အာဇီဝဋ္ဌမကသီလ
အဟံ
ဘန္တေ တိသရဏေန သဟ ၊ အာဇီဝဋ္ဌမကသီလံ ဓမ္မံယာစာမိ ၊ အနုဂ္ဂဟံ ကတွာ ၊သီလံ ဒေထ မေ ဘန္တေ ၊
ဒုတိယမ္ပိ
အဟံ ဘန္တေ တိသရဏေန သဟ ၊ အာဇီဝဋ္ဌမကသီလံ ဓမ္မံယာစာမိ ၊ အနုဂ္ဂဟံကတွာ ၊ သီလံ ဒေထ မေ ဘန္တေ ၊
တတိယမ္ပိ
အဟံ ဘန္တေ တိသရဏေန သဟ ၊ အာဇီဝဋ္ဌမကသီလံ ဓမ္မံယာစာမိ ၊ အနုဂ္ဂဟံကတွာ ၊ သီလံ ဒေထ မေ ဘန္တေ ၊
ဗုဒ္ဓံ
သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ ၊
ဒုတိယမ္ပိ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ၊
တတိယမ္ပိ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊တတိယမ္ပိ သံဃံ သရဏံဂစ္ဆာမိ ၊
၁
။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ၊
၂
။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ၊
၃
။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ၊
၎
။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ၊
၅
။ ပိသုဏ၀ါစာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ၊
၆
။ ဖရုသ၀ါစာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ၊
၇
။ သမ္ဖပ္ပလာပ၀ါစာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ၊
၈
။ မိစ္ဆာဇီဝါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
( ကြည့်ရှုရန် အဓိပ္ပာယ်
)
အရှင်ဘုရား တပည့်တော် ( တပည့်တော်မ ) သည် ၊ သရဏဂုံသုံးပါးနှင့်တကွ
အာဇီဝဋ္ဌမက သီလ ဟူသော သိက္ခာပုဒ်အကျင့်ကို တောင်းပါ၏ ။
၁
။ ပါဏာတိပါတာ = သူတစ်ပါး အသက်ကိုသတ်ခြင်းမှ
ရှေင်ကြဉ်ပါ၏ ။
၂
။ အဒိန္နာဒါနာ = သူတစ်ပါး ပစ္စည်းဥစ္စာ ကို
ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏ ။
၃
။ ကာမေသုမိစ္ဆာစာရာ = သူတစ်ပါးသားမယား ကို ကျူးလွန်ခြင်းမှရှောင်ကြဉ်ပါ၏
။
၎
။ မုသာဝါဒါ = မဟုတ်မမှန်သောစကားကို
ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏ ။
၅
။ ပိသုဏ၀ါစာ = ချောပစ် ကုန်းတိုက်မှု မှ
ရှောင်ကြဉ်ပါ၏ ။
၆
။ ဖရုသ၀ါစာ = အယုတ်တမာဆဲဆိုမှု မှ ရှောင်ကြဉ်ပါ၏ ။
၇
။ သမ္ဖပ္ပလာပ၀ါစာ = ပြိန်ဖျင်းသော စကားကို ပြောဆိုမှုမှရှောင်ကြဉ်ပါ၏
။
၈
။ မိစ္ဆာဇီဝါ = မတရားသောဥစ္စာပစ္စည်းရှာဖွေမှုမှ
ရှောင်ကြဉ်ပါ၏ ။
အရိယာသူတော်စင်များ
ရှောင်ကြဉ်ကြသော၊ မြတ်ဗုဒ္ဓလည်း တားမြစ်တော်မူထားသော လူးသားအားလုံး
ရှောင်ကြဉ်ကြရမည့် မိစ္ဆာအာဇီဝငါးမျိုးတို့မှာ-
(၁) သတ္တ၀ါတို့ သေစေနိုင်သော အဆိပ်များကို ကုန်ကူးခြင်း၊
(၂) သတ္တ၀ါတို့ သေစေနိုင်သော လက်နက်များကို ကုန်ကူးခြင်း၊
(၃) သတ္တ၀ါတို့အား မေ့လျော်ရန်အကြောင်းဖြစ်သော မူးယစ်စေသည့်ပစ္စည်းများ၊ သေရည်သေရက်များကို ကုန်ကူးခြင်း၊
(၄) သားငါးများကို ကုန်ကူးခြင်း၊
(၅) ကျွန်အဖြစ်၊ ပြည့်တန်ဆာအဖြစ် အသုံးပြုရန် လူများကို ကုန်ကူးခြင်း တို့ဖြစ်ပါ သည်။
သတိပြုရန်
။ ။ ရဟန်းများထံ သီလမတောင်းဘဲ မိမိဘာသာ
ရုပ်ပွားတော် ၊ စေတီ ရှေ့ဝယ် ဆောက်တည်ကြရာ၌ " အဟံ ဘန္တေ " စသော သီလ တောင်းများကို ဆိုစရာမလိုပါ
။ " ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ " ကစ၍
"
မိစ္ဆာဇီဝါ ဝေရမဏိ " တိုင်အောင် ဆိုပါလေ ။
ညစာ
စားလို့ရသော အာဇီဝဋ္ဌမက (ရှစ်ပါးသီလ) သီလ ကို အသက်ထက်ဆုံး ဆောက်တည်နိုင်သော ပုဂ္ဂိုလ်ထူး
၊ ပုဂ္ဂိုလ်မြတ်ဖြစ်ပါစေသတည်း ။
quoted from
http://alinnyaung.blogspot.com/2008/09/blog-post_5062.html
http://kooo002.multiply.com/calendar/item/10011
No comments:
Post a Comment