Tuesday, July 10, 2012

"ကိုယ်သာနာစေ စိတ်မနာစေနဲ. ဆရာတော် ဦးဇောတိက - from Facebook

"ကိုယ်သာနာစေ စိတ်မနာစေနဲ.
ဆရာတော် ဦးဇောတိက
(ဝေဒနာနုပဿနာ တရားတော်မှ)

.........................................
ဘုရားလက်ထက်က နကုလပီတာနဲ. နကုလမာတာ ဆိုတဲ. ဒကာကြီး ဒကာမကြီး နှစ်ယောက်ရှိတယ်။ သူတို.က ဘုရားကို သိပ်ချစ်တယ်။ ဘုရားနဲ.လည်း အရင်ဘ၀ဘ၀တွေက တော်တော်များများ ဘ၀ပေါင်းများစွာ သားအ
မိ သားအဖတော်ခဲ.ဖူးတာကိုး။

စာထဲကအတိုင်းဆိုရင် နကုလမာတာနဲ. နကုလပီတာ နှစ်ဦးစလုံး ကိုတပြိုင်နက် အမေအဖေတော်ခဲ.ရတဲ. ဘ၀တွေကလည်း ငါးရားနီးပါးလောက်ရှိတယ်တဲ.။ နကုလပီတာက အခြားသူတစ်ဦးဦးနဲ. အိမ်ထောင်ကျလို. သူ.ကိုပဲ အဖေတော်ခဲ.ရတဲ. ဘ၀တွေကလည်း ငါးရားနီးပါးလောက်ရှိတယ်တဲ.။ နာကုလမာတာကလည်း အခြားခင်ပွန်းတစ်ဦးဦးနဲ. အိမ်ထောင်ကျလို. သူ.ကို အမေတော်ခဲ.ရတဲ. ဘ၀တွေကလည်း ငါးရာလောက်ရှိတယ်တဲ.။ ဘ၀ပေါင်းများစွာ အမေအဖေတော်ခဲ.ရတယ်ဆိုတော. နကုလပီတာနဲ. နကုလမာတာဟာ မြတ်စွာဘုရားကို တွေ.တွေ.ချင်း သားလိုပဲ အလွန်ချစ်တယ်။ ဘ၀ဘ၀ကချစ်ခဲ.တဲ. အရှိန်အဟုန်က မကုန်နိုင်ပဲကိုး။

ဒါတကယ်ပဲဖြစ်တတ်တယ်။ ဘုရားကိုတွေ.လိုက်ရင် သူတို.က သားလို.ပဲခေါ်တယ်။။ ဒါကိုတချို.ရဟန်းတွေကကြားတော. မြတ်စွာဘုရားရဲ. ခမည်းတော်နဲ. မယ်တော်တို.ဟာ သုဒ္ဓေါဓနမင်းကြီးနဲ. မယ်တော်မာယာလို. ကြားဖူးတာပဲ။ အခုဒီဒကာကြီးနဲ. ဒကာမကြီးတွေက ဘုရားကိုတွေ.တော. သားလို.ခေါ်နေတာ ဘာကြောင်.လဲလို. မြတ်စွာဘုရားကို မေးလျှောက်တော. မြတ်စွာဘုရားက ရှင်းပြတယ်။ ဘ၀ပေါင်းများစွာ သားအမိ သားအဖ တော်ခဲ.ရတဲ. သူတွေမလို. ယခုဘ၀မှာလည်း တကယ်.မိဘရင်းမဟုတ်သော်လည်းပဲ မိဘအရင်းလိုပဲတဲ.။

