Tuesday, September 29, 2015

အင်းလေးရွှေဥဒေါင်းတောင် ဆရာတော်ဘုရားကြီး

Photo: အင်းလေးရွှေဥဒေါင်းတောင် ဆရာတော်ဘုရားကြီး

အေဒီ ၁၈၇၃ - ၁၉၈၄ 
(၁၂၃၅ - ၁၃၄၆)

ဆက်လက်ရေးသားပူဇော်ပါသည်။
***********************

     ဆရာတော်သည် သုသာန် (သင်္ချိုင်း) များတွင် သုသာန်ဓုတင်
ကမ္မဋ္ဌာန်းဘာဝနာပွားများ ရှုမှတ်
နေစဉ်အခါများတွင် ဖော်ပြခဲ့သော
နားဋောင်းကျကျေးရွာသုသာန်မှကလေးငိုသံမျိုးကြားရသကဲ့သို့ သုသာန်တိုင်းလိုလို၌ လူကြီးညည်း
ညူသံများ ထိတ်လန့်တကြားအော်
ဟစ်လိုက်သည့် ယောက်ျားမိန်းမ
အသံမျိုးများမကြာခဏကြားရ
တတ်သည်။

နတ်သမီးအလောင်းကောင်နှင့် အချောအလှများပြခြင်း
  
 ယင်းသုသာန်သချုင်္ိင်းတို့၌ မကျွတ်
မလွတ်ဖြစ်နေကြသော နာနာဘာ
ဝ ဝိနာဘာဝတို့ကဆရာတော်အား
အမျိုးမျိုးသော အနှောင့်အယှက်
ပေးခြင်း,ကြောက်မက်ဖွယ် ပုံသ
ဏ္ဌာန်ဖန်ဆင်း၍ကိုယ်ထင်ပြခြင်း
ခြောက်လှန့်ခြင်း, တစ်နည်း ဥဂ္ဂဟ
နိမိတ်, သမထနိမိတ်ရှိမရှိပြခြင်း,
ပဋိဘာဂ နိမိတ်နတ်သမီးအ
လောင်းကောင် မကောင်းဆိုးရွား
များနှင့်အချောအလှပြခြင်းမျိုး ကြုံ
တော်မူရကြောင်း အမိန့်ရှိဖူးသည်။

     ဆရာတော်သည် အေဒီ ၁၉၃၈ - ၁၉၄၈ ခုအထိ နှစ်ပေါင်း
၁၀ နှစ်ကာလပတ်လုံး ညစဉ်တိုင်း
မပျက်မကွက် ကျင့်ကြံအားထုတ်
တော်မူခဲ့လေသည်။

သစ်စေးသုတ်သော သင်္ကန်းနှင့်
၁၀ နှစ်တာကာလ

     ဆရာတော်သည် တရားထိုင် ဘာဝနာပွားသည့်အခါတိုင်းလိုလို
မိုးနှင့်တိုးပြီးရွှဲရွှဲစိုနေသောအခါ ကျန်းမာရေးငဲ့ပြီး နည်းလမ်းရှာရာ
မိမိသင်္ကန်းအပြင်ပိုင်းကို သစ်စေး များသုတ်၍ တစ်ကိုယ်လုံးလွှမ်းခြုံ
ပြီးတရားထိုင်ရလေသည်။ ဆရာ
တော် ၁၀ နှစ်တိတိ သုသာန်ဓုတင်
အသုဘကမ္မဋ္ဌာန်းပွားများအား
ထုတ်ခဲ့သည့် ရွာများမှာ (ကျားတွန်
ရွာ, ရွာကြီး, အင်းတိမ်ရွာ, နား
ဋောင်းကျရွာ, တောင်ပို့နီရွာ, အင်း
ကြင်းကုန်းရွာ, ကျေးပေါခုံရွာ) သု
သာန်များ ဖြစ်ကြောင်း အမိန့်ရှိဖူး
လေသည်။

မှက် ခြင်တို့ကြောင့် မယားခြင်း

     အင်းလေးတစ်ကြောမှ ခြင်
ကောင်မှာ အကောင်ကြီးအဆိပ်
ပြင်းသောခြင်မျိုးဖြစ်၍ ကိုက်တွယ်
ခံရလျှင် အသည်းခိုက်အောင် နာ ကျင်သည်။ ထူးခြားသည်မှာ ဆရာ
တော်သည် မှက် ခြင်များ တရားရှု့
မှတ်စဉ် ကိုက်တွယ်နေသော်လည်း
နာသည် ယားသည်မရှိ ဒဏ်ရာအ
နာတရမဖြစ်ဘဲ မတုန်မလှုပ် အဓိ
ဋ္ဌာန်အပျက်မခံခဲ့ကြောင်း သိမှတ်ခဲ့
ရသည်။

ကျားရဲ ကျားသစ်များနှင့်ဥဒေါင်း
များ
       
         ထိုထက်ထူးခြားသည်မှာ ဆရာတော် ရွှေဥဒေါင်းတောင်ပေါ်
ရောက်စက မကြာခဏဟိန်း
ဟောက်အော်မြည်တတ်သော ကျားရဲ ကျားသစ်သတ္တဝါအကောင်
များသည် ထိုတောင်ပေါ်တွင်ဆရာ
တော် တရားထိုင်, မေတ္တာဘာဝနာ
ပွားချိန်မှစ၍တောပြောင်းသွားကြ
သောကြောင့် တောင်ပေါ်တွင် ဆ
ရာတော်နှင့်အတူ ဥဒေါင်းကောင်
များနှင့်ကျေးငှက်များသာ ကျန်ရှိ
ကြလေသည်။

ဥဒေါင်းများတောင်ပံဖြန့်၍ နေရိပ်
ပြုလုပ်ပေးခြင်းအံ့ဖွယ်
 
    မိုးလေဝသကင်းစင်သည့်အ
ချိန်၌ ဆရာတော်တရားထိုင်နေ
သည့်အခါများတွင် ရံဖန်ရံခါ ဥ
ဒေါင်းကောင်များသည် ဆရာ
တော်အနီးအနားရှိ သစ်ပင်နှင့် တောင်စောင်းများပေါ်မှ လှပသော
သူတို့၏ တောင်ပံများကိုယှက်ဖြာ
၍ အရိပ်သဖွယ်နေပြောက်မထိုး
အောင် ကာကွယ်ပေးတတ်ကြ
သည်ဟု ကြားဖူးခဲ့သည်။

     ဆရာတော် ကျားတွန်ရွာသို့
ဆွမ်းခံကြွသွားသည့်အချိန်တွင် ကျောင်းဒကာနှင့် ရွာလူကြီးများ
မျက်နှာပျက်စေရန် ရွာသူ ရွာသား
အချို့က စီစဉ်တိုင်ပင်ထားကြသည်
မှာ ဆရာတော်အား မည်သူမျှဆွမ်း
မလောင်းလှူရန် တိုင်းပင်ဆုံးဖြတ်
ထားကြသည်။
    ရွှေဥဒေါင်းတောင်ပေါ်မှ ကျား
တွန်ရွာအရောက် နှစ်မိုင်ကျော်ခရီး
လမ်းတွင် ဆွမ်းလောင်းရန် ကျေး
ရွာလူသူမရှိ တောချည်းသက်သက်
ဖြစ်သော်လည်း ကျားတွန်ရွာသို့
ရောက်သော် ဆွမ်းသပိတ်အပြည့်
ဖြစ်နေခဲ့ခြင်းကြောင့် ကျားတွန်ရွာ
တစ်ရွာလုံး ထူးခြားအံ့သြကြကုန်၏

