အရှင်ဘုရား . . . .တပည့်တော်က ပဋ္ဌာန်းတရားတော်ကြီးကို သိပ်ကြည်ညိုတဲ့အ တွက် အိမ်မှာ နေ့စဉ် ရွတ်ဖတ်ပါတယ်ဘုရား။
ဒါပေမယ့်
လူကြီးတချို့က "အိမ်မှာ ပဋ္ဌာန်းမရွတ်ကောင်းဘူး၊ ရွတ်ရင် အိမ်စောင့်နတ်မေ
နနိုင်ဘဲထွက်ပြေးတတ်တယ်။ ရွတ်တဲ့လူ ဒုက္ခရောက်တတ်တယ်"
လို့ပြောကြပါတယ်ဘုရား။
အိမ်မှာပဋ္ဌာန်းရွ တ်သင့် ၊မရွတ်သင့်၊
ရွတ်ရင် ဒုက္ခရောက်၊မရောက် ဖြေကြားပေးတော်မူပါဘုရား။ (မောင်ဇော်မျိုး
အောင်၊ စမ်းချောင်းမြို့ နယ်။)
ဒကာဇော်မျိုးအော
င်ရဲ့မေးခွန်းကို ဖတ်ရတော့ ဦးပဉ္စင်းနဲ့ ခင်မင်ရင်းနှီးတ ဒကာတစ်ယောက်ကို
ချက်ချင်းသတိရလိ က်မိပါတယ်။လူငယ်တစ်ယောက်ပါပဲ။အိမ်မှာပဋ္ဌာန်းရွတ်ရင်
ခိုက်တတ်တယ်ဆိုလ သူကရွှေတိဂုံဘုရားပေါ်တက်ပြီးပဋ္ဌာန
်းရွတ်တယ်တဲ့။နေ့တိုင်းလည်း ဘုရား မတက်နိုင်တော့ တစ်ပတ် တစ်ခါမွေးနေ့လော
က်ပဲ တက်ပြီး ရွတ်ဖြစ်တယ်တဲ့။
တစ်ပတ်မှာတစ်ရက်ပဲ
ဘုရားပေါ်တက်ဖြစ် တော့ တစ်ပတ်မှာတစ်ကြိမ်ပဲ ပဋ္ဌာန်းရွတ်တဲ့ကု
သိုလ်ရတော့တာပေါ့။ဘုရားပေါ်မှာမှ မဟုတ်ဘဲ အိမ်မှာလည်း ပဋ္ဌာန်းရွတ်မယ်ဆိုရင်
နေ့စဉ်နဲ့ အမျှ ပဋ္ဌာန်းရွတ်တဲ့ကုသိုလ်တိုးပွားနေမှာ အမှန်ပါပဲ။
အခုတော့
အယူအဆအမှားကို လက်ခံယုံကြည်ပြီး လိုက်နာကျင့်သုံးမိတဲ့ အတွက်
ရသင့်ရထိုက်တဲ့က သိုလ်တရားတွေအများကြီး လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။
♦
တကယ်တော့ ပဋ္ဌာန်းတရားဟာ နတ်ပရိသတ်တွေအတွက် အဓိကထားပြီးမြတ်
စွာဘုရားဟောကြားခဲ့တာပါ။ဟောတာကိုက နတ်ပြည်မှာလေ။ နတ်ပြည်မှာနတ်ပရိသတ်အတွက်
ဟောထားတဲ့တရားကိ နတ်တွေက မနှစ်သက်ဘဲရှိပါ့မလား။
သူတော်ကောင်းနတ်မှန်ရင် ပဋ္ဌာန်းတရားကို ဘယ်သူဘယ်နေရာမှာရွတ်ရွတ် နှစ်သက်မြတ်နိုးစွာ လာရောက်နာယူမှာေ သချာပါတယ်။
♦
ပဋ္ဌာန်းရွတ်လို့အိမ်စောင့်နတ်မနေ နိုင်ဘဲ ထွက်ပြေးရတယ်ဆိုတာ သဘာဝ မကျပါဘူး။
တကယ်ဆို ကိုယ်ရွတ်ပေးလို သူနာရပေတယ်ဆိုပြီး ကိုယ့်အိမ်ကတောင