တစ်နေ.တော. နကုလပီတာဆိုတဲ. ဒကာကြီးက မြတ်စွာဘုရားကို ဖူးဖို.ဆိုပြီးတော. ကျောင်းကိုလာတယ်။ ရောက်တဲ.အခါကျတော. ဘုရားကိုလျှောက်တယ်။ မြတ်စွာဘုရား တပည်.တော် နေ.တိုင်းပဲ မြတ်စွာဘုရားကိုဖူးချင်ပါတယ်။ သံဃာတော်တွေကိုလည်း နေ.တိုင်းပဲဖူးချင်ပါတယ်။ ဒါပေမယ်. အသက်က ကြီးပြီဘုရား။ အသက်ကကြီးတော. ခန္ဓာကိုယ်က အခုတစ်မျိုး တော်ကြာတစ်မျိုး ခဏခဏအပြောင်းအလဲတွေဖြစ်တယ်။ အခုနေကောင်းပေမယ်. တော်တော်ကြာ နေမကောင်းပြန်ဘူး။ နေ.စဉ်လာချင်ပေမယ်. လာလို.မရပါဘူးဘုရားတဲ.။

အဲတော. မြတ်စွာဘုရားက ပြန်အမိန်.ရှိတယ်။
တမဟုတ်လောက်များ ကိုယ်.ကိုယ်ကို ကျန်းမာတယ်လို. ပြောတဲ.လူဟာ အသိဥာဏ်နည်းလို.ပြောတာပါ။ ဒီခန္ဓာကိုယ်ဆိုတာ အစဉ်အမြဲ ဒုက္ခဝေဒနာဆိုတာ အနည်းနဲ.အများရှိနေတာပဲတဲ.။ သူကမြတ်စွာဘုရားကို ဆက်လျှောက်တယ်။ မြတ်စွာဘုရား တပည်.တော် အသက်လည်းကြီးပြီဘုရား။ တရားကို အရှည်ကြီးဟောရင် တပည်.တော် မှတ်မိမှာ မဟုတ်ဘူး။ အဲဒီတော. မှတ်မိလွယ်အောင် တရားကို တိုတိုလေး ဟောတော်မူပါဘုရားတဲ.။ အဲဒီတော. မြတ်စွာဘုရားက တကယ်.ကို တိုတိုလေး ဟောလိုက်တယ်။

အဓိပ္ပါယ်ကတော. ခန္ဓာကိုယ်မှာပင် နာကျင်သော်လည်းပဲ စိတ်မှာ မနာကျင်အောင်နေမယ် ဆိုတဲ.အဲလိုစိတ်မျိုးနဲ. နေပါတဲ.။ရိုးရိုးလေးပေမယ်. ဒီတရားရဲ. အနှစ်သာရ အဓိပ္ပါယ်ဟာ အလွန်လေးနက်ပါတယ်။
မအီမသာဖြစ်တဲ. သဘောတွေဟာ ခန္ဓာကိုယ်မှာ အမြဲတမ်းရှိနေတယ်။ သွားလာလုပ်ကိုင်လို. ဖြစ်နေသေးလို.သာ သူ.ကို ရောဂါလို. အမည်မတပ်နေသေးလို.ပါ။ ရင်ထဲက ပူသလိုလို မောသလိုလို ခေါင်းထဲကမူးသလိုလို ဆိုတာတွေဟာ လူတိုင်းမှာ အနည်းနဲ.အများရှိတယ်။ ငယ်တဲ.သူတွေက မသိသာဘူး။ တက်ကြွတဲ.အရွယ် ခန္ဓာကိုယ်ကလည်း လှုပ်ရှားတဲ.အရွယ်ဆိုတော. သတိမပြုလို.ပါ။ လုပ်စရာ ကိုင်စရာတွေက များနေတော. ကိုယ်လုပ်ချင်တာ ကိုင်ချင်တာတွေကို စိတ်ရောက်နေတော. ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ. မအီမသာဖြစ်မှုကို သိပ်အရေးမစိုက်နိုင်ကြဘူး။ တကယ်တော. မွေးကာစကတည်းက မအီမသာဖြစ်တဲ. သဘောက ရှိနေပြီးသားပါ။
ဒါကို မြတ်စွာဘုရားက ပိုပြီးတော. နက်နဲအောင် သတိပေးလိုက်တယ်။ ဘယ်သူမဆို မအီမသာဖြစ်တဲ. သဘောက ရှိပြီးသားပဲ။ တမဟုတ်လောက်များ မိမိကိုယ်ကို ကျန်းမာတယ်.. မအီမသာဖြစ်တဲ.သဘောမရှိပါဘူးလို. ပြောတဲ.သူဟာ အသိဥာဏ်နည်းလို.ပြောတာပါ။ ဥာဏ်ရှိရင် သူဒီလိုမပြောဘူးတဲ.။
ဒါကြောင်. ခန္ဓာကိုယ်မှာ နာသော်လည်းပဲ စိတ်မှာ မနာအောင်နေလို. မြတ်စွာဘုရားကဆုံးမတယ်။ ဘုရားဟောတဲ.တရားဟာ တိုတိုလေးနဲ. အင်မတန်နက်နဲတယ်နော်။