ဓာတ်တော်ကွန့်မြူးသည်ကို
မီးလောင်သည်ဟု ထင်ကြခြင်း
 
    ဆရာတော်သည် ရွှေဥဒေါင်း
တောင်စေတီအတွင်း ဓာတ်တော်
များဌာပနာပြီးစဉ်က တစ်ညဦးအ
ချိန်တွင် ဓါတ်တော်ကွန့်မြူးကာ တစ်တောင်လုံးလင်းနေသဖြင့် ရွှေ
ဥဒေါင်းတောင်နှင့် နှစ်မိုင်ကျော်
ဝေးသော ကျားတွန်ရွာမှ ရွာသူ ရွာ
သားများက တောင်ပေါ်၌ မီး
လောင်နေသည်အထင်ဖြင့် ရေနှင့်
မီးသတ်ရန်ပစ္စည်းများယူဆောင်၍
ရောက်လာကြဖူးကြောင်းသိခဲ့ရ
သည်။

ရေလှူသော နတ်မောင်နှမ
 
    တောင်ပေါ်တွင် ရေလုံလောက်
ရုံမျှသာရှိသည်။ အပိုအလျှံမရှိ။ အပိုအလျှံလှောင်နိုင်သောရေကန်
လည်းမရှိပေ။ ဆရာတော်ကြီး
သည် အေဒီ ၁၉၆၃ ခုနှစ် နွေအခါ
ကာလ တစ်နေ့သော နေ့ခင်းပိုင်း
တွင် တောင်ပေါ်ရေအစဉ်မပြတ် ရ ရှိရေးအတွက် ကျားတွန်ရွာ ဒါယ
ကာ ဒါယကာမများနှင့် တိုင်ပင်
ဆွေးနွေးတော်မူလေသည်။
     ထိုဆွေးနွေးသည့် ညသန်း
ခေါင်ယံမှာပင် ဆရာတော်ကြီး
သည် ပြုလုပ်နေကျ ကမ္မဋ္ဌာန်းဘာ
ဝနာတရားအားထုတ်ပြီးချိန်တွင်
တစ်ကိုယ်လုံးအဖြူရောင် ဝတ်ဆင်
ထားသော ထူးဆန်းသော အဘိုး
အို အဘွားအိုနှစ်ဦးဆရာတော်အ
နီးသို့လက်အုပ်ချီ ချဉ်းကပ်၍ တရားချီးမြှင့်ပါဘုရားဟု လျှောက်
ထားကြသည်။
     ဆရာတော်ကြီးမှ ငါးပါးသီလ
ပေး၍တရားချီးမြှင့်ပြီးသော် အဘိုး
အို အဘွားအိုတို့က သာဓုသုံးကြိမ်
ခေါ်ဆိုပြီး ဆရာတော်ကြီး အလိုရှိ
ရာ မိန့်တော်မူပါရန်လျှောက်ထား
သည်။ ဆရာတော်ကြီးမှ တောင်
ပေါ်မှာ ရေလိုကြောင်း ရေရလို ကြောင်း မိန့်တော်မူရာ ရပါသည်
သပြေရေထွက်မှယူတော်မူပါ
ဘုရားဟုလျှောက်တင်ကာပြန်သွား
ကြလေသည်။
 
     ဆရာတော်ကြီးသီတင်းသုံးရာ ရွှေဥဒေါင်းတောင်ပေါ်တွင် အဖူးအ
မြှော်ရောက်လာသူ ဧည့်သည်မှန်
သမျှ လူဘယ်နှစ်ယောက် ဘယ်
နှစ်အုပ်စု ဘယ်နှဖွဲ့တက်တက်အ မောေ့ပြရေအေးအေး,ရေနွေးကြမ်ုး
အခါးရည် အိုးအဆင်သင့်။ အိုးကြီး
အိုးငယ်များကလည်း ထမင်းစား ဆောင်တွင်အဆင်သင့် စားမကုန်
သောက်မကုန်ဝင်၍ စားနိုင်
သောက် နိုင်ကြပေသည်။
     ဆရာတော်ကြီးမှ ဆွမ်းဟင်း ချက်ကျွေးမွေးသူ ၁၀ ဦးခန့် အမြဲ
ထားရှိသည်။ နာရီမလပ် ထမင်း ပေါင်းအိုးကြီးများမှာ ရှစ်လုံးခန့်
ဖြစ်သည်။

      အချို့သောသူများက ဆရာ
တော်ဘုရားကြီးအား ရဟန္တာဟူ၍
လည်းကောင်း, အရိယာပုဂ္ဂိုလ်ဟူ
၍လည်းကောင်း, သမထဘာဝနာ
ကျင့်စဉ်မှ ဝိပဿနာကျင့်စဉ်သို့
ကူးပြောင်းလာသော အရိယာဝိဇ္ဇာ
ကြီးဟူ၍ လည်းကောင်း, အချို့က
ရွှေဥဒေါင်းတောင်အနီးတွင် ဈာန်
သမာပတ် ကြွနေသည်ဟုလည်း
ကောင်း, မန္တလေးမဟာမြတ်မုနိဘု
ရားကြီး အလုံပိတ်ထားသော သံ
တံခါးအတွင်း၌ အာရုဏ်ဦးအချိန် ဘုရားဖူးမြော်နေတတ်သည်ဟု
လည်းကောင်း, ရံဖန်ရံခါ ရန်ကုန်
ရွှေတိဂုံစေတီရင်ပြင်တော် ပေါ်တွင်
ဘုရားဖူးနေသည်ကိုလည်းကောင်း
အံမခန်းကျော်လွှားမွှေးပျံလျှက်
အမျိုးမျိုးသောကျော်ကြားမှုတို့ရှိခဲ့
လေသည်။

ပန်းပုဆရာကြီးဦးဟန်တင်၏
ကိုယ်တွေ့
  
       ပန်းချီဆရာကြီးဦးငွေကိုင်၏
တပည့်ဖြစ်သူမှလည်းကိုယ်တွေ့ဖြစ်
ရပ်မှန်ကို ဒါရိုက်တာ ဆရာဦးမြင့်
မောင်မှ ကိုယ်တိုင်တွေ့ဆုံမှတ်
တမ်းတင်ခဲ့ပါသည်။
       အကျဉ်းချုပ်တင်ပြပူဇော်ရ
သော် ပန်းပုဆရာကြီးဦးဟန်တင်
သည် ရွှေတိဂုံဘုရားပေါ်တွင် ဖူး တွေ့ပျောက်ကွယ်ခဲ့ရသော ရဟန်း
ထူးမှာ ရွှေဥဒေါင်းတောင်ဆရာ
တော်ဘုရားကြီးဖြစ်ကြောင်းကို ဆရာတော်ကြီးပုံတူ ပန်းပုထုရန် အလုပ်အပ်၍ အင်းလေးဆရာ်
တော်ဘုရားရှိရာ ကိုယ်တိုင်ကိုယ်
ကျဖူးမြှော်ရောက်ရှိမှ အဖြေပေါ်
တော့သည်ဟု ဆိုခဲ့ပါသည်။

