http://yatanavasa.blogspot.com/2010/12/blog-post_15.html
Monday, August 6, 2012
ဝိပတ္တိ ပျက်စီးခြင်း တရား (၄)ပါး ဟူသည် အဘယ်နည်း။? ၎င်း၏ ဆန့်ကျင်ဘက် ဖြစ်သော သမ္ပတ္တိ ပြည့်စုံခြင်း တရား (၄)ပါး ဟူသည် အဘယ်နည်း။?
မကောင်းလည်းကံ၊ ကောင်းလည်းကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး
ဘုရားရှိခိုးတိုင်း၊
သီလယူတိုင်း ကန်တော့လေ့ရှိသော သြကာသ ကန်တော့ခန်းတွင် “အပါယ် (၄)ပါး၊
ကပ်(၃)ပါး၊ ရပ်ပြစ်(၈)ပါ၊ ရန်သူမျိုး (၅)ပါး၊ ၀ိပတ္တိ တရား(၄)ပါး၊ ဗျသန
တရား(၅)ပါး တို့မှ ကင်းလွတ်ရပါစေကြောင်း” ဗုဒ္ဓဘာသာဝင်တိုင်း ဆုတောင်းလေ့
ရှိကြ၏။ ထိုတွင် ၀ိပတ္တိ ပျက်စီးခြင်း တရား (၄)ပါး ဟူသည် အဘယ်နည်း။? ၎င်း၏
ဆန့်ကျင်ဘက် ဖြစ်သော သမ္ပတ္တိ ပြည့်စုံခြင်း တရား (၄)ပါး ဟူသည် အဘယ်နည်း။?
သမ္ပတ္တိ (၄)ပါး၊ ၀ိပတ္တိ (၄)ပါး
ဆိုင်ရာ
အကြောင်းများ၏ ပြည့်စုံမှုကို “သမ္ပတ္တိ” ဟု ခေါ်၏။ ဆိုင်ရာ အကြောင်းများ၏
ချွတ်ယွင်းမှုကို “၀ိပတ္တိ” ဟု ခေါ်၏။ သတ္တ၀ါတို့၏ သန္တာန်၌ ရှေးဘ၀ပေါင်း
များစွာက ပြုခဲ့သော ကံတို့သည် အလွန်များပြားရကား အကျိုးပေးရန် အခွင့်
မသင့်၍ အကျိုးမပေးရသေးသမျှ ခန္ဓာအစဉ်မှာ အမြဲပါရှိသောကြောင့် သမ္ပတ္တိ
(ပြည့်စုံခြင်း) ဆိုက်နေသောအခါ ကုသိုလ်ကံ အကျိုးပေးခွင့် သာသလို ၀ိပတ္တိ
(ပျက်စီးခြင်း ) ဆိုက်ရာ၌လည်း အကုသိုလ်ကံ အကျိုးပေးခွင့် သာလေသည်။
သမ္ပတ္တိ တရား (၄)ပါး
၁။ဂတိ သမ္ပတ္တိ= ရရှိသော ဘ၀ကောင်းခြင်း။
၂။ဥပဓိ သမ္ပတ္တိ= ရုပ်အဆင်း လှပခြင်း။
၃။ကာလ သမ္ပတ္တိ= ခေတ် အခါ ကာလ ကောင်းခြင်း။
၎။ပယောဂ သမ္ပတ္တိ= ဉာဏ် ၀ီရိယ စသော ပယောဂ ရှိခြင်။
ဝိပတ္တိ တရား (၄)ပါး
၁။ဂတိ ၀ိပတ္တိ = ရရှိသော ဘ၀ မကောင်းခြင်း။
၂။ဥပဓိ ၀ိပတ္တိ= ရုပ်အဆင်း မလှပခြင်း။
၃။ကာလ ၀ိပတ္တိ= ခေတ် အခါ ကာလ မကောင်းခြင်း။
၎။ပယောဂ ၀ိပတ္တိ = ဉာဏ် ၀ီရိယ စသော ပယောဂ မရှိခြင်။
http://yatanavasa.blogspot.com/2010/12/blog-post_15.html
http://yatanavasa.blogspot.com/2010/12/blog-post_15.html
Subscribe to:
Post Comments (Atom)
No comments:
Post a Comment