ဒီနေ.မနက်ပဲ ဒကာကြီးတစ်ယောက်က သူတရားအားထုတ်ရင်းနဲ. လာရင်းမေးလျှောက်တာ။ တရားအားထုတ်ရင်းနဲ. အင်မတန် သတိ သမာဓိကောင်းနေတဲ.အခါ ခန္ဓာကိုယ်မှာ အင်မတန် မခံနိုင်လောက်အောင် ဒုက္ခဝေဒနာသဘောတွေ ၊ နာကျင်တဲ.သဘောတွေ ရှိသော်လည်းပဲ အဲဒီနာကျင်တဲ. သဘောကို သတိလေးနဲ. စူးစူးစိုက်စိုက်ကြည်.နေရတဲ.အခါမှာ နာတာက တခြား၊ သိတာက တခြား၊ တခြားစီဖြစ်နေတယ်တဲ.။ ခန္ဓာကိုယ်မှာတော. နာနေတယ်.။ ဒါပေမယ်. သိနေတဲ.စိတ်က ဘယ်လိုမှ မဖြစ်ဘူးနော်။ သိနေတဲ.စိတ်ကလေးက လွတ်နေတယ်တဲ.။ သတိလေးနဲ.ကြည်.နေတယ်ဆိုကတည်းက သူ.ထဲမှာ ရောပါမသွားဘူး။ နာနေတဲ.ဒုက္ခဝေဒနာ သဘောက အာရုံအဖြစ်နဲ. သီးခြားရှိနေတယ်။ အဲဒီအာရုံကို သိနေတဲ.စိတ်ကလေးက သူ.ဟာသူ ခပ်ခွာခွာ ဘေးကနေထိုင်ကြည်.နေရသလိုပဲတဲ.။ နည်းနည်းလေးခွာပြီး ကြည်.နေတော. ဝေဒနာနဲ.ပူးပြီးတော.မသွားဘူး။ သူ.ထဲမှာရောပါမသွားဘူး။