     မျက်မှောက်ခေတ် ပရိယတ်
ပဋိပတ် သာသနာတော်တွင် နေ
လအသွင် သီလ သမာဓိ ပညာ သိက္ခာသုံးပါးဂုဏ်တို့ဖြင့် ပြည့်စုံ
ထင်ရှားတော်မှုသော အင်းလေး ရွှေဥဒေါင်းတောင် ဆရာတော်ဘု
ရားကြီးသည် သက်တော် ၉၄ နှစ်
သိက္ခာတော် ၃၇ ဝါအရ အေဒီ ၁၉၈၅ ခု, နိုဝင်ဘာလ ၃ ရက်
(၁၃၄၆ ခု, ပြာသိုလဆန်း ၁၃)
ရက်နေ့ညဥ့် ၁၀:၄၅ အချိန်တွင်
ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါ
သည်။
ိ
အင်းလေးရွှေဥဒေါင်းတောင် ဆရာတော်ဘုရားကြီး

အေဒီ ၁၈၇၃ - ၁၉၈၄
(၁၂၃၅ - ၁၃၄၆)


ဆရာတော်သည် သုသာန် (သင်္ချိုင်း) များတွင် သုသာန်ဓုတင်
ကမ္မဋ္ဌာန်းဘာဝနာပွားများ ရှုမှတ်နေစဉ်အခါများတွင် ဖော်ပြခဲ့သော
နားဋောင်းကျကျေးရွာသုသာန်မှကလေးငိုသံမျိုးကြားရသကဲ့သို့ သုသာန်တိုင်းလိုလို၌ လူကြီးညည်း
ညူသံများ ထိတ်လန့်တကြားအော်ဟစ်လိုက်သည့် ယောက်ျားမိန်းမ
အသံမျိုးများမကြာခဏကြားရတတ်သည်။

နတ်သမီးအလောင်းကောင်နှင့် အချောအလှများပြခြင်း

ယင်းသုသာန်သချုင်္ိင်းတို့၌ မကျွတ်မလွတ်ဖြစ်နေကြသော နာနာဘာ
ဝ ဝိနာဘာဝတို့ကဆရာတော်အားအမျိုးမျိုးသော အနှောင့်အယှက်
ပေးခြင်း,ကြောက်မက်ဖွယ် ပုံသဏ္ဌာန်ဖန်ဆင်း၍ကိုယ်ထင်ပြခြင်း
ခြောက်လှန့်ခြင်း, တစ်နည်း ဥဂ္ဂဟနိမိတ်, သမထနိမိတ်ရှိမရှိပြခြင်း,
ပဋိဘာဂ နိမိတ်နတ်သမီးအလောင်းကောင် မကောင်းဆိုးရွား
များနှင့်အချောအလှပြခြင်းမျိုး ကြုံတော်မူရကြောင်း အမိန့်ရှိဖူးသည်။

ဆရာတော်သည် အေဒီ ၁၉၃၈ - ၁၉၄၈ ခုအထိ နှစ်ပေါင်း
၁၀ နှစ်ကာလပတ်လုံး ညစဉ်တိုင်း
မပျက်မကွက် ကျင့်ကြံအားထုတ်တော်မူခဲ့လေသည်။

သစ်စေးသုတ်သော သင်္ကန်းနှင့်၁၀ နှစ်တာကာလ

ဆရာတော်သည် တရားထိုင် ဘာဝနာပွားသည့်အခါတိုင်းလိုလို
မိုးနှင့်တိုးပြီးရွှဲရွှဲစိုနေသောအခါ ကျန်းမာရေးငဲ့ပြီး နည်းလမ်းရှာရာ
မိမိသင်္ကန်းအပြင်ပိုင်းကို သစ်စေး များသုတ်၍ တစ်ကိုယ်လုံးလွှမ်းခြုံ
ပြီးတရားထိုင်ရလေသည်။ 


ဆရာ
တော် ၁၀ နှစ်တိတိ သုသာန်ဓုတင်အသုဘကမ္မဋ္ဌာန်းပွားများအား
ထုတ်ခဲ့သည့် ရွာများမှာ (ကျားတွန်ရွာ, ရွာကြီး, အင်းတိမ်ရွာ, နား
ဋောင်းကျရွာ, တောင်ပို့နီရွာ, အင်းကြင်းကုန်းရွာ, ကျေးပေါခုံရွာ) သု
သာန်များ ဖြစ်ကြောင်း အမိန့်ရှိဖူးလေသည်။

မှက် ခြင်တို့ကြောင့် မယားခြင်း

အင်းလေးတစ်ကြောမှ ခြင်
ကောင်မှာ အကောင်ကြီးအဆိပ်ပြင်းသောခြင်မျိုးဖြစ်၍ ကိုက်တွယ်
ခံရလျှင် အသည်းခိုက်အောင် နာ ကျင်သည်။ ထူးခြားသည်မှာ ဆရာ
တော်သည် မှက် ခြင်များ တရားရှု့မှတ်စဉ် ကိုက်တွယ်နေသော်လည်း
နာသည် ယားသည်မရှိ ဒဏ်ရာအနာတရမဖြစ်ဘဲ မတုန်မလှုပ် အဓိ
ဋ္ဌာန်အပျက်မခံခဲ့ကြောင်း သိမှတ်ခဲ့ရသည်။

ကျားရဲ ကျားသစ်များနှင့်ဥဒေါင်းများ

ထိုထက်ထူးခြားသည်မှာ ဆရာတော် ရွှေဥဒေါင်းတောင်ပေါ်
ရောက်စက မကြာခဏဟိန်းဟောက်အော်မြည်တတ်သော ကျားရဲ ကျားသစ်သတ္တဝါအကောင်များသည် ထိုတောင်ပေါ်တွင်ဆရာ
တော် တရားထိုင်, မေတ္တာဘာဝနာပွားချိန်မှစ၍တောပြောင်းသွားကြ
သောကြောင့် တောင်ပေါ်တွင် ဆရာတော်နှင့်အတူ ဥဒေါင်းကောင်
များနှင့်ကျေးငှက်များသာ ကျန်ရှိကြလေသည်။

ဥဒေါင်းများတောင်ပံဖြန့်၍ နေရိပ်ပြုလုပ်ပေးခြင်းအံ့ဖွယ်

မိုးလေဝသကင်းစင်သည့်အချိန်၌ ဆရာတော်တရားထိုင်နေ
သည့်အခါများတွင် ရံဖန်ရံခါ ဥဒေါင်းကောင်များသည် ဆရာ
တော်အနီးအနားရှိ သစ်ပင်နှင့် တောင်စောင်းများပေါ်မှ လှပသော
သူတို့၏ တောင်ပံများကိုယှက်ဖြာ၍ အရိပ်သဖွယ်နေပြောက်မထိုး
အောင် ကာကွယ်ပေးတတ်ကြသည်ဟု ကြားဖူးခဲ့သည်။

ဆရာတော် ကျားတွန်ရွာသို့
ဆွမ်းခံကြွသွားသည့်အချိန်တွင် ကျောင်းဒကာနှင့် ရွာလူကြီးများ
မျက်နှာပျက်စေရန် ရွာသူ ရွာသား
အချို့က စီစဉ်တိုင်ပင်ထားကြသည်မှာ ဆရာတော်အား မည်သူမျှဆွမ်း
မလောင်းလှူရန် တိုင်းပင်ဆုံးဖြတ်ထားကြသည်။


ရွှေဥဒေါင်းတောင်ပေါ်မှ ကျားတွန်ရွာအရောက် နှစ်မိုင်ကျော်ခရီး
လမ်းတွင် ဆွမ်းလောင်းရန် ကျေးရွာလူသူမရှိ တောချည်းသက်သက်
ဖြစ်သော်လည်း ကျားတွန်ရွာသို့ရောက်သော် ဆွမ်းသပိတ်အပြည့်
ဖြစ်နေခဲ့ခြင်းကြောင့် ကျားတွန်ရွာတစ်ရွာလုံး ထူးခြားအံ့သြကြကုန်၏။

