Sunday, August 30, 2015

သင်​​သေသွား​သော်​ ( ဆရာ​ဇော်​ဂျီ )

ဩော်​ လူ့ပြည်​​လောက လူ့ဘ၀ကား
အိုရ နာရ ​သေရ ဦးမည်​ မှန်​​ပေသည်​တည့်​။
သို့တပြီးကား . . . .
သင်​​သေသွား​သော်
သင်​ဖွား​သော​မြေ သင်​တို့​မြေသည်
အ​ခြေတိုးမြှင့်​ ကျန်​​ကောင်းသင့်​၏
သင်​၏မျိုးသား စာစကားလည်း
ကြီးပွါးတိုးမြှင့်​ ကျန်​​ကောင်းသင့်​၏
သင်​ဦးချ၍ အမျှ​ဝေရာ ​စေတီသာနှင့်​ သစ္စာအ​ရောင် ဥာဏ်​တန်​​ဆောင်​လည်း
ပြောင်​လျက်​၀င်းလျက်​ ကျန်​​စေ သတည်း။


No comments:

Post a Comment