Tuesday, December 3, 2013

သုဘလုလင်၏ မေးခွန်း (၁၄) ခု (သို.မပာုတ်) မေးခွန်း (၇) စုံ နှင့် ဗုဒ္ဓ ၏ အဖြေ

သုဘလုလင်၏ မေးခွန်း (၁၄) ခု (သို.မပာုတ်) မေးခွန်း (၇)  စုံ  နှင့် ဗုဒ္ဓ ၏ အဖြေ
မေး(၁) - လူသားချင်းတူပါလျက် တစ်ချို့ကအသက်တိုပြီး တစ်ချို့က အသက်ရှည်ကြသည်မှာ အဘယ်ကြောင့်ပါနည်း ?
ဖြေ(၁) - ဘုရား၇ှင်မှန်သမျှသည် ကရုဏာတရားရှိသူများသာ ဖြစ်ကြ၏။


မေး(၂) - လူသားချင်းတူပါလျက် တစ်ချို့အနာရောဂါပေါများပြီး တစ်ချို့က အနာရောဂါ ကင်းရှင်းကြသည်မှာ အဘယ်ကြောင့်ပါနည်း ?
ဖြေ(၂) - သူတစ်ပါးကို နာကျင်အောင် ညှဉ်းဆဲခဲ့သူများသည် အနာရောဂါ များ၍ ညှင်းဆဲခြင်းမှ ရှောင်ကြဉ်ခဲ့သူများသည် အနာရောဂါ ကင်းရှင်းသည်။


မေး(၃) - လူသားချင်းတူပါလျက် တစ်ချို့က အရုပ်ဆိုး၍ တစ်ချို့က ရုပ်လှ ကြသည်မှာ အဘယ်ကြောင့်ပါနည်း ?
ဖြေ(၃) - အမျက်ဒေါသကြီးခဲ့သူများ အရုပ်ဆိုး၍ ဒေါသကင်းပြီး မေတ္တာပွား သူများ ရုပ်ရည်ချောမောလှပသည်။

မေး(၄) - လူသားချင်းတူပါလျက် တစ်ချို့က အခြွေအရံပေါများပြီး တစ်ချို့ က အခြွေအရံမရှိသည်မှာ အဘယ်ကြောင့်ပါနည်း ?
ဖြေ(၄) - မိမိထက် စည်းစိမ်ဥစ္စာ ရာထူး အာဏာသားသူများအပေါ် မနာလို ၀န်တို ဖြစ်ခဲ့သူများ အခြွေအရံနည်းပါးပြီး ကိုယ့်ထက်အစစ အရာရာသာသူ များ အပေါ် မုဒိတာဖြင့် ၀မ်းမြောက်ခဲ့သူများ အခြွေအရံပေါများသည်။

မေး(၅) - လူသားချင်းတူပါလျက် တစ်ချို့က ပစ္စည်းဥစ္စာပေါများချမ်းသာကြ သည်မှာ အဘယ်ကြောင့်ပါနည်း ?
ဖြေ(၅) - လှူဒါန်းပေးကမ်း စွန့်ကြဲခဲ့သူများ ပစ္စည်းဥစ္စာပေါများချမ်းသာ၍ မပြုခဲ့သူများ ဆင်းရဲမွဲတေသည်။


မေး(၆) - လူချင်းတူပါလျက် အမျိုးယုတ်ခြင်း၊အမျိုးမြတ်ခြင်းဟူ၍ ကွဲပြားရ သည်မှာ အဘယ်ကြောင့်ပါနည်း ?
ဖြေ(၆) - မာနကြီးပြီး ဂါရ၀၊နိဝါတကင်းသူ ဖြစ်ရာဘ၀ အမျိုးယုတ်၍ မာန ကင်းပြီး ဂါရ၀ နိဝါတရှိသူ အမျိုးမြတ်ဖြစ်သည်။

မေး(၇) - လူချင်းတူပါလျက် တစ်ချို့က ဥာဏ်ထိုင်းပြီး တစ်ချို့က ဥာဏ်ကောင်းသည်မှာ အဘယ်ကြောင့်ပါနည်း ?
ဖြေ(၇) - မိမိမသိတာကို မေးမြန်းတတ်သူများ ဖြစ်ရာဘ၀ ဥာဏ်ကောင်း၍ မမေးမြန်းသူများ ဥာဏ်ထိုင်းသည်။
(from http:/theteachingsofthebuddha.blogspot.com)

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ အဆို
သူတစ်ပါးအသက် သတ်သည့်အတွက် ကိုယ့်မှာအသက်တို။
မသတ် ရှောင်ရှား ထိုသူများ ရှည်လျားအသက်ပို။

နှိပ်စက်တတ်သူ ညှင်းဆဲသူ ပြောထူရောဂါဆို။
သနားစိတ်သွင်း ညှင်းဆဲကင်း ကင်းရှင်းရောဂါဆို။

ပြင်းထန်ဒေါသ ကြီးတက်က အလှပျက်မည်ဆို။
ဒေါသကင်းစင် မေတ္တာရှင် ကြည်လင်လှပကိုယ်။

မနာလိုပြန် ဣသာထန် ခြွေရန်ကင်းမည်ဆို။
ဣသာမထား ၀မ်းမြောက်သွား ပေါများခြွေရန်ကိုယ်။

မလှူမတန်း မပေးကန်း ခြောက်ခန်းဥစ္စာဆို။
စွန့်ကြဲပေးထုံ ပြုပါကုန် ကုံလုံကြွယ်ဝပို။

မာန်မာနကြွယ် ထိုသူဝယ် မျိုးနွယ်ညံ့မည်ဆို။
ထိုက်သူရိုကျိုး မာန်ကိုချိုး အမျိုးမြတ်လှသကို။

သိဖွယ်ဟူသမျှ မမေးက ဖျင်းအပညာဆို။
ကြားမြင်များအောင် မေးလေ့ဆောင် ခု,နောင်တတ်သိပို။

သုဘလုလင် မေးလျှောက်တင် ဘုရားရှင်မှ ထုတ်ဖော်ပြ။


No comments:

Post a Comment