ဓာတ်တော်ကွန့်မြူးသည်ကိုမီးလောင်သည်ဟု ထင်ကြခြင်း

ဆရာတော်သည် ရွှေဥဒေါင်း
တောင်စေတီအတွင်း ဓာတ်တော်များဌာပနာပြီးစဉ်က တစ်ညဦးအ
ချိန်တွင် ဓါတ်တော်ကွန့်မြူးကာ တစ်တောင်လုံးလင်းနေသဖြင့် ရွှေ
ဥဒေါင်းတောင်နှင့် နှစ်မိုင်ကျော်
ဝေးသော ကျားတွန်ရွာမှ ရွာသူ ရွာသားများက တောင်ပေါ်၌ မီး
လောင်နေသည်အထင်ဖြင့် ရေနှင့်မီးသတ်ရန်ပစ္စည်းများယူဆောင်၍
ရောက်လာကြဖူးကြောင်းသိခဲ့ရသည်။

ရေလှူသော နတ်မောင်နှမ

တောင်ပေါ်တွင် ရေလုံလောက်
ရုံမျှသာရှိသည်။ အပိုအလျှံမရှိ။ အပိုအလျှံလှောင်နိုင်သောရေကန်
လည်းမရှိပေ။ 


ဆရာတော်ကြီး
သည် အေဒီ ၁၉၆၃ ခုနှစ် နွေအခါကာလ တစ်နေ့သော နေ့ခင်းပိုင်း
တွင် တောင်ပေါ်ရေအစဉ်မပြတ် ရ ရှိရေးအတွက် ကျားတွန်ရွာ ဒါယ
ကာ ဒါယကာမများနှင့် တိုင်ပင်ဆွေးနွေးတော်မူလေသည်။
 

ထိုဆွေးနွေးသည့် ညသန်း
ခေါင်ယံမှာပင် ဆရာတော်ကြီးသည် ပြုလုပ်နေကျ ကမ္မဋ္ဌာန်းဘာ
ဝနာတရားအားထုတ်ပြီးချိန်တွင်တစ်ကိုယ်လုံးအဖြူရောင် ဝတ်ဆင်
ထားသော ထူးဆန်းသော အဘိုးအို အဘွားအိုနှစ်ဦးဆရာတော်အ
နီးသို့လက်အုပ်ချီ ချဉ်းကပ်၍ တရားချီးမြှင့်ပါဘုရားဟု လျှောက်
ထားကြသည်။


ဆရာတော်ကြီးမှ ငါးပါးသီလပေး၍တရားချီးမြှင့်ပြီးသော် အဘိုး
အို အဘွားအိုတို့က သာဓုသုံးကြိမ်ခေါ်ဆိုပြီး ဆရာတော်ကြီး အလိုရှိ
ရာ မိန့်တော်မူပါရန်လျှောက်ထားသည်။ ဆရာတော်ကြီးမှ တောင်
ပေါ်မှာ ရေလိုကြောင်း ရေရလို ကြောင်း မိန့်တော်မူရာ ရပါသည်
သပြေရေထွက်မှယူတော်မူပါဘုရားဟုလျှောက်တင်ကာပြန်သွား
ကြလေသည်။

ဆရာတော်ကြီးသီတင်းသုံးရာ ရွှေဥဒေါင်းတောင်ပေါ်တွင် အဖူးအ
မြှော်ရောက်လာသူ ဧည့်သည်မှန်သမျှ လူဘယ်နှစ်ယောက် ဘယ်
နှစ်အုပ်စု ဘယ်နှဖွဲ့တက်တက်အ မောေ့ပြရေအေးအေး,ရေနွေးကြမ်ုး
အခါးရည် အိုးအဆင်သင့်။ 


အိုးကြီး
အိုးငယ်များကလည်း ထမင်းစား ဆောင်တွင်အဆင်သင့် စားမကုန်
သောက်မကုန်ဝင်၍ စားနိုင်သောက် နိုင်ကြပေသည်။
ဆရာတော်ကြီးမှ ဆွမ်းဟင်း ချက်ကျွေးမွေးသူ ၁၀ ဦးခန့် အမြဲ
ထားရှိသည်။ နာရီမလပ် ထမင်း ပေါင်းအိုးကြီးများမှာ ရှစ်လုံးခန့်
ဖြစ်သည်။

အချို့သောသူများက ဆရာတော်ဘုရားကြီးအား ရဟန္တာဟူ၍
လည်းကောင်း, အရိယာပုဂ္ဂိုလ်ဟူ၍လည်းကောင်း, သမထဘာဝနာ
ကျင့်စဉ်မှ ဝိပဿနာကျင့်စဉ်သို့ကူးပြောင်းလာသော အရိယာဝိဇ္ဇာ
ကြီးဟူ၍ လည်းကောင်း, အချို့က
ရွှေဥဒေါင်းတောင်အနီးတွင် ဈာန်သမာပတ် ကြွနေသည်ဟုလည်း
ကောင်း, မန္တလေးမဟာမြတ်မုနိဘုရားကြီး အလုံပိတ်ထားသော သံ
တံခါးအတွင်း၌ အာရုဏ်ဦးအချိန် ဘုရားဖူးမြော်နေတတ်သည်ဟု
လည်းကောင်း, ရံဖန်ရံခါ ရန်ကုန်ရွှေတိဂုံစေတီရင်ပြင်တော် ပေါ်တွင်
ဘုရားဖူးနေသည်ကိုလည်းကောင်းအံမခန်းကျော်လွှားမွှေးပျံလျှက်
အမျိုးမျိုးသောကျော်ကြားမှုတို့ရှိခဲ့လေသည်။

ပန်းပုဆရာကြီးဦးဟန်တင်၏ကိုယ်တွေ့

ပန်းချီဆရာကြီးဦးငွေကိုင်၏
တပည့်ဖြစ်သူမှလည်းကိုယ်တွေ့ဖြစ်ရပ်မှန်ကို ဒါရိုက်တာ ဆရာဦးမြင့်
မောင်မှ ကိုယ်တိုင်တွေ့ဆုံမှတ်တမ်းတင်ခဲ့ပါသည်။
အကျဉ်းချုပ်တင်ပြပူဇော်ရသော် ပန်းပုဆရာကြီးဦးဟန်တင်
သည် ရွှေတိဂုံဘုရားပေါ်တွင် ဖူး တွေ့ပျောက်ကွယ်ခဲ့ရသော ရဟန်း
ထူးမှာ ရွှေဥဒေါင်းတောင်ဆရာ
တော်ဘုရားကြီးဖြစ်ကြောင်းကို ဆရာတော်ကြီးပုံတူ ပန်းပုထုရန် အလုပ်အပ်၍ အင်းလေးဆရာတော်ဘုရားရှိရာ ကိုယ်တိုင်ကိုယ်
ကျဖူးမြှော်ရောက်ရှိမှ အဖြေပေါ်တော့သည်ဟု ဆိုခဲ့ပါသည်။