်မခွာနိုင်ဖြစ်ေ နမှာပါ။သူနာချင် တဲ့ပဋ္ဌာန်းရွတ်ပေးတဲ့အတွက် ကိုယ့်ကိုကျေးဇူ
းတွေတင်ပြီးခါတိုင်းထက်တောင်ကူည စောင့်ရှောက်ကြဦးမှာပါ။
တကယ်လို့
... ပဋ္ဌာန်းသံကြားတာနဲ့ထွက်ပြေးတဲ့အိမ်စောင့်နတ်ရှိခ
ဲတယ်ဆိုရင်လည်းအဲ့ဒီအိမ်စောင့် နတ်ဟာသူတော်ကောင်းစိတ်မရှိတဲ့နတ်၊
သူယုတ်မာနတ်ပဲဖြစ်ပါလိမ့်မယ်။အဲ
ဒီလိုနတ်မျိုးကိုယ့်အိမ်မှာလာစောင့်နေလို့လည်း ကိုယ့်အတွက်
ဘာအကျိုးမှရှိမှာမဟုတ်ပါဘူး။
မနေနိုင်လို့ထွက်ပြေးသွားလည်း ဘမှလွမ်းနေစရာမလိုပါဘူး။အဲ့ဒီလိုနတ်မျိုး ‘အိမ်ပြင်’ မှာနေလည်း အလကား ‘အိမ်တွင်း’ မှာနေလည်းအလကားပါပဲ။
♦
ပဋ္ဌာန်းတရားအပါအဝ င် အဘိဓမ္မာတရားတော်တွေကို တာဝတိ သာနတ်ပြည်မှာမြတ်စွာဘုရား
ဟောကြားတော်မူစဉ်တုန်းက တရားနာပရိသတ်ထဲမှာ "အင်္ကုရ" ဆိုတဲ့
နတ်သားတစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။အ င်္ကုရနတ်သားဟာ တရားပွဲကို
အစောဆုံးရောက်လာပြီး ရှေ့ဆုံးကနေရာဦးထားတာပါ။
မြတ်စွာဘုရားရဲ့လက်ဝဲဘက်နေရာမှာ
အနားကပ်ပြီးနေရာ ဦးထားပါတယ်။ ဒါပေမယ့်
သူ့ထက်ဘုန်းတန်ခိုးကြီးတဲ့နတ်တွေ၊ဗြဟ္မာတွေ
ရောက်လာတိုင်းရောက်လာတိုင်းနောက်ဆုတ် နောက်ဆုတ်ပြီး နေရာဖယ်ပေးရတဲ့အ
တွက်နောက်ဆုံးတော့ မြတ်စွာဘုရားရှင်နဲ့ ဆယ့်နှစ်ယူဇနာဝေးတဲ့နေရာကပဲ
တရားနာခွင့်ရပါေ တာ့တယ်။
နတ်ကြီးလာတော့ နတ်ငယ်နေရာဖယ်ပေ
းရတာပေါ့။လူ့လောကမှာလည်း ဒီလိုပါပဲ။ပွဲလမ်းသဘင်တစ်ခု၊ အခမ်းအနားတစ်ခုက
ျင်းပပြီဆိုရင်ဂုဏ်ကြီးတဲ့လူ၊မျက်နှာကြီးတဲ့လူေ တွက ရှေ့ဆုံးကနေရာယူရပြီး
ဂုဏ်ငယ်တဲ့လူ၊မျ က်နှာငယ်တဲ့လူတွေက နောက်ဆုံးကနေ နေရာယူရပါတယ်။ဂုဏ်ငယ်လေ
နောက်ရောက်လေပါပဲ။
အိမ်မှာပဲဖြစ်ဖြ စ်၊ ဘုရားမှာပဲဖြစ်ဖြစ်၊
နေရာဌာနတစ်ခုခုမှာပုဂ္ဂိုလ်တစ်ယောက်ယောက်က ပဋ္ဌာန်းတရားရွတ်ပွားပြီဆိုရင်
ဘုန်းတန်ခိုးကြီးမားတဲ့ နတ်တွေ၊ ဗြဟ္မာတွေတရားနာကြွရောက်လာကြပါတယ်။
အိမ်စောင့်နတ်အပါအဝင် နဂိုကရှိနှင့်ပြီးသားနတ်တွေက ဘုန်းတန်ခိုးနည်
