ဒုက္ကရစရိယာ = သာမန်လူတို့ ကျင့်လုပ်ဖို့ရာ ခဲယဉ်းသော အလုပ်အကျင့်
(မိစ္ဆာဒိဋ္ဌိ
အကျင့်မျိုးထဲမှာ သွားမထည့်ရဘူးတဲ့၊ ဆရာမရှိဘဲ နိဗ္ဗာန်တရားကို အပြင်းအထန်
ရှာမှီး ကျင့်ကြံခြင်းအခိုက်မို့လို့..... သာမည လူတန်းစားတို့
ကျင့်ကြံလုပ်ကိုင်ရန် မဖြစ်နိုင်သော ခဲယဉ်းသော အလုပ်တမျိုးမို့
(ဒုက္ကရစရိယာ) ပဓာနအလုပ်
ဒကာ။ ။အလောင်းတော်သိဒ္ဓတ္ထမင်းသားဟာ တော
ထွက်ပြီးခြောက်နှစ်တို့ကာလပတ်လုံး ရုပ်အဆင်းတွေ ပျက်စီး
ကာ သေလုမတတ် ဆင်းရဲဒုက္ခအမျိုးမျိုးတွေ ခံစားပြီးတော့
ကျင့်ကြံအားထုတ်တာဟာ မှားသောအကျင့် မိစ္ဆာဒိဋ္ဌိ အလုပ်
တွေသာဟု တချို့က ပြောဆိုဝေဖန်ကြတာ မှန်ပါသလား
ဆရာတော်၊ စာပေက ဘယ်လိုများ လာရှိပါသလဲ။
ဆရာ။ ။ အင်း...ရုပ်အဆင်းတွေပျက် ၀မ်းဗိုက်သားက
ကျောမှာကပ်ပြီး မျက်တွင်းကြီးကလည်း ချိုင့်ဝင်ကာ နံရိုးတွေအပြိုင်း
အပြိုင်းထလျက် အရိုးအဆစ်တွေ ငေါ်ထွက်၍ နေသော်လည်း အစာ
အာဟာရ အနည်းငယ်မျှသာ စားသုံးကာ နေလေသည်၊ ၀ီရိယကို
မလျှော့၊ ပိုမစားချေတဲ့။
ဤလုပ်ငန်းရပ်တို့ကား ပဓာနအလုပ် လူသာမန်တို့ ကျင့်ကြံအား
ထုတ်ရန် ခဲယဉ်းလှသောကြောင့် ဒုက္ကရစရိယာ အကျင့်ဟုခေါ်ဆို
သည်တဲ့။ အဲဒါ စာပေကလာတာပဲ။ ပဓာနအလုပ်ခေါ်တဲ့ မဂ်, ဖိုလ်,
နိဗ္ဗာန်ရယူရေးကို ကျင့်လုပ်ရာ၌
(၁) အရေမျှသာ ကြွင်းပလေစေ၊
(၂) အကြောမျှသာ ကျန်ပလေစေ၊
(၃) အသား အသွေးတွေ ခန်းခြောက် သွားပလေစေ၊
(၄) အရိုးစုမျှသာ ကိန်းပလေစေ၊
ဤအလုပ်ကိုဖြင့် ငါအောင်မြင်အောင်ကြိုးစားတော့မည်ဆိုတဲ့ အင်္ဂါလေး
ပါးရှိတဲ့ ဇွဲ လုံ့လ ၀ီရိယမျိုးကိုပဓာနအလုပ် ဒုက္ကရစရိယာအကျင့်ဟုခေါ်
တယ်။ အဲဒါလည်း စာပေကလာတာပဲ၊ မိစ္ဆာဒိဋ္ဌိ လို့ မဆိုပါဘူး။
အလောင်းတော်မြတ်သည် အာဟာရဓာတ် နည်းပါးလွန်း၍
ယိုင်လဲမူးမေ့ သွားခြင်းကိုမျှ အရေးမထား ဂရုမစိုက်ဘဲ ရွှေနန်းတော်ကြီး
ထဲ ပြန်သွားခံစံ အနားယူဖို့ကို လုံးဝ စိတ်မကူးပါချေတဲ့၊ အဲဒါတွေဟာ
ကြည်ညိုစရာတွေပဲ၊ ဗုဒ္ဓ၀င်စာပေမှာလာတာ။
ဤမျှလောက်ဆင်းရဲဒုက္ခကြီးစွာရောက်နေသော်လည်း အားထုတ်မှု လျှော့ချမည်ဆိုတဲ့ စိတ်ဓာတ်ကား လုံးဝ မရှိချေတဲ့။ မဂ်,
ဖိုလ်, နိဗ္ဗာန်(သဗ္ဗညုတဉာဏ်) ရရေးကိုသာ ရှေးရှုကြိုးစားလျက်ရှိ
သည်တဲ့၊ မိမိကိုယ်ကို သက်သာရန် အညှာပေးလိုသော အကြံအစည်
စိတ်မျိုးကား မြူလောက်မျှ မဖြစ်ခဲ့ပါချေတဲ့။
အဲဒါ့ကြောင့် ဒီလိုကိစ္စလုပ်ငန်းရပ်ပဓာနကိစ္စမျိုးနဲ့စပ်ရင် သာမန်လူတ
ယောက်သည် လက်တွေ့ကျင့်လုပ်ဖို့ စိတ်ကူးထဲမျှပင် မကူးမထည့်ဝံ့
သော အလုပ်ကြီးမျိုးဖြစ်၍ ယင်းအကျင့်လုပ်ငန်းမျိုးကို (ဒုက္ကရစရိယာ)
သာမန်လူတို့ ကျင့်လုပ်ဖို့ရာ ခဲယဉ်းသော အလုပ်အကျင့် ဟု ခေါ်ဆို
တယ်တဲ့။
ပဓာနအလုပ်ခေါ်တဲ့ နိဗ္ဗာန်ချမ်းသာကို ရှေးရှုရှာမှီးရာ၌ မနှိုင်းစံ
ဝံ့အောင် မဆုတ်မနစ် ကျင့်ကြံအားထုတ်တော်မူသော လုပ်ငန်းရပ်
ကြီးဖြစ်၍ အဲဒီ ဒုက္ကရစရိယာအလုပ်ကို မိစ္ဆာဒိဋ္ဌိ အကျင့်မျိုးထဲမှာ
သွားမထည့်ရဘူးတဲ့၊ ဆရာမရှိဘဲ နိဗ္ဗာန်တရားကို အပြင်းအထန်
ရှာမှီး ကျင့်ကြံခြင်းအခိုက်မို့လို့.....
သာမည လူတန်းစားတို့ ကျင့်ကြံလုပ်ကိုင်ရန် မဖြစ်နိုင်သော
ခဲယဉ်းသော အလုပ်တမျိုးမို့ (ဒုက္ကရစရိယာ) ပဓာနအလုပ်လို့သာ
မှတ်ကြပေတော့၊ အဲဒါပဲ၊ မိစ္ဆာဒိဋ္ဌိ အကျင့် မဟုတ်ပါဘူး။
ဒကာ။ ။ ကျေနပ်ကြပါတယ် ဆရာတော်၊ သူအချို့က
မိစ္ဆာဒိဋ္ဌိ မှားသောအကျင့်ဟု ပြောဟောကာနေကြလို့ပါ ဘုရား၊ သူတို့
အဖွဲ့ထဲလဲ ဒကာကြီးတို့ မပါဝင်ကြပါဘူး။
အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ
http://www.facebook.com/taste.of.dhamma/posts/328963707225570
No comments:
Post a Comment