အစေလက ဆိုတာ ကလည်းစေလက ဆိုတာ အဝတ်၊ အဆိုတာ မဝတ်တာ။အဝတ်အစားမဝတ်တဲ့ တက္ကဒွန်း တွေ ပေါ့လေ..။အခုခေတ်တော့ဂျိန်းဘုန်းကြီးတွေလို့ခေါ်တာ ပဲ။သူတို့ကို ကိုးကွယ်တဲ့ ဘာသာ ခြားတွေပါ..။အနာတပိဏ်သူဌေး ကြီးကတော့မပေးစားချင်ပါ..ဒါပေမဲ့ သားပေးသမီးယူ ကတိစကားရှိထားလေတာ့ မညင်းသာပြန်ပါဘူး။ ဘုရားထံသွားလျှောက် ပါတယ်..တိုင်ပင်တာပေါ့နော်..ပေးစားသင့် မသင့် ကို ပါ..။ဘုရားရှင်က စူဠသုဘဒ္ဒါကို အကြောင်းပြုပြီး ဥဂ္ဂါ မြို့ မှလူအပေါင်း ဗုဒ္ဓဘာသာ ဖြစ်မယ် လို့ မြင်တော် မူတဲ့အတွက် ပေးစားခွင့်ပြုလိုက်ပါတယ်..။
အဲဒါနဲ့ စူဠသုဘဒ္ဒါ ဟာ သာဝတ္ထိကနေယူဇနာ ၁၂၀ မိုင် အားဖြင့် ၉၆၀ကျော် ဝေးတဲ့ ဥဂ္ဂါ မြို့ကို လိုက် သွားရ ရှာပါတယ်..။မင်္ဂလာ ဆွမ်းကျွေးတဲ့နေ့မှာသူတို့ရဲ့ အစေလက ဘုန်းကြီး တွေကို ဆွမ်းပင့်ကျွေးတဲ့ အခါ..စူဠသုဘဒ္ဒါ ကအခန်းထဲမှာပဲနေတယ်ထွက် မကန်တော့ပါ..။သူ့ကို ကိုအတင်းဆွဲပြီး ကန်တော့စေပါတယ်..။
သူက ပြန်စိန်ခေါ်တာပေါ့ နင်တို့ ဘုန်းတော် ကြီးတွေက ဘယ် လို တွေမို့လို့ ငါတို့ဘုန်း ကြီးတွေကို မကန်တော့ နိုင်ရတာလဲလို့ ပြန်မေး ပါတယ်..။ဗုဒ္ဓရဲ့ တပည့်သားရဟန်းတော် တွေဟာ ကိုယ် နှုတ်စိတ် ငြိမ်သက် ကြပါတယ်.။ငြိမ်းအေးကြပါတယ်။ကာယကံ၊ဝစီကံ ၊ မနောကံ၊ ကံသုံးပါးသန်းရှင်စင် ကြယ် ကြပါတယ်.။.လော ကဓံ နဲ့တွေ့ ကြုံရင် လည်း တုန်လှုပ် ခြင်းမရှိကြပါဘူး..။စူဠသူဘဒ္ဒါက သံဃာ တော် တွေရဲ့ ဂုဏ်တော် တွေကို ပြောပြပါတယ်..။
ဒါဆိုရင် ခေါ်ခဲ့ ပါတဲ့မနက်ဖြန်ချက် ချင်းပင့်ပေးပါ တဲ့....စူဠသူဘဒ္ဒါကသောတာပန်လည်းဖြစ်တယ်၊ သူ့ကိုယ် သူ လည်းယုံကြည်တယ်လေ..။ချက် ချင်းဘုရားရှင်နဲ့ တကွ သံဃာ ၅၀၀ ကို ဆွမ်းဆက် ကပ် ဘို့ပြင်ဆင် ထမင်းတွေ ဟင်းတွေ ချက် ပြုတ်လုပ် ကိုင်ပါတယ်..။
မြတ်လေး ပန်း များက သာ ဝတ္ထိက မြတ်စွာဘုရားရဲ့ တရားဟောပလ္လင် တော် ထက် က မျက်နှာ ကျက်မှာတည်ဖွဲ့နေပါတယ်..။မြတ်စွာဘုရားကို ဆွမ်းပင့်ဖိတ်တဲ့ လူတွေက ပင့်သော်လည်း မရတော့ပါ စူဠသုဘဒ္ဒါ အိမ်က ပင့်ထားတယ် လို့ မိန့်တော့ သူက မိုင် ၉၆၀ ကျော် ဝေးတာ ဘယ်လို လာပင့် တာပါ လိမ့်ပေါ့နော်..ဘုရားရှင် ကမျက် နှာ ကျက်မှ မြတ်လေးပန်းရှစ်ဆုပ် ကို ပြတော် မူပါတယ်..။သူပို့လိုက်တဲ့ ဖိတ်စာတွေ ပါပဲလို့..။
