မြင်း ၂ ကောင် by စိုင်းခမ်းထွန်း - http://www.saingkhantun.com/2011/09/blog-post.html
ကျွန်တော့်အိမ်အပြင်လမ်းမဖက်
ထွက်လိုက်တာနဲ့ ကွင်းအကျယ်ကြီး တစ်ခုရှိတယ်။ အဲဒီကွင်းထဲမှာ မြက်စားနေတဲ့
မြင်း ၂ ကောင်ရှိတယ်။ အဝေးက ကြည့်လိုက်မယ် ဆိုရင်တော့ ဒီမြင်း ၂ ကောင်းဟာ
သိပ်မထူးခြားပါဘူး။ တခြားမြင်းတွေလိုပါပဲ။
အနားကပ်ကြည့်မယ်ဆိုရင်တော့ ဒီမြင်း ၂ ကောင်မှာ အတော်စိတ်ဝင်စားစရာကောင်းတဲ့ အချက်ရှိနေတာကို တွေ့ရမယ်။
မြင်းတစ်ကောင်က အကန်းဗျ။ မျက်စိလုံးဝ မမြင်ဘူး။
သူ့သခင်က သူ့ကို အလုပ်မှာ မသုံးတော့ပါဘူး။ ဘေးမဲ့ပေးထားတဲ့ မြင်းတစ်ကောင်ပါ။ သက်တောင့်သက်သာ နေရုံပါပဲ။ သနားစရာလေးပါဗျာ။
ဒီ ၂ ကောင် အနီးနား ကပ်ပြီး
နားစွင့်ကြည့်စမ်းပါ။ ခြူသံကြားရမယ်ဗျ။ အဲဒီခြူသံက ဟိုမြင်းငယ်လေးဆီက
ထွက်လာတဲ့ ခြူသံပါ။ လည်ပတ်မှာ ဆွဲပေးထားတဲ့ ခြူသေးသေးလေးက ထွက်လာတဲ့
အသံပေါ့။ ဒီခြူသံလေးက သူ့အဖော် မျက်စိမမြင်တဲ့မြင်းကို သူဘယ်မှာ
ရှိတယ်ဆိုတာ ပြောပြောပြနေတဲ့အရာပေါ့။ မျက်မမြင်းလေးက ဒါကို နားထောင်ပြီး
သူ့နောက်လိုက်လာနိုင်တယ်လေ။
ဒီမြင်း ၂ ကောင်ကို သေချာရပ်ပြီးကြည့်မယ်ဆို ...
ခြူဆွဲထားတဲ့ မြင်းဟာ
မျက်မမြင်မြင်းလေးကို အမြဲတမ်း စောင့်စောင့်ကြည့်တတ်တာကို တွေ့ရမယ်။
ပြီးတော့ မျက်မမြင်မြင်းက ခြူသံလေးကို နားထောင်ပြီး သူ့အဖော်မြင်းရှိရာကို
ဖြည်းဖြည်းချင်း လျှောက်သွားပြီး လိုက်နေတာပဲ။ သူ့အဖော်က သူ့ကို ဘယ်တော့မှ
ဒုက္ခတွေ့မယ့် လမ်းမှားကို ခေါ်သွားမှာ မဟုတ်ဘူး ဆိုတဲ့ ယုံကြည်ချက် အပြည့်
ရှိပုံပါပဲ။
ညနေစောင်းပြီဆို ...
ခြူဆွဲထားတဲ့ မြင်းလေး မြင်းစောင်းကို
ပြန်တော့ သူ့အဖော် မျက်မမြင်မြင်းလေးကို အမြဲ စောင့်ခေါ်တယ်။ ဘယ်တော့မှ
သိပ်အဝေးကြီး ကျန်မနေခဲ့စေဘူး။ ချန်မထားခဲ့ဘူး။ ခြူသံကြားရနိုင်မယ့်
နေရာလေးမှာ သူအမြဲရှိတယ်။
တခါတရံမှာ
ငါတို့တွေဟာ တခြားသူကပေးတဲ့ ခြူသံလေးရဲ့ လမ်းညွှန်ရာအတိုင်း လိုက်ရတဲ့
မျက်မမြင်မြင်းပါ။ တခါတလေတော့ ငါတို့ဟာ မမြင်နိုင်သေးတဲ့ သူအတွက်
ရှေ့ကလမ်းပြရတဲ့ မြင်းပေါ့။
No comments:
Post a Comment