သွေးစိမ်း တည်အေငာ် လုပ်ခြင်း၊ ညီ ညွတ်နေသည့် သံဃာတော် များ ကွဲပြား သွားအောင် သံဃာ သင်းခွဲခြင်း စသည့် ပဉ္စာနန္တရိယကံ များ အထိ ကျူးလွန် မိခဲ့သည်။
မြတ်ဗုဒ္ဓနှင့် လမ်းခွဲကာ နောက်ပါ တပည့်များနှင့် နေပြီး မကြာခင်မှာ ရောဂါ စွဲကပ်လာခဲ့သည့် ရှင်ဒေဝဒတ် သည် မိမိ၏ အမှားများ အပေါ် နောင်တ တရား များ ဖြစ်ခဲ့လေ၏။
နောက်ဆုံး ဘဝနိဂုံး မချုပ်ခင် မြတ်စွာ ဘုရား အား ဖူးမြော် လိုကြောင်း တပည့် များအား တိုးလျိုးတောင်းပန် သဖြင့် တပည့်များ က ထမ်းစင်ဖြင့် ဘုရားရှင် ရှိရာ ဇေတဝန်ကျောင်းတော် သို့ ပို့ဆောင်စဉ် ကျောင်းဘေးနား ရှိ ရေကန်နား အရောက် တပည့် များက ထမ်းစင်ကို ချပြီး ရေကန်ဘက် အသွား တပည့်များ အလာကို မစောင့်နိုင်ဘဲ ဘုရားကျောင်းတော်ကို မိမိ ကိုယ်တိုင် အားပြုရုန်း ထလျက် ထမ်းစင်ပေါ်မှ အဆင်းမှာပင် မဟာ ပထဝီမြေကြီး ကွဲအက်ကာ အရှင် လတ်လတ် မြေမျို ခံခဲ့ရခြင်း ဖြစ်သည်။
၎။ နန္ဒက ဘီလူး
-------------------
နန္ဒက ဘီလူး သည် သူတော်ကောင်း ဓာတ်ခံ အလွန်နည်းပါး သည့် ဘီလူးဖြစ်သည်။ ထို့ကြောင့် သူတော်ကောင်း များ အပေါ်တွင် လည်း မနောကံ အပြင် ဝစီကံ၊ ကာယကံတွေနဲ့ များဖြင့် ကိုယ်ထိ လက်ရောက် ဆော်ကားလေ့ ရှိသည်။ တစ်ချို့စော်ကားမှု အပိုင်းများ သည် လက်တွေ့ပိုင်းမှာ အကျိုး သက်ရောက် မှု မရှိသော်လည်း ပညာရှိ သူတော်ကောင်း၊ သီလသမာဓိ ပညာ အားကောင်းသည့် အရိယာ သူတော်ကောင်းများ ကို စော်ကား မိပါက လက်တွေ့ ခံရသည်ကို နန္ဒက ဘီးလူး သဘောပေါက်သွားခဲ့သည်။
တစ်နေ့ "အရှင်သာရိပုတ္တရာ" မထေရ်မြတ်သည် ဂိဇ္ဈဂုတ်တောင် တွင် တရား အားထုတ်နေစဉ် နန္ဒက ဘီလူး ရောက်ရှိ လာပြီး တရားအားထုတ်၍ မရအောင် အမျိုးမျိုး နှောက်ယှက်လေသည်။ နောက်ဆုံး မထေရ်မြတ် ၏ ဦးခေါင်းတော် ကို ကိုယ်ထိ လက်ရောက် ရိုက်ပုတ်သည် အထိ စော်ကားနှောက်ယှက် ခဲ့သည်။
ထို အကုသိုလ် အကျိုးကြောင့် နန္ဒက ဘီလူးသည် မြေကြီး ကွဲအက်ကာ အဝီစိ ငရဲမှ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ ရသည်။ နန္ဒက ဘီလူး သည် လက်တွေ့ဘဝ တွင် သူတော်ကောင်း ကို စော်ကား မိသဖြင့် အရှင် လတ်လတ် မြေမျိုး ခဲ့ရလေသည်။
၅။ နန္ဒလုလင်
------------------
နန္ဒ လုလင်သည် ရဟန္တာ မထေရ်မ ကို စော်ကား မိသဖြင့် အရှင် လတ်လတ်မြေမျို ခံခဲ့ရသူဖြစ်သည်။ သူစော်ကား ခြင်း ခံရသူမှာ "ဥပ္ပလဝဏ် ထေရီမ" ဖြစ်သည်။ ဥပ္ပလ၀ဏ်ထေရီမ သည် "တန်ခိုးကြီးသော အရာ ၌ အမြတ်ဆုံး ဧတဒဂ်ဘွဲ့ရ ရဟန္တာထေရီမ" တစ်ဦး ဖြစ်ပေသည်။
ထေရီမ သည် တန်ခိုးကြီးသည် သာမက ဥပဓိ သမ္ပတ္တိနှင့် လည်း ပြည့်စုံ သဖြင့် ထေရီမဖြစ်သော်လည်း လူယောက်ျားများ ၏ စိတ်ဝင်စားမှု ကို ခံရသူဖြစ်သည်။ ထိုအထဲတွင် နန္ဒ လုလင်လည်း တစ်ဦးအပါ အဝင် ဖြစ် သည်။
တစ်နေ့သော် နန္ဒလုလင် သည် လူသူ ကင်းဆိတ်ချိန်တွင် ထေရီမ ၏ ကျောင်းသင်္ခမ်းသို့ ရောက်ရှိ လာပြီး ထေရီမ အား အဓမ္မပြုကျင့်လေသည်။ ရဟန္တာဖြစ်နေသည့် ထေရီမ အား စော်ကားမိ သဖြင့် ယင်း အကုသိုလ်ကံ အကျိုးကြောင့် နန္ဒလုလင် မှာ မြေကြီး ကွဲအက်၍ အရှင် လတ်လတ် မြေမျိုခြင်း ကို ခံခဲ့ရပြီး အဝီစိ ငရဲသို့ ကျရောက် သွားခဲ့လေသည်။
ဤကား ဒိဋ္ဌဓမ္မဝေဒနီယကံ ၏ အကျိုးဆက် အဖြစ် လက်ရှိ ဘဝမှာပင် သူတော်ကောင်း ကို စော်ကား မိသဖြင့် အရှင် လတ်လတ်မြေမျို ခံခဲ့ရသည့် ပုဂ္ဂိုလ် ငါးဦး အကြောင်း တစေ့ တစောင်းပင် ဖြစ်ပါသည်။
ဓမ္မစာပေ ပရိတ်သတ် တစ်ဦး ၏ တောင်းဆိုချက် ကို အကျဉ်းချုပ် ၍ ရေးသားဖော်ပြလိုက်ပါသည် ။
အများသူငါ ဗဟုသုတ တိုးစေရန်လည်း တစ်ဆင့်ပြန်လည် မျှဝေလိုက်ပါသည်။
မေတ္တာဖြင့်
- [မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)]
credit
Young Buddhist Association
ဗဟုသုတ ဟင်းပေါင်းအိုးကြီး
Monday, April 25, 2016
Thursday, March 3, 2016
နာထတရား (၁၀)ပါး
နာထတရား (၁၀)ပါး
===========
"သနာထာ ဘိက္ခဝေ ဝိဟရထ၊ မာ အနာထာ၊ ဒုက္ခံ ဘိက္ခဝေ အနာထော ဝိဟရတိ။"
(အံ၊၃၊၂၇၅။)
"ရဟန်းတို့. ......မှီခိုအားထားရာ နာထတရား ထင်ရှားရှိကုန်လျက် နေထိုင်ကြပါ။ မှီခိုအားထားရာ နာထတရား ထင်ရှားမရှိဘဲ မနေထိုင်ကြပါကုန်လင့်။ ရဟန်းတို့....
မှီခိုအားထားရာ နာထတရား ထင်ရှားမရှိသော ပုဂ္ဂိုလ်သည် ဆင်းဆင်းရဲရဲ နေထိုင်ရ၏။"
မှီခိုအားထားရာ နာထတရား ထင်ရှား မရှိဘဲ နေထိုင်သူ (အနာထပုဂ္ဂိုလ်)သည်
ဆင်းဆင်းရဲရဲ နေထိုင်ရရုံတွင်သာမက ဆင်းဆင်းရဲရဲ လည်းသေကျေပျက်စီးရတတ်၏။
လောက၌ ရှိကြသူအပေါင်းတို့သည် တစ်ဦးအပေါ် တစ်ဦးအမှီပြု၍ အသက်မွေးဝမ်း ကျောင်း ကြရသည်။ အမှီမရှိသောသူသည် ကြီးပွားတိုးတတ်ရန်မဖြစ်နိုင်ပေ။ အနည်း
ဆုံးအားဖြင့် သားသမီးတိုသည် မိဘကိုမှီကြရသည်။ မှီစရာမိဘမရှိသော် မိမိကိုယ်ကို
မှီကြရသည်။ မိမိသည်သာလျင် မိမိ၏အကောက်းဆုံးသော မှီရာဖြစ်သော်လည်း
မှီပုံမှီနည်း မှန်ကန်မှုရှိရပါမည်။ မြတ်စွာဘုရားရှင်သည် မှီခိုအားထားရာ အစစ်အမှန်
တို့ကို ထုတ်ယူပြသဟောကြားထားတော်မူပါသည်။ ထိုတရားတို့မှာ____
၁။ သီလရှိခြင်း။ ။ ပထမနာထဖြစ်သော သီလသည် မိမိ၏မှီခိုရာ အစစ်ဖြစ်သည်။
သီလရှိသောသူ ၏ စိတ်၌ဖြစ်ပေါ်သောတောင့်တချက်ဟူသမျှသည် မချွတ်ဧကန်
ပြည့်စုံလိမ့်မည်ဟု ဟောတော်မူသည့်အတိုင်း နောက်အနာဂတ် သံသရာခရီးတ
လျှောက်တွင် အမှီပြုနိုင်သော အမှီကောင်းတစ်ခုဖြစ်သည်။
၂။ ဗဟုသုတရှိခြင်း ။ ။ အကြား+အမြင် (ဗဟုသုတ )များပြားခြင်းဆိုသည်မှာ
ကောင်းခြင်းသုံးဖြာနှင့်ပြည့်စုံသော မူသော မြတ်စွာဘုရားတရားတော်တို့ကို ရှေးဦး
စွာဆရာထံမှ စနစ်တကျသင်ယူခြင်းသည် အကြား နှင့်ပြည့်စုံခြင်းဖြစ်သည်။ထို့နောက်
ကိုယ်တိုင်မျက်မှောက်သိအောင် မြင်အောင် အားထုတ်ခြင်း အမြင်နှင့် ပြည့်စုံခြင်းဖြစ်
သည်။ အောက်ထပ်ဆုံးအားဖြင့် နာမရူပပရိစ္ဆေဒဥာဏ်နှင့် ပစ္စယပရိဂ္ဂဟဥာဏ် နှစ်
မျိုးကို သင်သိကျင့်သိအနေဖြင့် ထွင်းဖောက်သိရှိပါက မိမိသည်ကျိန်းသေအပ္ပါယ်
သို့မကျရောက်ရသော စူဠသောတပန် အဖြစ်သို့ရောက်မည်ဖြစ်သည်။ ဤသည်မှာ
ဒုတိယအမှီကောင်းဖြစ်သည်။
၃။ ကလျာဏမိတ္တ ရှိခြင်း ။ ။ မိတ်ဆွေကောင်ရရှိခြင်းသည် အမှီကောင်း စင်စစ်ဖြစ်
သည်။ မြတ်စွာဘုရားတည်းဟူသော ကလျာဏမိတ္တကို ရရှိကြသဖြင့် သံသရာဝဋ်
ဆင်းရဲမှ လွတ်မြောက်သွားကြကုန်သော သူတို့သည် မရေမတွတ်နိုင်အောင် ရှိကြပြီ
ဖြစ်သည်။ မိမိသည်လည်း မိမိနှင့် လျော်ကန်သင့်မြတ်သော မိတ်ဆွေကောင်းကို
ရရှိခြင်းသည် သံသရာခရီးအဆုံးသတ်ဖို့ရန်အတွတ် အမှီကောင်းဖြစ်ပေသည်။
၎။ ဆုံးမလွယ်ခြင်း။ ။ ဆုံးမလွယ်သော သူသည် အများတကာချစ်ခင်ကြသဖြင့်
မိမိ၏ ရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်အောင် ကူညီအကျိုးဆောင်မည့်သူ
များနှင့် တွေ့ဆုံရန်အခွင့်အရေးများစွာရိသည့်အတွက် ဆုံးမလွယ်ခြင်းသည် မိမိ၏
အမှီကောင်းတစ်ခုဖြစ်သည်။
၅။ ကူညီရိုင်းပင်းမှုရှိခြင်း ။ ။ တစ်ဦးနှင့် တစ်ဦး ကူညီရိုင်းပင်းမှုသည် လိုအပ်လှပါ
သည်။ သီလကျင့်စဉ်ကို အပြန်အလှန် ကူညီဖြည့်ကျင့်ခြင်း ၊ သမာဓိကျင့်စဉ်ဖြစ်ပေါ်
စေရန်ကူညီခြင်း၊ ပညာကျင့်စဉ် ဖြစ်ပေါ်လာစေရန် သင်ကြားပြသခြင်း ယင်းဓမ္မဒါန
ကုသိုလ်တို့သည် ကောင်းကျိုးတရားကိုသာ ဖြစ်ပေါ်စေနိုင်သောကြောင့် မိမိ၏
မှီခိုအားထားရာ တရားတစ်ခုပင်ဖြစ်သည်။
၆။ တရားကိုမြတ်နိုးခြင်း ။ ။ သုတ္တန်တရားတော် ၊ အဘိဓမ္မာတရားတော်၊ ဝိနည်း
တရားတော်တို့ အပေါ်၌ ရိုသေလေးစားစွာ သင်ယူပို့ချ ကျင့်ကြံခြင်းသည် ကောင်း
ကျိုးကိုသာဖြစ်ပေါ်စေတတ်သော သဘောကြောင့် မှီခိုအားထားရာ တရားတစ်ပါးပင်
ဖြစ်သည်။
၇။ လုံလဝီရိယ ရှိခြင်း ။ ။ ဝိရိယရှိသော သူအား အဘယ်မည်သော အမှုလုပ်ငန်း
ရပ်သည် မပြီးစီးဘဲ ပြည့်စုံနိုင်ပါအံနည်း။ ပြီးစီးပြည့်စုံနိုင်သည်သာ ဖြစ်၏။ ဟု ဟော
တော်မူသည့်အတိုင်း မိမိအားထုတ်နေသော တရားတို့အပေါ်၌ လုံလဝီရိယ ရှိမှသာ
ပြည့်စုံနိုင်မည်ဖြစ်သည်။ ကြိုးစားက ဘုရားဖြစ်နိုင် ဆိုသည်စကားအတိုင်း ထကြွသော
လုံလဝီရိယ ရှိခြင်းသည် မိမိ၏မှီခိုရာ အစစ်ပင်ဖြစ်သည်။
၈။ ရောင့်ရဲလွယ်ခြင်း ။ ။ ရဟန်းတို့..... ဤလောကုတ္တရာတရား ကိုးပါးသည် အလို
နည်းပါးသော၊ လိုခြင်မှု ဣစ္ဆာ(တဏှာ)မရှိသော အပ္ပိစ္ဆပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင်
ပြည့်စုံနိုင်၏။ ဟု ဗုဒ္ဓမြတ်စွာ ဟောတော်မူသဖြင့် မိမိသည် အလိုနည်းသောသူ မိမိ
ရရှိသမျှနှင့် ရောင့်ရဲလွယ်ကာ မိမိအားထုတ်သင့်သည်များကို အားထုတ်နိုင်ခြင်းသည်
မှီခို ရာအစစ်တစ်ခုဖြစ်ပေသည်။
၉။ သတိရှိခြင်း။ ။ သတိသည် ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ ဟူသည့် အာရုံလေးမျိုး ဟူ
သော သတိပဋ္ဌာန်တရားတို့ကို ပွားများအားထုတ်ရာ၌ သတိကား အရေးကြီးဆုံးသော
ကဏ္ဍမှ ပါဝင်လျက်ရှိ၏။ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ ဟူသော အာရုံတို့ကို အမြဲအမှတ်ရ
နေမှုနှင့် ပြည့်စုံနေသောသူသည် မိမိ၏ မှီခိုရာ အစစ်ကိုရရှိသောသူပင်ဖြစ်သည်။
၁၀။ ဝိပဿနာပညာ မဂ်ပညာ ရှိခြင်း ။ ။ ဝိပဿနာပညာ မဂ်ပညာတို့ဖြင့် ပြည့်စုံ
သောသူ ဖြစ်ပါက အကောင်းဆုံးသော မှီခိုအားထားရာကို ရရှိနေသောသူပင်
ဖြစ်သည်။ ဓမ္မ ရဋ္ဌ
===========
"သနာထာ ဘိက္ခဝေ ဝိဟရထ၊ မာ အနာထာ၊ ဒုက္ခံ ဘိက္ခဝေ အနာထော ဝိဟရတိ။"
(အံ၊၃၊၂၇၅။)
"ရဟန်းတို့. ......မှီခိုအားထားရာ နာထတရား ထင်ရှားရှိကုန်လျက် နေထိုင်ကြပါ။ မှီခိုအားထားရာ နာထတရား ထင်ရှားမရှိဘဲ မနေထိုင်ကြပါကုန်လင့်။ ရဟန်းတို့....
မှီခိုအားထားရာ နာထတရား ထင်ရှားမရှိသော ပုဂ္ဂိုလ်သည် ဆင်းဆင်းရဲရဲ နေထိုင်ရ၏။"
မှီခိုအားထားရာ နာထတရား ထင်ရှား မရှိဘဲ နေထိုင်သူ (အနာထပုဂ္ဂိုလ်)သည်
ဆင်းဆင်းရဲရဲ နေထိုင်ရရုံတွင်သာမက ဆင်းဆင်းရဲရဲ လည်းသေကျေပျက်စီးရတတ်၏။
လောက၌ ရှိကြသူအပေါင်းတို့သည် တစ်ဦးအပေါ် တစ်ဦးအမှီပြု၍ အသက်မွေးဝမ်း ကျောင်း ကြရသည်။ အမှီမရှိသောသူသည် ကြီးပွားတိုးတတ်ရန်မဖြစ်နိုင်ပေ။ အနည်း
ဆုံးအားဖြင့် သားသမီးတိုသည် မိဘကိုမှီကြရသည်။ မှီစရာမိဘမရှိသော် မိမိကိုယ်ကို
မှီကြရသည်။ မိမိသည်သာလျင် မိမိ၏အကောက်းဆုံးသော မှီရာဖြစ်သော်လည်း
မှီပုံမှီနည်း မှန်ကန်မှုရှိရပါမည်။ မြတ်စွာဘုရားရှင်သည် မှီခိုအားထားရာ အစစ်အမှန်
တို့ကို ထုတ်ယူပြသဟောကြားထားတော်မူပါသည်။ ထိုတရားတို့မှာ____
၁။ သီလရှိခြင်း။ ။ ပထမနာထဖြစ်သော သီလသည် မိမိ၏မှီခိုရာ အစစ်ဖြစ်သည်။
သီလရှိသောသူ ၏ စိတ်၌ဖြစ်ပေါ်သောတောင့်တချက်ဟူသမျှသည် မချွတ်ဧကန်
ပြည့်စုံလိမ့်မည်ဟု ဟောတော်မူသည့်အတိုင်း နောက်အနာဂတ် သံသရာခရီးတ
လျှောက်တွင် အမှီပြုနိုင်သော အမှီကောင်းတစ်ခုဖြစ်သည်။
၂။ ဗဟုသုတရှိခြင်း ။ ။ အကြား+အမြင် (ဗဟုသုတ )များပြားခြင်းဆိုသည်မှာ
ကောင်းခြင်းသုံးဖြာနှင့်ပြည့်စုံသော မူသော မြတ်စွာဘုရားတရားတော်တို့ကို ရှေးဦး
စွာဆရာထံမှ စနစ်တကျသင်ယူခြင်းသည် အကြား နှင့်ပြည့်စုံခြင်းဖြစ်သည်။ထို့နောက်
ကိုယ်တိုင်မျက်မှောက်သိအောင် မြင်အောင် အားထုတ်ခြင်း အမြင်နှင့် ပြည့်စုံခြင်းဖြစ်
သည်။ အောက်ထပ်ဆုံးအားဖြင့် နာမရူပပရိစ္ဆေဒဥာဏ်နှင့် ပစ္စယပရိဂ္ဂဟဥာဏ် နှစ်
မျိုးကို သင်သိကျင့်သိအနေဖြင့် ထွင်းဖောက်သိရှိပါက မိမိသည်ကျိန်းသေအပ္ပါယ်
သို့မကျရောက်ရသော စူဠသောတပန် အဖြစ်သို့ရောက်မည်ဖြစ်သည်။ ဤသည်မှာ
ဒုတိယအမှီကောင်းဖြစ်သည်။
၃။ ကလျာဏမိတ္တ ရှိခြင်း ။ ။ မိတ်ဆွေကောင်ရရှိခြင်းသည် အမှီကောင်း စင်စစ်ဖြစ်
သည်။ မြတ်စွာဘုရားတည်းဟူသော ကလျာဏမိတ္တကို ရရှိကြသဖြင့် သံသရာဝဋ်
ဆင်းရဲမှ လွတ်မြောက်သွားကြကုန်သော သူတို့သည် မရေမတွတ်နိုင်အောင် ရှိကြပြီ
ဖြစ်သည်။ မိမိသည်လည်း မိမိနှင့် လျော်ကန်သင့်မြတ်သော မိတ်ဆွေကောင်းကို
ရရှိခြင်းသည် သံသရာခရီးအဆုံးသတ်ဖို့ရန်အတွတ် အမှီကောင်းဖြစ်ပေသည်။
၎။ ဆုံးမလွယ်ခြင်း။ ။ ဆုံးမလွယ်သော သူသည် အများတကာချစ်ခင်ကြသဖြင့်
မိမိ၏ ရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်အောင် ကူညီအကျိုးဆောင်မည့်သူ
များနှင့် တွေ့ဆုံရန်အခွင့်အရေးများစွာရိသည့်အတွက် ဆုံးမလွယ်ခြင်းသည် မိမိ၏
အမှီကောင်းတစ်ခုဖြစ်သည်။
၅။ ကူညီရိုင်းပင်းမှုရှိခြင်း ။ ။ တစ်ဦးနှင့် တစ်ဦး ကူညီရိုင်းပင်းမှုသည် လိုအပ်လှပါ
သည်။ သီလကျင့်စဉ်ကို အပြန်အလှန် ကူညီဖြည့်ကျင့်ခြင်း ၊ သမာဓိကျင့်စဉ်ဖြစ်ပေါ်
စေရန်ကူညီခြင်း၊ ပညာကျင့်စဉ် ဖြစ်ပေါ်လာစေရန် သင်ကြားပြသခြင်း ယင်းဓမ္မဒါန
ကုသိုလ်တို့သည် ကောင်းကျိုးတရားကိုသာ ဖြစ်ပေါ်စေနိုင်သောကြောင့် မိမိ၏
မှီခိုအားထားရာ တရားတစ်ခုပင်ဖြစ်သည်။
၆။ တရားကိုမြတ်နိုးခြင်း ။ ။ သုတ္တန်တရားတော် ၊ အဘိဓမ္မာတရားတော်၊ ဝိနည်း
တရားတော်တို့ အပေါ်၌ ရိုသေလေးစားစွာ သင်ယူပို့ချ ကျင့်ကြံခြင်းသည် ကောင်း
ကျိုးကိုသာဖြစ်ပေါ်စေတတ်သော သဘောကြောင့် မှီခိုအားထားရာ တရားတစ်ပါးပင်
ဖြစ်သည်။
၇။ လုံလဝီရိယ ရှိခြင်း ။ ။ ဝိရိယရှိသော သူအား အဘယ်မည်သော အမှုလုပ်ငန်း
ရပ်သည် မပြီးစီးဘဲ ပြည့်စုံနိုင်ပါအံနည်း။ ပြီးစီးပြည့်စုံနိုင်သည်သာ ဖြစ်၏။ ဟု ဟော
တော်မူသည့်အတိုင်း မိမိအားထုတ်နေသော တရားတို့အပေါ်၌ လုံလဝီရိယ ရှိမှသာ
ပြည့်စုံနိုင်မည်ဖြစ်သည်။ ကြိုးစားက ဘုရားဖြစ်နိုင် ဆိုသည်စကားအတိုင်း ထကြွသော
လုံလဝီရိယ ရှိခြင်းသည် မိမိ၏မှီခိုရာ အစစ်ပင်ဖြစ်သည်။
၈။ ရောင့်ရဲလွယ်ခြင်း ။ ။ ရဟန်းတို့..... ဤလောကုတ္တရာတရား ကိုးပါးသည် အလို
နည်းပါးသော၊ လိုခြင်မှု ဣစ္ဆာ(တဏှာ)မရှိသော အပ္ပိစ္ဆပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင်
ပြည့်စုံနိုင်၏။ ဟု ဗုဒ္ဓမြတ်စွာ ဟောတော်မူသဖြင့် မိမိသည် အလိုနည်းသောသူ မိမိ
ရရှိသမျှနှင့် ရောင့်ရဲလွယ်ကာ မိမိအားထုတ်သင့်သည်များကို အားထုတ်နိုင်ခြင်းသည်
မှီခို ရာအစစ်တစ်ခုဖြစ်ပေသည်။
၉။ သတိရှိခြင်း။ ။ သတိသည် ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ ဟူသည့် အာရုံလေးမျိုး ဟူ
သော သတိပဋ္ဌာန်တရားတို့ကို ပွားများအားထုတ်ရာ၌ သတိကား အရေးကြီးဆုံးသော
ကဏ္ဍမှ ပါဝင်လျက်ရှိ၏။ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ ဟူသော အာရုံတို့ကို အမြဲအမှတ်ရ
နေမှုနှင့် ပြည့်စုံနေသောသူသည် မိမိ၏ မှီခိုရာ အစစ်ကိုရရှိသောသူပင်ဖြစ်သည်။
၁၀။ ဝိပဿနာပညာ မဂ်ပညာ ရှိခြင်း ။ ။ ဝိပဿနာပညာ မဂ်ပညာတို့ဖြင့် ပြည့်စုံ
သောသူ ဖြစ်ပါက အကောင်းဆုံးသော မှီခိုအားထားရာကို ရရှိနေသောသူပင်
ဖြစ်သည်။ ဓမ္မ ရဋ္ဌ
Wednesday, February 17, 2016
"ဒေ၀ဒူတသုတ်" မိုးကုတ်ဆရာတော်ဘုရားကြီး
ဒေ၀ဒူတသုတ် - 1 http://www.mogokdhamma.com/Audio/M-G 540.mp3
ဒေ၀ဒူတသုတ် - 2 http://www.mogokdhamma.com/Audio/M-G 541.mp3
ဘုရားတစ်ဆူပွင့်တိုင်း မတောင်းပန်ပဲနဲ့ ၀တ္တရားအရ တစ်ကြိမ်တည်းသာ ဟောသော တရား။
ကောင်းမူကို တစိုက်မက်မက်လုပ်ထားသောသူတွေအတွက်က နတ်ပြည်မှာ နတ်ဘုံ နတ်နန်းတွေ ပေါ်နေလို့ သေပြီးတာနဲ့ တပြိုင်နက် အထက်ကိုတက်ရတယ်။ အကုသိုလ်တွေ အားကြီးတဲ့ သူများ အတွက်ကတော့ စစ်စရာမလိုတော့ဘူး ငရဲကို ချက်ချင်းဆင်းရတယ်။ ဒါပေမယ့် အကုသိုလ်လည်း အဲလောက်မရှိ ကုသိုလ်လဲ အားကိုးနိုင်လောက်အောင်မရှိသောသူများအတွက် လမ်းလယ်ကနေ စစ်တာတဲ့။ (သားရေး သမီးရေး စီးပွါးရေး အလွဲသုံးစားအရေးတွေနဲ့ သာအချိန်ကုန်ပြီး ခန်ဓာဖြစ်ပျက်ကို ဥာဏ်မလည့်သောသူများကိုစစ်တာ။ မေ့ပြစ်သင့်တဲ့သူများမတွက် ငရဲမကျခင်စစ်တာ။)
သေခါနီး တရားရရန် ဆင်ခြင်နုလုံးသွင်းနည်း .........