သတိလေးနဲ. နေတဲ.အခါ အတွေးအတောမရှိဘူးနော်။ သတိတကယ်ကောင်းနေတဲ.အခါမှာ သမာဓိကလည်း အင်မတန်ကောင်းတယ်။ သတိ သမာဓိကောင်းနေတဲ.အခါမှာ အတွေးမရှိဘူး။ အတွေးမရှိတဲ.အခါ ဖြစ်ပေါ်နေတဲ. အာရုံဟာ ဘယ်လိုအာရုံပဲဖြစ်ဖြစ် ချမ်းသာတဲ.ဝေဒနာဖြစ်ဖြစ် ၊ ဆင်းရဲတဲ.ဝေဒနာဖြစ်ဖြစ် ၊ ဥပေက္ခာဝေဒနာပဲဖြစ်ဖြစ် ကိုယ်နဲ.ဘာမှမဆိုင်သလိုပဲ မြင်ရတယ်။ အတွေးက သူ.ကိုလိုက်တွေးလိုက်ရင် ရောပါသွားတယ်။ ဒါကြောင်.ပိုပြီးတော. နာတယ်၊ မခံနိုင်တော.ဘူး။ စိတ်ထဲက နာလိုက်တာ၊ မခံနိုင်တော.ဘူးဆိုရင် ဒေါမနဿဝေဒနာတွေဖြစ်လာတယ်။ ဒုက္ခဝေဒနာဟာ ဒေါမနဿကိုဖြစ်စေတယ်။ ဒေါမနဿရဲ..သဘောက ဖြစ်ပေါ်လာတဲ.ဝေဒနာကို မြန်မြန်ဖျောက်ပစ်ချင်တယ်။ လက်ခံမထားချင်ဘူး။ သည်းမခံနိုင်ဘူး။ ဒေါမနဿရဲ.သဘောကလည်း ခံနိုင်ရည် အရည်အချင်းမရှိဘူး။

အဲတော. သတိ သမာဓိကောင်းလာတဲ.အခါမှာ စိတ်ကဖြစ်ပေါ်လာတဲ. အာရုံပေါ်မှာ တုန်.ပြန်မှု မလုပ်တော.ဘူး။ react မလုပ်တော.ဘူး။ ဖြစ်ပေါ်လာတဲ. အာရုံကို အသာလေး ဘေးက ထိုင်ကြည်.ရသလို ကြည်.လို.ရလာတယ်။ ဒီလိုကြည်.လို.ရလာလို.ရှိရင် နာတာတော.ရှိတယ်၊ နာတာကို ငါနာတယ်လို.မထင်ဘူး။ ခြေထောက်နာနေတယ်ဆိုရင် သတိလေးနဲ. သေချာကြည်.တဲ.အခါ ခြေထောက်ဆိုတာ ပျောက်သွားတယ်။ နာတာလေးပဲရှိတယ်။ အဲဒီနာတာလေးကို သိတာလေးပဲ ရှိတယ်။ အဲဒီလို involve မဖြစ်တဲ.အခါ ၊ သူနဲ.ပက်သက်ပြီးတော. အတွေးအတောမရှိတဲ.အခါ အဲဒီဝေဒနာရဲ. သဘောသဘာဝဟာ အရင်တုန်းက ပုံစံမျိုး ၊ အရင်တုန်းက သဘာဝမျိုးမဟုတ်တော.ဘူးနော်။ ဒါကြီးပျောက်အောင် ဘယ်လိုလုပ်ရပါမလဲ၊ ပျောက်လည်းမပျောက်နိုင်ပါလား၊ စိတ်ညစ်စရာကြီးပါလားလို. အတွေးတွေမရှိတော.ဘူး။ အတွေးရှိနေတဲ.အခါမှာ ဝေဒနာရဲ.သဘာဟာ ခံစားရတာ တစ်မျိုးဖြစ်နေတယ်။ အတွေးအတောလုံးဝမရှိတော.တဲ. အခါမှာ ၊ သက်သက်ကြီး သိနေရတဲ.အခါမှာ ခံစားရတဲ.ဝေဒနာရဲ. သဘာဝဟာ နောက်တစ်မျိုးပြောင်းသွားတယ်။

