Sunday, December 8, 2013

စရိုက် နှင့် သမထပိုင်းမှ ကမ္မဋ္ဌာန်း။ (၀ိပဿနာအလုပ်သည် ဉာဏ်အလုပ် - မိုးကုတ်ဆရာတော်ကြီး)

စရိုက်
စရိုက်ဆိုသည်မှာပင်ကိုရိုးရာ သူတကာဖြစ်နေကျထက် လွန်လွန်ကဲကဲဖြစ်တတ်သည်ကိုခေါ်သည်။
စရိုက် ၆ ပါးစရိုက် ၆ ပါး အပြားရှိ၏ ၊ ထိုခြောက်ပါးကား...
၁ ။ ရာဂ စရိုက် ...ဝတ္တုကာမ၊ကိလေသာကာမတို့ ၌လွန်ကဲစွာကပ်ငြိတတ်သောအကျင့်၊
၂ ။ ဒေါသစရိုက် ... အာဃာတ ၊ ဣဿာ၊မစ္ဆရိယစသည်တို့ ၌လွန်ကဲသည့်အကျင့် ၊
၃ ။ မောဟစရိုက် ... ထိုင်းမှိုင်းတွေဝေခြင်းလွန်ကဲသည့်အကျင့် ၊
၎ ။ သဒ္ဒါစရိုက် .... ယုံကြည်လွယ်လေ့ရှိသော အကျင့် ၊
၅ ။ ဝိတက်စရိုက် ..... စိတ်ကူးယဉ်တတ်သောအကျင့် ၊
၆ ။ ပညာစရိုက် ....အရာရာ၌အကြောင်းအကျိုးအကောင်းအဆိုးတို့ ကိုဆင်ခြင်တတ်သောအကျင့်
(http:/buddhismworld.ning.com/profiles/blogs/6371237:BlogPost:216582 မှ )

လောကဓံ တရားနှင့် ကြုံလာရင် မတုန်မလှုပ်သီးခံ နိုင်တာ စိုးရိမ်ပူဆွေး သောက မဖြစ်တာ ကို မင်္ဂလာ အဖြစ် ဗုဒ္ဓဘုရားရှင် ထုတ်ဖေါ် ဟောကြားထားခဲ့ပါတယ်။ လောကဓံတရား ရှစ်ပါးဆိုတာက လာဘ်ရခြင်း၊ အခြွေအရံများခြင်း၊ အခြွေအရံနည်းခြင်း၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ချမ်းသာခြင်း၊ ဒုက္ခဖြစ်ခြင်း တို့ဖြစ်ပါတယ်။
အများစုကတော့ အကောင်းလောကဓံ ကြုံတွေ့ရင် တပြုံးပြုံးနှင့် ရှိတတ်ပြီး အဆိုးလောကဓံ နှင့် ကြုံတွေ့ချိန်မှာ တငိုငိုတရယ်ရယ် ရှိတတ်ပါတယ်။ ဘယ်လိုလောကဓံမျိုးနှင့် ကြုံလာ ကြုံလာ မတုန်မလှုပ်သီးခံ နိုင်ဖို့ အတွက် မိမိစိတ်ကို ကိုလေ့ကျင့်ထားရပါတယ်။ စိတ်လေ့ကျင့်ခန်းလုပ်ရပါတယ်။
သမထ ကမ္မဌာန်း နှင့် ၀ိပဿနာ ကမ္မဌာန်း ဟု ကမ္မဌာန်း ၂ မျိုး ရှိပါတယ်။ ဗုဒ္ဓဘုရားရှင်က ပုဂ္ဂိုလ် စရိုက် အားလျော်စွာ သမထကမ္မဌာန်း အမျိုးအစား ၄၀ ဟောထားပေးပါတယ်။ အာနာပါန နုဿတိ ကမ္မဌာန်း က လူသိများထင်ရှားပါတယ်။
သမာဓိ ရင့်လာသည်နှင့်အမျှ စိတ်တည်ငြိမ်လာမယ်။ တည်ငြိမ်တဲ့စိတ်ဟာ အရှိကို အရှိအတိုင်း မြင်တယ်။ အရှိကို အရှိအတိုင်းမြင်နိုင်ရင် အရှိကိုအရှိအတိုင်း လက်ခံလာနိုင်မယ်။ (http:/koaungthu.blogspot.com/2007/11/blog-post_09.html မှ )