မြတ်စွာဘုရား သခင်သည် သတ္တ၀ါများအပေါ်လွန်ကဲမြင့်မြတ်သော ကရုဏာတော်ဖြင့် မသေခင် စိတ်ချရသော တရားထူးကို ဟောကြားတော်မူ ရုံမက အကယ်၍ အဆင်မပြေလို့ အကြောင်း အမျိုးမျိုးကြောင့် စိတ်မချ ရသေးသော် သေခါနီး နုလုံးသွင်းဆင်ခြင်၍ သေနည်းကို မိန့်မြွက်ဟော ကြား တော်မူခဲ့ပါတယ် .......
ဘယ်လိုဟောကြားတော်မူသလဲ ???
ဆိုတော့ ......
(က) မကျန်းမာသောအခါဖြစ်စေ၊သေခါနီးရင်ဖြစ်စေ၊ရောဂါဝေဒနာ (ဒုက္ခဒဏ်ချက်တစ်ခုခု)ပေါ်လာမယ် ...။
အဲဒီပေါ်လာတဲ့ ဒုက္ခဝေဒနာကို (ဖြစ်ပျက်ရှုပေး)
(ခ) အော် .... နှိပ်စက်တဲ့တရားပါလား ? နှိပ်စက်တာဧကန်ဖြစ်လို့ ဘ၀ရဲ့ ဒုက္ခတရား(ဒုက္ခကြီးပါပဲ) ...။
(ဂ) ဒီဒုက္ခတရား ဒုက္ခသစ္စာဟာလဲ မမြဲပါဘူး ...။(ဖြစ်ပြီး ပျက်သွားတာပဲ)
(ဃ) အားလုံးဖြစ်ပေါ်လာသမျှ တရားတွေဟာ ပျက်ရတာချည့်ပဲ ...။
(င) ဘာပဲလာလာပျက်မှာချည့်ဘဲ၊အဖြစ်နဲ့အပျက်ကလွဲရင် ဘာမှမရှိပါ ကလား?(ဖြစ်ပျက်-ဖြစ်ပျက်)လို့ ရှုနေရမယ် ...။
(စ) ဖြစ်ပြီးပျက်သွားတဲ့ဖြစ်ပျက်အစဉ်မှာ (ဥာဏ်ရောက်နေရမယ်) ...။
(ဆ) ဒီလိုဥာဏ်ရောက်နေတော့ ဝေဒနာချုပ်သွားတယ် ...။
(ဝေဒနာချုပ်တာ ဒုက္ခချုပ်တာပဲ) "ဝေဒနာ နိရောဓ တဏှာနိရောဓော"
(ဇ) ဝေဒနာချုပ်တဲ့နောက် (တဏှာအလိုလိုသေတယ်) ဒီတော့ ပဋိစ္စသမုပ္ပါဒ် ဒီတွင်ပဲပြတ်၊ ပြတ်တော့ "ဒုက္ခနိရောဓနိဗ္ဗာနံ"လာ ဒါပဲ ...။
(ဈ) ဒုက္ခဝေဒနာလာသမျှ (ဖြစ်ပျက်သာရှု)ဖြစ်ပျက် အနိစ္စနောက် မဂ်ဥာဏ် လိုက်ရမယ်၊ဒီလို ဖြစ်ပျက် နဲ့ မဂ်နဲ့ မပြတ်အောင် ဥာဏ်လိုက်သွားရင် မသေ ခင်ကလေးမှာ သောတာပတ္တမဂ် သကဒါဂါမိမဂ် အနာဂါမိမဂ် ဆိုတဲ့ (သုံးမဂ်ကျအောင်) ရနိုင်တယ် ...။
သတိ .......။ အားမကိုးထိုက်ကြဘူးလား ???
အနိစ္စ - ဒုက္ခ - အနတ္တ
နာမ်ရုပ်တရား ၊ ဤနှစ်ပါးလည်း ၊ ရှည်လျားကာလ ၊ မတည်ကြဘဲ ၊ ခဏဖြစ်လျက် ၊ ခဏပျက်၍ ၊ နှိပ်စက်ခြင်းရာ ၊ လိုမပါငြား ၊ ဘဘာဝအား ၊ ဤသုံးပါးကြောင့် ၊ ဖြစ်ပွားသမျှ အနိစ္စ သည် ၊ ဒုက္ခ - အနတ္တ ချည့်သာတည်း ..........။
( ၀ဏ္ဏကျော်ထင် - ဦးဘိုးစိန် )
~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြ ပါစေ ~~~
နှလုံးသား၏ ဓမ္မသံစဉ်
Wednesday, February 3, 2016
ပိဋကတ် သုံးပုံ application
စိန်ရတနာကျောင်းတိုက်မှ ရေးဆွဲထားသော ပိဋကတ် သုံးပုံ Andoriod ဖုန်း နှင့် Tablet အတွက် application လင့်၊ ipad လင့် နှင့် ကွန်ပြူတာအတွက် လင့်တို့ကို အောက်ပါ Mediafire Link တို့တွင် ဒေါင်းလုပ်ဆွဲယူလို့ ရပါပြီ...( Media Fire လင့် ပေါ်ပေါက်အောင် ကူညီ ကုသိုလ်ယူသူ - ဟိန်းလတ် ( စင်ကာပူ)-heinlat.myo@gmail.com )
Android Link >
http://www.mediafire.com/folder/5gmq1h88sbjyl0a,4d7zw8oli244eq3/shared
ipad link >
http://www.mediafire.com/folder/7tbarqwd1pss8u8,3l483ggriy2drak,2zvgzd6d73y2qhv,o608h9b674384t0,nqpxc2pw3yc1nw2/shared
PC link >
http://www.mediafire.com/folder/1vuk8hx1aj6ef,mm5631nbhuj41,la5v3uud6k6x4,w3l38267m3px6,l52jv8cc0sa0u,44a1gvk1tpa51/shared
Android Link >
http://www.mediafire.com/folder/5gmq1h88sbjyl0a,4d7zw8oli244eq3/shared
ipad link >
http://www.mediafire.com/folder/7tbarqwd1pss8u8,3l483ggriy2drak,2zvgzd6d73y2qhv,o608h9b674384t0,nqpxc2pw3yc1nw2/shared
PC link >
http://www.mediafire.com/folder/1vuk8hx1aj6ef,mm5631nbhuj41,la5v3uud6k6x4,w3l38267m3px6,l52jv8cc0sa0u,44a1gvk1tpa51/shared
Wednesday, January 27, 2016
“အိမ်စောင့်နတ်နှင့် ပဋ္ဌာန်းရွတ်ခြင်း ” -[ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီေ တာရ)]
အရှင်ဘုရား . . . .တပည့်တော်က ပဋ္ဌာန်းတရားတော်ကြီးကို သိပ်ကြည်ညိုတဲ့အ တွက် အိမ်မှာ နေ့စဉ် ရွတ်ဖတ်ပါတယ်ဘုရား။
ဒါပေမယ့် လူကြီးတချို့က "အိမ်မှာ ပဋ္ဌာန်းမရွတ်ကောင်းဘူး၊ ရွတ်ရင် အိမ်စောင့်နတ်မေ နနိုင်ဘဲထွက်ပြေးတတ်တယ်။ ရွတ်တဲ့လူ ဒုက္ခရောက်တတ်တယ်" လို့ပြောကြပါတယ်ဘုရား။
အိမ်မှာပဋ္ဌာန်းရွ တ်သင့် ၊မရွတ်သင့်၊ ရွတ်ရင် ဒုက္ခရောက်၊မရောက် ဖြေကြားပေးတော်မူပါဘုရား။ (မောင်ဇော်မျိုး အောင်၊ စမ်းချောင်းမြို့ နယ်။)
ဒကာဇော်မျိုးအော င်ရဲ့မေးခွန်းကို ဖတ်ရတော့ ဦးပဉ္စင်းနဲ့ ခင်မင်ရင်းနှီးတ ဒကာတစ်ယောက်ကို ချက်ချင်းသတိရလိ က်မိပါတယ်။လူငယ်တစ်ယောက်ပါပဲ။အိမ်မှာပဋ္ဌာန်းရွတ်ရင် ခိုက်တတ်တယ်ဆိုလ သူကရွှေတိဂုံဘုရားပေါ်တက်ပြီးပဋ္ဌာန်းရွတ်တယ်တဲ့။နေ့တိုင်းလည်း ဘုရား မတက်နိုင်တော့ တစ်ပတ် တစ်ခါမွေးနေ့လော က်ပဲ တက်ပြီး ရွတ်ဖြစ်တယ်တဲ့။
တစ်ပတ်မှာတစ်ရက်ပဲ ဘုရားပေါ်တက်ဖြစ် တော့ တစ်ပတ်မှာတစ်ကြိမ်ပဲ ပဋ္ဌာန်းရွတ်တဲ့ကု သိုလ်ရတော့တာပေါ့။ဘုရားပေါ်မှာမှ မဟုတ်ဘဲ အိမ်မှာလည်း ပဋ္ဌာန်းရွတ်မယ်ဆိုရင် နေ့စဉ်နဲ့ အမျှ ပဋ္ဌာန်းရွတ်တဲ့ကုသိုလ်တိုးပွားနေမှာ အမှန်ပါပဲ။
အခုတော့ အယူအဆအမှားကို လက်ခံယုံကြည်ပြီး လိုက်နာကျင့်သုံးမိတဲ့ အတွက် ရသင့်ရထိုက်တဲ့က သိုလ်တရားတွေအများကြီး လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။
♦ တကယ်တော့ ပဋ္ဌာန်းတရားဟာ နတ်ပရိသတ်တွေအတွက် အဓိကထားပြီးမြတ် စွာဘုရားဟောကြားခဲ့တာပါ။ဟောတာကိုက နတ်ပြည်မှာလေ။ နတ်ပြည်မှာနတ်ပရိသတ်အတွက် ဟောထားတဲ့တရားကိ နတ်တွေက မနှစ်သက်ဘဲရှိပါ့မလား။
သူတော်ကောင်းနတ်မှန်ရင် ပဋ္ဌာန်းတရားကို ဘယ်သူဘယ်နေရာမှာရွတ်ရွတ် နှစ်သက်မြတ်နိုးစွာ လာရောက်နာယူမှာေ သချာပါတယ်။
♦ ပဋ္ဌာန်းရွတ်လို့အိမ်စောင့်နတ်မနေ နိုင်ဘဲ ထွက်ပြေးရတယ်ဆိုတာ သဘာဝ မကျပါဘူး။ တကယ်ဆို ကိုယ်ရွတ်ပေးလို သူနာရပေတယ်ဆိုပြီး ကိုယ့်အိမ်ကတောင်မခွာနိုင်ဖြစ်ေ နမှာပါ။သူနာချင် တဲ့ပဋ္ဌာန်းရွတ်ပေးတဲ့အတွက် ကိုယ့်ကိုကျေးဇူးတွေတင်ပြီးခါတိုင်းထက်တောင်ကူည စောင့်ရှောက်ကြဦးမှာပါ။
တကယ်လို့ ... ပဋ္ဌာန်းသံကြားတာနဲ့ထွက်ပြေးတဲ့အိမ်စောင့်နတ်ရှိခဲတယ်ဆိုရင်လည်းအဲ့ဒီအိမ်စောင့် နတ်ဟာသူတော်ကောင်းစိတ်မရှိတဲ့နတ်၊ သူယုတ်မာနတ်ပဲဖြစ်ပါလိမ့်မယ်။အဲ ဒီလိုနတ်မျိုးကိုယ့်အိမ်မှာလာစောင့်နေလို့လည်း ကိုယ့်အတွက် ဘာအကျိုးမှရှိမှာမဟုတ်ပါဘူး။
မနေနိုင်လို့ထွက်ပြေးသွားလည်း ဘမှလွမ်းနေစရာမလိုပါဘူး။အဲ့ဒီလိုနတ်မျိုး ‘အိမ်ပြင်’ မှာနေလည်း အလကား ‘အိမ်တွင်း’ မှာနေလည်းအလကားပါပဲ။
♦ ပဋ္ဌာန်းတရားအပါအဝ င် အဘိဓမ္မာတရားတော်တွေကို တာဝတိ သာနတ်ပြည်မှာမြတ်စွာဘုရား ဟောကြားတော်မူစဉ်တုန်းက တရားနာပရိသတ်ထဲမှာ "အင်္ကုရ" ဆိုတဲ့ နတ်သားတစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။အ င်္ကုရနတ်သားဟာ တရားပွဲကို အစောဆုံးရောက်လာပြီး ရှေ့ဆုံးကနေရာဦးထားတာပါ။
မြတ်စွာဘုရားရဲ့လက်ဝဲဘက်နေရာမှာ အနားကပ်ပြီးနေရာ ဦးထားပါတယ်။ ဒါပေမယ့် သူ့ထက်ဘုန်းတန်ခိုးကြီးတဲ့နတ်တွေ၊ဗြဟ္မာတွေ ရောက်လာတိုင်းရောက်လာတိုင်းနောက်ဆုတ် နောက်ဆုတ်ပြီး နေရာဖယ်ပေးရတဲ့အ တွက်နောက်ဆုံးတော့ မြတ်စွာဘုရားရှင်နဲ့ ဆယ့်နှစ်ယူဇနာဝေးတဲ့နေရာကပဲ တရားနာခွင့်ရပါေ တာ့တယ်။
နတ်ကြီးလာတော့ နတ်ငယ်နေရာဖယ်ပေးရတာပေါ့။လူ့လောကမှာလည်း ဒီလိုပါပဲ။ပွဲလမ်းသဘင်တစ်ခု၊ အခမ်းအနားတစ်ခုကျင်းပပြီဆိုရင်ဂုဏ်ကြီးတဲ့လူ၊မျက်နှာကြီးတဲ့လူေ တွက ရှေ့ဆုံးကနေရာယူရပြီး ဂုဏ်ငယ်တဲ့လူ၊မျ က်နှာငယ်တဲ့လူတွေက နောက်ဆုံးကနေ နေရာယူရပါတယ်။ဂုဏ်ငယ်လေ နောက်ရောက်လေပါပဲ။
အိမ်မှာပဲဖြစ်ဖြ စ်၊ ဘုရားမှာပဲဖြစ်ဖြစ်၊ နေရာဌာနတစ်ခုခုမှာပုဂ္ဂိုလ်တစ်ယောက်ယောက်က ပဋ္ဌာန်းတရားရွတ်ပွားပြီဆိုရင် ဘုန်းတန်ခိုးကြီးမားတဲ့ နတ်တွေ၊ ဗြဟ္မာတွေတရားနာကြွရောက်လာကြပါတယ်။ အိမ်စောင့်နတ်အပါအဝင် နဂိုကရှိနှင့်ပြီးသားနတ်တွေက ဘုန်းတန်ခိုးနည်းပါးတယ်ဆိုရင် ဘုန်းတန်ခိုးကြီးမားတဲ့နတ်ဗြဟ္မာတွေအတွက် (အင်္ကုရ နတ်သားလိုပဲ) နေရာဖယ်နောက်ဆုတ်ပေးရတဲ့ အတွက်အဝေးရောက်သွားနိုင်ပါတယ်။
အင်္ကုရနတ်သားဟာ အဝေးရောက်သွားပေ မယ့်မြတ်စွာဘုရားရှင်ကို စိတ်မဆိုးဘဲ အဝေးကနေတရားနာယူသလို အဝေးရောက်သွားတဲ့ အိမ်စောင့်နတ်ဟာလည်း ပဌာန်းရွတ်ပွားသူကို စိတ်မဆိုးဘဲ ကိုယ့်ကံကိုယ်နားလည်စွာနဲ့ အဝေးတစ်နေရာကနေ ပဋ္ဌာန်းတရား နာကြားနေမှာပါ။
လူပဲဖြစ်ဖြစ်၊ နတ်ပဲဖြစ်ဖြစ် ကိုယ်နဲ့ထိုက်တန်တဲ့နေရာကို ကိုယ်ရစမြဲမဟုတ်လား။ ကိုယ့်ကံက ပေးတဲ့နေရာမှာကိုယ်ကျေနပ်စွာနေရ မှာပဲလေ။
ပဋ္ဌာန်းတရားနာကြားပြီး ကိုယ့်ထက်ဘုန်းတ န်ခိုးကြီးတဲ့နတ်တွေ၊ ဗြဟ္မာတွေ ကိုယ့်နေရာကိုယ်ပြန်သွားတဲ့အခါ အိမ်စောင့်နတ်လည်း အိမ်မှာ နေမြဲအတိုင်း ပြန်နေခွင့် ရသွားပြီပေါ့။
ပဋ္ဌာန်းတန်ခိုးကြောင့်သူ့ရဲ့ဘုံဗိမာန် စည်းစိမ်ချမ်းသာတွေတောင် နဂိုကထက်ကြီးကျယ်ခမ်းနားလာမှာသေ ချာပါတယ်။ဒါဆိုရင် ပဋ္ဌာန်းရွတ်လို့ အိမ်စောင့်နတ်မှာ အကျိုးမယုတ်တဲ့အတွက် ပဋ္ဌာန်းရွတ်သူကိုလည်း အိမ်စောင့်နတ်က ဘာမှ ဒုက္ခပေးမှာ မဟုတ်ပါဘူး။ဒုက္ခမပေးတဲ့အပြင် ကောင်ကျိုးချမ်းသာအဖြာဖြာနဲ့ ပြည့်စုံအောင်တောင် အကူအညီပေးပါလိမ် ဦးမယ်။
တကယ်လို့ ကိုယ့်အိမ်ထဲမှာရှိတဲ့ အိမ်တွင်းနတ်တွေ၊အိမ်ပြင်နတ်တွေက နတ်လို့နာမည်ခံထားတဲ့ မကောင်းဆိုးဝါးေ တွ၊ အစိမ်းသရဲတွေ၊ ဖုတ် ပြိတ္တာတွေ၊ နတ်မိစ္ဆာတွေဖြစ်နေခဲ့မယ် ဆိုရင်တော့ ပဋ္ဌာန်းတရားကို နားခါးပြီး ထွက်ပြေးချင်ပြေးပါလိမ့်မယ်။သူယုတ်မာနဲ့ သူတော်ကောင်းတရား မအပ်စပ်လို့ ကြောက်ရွံ့ထိတ်လန့်စွာ ထွက်ပြေးသွားကြတဲ‘တရားမကြိုက် နတ်ငမိုက်’ တွေ ကိုယ့်အိမ်မှာ မရှိတော့တာပိုတောင်ကောင်းပါသေးတယ်။ ဝမ်းနည်းစရာမ ဟုတ်ပါဘူး၊ ဝမ်းသာစရာပါ။
♦ ဝေသာလီပြည်မှာ ကပ်ဘေးကြီးတွေဆိက်ရောက်ခဲ့စဉ်တုန်းက မြတ်စွာဘုရားရှင်နဲ့ ရဟန်းသံဃာတော်တွေရတနသုတ် လှည့်လည်ရွတ်ဆိုကြတော့ ဘုန်းတန်ခိုးကြီးမားတဲ့ နတ်ဗြဟ္မာတွေ တရားလာနာကြတဲ့အတွက် မကောင်းဆိုးဝါးေ တွ၊ နတ်မိစ္ဆာတွေ မြို့တွင်းမှာ မနေနိုင်တော့ဘဲ အိုးနင်းခွက်နင်း ထွက်ပြေးသွားကြပါတယ်။ ဝေသာလီပြည်လည်း ကပ်ဘေးကြီးတွေက လွတ်မြောက်ပြီး ချမ်းသာရာရခဲ့ပါ တယ်။
♦ ပဋ္ဌာန်းတရားပဲရွတ်ရွတ်၊ တခြားတရားပဲရွတ်၊ ကိုယ့်ဘက်ကတော့ မကောင်းဆိုးဝါးတွေ နတ်မိစ္ဆာတွေ၊တန်ခိုးနည်းတဲ့ နတ်တွေ ကိုယ့်ပတ်ဝန်းကျင်မှာ မနေနိုင်ဘဲ ထွက်ပြေးသွားစေချင်တဲ့ ရည်ရွယ်ချက်ဆိုး မျိုးမထားနဲ့ပေါ့ ။
♦ အယုတ် အလတ် အမြတ်မရွေး ဘယ်သတ္တဝါမဆို တရားနာယူပြီးကောင်းကျိုး ရစေချင်တဲ့ရည်ရွ ယ်ချက်ကောင်းပဲထားပြီးရွတ်ပါ။ကိုယ့်ဘက်ကရည်ရွယ်ချက်ဆိုးပြီး မေတ္တာတရားခေါင်း ပါးနေရင်တော့ အဝေးထွက်ပြေးရတဲ့ နတ်တွေက"နေနှင့် သီးပေါ့ကွာ၊ အလှည့်ကျရင် မနွဲ့စတမ်းဟေ့" ဆိုပြီး ကိုယ့်ကံနိမ့်တဲ့အခါ၊ ရွတ်ဖတ်မှု ပြတ်သွားတဲ့အခါမျိုးတွေမှာ တုံ့ပြန်ကလဲ့စား ချေတတ်ပါတယ်။
ကိုယ့်စေတနာ ကိုယ့်အကျိုးပေးတာပါပဲ။ အကောင်းဆုံးကတော့ ပဋ္ဌာန်းတရားပဲဖြစ်ဖြစ်၊ တခြားတရားပဲဖြစ်ဖြစ်၊တရား တော် တခုခုရွတ်ဖတ် ပူဇော်မှု ပြုတော့မယ်ဆိုရင ပထမဦးဆုံးမေတ္တာဘာဝနာပွားများ၊ မေတ္တာသုတ်ရွတ်ဆိုပြီးမှ ပြုတာအကောင်းဆုံးပါပဲ။
♦ မေတ္တာတရားပေးဝေမှုကို သတ္တဝါတိုင်းနှစ် သက်လိုလားကြတာမို့ ဘာတရားတော်ပဲရွတ်ရွတ် မေတ္တာသုတ်ကိုအရင်ရွတ်ပါ၊ မေတ္တာဘာဝနာ အရင်ပွားပါလို့ ဒကာဇော်မျိုးအော င်ကို မေတ္တာနဲ့အကြံပေး လိုက်ပါတယ်။
ပဋ္ဌာန်းတရားကို အိမ်မှာလည်းရွတ်သင့်ပါတယ်။ ရွတ်ခြင်းကြောင့် ဒုက္ခမရောက်တဲ့အပြင် ကောင်းကျိုးချမ်းသာကျက်သရေ မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံနိုင်ပါတယ်လို့ . . .။
အပ္ပမာဒေန သမ္ပာဒေထ။
