Sunday, May 17, 2015
ကိလေသာဆိုတာ/ ကိလေသာ(၁၀)ပါး / ကုသိုလ် ဖြစ်ကြောင်းများ
ကိလေသာ
ကိလေသာဆိုတာ
ဘိုးတော်ဦးဝိုင်းရဲ့ ကြောင်လိုပါပဲ။
ကြွက်မတွေ့ခင်..
လိမ္မာလိုက်တာလွန်ရော။
ကြွက်လည်းတွေ့ရော အဲဒီနောက်ကို
တန်းတန်းစွဲ လိုက်တော့တာပါပဲ။
ဒီလိုပဲ...
ကိလေသာဆိုတာ
အာရုံနဲ့တွေ့ရင် ထကြွတော့တာပဲ။
မထကြွအောင် သတိဆိုတဲ့
ရှုမှတ်မှုက မပြတ် တရစပ်
ရှိနေနိုင်မှ တော်ကာကျမှာ။
ရွှေဥမင်ဆရာတော်ဘုရားကြီး။
ကိလေသာ(၁၀)ပါး
(၁) လောဘ - ကာမဂုဏ်၌ တပ်မက်မှု၊ တပ်မက်ခြင်းသဘော
(၂) ဒေါသ - ထိခတ်ပြစ်မှားမှု၊ ထိခတ်ပြစ်မှားခြင်းသဘော
(၃) မောဟ - မသိမိုက်မဲမှု၊ တွေဝေမိုက်မဲခြင်းသဘော
(၄) မာန - မောက်မာထောင်လွှားမှု၊ ထောင်လွှားခြင်းသဘော
(၅) ဒိဋ္ဌိ - မိစ္ဆာဒိဋ္ဌိ အမြင်မှားမှု၊ အမြင်မှားခြင်းသဘော
(၆) ၀ိစိကိစ္ဆာ - သံသယကြီးမှု၊ ယုံမှားခြင်းသဘော
(၇) ထိန - စိတ်ထိုင်းမှု၊ ထိုင်းမှိုင်းခြင်းသဘော
(၈) ဥဒ္ဓစ္စ - ပျံ့လွှင့်မှု၊ ပျံ့လွှင့်ခြင်းသဘော
(၉) အဟိရိက-ဒုစရိုက်မှ မရှက်မှု၊ မရှက်ခြင်းသဘော
(၁၀) အနောတ္တပ္ပ- ဒုစရိုက်မှ မကြောက်မှု၊ မကြောက်ခြင်းသဘော။
ဒေါသကို သဘာဝလို့ စဉ်းစားရင် လက်ခံသလား။
ဒေါသဟာ သဘာဝပဲ။
အားလုံးမှာရှိတယ်။
ဒေါသဟာ သဘာဝတရားတစ်ခု။
ကိုယ့်ဆီမှာဖြစ်လည်း ဒီပုံစံပဲ။ သူ့ ဆီမှာ
ဖြစ်လည်း ဒီပုံစံပဲ။
ဒေါသက သဘာဝချင်းတူရဲ့ သားနဲ့ 
ဘာဖြစ်လို့  သူ့ ဆီမှာ အားပိုကြီးလဲ။
ဘာဖြစ်လို့  သူ့ ဆီမှာ အားပိုနည်းလဲ။
ဘာကြောင့်လဲ။အကြောင်းတွေက
အများကြီးပဲ။ လိုချင်တာ အားကြီးရင်
လည်း ဒေါသကြီးတယ်။
ဒေါသကြီးနေကျဆိုရင်လည်း ဒေါသ
ကြီးတယ်။
အတိတ်ကအထုံတွေ အလေ့အကျင့်
များထားရင်လည်း ဒေါသကြီးမှာပဲ။
နောက်ပြီး အစွဲအလမ်းကြီးတဲ့အပေါ်မှာလည်းဖြစ်
တယ်။ တစ်ခါတစ်ခါ ဒေါသကြီးတာက