မျက်မှောက်ခေတ် ပရိယတ်ပဋိပတ် သာသနာတော်တွင် နေ
လအသွင် သီလ သမာဓိ ပညာ သိက္ခာသုံးပါးဂုဏ်တို့ဖြင့် ပြည့်စုံ
ထင်ရှားတော်မှုသော အင်းလေး ရွှေဥဒေါင်းတောင် ဆရာတော်ဘု
ရားကြီးသည် သက်တော် ၉၄ နှစ်
သိက္ခာတော် ၃၇ ဝါအရ အေဒီ ၁၉၈၅ ခု, နိုဝင်ဘာလ ၃ ရက်
(၁၃၄၆ ခု, ပြာသိုလဆန်း ၁၃)ရက်နေ့ညဥ့် ၁၀:၄၅ အချိန်တွင်ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။


 အင်းလေးရွှေဥဒေါင်းတောင် ဆရာတော်ဘုရားကြီး သမိုင်းကြောင်း စာအုပ်မှ ပြန်လည် မျှဝေသည်။  
(see more  သမိုင်းကြောင်း at http://thitkhat23.blogspot.com/

ရွှေဥဒေါင်းတောင် လွမ်းချင်း



ရွှေဥဒေါင်းတောင်
    ညောင်ရွှေမြို့ရဲ့ အငွေ့အသက်တွေကို ပြန်သတိရမိပါတယ်၊ ညောင်ရွှေမြို့ ကို ငယ်စဉ်ကတည်းကရင်းနှီးကျွမ်းဝင်ခဲ့မိတယ်၊
၁၉၈၄ခုနှစ်လောက်ကလူငယ်အဖွဲ့ဝင်အဖြစ် နဲ့ ညောင်ရွှေမြို့ကို ခဏခဏ လေ့လာရေး၊လုပ်အားပေး၊လူငယ်တွေ့ဆုံပွဲ၊ သင်တန်း တက်ရောက်ခြင်းအနေနဲ့ ရောက်ခဲ့ရတာ၊ အထူးသဖြင့် ငယ်ရွယ်စဉ် အလယ်တန်းကျောင်းသူ ဘ၀ဟာ အင်မတန်ပျော်စရာကောင်းခဲ့ပုံကို ခုခေတ်ကလေးတွေကို မြင်ဖူးစေချင်တယ်၊ ဟိုတုန်းက တေဇလူငယ်၊ ကြက်ခြေနီစတဲ့အသင်းအဖွဲ့တွေဟာ စည်းရုံးရေးကောင်းခဲ့ပြီး လူငယ်အချင်းချင်း ရင်းနှီး ချစ်ခင်စေခဲ့တယ်၊ ကျောင်းစာ အပြင်အခြေခံစစ်ပညာ၊ ရှေးဦး သူနာပြုစုနည်းတွေကို သင်ကြားခဲ့ရ သလို၊ ပြည်သူလူထုအကျိုးပြုလုပ်ငန်း တွေကိုလည်း လူငယ်တွေက ၀ိုင်းဝန်းကူညီခဲ့ကြတယ်၊ သန့်ရှင်းရေးလုပ်ငန်း၊ ကုသိုလ်ရေး လုပ်ငန်းတွေ အပြင် သင်္ကြန်မဏ္ဍပ်တွေမှာ စုဝေးပျော်ရွှင်စွာ သင်္ကြန်ပွဲကို ဆင်နွှဲခဲ့ကြဖူးတယ်။
    ခင်ခင်တို့ ကြက်ခြေနီ အသင်းမှ လူငယ်တွေ၊ အုပ်ချုပ်သူခေါင်းဆောင်တွေ နဲ့ရွှေဥဒေါင်းတောင် ဆရာတော်ဘုရားကြီးဂူဗိမာန် ကို အုတ်တွေလက်ဆင့်ကမ်း သယ်ခဲ့ ဖူးတဲ့ ငယ်ရွယ်စဉ်ဘ၀ကို အောက်မေ့မိတယ်၊ ရွှေဥဒေါင်းတောင်ကို စက်လှေနဲ့ပျော်ပျော် ပါးပါး သွားကြရပြီး၊ အင်းတိန်ရောက်တော့ ခြေလျင်တောင်တက်ခဲ့ရတယ်၊ တောတောင်ရှုခင်းတွေ ကို ငေးမော ကြည့်ရှုပြီး ဖြတ်လမ်းကနေ တောင်ပေါ်ကို မနားတမ်းအပြေးတက်ခဲ့ တဲ့ လူငယ်အဖွဲ့ကိုလည်း ခုချိန်ထိ သတိရနေမိတယ်။
    ခင်ခင်တို့ လုပ်အားပေးခဲ့တဲ့ ဂူဗိမာန်က ရွှေဥဒေါင်းတောင် ဆရာတော်ကြီး ပျံလွန်တော်မူရင် ရပ်ကလာပ်တော်ကိုထည့်သွင်းကိုးကွယ် မယ့် ဂူဗိမာန် အဆောက်အဦ ဖြစ်တယ်၊ ခင်တို့ တောင်ပေါ်ရောက်တော့ ခဏ နားပြီး ထမင်းစားကြတယ်၊ အင်မတန် တန်ခိုးကြီးတဲ့ ဆရာတော်ဘုရားဖြစ်ပြီး၊ အနယ်နယ်အရပ်ရပ်ကလာတဲ့ ဧည့်ပရိသတ် အပေါင်းကို ထမင်းကျွေးတယ်၊ မစားရတဲ့သူမရှိစေရဘူး၊ လာသမျှ လူပရိသတ်တိုင်း အတွက် ထမင်းဟင်းအဆင်သင့်ပဲ၊ အဲဒါကိုက ဘုန်းဘုန်း ရဲ့တန်ခိုးတော်ဖြစ်တယ်။
    ခင်ခင်တို့ လူငယ်အဖွဲ့တွေ ထမင်းစားကြတော့  ဆန်နီနီထွေးထွေးလေးနဲ့ ပဲဟင်း ရယ်၊ ငြုပ်သီးခြောက်ကြော်ရယ်ကို မြင်ယုံနဲ့တင် သွားရည်ကျတယ်၊ စားတော့ နှစ်ပန်းကန် အသာလေးပဲ၊ ဥဒေါင်းတောင် တောင်ပေါ်မှာ သတ်သတ်လွတ်ပဲ ကျွေးတာတောင် လူတွေ မထနိုင်အောင် ထမင်းမြိန်၊ ဆေးဘက်ဝင်ခဲ့ရတယ်၊ စားဖူးသမျှသော ထမင်းပွဲတွေထဲမှာ ဥဒေါင်းတောင်ပေါ်က ထမင်းဟာ ဘာနဲ့မှမလဲနိုင်တဲ့ မြိန်တဲ့ထမင်းပွဲပဲ၊    ခင်တို့တွေ ထမင်းစားပြီးခဏနားကြတယ်၊ ပြီးတော့အုတ်တွေကို လက်ဆင့်ကမ်းသယ်ကြတယ်၊ နေ၀င် မှ ခြေလက်သန့်စင်၊ ထမင်းစားပြီး၊ နားကြတယ်လေ၊ ခင်ခင်ကတော့ နားဖို့မစဉ်းစားဘူး၊ ဆရာတော်ဘုရားရဲ့ အခန်းထဲဝင်ပြီး ကန်တော့ရင်း သူငယ်ချင်းတွေနဲ့အတူတူ ဆရာတော် ဘုရားကို ခြေထောက်နှိပ်နယ်ပေးတယ်၊ ဘုရားစာရွတ်တယ်။