[ဆရာတော်အရှင်ဆန္ဒာဓိက ၏"အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်" စာအုပ်မှ"အိမ်စောင့်နတ်နှင့် ပဌာန်းရွတ်ခြင်း " မှ ထုတ်နုတ်ကူးယူပူဇော်ပါသည်။] phyo zaw
ဒါပေမယ့် လူကြီးတချို့က "အိမ်မှာ ပဋ္ဌာန်းမရွတ်ကောင်းဘူး၊ ရွတ်ရင် အိမ်စောင့်နတ်မေ နနိုင်ဘဲထွက်ပြေးတတ်တယ်။ ရွတ်တဲ့လူ ဒုက္ခရောက်တတ်တယ်" လို့ပြောကြပါတယ်ဘုရား။
အိမ်မှာပဋ္ဌာန်းရွ တ်သင့် ၊မရွတ်သင့်၊ ရွတ်ရင် ဒုက္ခရောက်၊မရောက် ဖြေကြားပေးတော်မူပါဘုရား။ (မောင်ဇော်မျိုး အောင်၊ စမ်းချောင်းမြို့ နယ်။)
ဒကာဇော်မျိုးအော င်ရဲ့မေးခွန်းကို ဖတ်ရတော့ ဦးပဉ္စင်းနဲ့ ခင်မင်ရင်းနှီးတ ဒကာတစ်ယောက်ကို ချက်ချင်းသတိရလိ က်မိပါတယ်။လူငယ်တစ်ယောက်ပါပဲ။အိမ်မှာပဋ္ဌာန်းရွတ်ရင် ခိုက်တတ်တယ်ဆိုလ သူကရွှေတိဂုံဘုရားပေါ်တက်ပြီးပဋ္ဌာန်းရွတ်တယ်တဲ့။နေ့တိုင်းလည်း ဘုရား မတက်နိုင်တော့ တစ်ပတ် တစ်ခါမွေးနေ့လော က်ပဲ တက်ပြီး ရွတ်ဖြစ်တယ်တဲ့။
တစ်ပတ်မှာတစ်ရက်ပဲ ဘုရားပေါ်တက်ဖြစ် တော့ တစ်ပတ်မှာတစ်ကြိမ်ပဲ ပဋ္ဌာန်းရွတ်တဲ့ကု သိုလ်ရတော့တာပေါ့။ဘုရားပေါ်မှာမှ မဟုတ်ဘဲ အိမ်မှာလည်း ပဋ္ဌာန်းရွတ်မယ်ဆိုရင် နေ့စဉ်နဲ့ အမျှ ပဋ္ဌာန်းရွတ်တဲ့ကုသိုလ်တိုးပွားနေမှာ အမှန်ပါပဲ။
အခုတော့ အယူအဆအမှားကို လက်ခံယုံကြည်ပြီး လိုက်နာကျင့်သုံးမိတဲ့ အတွက် ရသင့်ရထိုက်တဲ့က သိုလ်တရားတွေအများကြီး လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။
♦ တကယ်တော့ ပဋ္ဌာန်းတရားဟာ နတ်ပရိသတ်တွေအတွက် အဓိကထားပြီးမြတ် စွာဘုရားဟောကြားခဲ့တာပါ။ဟောတာကိုက နတ်ပြည်မှာလေ။ နတ်ပြည်မှာနတ်ပရိသတ်အတွက် ဟောထားတဲ့တရားကိ နတ်တွေက မနှစ်သက်ဘဲရှိပါ့မလား။
သူတော်ကောင်းနတ်မှန်ရင် ပဋ္ဌာန်းတရားကို ဘယ်သူဘယ်နေရာမှာရွတ်ရွတ် နှစ်သက်မြတ်နိုးစွာ လာရောက်နာယူမှာေ သချာပါတယ်။
♦ ပဋ္ဌာန်းရွတ်လို့အိမ်စောင့်နတ်မနေ နိုင်ဘဲ ထွက်ပြေးရတယ်ဆိုတာ သဘာဝ မကျပါဘူး။ တကယ်ဆို ကိုယ်ရွတ်ပေးလို သူနာရပေတယ်ဆိုပြီး ကိုယ့်အိမ်ကတောင်မခွာနိုင်ဖြစ်ေ နမှာပါ။သူနာချင် တဲ့ပဋ္ဌာန်းရွတ်ပေးတဲ့အတွက် ကိုယ့်ကိုကျေးဇူးတွေတင်ပြီးခါတိုင်းထက်တောင်ကူည စောင့်ရှောက်ကြဦးမှာပါ။
တကယ်လို့ ... ပဋ္ဌာန်းသံကြားတာနဲ့ထွက်ပြေးတဲ့အိမ်စောင့်နတ်ရှိခဲတယ်ဆိုရင်လည်းအဲ့ဒီအိမ်စောင့် နတ်ဟာသူတော်ကောင်းစိတ်မရှိတဲ့နတ်၊ သူယုတ်မာနတ်ပဲဖြစ်ပါလိမ့်မယ်။အဲ ဒီလိုနတ်မျိုးကိုယ့်အိမ်မှာလာစောင့်နေလို့လည်း ကိုယ့်အတွက် ဘာအကျိုးမှရှိမှာမဟုတ်ပါဘူး။
မနေနိုင်လို့ထွက်ပြေးသွားလည်း ဘမှလွမ်းနေစရာမလိုပါဘူး။အဲ့ဒီလိုနတ်မျိုး ‘အိမ်ပြင်’ မှာနေလည်း အလကား ‘အိမ်တွင်း’ မှာနေလည်းအလကားပါပဲ။
♦ ပဋ္ဌာန်းတရားအပါအဝ င် အဘိဓမ္မာတရားတော်တွေကို တာဝတိ သာနတ်ပြည်မှာမြတ်စွာဘုရား ဟောကြားတော်မူစဉ်တုန်းက တရားနာပရိသတ်ထဲမှာ "အင်္ကုရ" ဆိုတဲ့ နတ်သားတစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။အ င်္ကုရနတ်သားဟာ တရားပွဲကို အစောဆုံးရောက်လာပြီး ရှေ့ဆုံးကနေရာဦးထားတာပါ။
မြတ်စွာဘုရားရဲ့လက်ဝဲဘက်နေရာမှာ အနားကပ်ပြီးနေရာ ဦးထားပါတယ်။ ဒါပေမယ့် သူ့ထက်ဘုန်းတန်ခိုးကြီးတဲ့နတ်တွေ၊ဗြဟ္မာတွေ ရောက်လာတိုင်းရောက်လာတိုင်းနောက်ဆုတ် နောက်ဆုတ်ပြီး နေရာဖယ်ပေးရတဲ့အ တွက်နောက်ဆုံးတော့ မြတ်စွာဘုရားရှင်နဲ့ ဆယ့်နှစ်ယူဇနာဝေးတဲ့နေရာကပဲ တရားနာခွင့်ရပါေ တာ့တယ်။
နတ်ကြီးလာတော့ နတ်ငယ်နေရာဖယ်ပေးရတာပေါ့။လူ့လောကမှာလည်း ဒီလိုပါပဲ။ပွဲလမ်းသဘင်တစ်ခု၊ အခမ်းအနားတစ်ခုကျင်းပပြီဆိုရင်ဂုဏ်ကြီးတဲ့လူ၊မျက်နှာကြီးတဲ့လူေ တွက ရှေ့ဆုံးကနေရာယူရပြီး ဂုဏ်ငယ်တဲ့လူ၊မျ က်နှာငယ်တဲ့လူတွေက နောက်ဆုံးကနေ နေရာယူရပါတယ်။ဂုဏ်ငယ်လေ နောက်ရောက်လေပါပဲ။
အိမ်မှာပဲဖြစ်ဖြ စ်၊ ဘုရားမှာပဲဖြစ်ဖြစ်၊ နေရာဌာနတစ်ခုခုမှာပုဂ္ဂိုလ်တစ်ယောက်ယောက်က ပဋ္ဌာန်းတရားရွတ်ပွားပြီဆိုရင် ဘုန်းတန်ခိုးကြီးမားတဲ့ နတ်တွေ၊ ဗြဟ္မာတွေတရားနာကြွရောက်လာကြပါတယ်။ အိမ်စောင့်နတ်အပါအဝင် နဂိုကရှိနှင့်ပြီးသားနတ်တွေက ဘုန်းတန်ခိုးနည်းပါးတယ်ဆိုရင် ဘုန်းတန်ခိုးကြီးမားတဲ့နတ်ဗြဟ္မာတွေအတွက် (အင်္ကုရ နတ်သားလိုပဲ) နေရာဖယ်နောက်ဆုတ်ပေးရတဲ့ အတွက်အဝေးရောက်သွားနိုင်ပါတယ်။
အင်္ကုရနတ်သားဟာ အဝေးရောက်သွားပေ မယ့်မြတ်စွာဘုရားရှင်ကို စိတ်မဆိုးဘဲ အဝေးကနေတရားနာယူသလို အဝေးရောက်သွားတဲ့ အိမ်စောင့်နတ်ဟာလည်း ပဌာန်းရွတ်ပွားသူကို စိတ်မဆိုးဘဲ ကိုယ့်ကံကိုယ်နားလည်စွာနဲ့ အဝေးတစ်နေရာကနေ ပဋ္ဌာန်းတရား နာကြားနေမှာပါ။
လူပဲဖြစ်ဖြစ်၊ နတ်ပဲဖြစ်ဖြစ် ကိုယ်နဲ့ထိုက်တန်တဲ့နေရာကို ကိုယ်ရစမြဲမဟုတ်လား။ ကိုယ့်ကံက ပေးတဲ့နေရာမှာကိုယ်ကျေနပ်စွာနေရ မှာပဲလေ။
ပဋ္ဌာန်းတရားနာကြားပြီး ကိုယ့်ထက်ဘုန်းတ န်ခိုးကြီးတဲ့နတ်တွေ၊ ဗြဟ္မာတွေ ကိုယ့်နေရာကိုယ်ပြန်သွားတဲ့အခါ အိမ်စောင့်နတ်လည်း အိမ်မှာ နေမြဲအတိုင်း ပြန်နေခွင့် ရသွားပြီပေါ့။
ပဋ္ဌာန်းတန်ခိုးကြောင့်သူ့ရဲ့ဘုံဗိမာန် စည်းစိမ်ချမ်းသာတွေတောင် နဂိုကထက်ကြီးကျယ်ခမ်းနားလာမှာသေ ချာပါတယ်။ဒါဆိုရင် ပဋ္ဌာန်းရွတ်လို့ အိမ်စောင့်နတ်မှာ အကျိုးမယုတ်တဲ့အတွက် ပဋ္ဌာန်းရွတ်သူကိုလည်း အိမ်စောင့်နတ်က ဘာမှ ဒုက္ခပေးမှာ မဟုတ်ပါဘူး။ဒုက္ခမပေးတဲ့အပြင် ကောင်ကျိုးချမ်းသာအဖြာဖြာနဲ့ ပြည့်စုံအောင်တောင် အကူအညီပေးပါလိမ် ဦးမယ်။
တကယ်လို့ ကိုယ့်အိမ်ထဲမှာရှိတဲ့ အိမ်တွင်းနတ်တွေ၊အိမ်ပြင်နတ်တွေက နတ်လို့နာမည်ခံထားတဲ့ မကောင်းဆိုးဝါးေ တွ၊ အစိမ်းသရဲတွေ၊ ဖုတ် ပြိတ္တာတွေ၊ နတ်မိစ္ဆာတွေဖြစ်နေခဲ့မယ် ဆိုရင်တော့ ပဋ္ဌာန်းတရားကို နားခါးပြီး ထွက်ပြေးချင်ပြေးပါလိမ့်မယ်။သူယုတ်မာနဲ့ သူတော်ကောင်းတရား မအပ်စပ်လို့ ကြောက်ရွံ့ထိတ်လန့်စွာ ထွက်ပြေးသွားကြတဲ‘တရားမကြိုက် နတ်ငမိုက်’ တွေ ကိုယ့်အိမ်မှာ မရှိတော့တာပိုတောင်ကောင်းပါသေးတယ်။ ဝမ်းနည်းစရာမ ဟုတ်ပါဘူး၊ ဝမ်းသာစရာပါ။
♦ ဝေသာလီပြည်မှာ ကပ်ဘေးကြီးတွေဆိက်ရောက်ခဲ့စဉ်တုန်းက မြတ်စွာဘုရားရှင်နဲ့ ရဟန်းသံဃာတော်တွေရတနသုတ် လှည့်လည်ရွတ်ဆိုကြတော့ ဘုန်းတန်ခိုးကြီးမားတဲ့ နတ်ဗြဟ္မာတွေ တရားလာနာကြတဲ့အတွက် မကောင်းဆိုးဝါးေ တွ၊ နတ်မိစ္ဆာတွေ မြို့တွင်းမှာ မနေနိုင်တော့ဘဲ အိုးနင်းခွက်နင်း ထွက်ပြေးသွားကြပါတယ်။ ဝေသာလီပြည်လည်း ကပ်ဘေးကြီးတွေက လွတ်မြောက်ပြီး ချမ်းသာရာရခဲ့ပါ တယ်။
♦ ပဋ္ဌာန်းတရားပဲရွတ်ရွတ်၊ တခြားတရားပဲရွတ်၊ ကိုယ့်ဘက်ကတော့ မကောင်းဆိုးဝါးတွေ နတ်မိစ္ဆာတွေ၊တန်ခိုးနည်းတဲ့ နတ်တွေ ကိုယ့်ပတ်ဝန်းကျင်မှာ မနေနိုင်ဘဲ ထွက်ပြေးသွားစေချင်တဲ့ ရည်ရွယ်ချက်ဆိုး မျိုးမထားနဲ့ပေါ့ ။
♦ အယုတ် အလတ် အမြတ်မရွေး ဘယ်သတ္တဝါမဆို တရားနာယူပြီးကောင်းကျိုး ရစေချင်တဲ့ရည်ရွ ယ်ချက်ကောင်းပဲထားပြီးရွတ်ပါ။ကိုယ့်ဘက်ကရည်ရွယ်ချက်ဆိုးပြီး မေတ္တာတရားခေါင်း ပါးနေရင်တော့ အဝေးထွက်ပြေးရတဲ့ နတ်တွေက"နေနှင့် သီးပေါ့ကွာ၊ အလှည့်ကျရင် မနွဲ့စတမ်းဟေ့" ဆိုပြီး ကိုယ့်ကံနိမ့်တဲ့အခါ၊ ရွတ်ဖတ်မှု ပြတ်သွားတဲ့အခါမျိုးတွေမှာ တုံ့ပြန်ကလဲ့စား ချေတတ်ပါတယ်။
ကိုယ့်စေတနာ ကိုယ့်အကျိုးပေးတာပါပဲ။ အကောင်းဆုံးကတော့ ပဋ္ဌာန်းတရားပဲဖြစ်ဖြစ်၊ တခြားတရားပဲဖြစ်ဖြစ်၊တရား တော် တခုခုရွတ်ဖတ် ပူဇော်မှု ပြုတော့မယ်ဆိုရင ပထမဦးဆုံးမေတ္တာဘာဝနာပွားများ၊ မေတ္တာသုတ်ရွတ်ဆိုပြီးမှ ပြုတာအကောင်းဆုံးပါပဲ။
♦ မေတ္တာတရားပေးဝေမှုကို သတ္တဝါတိုင်းနှစ် သက်လိုလားကြတာမို့ ဘာတရားတော်ပဲရွတ်ရွတ် မေတ္တာသုတ်ကိုအရင်ရွတ်ပါ၊ မေတ္တာဘာဝနာ အရင်ပွားပါလို့ ဒကာဇော်မျိုးအော င်ကို မေတ္တာနဲ့အကြံပေး လိုက်ပါတယ်။
ပဋ္ဌာန်းတရားကို အိမ်မှာလည်းရွတ်သင့်ပါတယ်။ ရွတ်ခြင်းကြောင့် ဒုက္ခမရောက်တဲ့အပြင် ကောင်းကျိုးချမ်းသာကျက်သရေ မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံနိုင်ပါတယ်လို့ . . .။
အပ္ပမာဒေန သမ္ပာဒေထ။
[ဆရာတော်အရှင်ဆန္ဒာဓိက ၏"အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်" စာအုပ်မှ"အိမ်စောင့်နတ်နှင့် ပဌာန်းရွတ်ခြင်း " မှ ထုတ်နုတ်ကူးယူပူဇော်ပါသည်။] phyo zaw
Sunday, January 24, 2016
မုနိ (၆) မျိုး
မုနိ (၆) မျိုးကို ပြထားပါတယ်။
၁။ အဂါရမုနိ = လူ့ဘဝနဲ့ တစ်မဂ်တစ်ဖိုလ်ရသူ၊
၂။ အနဂါရမုနိ = ရဟန်းဘဝနဲ့ တစ်မဂ်တစ်ဖိုလ်ရသူ၊
၃။ သေခမုနိ = သောတာပတ္တိမဂ္ဂဌာန်အစ အရဟတ္တမဂ္ဂဌာန်အဆုံးရှိသော သေက္ခပုဂ္ဂိုလ် (၇) ယောက်၊
၎။ အသေခမုနိ = ရဟန္တာ၊
၅။ ပစ္စေကမုနိ = ပစ္စေကဗုဒ္ဓါ၊
၆။ မုနိမုနိ = မြတ်စွာဘုရား၊
read more at http://ashinsirinda.com/index.php/2013-12-04-18-15-20/2013-12-04-18-16-52/203-yawainwe-jul-3-2015
၁။ အဂါရမုနိ = လူ့ဘဝနဲ့ တစ်မဂ်တစ်ဖိုလ်ရသူ၊
၂။ အနဂါရမုနိ = ရဟန်းဘဝနဲ့ တစ်မဂ်တစ်ဖိုလ်ရသူ၊
၃။ သေခမုနိ = သောတာပတ္တိမဂ္ဂဌာန်အစ အရဟတ္တမဂ္ဂဌာန်အဆုံးရှိသော သေက္ခပုဂ္ဂိုလ် (၇) ယောက်၊
၎။ အသေခမုနိ = ရဟန္တာ၊
၅။ ပစ္စေကမုနိ = ပစ္စေကဗုဒ္ဓါ၊
၆။ မုနိမုနိ = မြတ်စွာဘုရား၊
read more at http://ashinsirinda.com/index.php/2013-12-04-18-15-20/2013-12-04-18-16-52/203-yawainwe-jul-3-2015
“ဘေသဇ္ဇဂုရု”အကြောင်း တရားဒေသနာတော်။" - အရှင် နန္ဒမာလာဘိဝံသ
Ashin Nandamãlãbhivamsa - အရှင် နန္ဒမာလာဘိဝံသ
စွန့်ရမှာက … တွယ်တာမှု
တကယ်ကတော့ သံယောဇဉ် ဆိုလို့ရှိရင် လူတွေက ထင်ကြတယ်။ ပစ္စည်းသံယောဇဉ်၊သား သံယောဇဉ်၊သမီး သံယောဇဉ်ဆိုတော့ ပစ္စည်းကိုစွန့်ရမှာလား၊ သားကို စွန့်ရမှာလား၊ သမီးကို စွန့်ရမှာ လား။ဘယ်ဟာမှ စွန့်စရာ မလိုဘူး။ စွန့်ရမှာကကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့ တွယ်တာမှုကို စွန့်ရမှာ။ အဲဒီ တော့ အစွန့်မှားတတ်တယ်နော်။ အစွန့်မှားတယ်တယ်။ အတွယ်အတာမရှိဘဲနဲ့ နေလို့မရဘူးလား။ ရတာပေါ့။အတွယ်တာမရှိဘဲနဲ့ နေတာမေတ္တာနဲ့ နေတာပဲ။မိသားစုထဲမှလည်းပဲ အတွယ်အတာကင်းပြီး တော့ နေလို့ရတယ်။
ကြည့်လေ၊စက္ကူရွက်ကလေး နှစ်ရွက်အတူတူထား၊စက္ကူလေးနှစ်ခု ပူးထား၊ဟော.. အချိန်မရွေး ဒီစက္ကူလေး နှစ်ခုက တစ်ခုနဲ့ တစ်ခုကပ်မနေဘူးလေ။ ထိနေပေမယ့် ကပ်နေတာမဟုတ်ဘူး။ အဲဒီကြားထဲမှာ glue ဆိုတဲ့ ကော်လေးမထည့်လိုက်နဲ့၊ ထည့်လိုက်ရင်တော့ ဒီနှစ်ခုက ပူးကပ်သွားမှာပဲ။ အဲဒီတော့ ကော်နဲ့ အလားတူတဲ့ သံယောဇဉ်ဆိုတာ အဲဒီတွယ်တာမှုကို ပြောတာ။အဲဒီမှာ ကော်ကိုသာ ခွါခိုင်းတာ။ ဟိုဘက်စက္ကူကို ဆုတ်ပစ်ဖို့လည်း မလိုဘူး။ အဲဒီတော့ သား စွန့်ဖို့လည်း မလိုဘူး။ သမီး စွန့်ဖို့လည်း မလိုဘူး။ရာထူးစွန့်ဖို့လည်း မလိုဘူး။ လိုတာက ဘာတုန်းဆိုရင် တွယ်တာမှုကိုစွန့်လို့ …ဒီလိုဆိုလိုတယ်။
အဲဒါကြောင့်မို့လို့ မြတ်စွာဘုရားက တရားတော်တွေဟာ “သတိသမ္ပဇည” တရား ကိုယ့်သန္တာန် မှာ ဖြစ်ပွားအောင် ကြီးစားပြီးတော့ အမှန်အကန်သိမယ်ဆိုရင် ဘ၀မှာ နေပျော်ပြီးတော့ နောက်ဆုံးမှာ ဘ၀က လွတ်မြောက်တဲ့ နိဗ္ဗာန်ချမ်းသာ ဆိုတာကို
လည်း ရပြီးတော့ ဒီ “ကာယိကရောဂါ” ဆိုတဲ့ ရောဂါလည်း နောက်ဆုံး ပိတ် နောက်ထပ် ဖြစ်စရာမရှိတော့ဘူး။ “စေတသိကရောဂါ” ဆိုတဲ့ mental disease တွေလည်း လုံးဝချုပ်ငြိမ်းသွားပြီးတော့ နောက်ဆုံးရောဂါ အားလုံးပျောက်ငြိမ်းတဲ့ နိဗ္ဗာန်ချမ်း သာကို မျက်မှောက်ပြုနိုင်မှာ ဖြစ်တယ်လို့ ကိုယ်စီ ကိုယ်စီ သဘာကျပြီးတော ကျင့်ကြံကျိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။
ဆရာတော်အရှင်နန္ဒမာလာဘိဝံသ
#AshinNandamalabhivamsa
www.drnandamalabhivamsa.com.mm
“ဘေသဇ္ဇဂုရု”အကြောင်း တရားဒေသနာတော်။"
စွန့်ရမှာက … တွယ်တာမှု