နာတဲ.ဝေဒနာတစ်ခုကို ပျောက်အောင် သက်သာအောင် ဆေးသောက်သင်.ရင်လည်း သောက်ရတာပေါ.။ ဒါပေမယ်. ဆေးသောက်ထားပါရက်နဲ. သူ.ဟာသူနာတာကြီးကို စိတ်ထဲက တွန်းဖယ်နေတာမရှိတော.ဘူး။ ဘယ်လိုမှ resist မလုပ်တော.ဘူး။ သူ.ဟာသူပျောက်ချင်လည်း ပျောက်၊ မပျောက်ချင်လည်းနေ၊ ကိုယ်.ဟာကိုလုပ်သင်.တာတော. လုပ်ပြီးပြီ။ အသာလေး သတိလေးနဲ.ကြည်.နေမယ်ဆိုရင် ဝေဒနာရဲ.သဘောက တစ်မျိုးပြောင်းသွားတယ်။ တကယ်အတွေးအတောမရှိတော.ပဲနဲ. ဝေဒနာ ရဲ.သဘောကို နာမည်မတပ်ဘဲနဲ. ပရမတ်ကျကျ ပစ္စုပ္ပါန်တည်.တည်. သိနေတဲ.အချိန်မှာ ဝေဒနာရဲ.သဘာဝဟာ ပြောင်းသွားတယ်။ ဘယ်လိုဝေဒနာသဘောပဲဖြစ်ဖြစ် သုခပဲဖြစ်ဖြစ် ၊ဒုက္ခပဲဖြစ်ဖြစ် ၊ ထုံတာပဲဖြစ်ဖြစ် ကျင်တာပဲဖြစ်ဖြစ် ကိုက်တာပဲဖြစ်ဖြစ် စိတ်ကလေးကို အသာလေးလျှော.ထားပြီးတော. relax လုပ်ထားပြီးတော. သူ.ပေါ်မှာ လက်မခံချင်တဲ.စိတ်၊ ဖယ်ရှားချင်တဲ.စိတ် resistant လုံးဝမရှိဘဲနဲ. သိနေလို.ရှိရင် သူ.ရဲ.သဘာဝဟာ ပြောင်းသွားတယ်။ မခံသာတဲ.သဘောမဟုတ်တော.ဘူး။ စိတ်ကိုလျှော.ပြီးတော. relax လုပ်ပြီးတော. နူးညံ.နေတဲ. စိတ်ကလေးနဲ. သိနေရလို.ရှိရင် သက်သက်မှုလည်းရသွားတယ်။

ဝေဒနာရဲ.သဘောဟာ သူ.ကို မခံချင်လေလေ resist လုပ်လေလေ၊ ပိုပြီးတော. နာလေလေပဲ။ လုပ်သင်.တဲ.ဆေးဝါးကုသမှုကိုတော. လုပ်ပါ။ လိမ်းသင်.ရင်လိမ်းပါ။ သောက်သင်.ရင်လည်း သောက်ပါ။ ထိုးသင်.ရင်လည်းထိုးပါ။ ဒီကြားထဲက စိတ်ကလေးနဲ.သူ.ကို အသာလေးကြည်.ပြီးတော.နေပါ။ သူ.ကို အနတ္တအဖြစ်နဲ. မြင်နိုင်လို.ရှိရင် ဒုက္ခအများကြီးသက်သာသွားတယ်။ တကယ်ပြောရမယ်ဆိုရင် ခန္ဓာကိုယ်မှာပဲ နာတာပါ။ စိတ်ထဲကို ရောက်အောင် နာလို.မရပါဘူး။ စိတ်ကသူ.ကို လက်ခံမထားချင်ဘူး၊ သူ.ကို မကြိုက်ဘူး၊ မုန်းတယ်၊ မရှိစေချင်ဘူး။ မြန်မြန်ဖျောက်ပစ်ချင်တယ်။ မြန်မြန်သက်သာသွားချင်တယ်။ အဲဒီလို သူ.ကို လက်မခံချင်လေလေ resist လုပ်လေလေ၊ ဖယ်ရှားချင်လေလေ စိတ်ထဲမှာ ပိုပြီးတော. တင်းကျပ်မှု tension များလာလေလေပဲ။ စိတ်ကြီးက တင်းကျပ်ပြီးတော. ပင်ပန်းဆင်းရဲပြီးတော. နေတော.တာပေါ.။ စိတ်က မတွန်းဖယ်ပဲနဲ. နူးညံ.အောင်ထားနေလို.ရှိရင် စိတ်ချမ်းသာနေတယ်။ စိတ်ကလေးကို လျှော.ထားပြီးတော. လက်ခံနိုင်တဲ.စိတ်နဲ. နူးနူးညံ.ညံ.လေးကြည်.နေလို.ရှိရင် ဒီလိုကြည်.နေရတာကိုက စိတ်ကလေးတည်ငြိမ်ပြီးတော. တစ်မျိုးတောင် ချမ်းသာသလို ဖြစ်လာတတ်တာရှိတယ်နော်။ တကယ်သတိ သမာဓိကောင်းလာရင် အဲဒီလိုပဲ တွေ.ရတယ်။

