Thursday, June 11, 2015
ဘုရားလောင်း သိဒ္ဓိတ္တမင်းသား၏ ဆရာ ၅ ပါး
ဘုရားလောင်း သိဒ္ဓိတ္တမင်းသား၏ ဆရာ ၅ ပါးမှာ = =
၁။ ဘုရားလောင်း ဖွားတော်မူစက လက္ခဏာဖတ်သော ပုဏ္ဏားရှစ်ယောက်ကား ချမ်းသာကြောင်း
ကို ကြားကုန်၍ အစောင့်အရှောက်ပြုကုန်၏။
၂။ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးက သဒ္ဒါကျမ်း၊ ဗျာကရိုဏ်းကျမ်း၊ ဆဠင်္ဂကျမ်းတို့ကို သင်စေ
ရန် အပ်သော သဗ္ဗမိတ္တပုဏ္ဏား။
၃။ ဘုရားလောင်းကို ထိတ်လန့် သံဝေဂ ရစေသော နတ်သား။
၎။ အာကိဉ္စညာယတနဈာန်၏ ပရိကံကို ကြားစေသော အာဠာရ ရသေ့။
၅။ နေ၀သညာ နာသညာယတနဈာန်၏ ပရိကံကို ကြားစေသော ဥဒက ရသေ့တို့ ဖြစ်ပါတယ်။
{ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ တဆင့်ကူးယူရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား) ဦးသိန်းဝေ။

Subscribe to:
Post Comments (Atom)
No comments:
Post a Comment