တကယ်ကတော့ သံယောဇဉ် ဆိုလို့ရှိရင် လူတွေက ထင်ကြတယ်။ ပစ္စည်းသံယောဇဉ်၊သား သံယောဇဉ်၊သမီး သံယောဇဉ်ဆိုတော့ ပစ္စည်းကိုစွန့်ရမှာလား၊ သားကို စွန့်ရမှာလား၊ သမီးကို စွန့်ရမှာ လား။ဘယ်ဟာမှ စွန့်စရာ မလိုဘူး။ စွန့်ရမှာကကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့ တွယ်တာမှုကို စွန့်ရမှာ။ အဲဒီ တော့ အစွန့်မှားတတ်တယ်နော်။ အစွန့်မှားတယ်တယ်။ အတွယ်အတာမရှိဘဲနဲ့ နေလို့မရဘူးလား။ ရတာပေါ့။အတွယ်တာမရှိဘဲနဲ့ နေတာမေတ္တာနဲ့ နေတာပဲ။မိသားစုထဲမှလည်းပဲ အတွယ်အတာကင်းပြီး တော့ နေလို့ရတယ်။
ကြည့်လေ၊စက္ကူရွက်ကလေး နှစ်ရွက်အတူတူထား၊စက္ကူလေးနှစ်ခု ပူးထား၊ဟော.. အချိန်မရွေး ဒီစက္ကူလေး နှစ်ခုက တစ်ခုနဲ့ တစ်ခုကပ်မနေဘူးလေ။ ထိနေပေမယ့် ကပ်နေတာမဟုတ်ဘူး။ အဲဒီကြားထဲမှာ glue ဆိုတဲ့ ကော်လေးမထည့်လိုက်နဲ့၊ ထည့်လိုက်ရင်တော့ ဒီနှစ်ခုက ပူးကပ်သွားမှာပဲ။ အဲဒီတော့ ကော်နဲ့ အလားတူတဲ့ သံယောဇဉ်ဆိုတာ အဲဒီတွယ်တာမှုကို ပြောတာ။အဲဒီမှာ ကော်ကိုသာ ခွါခိုင်းတာ။ ဟိုဘက်စက္ကူကို ဆုတ်ပစ်ဖို့လည်း မလိုဘူး။ အဲဒီတော့ သား စွန့်ဖို့လည်း မလိုဘူး။ သမီး စွန့်ဖို့လည်း မလိုဘူး။ရာထူးစွန့်ဖို့လည်း မလိုဘူး။ လိုတာက ဘာတုန်းဆိုရင် တွယ်တာမှုကိုစွန့်လို့ …ဒီလိုဆိုလိုတယ်။
အဲဒါကြောင့်မို့လို့ မြတ်စွာဘုရားက တရားတော်တွေဟာ “သတိသမ္ပဇည” တရား ကိုယ့်သန္တာန် မှာ ဖြစ်ပွားအောင် ကြီးစားပြီးတော့ အမှန်အကန်သိမယ်ဆိုရင် ဘ၀မှာ နေပျော်ပြီးတော့ နောက်ဆုံးမှာ ဘ၀က လွတ်မြောက်တဲ့ နိဗ္ဗာန်ချမ်းသာ ဆိုတာကို
လည်း ရပြီးတော့ ဒီ “ကာယိကရောဂါ” ဆိုတဲ့ ရောဂါလည်း နောက်ဆုံး ပိတ် နောက်ထပ် ဖြစ်စရာမရှိတော့ဘူး။ “စေတသိကရောဂါ” ဆိုတဲ့ mental disease တွေလည်း လုံးဝချုပ်ငြိမ်းသွားပြီးတော့ နောက်ဆုံးရောဂါ အားလုံးပျောက်ငြိမ်းတဲ့ နိဗ္ဗာန်ချမ်း သာကို မျက်မှောက်ပြုနိုင်မှာ ဖြစ်တယ်လို့ ကိုယ်စီ ကိုယ်စီ သဘာကျပြီးတော ကျင့်ကြံကျိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။
ဆရာတော်အရှင်နန္ဒမာလာဘိဝံသ
#AshinNandamalabhivamsa
www.drnandamalabhivamsa.com.mm
“ဘေသဇ္ဇဂုရု”အကြောင်း တရားဒေသနာတော်။"
Wednesday, January 20, 2016
ကျေးဇူးတော်ရှင် - အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရားထိုင်သူများအတွက်
http://www.dhammaransi.com/index.php?option=com_content&view=article&id=47:2009-08-24-11-38-45&catid=50:mp3&Itemid=83
၉၀။ ဝေဒနာနှင့်တဏှာကြား သဗ္ဗညုတဉာဏ်ရ၍ ဘုရားဖြစ်လာပုံ (၃၁-၃-၁၉၆၀)
http://www.mogokdhamma.com/Audio/M-G 090.MP3
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ရှင်ဝိမလ ဟောကြားတော်မူသော
၂၀၈။ ရှင်ခေမကနှင့် ရဟန်းကြီး(၆၀)တို့ ရဟန္တာဖြစ်ကြပုံ (၃၁-၃-၁၉၆၁)
http://www.mogokdhamma.com/Audio/M-G%20208.MP3
၂၀၉။ တေ၀ိဇ္ဇသုတ်၊ သန္ဒိဋ္ဌိကောကိုယ်တိုင်မြင်ရန် (၁-၅-၁၉၆၁)
http://www.mogokdhamma.com/Audio/M-G%20209.MP3
၉၀။ ဝေဒနာနှင့်တဏှာကြား သဗ္ဗညုတဉာဏ်ရ၍ ဘုရားဖြစ်လာပုံ (၃၁-၃-၁၉၆၀)
http://www.mogokdhamma.com/Audio/M-G 090.MP3
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ရှင်ဝိမလ ဟောကြားတော်မူသော
၂၀၈။ ရှင်ခေမကနှင့် ရဟန်းကြီး(၆၀)တို့ ရဟန္တာဖြစ်ကြပုံ (၃၁-၃-၁၉၆၁)
http://www.mogokdhamma.com/Audio/M-G%20208.MP3
၂၀၉။ တေ၀ိဇ္ဇသုတ်၊ သန္ဒိဋ္ဌိကောကိုယ်တိုင်မြင်ရန် (၁-၅-၁၉၆၁)
http://www.mogokdhamma.com/Audio/M-G%20209.MP3
ကျေးဇူးတော်ရှင် - အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူမြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူသော
ဖြစ်ပျက်မြင်တုန်း
နိဗ္ဗာန်အတုဝင်တတ်တယ်
( တရားထိုင်သူများအတွက် )
( ၁၉ ၊ ၆ ၊ ၁၃၆၂ )
ဒကာ ဒကာမတွေ သတိပေးတရားဆိုသလိုဘဲပြောရမယ်နော်.. ၊ ဒကာကြီးလှိုင် - သတိပေးတရား ပြောမယ်နော် … ( မှန်လှပါ ) ။
သတိပေးတရားဆိုတာက ကိုယ့်ကိုကို စစ်ဆေးဖို့ပါဘဲဆိုတာ မှတ်ထားရမယ်နော် … ( မှန်ပါ့ )၊ ကိုယ့်ကိုယ်ကို စစ်ဆေးဖို့ဆိုတဲ့ဥစ္စာ ဘာပါလိမ့်မတုံးဆိုတော့ ရှင်မဟာ ကဿပကြီးက ဘုရားသခင်ကိုယ် တော်မြတ်ကြီးကို မေးတယ်… လို့ တို့ မောင်နိုင်တို့ မှတ်ရမယ် … ( မှန်ပါ့ ) ။
အရှင်ဘုရား … တဲ့ သိက္ခာပုဒ်တွေ နည်းတုန်းက ရဟန္တာတွေ သိပ်ဖြစ်တာဘဲ … တဲ့ ။
သိက္ခာပုဒ်နည်းတုန်းက နှစ်ရာ့နှစ်ဆယ် ခုနှစ်သွယ်မပြည့်ခင်တုန်းကတော့ ရဟန္တာသိပ်ဖြစ်ကြတယ်။
နောက် - အရှင်ဘုရားက သိက္ခာပုဒ်တွေ ပေါ်တိုင်းပေါ်တိုင်း တိုးလိုက်တော့
နှစ်ရာ့နှစ်ဆယ် - ခုနှစ် သွယ်တောင်ဖြစ်သွားတော့ ရဟန္တာအဖြစ်
နည်းသွားတယ်ဘုရား၊ အဲဒါဘာကြောင့်ပါလိမ့်မတုံးလို့ ဘုရားကို မေးတာ
မောင်နိုင်…. ( မှန်ပါ့ ) ။
သိက္ခာပုဒ်နည်းတုန်းကတော့ဘာတဲ့ …
( ရဟန္တာအဖြစ်များပါတယ်ဘုရား ) ၊ သိက္ခာပုဒ်လည်းများ လာပါရော. (
ရဟန္တာအဖြစ်နည်းပါတယ်ဘုရား ) ရဟန္တာအဖြစ်နည်းသွားတယ်ဆိုတော့
ကိုညွန့်တို့အားလုံး မေးစရာအကြောင်းပေါ်လာတယ် … ( မှန်ပါ့ဘုရား ) ။
သိက္ခာပုဒ်များလို့ ရဟန္တာအဖြစ်နည်းခြင်းပါလား ဘုရား
သိက္ခာပုဒ်နည်းတုန်းကတော့ဖြင့်… တဲ့ ၊ ရဟန္တာတွေ ဖြစ်လိုက်ကြတာ နည်းသွားတာတွေမဟုတ်ပါ ဘူး…
တဲ့ ၊ အခုသိက္ခာပုဒ်တွေလည်း အရှင်ဘုရားက တိုးကာ တိုးကာ လုပ်လိုက်တဲ့အခါ
သိက္ခာပုဒ်တွေက သိပ်များ၊ အဲဒီများသွားတဲ့ အခါကျမှ ရဟန္တာအဖြစ်နည်းသွားတော့
ဒါဘယ်အကြောင်းကြောင့်ပါလိမ့်မလဲ… လို့ မောင်နိုင်တို့ ကိုညွန့်တို့ မေးပြီ… ( မှန်ပါ့ ) ။
ဒီတရားဟောရတာက ဒကာ ဒကာမတွေမှာ အလုပ်တွေကလည်း လုပ်ပြီးသကာလ … နေသော ကြောင့် ကိုယ့်အလုပ်ကို ကိုယ်စစ်ဆေးနိုင်အောင်ဆိုပြီး သကာလ ဒီပါဠိတော်ထုတ်လာတာ ဒကာကြီးလှိုင် … ( မှန်ပါ့ ) ။
ဒီတွင် ဘုရားကဖြေလိုက်တယ်ကွာ - တဲ့ သဒ္ဓမ္မပဋိရူပကဆိုတာရှိတယ်ကွာ … တဲ့ ၊ တရားတုတွေ ပေါ်လာလို့ရှိရင်လည်း တရားတုတွေ ပေါ်လာတဲ့အတွက် ရဟန္တာအဖြစ်နည်းတယ် .. . တဲ့ ။
ဒကာကြီးလှိုင် - ရိပ်မိပလား .. ( ရိပ်မိပါပြီ ) ဘာတဲ့တုံး … ( တရားတုတွေပေါ်လို့ပါဘုရား ) ။
တရားအတုတွေပေါ်လာတဲ့အတွက် ရဟန္တာအဖြစ်နည်းတယ်… တဲ့ ရှင်းပလား… ( ရှင်းပါပြီ )၊ ဘာတဲ့တုံး … ( တရားအတုတွေပေါ်လာတဲ့အတွက် ရဟန္တာအဖြစ်နည်းပါတယ်ဘုရား ) ။
နောက်က ဒကာ ဒကာမတွေ တစ်ခါမှမဟောဘူးသေးတော့ ဒီဥစ္စာကို ကိုယ်လုပ်ထားတဲ့
ဥစ္စာနဲ့ ပြင်စရာရှိတာပြင်ဖို့ ၊ တိုးစရာရှိတာ တိုးဖို့ကို ဆရာဘုန်းကြီးက
သတိပေးတာလို့ဆိုတာ ဒကာကြီးလှိုင် - မှတ် ရမယ် … ( မှန်ပါ့ ) ။
အလုပ် မလုပ်တဲ့ပုဂ္ဂိုလ်ကို ဒီတရားဟောဖို့ မလိုပါဘူး၊
အလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်ကျတော့ ပြောရလိမ့် မယ်တဲ့၊ အဲဒီတော့
ဒီဖြစ်ပျက်ကိုမြင်လာတယ် ၊ အလုပ် လုပ်နေတဲ့ ပုဂ္ဂိုလ်မှာ တရားတုက
ဖြစ်ပျက် ၀င်နှောက်ယှက်တယ်၊ မောင်နိုင်မှတ်ထား … ( မှန်ပါ့ ) တရားတုက… ( ဖြစ်ပျက်မြင်တုန်း ၀င်နှောင့်ယှက် ပါတယ်ဘုရား ) ၊ ဖြစ်ပျက်မြင်တုန်း ၀င်နှောင့်ယှက်တယ်တဲ့၊ အတုဝင်လာတယ် … ( မှန်ပါ့ ) အလုပ်ထဲဝင် လာတာ ။
နောက်က ဒကာ ဒကာမတွေ ဥဒယဗ္ဗယဥာဏ်မှာဝင်လာတယ် ၊ရှင်းကြပလား… ( ရှင်းပါပြီဘုရား )။
ဖြစ်ပျက်မြင်တာက ဥဒယဗ္ဗယဥာဏ်မဟုတ်လား.. ( မှန်ပါ့ )၊ အဲဒီမြင်နေတုန်းမှာ
.တဲ့ ၊ အဓိဂမပဋိရူ ပက ဆိုတာဝင်တတ်တယ်ကွာ .. တဲ့ ၊ အတုဝင်တတ်တယ်၊ နိဗ္ဗာန်အတု
ဝင်တတ်တယ်ပြောတာ … ( မှန်ပါ့ ) ။
ဖြစ်ပျက်မြင်တုန်း နိဗ္ဗာန်အတုဝင်တတ်တယ်
ဒကာကြီးလှိုင် - မှတ်ထားစမ်းပါ၊ ဖြစ်ပျက်မြင်တုန်း နိဗ္ဗာန်အတုဝင်တတ်တယ်၊ ရှင်းပလား … ( ရှင်း ပါပြီ ဘုရား ) ။
အဲဒီဖြစ်ပျက်မြင်နေတော့ နိဗ္ဗာန်အတုဝင်လာတော့ သြော် - ဒါ နိဗ္ဗာန်ဘဲဆိုပြီး သကလာ တရားရပ် ပစ်လိုက်တယ် … ( မှန်ပါ့ ) ။
ငါတော့ဖြင့် သောတာပတ္တိမဂ် ဆိုက်ပြီ နိဗ္ဗာန်မြင်ပြီဆိုပြီးတော့
ရပ်လိုက်တော့ တရားကတော့ ဥဒယဗ္ဗယ ဖြစ်ပျက်ဆိုတော့ မောင်နိုင် ဘယ်… ဆုံးမှမဆုံးသေးဘဲ… ( မဆုံးသေးပါဘုရား ) ။
မဆုံးသေးချိန်မှာ ဒကာ ဒကာမတွေ မှတ်ထားလိုက်စမ်းပါတဲ့၊ နိဗ္ဗာန်အတု ၀င်လာတယ်.. ( မှန်ပါ့ ) ။
မဆုံးသေးခင် ဘာဝင်လာသတုံး … ( နိဗ္ဗာန်အတု ၀င်လာပါတယ်ဘုရား ) ။
နိဗ္ဗာန်အတု ၀င်လာတယ်ဆိုတဲ့ဥစ္စာဟေ့ … မောင်ခင်မောင်တို့ ၊ ကိုရှင်းတို့ သေသေချာချာမှတ်ရ မယ်… ( မှန်ပါ့ ) ဒါက သတိပေးတဲ့တရားနော် … ( မှန်ပါ့ ) ။
ရဟန္တာအဖြစ်နည်းတာ နိဗ္ဗာန်အတုဝင်လို့
ရဟန္တာဘယ့်နှယ်ကြောင့် အဖြစ်နည်းသတုံးလို့ မေးတဲ့အခါကျတော့ နိဗ္ဗာန်က အတုတွေဝင်လာ တယ်ကွ .. ။
ဘယ်အချိန် ၀င်လာပါလိမ့်မတုံး … ( ဖြစ်ပျက်မြင်တဲ့အခါမှာပါဘုရား ) ။
အဲ … ဖြစ်ပျက်ဆိုတော့ ဥဒယဗ္ဗယပေါ့လေ … ( မှန်ပါ့ ) ၊အဲဒီဥဒယဗ္ဗယဥာဏ်အချိန်မှာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ၀င်လာတတ်တယ် … ( မှန်ပါ့ ) ဖြစ်ပျက်လည်း မဆုံးဘူး၊ မုန်းလည်း မမုန်းဘူး ၊ ဆုံးလည်းမဆုံးတဲ့အချိန်မှာ နိဗ္ဗာန်ဝင်လာတယ်၊ ကိုယ်ထင်တဲ့နိဗ္ဗာန်ပေါ့လေ…. ( မှန်ပါ့ ) ။
ကိုပေါ်ကြီးသေသေချာချာမှတ် .. ( မှန်ပါ့ ) ၊ သေသေချာချာမှတ်ပါ ၊ ဒကာ
ဒကာမတို့ နောက်က အလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်တွေမို့
ဒီဥစ္စာအရေးတကြီးပြောနေရပါတယ် ဆိုတာကိုလည်း မှတ်ရမယ်. ..( မှန်ပါ့ )။
ဒကာကြီးလှိုင် မပြောရဘူးလား … ( ပြောရပါမယ်ဘုရား ) ပြောရမယ်တဲ့၊ မေးတဲ့ပုဂ္ဂိုလ်ကလည်း မောင်နိုင်သေးတဲ့ပုဂ္ဂိုလ်မှမဟုတ်ဘဲ … ( မှန်ပါ့ ) ၊ ရှင်မဟာကဿပက မေးတာ ၊ ဘုရားမရှိရင် သူဟာ ဘုရားကိုယ်စားလှယ်ဘဲ၊ သံဂါယနာတင်တော့ ခေါင်းဆောင်ကြီးပေါ့ မောင်နိုင်ရ …. ( မှန်ပါ့ ) ။
ဆယ်ချက်လာတတ်တယ်
အဲဒီတော့ လိုရင်းပြောကြပါစို့လို့ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ
ဖြစ်ပျက်မြင်တဲ့အချိန်မှာ ဆယ်ချက်လာတတ်တယ်ကွာ.. .တဲ့ ၊ ဆယ်ချက်ထဲက
တစ်ချက်ချက်လာတတ်တယ်တဲ့… ( မှန်ပါ့ ) ။
ဦးဘကလေး ဆယ်ချက်ထဲက တစ်ချက်ချက်လာတတ်တယ် … ( မှန်ပါ့ ) ။
ခန္ဓာကိုယ်က အရောင်အဆင်းလည်းထွက်တတ်တယ်ကွတဲ့၊ ဖြစ်ပျက်အားထုတ်ရင်းမတ္တနဲ့
မောင်နိုင်တို့က ဥဒယဗ္ဗယဥာဏ်က ရင့်သန်လာတာကိုး၊ရင့်သန်လာတော့ကို ခန္ဓာကိုယ်က
အရောင်အဆင်း ရင်လည်း ထွက်တတ်တယ် … ( မှန်ပါ့ ) ။
( ၁ ) အရောင်အဆင်း ထွက်တတ်တယ်
ကိုယ်ပေါ် အရောင်အဆင်းထွက်လာတော့ သြော်… ဒါမဂ်က ထွက်လာတဲ့ အရောင်ဘဲဆိုပြီးသကာ လ မောင်နိုင် ဒါမဂ်ဥာဏ်ရတဲ့သဘောဘဲလို့ ကိုယ့်ဟာကိုယ်ထင်တတ်တယ် … ( မှန်ပါ့ ) ၊ အရောင်အဆင်း အာရုံပြုပစ်လိုက်တယ် … ( မှန်ပါ့ ) ။
ဦးဘကလေး အရောင်အဆင်းအာရုံပြုပစ်လိုက်တော့ ၊ ၀ိပဿနာဥာဏ်ကဖြူစင်လို့ ခန္ဓာက အရောင်ထွက်လာတာ …( မှန်ပါ့ ) ရှင်းပလား … ( ရှင်းပါပြီဘုရား ) ။
ခန္ဓာက အရောင်ထွက်လာတယ် ၊ အဲဒါကို ငါမဂ်ရပြီလို့ထင်ပြီး ၊ ဒကာ ဒကာမတွေက ရပ်ပစ်လိုက် တတ်တယ် … ( မှန်ပါ့ ) ။
အတုပေါ်တာ .. ( မှန်ပါ့ ) မပေါ်တာမရှိဘူးတဲ့၊ သူတစ်ခါတလေပေါ်မယ်နော် … ( မှန်ပါ့ ) ။
ကောင်းပြီ…ဒါပေါ်တဲ့ပုဂ္ဂိုလ်လည်း ပေါ်တယ်ထားနော်… ( မှန်ပါ့ ) ၊ ဒါမပေါ်ရင် ဘာပေါ်တတ်သတုံး ဆိုတော့ ဒီဆယ်ချက်ကလည်း ဥဒယဗ္ဗယဥာဏ်မှာပေါ်ရမှာဘဲ ၊ တစ်ခုခုတော့ ပေါ်ရမယ် … ( မှန်ပါ့ ) ။
မောင်နိုင် မှတ်ထားပါနော … ( မှန်ပါ့ ) ၊ကိုရှင်းတို့ မမှတ်ရပေဘူးလား.. ( မှတ်ရပါတယ်ဘုရား ) ။
မှတ်ရလိမ့်မယ် ၊ ကိုယ်က လုပ်နေတာကိုးဗျ ၊ဒါမှ နိဗ္ဗာန်အစစ်နဲ့ နိဗ္ဗာန်တုနဲ့ ကွဲသွားမယ်… နော် …. ( မှန်ပါ့ ) ။
အခု ခန္ဓာကိုယ်က အရောင်အဆင်းထွက်တာကို ပင်လျှင်… ယောဂီပုဂ္ဂိုလ်က အားထုတ်နေတဲ့ ပုဂ္ဂိုလ်က ငါတော့ဖြင့် မဂ်ရလို့ ခန္ဓာကိုယ်ကတောင် အရောင်တွေထွက်လာပြီဆိုပြီး ရပ်ပစ်လိုက်တယ် ။
အရောင်ဘက်လှည့်သွားတယ်၊ အရောင်ဘက်သာယာပစ်လိုက်ပြီ မောင်နိုင်… ( မှန်ပါ့ ) ၊ သာယာ ပစ်လိုက်တော့ ဥာဏ်ရှိသေးရဲ့ လား … ( မရှိပါဘုရား )၊ အရောင်ကတော့ ထွက်လျက်ဘဲ …( မှန်ပါ့ဘုရား ) ။
အဲဒီမှာလည်းတဲ့ သူ့ဟာသူ မဂ်ရလို့ ခန္ဓာက အရောင်ထွက်လာတာဘဲဆိုပြီးသကာလ
ရပ်ပစ်လိုက် တော့ကိုတဲ့တရားတုဝင်လာတတ်တယ်တဲ့၊ နိဗ္ဗာန်လည်း မဟုတ်ဘူး၊မဂ်လည်း
မဟုတ်ဘူး…( မှန်ပါ့ဘုရား )။
ဒကာကြီးလှိုင်… မဂ်လည်းမဟုတ်ဘူးတဲ့၊ ဖြစ်ပျက်မြင်တဲ့ ၀ိပဿနာမဂ်ရှိသေးတာဘဲ … ( မှန်ပါ့ ) ၊ မဂ်စစ် မဟုတ်သေးဘူး ။
အဲ့ဒီအချိန်မှာ ကိုယ်ကအရောင်တွေ , ဘာတွေထွက်တတ်ပါတယ်…
( မှန်ပါ့ ) အဲဒီအရောင်တွေ ထွက်လာလို့ရှိရင်လည်းဒီအရောင်တွေကို တစ်ချို
့မှဘယ်လောက်ထွက်တတ်သတုံးလို့ မေးတဲ့အခါကျတော့ တင်ပလ္လင်ခွေတစ်ခုလုံးမှာ
တစ်ကိုယ်လုံးကနေပြီး အရောင်တွေဖြာထွက်တတ်တယ်… ( မှန်ပါ့ ) ၊တစ်ချို့ ကျ တော့လည်းတဲ့၊ ဒီတိုက်တစ်ခုလုံးမြင်လာအောင်ထွက်တတ်တယ်… ၊ရှင်းပလား .. ( ရှင်းပါပြီဘုရား ) ။
တစ်ချို့ ကျတော့လည်း ကောင်းကင်ကျအောင်လင်းတယ်၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီး
ဒီဖြစ် ပျက်မြင်တဲ့ဥာဏ်တုန်းကတော့ အောက်အ၀ီစိကျအောင်လင်းတယ်… ( မှန်ပါ့ )၊ အထက်ဗြဟ္မာပြည်ကျ အောင် လင်းထွက်တယ်… ( မှန်ပါ့ ) ရှင်းပလား … ( ရှင်းပါပြီဘုရား ) ။
အဲဒါကို မဂ်ရလို့ထင်ပြီးသကာလ ယောဂီပုဂ္ဂိုလ်က အားထုတ်နေရက
ရက်ပစ်လိုက်တတ်တယ် ၊ ငါ မဂ်ရလို့ အရောင်ထွက်တာဘဲဆိုပြီး သကာလ
အရောင်ဘက်လှည့်လိုက်တယ်၊ ဟိုဖြစ်ပျက်လှည့်သေးရဲ အရောင်ထွက်တာဘဲဆိုပြီး သကာလ
အရောင်ဘက်လှည့်လိုက်တယ်၊ ဟိုဖြစ်ပျက်လှည့်သေးရဲ့ လား … .( မလှည့်ပါဘုရား ) အားရတင်းတိမ်တဲ့ဘက် လှည့်မသွားဘူးလား…. ( လှည့်သွားပါတယ်ဘုရား ) ။
အားရတင်းတိမ်တဲ့ ဘက်လှည့်သွားတော့ တကယ်မဂ်ကောဟုတ်ပါရဲ့ လားလို့ဆိုတော့ ဥဒယဗ္ဗယ ကြောင့် ဥာဏ်ကြည်လို့ထွက်တာ … ( မှန်ပါ့ ) ရှင်းကြပလား… ( ရှင်းပါပြီ ဘုရား ) ၊ ဘာဖြစ်လို့ပါလိမ့် …. ( ဥာဏ်ကြည်လို့ ထွက်တာပါ ဘုရား ) ။
ဥာဏ်ရောင်ထွက်တာကို မဂ်ထင်တယ်
ဥာဏ်ရောင်ထွက်တာကို သူက မဂ်ထင်လိုက်တယ်. ( မှန်ပါ့ )၊အဲဒီတရားတုတွေက
တရားတုဆိုတ က ဒီလောကတရားတိုကို ဘုန်းကြီးကပြောတာမဟုတ်ဘူး၊
ကိုယ်လုပ်နေတဲ့အထဲက တရားတုက လာနှိပ် စက်တာပြောတာပါ… ( မှန်ပါ့ ) ၊ ပေါ်ကြပလား.. ( ပေါ်ပါပြီဘုရား ) ။
ဒါဖြင့် သြဘာသ- ဆိုတဲ့အရောင်ထွက်တတ်တယ် နော် …
( မှန်ပါ့ ) ထွက်လာလို့ ဒီအထဲက ယောဂီ ဒကာ ဒကာမတွေ
ထွက်လာလို့ရှိရင်ဖြင့် ဒါ မဂ်မဟုတ်သေးဘူး၊ ဒီအရောင်လည်း ခန္ဓာကိုယ်ကဖြစ်တဲ့
အရောင်ဘဲ ၊ သူလည်းအရောင်ရိပ်ဘဲ၊ အရောင်ရိပ်ဖြင့် ဖြစ်ပျက်လို့ ရှုပေး… ( မှန်ပါ့ ) ၊ သဘောကျပလား … ( ကျပါပြီဘုရား ) ။
သူ့ကို ဘာလုပ်ပေးရမလဲ … ( ဖြစ်ပျက်ရှုပေးရပါမယ် ဘုရား ) သူ့ဘဲ အနိစ္စပြန်ရှုလိုက်တာပေါ့… ( မှန်ပါ့ )၊ ဖြစ်ပျက်ပြန်ရှုလိုက်ပြီးသကာလ အဲဒီကတက်သွားပြန်တော့လည်း မဂ်ဖြစ်သွားတယ်… ( မှန်ပါ့ )၊ ရှင်းပလား… ( ရှင်းပါပြီဘုရား ) ။
ဒါ မလာဘဲမရှိဘူး… တဲ့ ၊ ဒါက ဆယ်ခုမှာဒီတစ်ခုရင်လဲ လာတတ်တယ်… ( မှန်ပါ့ ) ၊ ဒီတစ်ခုမလာ ရင် ဒီ့ပြင်ဘာလာမှာတုံး - လို့ မေးတဲ့အခါကျတော့ ပီတိ… တဲ့၊ ပီတိလည်း လာတတ်တယ် … ( မှန်ပါ့ ) ။
( ၂ ) ပီတိဆိုတာ လာတတ်တယ်
အရောင်မလာတဲ့ပုဂ္ဂိုလ်မှာ ပီတိလာလိမ့်မယ် …
( မှန်ပါ့ ) ၊ပီတိလာတယ်..တဲ့၊ပီတိဆိုတာက တစ်ခါတည်း
ခန္ဓာကိုယ်ကြီးကြွသွားပြီးသကာလ၊ ပေါ့ပါးပြီးသကာလ ကြက်သီးတွေထ,လို့
ကောင်းကင်ပျံ တော့မလိုလို၊ ထိုင်ရမှန်းမသိ၊ ထရမှန်းမသိ၊ ဒီလိုဖြစ်လာတတ်တယ်… ( မှန်ပါ့ ) ဒါလည်း ဥဒယဗ္ဗယ - ဆိုတဲ့ ဖြစ်ပျက်ကို မြင်တဲ့ဥာဏ်ကြောင့် ဖြစ်ပေါ်လာတာ… ( မှန်ပါ့ ) ။
အဲဒီပီတိကိုလည်း ဒကာ ဒကာမတွေက ဒါ - မဂ်စစ်လို့မယူလိုက်နဲ့၊ သြော်-
ဒါဥာဏ်ကြည်လို့ဖြစ်လာ တဲ့ ပီတိဘဲလို့ ဒကာကြီးလှိုင်က ယူလိုက်တာပေါ့ .. (
မှန်ပါ့ ) ၊ ရှင်းပလား … ( ရှင်းပါပြီ ဘုရား ) ။
ပီတိငါးမျိုး
ဥာဏ်ကြည်လို့ဖြစ်လာတယ် … ( မှန်ပါ့ ) ၊ ဖြစ်ပျက်ကိုမြင်တဲ့ဥာဏ်က ထက်မြက်လို့ ပီတိငါးမျိုးလာ ပစ်လိုက်တယ် .. ( မှန်ပါ့ဘုရား ) ။
ဒုဒ္ဒကာပီတိတို့ ၊ ခဏိကာပီတိတို့၊ သြက္ကန္တိကာပီတိတို့၊ ဖရဏာပီတိတို့ ဆိုတာတွေ မောင်နိုင် မလာ ဘူးလား… ( လာပါတယ်ဘုရား ) ။
အဲဒီလာလို့ရှိရင်လည်း ဒီပီတိဘဲဆိုပြီးတော့ ဒါဖြင့် ဒို့နားလည်းပြီ ၊
ဆရာသမားသင်ထားတယ် ၊ ဒါတွေဟာ မဂ်မဟုတ်ဘူး၊ လောကုတ္တရာမဂ်မဟုတ်သေးဘူးလို့
မောင်နိုင်က ပယ်ချ … ( မှန်ပါ့ ) ၊ ပယ်ချပြီး သကာလ ကိုယ့်ဖြစ်ပျက်နဲ့ ကိုယ်နေချင်နေနော်… ( မှန်ပါ့ ) ၊ သူ့ကို မသာယာလိုက်ပါနဲ့၊ ရှင်းကြပလား…. ( ရှင်းပါပြီဘုရား ) ။
သူ့ကို မသာယာလိုက်ပါနဲ့လို့ သတိပေးလိုက်တယ်နော် … ( မှန်ပါ့ ) ။
ကိုရှင်းတို့ သူ့ကို ဘာလုပ်ပစ်ရမတုံး ( မသာယာရပါဘုရား ) ၊ သူ့ကိုလည်း
ဖြစ်ပျက်ရှုနိုင်ရှု၊ မရှုနိုင်ရင် ကိုယ့်ဖြစ်ပျက်ကို လက်မလွှတ်လိုက်ပါနဲ့ .. (
မှန်ပါ့ ) ၊ ပေါ်ကြပလား ( ပေါ်ပါပြီ )၊ဘယ်နှစ်မျိုးရှိသွား ပလဲ.. (
နှစ်မျိုးရှိသွားပါပြီဘုရား ) ။
( ၃ ) ဥာဏ်ထက်လာတတ်တယ်
သြဘာသေစေ၀ ဥာဏေစ တစ်ခါတလေကျတော့ဥာဏ်က သိပ်တက်လာပြီးသကာလ၊ ဖြစ်ပျက်ကလေးတွေ
စိပ်စိပ် - စိပ်စိပ်ပြီးသကာလ လာတာကိုပင်လျှင် ငါ့ဥာဏ်က သာမည အရင်ဥာဏ်မ
ဟုတ်တော့ဘူး၊ ဒါ မဂ်ဥာဏ် ဒီလောက်စူးစူးစိုက်စိုက်မြင်တာဘဲဆိုပြီး
ဖြစ်ပျက်တွေ စိပ်စိပ်ကြီးမြင်လာလို့ရှိ ရင်လည်း ဒီဥာဏ်ဟာ မဂ်ဥာဏ်လို့
ကိုယ်က မယူလိုက်ပါနဲ့နော်…. ( မှန်ပါ့ ) ၊ ၀ိပဿနာမဂ်ဘဲ ရှိပါသေးတယ် .. ( မှန်ပါ့ ) ။
လောကုတ္တရာမဂ် .. ( မဟုတ်သေးပါဘုရား ) မဟုတ်သေးဘူး၊ သို့သော်လည်း
အရင်ဥာဏ်နဲ့တော့ မတူဘူး.. ( မှန်ပါ့ )၊ တစ်ခါတည်းထိုးထွင်းပြီးသကာလ
သိလာတဲ့ဥာဏ်… ( မှန်ပါ့ ) ။
အဲဒီဥာဏ်ကိုလည်း အဓိဂမ ပဋိရူပက ဆိုပါတယ်၊ အဓိဂမပဋိရူပကဆိုတာက မဂ်ရပြီလို့ထင်တယ်၊ အလားတူပါ … ( မှန်ပါ့ ) ၊ ရှင်းပလား .. ( ရှင်းပါပြီဘုရား ) ။
ဒါဖြင့် အဲဒီဥာဏ်လာလို့ရှိရင်လည်း သြော်… ဒီဥာဏ်ဟာ ၀ိပဿနာဥာဏ်ဘဲရှိသေးတယ်ဆိုပြီး ရှုမြဲ ဘဲ၊ ဒကာ ဒကာမတွေ ရှုနေပါ … ( မှန်ပါ့ ) ။
ဒကာကြီးလှိုင် - ရှင်းပလား… ( ရှင်းပါပြီဘုရား ) ။
ဘယ်နှစ်ခုရှိသွားပလဲ .. ( သုံးခုရှိသွားပါပြီ ) ၊ သြဘာသရယ်၊ ပီတိရယ်၊ ဥာဏ်ရယ်၊ သုံးခုရှိသွားပြီ နော်… ( မှန်ပါ့ ) ။
သြဘာသေစေ၀ ဥာဏေစ၊ ပီတိယာစ ၀ိကမ္ပတိ ဒါတွေကြောင့်လဲကွာ … တဲ့ တုန်လှုပ်တတ်ပါ တယ်…တဲ့ ယောဂီပုဂ္ဂိုလ်မှာ … ( မှန်ပါ့ ) ။
ပဿဒ္ဓိ =
တခါတည်း ရှုရင်းမတ္တနဲ့
ဖြစ်ပျက်တွေမြင်ပြီးကိုယ်ဟာကျောက်တိုင်ကြီးလိုဘဲဖြစ်နေတယ်၊ ကိုယ် လည်း
ငြိမ်းသွားတယ်၊ စိတ်တွေလည်းငြိမ်းပြီးသကာလနေတယ်၊ ဖြစ်ပျက်တွေမြင်လို့
ကိုယ်ငြိမ်း, စိတ်ငြိမ်း ဖြစ်တာ … ( မှန်ပါ့ ) ၊ သဘောကျပလား .. ( ကျပါပြီ ဘုရား ) ။
( ၄ ) ကိုယ်ငြိမ်း စိတ်ငြိမ်းဖြစ်တတ်တယ်
ကိုယ်ငြိမ်း, စိတ်ငြိမ်းဖြစ်သွားပြန်တော့လည်း သြော် ဒါမဂ်အစစ်မို့
ဒါလောက်တောင်ဘဲ ကိုယ်၏ငြိမ်း ခြင်း၊ စိတ်၏ ငြိမ်းခြင်းဖြစ်တာဘဲလို့ဆိုပြီး၊
အလုပ်ရပ်ပစ်လိုက်တတ်တယ် ( မှန်ပါ့ ) စင်စစ် - ဥဒယဗ္ဗဥာဏ် ကြောင့်လာတဲ့
ပဿဒ္ဓိတွေဘဲ .. ( မှန်ပါ့ ) ၊ ရှင်းပလား … ( ရှင်းပါပြီဘုရား ) ။
အဲဒီချမ်းသာသည် ကိုယ်ငြိမ်း, စိတ်ငြိမ်းတဲ့ တကယ်ငြိမ်းတာတွေလည်း ပဿဒ္ဓိဘဲ ၊
ဒီက သတိတွေ ကလည်း ဖြစ်ပျက်ဘဲ၊ ရှုသာပစ်လိုက်ဦး .. ( မှန်ပါ့ ) ၊
နို့မဟုတ်ရင် သူက နိဗ္ဗာန်လုပ်ပြီးတော့ဝင်လာတယ် .. ( မှန်ပါ့ ) ။
ဦးဘကလေး … ဒါအင်မတန်အရေးကြီးတဲ့တရားဆိုတာ သတိပေးတရားဆိုတာ အလုပ်သမား အတွက်မှာဖြင့် ကိုမြင့် … မပေးမဖြစ်တဲ့အလုပ်ဘဲ.. ( မှန်ပါ့ ) ၊ ဒီအန္တရာယ်က ဒကာ ဒကာမတေါ မဂ်မဟုတ် ဘဲနဲ့ မဂ်ဝင်လုပ်မှာ၊ နိဗ္ဗာန်မဟုတ်ဘဲနဲ့ နိဗ္ဗာန်ဝင်လုပ်မှာ … ( မှန်ပါ့ ) မလုပ်ပေဘူးလား… ( လုပ်ပါတယ် ဘုရား ) ။
ကဲ - ဒါဖြင့် ကိုယ်ငြိမ်း, စိတ်ငြိမ်းနဲ့လည်း တင်းတိမ်ပြီးသကာလ မနေဘဲနဲ့ ငြိမ်းတတ်တဲ့ ပဿဒ္ဓိကို ဘဲ ဖြစ်ပျက်ရှုပစ်လိုက်… ( မှန်ပါ့ ဘုရား ) ။
ဖြစ်ပျက်က မောင်နိုင်တို့ သင်ထားတာက ရှင်းနေတာဘဲ၊ ဖြစ်ပျက်မဆုံးသ၍ လိုက်နေမယ်… ( မှန် ပါ့ ) ၊ မလိုက်ရပေဘူးလား… ( လိုက်ရပါတယ်ဘုရား ) ။
အခုတော့ ဖြစ်ပျက်မြင်တော့ ကိုယ်ငြိမ်း, စိတ်ငြိမ်းဖြစ်တာနဲ့ဘဲ ဟာ -
ဖြစ်ပျက်တွေကို မောင်နိုင်တို့ က မရှုဘဲထား၊ ဒီကိုယ်ငြိမ်း, စိတ်ငြိမ်းကလေး
ကျေနပ်လို့ရှိရင်လည်း အဓိဂမပဋိရူပက - ကွာ … သူက နိဗ္ဗာန်လုပ်ပြီး သကာလ ၀င်လာတယ် .. ( မှန်ပါ့ ) ။
ဒီ - ပီတိနှိပ်စက်လို့ သိက္ခာပုဒ်တွေများတော့မှ မောင်နိုင် -
ရဟန္တာအဖြစ်နည်းသွားတယ်၊ ဒီ ပီတိတွေ ၀င်လာတယ် .. ( မှန်ပါ့ ) ၊ ရိပ်မိကြပလား
… ( ရိပ်မိပါပြီ ဘုရား ) ၊ အတုတွေနော် .. ( မှန်ပ့ါ ) ။
ဒါဘယ်သူ့အတွက် ဟောလို့နေသလဲ … လို့ဆိုတာ ဒကာ ဒကာမတွေက အလုပ်မလုပ်တဲ့ပုဂ္ဂိုလ် ဒီစကားသုံးစရာကိုမလိုပါဘူး… ( မှန်ပါ့ ) ဒကာကြီးလှိုင် သုံးနိုင်ပါ့မလား… ( မသုံးနိုင်ပါဘုရား ) ။
ဒီမှာတော့ အားလုံးက အလုပ်လုပ်နေတော့ အတုအစစ်ရွေးတတ်ဖို့ ဒါ အတုတွေလို့မှတ်ပါ … ( မှန်ပါ့ ) ။
နိဗ္ဗာန်အစစ်နဲ့ အတုရွေးရမယ်
ကိုပေါ် - မှတ်မိပလား.. ( မှတ်မိပါပြီဘုရား )၊ ဒါတွေအတုတွေနော် … ( မှန်ပါ့ ) ၊ ဒါတွေ အတုတွေ ပေါ့ … တဲ့
၊ တကယ်လို့ ဒကာ ဒကာမတွေ ကိုယ်က ယောဂီပုဂ္ဂိုလ်တွေ ဖြစ်နေတော့
နိဗ္ဗာန်အစစ်နဲ့ နိဗ္ဗာန် အတု ရွေးချင်လို့ရှိရင် Recorder ကူးယူကြတာပေါ့ … ( မှန်ပါ့ )၊ ကူးယူလိုက် ဒကာကြီးလှိုင်- ဒါအရေးကြီး တယ် .. ( မှန်ပါ့ ) ၊ မကြီးဘူးလား… ( ကြီးပါတယ်ဘုရား ) ။
ကိုယ့်ဟာကိုယ်စစ်ဆေးရအောင် မောင်နိုင်- မကောင်းဘူးလား.. ( ကောင်းပါတယ်ဘုရား ) ၊ ဒီမှာ သုံးခုတောင်သွင်းနေတာဘဲ … တဲ့၊ ဒီထဲက ကူးယူလိုက်ရတာဘဲ။
ကဲ …
ဒါဖြင့် လေးချက်ရှိသွားပြီနော် ( မှန်ပါ့ )၊ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိတွေ
ဝင်ပြီးသကာလ လာပြန်လို့ရှိရင်လည်း ကိုယ့်ငြိမ်း, စိတ်ငြိမ်းဖြစ်တာဘဲလို့
ဆိုပြီး ရပ်ပစ်လိုက်တော့ မာနကြီးပြီး ငါ မဂ်ရပုဂ္ဂိုလ် ပဲလို့
ထင်ပစ်လိုက်တတ်တယ် … ( မှန်ပါ့ ) ၊ ပြီးတော့ မဂ်စစ်ဟုတ်ကဲ့လား… ( မဟုတ်ပါဘုရား ) ။
ဒါဖြင့် အတုက ၀င်ပြီးနှောက်ယှက်လို့ ကဿပ - ဒီအတုတွေကြောင့် ရဟန္တာအဖြစ်နည်းတယ် ၊ ပေါ်ပလား .. ( ပေါ်ပါပြီ ) ။
သိက္ခာပုဒ်များမှ ရဟန္တာအဖြစ်နည်းတယ်ဆိုတာ ဒီအတုတွေက ဖျက်တာဟေ့ ( မှန်ပါ့ )
၊ဒကာကြီးလှိုင် - ဒီလောက်အရေးကြီးလို့ဟောနေတယ်ဆိုတာ မပေါ်သေးဘူးလား… ( ပေါ်ပါပြီဘုရား ) ။
ဦးဘကလေး - ဒီအရေးဟာဖြင့် အင်မတန်ကြီးပါတယ်ဆိုတာ မပေါ်သေးဘူးလား… ( ပေါ်ပါပြီ ဘုရား ) ။
ဒါတွေမလာရင် ၊ တရားမမှန်သေးဘူး
ခင်ဗျားတို့ အားလုံး အလုပ်သမားတွေ ဆရာ ဒကာရင်းတွေဖြစ်နေတော့
အလုပ်သမားတွေချည့်ဆို တော့ ဒါက ဒီဆယ်ချက် တစ်ချက်ချက်ကတော့ လာမှာဘဲ … ( မှန်ပါ့ ) ၊ မလာလဲမမှန်သေးဘူး… ( မှန်ပါ့ )၊ လာပြန်လည်း မဖယ်တတ်ရင် မမှန်သေးဘူး… ( မှန်ပါ့ ) မလာလည်း တရားက မမှန်သေးဘူး၊ လာပြန်လည်း မဖယ်တတ်ရင် … ( မမှန်သေးပါဘုရား ) ။
အဒါကလေးတွေဟာ နောက်က ဒကာ ဒကာမတွေ သြော်.. ချက်ကောင်းပါကလား၊ ဒီဥစ္စာလာ လည်း
လာမှာဘဲ၊ လာလို့မဖယ်တတ်ပြန်လည်း ဒါနဲ့တင်းတိမ်နေလို့ရှိရင်လည်း
အဓိမာနပုဂ္ဂိုလ်၊ အဓိကလွန် တာ၊ မာနကြီးတာ… ( မှန်ပါ့ ) ငါ - မဂ်ပုဂ္ဂိုလ်ဖြစ်ပြီဆိုပြီး ကိုယ့်ဟာကိုယ်မာနကြီးပစ်လိုက်တယ် … ( မှန်ပါ့ )။
