အရှင်ဘုရား တရားအားထုတ်ရင်း
ဖြစ်ပျက်ကို ဘယ်လိုမြင်အောင်
အားထုတ်ရမလဲဆိုတာကို
သိချင်ပါတယ်ဘုရား?…………
၁။ ဘုရားဟောအရဆိုရင်
မျက်စိတစ်မိတ် လျှပ်တစ်ပြက်
အချိန်အတွင်းမှာ ရုပ်ကုဋေငါးထောင်
နာမ်ကုဋေတစ်သိန်း ဖြစ်ပျက်နေတယ်ဆိုတဲ့ အချက်ကိုကြည့်တာနှင့်တင် လူတွေက
ဘုရားမြင်သလို ဖြစ်ပျက်ကို
မမြင်နိုင်တာ သေချာနေပြီ………
၂။ ဒါကြောင့် ယောဂီတွေက
အာရုံတစ်ခု ပေါ်တိုင်း တစ်အာရုံမှာ
ရုပ်ကုဋေငါးထောင် နာမ်ကုဋေတစ်သိန်း
ဖြစ်ပြီး ပျက်သွားတယ်လို့သာ သိပြီး
နားလည်ထားရမယ်………
၃။ ဒါကြောင့် ဖြစ်ပျက်ကို မြင်ဘို့အတွက်
ယောဂီယူထားတဲ့ ကမ္မဋ္ဌာန်းတစ်အာရုံကို
သတိထားပြီး ကြည့်နေဆဲမှာ
မူလကြည့်ဆဲအာရုံကနေ
အခြားအာရုံပြောင်းသွားတာကို
ပြောင်းဆဲ ခဏမှာ သိလိုက်ရမယ်………
၎။ အဲဒီလို သိလိုက်တဲ့အချိန်ဟာ
မူလကမ္မဋ္ဌာန်းအာရုံ၏ အပျက်နှင့်
နောက်အာရုံ၏ အဖြစ်ကို တပြိုင်တည်း
မြင်လိုက်ရတာဖြစ်ပါတယ်………
၅။ ဒါကြောင့် ယောဂီတွေ
မှတ်မှတ်ရရ သိထားရမှာက
အပျက်နှင့်အဖြစ်ကို လူသားတွေရဲ့
ဥာဏ်ထဲမှာ တစ်ချိန်တည်းသာ
မြင်နိုင်ပါတယ်………
၆။ အဘိဓမ္မာသဘောအရ
စုတိနှင့်ပဋိသန္ဓေကြားထဲမှာ
အချိန်ဟာ (၀.၀၂၅)စက္ကန့်သာ
ကြာတဲ့အတွက် ဘုရားမြင်တဲ့ဥာဏ်
ဖြစ်နေပါတယ်………
၇။ ဒါကြောင့် အပျက်နှင့်အဖြစ်
ကြားထဲက ကြာချိန်ဟာလည်း
(၀.၀၂၅) စက္ကန့်သာဖြစ်ပါတယ်………
၈။ ဒါကြောင့် ဖြစ်ပျက်ကို
အမှန်တကယ် မြင်ချင်ရင်
အာရုံတစ်ခုတည်းကို မူလချီတိုင်
မူလကမ္မဋ္ဌာန်း လုပ်ရပါတယ်………
၉။ အာရုံတစ်ခုတည်းကို
စူးစူး စိုက်စိုက် ရှုအားကောင်းအောင်
လုပ်တာကိုဘဲ သမထလို့ ခေါ်ပါတယ်………
၁၀။ အဲဒီလို သမထလုပ်နေရင်း
နောက်တစ်အာရုံ ပြောင်းသိလိုက်တာကို
ပြောင်းပြောင်းခြင်း ပြောင်းဆဲခဏမှာ
သိလိုက်တာက ဝိပဿနာ
ဖြစ်သွားပါတယ်………
၁၁။ ဒါကြောင့် ဝိပဿနာကို
ပေါ်ရာ ပေါ်ရာ လိုက်ရှုရတယ်လို့
ပြောခြင်းဖြစ်ပါတယ်………
၁၂။ သို့သော် ယောဂီများသည်
ပေါ်ရာ ပေါ်ရာ လိုက်၍ ရှုကြသော်လည်း
အာရုံ အကူးအပြောင်းမှာ
ပြောင်းဆဲခဏတိုင်းကို မသိခဲ့ကြပါ၊
ထိုသို့ သိအောင်လုပ်မှ ရှေ့အာရုံပျက်ပြီး
နောက်အာရုံ အဖြစ်ကို မြင်ကာ
ဝိပဿနာဥာဏ် ဖြစ်ကြောင်းကိုလည်း
မသိခဲ့ကြပါ………
၁၃။ ထို့ကြောင့် ယောဂီအသစ်များ
အနေဖြင့် တရားအားထုတ်ရင်း
အခြေခံအဆင့် ဖြစ်ပျက်ကို
မြင်ပုံမြင်နည်းမှာ တရားထိုင်ရင်း
ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်
အပြောင်းအလဲကိုသာ
သတိထား၍ ကြည့်ခြင်းဖြင့်
ဖြစ်ပျက်ကို မြင်နိုင်ကြပါလိမ့်မည်………
No comments:
Post a Comment