စရိုက် ၆ ပါးနှင့်သင့်လျှော်သောကမ္မဌာန်း

၁ ။ ရာဂစရိုက်ရှိသောသူသည် အသုဘ ၁၀ ပါး၊ ကာယဂတာသတိ ဤ ၁၁
ပါးသောကမ္မဌာန်းတို့ နှင့်သင့်လျှော်ပေသည်။
၂ ။ ဒေါသစရိုက်ရှိသောသူသည် မေတ္တာ ၊ ကရုဏာ ၊ မုဒိတာ ၊ ဥပေက္ခာ ဟူသော
အပ္ပမညာ ( ဗြဟ္မစိုရ် ) လေးပါး၊
နီလ ၊ ပီတ ၊ လောဟိတ ၊ သြဒါတ ၊ ဟုဆိုအပ်သော ဝဏ္ဏကသိုဏ်း ၄ ပါး
၊ ဤ ၈ ပါးသောကမ္မဌာန်းတို့ နှင့်သင့်တော်
သည် ။
၃ ။ မောဟနှင့် ဝိတက်စရိုက်ရှိသောသူသည် ထွက်လေဝင်လေကို
နှာသီးဖျား၌ ရှုမှတ်သော အာနာပါနဿတိကမ္မဌာန်း
နှင့် သင့်လျှော်သည် ။
၎ ။ သဒ္ဒါစရိုက်ရှိသောသူသည် ဗုဒ္ဓါနုဿတိ ၊ ဓမ္မာနုဿတိ ၊ သံဃာနုဿတိ ၊
သီလာနုဿတိ ၊ စာဂါနုဿတိ ၊ ဒေဝတာ
နုဿတိ ၊ ဤ ၆ ပါးသောကမ္မဌာန်းတို့ နှင့် သင့်လျှော်သည် ။
၅ ။ ပညာစရိုက်ရှိသောသူသည် မရဏာနုဿတိ ၊ ဥပသမာနုဿတိ ၊
(နိဗ္ဗာန်ကိုအာရုံပြုခြင်း ) ၊ စတုဓာတုဝဝတ္ထာန်
( ဓာတ်ကြီးလေးပါးရှုမှတ်ခြင်း) ၊ အာဟာရေပဋိကူလသညာ ၊ ဤ ၎
ပါးသော ကမ္မဌာန်းတို့ နှင့်သင့်လျှော်သည် ။
ထိုသို့ ဆိုခဲ့ပြီးသော ၃၀ သောကမ္မဌာန်းတို့ မှကြွင်းကုန်သော
ပထဝီ ၊ အာပေါ ၊ တေဇော ၊ ဝါယော ၊ အာကာသ ၊
အာလောက ဟုဆိုအပ်သော ကသိုဏ်း ၆ ပါး ၊ အရုပ္ပ ၄ ပါး ၊ ဤ ၁၀
ပါးသောကမ္မဌာန်းတို့ သည် အလုံးစုံသော
စရိုက် ၆ ပါးလုံးနှင့် သင့်လျှော်သည် ။
ကသိုဏ်းတို့ တွင် အလုံးစုံငယ်သော ကသိုဏ်းဝန်းသည်
ဝိတက်စရိုက်ရှိသူအား သင့်လျှော်သည် ။ ကြီးသော
ကသိုဏ်းဝန်းသည် မောဟစရိုက်ရှိသူအားသင့်လျှော်သည် ။
ရာဂ ကိုပယ်ခြင်းငှါ အသုဘကမ္မဌာန်းကိုပွါးအပ်သည် ။
ဒေါသကိုပယ်ခြင်းငှါ မေတ္တာကိုပွါးအပ်သည် ။ ဝိတက်
ကိုပယ်ခြင်းငှါ အာနာပါနဿတိကို ပွါးအပ်သည် ။
မာနကိုပယ်ခြင်းငှါ အနိစ္စသညာ ကိုပွါးအပ်သည် ။
ကမ္မဌာန်း အားထုတ်လို သူတို့ သည် ပြဆိုခဲ့သော ကမ္မဌာန်း ၄၀
တို့ တွင် မိမိတို့ ၏စရိုက်နှင့် သင့် ၊မသင့် နှိုင်း
ချိန်၍ သင့်လျှော်မည်ထင်သော ကမ္မဌာန်း တစ်ခုခုကို
ပွါးများအားထုတ်သင့်လေသည် ။ (သာသနာရေးဝန်ကြီးဌာန မှထုတ်ဝေသော ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ် စာမျက်နှာ ၄၃၆ မှ ကူးယူဖော်ပြပါသည် ။) (http:/buddhismworld.ning.com/profiles/blogs/6371237:BlogPost:216582 မှ )