    ဆရာတော်ဘုရားရဲ့ခြေထောက်တော်ကို နှိပ်ပေးရင်း ခင်ခင် ၀မ်းသာကျေနပ်မိတယ်၊ ခင်ခင်တို့ ဆရာတော်ဘုရားကို ဖူးခွင့်ကြုံလို့ ပထမဆုံးလာဖူးရတာရယ်၊ ဆရာတော်ဘုရား ဂူဗိမ္မာန်ကို လုပ်အား ပေး အုတ်သယ်ပေးရတာရယ်ဟာ ကံတရားကြောင့်လို့တွေးပြီး ပီတိ ဖြစ် ဂုဏ်ယူရတာပါ။
    နိုင်ငံခြားလေယာဉ်မောင်းတဲ့ ပိုင်းလော့တစ်ဦးက ဝေဟင်ထက်မှာ လေယာဉ်မောင်းရင်း လေယာဉ်မောင်းခန်းမှန်ကနေ မြန်မာပြည်က ဘုန်းတော်ကြီးတစ်ပါးကို ထင်ထင်ရှားရှား ဈာန်ကြွမြန်း နေတာကို ဖူးမြှော်ခဲ့ရ သတဲ့၊ မြန်မာပြည်ကဆရာတော် တစ်ပါး ဖြစ်မှန်း သိတဲ့ အတွက် မြန်မာပြည်အနှံ့ဆရာတော်ကို လိုက်လံရှာဖွေခဲ့ပေမယ့် ၊ ဘယ်မှာမှ မတွေ့ခဲ့ရဘူး၊ ရှမ်းပြည်နယ် အင်းလေးဒေသ ကို ရောက်မှ ရွှေဥဒေါင်းတောင် တောင်ပေါ်ကို ဘုရားဖူးတက်ခဲ့ရင်း ဆရာတော်ဘုရားကို ဖူးမြင်ရတဲ့အချိန် မှာ  ဆရာတော်ရဲ့မျက်နှာတော်ကို မြင်မှ မိမိလိုက်ရှာနေတဲ့ ဈာန်နဲ့ကြွမြန်းတဲ့ ရဟန္တာတစ်ပါး ဖြစ်နေ   မှန်းသိခဲ့ရသတဲ့၊ ၀မ်းသာအားရနဲ့ဆရာတော်ဘုရားကို နိုင်ငံတကာဝေဟင်ထက်မှာ ဈာန်ကြွမြန်း လာသည်ကို ဖူးတွေ့ရပါကြောင်း လျှောက်ထားတဲ့အခါ ဘုန်းတော်ကြီးဘုရားက ပြုံးတော်မူသတဲ့၊ ရဟန္တအစစ်အမှန်တွေဟာ ဘယ်တော့ မှ ရဟန္တလို့ မမြွက်ကြားကြပါဘူး၊ ဒါနဲ့ ပိုင်းလော့ကြီးရဲ့ဝမ်းသာ ပျော်ရွှင်မှုဟာ မြန်ပြည်တစ်လွှားတင်မက နိုင်ငံတကာထိပျံ့နှံ့သွားခဲ့ရတယ်
တစ်ဆင့်စကားတစ်ဆင့်  နဲ့ပဲ  ဝေးလံခေါင်သီတဲ့ တောထဲ တောင်ထဲက ရွှေဥဒေါင်းတောင်   ကို နေ့စဉ်နေ့တိုင်း ဘုရားဖူး ပရိသတ်ဟာ နည်းမှမနည်းပဲ၊ မြန်မာပြည်မှာ တစ်ခေတ်တစ်ခါက အတော်ကို နာမယ်ကြီးခဲ့တာ၊ ရွှေဥဒေါင်း တောင်ဆရာတော်ရဲ့ နောက်မှာမှ ကုံလုံဆရာတော်တို့ ၊ သာမညဆရာတော်တို့ အသီးသီးပေါ်ထွန်း လာခဲ့တာပါ။
    ခင်ခင်တို့ လူငယ်အဖွဲ့တွေက ဆရာတော်ဘုရားကို နှိပ်ပေးပြီး ဦးချကန်တော့တဲ့အခါ ဆရာတော်က ကျန်းမာချမ်းသာကြပါစေ၊ သာသနာကို စောင့်ရှောက်သူတွေဖြစ်ပါစေလို့ ဆုတောင်းပေးခဲ့တယ်၊ ခင်တို့က ညမအိပ်ခင် အရှေ့ဘက်ယွန်းယွန်းမှာ တောင်ပေါ်ကနေစီးမိုးမြင်နေရတဲ့ မီးရောင်လေး တွေကို ကြည့်ပြီး လေနုအေးလေးတွေ ပါးကို အေးစက်စွာထိနေတာကို ကြံ့ကြံ့ခံရင်း ဒီဇင်ဘာ လကုန်ရက်မှာ အစွမ်းကုန်ကြည်နူးပျော်ရွှင်ခဲ့တဲ့ ရွှေဥဒေါင်းတောင်ကနေ လှမ်းမြင်ရတဲ့ အင်းလေးဒေသ ညအလှ ရှုခင်းကြီးကိုလည်း ကြည့်လို့မ၀၊ ဖြစ်ခဲ့ရတယ်။
    နောက်တစ်နေ့မှာ လုပ်အားပေးပြီး ညနေမရောက်ခင် ပြန်ကြတော့ ဆရာတော်ကို တပည့်တော်တို့ လာဖူးဦးမယ်လို့ ဦးချကန့်တော့ တော့ ဆရာတော်က ပြုံးပြခဲ့တယ်၊ အင်မတန်မှ လက်ရာမြောက်တဲ့ ကြေးသွန်း ပုံတူတော်ကို ရောက်ရောက်ချင်း ထိုင်ကန့်တော့ခဲ့ကြပြီး ဆရာတော်အစစ်ကို မြင်တော့ ခင်တို့သူငယ်ချင်းတွေ ပြုံးခဲ့ကြတာကိုလည်း မှတ်မိပါရဲ့၊ ဆရာတော်ဘုရားရဲ့ပုံတူကို ပြုလုပ် ထားတာကိုက တကယ့် ဘုန်းဘုန်းအစစ်လို့ ထင်မိတဲ့အထိ ပါပဲ။
    သိပ်မကြာဘူး ရက်ပိုင်းလေးမှာပဲ မှတ်မှတ်ရရ ဇန်န၀ါရီလ (၃)ရက်နေ့(အခြေခံဥပဒေနေ့)မှာ ``ဆရာတော် ပျံလွန်တော်မူကြောင်း``ကြားသိရတော့ မျက်ရည်များတောင်ကျမိပါရဲ့၊ ဆရာတော်ကို ပထမဆုံးဖူးခဲ့ရပြီး နောက်ဆုံးအနေနဲ့ နှိပ်ပေးခဲ့ရတဲ့ ထူးခြားတဲ့ကံတရားကို အဖန်ဖန်ကျေးဇူးတင်နေ မိတယ်၊ ဆရာတော် ရုပ်ကလာပ် စံပါယ်မယ့် ဂူဗိမာန် တည်ဆောက်ရာမှာ အုတ်တွေသယ်ပေး ခဲ့ရတဲ့ ကုသိုလ်ကိုလည်း ပီတိဖြာ ခဲ့ရတယ်။
