ကြက်ဥတစ်နေ့တစ်လုံးစားခြင်းဖြင့်  ကိုယ်အလေးချိန်လျှော့ချရာတွင် အထောက်အကူပြုဖွယ်ရှိ .......
ကြက်ဥအား အထူးအစားအစာအဖြစ် ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ အကြောင်းမှာ
ကြက်ဥကို စားသုံးခြင်း အားဖြင့် ကျန်းမာရေးကို ကောင်းမွန်စေပြီး
အဝလွန်ခြင်းကို ကာကွယ် တားဆီး ပေးနိုင်ဖွယ် ရှိသည်ဟု သုတေသန ပညာရှင်တို့က
ထုတ်ဖော်ပြောကြား ခဲ့ကြောင်း သိရသည်။ အာဟာရဗေဒ ပညာရှင်တို့ကလည်း ကြက်ဥသည်
အာဟာရ ပါဝင်မှုအများဆုံး အစားအစာများ ထဲမှ
တစ်ခုဖြစ်ပြီး နေ့စဉ် ကြက်ဥတစ်လုံး စားသုံးခြင်း အားဖြင့် များစွာ
အကျိုးကျေးဇူး ဖြစ်ထွန်းစေမည် ဖြစ်သည်ဟု အကြံပြုတိုက်တွန်းခဲ့ကြသည်။
သုတေသနပညာရှင်တို့၏ တွေ့ရှိချက်အရ ကြက်ဥတွင် ကယ်လိုရီ ပါဝင်မှု နည်းပါး
သော်လည်း ပရိုတင်းဓာတ် ကြွယ်ဝကြောင်း၊ အထူးသဖြင့် ကြက်ဥတွင် ပါဝင်သည့်
ဗီတာမင်ဒီ၊ ဗီတာမင်ဘီ ၁၂ Selenium နှင့် Choline တို့ကြောင့် ကျန်းမာရေးကို
များစွာ အထောက်အကူ ပြုစေနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
ထို့ပြင် ကြက်ဥတွင် ပါဝင်သော အမိုင်နိုအက်စစ်ဓာတ် သည် ကလေးများ၊
ဆယ်ကျော်သက်များနှင့် လူငယ်လူရွယ်များအတွက် မရှိမဖြစ် အရေးပါသော
ဓာတ်ဖြစ်သည် ဟုဆိုသည်။
ကြက်ဥတွင်ပါဝင်သော အင်တီအောက်ဆီးဒင့် ဓာတ်ပမာဏမှာ မြင့်မားလှပြီး အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ဖွယ်ရှိသည်ဟုဆိုသ ည်။ လေ့လာဆန်း စစ်မှုအရ လူငယ်များ၊ အသား အလွန်အကြူးစားသုံး သူများနှင့် နွားနို့ရှောင်ကြဉ်သူများအနေဖြင့် ကြက်ဥကို ပိုမိုစားသုံးခြင်းဖြင့် အကျိုးကျေးဇူးကို ခံစားရဖွယ်ရှိသည် ဟုဆိုသည်။
ကြက်ဥနှင့်ပတ်သက်၍ အရေးပါသောတွေ့ရှိ မှုများထဲမှ တစ်ခုမှာ ကြက်ဥသည် ဗီတာမင်ဒီနှင့်ပတ်သက်၍ အရေးပါသောဓာတ်စာအရင်းအမြစ်တစ်ခု ဖြစ်သည်ဟု သုတေသနပညာရှင်တို့က အစီရင်ခံစာတွင် ဖော်ပြခဲ့ကြောင်း သိရသည်။
သုတေသနပညာရှင်တို့၏ တွေ့ရှိချက်အရ ကြက်ဥတွင် ကယ်လိုရီ ပါဝင်မှု နည်းပါး သော်လည်း ပရိုတင်းဓာတ် ကြွယ်ဝကြောင်း၊ အထူးသဖြင့် ကြက်ဥတွင် ပါဝင်သည့် ဗီတာမင်ဒီ၊ ဗီတာမင်ဘီ ၁၂ Selenium နှင့် Choline တို့ကြောင့် ကျန်းမာရေးကို များစွာ အထောက်အကူ ပြုစေနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
ထို့ပြင် ကြက်ဥတွင် ပါဝင်သော အမိုင်နိုအက်စစ်ဓာတ် သည် ကလေးများ၊ ဆယ်ကျော်သက်များနှင့် လူငယ်လူရွယ်များအတွက် မရှိမဖြစ် အရေးပါသော ဓာတ်ဖြစ်သည် ဟုဆိုသည်။
ကြက်ဥတွင်ပါဝင်သော အင်တီအောက်ဆီးဒင့် ဓာတ်ပမာဏမှာ မြင့်မားလှပြီး အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ဖွယ်ရှိသည်ဟုဆိုသ
ကြက်ဥနှင့်ပတ်သက်၍ အရေးပါသောတွေ့ရှိ မှုများထဲမှ တစ်ခုမှာ ကြက်ဥသည် ဗီတာမင်ဒီနှင့်ပတ်သက်၍ အရေးပါသောဓာတ်စာအရင်းအမြစ်တစ်ခု

No comments:
Post a Comment