comment posted by Dhammabheri Ashin Viriya
ကျန်းမာရေးကလွဲလို့
ကျန်ကိစ္စတွေက ဒဿနသမားတိုင်အတွက်
လောကက အသိအမှတ်ပြုတဲ့ လာဘ်ကြီးတွေပဲ။
ဒီဆုလာဘ်မရဖူးဘူးဆိုရင် ဘာအမြင်မှ မရှိသေးလို့။
လှုပ်ပါ
မမြုတ်ရင်
ငုတ်လိုငုတ်
ကူးလိုကူး
မြူးနိုင်သူဖြစ်မယ်၊
မလှုပ်ရင်တော့
အချိန်က
မြှုတ်ပစ်လိမ့်မယ်
ဘုရားအားကိုးဖြင့် ဘကြီးဘုန်းကြီး နွဲ့ဆိုးဆိုးလိုက်ခြင်း
=================================
ဒီရက်ပိုင်းအတွင်းမှာ ဘကြီးဘုန်းကြီးရဲ့ ချစ်လှစွာသော မိတ်ဆွေဉာတကာတို့က ဖုန်းအတန်တန်ဆက်ကြလေရဲ့.။
တစ်ချို့ဆို ဗေဒင်တွေ ယတြာတွေတောင် ချေကြသတဲ့ --။ ဘကြီးဘုန်းကြီးက သူရို့
ပြောသမျှကို ဘုရားအားကိုးနဲ့ပဲ နွဲ့ဆိုးဆိုးလိုက်ပါရောလား --။
ဘကြီးဘုန်းကြီး မတော်တဆမှုဖြစ်ပြီး အသက်ဘေးတောင် စိုးရသတဲ့ ..။
အို ဘုရားရှင်တောင် ဂိဇ္စ္ဈကုဋ်တောင်မှာ အက်ဆီဒင့်ဖြစ်တော်မူသေးတာပဲလေ --။
ဘကြီးဘုန်းကြီး အစွပ်အစွဲ အကဲ့ရဲ့ခံရနိုင်တယ်နော် -=။
အိုး ဘုရားရှင်နဲ့ စိဉ္စ္စမာနပွဲ ဝက်ဝက်ကွဲပေါ့ဗျာ --.
ဘကြီးဘုန်းကြီး ကျန်းမာရေး အညံ့ဘက်များလှတယ်--။
အိုး ဘုရားရှင်ကိုယ်တော်ကြီးခမျာ နောက်ဆုံးသလွန်တော်ညောင်စောင်းအထိ ဝမ်းသွေးသွန်ဝေဒနာကို သည်းခံတော်မူသွားရှာသေးတာပ--။
ဘကြီးဘုန်းကြီး မှာ
အတိုက်အခံတွေကလည်း များသနဲ့--။
ဘုရားရှင်ကိုယ်တော်လည်း ဘုရားဖြစ်တဲ့နေ့က စလို့ မာရ်နတ်၊ ဒေဝဒတ်၊ သစ္စ္စက ခေတ်ပြိုင်ဘုရားတုတွေနဲ့ ခပ်မြိုင်မြိုင်ပါပဲလား --။
ဘကြီးဘုန်းကြီးကို လူတွေ အထင်လွဲပြီး သဒ္ဓါမွဲကာ ဆွမ်းကွမ်းတွေ နည်းကုန်းမှာ စိုးတယ်..။
အိုး ဘုရားရှင်လည်း ဝေရဉ္ဇာမြို့ ကြွတုန်းက မိုးလေးလဆွမ်းမရလို့ မြင်းကျွေးတဲ့ ဆန်ကြမ်းနဲ့ ဆွမ်းဖြည့်ခဲ့ရတာပ --။
ဘကြီးဘုန်းကြီးကို တစ်ချို့က ဆဲတောင် ဆဲနေကြပြီနော် ။
အယ် ကော်သမ္ဗီမြို့တွင်းဆွမ်းခံကြွနေတဲ့ ဘုရားရှင်နဲ့ သံဃာတော်တွေ အဆဲခံထိတာမှ ၇ ရက်လုံး ဆူညံပွက်ကရော--။
ဖြစ်ချင်တာဖြစ် ဘုရားရှိတယ်။
ဓမ္မဂင်္ဂါ
(၀၄-၀၇-၂၀၁၅

No comments:
Post a Comment