မောင်နိုင် - ဘယ်နှစ်ချက်ရှိသွားပလဲ… ( လေးချက်ရှိသွားပါပြီဘုရား ) အရောင်တချက်၊ ပီတိတချက်၊ ဥာဏ်ကြည်တာတချက် … ( မှန်ပါ့ ) ၊ ဥာဏ်ကခါတိုင်းနဲ့မတူဘူး၊ ထိုးထိုးထွင်းထွင်းနဲ့ကို သိပစ် လိုက်တယ်… ( မှန်ပါ့ ) ၊ သဘောကျပလား… ( ကျပါပြီ ) ကိုယ်ငြိမ်း, စိတ်ငြိမ်းဆိုတဲ့ ပဿဒ္ဓိက တချက် …. ( မှန်ပါ့ ) သဘောကျပလား .. ( ကျပါပြီဘုရား ) ။
ဘယ်နှစ်ချက်ရသွားပလဲ … ( လေးချက်ရသွားပါပြီ ဘုရား ) လေးချက်ရသွားပြီလို့ မှတ်ထားတာပေါ့ နော်… ( မှန်ပါ့ ) ။
ပဿဒ္ဓိယာ သုခေစေ၀ တစ်ခါတလေကျတော့ စိတ်ထဲရောကိုယ်ထဲရော မင်း -
ချမ်းသာပြီးနေလိုက် တာ သုခကလေးကတစ်ကိုယ်လုံးကို ဆင်းရဲရှာမတွေ့ဘူး၊
ဥဒယဗ္ဗယဥာဏ် ရင့်ကျက်နေတာ ဖြစ်ပျက်တွေ့မြင်ရင်းမတ္တနဲ့
တစ်ကိုယ်လုံးချမ်းသာသွားတဲ့အခါ လာတတ်တယ်… ( မှန်ပါ့ ) သဘောကျပလား… ( ကျပါပြီ ဘုရား ) ။
တစ်ကိုယ်လုံးချမ်းသာသွားတဲ့အခါ လာတတ်ပြန်တော့လဲ အင်း … ( ဒါနိဗ္ဗာန်ဘဲဆိုပြီး ယောဂီက ရပ်ပစ်တတ်တယ် ( မှန်ပါ့ ) မရပ်ပါနဲ့၊ ရှင်းကြပလား…. ( ရှင်းပါပြီဘုရား ) ။
ဘာလုပ်ပစ်ရမလဲ သုခကို … ( ဖြစ်ပျက်ရှုရပါမယ်ဘုရား ) ဖြစ်ပျက်ရှု၊ ကိုယ့်ဖြစ်ပျက်ရင်လည်း ပြန် ကောက်၊ သူ့ရင်လည်း ရှုပစ် ( မှန်ပါ့ ) ။
ဒကာကြီးလှိုင် - ဒါအဓိဂမ ပဋိရူပက လို့ခေါ်တယ် … ( မှန်ပ့ါ ) အဓိဂမဆိုတဲ့ဥစ္စာ မဂ်ကိုခေါ်တယ်၊ ပဋိရူပက ဆိုတာကတော့ အလားတူ၊ မဂ်နဲ့ အလားတူ ၀င်လာတယ်… ( မှန်ပါ့ ) ရိပ်မိပလား… ( ရိပ်မိပါပြီ ဘုရား ) ။
နိဗ္ဗာန်မဂ်တွေကို … တဲ့၊ နိဗ္ဗာန်မဟုတ်ဘဲနဲ့ နိဗ္ဗာန်ထင်ရတယ်၊ မဂ်စစ်မဟုတ်ဘဲနဲ့ မဂ်စစ်ဖြစ် လောက်အောင် မောင်အောင်သိန်းဝင်လာတာဘဲ… ( မှန်ပါ့ ) ရိပ်မိပလား… ( ရိပ်မိပါပြီဘုရား ) ။
ဒါမလာလို့ မဖြစ်ဘူး…တဲ့၊ တစ်ခုခုလာရမှာဘဲ…( မှန်ပါ့ ) လာပြန်လည်း ဖယ်နည်းရှာနည်းကို ဆရာ သင်ပေးရမယ်…( မှန်ပါ့ ) ။
ဒါကြောင့် ဒကာ ဒကာမတို့ ဆရာကင်းလို့ မဂ်ဥာဏ်ဖိုလ်ဥာဏ် မရနိုင်ဘူးဆိုတာ ဒကာကြီးလှိုင် - ပေါ်လာပလား … ( ပေါ်လာပါပြီ ဘုရား ) ။
ငါ့ဟာ ငါ - အိမ်မှာလုပ်နေ ဘာကိစ္စရှိသတုံးကွ၊ ဘုန်းကြီးဆီက
နည်းယူခဲ့တာဘဲဆိုတော့ ဒီလိုခလုတ်တွေ တွေ့လာတဲ့အခါ မဖယ်ရှားတတ်တော့
ဒကာကြီးလှိုင် - ဘယ့်နှယ်တုံး၊ရနိုင်ပါ့မလား… ( မရ နိုင်ပါဘုရား )။
အဲဒီတော့ ဘုရားကိုက ဟောခဲ့တာဆိုတာကော မောင်နိုင် - ကျေနပ်ပလား ..( ကျေနပ်ပါပြီဘုရား )။
ရှင်မဟာကဿပ မေးလို့ ဘုရားကဒီအတုတွေကြောင့် သိက္ခာပုဒ်များမှ ရဟန္တာအဖြစ် နည်းသွားသ ကွာ … ဆိုတော့ မပေါ်ကြသေးဘူးလား… ( ပေါ်ပါပြီဘုရား ) ။
ကဲ … ဘယ်နှစ်မျိုးရှိသွားကြပလဲ…( ငါးမျိုးပါ ) ဆယ်မျိုးရှိအောင် ပြောပါ့မယ်နော် ဒကာ ဒကာမတို့။
ကဲ… ဒါဖြင့် ဒီငါးခုဘဲ ထားပါဦးတော့၊ လာရင်ရှုပစ်ပေါ့ဗျာ…( မှန်ပါ့ ) ကိုယ့်ဖြစ်ပျက် မပျောက်စေနဲ့၊ ရှင်းကြပလား…( ရှင်းပါပြီဘုရား ) ။
ကိုယ့်ဖြစ်ပျက် မပျောက်စေနဲ့နော်… ( မှန်ပါ့ ) စိတ်ထဲမှာ ချမ်းသာလိုက်တာ ဘာချမ်းသာနဲ့မှ မတူ ဘူးဘုရာ့း…. ဆိုပေမယ့် ဖြစ်ပျက်မြင်လို့ ချမ်းသာတာရှိသေးတယ်၊ ကိုယ်က ဖြစ်ပျက်လွှတ်ပစ်လိုက်လို့ ဖြစ်ပျက်မရှိဘူးထင်နေတာ … ( မှန်ပါ့ ) ရှင်းပလား… ( ရှင်းပါပြီဘုရား ) ။
အဲဒီတော့ ဒီချမ်းသာတာလေး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘာလုပ်ကြမယ်… ( ဖြစ်ပျက်ရှုရပါ မယ်ဘုရား ) သုခကို ဖြစ်ပျက်ရှုပေး၊ ချမ်သာတာ သုခခေါ်တယ်နော် .. ( မှန်ပါ့ ) အဲဒီသုခ ဘာလုပ်ကြမယ်…. ( ဖြစ်ပျက်ရှုရပါမယ်ဘုရား ) ။
ဖြစ်ပျက် ရှုပစ်လိုက်တာပေါ့ မောင်နိုင် - နော်… ဖြစ်ပျက်ရှုပြီးမှ သူ့ဟာသူ သူ့မဂ်ကလေးနဲ့ သူ သွား တာပေါ့… ( မှန်ပါ့ ) သဘောပါပလား…( ပါပါပြီ ) ဒါဘာတုံး ဆိုတော့ တရားတုခေါ်တယ်… ( မှန်ပါ့ ) ဒကာကြီးလှိုင် ဘာခေါ်မလဲ… ( တရားတု ခေါ်ပါမယ် ) မဂ်တု နိဗ္ဗာန်တုတွေ … ( မှန်ပါ့ ) ရှင်းကြပလား.. ( ရှင်းပါပြီဘုရား ) ။
ဘာလာတာပါလိမ့် … ( နိဗ္ဗာန်တုပါဘုရား ) အဲ… နိဗ္ဗာန်လို့လည်း သူကလိမ်ချင်လိမ်တယ် ကိုမြင့် ရဲ့  …( မှန်ပါ့ ) မဂ်စစ်လို့လည်း ( လိမ်တတ်ပါတယ်ဘုရား ) ဒကာကြီးလှိုင် ကျေနပ်ပလား…( ကျေနပ်ပါပြီ ဘုရား ) ။
သြော်…ဒီဥစ္စာ
ဒီဆရာဘုန်းကြီးကမှ ခင်ဗျားတို့ကို လည်လည်ပယ်ပယ်နဲ့ ဒီအန္တရာယ်တွေ
တွေ့ပါလိမ့်မယ်၊ တွေ့တဲ့အခါ ဖယ်ရှားပါဆိုတာ မသင်လိုက်ရင်
ဘယ်သူကလာသင်မှာတုံး…( မှန်ပါ့ ) ။
ဒါနဲ့ဘဲ တင်းတိမ်ပြီးသကာလ … ဦးဘကလေး ငါတော့ သေချာပြီဆိုရင် ဆိုပစ်လိုက်မယ် .. ( မှန်ပါ့ ) ထင်ချင်တာကော … ( ထင်ပစ်လိုက်ပါမယ်ဘုရား ) ထင်ပေမယ်လို့ ဥာဏ်ကတော့ ဥဒယဗ္ဗယဥာဏ်ဘဲ ရှိ သေးတယ်… ( မှန်ပါ့ ) ယထာဘူတဥာဏ်ဘဲရှိသေးတယ်… ( မှန်ပါ့ ) ၊ နိဗ္ဗိန္ဒဥာဏ်တောင် မပါသေးဘူး… ( မှန်ပါ့ ) ။
ခုနင်က ဖြစ်ပျက်အဆုံးမြင်တဲ့ မဂ်ဥာဏ်ကောပါပလား..( မပါသေးပါဘုရား ) ကဲ .. ဒကာကြီးလှိုင် ဒီနားတွင် ကန့်လန့်ဖြစ်နေတယ်….( မှန်ပါ့ ) ။
ဘာဖြစ်လို့တုံးလို့မေးတဲ့အခါကျတော့ တရားတု ၀င်နှိပ်စက်ပြီ ..( မှန်ပါ့ ) မဂ်တုလာပြီးတော့.. ( နှိပ် စက်ပါပြီ ) ပေါ်ပလား…( ပေါ်ပါပြီဘုရား ) ။
ဒါဖြင့် ဒီဥစ္စာမောင်နိုင် မဟောရင် တော်ပါ့မလား ( မတော်ပါဘုရား ) ။
နောက်က ဒကာ ဒကာမတွေ အလုပ်သမားတွေ ဖြစ်နေတော့ ဆရာသမားမပြောလို့ရှိရင် ဒီဥစ္စာက တော်တော့ကို ခဲယဉ်းတယ်.. ( မှန်ပါ့ ) ။
အခုတော့ ၀တ္ထုသက်သေသာဓကနဲ့ လုံလောက်ပလား …( လုံလောက်ပါပြီ ဘုရား ) ။
သိက္ခာပုဒ်တွေ နည်းတုန်းကတော့ဘုရား၊ ရဟန္တာဖြစ်လိုက်တာများလိုက်တာ ..(
မှန်ပါ့ ) သိက္ခာပုဒ် တွေများလာမှ ရဟန္တာအဖြစ်နည်းတာ အရှင်ဘုရား … ဒါ အမိန့်ရှိမှ ကောင်းမယ်လို့ ရှင်မဟာကဿပက မေးရှာတယ်… ( မှန်ပါ့ ) ။
အဲဒီ အခုပြောခဲ့တဲ့ ဥဒယဗ္ဗယနေရာမှာ တရားတု ၀င်နှိပ်စက်နေတယ်ကွာ… ( မှန်ပါ့ ) ဒကာကြီးလှိုင် ဘယ်နေရာ နှိပ်စက်နေတာတုံး … ( ဥဒယဗ္ဗယနေရာမှာ ပါဘုရား ) ။
( ၅ ) ဥာဏ်ဓါတ်အကြည်ကလေးလာတယ်
အဲ… ဥဒယဗ္ဗယဆိုတဲ့ ဥစ္စာ ဦးဘကလေးကမှတ်ထား၊ ဖြစ်ပျက်မြင်နေတုန်း ဥာဏ်ဓာတ်အကြည်က လေးလာတယ်…( မှန်ပါ့ ) ဥာဏ်က မဂ်ဥာဏ်လည်းမဟုတ်သေးဘူး၊ ၀ိပဿနာဥာဏ်ကနေ လုပ်တယ် .. ( မှန်ပါ့ )။
ဒါနဲ့ တစ်ခါတလေများ ဒီ - သုခ ချမ်းသာနေလိုက်တာများ အားလုံး ဒကာ ဒကာမတွေ မှတ်ထား၊ အို …. နတ်စည်းစိမ်နဲ့ မလဲနိုင်ဘူးဆိုတာတောင် လာတယ်…( မှန်ပါ့ ) ဦးဘကလေး ဒီလောက်ထိအောင်လာ တယ်…( မှန်ပါ့ ) ၊ သဘောကျပလား…( ကျပါပြီဘုရား ) ။
နတ်စည်းစိမ်ထက် ချမ်းသာသေးတယ်၊ ဒီအခုစိတ်ထဲ ချမ်းသာနေလိုက်တာ
ဖြစ်ပျက်ကလေးတွေ ရှုပြီးချမ်းသာလုံးကလေးနဲ့ ကိုယ့်မှာ နေလိုက်ရတာတဲ့၊ သူ့မှာ
ဖြစ်ပျက်ကတော့ မရှိတော့ဘူး၊ ချမ်းသာတဲ့ဘက် သူ့ဥာဏ်ကလှည့်သွားပြီ…( မှန်ပါ့ ) ချမ်းသာတဲ့ဘက် နှစ်သက်တဲ့ဆီရောက်သွားပြီ၊ ပေါ်ကြပလား…( ပေါ်ပါပြီဘုရား ) ။
ချမ်းသာပြီးတော့ နှစ်သက်တတ်တဲ့ဘက် ဆိုက်သွားတော့ကို မဂ်စစ်ကောဟုတ်ကဲ့လား…( မဟုတ် ပါဘုရား ) နိဗ္ဗာန်စစ်ကောမြင်ရပလား..( မမြင်ရသေးပါဘုရား ) ။
မမြင်ရသေးဘဲနဲ့ သူ့စိတ်ထဲမှာ တစ်ခါတည်း ဒါငါတော့ဖြင့် သောတာပန်ဖြစ်ပြီဟေ့… ဆိုပြီး အဓိမာနနဲ့ ရပ်နေလိုက်တာ…( မှန်ပါ့ ) ။
မဂ်ဟာ တစ်ကြိမ်ပေါ်တာဘဲ၊ တော်ရောပေါ့၊ သေပျော်ပြီ၊ ဒကာကြီးလှိုင် ဒီလိုအဓိမာန အဓိကလွန်တာ၊ မာနာကြီးတာပေါ့ဗျာ…( မှန်ပါ့ ) အဲဒီမာနတွေနဲ့ အချိန်ကုန်ပြီးသကာလ နစ်နာတတ်တယ်. … ( မှန်ပါ့ ) ရဟန္တာဖြစ်သေးရဲ့ လား…( မဖြစ်ပါဘုရား ) ။ ဒါဘာနှိပ်စက်တာတုံး…. မောင်နိုင်.. ( တရားတု နှိပ်စက်တာပါဘုရား ) ။
အဲ… တရားတု နှိပ်စက်တာဆိုတော့ အဓိဂမပဋိရူပကဘဲ၊ အဓိဂမဆိုတာက နိဗ္ဗာန်၊ သဘောကျပလား…( ကျပါပြီ ) ၊ အဓိဂမဆိုတာက မရဘူးသေးတာကို ရတာနဲ့ ဒါ နိဗ္ဗာန်ဘဲလို့ ယူပစ်လိုက် တယ်…( မှန်ပါ့ ) ။
မရသေးတာရတာနဲ့ …( နိဗ္ဗာန်လို့ ယူပစ်လိုက်ပါတယ်ဘုရား ) နိဗ္ဗာန်လို့ ယူပစ်လိုက်တော့ နိဗ္ဗာန် တု သွားဖြစ်တယ်…( မှန်ပါ့ ) အဲ…သူ့မှာလည်း မဂ်ဥာဏ်ဟာအတုသွားဖြစ်တယ်…( မှန်ပါ့ ) မဖြစ်ဘူးလား ….( ဖြစ်ပါတယ်ဘုရား ) ။
အဲ … မောင်နိုင်…ဒီဥစ္စာ ပြောရလိမ့်မယ်.. ( မှန်ပါ့ ) ဒကာ ဒကာမတွေ မဟောရပေဘူးလား… ( ဟောရပါတယ်ဘုရား ) ။
ဟောရမယ်… တဲ့ ဒါကို ၊ ခုလပ်တွင် ပြန်ပြီးသကာလလာတော့ ဒီဥစ္စာက မြဲသေးတဲ့ ၀ိပဿနာမှ မဟုတ်ဘဲ… ( မှန်ပါ့ ) ကိုမြင့် လျှောကျတယ်… ( မှန်ပါ့ ) ၊ ဦးပုကြီးတို့ သေသေချာချာမှတ်ပါနော် ( မှန်ပါ့ ) ၊ နောက်က ဒကာ ဒကာမတွေကော … ( မှတ်ပါတယ်ဘုရား ) ။
မှတ်ရမယ်နော် ….
( မှန်ပါ့ ) အေး သေသေချာချာမှတ်ရမယ် ဒီဥစ္စာ၊ ဒကာကြီးလှိုင် ..
အလုပ်သမားမှာဖြင့် အဓိဂမပဋိရူပက ဆိုတဲ့ ဥစ္စာတဲ့
အင်မတန်အရေးကြီးပါတယ်တဲ့..နော်.. ( မှန်ပါ့ ဘုရား ) မောင်နိုင်
ဘယ်နှစ်ခုရှိသွားပလဲ… ( ငါးခုရှိသွားပါပြီဘုရား ) ။
( ၆ ) သိပ်ပြီးယုံကြည်မှုလာတတ်တယ်
အဓိမောက္ခောတိ သဒ္ဓါ၊ ၀ိသုဒ္ဓိမဂ်၊…. အဓိမောက္ခဆိုတာလည်း လာတတ်သေးတယ်တဲ့…( မှန်ပါ့ ) ။
အို…
ဘုရားအပေါ် ယုံကြည်လိုက်တာ ကျုပ်ဖြင့် ဘယ်လိုကြည်ညိုနည်းနဲ့
ကြည်ညိုမှန်းမသိဘူး၊ သိပ်ယုံကြည်တာဘဲဆိုပြီး ဖြစ်ပျက်မြင်တုန်း ယုံကြည်တဲ့
သဒ္ဓါဆုံးဖြတ်ချက်ချတာ အကြီးအကျယ်လာတတ် သေးတယ် … ( မှန်ပါ့ ) ။
အဲဒါလည်း မောင်နိုင်က မှတ်လိုက် အဓိမောက္ခလို့ ( မှန်ပါ့ဘုရား ) ။
သူလည်း မတင်းတိမ်လိုက်ပါနဲ့…( မှန်ပါ့ ) မတင်းတိမ်လိုက်ပါနဲ့ သူလည်း သဒ္ဓမ္မပဋိရူပကပါဘဲတဲ့၊ မဂ်တုလာတယ် ၊ ရှင်းပလား ( ရှင်းပါပြီဘုရား ) ။
ဘာတဲ့တုံး…( မဂ်တုပါဘဲဘုရား ) မဂ်တုပါဘဲတဲ့ ဆုံးဖြတ်ချက်ချလိုက်ပါ…( မှန်ပါ့ ) ဧကန်ဘဲ ဒီဘုရား …
ကြည်ညိုတာ ကျုပ်တို့အရင် ကြည်ညိုပုံနဲ့ မတူဘူးဆိုပြီး ဥဒယဗ္ဗယဥာဏ်ပေါ်လာတဲ့
ကြည်လုံး ကလေးဟာပေါ့လေ ( မှန်ပါ့ ) အဲဒီအဓိမောက္ခကလေးဟာလည်း အဓိဂမပဋိရူပက
ဆိုတာလည်းတဲ့ မဂ်တုကလေးအဖြစ်နဲ့ ၀င်လာလို့ ဒကာ ဒကာမတွေက ဒီဥစ္စာကို
ငါမဂ်စစ်ရပြီလို့ မာနမကြီးလိုက်ပါနဲ့…( မှန်ပါ့ ) ရှင်းပလား… ( ရှင်းပါပြီဘုရား ) ။
( ၇ ) သတိပိုကောင်းလာတတ်တယ်
ဥပဋ္ဌာနေစ ကမ္ပတိ သတိကလည်း မောင်နိုင် ဒီဖြစ်ပျက်တွေရှုနေတဲ့ သတိက
အရင်သတိမျိုး မဟုတ်ဘူး၊ နည်းနည်းမှ မလွတ်တဲ့ သတိတွေ တစ်ခါတည်း
လာလိုက်တဲ့အခါကျတော့ အို.. ဒါဟာ မဂ်ဥာဏ်မို့ ဒီလောက်ထက်တာဘဲလို့လည်း
ကိုယ့်စိတ်ထဲမှာ ထင်သွားတတ်တယ်.. ( မှန်ပါ့ ) ရှင်းပလား… ( ရှင်းပါပြီဘုရား ) ။
မဂ်ဥာဏ်မို့ ဒါလောက်ထက်တာဘဲ .. လို့ ကိုယ်စိတ်ထဲမှာ
ထင်သွားပြန်လို့ရှိရင်လည်း ခုနင်က အဓိဂမပဋိရူပက၊ အဓိဂမဆိုတာ မရဘဲနဲ့ရတယ်၊
ပဋိရူပက ဆိုတာကအလားတူ …( မှန်ပါ့ )၊ အလားတူကို အစစ်ထင်တတ်တယ်၊ ပေါ်ကြပလား ( ပေါ်ပါပြီဘုရား ) ။
ဘာထင်ပါလိမ့် .. ( အလားတူ ထင်တာပါဘုရား ) ။
ဒါဖြင့် မြန်မာလိုပြောကြစို့ ဒကာ ဒကာမတို့ အတုကို အစစ်ထင်တယ်..( မှန်ပါ့ဘုရား ) ။
ဒကာကြီးလှိုင် ပေါ်ပလား..( ပေါ်ပါပြီဘုရား ) အတုကို အစစ်ထင်တာဆိုတာ ရှင်းကြပလား… ( ရှင်းပါပြီ ) ။
အေး.. ဒါကြောင့် ဒါကမောင်နိုင်တရား ထပ်ပြောတယ်လို့ မောင်နိုင် အယူမရှိပါနဲ့နော်… ( မှန်ပါ့ ) အလုပ်သမားမှာမှ ပေါ်တာ ..( မှန်ပါ့ ) အလုပ်မလုပ်တတ်တဲ့ လူမှာ ဒါကလည်း ပေါ်ရိုးထုံးစံမရှိဘူး …. ( မှန် ပါ့ ) ။
ကိုပေါ်…( မှန်ပါ့ အလုပ်မလုပ်တဲ့လူမပေါ်ပါဘုရား ) မပေါ်ရင်လည်း မဖြစ်ဘူးတဲ့…( မှန်ပါ့ ) ။
မပေါ်ရင် ..( မဖြစ်ပါဘုရား ) ။
မပေါ်ရင်တော့ ကိုယ်လုပ်တာ မမှန်သေးလို့.. ( မှန်ပါ့ ) မှန်လို့ပေါ်တာလား…( မှန်ပါ့ ) ရှင်းပလား … ( ရှင်းပါပြီ ) ။
ကိုယ်လုပ်တာ မမှန်သေးရင် ဒီဆယ်ခု တခုခုကို မပေါ်ဘူး ( မှန်ပါ့ )
ပေါ်လည်းပေါ်ရမယ်၊ ဖယ်လည်း ဖယ်တတ်ရမယ်.. ( မှန်ပါ့ ) ဒကာ ဒကာမတို့ ဘယ်လိုတဲ့ (
ပေါ်လည်း ပေါ်ရမယ်၊ ဖယ်လည်း ဖယ်တတ်ရပါ မယ်ဘုရား ) ။
အေး.. ဒါကြောင့် ဒီနေ့တရားမှာဖြင့် သြော်..