    နောက်ပိုင်းမှာတော့ ဆရာတော် သက်ရှိထင်ရှားရှိခဲ့စဉ်က တန်းခိုးကြီးတော်မူခဲ့တဲ့၊ ကျော်ကြား တော်မူခဲ့တဲ့ ဥဒေါင်းတောင် ဟာ ဆရာတော်ပျံလွန်တော်မူပြီးနောက်မှာ ဘုရားဖူးပရိသတ်တွေ တဖြည်း ဖြည်း လျော့နည်းလာတယ်၊ ပြီးတော့ ရွှေဥဒေါင်းတောင်ရဲ့ သမိုင်းဟာ မှေးမိန်ခဲ့ရတယ်၊ နောက်ပိုင်း  မှာ နယ်မြေမအေးချမ်းဘူးဆိုတဲ့ သတင်းစကားသာကြားခဲ့ရတယ်၊ မြန်မာပြည် အနယ်နယ်အရပ် ရပ် က ဘုရားဖူးတွေဟာ ပျံလွန်တော်မူပြီးနောက်ပိုင်း တောင်ပေါ်ကို မတက်ကြတော့ဘူး၊ တောင်ပေါ်က သာသနိက အဆောက်အဦတွေ၊ ဆေးစိမ်ထားတဲ့ ဆရာတော်ရဲ့ သက်မဲ့ခန္တာ ၊ ဒါတွေကို တောင်ပေါ်မှာ မထင်မရှားနဲ့ ထားခဲ့ကြတာကို တွေးမိလေတိုင်း မျက်ရည်ဝဲ ၀မ်းနည်းရပါတယ်။
    နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာ အင်းတိန် ဘုရားတွေဟာ နိုင်ငံတကာအနှံ့ ကျော်ဇောခဲ့တယ်  အဲဒီ ရှေးအကျဆုံးဘုရား စေတီလက်ရာတွေကို နိုင်ငံခြားသားတွေက အမြတ်တနိုးလာရောက်ဖူးမြှော် လေ့လာမဆုံးကြဘူး၊ ဘုရားလှေကားအတက်အဆင်းအရှည်ကြီးကို တက်ရင်း ငယ်ဘ၀ကို အောက်မေ့မိသလို၊ တချိန်က ဟုန်းဟုန်းတောက် ကျော်ကြားခဲ့တဲ့ ရွှေဥဒေါင်းတောင် သွား တောလမ်း၊ တောင် အသွယ်သွယ်ကို လှမ်းမျှော်ကြည့်ရင်း တစ်ခေါက်တစ်ခါ သွားချင်မိပါရဲ့၊ ရွှေဥဒေါင်းတောင်နာမည်ကြီးခဲ့စဉ်က အင်းတိန်ဘုရားကနေ ဟိုဘက် တောင်တွေပေါ်ကို ခြေလျင်တက်ခဲ့ကြရတာ၊ ခုတော့ လမ်းခုလပ်က အင်းတိန်ဟာ ကမ္ဘာကျော် ဘုရားတွေဖြစ်ခဲ့ရပြီး တချိန်က ကမ္ဘာကျော် ရွှေဥဒေါင်းတောင်ကို အမှတ်မရကြတော့ တာကိုတော့ ရင်ထဲမှာ စိတ်မကောင်းဖြစ်ရအခါခါပါ။
    နိုင်ငံကျော် ရှေးစေတီပုထိုးတွေကြောင့် အင်းတိန်ဟာ ပြည်တွင်း/ပြည်ပ ဘုရားဖူးတွေရဲ့  အကြိုက်နေရာတစ်ခုပါ၊ ခင်ခင် မိတ်ဆွေတွေလာတိုင်း ညောင်ရွှေမြို့၊ ဆည်မြောင်းဦးစီးဌာနက EE ဦးစိုးအောင်က အမြဲ ဘုရားဖူးဖို့ စီစဉ်ပေးခဲ့တိုင်း မိတ်ဆွေတွေကို အင်းတိန်ထိအရောက် ဘုရားဖူးလိုက် ပို့ရင်းနဲ့ ရွှေဥဒေါင်းတောင်ရှိရာ တောင်ကြောကို လှမ်းပြရင်း အရင်က ကျော်ဇောခဲ့တဲ့ တောင်ဖြစ်တဲ့အကြောင်းကို မမောနိုင်မပန်းနိုင်ရှင်းပြရင်း သတိရမှုတွေက အလွန်ကို ပါပဲ။အင်းတိန်ကို သွားတဲ့အခါ ရေအလွန်ကျနေရင်တော့ ချောင်းရိုးလေးမှာ ရေနည်းတော့ စက်လှေတွေ သွားမရဘူး၊ ရေများ ရင်တော့ စက်လှေတွေသွားလို့ရတယ်၊ အခုတော့ အင်းပတ်လမ်း ဖောက်ထားပြီးလို့ အင်းလေးကို စက်လှေနဲ့မသွားဘဲ ကန်ပတ်လမ်းကနေ အင်းတိမ်အထိသွားလို့ရတယ်လို့ သိထားပေမယ့်၊ ကားနဲ့ တစ်ခါမှ မရောက်ဖူးသေးဘူး။
    အင်းတိန်ဘုရားပေါ်ရောက်တာနဲ့ ဘုရားတောင်ဘက်က စေတီတွေကို ပတ်ပြီး ဟိုးဝေးဝေးက ရွှေဥဒေါင်းတောင်ကို ၀မ်းနည်းစွာကြည့်ခဲ့ရတာအကြိမ်ကြိမ်ပါ၊ သွားချင်စိတ်တွေ တဖွားဖွားပေါ်လာ ပြီး အရင်ကလို ဘုရားဖူးတွေကို မျှော်လင့်နေမိတယ်၊ ``ဟိုးမှာတွေ့လား တောင်မြင့်မြင့်ကြီး အဲဒီနေရာမှာ ရဟန္တာတစ်ပါး သီတင်းသုံးခဲ့ပြီး မြန်မာပြည်မှာ ရွှေဥဒေါင်းတောင် ဆိုတဲ့နေရာအဖြစ်တည်ရှိ ခဲ့ဖူးတဲ့တောင်ပဲ၊ ဒီမြေလမ်းလေးအတိုင်း တဖြည်းဖြည်းတက်သွားရင် သိပ်မကြာခင်မှာပဲ တောင်ထိပ်အထိ ရောက်တယ်၊ တောင်ပေါ်ကနေ အင်းလေးဒေသအလှပေါင်းစုံကိုမြင်ရသလို  အင်းလေးကန်ထဲ စီးဝင်တဲ့ ချောင်းတွေကိုလည်း ထင်ရှားစွာမြင်ရတဲ့၊ ရှုခင်းလှသလို အင်မတန်ငြိမ်းချမ်းတဲ့ နေရာလေး၊ ဆိုတာကို နှစ်ပေါင်း များစွာ ကလေးဘ၀က မြင်ခဲ့ မှတ်မိခဲ့တာတွေ ရှင်းပြနေတဲ့ ခင်ခင့် စိတ်ထဲမှာတော့ အဲဒီတောင်ပေါ်ကို တက်ပြီး ဆရာတော်ရဲ့ ရုပ်ကလာပ်ကို ဖူးချင်နေမိတာအမြဲပဲ၊ တောင်ပေါ်ကိုလှမ်းမျှော်ကြည့်ရင်း ယခင်က စည်ကားခဲ့ပုံ၊ ဘုရားဖူးပရိသတ်များစွာ ဥဒဟို သွားလာခဲ့တဲ့ မြေလမ်းကျယ် ကျယ်ဟာ ခုတော့ ကျဉ်းသွားတာ၊ လူတွေရဲ့ အတ္တကို လည်း ဆင်ခြင်မိတယ်၊ လူပဲဖြစ်ဖြစ် ရဟန္တာ ပဲ ဖြစ်ဖြစ် သက်ရှိထင်ရှားရှိစဉ်မှာ ဂုဏ်ဒြပ်တွေ ပြည့်စုံချိန်မှာသာ အနားကို တိုးဝှေ့ဝင်ကြတယ်၊ ဘာမှ မရှိတော့တဲ့အခါ လှည့်တောင်မကြည့်ကြတော့ပါလားလို့ သံဝေက ရမိပါရဲ့။
