Saturday, September 1, 2012

Facebook posted (သတိရခြင်း နှစ်မျိုး-အရှင်ဆန္ဒာဓိက)

တစ်ယောက်နဲ့ တစ်ယောက် သတိရနေကြတယ်…ဘယ်လိုသတိရမှာလဲ?
သတိရခြင်းက နှစ်မျိုးရှိပါတယ်။ ကိလေသာနဲ့သတိရခြင်းနဲ့ ဘာဝနာနဲ့သတိရခြင်းဆိုပြီးတော့ပေါ့။ ကိလေသာနဲ့ သတိရခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ သတိရခြင်းတွေ အများကြီးရှိပါတယ်။ တဏှာနဲ့သတိရခြင်းရှိမယ်၊ ဒေါသနဲ့ သတိရခြင်းရှိမယ်၊ လောဘနဲ့သတိရခြင်းရှိမယ်၊ မာနနဲ့သတိရခြင်းရှိမယ်၊ က္ကုသာာနဲ့သတိရခြင်းရှိမယ်၊ မစ္ဆရိယနဲ့ သတိရခြင်းရှိမယ်…. စသည်ဖြင့်ကိလေသာ အမျိုးအစားရှိသလောက် သ

တိရခြင်း အမျိုးအစားတွေကလည်း အများကြီးပါပဲ။
လူတစ်ယောက်ကို သတိရတယ်။ အဲဒီလူအပေါ်မှာ သာယာနှစ်သက် တပ်မက်တဲ့စိတ် ဖြစ်နေတယ်။ အဲဒါဆိုရင် တဏှာနဲ့သတိရခြင်းပေါ့။ သူနဲ့ပျော်ပါးခဲ့ ကြည်နူးခဲ့တာလေးတွေကို ပြန်တွေးပြီး သတိရနေတယ်ဆိုရင်လည်း တဏှာနဲ့ သတိရခြင်းပါပဲ။ သူနဲ့ဘယ်တော့တွေ့မယ် ဘယ်သွားမယ် ဘာလုပ်မယ် ဘာပြောမယ်။ သာယာစရာလေးတွေတွေးပြီး သတိရတယ်ဆိုရင်လည်း တဏှာနဲ့ သတိရခြင်းပါပဲ။
လူတစ်ယောက်ကို သတိရတယ်။ သူ့အပြစ်တွေ တွေးပြီးတော့ မကျေမနပ်ဖြစ်နေတယ်။ နာကြည်းမုန်းတီးတဲ့စိတ်တွေ ဖြစ်နေတယ်။ ဒါဆိုရင် ဒေါသနဲ့သတိရခြင်း။
လူတစ်ယောက်ကို သတိရတယ်။ သူနဲ့ကိုယ်နဲ့ ပြိုင်ပြီးစဉ်းစားနေတယ်။ ငါသူ့ထက်သာရမယ်။ သူကဘာမို့လို့လဲ။ သူနဲ့ငါနဲ့ တန်းတူတယ်။ ဒီလိုအတွေးတွေ တွေးနေမယ်ဆိုရင် မာနနဲ့သတိရခြင်း။
ကိုယ့်ပြိုင်ဘက်ကို သတိရပြီးတော့ ကိုယ့်ပြိုင်ဘက်ကြီးပွားချမ်းသာတာကို မခံစားနိုင်တဲ့စိတ်၊ မနာလိုတဲ့စိတ်နဲ့ သတိရတယ်ဆိုရင် က္ကုသာာနဲ့ သတိရခြင်း။
လူတစ်ယောက်ကို သတိရတယ်။ သူ့ကိုငါကဘာလို့ပေးရမှာလဲ။ သူ့ကိုငါဘာမှ ပေးစရာမလိုဘူး။ ငါ့လိုသူမကြီးပွား စေရဘူး။ ငါ့လိုသူမအောင်မြင်စေရဘူး။ ဒါဆိုရင်မစ္ဆရိယနဲ့ သတိရခြင်း။
………… စသည်အားဖြင့် ပုဂ္ဂိုလ်ရဲ့ စရိုက်လက္ခဏာပေါ် မူတည်ပြီးတော့ သတိရခြင်းအမျိုးမျိုးရှိနိုင်ပါတယ်။ ကိလေသာအမျိုးမျိုး တစ်မျိုးမဟုတ်တစ်မျိုးနဲ့ သတိရနေနိုင်တာပေါ့။
ဘာဝနာနဲ့သတိရခြင်းဆိုတဲ့နေရာမှာလည်း ကိုယ်သတိရတဲ့ပုဂ္ဂိုလ်ကို ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အစစအရာရာ အဆင်ပြေပါစေ၊ ထာဝရအေးချမ်းပါစေ … စသည်အားဖြင့် မေတ္တာပို့လိုက်မယ်ဆိုရင် မေတ္တာနဲ့သတိရခြင်းပါပဲ။ အရှင်ဆန္ဒာဓိက

No comments:

Post a Comment