Wednesday, August 12, 2015
"ချင် (၃)ချင်ရှောင်"
မသိချင်နဲ့၊
မကြားချင်နဲ့၊
မမြင်ချင်နဲ့၊
ချင် သုံးချင် ရှောင်ရင်
သောတာပန်လည်း
လက်တစ်လှိမ့်လေး၊
သကဒါဂါမ်၊ အနာဂါမ်၊
ရဟန္တာလည်း
လက်တစ်လှိမ့်လေး၊
ကြိုးစာပါ။
သဒ္ဓါစိတ်တင်ထား၊
တစ်ထိုင်တည်းနဲ့ ရတယ်။
နည်းသိရင် လွယ်လွယ်လေး။
မျက်စိမှိတ်ပြီး
လက်ကလေး ထပ်ပြီးထားပါ။
ပထမ အာနာပါန သတိယူ။
တွန်းတယ် ကန်တယ်
သဘောလေးကိုသာ သိ။
မသိဘဲနဲ့ မဝင်နဲ့၊
မသိဘဲနဲ့ မထွက်နဲ့။
အတိတ်ကိုလည်း မတွေးနဲ့၊
အနာဂတ်ကိုလည်း မစဉ်းစားနဲ့။
ခန္ဓာထဲ ဘာပေါ်ပေါ်
ဝေဒနာတစ်လုံးတည်း သိ၊
ဘယ်လို ခံစားသလဲ
သူ့သဘောကိုသာ
ကြည့်နေပါ။
(သဲအင်းဂူဆရာတော်ကြီး)
မကြားချင်နဲ့၊
မမြင်ချင်နဲ့၊
ချင် သုံးချင် ရှောင်ရင်
သောတာပန်လည်း
လက်တစ်လှိမ့်လေး၊
သကဒါဂါမ်၊ အနာဂါမ်၊
ရဟန္တာလည်း
လက်တစ်လှိမ့်လေး၊
ကြိုးစာပါ။
သဒ္ဓါစိတ်တင်ထား၊
တစ်ထိုင်တည်းနဲ့ ရတယ်။
နည်းသိရင် လွယ်လွယ်လေး။
မျက်စိမှိတ်ပြီး
လက်ကလေး ထပ်ပြီးထားပါ။
ပထမ အာနာပါန သတိယူ။
တွန်းတယ် ကန်တယ်
သဘောလေးကိုသာ သိ။
မသိဘဲနဲ့ မဝင်နဲ့၊
မသိဘဲနဲ့ မထွက်နဲ့။
အတိတ်ကိုလည်း မတွေးနဲ့၊
အနာဂတ်ကိုလည်း မစဉ်းစားနဲ့။
ခန္ဓာထဲ ဘာပေါ်ပေါ်
ဝေဒနာတစ်လုံးတည်း သိ၊
ဘယ်လို ခံစားသလဲ
သူ့သဘောကိုသာ
ကြည့်နေပါ။
(သဲအင်းဂူဆရာတော်ကြီး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment