Saturday, December 14, 2013
ဓမ္မာနုပဿနာ ပခုက္ကူဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဣန္ဒေဘာသ မဟာထေရ် - ၉-၁၂-၂၀၁၃ ခန္ဓာဝန် ချုပ်ငြိမ်းတော်မူ
ကျေးဇူးတော်ရှင် ဓမ္မာနုပဿနာ ပခုက္ကူဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဣန္ဒေဘာသ
မဟာထေရ် (အနိစ္စ ဆရာတော်)၊ သက်တော် (၉၂) နှစ်၊ သိက္ခာတော် (၇၂) ဝါ သည်
(၁-၁၂-၂၀၁၃) တနင်္ဂနွေနေ့၊ ည (၁၁း၄၀) နာရီ အချိန်တွင် ခန္ဓာဝန်
ချုပ်ငြိမ်းတော်မူ၍ (၉-၁၂-၂၀၁၃) တနင်္လာနေ့၊ ညနေ ၄ နာရီ မှစပြီး
(၁၀-၁၂-၂၀၁၃) အင်္ဂါနေ့၊ နံနက် ၅ နာရီ အချိန်ထိ၊ မီးသင်္ဂြိုဟ်ခဲ့ရာ၊
ရွှေရောင်၊ မြရောင်၊ ပတ္တမြားရောင်၊ နီလာရောင်၊ ပုလဲရောင် အဆင်းများ ရှိသည့်
ဓါတ်တွေ၊ မွေတော်များ အဖြစ် ကြွင်းကျန် နေသည်ကို ကြည်ညို ရပါသည်။
ဆရာတော်ကြီး၏ သြဝါဒ
~~~~~~~~~~~~~~~~~
" လူ ဟု မယူ၊ နာမ်ရုပ် ယူ၊ ထိုသူ ဥပါဒါန်ကင်း သတည်း "
" ပုဂ္ဂိုလ်၊ သတ္တဝါ မရှိသော အသိ သာလျှင် လိုရင်း ဖြစ်သည် "
" မျက်စိ မြင်တုံ၊ ရူပါရုံ၊ လူပုံ မမှတ်ရ။ မြင်မှုတိုင်းတွင် မနှိုင်းယှဉ်၊ ဤတွင် တရား ရ "

Subscribe to:
Post Comments (Atom)
No comments:
Post a Comment