    ဆရာတော်ဘုရားရဲ့ သက်မဲ့ ခန္တာဟာ အခုချိန်ထိ ရွှေဥဒေါင်းတောင် တောင်ပေါ်မှာ ရှိနေဆဲပါ၊ ဓါတ်တော်တွေ ဘယ်လောက်တောင်ကျနေမလဲ၊ ခုချိန်ဆို ဆရာတော်ရဲ့ ဆံတော်တွေ ရှည်နေရောပေါ့၊ လက်သည်းတော်တွေလည်း ရှည်နေရောပေါ့၊ နှစ်ပေါင်း ဆယ်စုနှစ်သုံးခုနီးပါး ကြာညောင်းခဲ့ပြီဆိုတော့  ရုပ်ကလာပ်ကို ကြည့်ရှုစောင့်ရှောက်တဲ့ ဆရာတော်တွေကော ဆွမ်းကွမ်းပြည့်စုံတော်မူကြပါရဲ့ လား၊ သံဃာတော်တွေကော ရှိကြသေးရဲ့လား ခင်ခင် စဉ်းစားနေမိတာပါ။
    ရှမ်းပြည်နယ်တစ်ခုလုံး အေးချမ်းတည်ငြိမ်နေပြီဖြစ်တဲ့အတွက် ရွှေဥဒေါင်းတောင်ရဲ့ လက်ရှိ အနေအထားကို ပြုပြင်မွမ်းမံပြီး တစ်ခါတုန်းက တန်ခိုးကြီးကျောဇောခဲ့တဲ့ ရဟန္တာတစ်ပါး စံမြန်းတရား အားထုတ်ခဲ့ရာ တောင်တော်ကို ပြည်တွင်း/ပြည်ပ ဘုရားဖူးတွေနဲ့ ပြန်လည်စည်ကားစေချင်မိပါတယ်၊ ဆရာတော်ရှိစဉ်အခါက ဘုရားတောင်ပေါ်ကို လူဦးရေ ထောင်နဲ့ချီရောက်လာရင်တောင် လာသမျှကို ထမင်း ကျွေးနိုင်အောင် နတ်တွေက ကူညီချက်ပေးခဲ့သလိုပဲ၊ ဘယ်သူမှ ထမင်းဟင်းမစားရတာမရှိ အောင်ကို အမှန်တကယ်  ဆရာတော်ဘုရားရဲ့ ဘုန်းတော် မေတ္တာတော် တန်ခိုးတော် တွေကြောင့်  ပြည့်စုံခဲ့ရတယ်၊ ထမင်း နီနီ ၊ သတ်သတ်လွတ်ပဲဟင်း၊ ငြုပ်သီးကြော်နဲ့ ဆားဟာ အင်မတန် ချိုမြိန်ခဲ့တာ သွားဖူးသူတိုင်း ယနေ့တိုင်ထိ ပါးစပ်ထဲမှာ ဒီအရသာ ကိုသတိတရရှိနေကြမှာပါ။
    ညောင်ရွှေမြို့လေးဟာ ရှမ်းပြည်နယ်တောင်ပိုင်း မှာရှိပြီး အင်းလေးဖောင်တော်ဦးဘုရားကို သွားရင်  စက်လှေစီးရတဲ့ လှေဆိပ်မြို့လေးပါ၊ အဲဒီကနေ စက်လှေနဲ့ ဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရား၊ ရေခြံ၊ ရေပေါ်ဈေး၊ ကြောင်ခုန်ကျောင်းနဲ့ ပန်းပဲ၊ ယက္ကန်းစင်တွေ၊ ငွေပန်းတိမ် တွေကို လေ့လာ သွားရောက်ကြတဲ့ အခါ  မရောက်မဖြစ် သွားစေချင်တာက အင်းတိန်ဘုရားပါ၊ ပြီးရင် ဘုရားကုန်းတော်ပေါ်ကနေ လှမ်းမျှော်ကြည့်တဲ့အခါ ရွှေဥဒေါင်းတောင်  တောင်ထိပ်ကို လှမ်းမြင်ရပါ လိမ့်မယ်၊ ဖူးမြင်ရတဲ့အခိုက်မှာ တစ်ချိန်တစ်ခါက မြန်မာပြည်မှာ ထင်ရှားကျော်ဇောခဲ့တဲ့ ရဟန္တာတစ်ပါး သီတင်းသုံးတော်မူခဲ့တဲ့၊ နေရာလေးကို သွားရောက်ဖူးမြှော်မိချင်လာလိမ့်မယ်၊ ပြီးတော့ မြန်မာပြည်က ရဟန္တာတစ်ပါး ရဲ့ သက်မဲ့ ခန္တာဟာ ဒီတောင်ပေါ်မှာ မပုတ်မသိုး  စံမြန်း သီတင်းသုံးလျှက်ရှိနေသေးပါ လားဆိုတဲ့ အတွေးဝင်လာတဲ့ အခါ ဖူးမြှော်ချင်တဲ့စိတ်နဲ့ ကြက်သီးတွေထလာပါလိမ့်မယ်၊ ၀မ်းသာပီတိ ကြက်သီးတွေဖြစ်လာတဲ့အခါမှာ ဖူးမြှော်ချင်လာပါလိမ့်မယ်၊ ဒီလို စိတ်တွေ စုစည်းမိလာတဲ့အခါ မဝေးတော့တဲ့ တစ်နေ့မှာ ရွှေဥဒေါင်းတောင်ဟာ စည်းကားလာပါလိမ့်မယ်၊ မြန်မာပြည်မှာ မှေးမှိန်ခဲ့တဲ့နေရာ လေးတွေမှာ ပုံပြင်မဟုတ်တဲ့ ခေတ်အဆက်ဆက်က အတိတ်ကာလ သမိုင်းတွေကို ပြန်လည် အသက်သွင်းရင်း နဲ့  ခင်ခင့် ရင်ထဲမှာ ဆုတစ်ဆုတောင်းနေမိတယ်။
    ခင်ခင်လည်း`` ရွှေဥဒေါင်းတောင် ဆရာတော် ဘုရား ကို မြန်မာပြည်သူပြည်သားတွေနဲ့ ကမ္ဘာသူကမ္ဘာသားတွေနဲ့အတူ လှမ်းတက် ဖူးမျှော်လိုရပါလို၏``လို့လေ။
    ခင်ခင့် နှလုံးသားအသိထဲကလာတဲ့ စေတနာမှန်ကြောင့် ရွှေဥဒေါင်းတောင်ကို  ရဟန္တာအရှင် မြတ် သက်ရှိထင်ရှား ရှိခဲ့စဉ်က ကဲ့သို့  မြန်ပြည်တစ်ခွင်၊ ကမ္ဘာတစ်ခွင်မှာ ကျော်ဇောမှု တစ်ဖန် ရှင်သန် နှိုးထပြီး မကြာမီအချိန်အတွင်းမှာ  ကမ္ဘာ့ကျော် ပါစေသတည်းလို့။
`                                        
စာရေးသူ   (ယွန်းဆုဝဿန်)3-9-2012(11း55pm)တောင်ကြီးမြို့။
 

No comments:

Post a Comment