သမထပိုင်းမှာ ကမ္မဋ္ဌာန်း (၄၀) ရှိပါသည်။ ယင်းတို့မှာ -
(၁) ကသိုင်း (၁၀) ပါး။ ရေ၊ မြေ၊ လေ၊ မီး၊ နီ၊ ၀ါ၊ ညို၊ ဖြူ၊ ကောင်းကင်၊ အလင်းရောင်
(၂) အသုဘ (၁၀) ပါး။
(၃) အနုဿတိ (၁၀)ပါး ။ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ၊ (ရတနာ ၃ ပါးဂုဏ်ကို ဆင်ခြင်ခြင်း)၊ သီလာ၊ စာဂါ၊(မိမိ၏ သီလ၊ ဒါနတို့ကို ဆင်ခြင်ခြင်း)၊ ဒေ၀တာ(နတ်တို့၏ဂုဏ်)၊ ဥပသမာ(နိဗ္ဗာန်၏ ဂုဏ်ကို အောက့်မေ့ခြင်း)၊ မရဏာ (သေခြင်းကို ဆင်ခြင်ခြင်း)၊ ကာယဂတာ ( ၃၂ ကောဋ္ဌာသ)၊ အာနာပါနဿတိ (၀င်လေ၊ ထွက်လေ)
(၄) ဗြဟ္မ၀ိဟာရ ၄ ပါး။ မေတ္တာ၊ ဂရုဏာ၊ မုတိတာ၊ ဥပေက္ခာ၊
(၅) အာရုပ္ပတရား ၄ ပါး။
(၆) အဟာရေ ပဋိကူလသညာ ၁ ပါး။
(၇) စတုဓါတု၀၀တ္တာန ၁ ပါး (ခန္ဓာရှိ ဓါတ်ကြီးလေးပါး)။

ဝိပဿနာအလုပ်သည် ဉာဏ်အလုပ်ဖြစ်ပါသည်။ မိုးကုတ်ဆရာတော်ကြီးက သမာထဆိုသည်မှာ ရိုးရိုးမျက်စိနဲ့ ကြည့်ရသည်။ ၀ိပဿနာကတော့ ဉာဏ်နှင့် ကြည့်ရသည်ဟု နားလည်လွယ်အောင် မိန့်ခဲ့ပါသည်။ ရုပ်နာမ်တို့၏ ဖြစ်ပျက်အမှန်ကို ယျထာဘူတ ကျကျ မြင်နိုင်ရန်မှာ နီဝရဏတရားများ ဦးစွာ ဖယ်ရှားရပါသည်။ သမာထကနေ ဈာန်သမာဓိရပြီး ၀ိပဿနာကူးရာတွင် မူလယူထားတဲ့ သမထအာရုံမှ ရုပ်၊ ဝေဒနာ၊ စိတ်၊ ဓမ္မ တို့၏ ဖြစ်ခြင်း ပျက်ခြင်းကို ပြောင်းပြီး ရှုဆင်ခြင်ဖို့ လိုပါသည်။
မိုးကုတ်ဆရာတော်ကြီးက ကိုယ်နဲ့ လိုက်ဖက်တဲ့ တရားနာပါလို့ မိန့်ပါသည်။ “ရုပ်ကြိုက်လား၊ စိတ်ကြိုက်လား၊ ဝေဒနာကြိုက်လား၊ ဓမ္မသဘောကြိုက်လား အဆင်ပြေတာရှုပါ”ဟု တိုက်တွန်းခဲ့သည်။
(http:myanmartruthers.blogspot.com/2009_02_01_archive.htmlမှ )

No comments:

Post a Comment