ငါဘုရားနဲ့ နီးတယ် ဝေးတယ် ဆိုတာ အကွာအဝေးနဲ့ မဆိုင်ပါတဲ့.. သန္တ ပုဂ္ဂိုလ်(သူတော်ကောင်းပုဂ္ဂိုလ်) နဲ့ အသန္တ (သူတော် ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်) အကြောင်းဟော ကြားထားပါတယ်..။
ငါဘုရားနဲ့ ယူဇနာများစွာဝေးနေပါစေ..။သူတော် ကောင်း(သန္တပုဂ္ဂိုလ်) ဟာ အဝေးမှာ နေပေမဲ့ ငါ ဘုရားရဲ့ ဉာဏ်ထဲမှာ ထင် မြင်လာ ပါတယ်။အနေနီးသူပါ..။
ငါဘုရားရဲ့ ဒူးပေါ်လက် နဲ့တင် နေပေမဲ့ နီးသော်လည်း အသန္တ ပုဂ္ဂိုလ်ဖြစ်နေလျင် ညမှောင် မှောင်မှာ ပြစ်လွှတ်လိုက်တဲ့ မျှားကို မမြင်ရသလို ထိုသူကို ငါဘုရားရဲ့ ဉာဏ်တော် ထဲမှာ ထင် မြင် မလာပါတဲ့..။
ဘုရားရှင် ဥဂ္ဂါမြို့ ကို ကြွမယ် ဆိုတော့ သိကြားမင်းက ဝိသကြုံနတ်သားကို ပြဿဒ်၅၀၀ ချက်ချင်း ဖန်ဆင်း ခိုင်း ပြီး ဇေတဝန်ကျောင်းတော် ရှေ့ မှာ အသင့် ပြင်ဆင်ကြိုဆိုစေပါတယ်..။ဘုရားရှင်နှင့် သံဃာ ၅၀၀ပြဿဒ်၅၀၀နဲ့ ကြွလာတော် မူတာ ကို ဥဂ္ဂါ မြို့ သူ မြို့သားတွေက တအံ့တသြ ကြည် ညိုကြတာ.ဘယ်လောက် ကျက် ရေ ရှိလိုက်လဲ..။
ဥဂ္ဂါသူဌေးကြီး ကြည် ညိုလွန်းလို့၊ အားရလွန်းလို့ လက်အုပ်ကလေးတချီချီ..နဲ့ပေါ့ တစ်နေ့တည်း ဆွမ်း ကပ် မယ် ဆိုပေမဲ့ (ရ) ရက် ဆက် ကပ် ဖြစ်သွားပါတယ်..။ မြတ်စွာဘုရားကလည်းသူဌေးကြီးနဲ့ မြို့သူမြို့သားတွေနဲ့ သပ္ပါယဖြစ်တဲ့တရားဟောပေးတယ်..။အရှင်အနုရုဒ္ဓါ ကိုလည်းဥဂ္ဂါ မြို့မှာထားခဲ့ပါတယ်..။အဲဒါနဲ့ ဥဂ္ဂါမြို့သူ မြို့သားတွေ ရတနာ သုံးပါးကို ယုံကြည် ဆည်းကပ် ကိုးကွယ် သူတွေ ဖြစ်သွားကြပါတယ်..။ သော တာ ပန် သကဒါဂါမ်၊ အနာဂါမ်တွေ ဖြစ်သွားကြပါတယ်။
ဘာသာခြားများအလည် မှာ နေထိုင် ထိတွေ့နေရပါသော် လည်းဘုရားနဲ့ နီးသူ ဖြစ် တဲ့ စရဏ စွမ်းအားများသည် ဘာသာ ခြားများကို ပါ လက် တွဲ ခေါ်ဆောင်၊စွမ်းဆောင် နိုင်ပါသော.. စူဠသုဘဒ္ဒါ..
No comments:
Post a Comment