Saturday, May 21, 2016

ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဗျာ ဖွား ပွင့် စံ လေတန်ကြုံတွေ့ ကဆုန်လပြည့် )

လယ်တီဆရာတော် ခုနစ်နေ့ ဘုရားရှိခိုး ကြာသပတေး သုံးလူ့ရှင်ပင် ၊ကျွန့်ထိပ်တင် ၊ သောင်းခွင်စကြာဝဠာ ၊ နတ်ဗြဟ္မာတို့ ၊ ညီညာရုံးစု ၊ တောင်းပန်မှုကြောင့် ၊ ရတုနဂို ၊ရွန်းရွန်းစိုသည်၊ ၀ါဆိုလပြည့် ၊ ကြွက်မင်းနေ့ဝယ် ၊ ချမ်းမြေ့ကြည်ဖြူ၊ နေတော်မူသည် ၊ နတ်လူငြိမ်းဖို့ကိန်းပါကို။ သောကြာ သန္ဓေယူကာ ၊ဆယ်လကြာသော်၊ မဟာသက္ကရာဇ် ၊ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့် ၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ ၊ လုံမ္ဗိနီ၌၊ မဟီလှိုက်ဆူ ၊ဖွားတော်မူသည်၊ နတ်လူအောင်မြို့လမ်းပါကို။ တနင်္လာ ဖွားမြင်မြောက်သော် ၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌ ၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလှစ် ၊ ဆယ့်သုံးနှစ်လျှင် ဘုန်းသစ်လျှံလူ ၊စံတော်မူ၍ ငယ်မူနုဖြိုး ၊နှစ်ဆယ့်ကိုးဝယ် လေးမျိုးနိမိတ် ၊နတ်ပြဟိတ်ေ ကြာင့် ရွှေစိတ်ငြင်ငြို၊ သံဝေပိုကာ ၀ါဆိုလပြည့် ၊ ကျားမင်းနေ့ဝယ် ချမ်းမြေ့ရဂုံ ၊ တောရိပ်လှုံသည် စုံမြိုင်ပင်ရိပ်ခန်းမှာကို။ ဗုဒ္ဓဟူး တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ကျော်၍ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက ကဆုန်လပြည့် ၊ ဆင်မင်းနေ့ဝယ် မြေ့ ပရမေ ၊ပလ္လင်ဗွေ၌ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့် မငြီးကြည်ဖြူ ၊နေတော်မူလျှက် ရန်မြူခပင်း၊ အမိုက်သင်းကို အရှင်းပယ်ဖျောက်၊ အလင်းပေါက်က ထွန်းတောက်ဘုန်းတော် ၊ သောင်းလုံးကျော်သည် သုံးဘော်လူတို့ ငြိမ်းပါကို။ စနေ ဘုရားဖြစ်ခါ ၊မိဂဒါသို့ စကြာရွှေဖွား၊ ဖြန့်ချီသွား၍ ငါးပါးဝဂ္ဂီ ၊ စုံအညီနှင့် မဟီတစ်သောင်း ၊တိုက်အပေါင်းမှ ခညောင်းကပ်လာ ၊နတ်ဗြဟ္မာအား ၀ါဆိုလပြည့် ၊ စနေနေ့ဝယ် ကြွေ့ ကြွေ့လျံတက် ၊ဓမ္မစက်ကို မိန့်မွက် ထွေပြား ၊ဟောဖော်ကြားသည် တရားနတ်စည် ရွမ်းတယ်ကို ။ အင်္ဂါ တရားနတ်စည် ၊ဆော်ရွမ်းလည်ကာ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ် ကျွတ်ထိုက်သသူ ၊ နတ်လူဗြဟ္မာ သတ္တ၀ါကို ၊ခေမာသောင်သို့ ဖောင်ကူတို့ဖြင့်၊ ဆောင်ပို့ပြီးခါ ၀ါလေးဆယ့်ငါး ၊ သက်ကားရှစ်ဆယ် စုံပြည့်ကြွယ်က ၊ ရာလေးဆယ့်ရှစ် သက္ကရာဇ်ဝယ် နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ် ကုဿိန္နာရုံ ၊ အင်ကြင်းစုံ၌ ကဆုန်လပြည့် ၊ အင်္ဂါနေ့ဝယ် ချမ်းမြေ့ နိဗ္ဗူ ၊စံတော်မူသည် ၀ှမ်းဆူသောင်းလုံးကျော်တယ်ကို ။ တနင်္ဂနွေ နိဗ္ဗူစံပြီ ၊ ရှုမအီသား သိင်္ဂီ ရွှေလှော်၊ အလောင်းတော်ကို ထိုရော်ကဆုန် ၊လဆုတ်ကြုံ၍ ဂဠုန်နေ့ဝယ် ၊ခိုးငွေ့မနှော ဓာတ်တေဇောလျှင် ၊ ရှင်စောဥာဏ်စက် ဓိဌာန်ချက်ဖြင့် ၊ လျှံတက်ကော်ရော် မီးပူဇော်သည် မွေတော်ရှစ်စိတ် ကြွင်းတယ်ကို ။ ထိုခုနစ်နေ့ သာချမ်းမြေ့ကို စွေ့စွေ့ကြည်ဖြူအာရုံယူလျှက် သုံးလူတို့နတ် မြတ်ထက် မြတ်သားရှင်တော်ဘုရားကိ ငါးပါးမှန်စွာ ၀န္ဒနာဖြင့် သဒ္ဒါဖြိုးဖြိုး ကျွန်ရှိခိုးသည် ကောင်းကျိုးခပ်သိမ်းကြွယ်စေသောဝ်။ ဆောင်= ဗျာ ဖွား ပွင့် စံ လေတန်ကြုံတွေ့ ကဆုန်ပြည့်။ သန္ဓေ တောထွက် ဓမ္မစက် ဟောမြွက် လဝါဆို။ မ သိ ကြ လျင် တွေးဆ အုံး မ= ကြာသပတေးနေ့(သန္ဓေယူနေ့) သိ= သောကြာနေ့(ဖွားနေ့) ကြ=ဗုဒ္ဓဟူး (တောထွက်နေ့) ကြွင်းသိလေ —

No comments:

Post a Comment