ဒါကြောင်. ဘယ်လိုဝေဒနာမျိုး ဖြစ်လာဖြစ်လာ အဲဒီဝေဒနာကို စိတ်အေးအေးနဲ.ကြည်.ဖို.လိုပါတယ်။ အခုလောလောဆယ်ကြုံတွေ.နေရတဲ. ဒီလိုဝေဒနာမျိုးကို သတိလေးနဲ. အေးအေးလေးကြည်.တဲ. အကျင်.ရသွားတဲ.သူဟာ ဒီထက်ပိုဆိုးတဲ.ဝေဒနာကြုံလာရင်လည်း ဒီအရည်အချင်းက တဖြည်.ဖြည်းတိုးတက်လာမှာပဲနော်။ တချို.ဝေဒနာတွေဟာ ဆေးဝါးကုသလည်း ပျောက်ချင်မှ ပျောက်မယ်။ မပြောနိုင်ဘူး။ အဲဒီအခါ ဖြစ်ပေးလာတဲ.ဝေဒနာပေါ်မှာ ကိုယ်.သဘောထားမှန်ဖို. အရေးကြီးတယ်။

လူတွေဟာ ဘ၀တလျှောက်လုံး အမြဲတမ်း resist နဲ.ပဲ နေသွားကြတာ။ လက်မခံချင်တဲ.စိတ်နဲ. တွန်းဖယ်ချင်တဲ.စိတ်နဲ.နေသွားကြတာ။ ကိုယ်မဖြစ်ချင်တာ ဖြစ်လာရင် ငါမှဖြစ်ရလေခြင်း ၊ ငါ.ကျမှ ဘယ်လိုဒီဒုက္ခတွေ ဖြစ်လာရတာတုန်း၊ အဲသလိုတွေးပြီးတော. အမျိုးမျိုးစိတ်ဆင်းရဲတယ်။ ခန္ဓာကိုယ်မှာ နာတာနောက်မှာ လိုက်ပြီးတော. သူ.ကိုလက်မခံချင်တဲ.စိတ်ကြောင်. resistant ကြောင်. စိတ်ပါနာသွားတယ်။ ဥပမာအားဖြင်. ပြောရမယ်ဆိုရင် ဆူးတစ်ချောင်းစူးဝင်နေတာကို နောက်ဆူးတစ်ချောင်းနဲ. ကလော်ထုတ်ဖို.ကြိုးစားရင်းကနေ နောက်ဆူးပါကျိုးပြီးတော. အသားထဲမှာ ကျန်ရစ်သွားတယ်။ နှစ်ချောင်းနာသွားတာပေါ.။ ဆူးနှစ်ချောင်းဆူးတဲ. ဒုက္ခရသွားတယ်။ ခန္ဓာကိုယ်မှာ သူ.ဟာသူ အကြောင်းအမျိုးမျိုးကြောင်. ဓါတ်သဘာဝ တွေ ဖောက်ပြန်လို.ဖြစ်စေ ၊ ကံကံ၏အကျိုးပေးကြောင်. ဒုက္ခဝေဒနာတွေ ဖြစ်လာလို.ဖြစ်စေ သတိရှိတဲ.လူ ဥာဏ်ရှိတဲ.လူဟာ ဆူးတစ်ချောင်းပဲ စူးခံမယ်။ နှစ်ချောင်းတော. အစူးမခံဘူး။ ခန္ဓာကိုယ်မှာ နာသော်လည်းပဲ စိတ်အနာမခံဘူး။ ဥာဏ်ရှိတဲ.သူဟာ ဒီလိုမျိုးရတယ်နော်။ တစ်ချောင်းတည်းစူးတာမှာ နောက်တစ်ချောင်းပါ အစူးခံလို.ရှိရင် ဥာဏ်ပညာနည်းတယ်လို.ပြောရမှာပေါ.။

