Monday, August 6, 2012
အကုသိုလ်ကံများ = အကုသလကမ္မပထ ၁၀-ပါး
(က) ကာယကံ ၃-ပါး
၁။ သူ့အသက်သတ်ခြင်း (ဒေါသကြောင့် ဖြစ်။)
၂။ သူ့ဥစ္စာကို ခိုးဝှက်တိုက်ခိုက် လှည့်ပတ်၍ ယူခြင်း (လောဘ၊ ဒေါသကြောင့် ဖြစ်။)
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း (လောဘကြောင့် ဖြစ်။)
(ခ) ဝစီကံ ၄-ပါး
၁။ လိမ်လည်ပြောဆိုခြင်း (လောဘ၊ ဒေါသကြောင့် ဖြစ်။)
၂။ ကုန်းတိုက်ခြင်း (လောဘ၊ ဒေါသကြောင့် ဖြစ်။)
၃။ ကြမ်းတန်းသော စကားကို ပြောခြင်း (ဒေါသကြောင့် ဖြစ်။)
၎။ ပိန်ဖျင်းသော စကားကို ပြောခြင်း (လောဘ၊ ဒေါသကြောင့် ဖြစ်။)
(ဂ) မနောကံ ၃-ပါး
၁။ အဘိဇ္ဈာ=သူတပါးစည်းစိမ်ကို မတရား ယူလိုမှု (လောဘကြောင့် ဖြစ်။)
၂။ ဗျာပါဒ=သူတပါး၏ ပျက်စီးသေစေရန် ကြံစည်မှု (ဒေါသကြောင့် ဖြစ်။)
၃။ မိစ္ဆာဒိဋ္ဌိ=အယူမှားမှု (လောဘကြောင့် ဖြစ်။)
http://lokachantha.blogspot.com/2010/05/blog-post_27.html

Subscribe to:
Post Comments (Atom)
No comments:
Post a Comment