တော်တော်ကူညီတဲ့တရားပါလား၊ဒို့မှာ မဟုတ်ဘဲနဲ့ အထင်ကြီးနေပြန်လို့ရှိရင်လည်း
ဒို့ .. တစ်ဘ၀နစ်နာသွားမယ်…( မှန်ပါ့ ) မဆိုထိုက်ဘူးလား…( ဆိုထိုက်ပါတယ် ဘုရား ) ။
တကယ်…သူပေါ်လို့ရှိရင် ရှေ့ မဂ်စစ်ရတော့မှာကိုး … ( မှန်ပါ့ ) မဂ်တုက ၀င်ပြီးသကာလ ဒကာ ဒကာမတွေစိတ်ဖြေဖျောက်ပစ်လိုက်တော့ နစ်နာမသွားဘူးလား ( နစ်နာပါတယ်ဘုရား ) ။
ကဲ…ရမည့်ဘ၀ကြီးမှာ အတုက ၀င်နှိပ်စက်လို့ အတုတွင်ရပ်လိုက်တော့ အစစ်ရောက်သေးရဲ့ လား.. ( မရောက်ပါဘုရား ) အဲဒီမှာ မနစ်နာဘူးလား…( နစ်နာပါတယ်ဘုရား ) ။
ဟေ့ … မောင်ခင်မောင်တို့ သေသေချာချာမှတ်ရမယ် .. ( မှန်ပါ့ ) မမှတိုက်ဘူးလား… ( မှတ်ထိုက် ပါတယ်ဘုရား ) ။
လုပ်ရမှာကွ ဒါတွေ …( မှန်ပါ့ )အခုဆရာ ဘုန်းကြီးဒါတွေ ဖြစ်ပျက်ရှုပစ်လိုက်ကွ ..( မှန်ပါ့ ) ။
ဘာတဲ့တုံး… မောင်နိုင်…. ( ဖြစ်ပျက်ရှုရပါမယ် ဘုရား ) ။
ဖြစ်ပျက်ရှုပစ်ပါတဲ့၊ ဖြစ်ပျက်ရှုပြီးသကာလ ဒကာ ဒကာမတွေ တက်မြဲတိုင်းတက်သွား ၊
ဘုန်းကြီးသင်ထားတဲ့အတိုင်းနော် ( မှန်ပါ့ ) မုန်းဥာဏ်တွေဘာတွေ လာလိမ့်မယ်
ဥပေက္ခာဥာဏ်တွေကော ( လာပါတယ်ဘုရား ) ။
အဲ…ကိုယ့်ဟာကိုယ်
တစ်ခါတည်း ဒါဆရာသမားပြောတဲ့ အတိုင်း ဒီနားကို ဒါ- အတုတွေဘဲဆိုတာ
ကိုယ့်တိုင်သိပြီး သကာလ ဒကာ ဒကာမတွေက ဒါတွေ ဖြစ်ပျက်ရှုပေး…( မှန်ပါ့ ) မရှုချင်လို့ရှိရင်လည်း သူ့ကို ဂရုမစိုက်နဲ့၊ ကိုယ့်ဖြစ်ပျက်နဲ့ကိုယ်နေလိုက်၊ သူ့ဟာသူ ပျောက်သွားလိမ့်မယ်…( မှန်ပါ့ ) ပေါ်ကြပလား … ( ပေါ်ပါပြီ ဘုရား ) ။
ကိုယ်ဖြစ်ပျက်နဲ့ ကိုယ်နေရင်.. ( သူ့ဟာသူ ပျောက်သွားလိမ့်မယ်ဘုရား )
သူ့ဟာသူ ပျေက်သွားမယ်ဆိုတော့ မောင်နိုင် - သြဘာသေစေ၀ ဥာဏေစ ၊ ပီတိယာစ
ဝိကမ္ပတိ၊ ပဿဒ္ဓိယာ သုခေ စေ၊ အဓိမောက္ခေစ ပဂ္ဂဟေ- ဒီ အဓိမောက္ခေပါသွားပြီ (
မှန်ပါ့ ) ဆုံးဖြတ်ချက်ချတာ မဂ်အစစ်, တရားအစစ် လို့
ဆုံးဖြတ်ချက်ချတာတွေပါသွားပြီ ..( မှန်ပါ့ ) ။
( ၈ ) ၀ီရိယကလည်းကြီးမားလာတယ်
ယေဟိ စိတ္တံ ပဝေဓတိ၊ ပဂ္ဂဟောတိ ၀ီရိယံ - ဆိုတာ ၀ီရိယကလည်း အမလေး …ဒီဖြစ်ပျက်မြင်တဲ့
ဥာဏ်နေရာမှာ အားထုတ်နေတဲ့ ၀ီရိယကလည်း ရှေးက၀ီရိယမျိုးက မဟုတ်တော့
ရှုလိုက်တယ်ဆို ဥာဏ်နဲ့တွဲတွဲပြီးထွက်တဲ့ ၀ီရိယကလည်း တကယ်ကို
မလှုပ်ရှားနိုင်တဲ့ ၀ီရိယပေါ့လေ..( မှန်ပါ့ ) ၀င်ပြီးသကာလ လာတော့ သြော်…ဒီဝီရိယမျိုး
ငါ ပုထုဇဉ်တုန်းက ဘယ်တော့မှ မဖြစ်ဘူး - ဘူး၊ အခုအချိန် မှ တွေ့လာတဲ့
ဝီရိယ၊ ဘုရားရဟန္တာများဖြစ်တဲ့ ၀ီရိယဘဲဆိုပြီး ဒီဝီရိယကလည်း အကြီးစား
ဝီရိယဖြစ်နေတော့ ဒါဟာ သမ္မာဝါယမ မဂ္ဂင်အစစ်ဘဲ ထင်ချက်ထင်ပစ်တယ်..( မှန်ပါ့ )
သဘောကျပလား …( ကျပါပြီဘုရား ) ။
စင်စစ်တော့ ဖြစ်ပျက်မြင်လို့ပေါ်တာ …( မှန်ပါ့ ) ရှင်းကြပလား… ( ရှင်းပါပြီ ဘုရား ) ။
ဒါဖြင့် ဒီ ၀ီရိယကိုလည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဘာလုပရဦးမလဲ..(
ဖြစ်ပျက်ရှုပစ်ရပါ မယ်ဘုရား ) ဖြစ်ပျက်ရှု၊ သူ့ကိုမရှုချင်ရင်
ကိုယ့်နဂိုရ်ဖြစ်ပျက်ပြန်ရှု … ( မှန်ပါ့ ) သဘောကျပလား…( ကျပါပြီ ဘုရား ) ။
မောင်နိုင် - ဘယ်နှစ်ချက်ရှိသွားပလဲ .. ( ရှစ်ချက်ရှိသွားပါပြီဘုရား ) ရှစ်ချက်ရှိသွားပြီနော် ( မှန် ပါ့ ) ။
ကိုင်း.. နောက်တစ်ခါ ပေါ်လာမှာကတော့ ဒါရှစ်ချက်ဟာ
ရှစ်ချက်စလုံးပေါ်လိမ့်မယ်လို့ ဆရာဘုန်းကြီးက ဟောတာမဟုတ်ဘူး၊
တခုခုပေါ်လာလိမ့်မယ်ပြောတာ..( မှန်ပါ့ ) သဘောကျကြပလား.. ( ကျပါပြီဘုရား ) ။
ရှစ်ချက်စလုံး ပေါ်မှာလား၊ တခုခုပေါ်မှာလား … တခုခုပေါ်မှာပါဘုရား ) ။
ဖြစ်ပျက်မြင်နေတုန်း .. ဒီဆယ်ခုထဲက တခုခုပေါ်လိမ့်မယ်ဆိုတာ သေသေချာချာမှတ်ပါ…( မှန်ပါ့ ) ။
ကိုင်း … ဒါနဲ့ဘဲ ဒကာ ဒကာမတို့ ရှစ်ခုဆိုတော့ နှစ်ခုလိုသေးတယ်..( မှန်ပါ့ ) ။
( ၉ ) ဥပေက္ခာသဘောလာတယ်
တတြမေဇ္ဈတ္တတာ.. ဆိုတဲ့ဥစ္စာ ပေါ်သေးတယ်… ( မှန်ပါ့ ) ဥပေက္ခာသဘော လာပေါ်တယ် ။
အို…ဖြစ်ပျက်ကလေးတွေ
ကိုယ့်စိတ်မှာတန်းတန်း, တန်းတန်း, တန်းတန်းပြီးသကာလ သူ့ကိုသာ
လည်းမသာယာဘူး၊ ပြစ်မှားတဲ့ ဒေါသလည်း မလာဘူး၊ ဒီဖြစ်ပျက်ကလေးတွေကိုပေါ့လေ…( မှန်ပါ့ ) ။
ဒကာကြီးလှိုင်- ဖြစ်ပျက်ကလေးတွေကို သာယာပြစ်မှားမှုကင်းပြီး မြင်နေတဲ့ အခါကော မရှိဘူးလား…( ရှိပါတယ်ဘုရား ) အဲဒီလိုရှိပြန်တော့လည်း ဒါတသြမေဇ္ဈတ္တတာဆိုတဲ့ စေတသိက်က၀င်ပြီး သကာလ သူကမဂ်ဝင်လုပ်နေတယ်…( မှန်ပါ့ ) မဂ်ဥာဏ်ဝင်လုပ်နေတယ်၊ သဘောပါပလား…( ပါပါတယ် ဘုရား ) စစ်စစ်တော့ဖြင့် လျစ်လျူရှုတဲ့သဘောပါဘဲ… ( မှန်ပါ့ ) ။
အဲဒီတော့ မောင်နိုင်တို့က ဒါမဂ်မဟုတ်သေးဘူးတဲ့ အမြင်ကတော့ဖြင့်
သိပ်ရှင်းတာဘဲ..( မှန်ပါ့ ) သာယာမှု, ပြစ်မှားမှုကင်းပြီးတော့မြင်တာဘဲ…( မှန်ပါ့ ) သဘောပါပလား…( ပါ ပါပြီဘုရား ) သယာမှု, ပြစ်မှားမှုရှိသေးရဲ့ လား…( မရှိပါဘူးဘုရား ) ။
အဲ.. သာယာမှု,ပြစ်မှားမှုကင်းပြီး သကာလ မြင်နေတဲ့ အမြင်ဘဲဆိုတာတော့ ဟုတ်တယ်၊
ဟုတ်ပင် ဟုတ်ငြားသော်လည်း င်္သါရဘက် သူလှည့်နေတယ်…( မှန်ပါ့ ) မလှည့်ဘူးလား…( လှည့်ပါတယ်ဘုရား ) နိဗ္ဗာန် ဟုတ်သလား..( မဟုတ်သေးပါဘုရား ) ။
အဲဒါကလေး လာတာကိုဘဲ ဒကာ ဒကာမတွေက ဆရာသမားက ဒီတရားတုကို ဖယ်တဲ့နည်း သတိမပေးလို့ရှိရင် အို… စိတ်စဉ်တွေ တန်းပြီးသကာလ မြင်နေတာမဂ်ဘဲလို့ဆိုပြီ ရပ်ပစ်လိုက်တတ်တယ်.. ( မှန်ပါ့ ) တကယ်မဂ်စစ်ဟုတ်ကဲ့လား…( မဟုတ်ပါဘုရား ) ။
မဟုတ်သေးခင်မှာ …
တဲ့၊ ဒကာ ဒကာမတွေ ရပ်စဲပစ်လိုက်လို့ရှိရင် ဒီမှာ အဓိမာနလွန်တဲ့မာနနဲ့ဘဲ
ကျန်နေရစ်ပြီး သကာလ သောတာပန်, သကဒါဂါမ်, အနာဂါမ်,မဖြစ်နိုင်သေးဘူး…( မှန်ပါ့ ) မကန့်ကွက်လည်း မဖြစ်ဘူး( မှန်ပါ့ ) ကန့်ကွက်လည်း ဖယ်ရှားရမယ်..( မှန်ပါ့ ) ။
မကန့်ကွက်လို့ရှိရင်လည်း ဥဒယဗ္ဗယဥာဏ်ဟာ.. တဲ့၊ မလာသေးတာသေချာတယ်.. ( မှန်ပါ ) ဒီဆယ်ခု တခုခုလာမှ ဥဒယဗ္ဗယဥာဏ်ကလည်း မှန်တယ်…( မှန်ပါ့ ) ပေါ်ကြပလား…( ပေါ်ပါပြီဘုရား ) ။
မဖယ်လိုက်လို့ရှိရင်လည်း ဒီတွင် တင်းတိမ်နေလို့ရှိရင်လည်း မဂ်တုက
မဂ်စစ်လုပ်ပြီးသကာလ လှည့်စားလိုက်တာဘဲ ..( မှန်ပါ့ ) ဒကာကြီးလှိုင် -
ပေါ်ပလား..( ပေါ်ပါပြီဘုရား ) ရှင်းပြီနော်….. ( ရှင်းပါပြီ ဘုရား ) ။
အဲဒီမှာ ဒါက ဥပေက္ခာထားတာနော် .. .. ( မှန်ပါ့ )စိတ်ကလေးတွေ သူ့ဟာသူဖြစ်၊
သူ့ဟာသူပျက်နေ တာကလေးတွေ ကိုယ်ကထိုင်ပြီးသကလာ ကြည့်နေတော့ အို… ဒီဥာဏ်မျိုးဘယ်တော့မှ မရဘူး- ဘူး၊ ဒါ မဂ်ဥာဏ်ဘဲလို့ဆိုပြီးသကလာ မောင်နိုင် - ရပ်စဲပစ်လိုက်တတ်တယ်…( မှန်ပါ့ ) ။
ဒါရပ်စဲရမှာလား ၊ မရပ်စဲဘူးလား ( မရပ်စဲရပါ ဘုရား ) မရပ်စဲရဘူးဆိုတာ ကိုညွန့်တို့ပေါ်ပြီ … ( ပေါ် ပါပြီဘုရား ) ။
ဘယ်မှာ သူ - နိဗ္ဗာန်ကို တွေ့တာမှ မဟုတ်ဘဲ၊ ဖြစ်ပျက်တွေ တန်းနေတာကို သူသာယာမှု, ပြစ်မှားမှု ကင်းပြီး ကြည့်နေတာရှိသေးတာဘဲ…( မှန်ပါ့ ) ပေါ်ကြပလား…( ပေါ်ပါပြီဘုရား ) ကိုင်း.. ဒါဖြင့် ကိုးချက်ရသွားပြီ.. ( မှန်ပါ့ ) ။
( ၁၀ ) နှစ်သက်ခြင်းလာတတ်တယ်
နောက်ကျတော့ နိကန္တိဆိုတာ လာတတ်သေးတယ်၊ နိကန္တိဆိုတာ တဏှာဘဲ..( မှန်ပါ့ ) ။
တဏှာက ဘယ်လိုဖြစ်လာသတုံးဆိုတော့ အို…ဒါငါ့အရောင်ဘဲ၊ နှစ်သက်ပစ်လိုက်တယ်၊ ခန္ဓာ ကိုယ်က အရောင်ထွက်လာရင်လေ…( မှန်ပါ့ ) ဟာ…
ဒါ ငါ့မဂ်ဘဲ၊ ခုနင်ကဟာတွေကိုပေါ့လေ..( မှန်ပါ့ ) ဒါငါ့ မဂ်တွေဆိုတဲံ
နိကန္တိနှစ်သက်မှု၊ ခုနင်က ကိုးခုတွေကို သူမနှစ်သက်လိုက်ပေးဘူးလား..(
နှစ်သက်လိုက် ပါတယ်ဘုရား) အဲဒီနှစ်သက်တော့ နှစ်သက်တာက တဏှာတဲ့ ၊
သူလည်းလာတတ်တယ်…( မှန်ပါ့ ) သဘောကျပလား ( ကျပါပြီဘုရား ) ။
ဆယ်ခုမပြည့်သေးဘူးလား ..( ပြည့်ပါပြီဘုရား ) ဆယ်ခုပြည့်သွားတော့ အဲဒီဆယ်ခုထဲမှာဘဲ ကိုးခုကတော့ကို…တဲ့၊ဖယ်လိုက်ပြီးတာပါဘဲ…( မှန်ပါ့ ) နောက်ဆုံးပိတ် နှစ်သက်တဲ့တစ်လုံးဟာ အဆိုးဆုံးဘဲ…( မှန်ပါ့ ) ရှင်းပလား ( ရှင်းပါပြီဘုရား ) ။
ဒါဖြင့် နှစ်သက်တဲ့တစ်လုံးကိုလည်း ဦးဘကလေးတို့က ဖြစ်ပျက်ရှုပေး..( မှန်ပါ့ ) ကိုယ့်စိတ်ထဲမရပ် နဲ့…( မှန်ပါ့ ) ဒီတွင်တင်းတိမ်မနေနဲ့ ပြောတာ…( မှန်ပါ့ ) ။
အဓိဂမဆိုတာ မဂ်ဖိုလ်ကိုပြောတာ၊ ပဋိရူပကဆိုတာ အတုအယောင်ကိုပြောတာ ..(
မှန်ပါ့ ) ၊ အလားတူဖြစ်နေတဲ့ဥစ္စာ မဂ်နဲ့ အလားတူဖြစ်နေတာကို မရဘဲနဲ့
ရတယ်ထင်သည်၊ ရှင်းပလား …( ရှင်းပါပြီ ဘုရား ) ။
မရပဲနဲ့ ရတယ်ထင်တတ်တယ်
မရဘဲနဲ့ ရတယ်ထင်တာကို အဓိဂမ ပဋိရူပကလို့ ခေါ်ပါတယ်…( မှန်ပါ့ ) မြန်မာလိုပြန်လိုက်တော့ မဂ်စစ်မဟုတ်ဘဲနဲ့ မဂ်စစ်ထင်တာ..( မှန်ပါ့ ) ရှင်းကြပလား…( ရှင်းပါပြီဘုရား ) ။
မြန်မာလိုပြန်လိုက်တော့ …( မဂ်စစ်မဟုတ်ဘဲနဲ့ မဂ်စစ်ထင်တာပါဘုရား ) မဂ်စစ်မဟုတ်ဘဲနဲ့ မဂ်စစ် ထင်တဲ့သဘောဝင်ပါတယ်ကွာ …( မှန်ပါ့ ) သဘောကျပလား…( ကျပါပြီဘုရား ) ။
အဲဒီတော့ ဒါဘာတုံး ..လို့ မေးလို့ရှိရင်ဖြင့် အတုဘဲ… ( မှန်ပါ့ ) ဒကာကြီးလှိုင် …(
အတုပါဘုရား ) အဲဒီအတုတွေကြောင့် သိက္ခာပုဒ်နည်းတုန်းကတေ့ရဟန္တာအဖြစ်များတယ် (
မှန်ပါ့ ) သိက္ခာပုဒ်များလာတဲ့ အခါကျတော့ ဒီအတုတွေ နှိပ်စက်တာနဲ့ဘဲ
ဒီအတုတွေ မခွဲခြားတတ်တာနဲ့ ရဟန္တာအဖြစ်နည်းသွားတယ်၊
သောတာပန်တောင်မတည်တော့ဘူး( မှန်ပါ့ ) ပေါ်ကြပလား…( ပေါ်ပါပြီ ဘုရား ) ။
သေတာပန်တောင်….( မတည်ပါဘုရား ) ။
ဘာဖြစ်လို့တုံး… ဒီဥဒယဗ္ဗယနဲ့ဘဲ သူ- မဂ်ရပြီ၊ ဖိုလ်ရပြီလို့ ထင်ကြလို့… ( မှန်ပါ့ ) ပေါ်ကြပလား… ( ပေါ်ပါပြီဘုရား ) ။
ဒါဖြင့် ဒီအတုတွေ ဘယ်လုပ်ကြရမလဲ ( ဖြစ်ပျက်ရှုရပါမယ်ဘုရား ) ။
ဆယ်ခုထဲက တစ်ခုခုလာရမယ်
ဒီဆယ်ခုထဲက တစ်ခုခုလာမှာလား၊ မလာဘူးလား…( လာပါတယ်ဘုရား ) မလာသေးလည်း မမှန် သေးဘူးတဲ့…( မှန်ပါ့ ) လာပြန်လည်း ဖယ်ရှားတတ်မှ အထက်မဂ်ရမယ် …( မှန်ပါ့ ) ။
မလာရင်လည်း ….( မမှန်သေးပါဘုရား ) ဥဒယဗ္ဗယဖြစ်ပျက်ကို မြင်တယ်ဆို ဒီဆယ်ခုထဲက တစ်ခုခုတော့လာရမယ်…( မှန်ပါ့ ) အကုန်လာတယ်လို့ မဟောဘူးနော် …( မှန်ပါ့ ) ။
ဒကာကြီးလှိုင် အကုန်လာရဲ့ လား…( မလာပါဘုရား ) ဘယ်လောက်လာရမလဲ..( တစ်ခုလာရပါ မယ်ဘုရား ) ။
တစ်ခုလာရမယ်၊ အဲဒီတစ်ခုကိုလည်း ခင်ဗျားတို့က ဖယ်ရှားရမယ် ( မှန်ပါ့ ) ဖယ်ရှားပြီးဖြစ်ပျက်ဘဲ ပြန်ကောက်…( မှန်ပါ့ ) ။
ဒကာ ဒကာမတွေ ဘာပြန်ကောက်ရမယ်..( ဖြစ်ပျက်ပြန်ကောက်ရပါမယ်ဘုရား ) ။
ဆုံးအောင်လိုက်မှ တရားမှန်
အဲဒီကပြန်ကောက်လို့
ဖြစ်ပျက်တွေမြင်လို့ ဟာ.. ဒီဖြစ်ပျက်တွေ ကိုယ့်အသေကိုယ်မြင်လို့
ကိုယ်မုန်းလို့ ဒါ ဒုက္ခသစ္စာဘဲလို့ ဘုန်းကြီးပြောသလို ဆုံးအောင်လိုက်၊ ဒါ
တရားမှန်…( မှန်ပါ့ ) ပေါ်ပလား…( ပေါ်ပါပြီဘုရား ) ။
အဲဒီတော့ကို…တဲ့၊
အဋ္ဌကထာ ဆရာက ဥပမာပြတယ်၊ ဒီတရားတုပေါ်လာတဲ့ ဥပမာပြတယ်၊ ဘယ်လိုပြသတုံးဆိုတော့
ဒကာ ဒကာမတို့ တန်ဆောင်မုန်းလ နက္ခတ်ပွဲသဘင်ရှိသကွာ - တဲ့ …( မှန်ပါ့ ) တန်ဆောင်မုန်းလမှာ နက္ခတ်ပွဲသဘင်ရှိပါတယ်တဲ့၊ ဒီပွဲသဘင်ဆိုတာက ရှေးကတော့ အလွန်ပျော်ပွဲကြီးပေါ့ မောင်နိုင် …( မှန်ပါ့ ) ။
တန်ဆောင်မုန်းလ နက္ခတ်ပွဲသဘင်ဆိုတာ ဒကာကြီးလှိုင်
စာတိုင်းလိုလိုပါတယ်နော်..( မှန်ပါ့ ) အင်မတန်ကြီးတဲ့
ပျော်ပွဲကြီးမှာဆိုတော့ သား,လင်,ခင်ပွန်းတွေ တွဲပြုပြီးသကာလ..သွားကြတယ်၊
ဒီပွဲသ ဘင်ကြီးရှိသ၍ အ၀တ်တွေ အကုန်ဝတ်ဆင်ပြီးသကာလ အပျော်ဆုံးပွဲဆိုကြပါစို့…( မှန်ပါ့ ) ပစ္စည်းပြိုင်ပွဲဆို ကြပါစို့ …( မှန်ပါ့ ) ။
အဲဒီလို သွားတဲ့အခါမှာ … တဲ့၊ ရက်မတိုင်မီက ရွှေအတုတွေရောင်းတဲ့ ပုဂ္ဂိုလ်ဟာ ရွှေရေစိမ်ခေါ်တယ် ။
ဈေးထဲသွားတဲ့အခါ .. ခုနင်က နက္ခတ်ပွဲသဘင်သွားမည့် ပုဂ္ဂိုလ်တွေက ခုနစ်ရက်အတွင်းက သွားပြီးသကာလ …ဈေးထဲတွေ့လို့ ပျော်ရ, ပါးရအောင် ဆိုပြီး သကာလ ၀တ်ရ, စားရအောင် လက်ဝတ်လက်စား သွားရှာပါတယ်တဲ့ … ( မှန်ပါ့ ) ။
ဒကာကြီးလှိုင် ရှာတဲ့အခါကျတော့ ဟိုကဈေးသည်ကပြောလိုက်တယ်၊ ခင်ဗျားတို့
ဒီပွဲကို သွားမယ် ဆိုလို့ရှိရင် ဟောဒီရွှေဟာ အဖိုးလည်း နည်းပါတယ်၊
ကောင်းလည်းကောင်းပါတယ်၊ ပွဲသဘင်လည်း တိုးပါတယ်ဆိုတော့ အမြင်အားဖြင့်
ကြိုက်မသွားဘူးလား …( ကြိုက်ပါတယ် ဘုရား ) ။
အတုကထင်ပေါ်လာတယ်
ကိုယ်ကလည်း ပစ္စည်းက နည်းနည်းပါးပါးရှားမယ်ဆိုတော့ အတုမကြိုက်ပေဘူးလား…( ကြိုက်ပါတယ် ဘုရား ) ။
လောကီ ဥပမာ…ပြောကြပါစို့ဆိုတော့ ဒီစိန်တွေကို တလက်လက်တဖျတ်ဖျတ်နဲ့ အောက်အရပ်ဆီမှာ ၀တ်နေကြတဲ့လူတွေ တပုံကြီးရှိပါတယ် …..( မှန်ပါ့ )သူတို့လည်း မီးနဲ့ကျတော့ ဖျတ်ဖျတ်တော့လာတာဘဲ..( မှန်ပါ့ )စိန်စစ်ကလည်း လာတာဘဲ၊ …( မှန်ပါ့ ) ။