ဒီကိစ္စနဲ့ သူမဖြစ်ဘူး။ ဟိုကိစ္စနဲ့ သူဖြစ်တယ်။
ပြင်းအား (intensity ) မတူဘူး။
သဘာဝ( Nature)ကအတူတူပဲ။
အာရုံကို အသေးစိတ်သိဖို့ က အဓိကမကျဘူး။ သတိရှိဖို့ က အဓိကကျတယ်။
ကိုယ်ကအာရုံကို အသေးစိတ်သိအောင်လိုက်မကြည့်နဲ့ ။
သူကလာပြမှ ပေါ်နေပြီးသားပဲ။
အရေးကြီးတာက စိတ်ရဲ့ 
အရည်အသွေးqualityကအရေးကြီးတယ်။
အာရုံရဲ့ အရည်အသွေး(quality)က
အရေးမကြီးဘူး။ဝေဒနာကို ဝေဒနာလို့ 
ယူလိုက်။ အဲဒီနှလုံးသွင်း ရှိတာနဲ့ 
အာရုံတွေလာသမျှ ကိုယ်က သတိဖြစ်
မှာပါပဲ။
အရှင်တေဇနိယ(ရွှေဥမင်)၏
ဘဝထဲမှာ တရားရှိစေချင်ပါတယ်
တရားတော်မှ ထုတ်နှုတ်ပူဇော်မျှဝေပါသည်။
ကုသိုလ် ဖြစ်ကြောင်းများ
၁။ ယောနိသောမနသိကာရ = မှန်မှန်ကန်ကန် စဉ်းစားနိုင်ခြင်း
၂။ အတ္တသမ္မာပဏိဓိ = ကိုယ်နှင့်စိတ်ကို အကုသိုလ်မဖြစ်အောင် ထိန်းနိုင်ခြင်း
၃။ သဒ္ဓမ္မဿ ၀န = သူတော်ကောင်းတရား နာရခြင်း
၎။ သပ္ပုရိသူပနိဿ ယ = သူတော်ကောင်းနှင့် ပေါင်းသင်းရခြင်း
၅။ ပဋိရူပဒေသ၀ါသ = သူတော်ကောင်းရှိရာ အရပ်၌ နေရခြင်း
၆။ ပုဗ္ဗေ စ ကတပုညတာ = ရှေးရှေးဘ၀က ကုသိုလ်ပြုခဲ့ဖူးခြင်း
ရှေးရှေးဘ၀က ကုသိုလ်ပြုခဲ့ဖူးလို့ သူတော်ကောင်းရှိရာ အရပ်မှာ နေခွင့်ရကြတယ်။ သူတော်ကောင်းရှိရာ အရပ်မှာ နေကြလို့လဲ သူတော်ကောင်းနှင့် ပေါင်းသင်းခွင့်ရကြတယ်။ သူတော်ကောင်းနှင့် ပေါင်းသင်းကြလို့လဲ သူတော်ကောင်းတရားတွေကို နာကြားခွင့်ရကြတယ်။ သူတော်ကောင်းတရားတွေ မကြာခဏ နာကြားကြလို့လဲ ကိုယ်နှင့်စိတ်ကို အကုသိုလ်မဖြစ်အောင် ထိန်းထားနိုင်ကြတယ်။ ကိုယ်နှင့်စိတ်ကို အကုသိုလ်မဖြစ်အောင် ထိန်းထားနိုင်ကြလို့လဲ ယောနိသောမနသိကာရ ဖြစ်နိုင်ကြတယ်။ ။ (ကုသလကာရီ အဘိဓမ္မာ ပို့ချချက်)
တရား အ လှူ နတ် လူ သာဓု သာဓု သာဓု ခေါ်စေသော်

Subscribe to:
Post Comments (Atom)
No comments:
Post a Comment