းပါးတယ်ဆိုရင် ဘုန်းတန်ခိုးကြီးမားတဲ့နတ်ဗြဟ္မာတွေအတွက် (အင်္ကုရ
နတ်သားလိုပဲ) နေရာဖယ်နောက်ဆုတ်ပေးရတဲ့ အတွက်အဝေးရောက်သွားနိုင်ပါတယ်။
အင်္ကုရနတ်သားဟာ
အဝေးရောက်သွားပေ မယ့်မြတ်စွာဘုရားရှင်ကို စိတ်မဆိုးဘဲ အဝေးကနေတရားနာယူသလို
အဝေးရောက်သွားတဲ့ အိမ်စောင့်နတ်ဟာလည်း ပဌာန်းရွတ်ပွားသူကို စိတ်မဆိုးဘဲ
ကိုယ့်ကံကိုယ်နားလည်စွာနဲ့ အဝေးတစ်နေရာကနေ ပဋ္ဌာန်းတရား နာကြားနေမှာပါ။
လူပဲဖြစ်ဖြစ်၊ နတ်ပဲဖြစ်ဖြစ် ကိုယ်နဲ့ထိုက်တန်တဲ့နေရာကို ကိုယ်ရစမြဲမဟုတ်လား။ ကိုယ့်ကံက ပေးတဲ့နေရာမှာကိုယ်ကျေနပ်စွာနေရ မှာပဲလေ။
ပဋ္ဌာန်းတရားနာကြားပြီး
ကိုယ့်ထက်ဘုန်းတ န်ခိုးကြီးတဲ့နတ်တွေ၊ ဗြဟ္မာတွေ
ကိုယ့်နေရာကိုယ်ပြန်သွားတဲ့အခါ အိမ်စောင့်နတ်လည်း အိမ်မှာ နေမြဲအတိုင်း
ပြန်နေခွင့် ရသွားပြီပေါ့။
ပဋ္ဌာန်းတန်ခိုးကြောင့်သူ့ရဲ့ဘုံဗိမာန်
စည်းစိမ်ချမ်းသာတွေတောင် နဂိုကထက်ကြီးကျယ်ခမ်းနားလာမှာသေ
ချာပါတယ်။ဒါဆိုရင် ပဋ္ဌာန်းရွတ်လို့ အိမ်စောင့်နတ်မှာ အကျိုးမယုတ်တဲ့အတွက်
ပဋ္ဌာန်းရွတ်သူကိုလည်း အိမ်စောင့်နတ်က ဘာမှ ဒုက္ခပေးမှာ
မဟုတ်ပါဘူး။ဒုက္ခမပေးတဲ့အပြင် ကောင်ကျိုးချမ်းသာအဖြာဖြာနဲ့
ပြည့်စုံအောင်တောင် အကူအညီပေးပါလိမ် ဦးမယ်။
တကယ်လို့
ကိုယ့်အိမ်ထဲမှာရှိတဲ့ အိမ်တွင်းနတ်တွေ၊အိမ်ပြင်နတ်တွေက
နတ်လို့နာမည်ခံထားတဲ့ မကောင်းဆိုးဝါးေ တွ၊ အစိမ်းသရဲတွေ၊ ဖုတ် ပြိတ္တာတွေ၊
နတ်မိစ္ဆာတွေဖြစ်နေခဲ့မယ် ဆိုရင်တော့ ပဋ္ဌာန်းတရားကို နားခါးပြီး
ထွက်ပြေးချင်ပြေးပါလိမ့်မယ်။သူယုတ်မာနဲ့ သူတော်ကောင်းတရား မအပ်စပ်လို့
ကြောက်ရွံ့ထိတ်လန့်စွာ ထွက်ပြေးသွားကြတဲ‘တရားမကြိုက် နတ်ငမိုက်’ တွေ
ကိုယ့်အိမ်မှာ မရှိတော့တာပိုတောင်ကောင်းပါသေးတယ်။ ဝမ်းနည်းစရာမ ဟုတ်ပါဘူး၊
ဝမ်းသာစရာပါ။
♦ ဝေသာလီပြည်မှာ ကပ်ဘေးကြီးတွေဆ
ိက်ရောက်ခဲ့စဉ်တုန်းက မြတ်စွာဘုရားရှင်နဲ့ ရဟန်းသံဃာတော်တွေရတနသုတ်
လှည့်လည်ရွတ်ဆိုကြတော့ ဘုန်းတန်ခိုးကြီးမားတဲ့ နတ်ဗြဟ္မာတွေ