အဲဒီတော. တရားကို အလေ.အကျင်.လုပ်ပြီးတော. အားထုတ်နေဖို.လိုတယ်။ ကြီးကြီးကျယ်ကျယ် ဗြုန်းခနဲကြုံလာကာမှ စဖို.ဆိုရင် နည်းနည်းခက်တယ်။ စောစောကတည်းက အချိန်ရှိတုန်းမှာ သတိနဲ.နေတဲ. အလေ.အကျင်.ကလေး involve ဖြစ်မသွားဘဲနဲ. ရောပါမသွားဘဲနဲ. ၀င်မစွက်ဘဲနဲ. အသာလေးကြည်.ပြီးတော. သိပြီးတော. နေလို.ရတဲ.အကျင်.လေးကို ထူထောင်ဖို.လိုတယ်။ တချို.ဟာ တော်တော်နောက်ကျသွားမှ တရားအားထုတ်ဖို. သတိရတယ်။ ဒီလိုလူတွေကို သိပ်သနားတယ်။ နှမြောလည်း နှမြောတယ်။ တရားရဲ.အကျိုးကို တကယ်ရချင်ရင် နေ.တိုင်း အားထုတ်မှဖြစ်မယ်နော်။ အလေ.အကျင်.အမြဲတမ်းလုပ်ထားမှဖြစ်မယ်။ ဒီလို သတိနဲ.နေတဲ.နည်းဟာ ဘ၀မှာ အသက်သာဆုံးနေတဲ.နည်းပဲ။ သတိနဲ.မနေလို.ရှိရင် ပိုပြီးတော. ဒုက္ခများတယ်။ စိတ်လည်းပင်ပန်းတယ်။

အဲဒီတော. ကိုယ်.ကိုယ်ကို သနားတယ်ဆိုလို.ရှိရင် ကိုယ်.ကိုယ်ကို သက်သာအောင်နေတဲ.နည်းနဲ. နေမှဖြစ်မယ်။ လောကီကိစ္စတွေ အရေးကြီးပြီးတော. အဲဒီထဲမှာပဲ အချိန်တွေအများကြီးကုန်ကုန်သွားနေကြတယ်။ တရားအားထုတ်ဖို.အချိန်မပေးနိုင်ကြဘူး။ လောကီကိစ္စတွေ အဆင်ပြေနေတုန်းမှာလည်း ကိုယ်.ရဲ.ခန္ဓာကိုယ်နဲ.စိတ်ကို အေးချမ်းအောင် သက်သာအောင်ထားရမယ်။ ဒီလို အေးချမ်းအောင် သက်သာအောင်ထားတဲ. အလေ.အကျင်.ကို မလုပ်လာတဲ.သူဟာ အကြီးအကျယ် ဒုက္ခရောက်တဲ.အခါကျမှ ဘာလုပ်ရမှန်းမသိဖြစ်သွားတတ်တယ်။

ဆရာတော် ဦးဇောတိက
(ဝေဒနာနုပဿနာ တရားတော်မှ ကောက်နုတ်ပူဇော်ပါသည်)


သာဓု - သာဓု - သာဓု (sādhu - sādhu - sādhu)
sādhu: (exclamation) "It is well"; an expression showing appreciation or agreement.

No comments:

Post a Comment