အဲဒီလို အတုတွေက စိန်တုပေါ်လာသလို ဒီမှာလည်း…တဲ့၊
ဒကာ ဒကာမတို့ ရွှေတုကနေပြီး ခုနင်က
ဈေးသည်ကပြောလိုက်တော့ အကုန်ရွှေတုဝယ်ကြတော့မယ် ( မှန်ပါ့ ) အဖိုးကလည်း
သက်သာသေး၊ ပွဲလမ်းသဘင်မှာ ၀င်တဲ့အခါလည်း တိုးသေးတယ်၊ သဘောပါပလား … ( ပါ - ပါပြီဘုရား ) ။
သူများလိုဘဲ တိုးတာဘဲ၊ အဲဒီတိုးတဲ့အခါကျတော့
နောက်ဘယ့်နှယ်ဖြစ်ကုန်သတုံးဆိုတော့ ဒီပုဂ္ဂိုလ် တွေကဟေ့ ဒို့ရွှေစစ်တွေဟာ
ဘယ်မှာတုံး…တဲ့
၊ အရောင်ချင်းလည်း တူသေးတယ်၊ ဈေးလည်းသက်သာ ချင်းလည်း ကွားသေးတယ်
ဆိုပြီးတော့ သူကို မြေမြှုပ်ကြတယ်၊ ရွှေစစ်ရှိတဲ့လူတွေက ..( မှန်ပါ့ )
မမြှုပ်ပေဘူးလား ..( မြှုပ်ပါတယ်ဘုရား ) ။
အရေးထဲ ဓားပြလာလည်း သူ့ပေးလိုက်၊ကျေနပ်သွားတာဘဲ၊ အန္တရာယ် ကာကွယ်ပြီးသာလည်း မဖြစ်ဘူးလား.. ( ဖြစ်ပါတယ်ဘုရား ) ။
ရွှေစစ်တွေ မြေထဲရောက်တယ်
အဲဒီဟာ လွှမ်းမိုးသွားတော့ ရွှေစစ်တွေ မြေထဲရောက်တယ် ( မှန်ပါ့ ) ။
ဦးဘကလေးဘယ်ရောက်သလဲ…( မြေထဲရောက်သွားပါတယ်ဘုရား ) မြှုပ်ကြတာပေါ့ …( မှန်ပါ့ ) သဘောကတော့ ၀တ်ချိန်မှ မရှိတော့ဘဲကိုး…( မှန်ပါ့ ) ။
ဒါတွေက လွှမ်းမိုးလာပြီကော၊ အများဝတ်ကုန်ကြပြီကော ( မှန်ပါ့ ) ရွှေတုဝတ်လို့လည်း အရောင်က မထူး…( မှန်ပါ့ ) ။
အဲဒီလိုဖြစ်လို့ မြှုပ်သလိုဘဲကွာ … တဲ့ ၊ ဒီမှာလည်း အထက်မဂ်ဥာဏ်တွေ မြှုပ်သွားတယ်၊ ဒီဆယ် ချက်ကို မဂ်ထင်လိုက်တဲ့အတွက် ဟိုဟာတွေ မြုပ်ထွက်သွားတယ် … ( မှန်ပါ့ ) ပေါ်ကြပလား…( ပေါ်ပါပြီ )။
သြော် …
ဒါဖြင့် ဒီ ဒကာ ဒကာမတွေကို အရင်ထားပြီးသကာလ ဒီဆရာဘုန်းကြီးက
သယ်ယူပို့ဆောင်ပြီး သကာလ ဒီနေရာမှာခလုတ်ကန်သင်းရှိပါတယ်ဆိုတာ
မပြောလို့ရှိရင် ခင်ဗျားတို့ ကျော် တတ်မှာ မဟုတ်ဘူး… ( မှန်ပါ့ ) မဟုတ်ဘူးလား ( မှန်ပါ့ဘုရား ) ။
အဲဒိတော့ ခလုတ်ကန်သင်းတွေ အခု ဆယ်ခု ရှိပါတယ်..( မှန်ပါ့ ) သဘောကျပလား …( ကျပါပြီ ) ။
ဥာဏ်ကြည်လာလို့ ပေါ်လာတာ
အရောင်အဆင်းထွက်လာတဲ့သူကို မဂ်လို့မထင်လိုက်ပါနဲ့၊ ရှင်းပလား…( ရှင်းပါပြီ ) ဥာဏ်ကြည်လာ လို့လည်း …( မဂ်မထင်လိုက်ပါနဲ့ ) ။
ဖြစ်ပျက်မြင်တဲ့ဥာဏ်ဟာ ဘယ်လိုလဲ ကြည်ကြည်လင်လင်မြင်မြင် မဂ်တော့မဟုတ်သေးဘူး..( မှန်ပါ့ ) မဂ်စစ်မဟုတ်သေးဘူးပေါ့လေ… ၀ိပဿနာမဂ်တော့ ဒါဟုတ်ပါတယ် …( မှနပါ့ ) ။
နှစ်သက်လာတဲ့ ပီတိကလေး ခန္ဓာကိုယ်ကြီးများ ကြွသွားမတတ် ပေါ့ပါးလိုက်တာ
ဆိုရုံနဲ့လည်း ဖြစ်ပျက်မြင်တုန်းပေါ်တာဘဲ၊ အထင်မကြီးလိုက်ပါနဲ့ ..( မှန်ပါ့
) တရားတုဘဲ ။
ဦးဘကလေး သဘောပါကြပလား…( ပါပါတယ်ဘုရား ) ။
ပဿဒ္ဓိတဲ့၊ ကိုယ်ငြိမ်းစိတ်ငြိမ်းကလေး သွားရုံနဲ့ လည်း ( မဂ်မထင်ပါနဲ့ ) ဖြစ်ပျက်မြင်တုန်း ပေါ်လတာလေ… ( မှန်ပါ့ဘုရား ) မဂ်တုဘဲဆိုတာ သဘောကျပလား …( ကျပါပြီ ) တရားတုပေါ်တာဘဲ .. နော် …( မှန်ပါ့ ) ။
သုခတဲ့ ချမ်းသာလိုက်တာ ဘာနဲ့မှမတူဘူး၊ ဖြစ်ပျက်မြင်ပြီးသကာလ
ချမ်းသာလုံးကြီး ၀င်လာလိုက်တာဘဲ၊ နည်းနည်းနောနော ချမ်းသာတာမဟုတ်ပါဘူး၊
အင်မတန် ချမ်းသာတာဝင်လာတဲ့ အခါ ကျလို့ရှိရင် ဒါမဂ်ရလို့
ချမ်းသာတာဘဲလို့လည်း ထင်ချင်ထင်တတ်တယ်.. ( မှန်ပါ့ ) ။
ဒါလည်း မောင်နိုင်တို့က ဘာလုပ်ရမလဲ…( ဖြစ်ပျက်ရှုပေးရပါမယ်ဘုရား ) ဖယ်ပစ်၊ ဖြစ်ပျက်ရှုပြီး ဖယ်ပစ်ကြပါ..( မှန်ပါ့ ) သဘောပါပလား…( ပါပါပြီ ) ။
အဓိမောက္ခဆိုတာ ဆုံးဖြတ်ချက်ချတာ၊ သြော် .. ဒါမှတရားစစ် တရားမှန်ဘဲဆိုပြီးတော့ ဆုံးဖြတ်ချက် ချတတ်တယ်နော် ….( မှန်ပါ့ ) ။
ဖြစ်ပျက်မြင်ရင်းမတ္တနဲ့ အဓိမောက္ခဆိုတဲ့ သဘောကလေးက ခန္ဓာထဲ ပေါ်လာတယ်..( မှန်ပါ့ ) ။
သူက ဆုံးဖြတ်ချက်ချတယ်၊ အင်း .. ဒါဟာတရားစစ်တရားမှန်ဘဲလို့ ဆုံးဖြတ်ချက်ချတော့ ဘယ်… မောင်နိုင်တို့ နိဗ္ဗာန်မှ မမြင်သေးဘဲ၊ ဖြစ်ပျက်တွေမြင်တုန်း ပေါ်လာတာကိုး.. ( မှန်ပါ့ ) ။
အဲဒီဥစ္စိာကိုလည်း ကိုယ်က မဂ်စစ်ထင်ပြီး သကာလ ဒကာ ဒကာမတွေက အသုံးချလိုက်မယ်ဆိုလို့ ရှိရင် တရားတုက တရားစစ်ဖျက်တော့မှာဘဲ…( မှန်ပါ့ ) မဖျက်ပေဘူးလား ( ဖျက်ပါတယ်ဘုရား ) ။
ဒါနောက်တစ်ခေါက်ပြန်ပြောတာနော်…ဒကာ ဒကာမတို့ ..( မှန်ပါ့ ) နောက်တစ်ခေါက်ပြန်ပြောတာ။
ဥပဋ္ဌာနေစ မမ္ပတိ သတိတရားကလည်း အရင်သတိမျိုးမဟုတ်းဘူးတဲ့ မောင်နိုင်…( မှန်ပါ့ ) ဖြစ်ပျက်ကလေးတွေနဲ့ ဖျတ်ခနဲ ဖျတ်ခနဲသွားတဲ့ သတိကလေးက လာနေတာဘဲတဲ့နော် …( မှန်ပါ့ ) ။
သြော် … ဒီသတိဟာမဂ်ရလို့ ဖြစ်တဲ့ သတိမျိုးလို့လည်း မယူလိုက်ပါနဲ့တဲ့ …( မှန်ပါ့ ) သဘောကျ ပလား…( ကျပါပြီ ) ။
ဝီရိယကလည်း ရှေးဝီရိယနဲ့ မတူဘဲနဲ့ တစ်ခါတည်း မြန်မြန်ဆန်ဆန် ရှင်းပြီးသကာလ ၀ီရိယတွေက ပိုပြီးသကာလ လာလိုက်တော့ သြော်… ဒါ .. မဂ်နဲ့ယှဉ်တဲ့ ၊ ၀ီရိယဘဲ၊ ဖြစ်ပျက်တွေ အားထုတ်နေလိုက်ရ တာ ရှေးဝီရိယမျိုးမဟုတ်ဘူးနော်…. အခုဝီရိယက အလွန့်ကိုဘဲ မဂ်နဲ့ယှဉ်တဲ့ ၀ီရိယထင်ပါရဲ့ ဆိုပြီးသကာလ ၀ီရိယထောက်ပံ့တာနဲ့လည်း သူ့ကို မဂ်စစ်ထင်ပစ်တတ်တယ်…( မှန်ပါ့ ) ။
ဒါဖြင့် မောင်နိုင်တို့ ဒါလည်း အတုဘဲ…( မှန်ပါ့ ) ။
တတြမေဇ္ဈတ္တတာ တဲ့ အို … ဖြစ်ပျက်ကလေးတွေ ကြည့်ပြီး တခါတည်း ပြစ်မှားခြင်းလည်းမရှိ ၊ သာယာခြင်းလည်းမရှိဘဲနဲ့ သူ့ဟာသူ ဖြစ်နေတော့ အင်း… ဒါတတြမေဇ္ဈတ္တတာ… စေတသိက်လို့ ခေါ်တာပေါ့နော် …. ( မှန်ပါ့ ) ။
အဲဒါကလေးကို ဒကာ ဒကာမတွေက မဂ်စစ်ထင်လိုက်ပြန်လို့ရှိရင်လည်း တရားတုကလာပြီး လွှမ်းမိုးတာဘဲလို့မှတ်လိုက်ပါ..( မှန်ပါ့ ) တရားစစ်ပျောက်တယ်၊ သဘောကျပလား…( ကျပါတယ်ဘုရား ) ။
ပြီးတော့ကော… နှစ်သက်တဲ့တဏှာ၊ ဒါလည်း လာတတ်ပါတယ်တဲ့နော်..( မှန်ပါ့ ) ။
ဒီဥစ္စာတွေကို တစ်ခုခုပေါ်တာကို ကိုယ်က နှစ်သက်လိုက်လို့ရှိရင်လည်း မောင်နိုင်ဖြစ်ပျက်ဥာဏ်ထဲ မှာ တဏှာက၀င်ထိုးပစ်လိုက်တယ် …( မှန်ပါ့ ) ။
တဏှာက ၀င်ထိုးပစ်လိုက်တော့ ဒိတဏှာလည်း ဒကာ ဒကာမတွေ မဂ်၏အန္တရာယ်ဘဲဆိုတာကော သဘောကျပလား…( ကျပါပြီ ) သူက မဂ်တုလိုလို ၀င်လာတာဘဲနော်…( မှန်ပါ့ ) ။
တရားအားထုတ်ရတာဖြင့် နှစ်သက်လိုက်တာဆိုတဲ့ သဘောကလေးဟာလည်း တဏှာက၀င်ဖျက် တယ် ( မှန်ပါ့ ) ။
ကိုယ့်ဖြစ်ပျက်မပျောက်အောင်သတိထား
အဲဒီတော့ ဒိဆယ်ခုလာတိုင်း လာတိုင်း ဂရုမစိုက်ဘဲနဲ့
ကိုယ့်ဖြစ်ပျက်မပျောက်အောင် သတိထား ( မှန်ပါ့ ) သဘောကျပလား ..( ကျပါပြီ ) ။
ဆယ်ခုလာတိုင်း လာတိုင်း… ( ဖြစ်ပျက် မပျောက်အောင် နေရပါမယ်ဘုရား ) ။
အဲဒီဖြစ်ပျက်ကနေပြီးမှ သူက ဘာလာနေနေအရောင်ကလာလာ၊ ပီတိကလာလာ
မောင်နိုင်တို့က ဂရုမစိုက်နဲ့ ( မှန်ပါ့ ) ကိုမြင့်တို့က ဂရုမစိုက်နဲ့ ၊
နောက်က ဒကာ ဒကာမတွေက ဂရုမစိုက်ပါနဲ့၊ ကိုယ့်ဖြစ်ပျက်နဲ့သာ ကိုယ်နေပါ ….( မှန်ပါ့ ) ။
အဲဒီဖြစ်ပျက်ကနေပြီးမှ တက်ပြီးသကာလ ဥဒယဗ္ဗယအပျက်ချည့်မြင်လည်း
ကောင်းသွားလိုက်တာ ဘဲ ဘယ- ဒါတွေဟာ ဘေးတွေဘဲထင်လည်း ကောင်းတာဘဲ… ( မှန်ပါ့ ) အာဒီန၀ - အပြစ်တွေ ထင်လာရင် ကော… ( ကောင်းသွားပါတယ်ဘုရား ) နိဗ္ဗိန္ဒ- ငြီးငွေ့လာရင်ကော … ( ကောင်းပါတယ်ဘုရား ) ။
ကောင်းတာပါဘဲ..တဲ့၊ နောက်ကျတဲ့ အခါကျလို့ရှိရင် သင်္ခါရုပေက္ခာဆိုတော့ ဒါတွေ
ဥပေက္ခာထား နိုင်တယ် ( မှန်ပါ့ ) နောက်ကျတော့ မဂ်နဲ့လျော်တဲ့ အနုလောမဥာဏ်တွေ
ပေါ်လာရင်ကော…( ကောင်းပါ တယ်ဘုရား ) ၊ ကောင်းပါတယ် ။
နောက်ကျတော့ ဖြစ်ပျက်ဆုံးတဲ့သစ္စာမြင်ပြီးသကာလ.. ဒါတွေဟာ သစ္စာတွေဘဲဆိုပြီး
ဆုံးသွားတဲ့ အဆုံးမှသာလျှင် ဒကာကြီးလှိုင် - အစစ်တဲ့…(
မှန်ပါ့ ) ဒုက္ခသစ္စာ ပိုင်ပိုင်နိုင်နိုင်သိပြီး သကာလ ဖျတ်- ဆို
ချုပ်သွားတဲ့အဆုံးမှသာလျှင် ကိုမြင့် - မဂ်စစ်( မှန်ပါ့ ) သဘောကျပလား (
ကျပါပြီဘုရား ) ။
မဂ်တုတွေကျော်သွားပြီးမှ မဂ်စစ်တွေ့တယ်
ဒါဖြင့် မဂ်တုက ဘယ်နှစ်ခုပါလိမ့် … ( ဆယ်ခုပါဘုရား ) အဲဒီဆယ်ခုကျော်သွားပြီးမှလည်း မဂ်စစ် တွေ့ တယ် ( မှန်ပါ့ ) ရှင်းပလား…( ရှင်းပါပြီဘုရား ) ။
ဒါဖြင့် ဒီဥစ္စာ ရှင်မဟာကဿ ပ ကြီးက မေးတာ၊ မမေးသင့်ဘူးလား..( မေးသင့်ပါတယ်ဘုရား ) ။
တရားတု နှိပ်စက်နေတယ်ဟေ့ … ဒါကြောင့် သိက္ခာပုဒ်နည်းတုန်းကတော့ ရဟန္တာဖြစ်ကြတယ်…. ( မှန်ပါ့ ) ။
နောက်ကျတော့ တရားတုတွေက နှိပ်စက်ပြီး သကာလ… လာတော့ အခုပြောတဲ့ဆယ်ချက်က တရားတုတွေ .. ( မှန်ပါ့ ) ။
ရွှေတုကနေပြီးသကာလ ရွှေစစ်ကွယ်အောင် မလုပ်နိုင်ဘူးလား မောင်နိုင်….( လုပ်နိုင်ပါတယ် ဘုရား ) သဘောကျပလား…( ကျပါပြီဘုရား ) ။
လုပ်နိုင်တာပေါ့၊သူကဈေးလည်းပေါသေးတယ်၊
ဝတ်လို့လည်းပြောင်ပြောင်လက်လက်ရှိသေးတယ်၊
ပွဲလည်းတိုးသေးတယ်၊သူခိုးခိုးသွားလည်း နှမြောစရာမရှိဘူးဆိုတော့
သူကမလွှမ်းမိုးပေဘူးလား…( လွှမ်းမိုး ပါတယ်ဘုရား ) ။
လွှမ်းမိုးတယ်ဆိုတာကော ဒကာ ဒကာမတွေ ရိပ်မိပလား ( ရိပ်မိပါပြီဘုရား )
မလွှမ်းမိုးတယ် လွှမ်းမိုး တယ်ဆိုတာ မိုးကုတ်မှာ ပြင်သစ်ကျောက် မှားတာတွေ
အများကြီးတွေ့ရတယ် ..( မှန်ပါ့ ) ။
ဈေးကလည်းချောင်၊ အရောင်းကလည်းကောင်း၊ အချိန်ကလည်းကြီးဆိုတော့ ကိုပေါ် -
ကျောက်အ ဟုတ်နားမလည်တဲ့ လူနဲ့ကျတော့ ချောင်တယ်ထင်ပြီး ယူလိုက်မှာဘဲ..(
မှန်ပါ့ ) မဟုတ်ဘူးလား..( မှန်ပါ့ ) ။
အဲဒါတွေကို အနောက်နိုင်ငံတွေကပါ သေသေချာချာ ၀တ်ပြီဆိုလို့ရှိရင် ကျုပ်တို့မိုးကုတ်အစစ်ဟာ ပျောက်ရမယ်…( မှန်ပါ့ ) မပျောက်ပေဘူးလား…( ပျောက်ပါတယ်ဘုရား ) ။
မိုးကုတ်က ကျွတ်ကျွတ်စင်စင်မှ မရှိဘဲ …( မှန်ပါ့ ) စင်စင်ရဖို့ရာ လွယ်ပါ့မလား..( မလွယ်ပါဘုရား ) ဒကာကြီးလှိုင်…( မလွယ်ပါဘုရား ) မလွယ်ပါဘူး၊ အလုံးတစ်သောင်း၊ တစ်ခုရဖို့ ဘယ့်နှယ်နေကြမလဲ….( ခဲ ယဉ်းပါတယ်ဘုရား ) ။
ငယ်ရင်ဖြင့် စင်ချင်စင်မယ်၊ နည်းနည်းကြီးလာရင် ဘယ့်နှယ်နေကြသလဲ..(
ခဲယဉ်းပါတယ် ဘုရား ) ခဲယဉ်းပါတယ်ဆိုတာ မပေါ်သေးဘူးလား..( ပေါ်ပါတယ် ဘုရား ) ။
ကဲ … ဒါဖြင့် အခု အတုမနှိပ်စက်သေးခင်တော့ ကျုပ်တို့ ရောင်းနေရလိမ့်ဦးမယ်.. ( မှန်ပါ့ ) ရှင်းပလား…( ရှင်းပါပြီ ) အတု တကယ်များ လွှမ်းမိုးသွားရင် မောင်နိုင်ဒီကဟာတွေ အကုန်လဲသေဖို့ဘဲ….. ( မှန်ပါ့ ) ရောင်းစရာအကွက် ရှာနိုင်သေးရဲ့ လား…( မရှာနိုင်ပါဘုရား ) ။
မရှာနိုင်သလိုဘဲ..တဲ့၊ ဒီမှာ ဗိုင်းဗိုင်းလဲရသလို ဟိုမှာလည်း မဂ်ဥာဏ်,
ဖိုလ်ဥာဏ်မှာ ဒကာကြီးလှိုင် - အတုနှိပ်စက်တာနဲ့ ဗိုင်းဗိုင်းလဲရလိမ့်မယ် …..( မှန်လှပါဘုရား ) ။
ယနေ့ဆုံးမတာ ဘာပါလိမ့်
တစ်ဘ၀ထဲ လဲတာလား ၊ ဘ၀များစွာ လဲသလား ( ဘ၀များစွာလဲသွားတာပါဘုရား ) မနာဘူးလား.. ( နာပါတယ်ဘုရား ) ။
ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ ဆုံးမတာ ဘာပါလိမ့်မတုံးလို့မေးတော့ အို… ဒို့အလုပ်ခွင်မှာ အနှောင့် အယှက်မလ်ာလည်း မဖြစ်ဘူး… တဲ့၊ လာပြန်လည်း ဖယ်ရှားသွားတတ်မှ ဖြစ်တယ်…( မှန်ပါ့ ) မလာလည်း … ( မဖြစ်ပါဘုရား ) မလာရင် ဥဒယဗ္ဗယဥာဏ် မရောက်သေးဘူး …( မှန်ပါ့ ) ။
လာပြန်ရင်ကော…( ဖယ်ရှားတတ်မှပါဘုရား ) ဖယ်ရှားတတ်မှ မဖယ်ရှားတတ်လို့ရှိရင်လည်း ကန့်လန့်တင်နေမယ်…( မှန်ပါ့ ) သဘောပါကြလား…( ပါ ပါပြီဘုရား ) ဒကာကြီးလှိုင် နေရာကျပလား…(
ကျပါပြီ ) ဒါဖြင့် အဓိဂမဆိုတာ မဂ်ဖိုလ်ကိုပြောတာ၊ ပဋိရူပကဆိုတာ
အတုအယောင်ကိုပြောတာ...( မှန်ပါ့ )၊ မရဘဲနဲ့ ရတယ်လို့ အလားတူက နှိပ်စက်တာ…( မှန်ပါ့ ) ၊ ဒကာ ဒကာမတို့ သဘောပါပလား…( ပါ ပါပြီ ဘုရား ) ။
မဂ်ဥာဏ်, ဖိုလ်ဥာဏ်ကို မရဘဲနဲ့ ရတယ်လို့ အလားတူက ဘာဖြစ်တာတုံး…( နှိပ်စက်ပါတယ်ဘုရား ) ။
ကဲ… ဒါတွေကျတော့ ဆရာကောင်း, သမားကောင်းနဲ့သာ ဒကာကြီးလှိုင် - ဒီနည်းမကြည့်တတ်လို့ရှိ ရင် မောင်နိုင်သွားပြီ ( မှန်ပါ့ ) ။
နောက်က ဒကာ ဒကာမတွေဘယ်လိုဆုံးဖြတ်ချက်ချမလဲဆရာကောင်း, သမားကောင်းနဲ့ မတွေ့ ရင် သွားပါပြီ၊ မသွားသေးဘူးလား….( သွားပါပြီဘုရား ) ။
လာလည်းလာမယ်၊ ဖယ်လည်းဖယ်ရမယ်
အဲဒီတော့ ဒါတွေကိုလည်း သိပြီးသကာလ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သြော်… ဒါမလုပ်ရင် မဖြစ်တဲ့ အလုပ်ဘဲ၊ မဖယ်ရင် မဖြစ်တဲ့အလုပ်ဘဲ၊ လာလည်းလာလိမ့်မယ်၊ ဖယ်လည်းဖယ်ရမယ်ဆိုတာ သဘောပါကြလား…( ပါ ပါပြီဘုရား ) ၊ ရှင်းပြီနော်…( ရှင်းပါပြီဘုရား ) ။
ကဲ - ဒီနေ့ ဒီတွင် တော်ကြဦးစို့
သာဓု … သာဓု … သာဓု … ။
copy from mogok vipassana site
Subscribe to:
Posts (Atom)