တရားလာနာကြတဲ့အတွက် မကောင်းဆိုးဝါးေ တွ၊ နတ်မိစ္ဆာတွေ မြို့တွင်းမှာ
မနေနိုင်တော့ဘဲ အိုးနင်းခွက်နင်း ထွက်ပြေးသွားကြပါတယ်။ ဝေသာလီပြည်လည်း
ကပ်ဘေးကြီးတွေက လွတ်မြောက်ပြီး ချမ်းသာရာရခဲ့ပါ တယ်။
♦
ပဋ္ဌာန်းတရားပဲရွတ်ရွတ်၊ တခြားတရားပဲရွတ်၊ ကိုယ့်ဘက်ကတော့ မကောင်းဆိုးဝါးတွေ
နတ်မိစ္ဆာတွေ၊တန်ခိုးနည်းတဲ့ နတ်တွေ ကိုယ့်ပတ်ဝန်းကျင်မှာ မနေနိုင်ဘဲ
ထွက်ပြေးသွားစေချင်တဲ့ ရည်ရွယ်ချက်ဆိုး မျိုးမထားနဲ့ပေါ့ ။
♦
အယုတ် အလတ် အမြတ်မရွေး ဘယ်သတ္တဝါမဆို တရားနာယူပြီးကောင်းကျိုး
ရစေချင်တဲ့ရည်ရွ ယ်ချက်ကောင်းပဲထ
ားပြီးရွတ်ပါ။ကိုယ့်ဘက်ကရည်ရွယ်ချက်ဆိုးပြီး မေတ္တာတရားခေါင်း ပါးနေရင်တော့
အဝေးထွက်ပြေးရတဲ့ နတ်တွေက"နေနှင့် သီးပေါ့ကွာ၊ အလှည့်ကျရင် မနွဲ့စတမ်းဟေ့"
ဆိုပြီး ကိုယ့်ကံနိမ့်တဲ့အခါ၊ ရွတ်ဖတ်မှု ပြတ်သွားတဲ့အခါမျိုးတွေမှာ
တုံ့ပြန်ကလဲ့စား ချေတတ်ပါတယ်။
ကိုယ့်စေတနာ
ကိုယ့်အကျိုးပေးတာပါပဲ။ အကောင်းဆုံးကတော့ ပဋ္ဌာန်းတရားပဲဖြစ်ဖြစ်၊
တခြားတရားပဲဖြစ်ဖြစ်၊တရား တော် တခုခုရွတ်ဖတ် ပူဇော်မှု ပြုတော့မယ်ဆိုရင
ပထမဦးဆုံးမေတ္တာဘာဝနာပွားများ၊ မေတ္တာသုတ်ရွတ်ဆိုပြီးမှ ပြုတာအကောင်းဆုံ
းပါပဲ။
♦ မေတ္တာတရားပေးဝေမှုကို သတ္တဝါတိုင်းနှစ်
သက်လိုလားကြတာမို့ ဘာတရားတော်ပဲရွတ်ရွတ် မေတ္တာသုတ်ကိုအရင်ရွတ်ပါ၊
မေတ္တာဘာဝနာ အရင်ပွားပါလို့ ဒကာဇော်မျိုးအော င်ကို မေတ္တာနဲ့အကြံပေး
လိုက်ပါတယ်။
ပဋ္ဌာန်းတရားကို အိမ်မှာလည်းရွတ်သင့်ပါတယ်။
ရွတ်ခြင်းကြောင့် ဒုက္ခမရောက်တဲ့အပြင် ကောင်းကျိုးချမ်းသာကျက်သရေ
မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံနိုင်ပါတယ်လို့ . . .။
အပ္ပမာဒေန သမ္ပာဒေထ။
[ဆရာတော်အရှင်ဆန္ဒာဓိက
၏"အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်" စာအုပ်မှ"အိမ်စောင့်နတ်နှင့်
ပဌာန်းရွတ်ခြင်း " မှ ထုတ်နုတ်ကူးယူပူဇော်ပါသည်။]
No comments:
Post a Comment